Unicode
ခေါင်ရမ်းတစ်ပွင့် မှသည်...
အိမ်ကို မြန်မြန်ပြန်ရောက်ချင်ပြီဆိုကာမှ အသွားတုန်းကစိတ်ဇောနဲ့ မဝေးခဲ့တဲ့ ခရီးကအခုတော့ အကွာအဝေးမိုင်ပေါင်းအင်္သချေများစွာကို ကျော်ဖြတ်နေရသလိုပင်။
နောက်ကနေ ထိုင်လိုက်ရတဲ့ ကောင်လေးကတော့အေးအေးဆေးဆေး မနက်ခင်းလေလေးကတဖြူးဖြူးနဲ့ဆိုတော့ နေလို့ကောင်းပေါ့။ အရှေ့ကနင်းနေရတဲ့သူက အသက်ထွက်မတတ် ဟောဟဲလိုက်နေပြီ။ ဘယ်လိုပဲ လူမဟုတ်ဘူးပြောပြော ကိုယ်တစ်ယောက်တည်းနင်းတာထက်တော့ ပိုလေးတယ်။
"ငြိမ်ငြိမ်နေကွ ဒီကမှမောပါတယ်ဆို"
နောက်ကနေ ငြိမ်ငြိမ်မနေဘဲ ခါးကိုလာလာတို့နေလို့ အော်ပြောလိုက်သည်။ သိပ်မယားတတ်ဘူးဆိုပေမဲ့ စက်ဘီးစီးနေတဲ့အချိန်တော့ မတော်တဆမဖြစ်အောင်ရှောင်ကြဉ်သင့်တယ်မဟုတ်လား။
"ဟာ ဒီအတိုင်းလေး ဖက်တာကို၊ ဘာဖြစ်နေတာလဲ"
နောက်ကိုမမြင်ရလို့သာ။ အခုချိန် ဆူပူတ်ပူတ်မျက်နှာဖြစ်နေမယ်ဆိုတာ သေချာပေါက် အတတ်ပြောနိုင်တယ်။
"ဒီမှာ မောနေပါတယ်ဆို၊ အိမ်ကိုမြန်မြန်ပြန်ပြီး ဖေဖေနဲ့မေမေ့ကိုပြောပြချင်နေလို့၊ ငြိမ်ငြိမ်လေးနေနော်၊ မစနဲ့တော့"
ချော့မော့ပြောလိုက်တော့လည်း ဘာအသံမှထပ်ပြီး ထွက်မလာတော့။ သေချာပြီ ကောင်လေးစိတ်ဆိုးသွားပြီ။
"စိတ်ဆိုးသွားတာလား"
စက်ဘီးကိုအရှိန်လျော့ကာ နောက်ကိုခေါင်းအလှည့် ဘယ်ဘက်လမ်းကြားထဲက ကိုရင်လေးတစ်ပါး ပြေးထွက်လာတာမြင်တော့ လက်ကိုင်အား အမြန်ဘေးကို စောင်းချလိုက်ရသည်။ မဟုတ်ရင် တိုက်မိမှာ။
ကိုရင်လေးကတော့ ဘာမှမဖြစ်သလို သပိတ်လေးကိုင်ပြီး ပြေးထွက်သွားလေရဲ့။ ကြည့်ရတာ သူတို့အုပ်စုနဲ့ကွဲသွားလို့ ပြေးလိုက်နေရတာထင်တယ်။
"အား..!!!"
ကောင်လေးရဲ့ အသဲခိုက်မတတ်နာကျင်စွာအော်သံကြောင့် အရှိန်လျော့ပြီးသား စက်ဘီးကို ရုတ်တရက် ရပ်ပစ်လိုက်ကာ နောက်ကိုလှည့်ကြည့်လိုက်သည်။
စက်ဘီးကို ဒေါက်ထောက်လိုက်ကာ လူပါဆင်းလိုက်ရင်း..
"ဘာဖြစ်တာလဲ"
ကြည့်လိုက်တော့ အရင်ကဖြူဖွေးဥနေသည့် ဘယ်ဘက် ခြေသလုံးလေးမှာ အခုတော့ လက်တ၀ါးစာလောက်ရှိသည့် အညိုမဲကြီးတစ်ခု။
"ဘာဖြစ်တာလဲ ဒါကြီးက ဘယ်လိုပေါ်လာတာလဲ"
"ခုနက ကိုရင်လေးပြေးသွားတော့ သင်္ကန်းစနဲ့ ထိမိသွားတာထင်တယ်"
"ဟမ် အဲ့လိုထိမိရင် နာတယ်လား၊ ဘယ်နားနာသေးလဲ၊ အရမ်းနာနေတာလား၊ ပြပါဦး"
စိတ်ပူပြီး မထိရက်မကိုင်ရက်ပြောနေသည့် ကိုကို့ကြောင့် အနာသက်သာပါတယ်လေ။ ကိုကို့ရဲ့ ဂရုစိုက်မှုတွေကြောင့် ကြည်နူးမိတာတော့ အမှန်ပင်။
"အဲ့တာကြောင့် ဘုန်းဘုန်းတွေနားဆို ကျွန်တော်သိပ်ပြီး မကပ်ရဲဘူး၊ သင်္ကန်းနားကပ်လိုက်ရင် အရမ်းပူလို့"
"အခုရော ဘယ်လိုလဲ၊ နာနေသေးလား၊ အဲ့တာကြီးပျောက်အောင် ဘယ်လိုလုပ်ပေးရမလဲ"
"အခုတော့ စပ်ဖျင်းဖျင်းနဲ့ အပူစကြီးကပ်နေသလိုမျိုးပဲ"
"ဟမ် အတော်လေးနာမှာပေါ့၊ လမ်းရောလျှောက်နိုင်သေးလား"
ကောင်လေးသူ့ကြောင့်နဲ့ ဒဏ်ရာထပ်ရပြန်တယ်။
သူသာစက်ဘီးကို ဖြည်းဖြည်းချင်း နင်းရင်ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူး။
"ရပါတယ်၊ အခုကိုကိုဒီမှာရပ်နေတာ ကြာပြီနော်၊
အိမ်ကိုမြန်မြန်ရောက်ချင်ပြီဆို"
သူ့ဒဏ်ရာထက် ကိုယ့်ကိုပိုပြီး တွေးပေးနေတဲ့
ကောင်လေးကြောင့် ဘာဆက်ပြောရမယ်မသိ။
သူတစ်ခုခုဖြစ်ရင် ရင်ထဲ ဘယ်လိုခံစားရမှန်းမသိပါ။
အဲ့ခံစားချက်ကို ကောင်း အတိအကျ အမည်မဖော်တတ်။
ပျော်မြူးကာကြည်နူးတက်ကြွလာသည့် စိတ်အားလုံးကို ကောင်လေးကပဲ ညှိုးနွမ်းအောင် လုပ်နိုင်တယ်။ အခု ကောင်လေးခံစားနေရသည့် နာကျင်မှုကို ဖြစ်နိုင်ရင် ကိုယ်ဆီကိုလွှဲပြောင်းပြီး ခံစားပေးလိုက်ချင်ပါသည်။
~~~~~
"သား ဘယ်နှစ်ဘာသာလဲ !!"
အိမ်ထဲတောင် မ၀င်ရသေး။ ခြံတံခါးဆင်းဖွင့်နေတုန်း မေမေရော ဖေဖေရော နှစ်ယောက်လုံး အိမ်ထဲကထွက်လာကြသည်။ ကောင်း အလာကို သေချာကြိုပြီးစောင့်မျှော်နေကြတာ ဖြစ်လောက်တယ်။
" မင်းမျက်နှာလည်း မကောင်းပါလား၊ ဘာဖြစ်လာတာလဲ"
စက်ဘီးကိုခြံထဲသွင်းလိုက်ရင်း မေမေ့ရဲ့ စိုးရိမ်နေတဲ့ မျက်နှာထားကြောင့် ယခုလက်ရှိ ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာ သဘောပေါက်သွားတော့သည်။
"အာ..ဘာမှမဖြစ်ပါဘူး၊ ၅ဘာသာတဲ့ ဖေဖေ"
"ဟမ် တော်တာပေါ့ကွ၊ ငါ့သားရ၊ တော်လိုက်တဲ့ ဖေ့သားကွ၊ ဒါကိုဘာလို့ မျက်နှာပျက်နေရတာလဲကွ"
ဖေဖေကတော့ လက်သီးလက်မောင်းတန်းကာ ကောင်းကို ချီးမွမ်းပွေ့ဖက်နေပေမဲ့ မေမေကတော့ ဘာကိုအားမလိုအားမရဖြစ်နေတယ်မသိ။
"မေ့ ဘာဖြစ်လို့လဲဟင်"
ဖေဖေက ဖက်ထားရာမှ ခွာလိုက်ရင်း မေမေ့ဘက်လှည့်ကာ...
"အေးကွာ ထိပ်ထားရ၊ မင်းရဲ့သားကဂုဏ်ထူး ငါးဘာသာတောင်ပါတာလေ မပျော်ဘူးလား၊ မျက်နှာကြီးက အဲ့လိုမနေစမ်းပါနဲ့ကွ"
ကောင်းနဲ့ ဖေဖေဝိုင်းပြောကြတော့မှ မေမေ့ရဲ့မျက်နှာက အနည်းငယ်ပြုံးလာတော့သည်။
"အင်းပါ ပျော်ပါတယ်၊ အဲ့ဆိုဆေးကျောင်းတက်လို့ရပြီပေါ့"
"မသိသေးပါဘူးဗျာ အမှတ်ကဘယ်လိုလာမလဲဆိုတာ"
ကောင်း ခပ်ငြီးငြီးပြောလိုက်တော့ ဖေဖေက..
"ရမှာသား စိတ်မပူနဲ့၊ မင်းတက်ချင်တဲ့ဟာရကိုရမှာ၊ ဒါတော့ စိတ်ချထားလိုက်၊ ကဲအခု သတင်းကောင်းကြားပြီးပြီဆိုတော့ ဖေဖေလည်း ဆေးရုံသွားတော့မယ်၊ ညကျ အပြင်သွားပြီး ညစာစားကြတာပေါ့ ဟုတ်ပြီလား၊ ဖေဖေ စောစောပြန်လာခဲ့မယ်"
မေမေက...
"မေမေရော ဒီနေ့အစောကြီးပြန်လာခဲ့မယ်နော် သား"
"ဟုတ်"
ပျော်မဆုံးတပြုံးပြုံးနဲ့ ဖေဖေနဲ့မေမေတို့ အလုပ်သွားကြတော့ ကောင်း အမြန်အပေါ်ထပ်ကို တက်ကာ
ကောင်လေးဆီ အပြေးသွားသည်။ ခုနက နောက်ဖေးပေါက်ကနေ သူ့ကိုတစ်ယောက်တည်း ခိုး၀င်ခိုင်းလိုက်ရပေမဲ့ စိတ်မချပါ။ ခြေထောက်မှာလည်း ဒဏ်ရာကြီးနဲ့။ သူ့ဒဏ်ရာက လူတွေလိုရိုးရိုးတန်းတန်း ဆေးရုံးသွားပြီးဆေးကုလိုက်တာနဲ့ ပျောက်တဲ့ပုံစံမျိုးမှ မဟုတ်ဘဲလေ။
"အဆင်ပြေလား နာနေသေးလား"
ခုတင်ပေါ်၌ နောက်မှီကာ ခြေဆင်းပြီးထိုင်နေသည့် ကောင်လေးကိုမေးလိုက်တော့...
"ဟုတ် အဆင်ပြေတယ်၊ နည်းနည်းပဲ စပ်နေတာ"
ပါးစပ်ကသာ အဆင်ပြေတယ်ပြောနေပေမဲ့ မျက်နှာလေးက ဘယ်လောက်နာကျင်တယ်ဆိုတာကို ဖော်ပြနေတယ်။
"လမ်းလျှောက်လို့ရောရလား"
"ဖြည်းဖြည်းချင်းလျှောက်ရင်ရတယ်"
"အဲ့တာဆို ပျောက်အောင်ဘာလုပ်ပေးလို့ရလဲ သိလား"
"ဟင့်အင်း မသိဘူး၊ ဒီတစ်ခါပထမဦးဆုံးပဲ"
"အဲ့တာဆို ခဏလှဲနေလိုက်နော်"
သူ့ကြောင့်ဖြစ်ရတာပါ။ သူသာစက်ဘီးကို သေချာနင်းရင် အဲ့လိုဖြစ်မှာမဟုတ်ဘူး။ သူ့ကြောင့်ပဲ ကောင်လေးကဒဏ်ရာတစ်ခုမဟုတ်တစ်ခုရနေခဲ့တာ။
နောင်တရခြင်း များစွာနှင့်အတူ သူ့နဲ့သာ ရှေ့ဆက်ပြီးအတူနေရင် နောက်ထပ်ဆိုးရွားတဲ့ ဒဏ်ရာများနှင့်၊ အမြဲခိုးဝှက်ကာနေရသည့် ဘ၀မျိုးကိုသာ ပေးစွမ်းနိုင်မည်ဆိုတာ သိလိုက်သည်။ ဆက်ပြီးဆွဲမထားချင်တော့။
ကောင်း အမြဲစောင့်မျှော်ခဲ့ရသည့် ရလဒ်ကောင်းတစ်ခု၏ ပျော်ရွင်မှုက ဟိုးအဝေးကြီးမှာ ကျန်ခဲ့တာ သူသတိရော ထားဖြစ်ခဲ့ရဲ့လား...
~~~~~
"နေခဲ့နော်၊ မြန်မြန်ပြန်လာခဲ့မယ်"
အမြဲတမ်းသွားအတူ၊ လာအတူဖြစ်နေတော့ အခုလိုမိသားစုလိုက် အပြင်ထွက်တဲ့အခါမှာလည်း ခေါ်သွားချင်တယ်။ ဒါပေမဲ့ ကောင်လေးက ဒဏ်ရာကြီးနဲ့ဆိုတော့ လမ်းလျှောက်ရင်အဆင်မပြေ။ အဲ့တာကြောင့် ခေါ်သွား၍လုံး၀မဖြစ်။
"ရတယ်လို့၊ သွားစရာရှိတာသွားပါဆို၊ ကျွန်တော်အိမ်မှာပဲ နေမှာ၊ ဘယ်မှမသွားဘူးနော်"
"အင်းအင်း ဟုတ်ပြီ၊ ဒါဆို စိတ်ချမယ်နော်"
မသွားခင် အမှာတမ်းတွေ မပြီးနိုင်မစီးနိုင်ခြွေနေတဲ့ ကိုကိုကြောင့် စိတ်ထဲကြည်နူးတာလိုလို၊ ကျေနပ်တာလိုလို၊ ပျော်တာလိုလိုနဲ့ ဘယ်လိုဖြစ်နေမှန်းမသိပါ။ ကိုကိုကတော့ သွားခါနီးကို စိတ်မချသလို လှည့်ကြည့်
လှည့်ကြည့်လုပ်နေသေးတာ။ သူ့ကို စိုးရိမ်ပေးတဲ့တစ်ယောက်တည်းသောသူ။ ဒီလိုမေတ္တာမျိုးနဲ့ ဆက်ဆံပေးတာ တစ်ယောက်တည်းသောသူ။ ဆုံးရှုံးရမှာတော့ ကြောက်မိသား။ မခွဲချင်မိတော့ရင် ဘယ်လိုလုပ်ရမလဲ။
~~~~~~~~~~~~~~~
To be continued...
~~~~~~~~~~~~~~~
Zawgyi
ေခါင္ရမ္းတစ္ပြင့္ မွသည္...
အိမ္ကို ျမန္ျမန္ျပန္ေရာက္ခ်င္ၿပီဆိုကာမွ အသြားတုန္းကစိတ္ေဇာနဲ႕ မေဝးခဲ့တဲ့ ခရီးကအခုေတာ့ အကြာအေဝးမိုင္ေပါင္းအသၤေခ်မ်ားစြာကို ေက်ာ္ျဖတ္ေနရသလိုပင္။
ေနာက္ကေန ထိုင္လိုက္ရတဲ့ ေကာင္ေလးကေတာ့ေအးေအးေဆးေဆး မနက္ခင္းေလေလးကတျဖဴးျဖဴးနဲ႕ဆိုေတာ့ ေနလို႔ေကာင္းေပါ့။ အေရွ႕ကနင္းေနရတဲ့သူက အသက္ထြက္မတတ္ ေဟာဟဲလိုက္ေနၿပီ။ ဘယ္လိုပဲ လူမဟုတ္ဘူးေျပာေျပာ ကိုယ္တစ္ေယာက္တည္းနင္းတာထက္ေတာ့ ပိုေလးတယ္။
"ၿငိမ္ၿငိမ္ေနကြ ဒီကမွေမာပါတယ္ဆို"
ေနာက္ကေန ၿငိမ္ၿငိမ္မေနဘဲ ခါးကိုလာလာတို႔ေနလို႔ ေအာ္ေျပာလိုက္သည္။ သိပ္မယားတတ္ဘူးဆိုေပမဲ့ စက္ဘီးစီးေနတဲ့အခ်ိန္ေတာ့ မေတာ္တဆမျဖစ္ေအာင္ေရွာင္ၾကဥ္သင့္တယ္မဟုတ္လား။
"ဟာ ဒီအတိုင္းေလး ဖက္တာကို၊ ဘာျဖစ္ေနတာလဲ"
ေနာက္ကိုမျမင္ရလို႔သာ။ အခုခ်ိန္ ဆူပူတ္ပူတ္မ်က္ႏွာျဖစ္ေနမယ္ဆိုတာ ေသခ်ာေပါက္ အတတ္ေျပာနိုင္တယ္။
"ဒီမွာ ေမာေနပါတယ္ဆို၊ အိမ္ကိုျမန္ျမန္ျပန္ၿပီး ေဖေဖနဲ႕ေမေမ့ကိုေျပာျပခ်င္ေနလို႔၊ ၿငိမ္ၿငိမ္ေလးေနေနာ္၊ မစနဲ႕ေတာ့"
ေခ်ာ့ေမာ့ေျပာလိုက္ေတာ့လည္း ဘာအသံမွထပ္ၿပီး ထြက္မလာေတာ့။ ေသခ်ာၿပီ ေကာင္ေလးစိတ္ဆိုးသြားၿပီ။
"စိတ္ဆိုးသြားတာလား"
စက္ဘီးကိုအရွိန္ေလ်ာ့ကာ ေနာက္ကိုေခါင္းအလွည့္ ဘယ္ဘက္လမ္းၾကားထဲက ကိုရင္ေလးတစ္ပါး ေျပးထြက္လာတာျမင္ေတာ့ လက္ကိုင္အား အျမန္ေဘးကို ေစာင္းခ်လိဳက္ရသည္။ မဟုတ္ရင္ တိုက္မိမွာ။
ကိုရင္ေလးကေတာ့ ဘာမွမျဖစ္သလို သပိတ္ေလးကိုင္ၿပီး ေျပးထြက္သြားေလရဲ႕။ ၾကည့္ရတာ သူတို႔အုပ္စုနဲ႕ကြဲသြားလို႔ ေျပးလိုက္ေနရတာထင္တယ္။
"အား..!!!"
ေကာင္ေလးရဲ႕ အသဲခိုက္မတတ္နာက်င္စြာေအာ္သံေၾကာင့္ အရွိန္ေလ်ာ့ၿပီးသား စက္ဘီးကို ႐ုတ္တရက္ ရပ္ပစ္လိုက္ကာ ေနာက္ကိုလွည့္ၾကည့္လိုက္သည္။
စက္ဘီးကို ေဒါက္ေထာက္လိုက္ကာ လူပါဆင္းလိုက္ရင္း..
"ဘာျဖစ္တာလဲ"
ၾကည့္လိုက္ေတာ့ အရင္ကျဖဴေဖြးဥေနသည့္ ဘယ္ဘက္ ေျခသလုံးေလးမွာ အခုေတာ့ လက္တ၀ါးစာေလာက္ရွိသည့္ အညိုမဲႀကီးတစ္ခု။
"ဘာျဖစ္တာလဲ ဒါႀကီးက ဘယ္လိုေပၚလာတာလဲ"
"ခုနက ကိုရင္ေလးေျပးသြားေတာ့ သကၤန္းစနဲ႕ ထိမိသြားတာထင္တယ္"
"ဟမ္ အဲ့လိုထိမိရင္ နာတယ္လား၊ ဘယ္နားနာေသးလဲ၊ အရမ္းနာေနတာလား၊ ျပပါဦး"
စိတ္ပူၿပီး မထိရက္မကိုင္ရက္ေျပာေနသည့္ ကိုကို႔ေၾကာင့္ အနာသက္သာပါတယ္ေလ။ ကိုကို႔ရဲ႕ ဂ႐ုစိုက္မႈေတြေၾကာင့္ ၾကည္ႏူးမိတာေတာ့ အမွန္ပင္။
"အဲ့တာေၾကာင့္ ဘုန္းဘုန္းေတြနားဆို ကြၽန္ေတာ္သိပ္ၿပီး မကပ္ရဲဘူး၊ သကၤန္းနားကပ္လိုက္ရင္ အရမ္းပူလို႔"
"အခုေရာ ဘယ္လိုလဲ၊ နာေနေသးလား၊ အဲ့တာႀကီးေပ်ာက္ေအာင္ ဘယ္လိုလုပ္ေပးရမလဲ"
"အခုေတာ့ စပ္ဖ်င္းဖ်င္းနဲ႕ အပူစႀကီးကပ္ေနသလိုမ်ိဳးပဲ"
"ဟမ္ အေတာ္ေလးနာမွာေပါ့၊ လမ္းေရာေလွ်ာက္နိုင္ေသးလား"
ေကာင္ေလးသူ႕ေၾကာင့္နဲ႕ ဒဏ္ရာထပ္ရျပန္တယ္။
သူသာစက္ဘီးကို ျဖည္းျဖည္းခ်င္း နင္းရင္ဒီလိုမ်ိဳးေတြျဖစ္လာမွာမဟုတ္ဘူး။
"ရပါတယ္၊ အခုကိုကိုဒီမွာရပ္ေနတာ ၾကာၿပီေနာ္၊
အိမ္ကိုျမန္ျမန္ေရာက္ခ်င္ၿပီဆို"
သူ႕ဒဏ္ရာထက္ ကိုယ့္ကိုပိုၿပီး ေတြးေပးေနတဲ့
ေကာင္ေလးေၾကာင့္ ဘာဆက္ေျပာရမယ္မသိ။
သူတစ္ခုခုျဖစ္ရင္ ရင္ထဲ ဘယ္လိုခံစားရမွန္းမသိပါ။
အဲ့ခံစားခ်က္ကို ေကာင္း အတိအက် အမည္မေဖာ္တတ္။
ေပ်ာ္ျမဴးကာၾကည္ႏူးတက္ႂကြလာသည့္ စိတ္အားလုံးကို ေကာင္ေလးကပဲ ညွိုးႏြမ္းေအာင္ လုပ္နိုင္တယ္။ အခု ေကာင္ေလးခံစားေနရသည့္ နာက်င္မႈကို ျဖစ္နိုင္ရင္ ကိုယ္ဆီကိုလႊဲေျပာင္းၿပီး ခံစားေပးလိုက္ခ်င္ပါသည္။
~~~~~
"သား ဘယ္ႏွစ္ဘာသာလဲ !!"
အိမ္ထဲေတာင္ မ၀င္ရေသး။ ၿခံတံခါးဆင္းဖြင့္ေနတုန္း ေမေမေရာ ေဖေဖေရာ ႏွစ္ေယာက္လုံး အိမ္ထဲကထြက္လာၾကသည္။ ေကာင္း အလာကို ေသခ်ာႀကိဳၿပီးေစာင့္ေမွ်ာ္ေနၾကတာ ျဖစ္ေလာက္တယ္။
" မင္းမ်က္ႏွာလည္း မေကာင္းပါလား၊ ဘာျဖစ္လာတာလဲ"
စက္ဘီးကိုၿခံထဲသြင္းလိုက္ရင္း ေမေမ့ရဲ႕ စိုးရိမ္ေနတဲ့ မ်က္ႏွာထားေၾကာင့္ ယခုလက္ရွိ ဘယ္လိုအေျခအေနျဖစ္ေနသလဲဆိုတာ သေဘာေပါက္သြားေတာ့သည္။
"အာ..ဘာမွမျဖစ္ပါဘူး၊ ၅ဘာသာတဲ့ ေဖေဖ"
"ဟမ္ ေတာ္တာေပါ့ကြ၊ ငါ့သားရ၊ ေတာ္လိုက္တဲ့ ေဖ့သားကြ၊ ဒါကိုဘာလို႔ မ်က္ႏွာပ်က္ေနရတာလဲကြ"
ေဖေဖကေတာ့ လက္သီးလက္ေမာင္းတန္းကာ ေကာင္းကို ခ်ီးမြမ္းေပြ႕ဖက္ေနေပမဲ့ ေမေမကေတာ့ ဘာကိုအားမလိုအားမရျဖစ္ေနတယ္မသိ။
"ေမ့ ဘာျဖစ္လို႔လဲဟင္"
ေဖေဖက ဖက္ထားရာမွ ခြာလိုက္ရင္း ေမေမ့ဘက္လွည့္ကာ...
"ေအးကြာ ထိပ္ထားရ၊ မင္းရဲ႕သားကဂုဏ္ထူး ငါးဘာသာေတာင္ပါတာေလ မေပ်ာ္ဘူးလား၊ မ်က္ႏွာႀကီးက အဲ့လိုမေနစမ္းပါနဲ႕ကြ"
ေကာင္းနဲ႕ ေဖေဖဝိုင္းေျပာၾကေတာ့မွ ေမေမ့ရဲ႕မ်က္ႏွာက အနည္းငယ္ၿပဳံးလာေတာ့သည္။
"အင္းပါ ေပ်ာ္ပါတယ္၊ အဲ့ဆိုေဆးေက်ာင္းတက္လို႔ရၿပီေပါ့"
"မသိေသးပါဘူးဗ်ာ အမွတ္ကဘယ္လိုလာမလဲဆိုတာ"
ေကာင္း ခပ္ၿငီးၿငီးေျပာလိုက္ေတာ့ ေဖေဖက..
"ရမွာသား စိတ္မပူနဲ႕၊ မင္းတက္ခ်င္တဲ့ဟာရကိုရမွာ၊ ဒါေတာ့ စိတ္ခ်ထားလိုက္၊ ကဲအခု သတင္းေကာင္းၾကားၿပီးၿပီဆိုေတာ့ ေဖေဖလည္း ေဆး႐ုံသြားေတာ့မယ္၊ ညက် အျပင္သြားၿပီး ညစာစားၾကတာေပါ့ ဟုတ္ၿပီလား၊ ေဖေဖ ေစာေစာျပန္လာခဲ့မယ္"
ေမေမက...
"ေမေမေရာ ဒီေန႕အေစာႀကီးျပန္လာခဲ့မယ္ေနာ္ သား"
"ဟုတ္"
ေပ်ာ္မဆုံးတၿပဳံးၿပဳံးနဲ႕ ေဖေဖနဲ႕ေမေမတို႔ အလုပ္သြားၾကေတာ့ ေကာင္း အျမန္အေပၚထပ္ကို တက္ကာ
ေကာင္ေလးဆီ အေျပးသြားသည္။ ခုနက ေနာက္ေဖးေပါက္ကေန သူ႕ကိုတစ္ေယာက္တည္း ခိုး၀င္ခိုင္းလိုက္ရေပမဲ့ စိတ္မခ်ပါ။ ေျခေထာက္မွာလည္း ဒဏ္ရာႀကီးနဲ႕။ သူ႕ဒဏ္ရာက လူေတြလိုရိုးရိုးတန္းတန္း ေဆး႐ုံးသြားၿပီးေဆးကုလိုက္တာနဲ႕ ေပ်ာက္တဲ့ပုံစံမ်ိဳးမွ မဟုတ္ဘဲေလ။
"အဆင္ေျပလား နာေနေသးလား"
ခုတင္ေပၚ၌ ေနာက္မွီကာ ေျခဆင္းၿပီးထိုင္ေနသည့္ ေကာင္ေလးကိုေမးလိုက္ေတာ့...
"ဟုတ္ အဆင္ေျပတယ္၊ နည္းနည္းပဲ စပ္ေနတာ"
ပါးစပ္ကသာ အဆင္ေျပတယ္ေျပာေနေပမဲ့ မ်က္ႏွာေလးက ဘယ္ေလာက္နာက်င္တယ္ဆိုတာကို ေဖာ္ျပေနတယ္။
"လမ္းေလွ်ာက္လို႔ေရာရလား"
"ျဖည္းျဖည္းခ်င္းေလွ်ာက္ရင္ရတယ္"
"အဲ့တာဆို ေပ်ာက္ေအာင္ဘာလုပ္ေပးလို႔ရလဲ သိလား"
"ဟင့္အင္း မသိဘူး၊ ဒီတစ္ခါပထမဦးဆုံးပဲ"
"အဲ့တာဆို ခဏလွဲေနလိုက္ေနာ္"
သူ႕ေၾကာင့္ျဖစ္ရတာပါ။ သူသာစက္ဘီးကို ေသခ်ာနင္းရင္ အဲ့လိုျဖစ္မွာမဟုတ္ဘူး။ သူ႕ေၾကာင့္ပဲ ေကာင္ေလးကဒဏ္ရာတစ္ခုမဟုတ္တစ္ခုရေနခဲ့တာ။
ေနာင္တရျခင္း မ်ားစြာႏွင့္အတူ သူ႕နဲ႕သာ ေရွ႕ဆက္ၿပီးအတူေနရင္ ေနာက္ထပ္ဆိုး႐ြားတဲ့ ဒဏ္ရာမ်ားႏွင့္၊ အၿမဲခိုးဝွက္ကာေနရသည့္ ဘ၀မ်ိဳးကိုသာ ေပးစြမ္းနိုင္မည္ဆိုတာ သိလိုက္သည္။ ဆက္ၿပီးဆြဲမထားခ်င္ေတာ့။
ေကာင္း အၿမဲေစာင့္ေမွ်ာ္ခဲ့ရသည့္ ရလဒ္ေကာင္းတစ္ခု၏ ေပ်ာ္႐ြင္မႈက ဟိုးအေဝးႀကီးမွာ က်န္ခဲ့တာ သူသတိေရာ ထားျဖစ္ခဲ့ရဲ႕လား...
~~~~~
"ေနခဲ့ေနာ္၊ ျမန္ျမန္ျပန္လာခဲ့မယ္"
အၿမဲတမ္းသြားအတူ၊ လာအတူျဖစ္ေနေတာ့ အခုလိုမိသားစုလိုက္ အျပင္ထြက္တဲ့အခါမွာလည္း ေခၚသြားခ်င္တယ္။ ဒါေပမဲ့ ေကာင္ေလးက ဒဏ္ရာႀကီးနဲ႕ဆိုေတာ့ လမ္းေလွ်ာက္ရင္အဆင္မေျပ။ အဲ့တာေၾကာင့္ ေခၚသြား၍လုံး၀မျဖစ္။
"ရတယ္လို႔၊ သြားစရာရွိတာသြားပါဆို၊ ကြၽန္ေတာ္အိမ္မွာပဲ ေနမွာ၊ ဘယ္မွမသြားဘူးေနာ္"
"အင္းအင္း ဟုတ္ၿပီ၊ ဒါဆို စိတ္ခ်မယ္ေနာ္"
မသြားခင္ အမွာတမ္းေတြ မၿပီးနိုင္မစီးနိုင္ေႁခြေနတဲ့ ကိုကိုေၾကာင့္ စိတ္ထဲၾကည္ႏူးတာလိုလို၊ ေက်နပ္တာလိုလို၊ ေပ်ာ္တာလိုလိုနဲ႕ ဘယ္လိုျဖစ္ေနမွန္းမသိပါ။ ကိုကိုကေတာ့ သြားခါနီးကို စိတ္မခ်သလို လွည့္ၾကည့္
လွည့္ၾကည့္လုပ္ေနေသးတာ။ သူ႕ကို စိုးရိမ္ေပးတဲ့တစ္ေယာက္တည္းေသာသူ။ ဒီလိုေမတၱာမ်ိဳးနဲ႕ ဆက္ဆံေပးတာ တစ္ေယာက္တည္းေသာသူ။ ဆုံးရႈံးရမွာေတာ့ ေၾကာက္မိသား။ မခြဲခ်င္မိေတာ့ရင္ ဘယ္လိုလုပ္ရမလဲ။
~~~~~~~~~~~~~~~
To be continued...