ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)

By maylapyaepyae

32K 3K 409

EXO fanfiction More

Intro
Ch-1
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)

Ch-39

374 45 4
By maylapyaepyae

Uni

မိုးရွာထားလို့စိုစွတ်နေတဲ့​မြေသားတွေနဲ့စိမ်းစိုနေတဲ့ထန်းတောတခွင်ဟာ တိမ်တောက်နေတဲ့ညနေခင်းနဲ့ပနံတင့်စွာလှပေနေသည်။ Kai , Sehun နဲ့ Xui တို့ထန်းတောထဲမှာ ရွာရဲ့ညနေခင်းရှုခင်းတွေကိုထိုင်ကြည့်ရင်း Chan အလာကိုစောင့်နေကြသည်။ ဒီနေ့က Kai ရဲ့နှုတ်ဆက်ပွဲလို့မမည်တဲ့နှုတ်ဆတ်ပွဲတစ်ခု။ Kai က စခန်းကပြန်ခေါ်လို့ပြန်သွားရမှာဖြစ်ပြီး ဒီတစ်ခါအမှုကကြီးတော့ သူမပြန်လို့မဖြစ် ပြီးတော့ KS အကူညီတောင်းထားတဲ့ကိစ္စနဲ့လည်းဆက်စပ်နေသည်။ ချက်ချင်း ပြန်လာဖို့ အမိန့်ကျ လာတာကြောင့် အခုလိုလူစုကာသောက်ဖို့ချိန်းလိုက်ကြသည်။ သူတို့ဝိုင်းမှာ ထန်းရည်အိုးတွေ 5 အိုးနဲ့အမြည်းတွေကလည်းစုံလင်လှသည်။ Kai တို့တစ်ယောက် သုံးခွက်လောက်သောက်ပြီးတာတောင် Chan ကရောက်မလာသေး။ သူတို့စကားပြောနေရင်း KS တို့အကြောင်းရောက်သွားသည်။ Kai နဲ့ Sehun အလှူခံတုန်းကKSတို့မွှေတဲ့အကြောင်းကိုပြန်လည်ဖောက်သည်ချကာ ပြောရင်းရီနေကြသည်။

" ငါတို့မှာတော့ သနားနေတာ ဒင်းတို့က နောက်နေ့လည်းကျရော ပြန်ပြောရင်း ရီနေတယ်လေ တကယ့်ဟာလေးတွေ "

Kai က ​ရယ်မောကာပြောရင်း ရှေ့မှာချထားတဲ့ထန်းရည်ခွက်ကိုသောက်လိုက်လေသည်။

" အဆိုးလေးတွေ တကယ်ချစ်ဖို့ကောင်းတာ "

Xui ကလည်းစကားကိုဝင်ထောက်ကာပြောလေသည်။

" ဟက် ငါတို့ကသာ ကလေးလို့မြင်နေတာပါကွာ သူတို့တွေကအခုဆို ကျောင်းတောင်ပြီးတော့မယ် "

sehun ကဆိုတော့

" ဟုတ်သား ကျောင်းတောင်​ပြီးကြတော့မယ် ငါ့မျက်စိထဲမှာ အထက်တန်းကျောင်းသားလေးပဲမြင်နေတာ"

" ငါရောပဲ အခုထိ 3 နှစ်သားလေးတွေလို့မြင်တုန်း 😂😂 "

" ဘယ်သူ့ကိုသုံးနှစ်သားလို့မြင်နေတာလဲကွ "

သူတို့သုံးယောက်စကားကောင်းနေတုန်း Chan ရောက်လာကာသူကြားမိရာတစွန်းတစဝင်ပြောကာထိုင်လိုက်လေသည်။

Kai Chan ရှေ့ထန်းရည်တစ်ခွက်ချပေးကာ​

" မင်းရဲ့ကလေးကိုပြောနေတာလေ"

Chan Kai ပေးတဲ့ထန်းရည်ကိုကောက်မော့ကာ

" ပေါက်စလား ပေါက်စကတော့မင်းတို့သိတဲ့အတိုင်းအခုထိကလေးစိတ်ကိုမပျောက်သေးဘူး "

" အေးမင်းလည်းအလိုလိုက်ထား မင်းကိုရောင်းစားသွားလိမ့်မယ် "

" ဘယ်သူ့ကဘယ်သူ့ကို ရောင်းစားမှာလဲ အကိုMinseok "

" ဟာ ပေါက်စ "

" ဟာကလေး အယ် ညီတို့ ရောလား "

KS တို့သုံးယောက် အိမ်မှာပျင်းလို့ဆိုပြီးChanတို့နောက်လိုက်လာကြခြင်း။
KS တို့ဝင်ထိုင်လိုက်ကာ

" ကိုကို မကောင်းဘူး ကျွန်တော့်ကိုထားခဲ့တာ "

KS က ချွဲနွဲ့စွာဆိုလျှင်

" အော့ .... အော့"

" ချွဲတောင်ကပ်ချင်သွားပြီ အဟွတ်အဟွတ် "

Baek နဲ့ Chen ဆီက အသံတွေပေါင်းစုံထွက်လာသည်။

Kai တို့ကတော့ရီနေသည်။

" ​ေ-ွးကောင်တွေ အေးပေါ့လေ စိတ်ထားကောင်းတဲ့ငါလေးကပဲ နားလည်ပေးလိုက်ပါ့မယ် ချွဲချင်ရင်တောင် ရုံးပတေသီးအပြင်မရှိတဲ့ကောင်တွေဆိုတော့လဲ နော်ကိုကို "

" သဒေါင်းစား "

" ​ေ-ွးကောင် သေချင်နေတာ "

KS က Chan ရဲ့လက်မောင်းကိုဆွဲကာ ပြောလာတော့ Baek နဲ့ Chen ဆီက ဆဲသံတွေမိုးမွှန်အောင်ထွက်လာသည်။

" တွေ့လား အကိုတို့ အကိုတို့မို့ အဲ့အရိုင်းအစိုင်းနှစ်ယောက်ကိုကြိုက်တာ ကျွန်တော်သာဆို ထားခဲ့ပြီ "

" အရိုင်းတုံးလေးက ပိုချစ်ဖို့ကောင်းတာ ကလေးမှမသိပဲ "

" ရိုင်းတာပဲလေးပဲ ချစ်နေရတာကွ "

Kai က Baek မျက်နှာလေးကိုကြည့်ရင်း ပြောလာသလို Minseok သည်လည်း Chen ကို ကြည့်ကာပြောလာသည်။ Baek နဲ့ Chen မှာ ရှက်လို့ထင်ပါသည် မျက်နှာတွေရဲတက်လာကာ

" င ငါ ပြန်ပြီ ဟို ပြန် ပြန်လိုက်ပါအုံးမယ် "

ဆိုကာ Chen က ချက်ချင်းထပြန်သွားသည်။

Baek ကလည်း

" ဟို ကျွန်တော်လည်းပြန်ပြီ "

ဆိုကာထွက်သွားတော့သည်။

" ဟား ဟား ဟား အကိုတို့တော်တယ်ဗျာ ကျွန်တော်ဖြင့် သူတို့ရှက်နေတဲ့ပုံ အခုမှမြင်ဖူးတာ ဟား ဟား ဟား "

KS မှာ အော်ရယ်ရင်းပြောလာသည်။
Chan ရယ်မောကာ အမြည်းတွေကောက်စားနေတဲ့ KS ရဲ့ပါးလေးကိုလိမ်ဆွဲကာ

" အဆိုးလေးကွာ ပေါက်စ "

" အခုမှသိလား "

" သိတာကြာပါပြီဗျာ "

Sehun တစ်ယောက် သူရှေ့မှာမြင်နေ တဲ့ထျစ်ကြည်နူးတစ်တစ်တူးနေတဲ့နှစ်ယောက်ကိုကြည့်မနေနိုင်တာကြောင့်ပြန်ဖို့ပြင်ရသည်။

" တော်ပြီတော်ပြီ ငါလည်းပြန်ပြီ ဘယ်လိုဟာလေးမှန်းမသိဘူး "

" ပြန်ပေါ့ ဂရုစိုက်ရမှာလား ဟွင့် "

Ks ကလည်းတစ်ခွန်းမကျန်ပြန်ပြောတာကြောင့် Chan က တားသလိုဝင်ပြောသာ်။

" ပေါက်စကလည်းကွာ "

" အေးပါကွာ ငါပဲမှားတာပါအဆိုးအစွာလေးရယ် "

Sehun က ခပ်ရွဲ့ရွဲ့ပြောလာတော့

" ကျွန်တော်ကမဆိုးပါဘူးနော် aww ဒါနဲ့ lulu က ရွာတောင်ပိုင်းမှာ ကလေးတွေနဲ့ဆော့နေတယ် "

Ks ပြန်ပြောကာ lulu ရှိတဲ့နေရာကိုပြောပြလိုက်သည်။ KS တို့သုံးယောက်ရောက်လာကတည်းက lulu ကိုရှာနေမှန်းအသိသာကြီး။

" ဟက် အေးပါကွာ ကျေးဇူးငါပြန်ပြီ"

Sehun ကျေးဇူးစကားပြောပြီးထွက်သွားတော့ KS အနောက်ကနေလှမ်းအော်ဖြစ်အောင် အော်ပြောလိုက်သေးသည်။

" ဗျို့အကို sehun အဖြေရအောင်တောင်းခဲ့နော် "

" အေးအေး "

Sehun ရဲ့" အေးအေး "အသံကိုသာကြားလိုက်ရတာမို့ Ks နှားခေါင်းရှုံ့ကာ အမြည်းကောက်စားနေလိုက်သည်။

" မသွားကြသေးဘူးလား အကိုတို့က"

KS စားနေရင်း Kai နဲ့ Xui ဘက်ကိုလှည့်ပြီးပြောတော့

" ဘာဆက်လုပ်ရမှန်းမသိလို့ကွ "

" ဟို ကလေး အကို့ကိုလေ ညီက ဘာစိတ်ဝင်စားလဲ ဘာကိုသဘောကျတယ်ဆိုတာလေးနည်းနည်းလောက်ကို့ကိုပြောပြပါလား ကိုယ် surprise လုပ်ချင်လို့ "

Kai က ညည်းညူပြီးပြောလာသလောက် Xui ကတော့ Surprise လုပ်အုံးမယ်ဆိုပဲ။

" အကိုတို့ကလည်းဗျာ BaekရောChen ရော နှစ်ယောက်လုံး အကိုတို့ပေါ်ကို သံယောဇဥ်ရှိတဲ့ဟာကို နည်းနည်းလောက်ပဲသတ္တိရှိလိုက်စမ်းပါ.....အဆင်ပြေမှာပါ....ပြီးတော့ Chen ကို Surprise လုပ်ချင်ရင် Chen က ရိုးရိုးအေးအေးဗျ... သီချင်းတွေကို အရမ်းသဘောကျတာ.. ပြီးတော့ သူက အခုထွက်နေတဲ့ EXO SC Album ကိုအရမ်းလိုချင်နေတာ... ကျွန်တော်ဘာဆိုလိုလဲ အကိုminseokသိမှာပါ... Baekကတော့ Eyelinear သာဝယ်ပေးလိုက် ဟ ဟ နောက်တာ ခွေးလေးဖြစ်ဖြစ်ဝယ်ပေးလိုက်လေ သူသဘောကျမှာပါ ကျွန်တော်တို့သုံးယောက်လုံး အကြိုက်တူတယ်ဗျ သီချင်းကြိုက်တာလည်းတူတယ် ရိုးရိုးရှင်းရှင်းသဘောကျတာလည်းတူတယ် ပြီးတော့ pet လေးတွေလည်းချစ်တက်တယ်ဗျ ကျွန်တော်အကုန်ပြောပြီးပြီးဆိုတော့ ကျန်တာက အကိုတို့အပိုင်းနော် အကို jonginမပြန်ခင်အဖြရအောင်တောင်းသွားနော် "

KS ကတော့ ပြောပြီးပြီးချင်း ထန်းရည်ခွက်ကို ကောက်မော့လိုက်တာကြောင့်

" ဟာ ပေါက်စ ဟာကွာ "

" ကလေး အရမ်းမသောက်မိစေနဲ့ အကိုတို့သွားပြီ "

Kai နဲ့ Xui KS ကိုသိပ်မသောက်ဖို့ပြောပြီးထွက်သွားကြတာ တစ်ချိုးထဲ။ကျန်နေခဲ့တာ KS နဲ့ Chan ။
Chan ကတော့ KS ထန်းရည်သောက်လိုက်တာကြောင့် ရင်တထိတ်ထိတ်။ အရင်တုန်းကလို ထန်းရည်သောက်ပြီး ရစ်တက်အကောင်ပေါက်ကို တကယ်ကြောက်ပါသည်။ တစ်ညလုံးမအိပ်လိုက်ရဘူးမလား။ တစ်ညလုံးမအိပ်ရဘူးလို့ပြောလို့မမှောင်မိုက်သွားကြပါနဲ့ ရစ်စိန်လေးက အရစ်လွန်ပြီး မနက်မိုးလင်းမှအိပ်ပျော်သွားလို့ပါ။

" ပေါက်စ မသောက်နဲ့တော့နော် ကိုယ်တို့အိမိပြန်ရအောင် "

" Okok "

လက်မနဲ့လက်ညိုးလေးကိုဝိုင်းပြပြီးokလို့ပြောလာတဲ့အကောင်ပေါက်လေးကို Chan မှာတော့ အသည်းတယားယ။

" ဦးလေး ရှင်းမယ် "

" ဟာဆရာလေး မယူပါဘူးဗျာ ရပါတယ် "

" မဟုတ်တာဗျာ ဦးလေးတို့လဲ စီးပွါးရေးလုပ်နေတာကို ယူလိုက်ပါဗျာ "

" မဟုတ်တာ ဆရာလေးရယ် ဆရာတို့က ကျွန်တော်တို့ရဲ့ကျေးဇူးရှင်လေဗျာ မယူပါရစေနဲ့ "

" ကျေးဇူးရှင်မဟုတ်ရပါဘူးဗျာ ကျွန်တော်တို့က ဒီအတိုင်းကူညီတာပါဗျ ယူထားလိုက်ပါနော် "

" ဆရာလေးရယ် "

" ယူလိုက်ပါဗျာ "

" ပိုက်ဆံကများလွန်းတယ်ဆရာလေးရယ် "

" ကလေးတွေလည်းကျောင်းတက်နေကြတယ်မလား ကျွန်တော့ကိုအားမနာနဲ့ဗျာ "

" ကျေးဇူးပါ ဆရာလေးရယ် "

" ဟုတ်ပါပြီဗျာ ကျွန်တော်ပြန်လိုက်ပါအုံးမယ် "

" ဟုတ်ကဲ့ဆရာလေး "

Chan ဆိုင်ရှင်နဲ့စကားပြောပြီးထွက်လာတော့

" ဟာ ပေါက်စ "

Chan သူ့ရှေ့ကပေါက်စကိုကြည့်ပြီးမျက်လုံးတွေအော်တိုပြူးလာရသည်။ မှောက်နေတဲ့မြူအိုးတစ်လုံးနဲ့အတူ ထန်းရည်ထည့်ထားတဲ့ခွက်နှစ်ကိုကိုင်ကာ အချင်းချင်းပြန်တိုက်ကာသောက်နေတဲ့ပေါက်စကိုကြည့်ရင်း သူညအိပ်ရပါ့မလားတွေးရင်း

" ပေါက်စ ကလေး ကိုယ့်ရဲ့အသဲလေး "

" ဟင် ကို...ကို ? "

" ဟုတ်တယ်လေ ပေါက်စရဲ့လာပြန်ရအောင်နော် "

" ပျံမယ်? ပျံရအောင်ကျွန်တော်တို့က ငှက်မှမဟုတ်တာ ကိုကို ကလည်း ဘာတွေပြောနေတာလဲ "

" ဘုရား ကယ်တော်မူပါ "

" ဟာ ကိုကိုဘာတွေပြောနေတာလဲ ဘုရားက ရွာထိပ်ကမှာလေ ကိုကို့ကိုလာကယ်ရအောင် ကိုကိုက ဇနက မင်သားထင်နေတာလား "

* ဟမ် ဘာဆိုင်လို့တုန်း ရွာထိပ်ကဘုရားနဲ့ဇနကမင်းသားနဲ့က ကိုယ့်ကိုရူးအောင်တော့မလုပ်ဘူးမလား ပေါက်စ "

" မထင်ပါဘူးပေါက်စရယ် အိမ်ပြန်ကြရအောင်နော် "

" အိမ်? အိမ် ? "

" အင်း ဟုတ်တယ် အိမ် ပြန်မယ်နော်"

Chan KS တစ်ခွန်းပြောတိုင်းတစ်ချက်ခေါင်းငြိမ့်ကာ အိမ်ပြန်ရောက်အောင်ခေါ်ခဲ့ရတော့သည်။

*ဘုရားသကြားမလို့ အိမ်ရောက်ရင်ချက်ချက်အိပ်ပျော်ပါစေအရှင်ဘုရား*

Chan ဆုတောင်းကိုကြားမဲ့သူရှိမလားဆိုတာကတော့..........

T.B.C.

နောက်ကျသွားလို့ Sorryပါ အခုကစပြီးဇာတ်သိမ်းတဲ့အထိတောက်လျှောက်တင်သွားမှာပါနော်။
Thank you all.....


Zawgyi










sehun ကဆိုတော့











" ဟာ ပေါက်စ "





" အော့ .... အော့"



Kai တို့ကတော့ရီနေသည်။


" သဒေါင်းစား "

"ေ-ွးကောင် သေချင်နေတာ "








Baek ကလည်း





" အဆိုးလေးကွာ ပေါက်စ "

" အခုမှသိလား "

" သိတာကြာပါပြီဗျာ "





" ပေါက်စကလည်းကွာ "








" အေးအေး "









" ဟာ ပေါက်စ ဟာကွာ "




" Okok "


" ဦးလေး ရှင်းမယ် "





" ဆရာလေးရယ် "

" ယူလိုက်ပါဗျာ "



" ကျေးဇူးပါ ဆရာလေးရယ် "


" ဟုတ်ကဲ့ဆရာလေး "


" ဟာ ပေါက်စ "



" ဟင် ကို...ကို ? "



" ဘုရား ကယ်တော်မူပါ "




" အိမ်? အိမ် ? "





T.B.C.

Thank you all.....






Continue Reading

You'll Also Like

514K 20.1K 65
ပထမနှစ်ကအချေတလိုင်းကိုတတိယနှစ်ကျောင်းသားတယောက်ကchallengeအနေနဲ့ချဥ်းကပ်ခဲ့တဲ့အခါ...... #Mature on🔞 #18+🔞 Let's go...... (18နှစ်မပြည့်သူများ18ခါဖတ်ပါ)
920K 21.2K 49
In wich a one night stand turns out to be a lot more than that.
628K 31.8K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.3M 57.1K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC