Zawgyi..
ရောင်စင်ဖြူ နာကျင်လွန်းလို့် ဘာကိုမျှမဆိုနိုင်တော့။ လှဲနေရကာ ဗိုက်ကိုကိုင်ထားရင်း အသိစိတ်ပျောက်လုမတတ်။ မောင် သူ စိတ်ပြေသွားတော့မှသာ ငရဲခံနေရသလိုမျိုး လုပ်ရပ်များ ပြီးဆုံးပြီး ရပ်လိုက်တော့မှ~
သူ့ ဘေးသို့ ဒူးထောက်ထိုင်ချပြီး လဲနေသောသူ့ကို ပခုံးက ဆွဲမကာ ထိုင်စေပြီးတော့ ~သူ့မျက်လုံးကို စိုက်ကြည့်ကာ
မောင် ~ " ဖြူ...မင်းသိလား" ~ " မင်း..မျက်လုံးက လှသလောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ.."
~ " မင်း..မျက်လုံးက ငါ့ကို ဘယ်လိုပြောပြနေလည်းသိလား.."
~ " ဖြူစင်ခြင်းဆိုတဲ့ အခြားတစ်ဖက်မှာ ကြောက်ရွံ့မှုတွေ ကိန်းဝင်နေတယ်။ အဲဒီ့အထဲမှာ ငါ့ကို ရူးသွားအောင် သစ္စာဖောက်မှာတွေ ရှိတယ် .."
~ "အဲ့ဒါတွေက ဘယ်လိုပြောပြနေလည်းသိလား.."
~ " တစ်နေ့ကျရင် ငါ့ကိုစွန့်ပစ်ပြီး ထွက်ပြေးမှာတဲ့ .."
" နည်းလမ်းတစ်ခုတော့ရှိတယ်.ဖြူ."လွတ်လမ်းပေါ့ "
" အဲ့ဒါက..ငါ့ကို အရင်ဦးအောင်သတ်ကြည့်.."
" ငါ့အရင်မသေခဲ့ရင်တော့..တစ်ချိန်ချိန်မှာ ..ငါ့တို့ နှစ်ယောက် လမ်းဆုံးမယ့် အချိန် ရောက်လာခဲ့ရင်..ငါလည်း အဆုံးသတ်ပစ်မှာဖြစ်သလို..မင်းနဲ့လည်း အတူပေါ့.."
" ဖြူလေး..ဒီကမ္ဘာမှာ ဖြူကလွဲလို့ မောင့်ကို သတ်နိင်မယ့်လူ မရှိဘူး.."
" အဲ့ဒီတော့ ဖြူမလုပ်နိုင်ခဲ့ရင် ဒီတစ်သက် ပြေးဖို့ နည်းနည်းလေးမှ ခြေလှမ်းမစစေနဲ့.."
" စဉ်းစားကြည့်ပေါ့.."
မာန်ထက်ရှိန် ပခုံးကို လွတ်ပေးလိုက်ကာ အခန်းထဲမှ ထွက်သွားတော့သည်။အတွေးထဲ၌ ~
မာန်ထက် ~ * ဖြူ..အနုနည်းနဲ့မရရင် အကြမ်းနည်းပေါ့...ဒီတစ်သက် မချစ်နိုင်တော့ဘူးဆိုရင်.အချစ်ကိုမတောင်းယူတော့ဘူး~အမုန်းတွေရလည်း ကြောက်ရွံ့မှုတွေပဲပေးပြီး အနားမှာဆက်ထားမှာ *ဘယ်လိုပဲဖြစ်ဖြစ် အနားမှာရှိနေဖို့ပဲ လိုတယ်..*
YOU ARE READING
အချစ်ကြမ်းသည်။
Romanceရောင်စင်ဖြူ "ကျေးဇူးပြုပြီး တောင်းပန်ပါတယ်~ထွက်သွားခွင့်ပေးပါ အရမ်းမွန်းကြပ်တယ် အသက်ရှူခွင့်ပေးပါ" မာန်ထက်ရှိန်ဦး "ဘယ်တော့မှထွက်သွားခွင့်ပေးမှာမဟုတ်ဘူး ငါ့အနားမှာတစ်သက်လုံး ဘယ်သူ့မှ မင်းမျက်နှာ...