အချစ်ကြမ်းသည်။အပိုင်း~၁၈

1.8K 79 3
                                    

Unicode

လွန်ခဲ့သော ၅ နှစ်..

   မိုးများ ဖွဲဖွဲ အနည်းငယ် ရွာနေသော အချိန်။ လမ်းမကြီးပေါ်မှ ပြေးနေသာ Luxury  ကားနက်လေးတစ်စီး။ ထို ကားပိုင်ရှင် က World's Top 5 ချိတ်တဲ့ Young successful business man မာန်ထက်ရှိန်ဦး ပါ။

   ရှိရှိသမျှ ကောင်မလေး ၊ ကောင်လေးတွေ အကုန်လုံး စိတ်ကူးယဉ်နေရတဲ့ အိပ်မက်ထဲက manly man ကြီးပေါ့။ခုထိလည်း ချစ်သူ မရှိသေးသူပါ။

အမြဲတမ်း interview ဖြေထားတဲ့ video တွေ media တွေမှာ တင်လေ့ရှိတာက..

  " ကျွန်တော်..မာန်ထက်ရှိန်..လူတစ်ယောက်ကို လွယ်လွယ် ချစ်ပစ်ဖို့်မရွေးဘူး။မာန်ထက်ရှိန် ဘေးနားထိုင်နိုင်ဖို့ ထိုက်တန်တဲ့သူကို ကိုယ်တိုင်ရွေးချယ်မှာပါ။ချစ်မိပြီဆိုရင် ဘယ်လိုအဆင့်အတန်းမျိုးပဲ ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ကျွန်တော်က အတ္တကြီးတဲ့လူမို့လို့ အချစ်လည်း ကြီးလိမ့်မယ်။အဲဒါကြောင့် အဲဒီသူက ကျွန်တော် ဘေးနားမှာ တစ်သက်လုံး ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် နေရမယ်။နောက်ဆုံးလမ်းကိုတောင် ကျွန်တော် နဲ့ တစ်ပါတည်း ခေါ်သွားမှာ။အဲဒါ ကျွန်တော် သတ်မှတ်ထားတဲ့ ကျွန်တော့် အချစ်ပါ။ "

ထို interview video တွေကြောင့် အကုန်လုံး manly man ကြီးကို လိုချင်လို့ စိတ်ကူးယဉ်ကြပေမယ့် ကြောက်လို့ ဇာတ်လမ်းတော့ သွားမစရဲကြ။

မာန်ထက်တို့ ကား မီးပွိုင့်မိနေတုန်း~

မာန်ထက် ~ " ရဲရင့် chinese clients တွေ ဘယ်ချိန် flight ဆိုက်မှာလည်း.."

ရဲရင့် ~ " နေ့လယ် ၁ နာရီပါ Boss "

     " ဟုတ်ပြီ..ည ၈ နာရီလောက်ကို အေးဆေးဆွေးနွေးလို့်ရမည့် resturant တစ်ဆိုင်ဆိုင်မှာ booking လုပ်ထား.."

  ရဲရင့် ဘာမှပြန်မပြောဘဲ Boss ကို ပြောပြစရာတစ်ခု ကျန်သေးတာကြောင့်..

  " Boss "

  " ဥက္ကကြီးက ဖုန်းဆက်ထားပါတယ်.."

မာန်ထက် ~ " ဘာကိစ္စလည်း.."

  " ဥက္ကကြီးက ည ၈ နာရီကို Pacific Hotel မှာ တွေ့ဆုံမှု တစ်ခု စီစဉ်ထားတယ် ပြောပါတယ်..မြင့်မိုရ် group ရဲ့ သမီး  သဇင်မြင့်မိုရ် ပါ။ Boss ကို သွားတွေ့ခိုင်းပါတယ်"

အချစ်​ကြမ်းသည်​။Where stories live. Discover now