အချစ်ကြမ်းသည်။အပိုင်း-၇

1.1K 75 0
                                    

Unicode

မာန်ထက်တို့နှစ်ယောက် ဦးမာန်မဟာတို့အိမ်သို့ ရောက်နေကြပြီ ဖြစ်သည်။

ထမင်းစားပွဲတွင် ထိပ်ဆုံးမှ ဦးမာန်မဟာ၊ ဘယ်ဘက်ခြမိးတွင် မာန်ထက်တို့နှစ်ယောက် ၊ ညာဘက်တွင် သူ၏ဒုတိယဇနီး ဒေါ်မေလေး။

ဒေါ်မေလေး၏ ဘေးကခုံပိုင်ရှင် မရောက်လာသေး၍ ဦးမာန်မဟာတို့ စောင့်ဆိုင်းနေရလေသည်။ ဦးမာန်မဟာတို့ မိသားစု စုံညီစားပွဲသည် လူစုံမှသာ စားကြရစမြဲ။ လူမစုံသေးလျှင် လုံးဝစားခွင့်မရှိတာ ဦးမာန်မဟာရဲ့ သတ်မှတ်ချက်တစ်ခုပါ။

ဦးမာန်မဟာ မျက်နှာက တဖြည်းဖြည်းနဲ့ ပျက်လာကာ ဒေါသတွေထွက်လာဟန်။ ဒေါ်မေလေးတစ်ယောက် စိုးရိမ်ထိတ်လန့်နေသော မျက်နှာနှင့် လှေကားကို တမျှော်မျှော်နဲ့ ကြည့်နေရလေသည်။

မာန်ထက်ရှိန် ~ * ဟ.ဟ.... ဒေါ်မေလေး တော်တော်သွေးပျက်နေပြီထင်တယ်.. မေမေရဲ့နေရာ ယူချင်မှတော့လည်း ဒီလောက်တော့ ပြင်ဆင်ထားရမှာပေါ့...*

ခဏအကြာ....

! ဒုန်း..ဒုန်း...ဒုန်း... !

လှေကားပေါ်မှ ကြောက်ကြောက်လန့်လန့်နှင့် ပြေးဆင်းလာသော ယူနီဖောင်းနဲ့ ကျောင်းသားလေးတစ်ယောက်။

ရောက်သည်နှင့် ဦးမာန်မဟာ ဘေးနားတွေ ရပ်ကာ လက်နှစ်ဖက်ကို ရှေ့တွင် ဆုပ်ကိုင်လျက် ...

မာန်ရောင်ဝါ ~ " အ..အဖေ..သား နောက်ကျတာ တောင်းပန်ပါတယ်..ညက စာကြည့်တာ နောက်ကျသွားလို့ပါ..နောက်မဖြစ်စေရပါဘူး.."

ဦးမာန်မဟာ ~ " ငါ သတ်မှတ်ထားတဲ့ ဥပဒေသမှာ ဒုတိယအခွင့်အရေးပေးတယ်ဆိုတာမရှိဘူး..အဲ့ဒီတော့..."

ဒေါ်မလေး ~ " ဥက္ကဠ ကြီး ...သားငယ်ကလေ ညက စာကြည့်ရတာများပြီး အိပ်တာနောက်ကျသွားလို့ပါ နောက်ကျအောင် လုပ်..."

ဦးမာန်မဟာ ဒေါ်မေလေးကို တစ်ချက်ကြည့်ကာ..

" မင်း ပါးစပ်ပိတ်ထား မင်း ယူချင်လည်း ဖြစ်တယ်.."

" အမေ..တော်ပါတော့..ကျွန်တော် ကိုယ့်အပြစ်ကို ခံယူမယ်.."

ဦးမာန်မဟာ ~ " မတ်မတ်ရပ် ပခုံးကို တောင့်ထား..အံကြိတ်ထား.. ၅ မိနစ်နောက်ကျတယ်ဆိုတော့ တစ်ချက်ရိုက်မယ်..မယိုင်နဲ့နော်...ယိုင်ရင်နောက်တစ်ချက်လာမယ်.... "

အချစ်​ကြမ်းသည်​။Donde viven las historias. Descúbrelo ahora