Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 237

5.3K 742 22
By Dancing_Breeze

[Zawgyi]

<ဘာလို႔ 2333လဲ!?>

ဘာလို႔ ေသာက္2333ပဲလဲ!? နဥ္ရႈ ဒီ2333ဆိုတဲ့ နံပါတ္ႀကီးကို လံုးဝမႀကိဳက္ပါ။ သူမထင္ခဲ့တာက သူမရဲ႕အစမ္းတာဝန္ထမ္းေဆာင္တဲ့ကာလၿပီးသြားရင္ ဒီ2333ဆိုတဲ့နံပါတ္ႀကီးကို ျဖဳတ္နိုင္ၿပီလို႔ေပါ့။ ဒါေပမယ့္ အခုေတာ့ သူ႔ကိုယ္သူ 2333လို႔ေခၚတဲ့ Systemက ျပန္ေရာက္လာတယ္! သူမ ေသြးအန္ခ်င္လာမိသည္။

"ခ်စ္လွစြာေသာကစားသူ...အခုကစၿပီး System 2333က သင့္ရဲ႕ကိုယ္ပိုင္ Systemအျဖစ္ တာဝန္ထမ္းေဆာင္သြားမွာပါ။ 2333က ကစားသူရဲ႕စိတ္အေျခအေနအပါအဝင္ အေျခအေနအရပ္ရပ္ကို ဂရုစိုက္ရပါမယ္။ ကစားသူမေပ်ာ္ရႊင္တဲ့အခါ Systemက ကစားသူကိုေပ်ာ္ရႊင္ေအာင္ လုပ္ေဆာင္ေပးမွာျဖစ္ၿပီး ကစားသူေပ်ာ္ရႊင္ေနတဲ့အခါ Systemက ကစားသူနဲ႔အတူတူ ပါဝင္ေပ်ာ္ရႊင္ေပးမွာျဖစ္ပါတယ္။ ကစားသူရဲ႕ တာဝန္ၿပီးေျမာက္ေအာင္ Systemက တတ္နိုင္သမ်ွအားလံုးကူညီေပးမွာပါ။"

နဥ္ရႈ : ...

သူမ ဘာလို႔မေကာင္းတဲ့ခံစားခ်က္ႀကီးရေနတာလဲ? ဒီေၾကာင္ေတာင္ေတာင္Systemနဲ႔စာရင္ ဟိုေအးတိေအးစက္Systemကို ပိုသေဘာက်သလို သူမခံစားလိုက္ရ၏။

နဥ္ရႈ နဖူးကုတ္ကာ ေျပာလိုက္သည္။

"ဒါက...အာ...2333"

"တစ္ခုခုလိုအပ္ပါသလား ကစားသူ?"

2333က သူေဌးကိုမ်က္နွာလိုမ်က္နွာရလုပ္ဖို႔ အလုပ္ႀကိဳးစားျပေနတဲ့ဝန္ထမ္းေလးလိုပင္ လ်င္ျမန္စြာေမးလာေလ၏။

"နင္ ဘာလို႔ ငါ့ကို အေျခအေနကိုအရင္မရွင္းျပရတာလဲ?"

နဥ္ရႈ ေျပာလိုက္သည္။

"ဘာအေျခအေနပါလဲ?"

2333ကေမး၏။

"ငါက အခုတရားဝင္ကစားသူျဖစ္ေနၿပီေလ။ ဒီေတာ့ ငါ တစ္ျခားကစားသူေတြအေၾကာင္းသိခ်င္တယ္။"

နဥ္ရႈ သူမေဒါသေတြကို ခ်ဳပ္တည္းထားလိုက္သည္။ သူမ ရမွတ္တစ္ေသာင္းေက်ာ္သံုးလိုက္ရၿပီး ျပန္ရလာတာက ဒီလိုဟာႀကီးတဲ့လား? အရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္။

2333က နဥ္ရႈ အေတာ္ေလးမေပ်ာ္မရႊင္ျဖစ္ေနတာကိုခံစားမိသြားပံုရၿပီး အလ်င္အျမန္ေျပာလာေလ၏။

"ေလာေလာဆယ္ေတာ့ ကစားသူမွာ တစ္ျခားကစားသူေတြအေၾကာင္းသိနိုင္ဖို႔ အတြက္ အထူးအခြင့္အေရးမရွိေသးပါဘူး။"

"အဲ့ဒါဆို ငါ ဘာေမးလို႔ရလဲ?"

နဥ္ရႈ မ်က္လံုးမ်ားေမွးက်ဥ္းကာ ေမးလိုက္သည္။

"ကစားသူအေနနဲ႔ ကစားသူရဲ႕တာဝန္နဲ႔ Systemရဲ႕ ဇစ္ျမစ္ကိုေမးလို႔ရပါတယ္။"

2333ကေျပာသည္။

"ကစားသူေတြရဲ႕ဝိဥာဥ္ေတြက သာမန္လူေတြရဲ႕ဝိဥာဥ္ထက္ပိုၿပီးသန္မာလို႔ ေ႐ြးခ်ယ္ခံထားရတာပါ။ ဒါမွသာ သူတို႔က တစ္ျခားကမၻာကိုခရီးသြားျခင္းေၾကာင့္ျဖစ္လာတဲ့ ဝိဥာဥ္ထိခိုက္မႈေတြကို ခံနိုင္မွာပါ။ ဘဝမွာ အေတာ္ေလးျပင္းထန္တဲ့နာက်ည္းခ်က္ေတြရွိတဲ့လူေတြရွိၿပီး သူတို႔က သူတို႔ရဲ႕ကံၾကမၼာကိုေျပာင္းလဲဖို႔အတြက္ သူတို႔ရဲ႕ဝိဥာဥ္ ဒါမွမဟုတ္ သူတို႔အတြက္ အေရးႀကီးတဲ့အရာကို ေပးအပ္ၾကသူေတြရွိပါတယ္။ ကစားသူေတြရဲ႕အလုပ္ကေတာ့ သူတို႔ရဲ႕ဆႏၵကိုျဖည့္ဆည္းေပးဖို႔ပါ။"

"ကစားသူေတြရဲ႕တာဝန္က အေုခအေနတည္ရွိမႈေတြကို ျပဳ ျပင္ေျပာင္းလဲေပးရတာပါ။ သူတို႔က ကမၻာေတြကိုေလ်ွာက္သြားၿပီး ျပဳ ျပင္ေပးေနၾကသူေတြျဖစ္ပါတယ္။"

2333ကေျပာ၏။

နဥ္ရႈ ေခါင္းၿငိမ့္ကာေျပာလိုက္သည္။

"ငါသိၿပီ။"

"ဟုတ္သားပဲ။ ဝိဥာဥ္ကိုပိုသန္မာလာေအာင္လုပ္လို႔ရမယ့္က်င့္ႀကံျခင္းနည္းလမ္းေတြရွိတယ္မလား? ငါ့ဝိဥာဥ္က အခုထိအားနည္းေနေသးသလို ခံစားေနရတယ္။"

သူမဝိဥာဥ္ကို တတ္နိုင္သမ်ွသန္မာလာေအာင္လုပ္တာက အေကာင္းဆံုးပင္။

"ရွိပါတယ္။ ဒါေပမယ့္ ကစားသူမွာရမွတ္ေတြမရွိေတာ့တဲ့အတြက္ တစ္ခုမွလဲလွယ္လို႔မရပါဘူး။"

2333က ျပန္ေျဖ၏။

ခ်ီးပဲ! သူမ 2333ကို ရမွတ္ေတြျပန္ထြက္မလာမခ်င္း လည္ပင္းညႇစ္ပစ္လိုက္ခ်င္မိ၏။ ဒီSystemက ဘာမွအသံုးမက်ဘူးလို႔ သူမခံစားေနရေပသည္။

"အဲ့လိုကိုး။ စကားမစပ္ နင္က ဘယ္လိုပံုစံမ်ိဳးလဲ?  ထြက္လာစမ္းပါ။ ငါတစ္ခ်က္ေလာက္ၾကည့္ပါရေစ။"

နဥ္ရႈက ေျပာေလသည္။

"ငါ့မွာ ရုပ္ခႏၶာမရွိဘူးလို႔ေျပာရတာ ဝမ္းနည္းပါတယ္ ကစားသူ။ ငါက ဒီspaceရဲ႕ ထိန္းခ်ဳပ္ျခင္းဗဟိုပါ။"

2333က ျပန္ေျဖသည္။

Fuck! ၿပီးေတာ့ သူမ ဒီSystemကို သူမေဒါသေတြေျပသြားတဲ့အထိ ရိုက္ပစ္ခ်င္မိသည္။

"oh...မေမ့ခင္ေျပာရဦးမယ္။ မင္းက တရားဝင္ကစားသူျဖစ္လာၿပီဆိုေတာ့ မင္းရဲ႕တာဝန္ေတြကိုကိုင္တြယ္ေျဖရွင္းတဲ့ပံုစံကိုဆံုးျဖတ္ေပးမယ့္ အထူးတာဝန္တစ္ခု လက္ခံရလိမ့္မယ္။ ၿပီးရင္ေတာ့ မင္းရဲ႕ပံုစံနဲ႔ကိုက္ညီတဲ့တာဝန္ေတြကိုေပးနိုင္ဖို႔ ငါအေကာင္းဆံုးလုပ္မွာပါ။"

2333ကေျပာသည္။

"ေကာင္းၿပီ။"

နဥ္ရႈက ေျပာလိုက္သည္။

"အထူးတာဝန္ကို အခုၿပီးေအာင္လုပ္ဖို႔လိုလား?"

"အလ်င္မလိုပါဘူး။ ကစားသူက အလုပ္အပ္နွံသူကို အရင္ေတြ႕ဖို႔လိုတယ္။"

2333က သူမကို 'ကစားသူ'လို႔ေခၚေနတာႀကီးက ကသိကေအာက္ျဖစ္တယ္လို႔နဥ္ရႈထင္လိုက္သျဖင့္ သူမေျပာလိုက္သည္။

"နင္ငါ့ကို နာမည္ပဲေခၚလို႔မရဘူးလား?"

"ေကာင္းပါၿပီ...နဥ္ရႈ။"

2333က ေပ်ာ္ရႊင္စြာျပန္ေျပာသည္။ ၿပီးေနာက္ 2333က ေမးျပန္သည္။

"မင္း အလုပ္အပ္နွံသူကို အခုခ်က္ခ်င္းေတြ႕ခ်င္လား?"

"အင္း။"

နဥ္ရႈ ေျပာၿပီးၿပီးခ်င္းမွာပဲ ပံုရိပ္တစ္ခုက spaceထဲမွာ ျဖည္းညင္းစြာေပၚလာေလ၏။ ထိုပံုရိပ္က အေတာ္ေလးမွိန္ေဖ်ာ့ေနၿပီး နဥ္ရႈလိုဝိဥာဥ္တစ္ခုပင္။
.....

[NOTE]

တစ္ျခားကမၻာကိုခရီးသြားျခင္းဆိုတဲ့ေနရာမွာသံုးတာက interdimensional travel။ တို႔ရွာၾကည့္တာေတာ့ သူက time travelနဲ႔ဆင္ေပမယ့္ parallel worldလိုကမၻာေတြ၊ သိပၸံပညာနဲ႔ရွင္းျပလို႔မရနိုင္တဲ့ကမၻာမ်ိဳးေတြဆီ အတိတ္ကိုျဖစ္ေစ၊ အနာဂတ္ကိုျဖစ္ေစ ခရီးသြားတာမ်ိဳးပါတဲ့။ ဆိုလိုတာက နဥ္ရႈအခုတာဝန္ထမ္းေဆာင္ေနရတာေတြက real worldေတြမဟုတ္ဘူးေပါ့။

2333လည္း အေကာင္အထည္မရွိလို႔သာပဲ။ ရွိရင္ နဥ္ရႈလည္ပင္းညႇစ္တာ ခဏခဏခံရမွာ..ခိြ!
......

[Unicode]

<ဘာလို့ 2333လဲ!?>

ဘာလို့ သောက်2333ပဲလဲ!? နဉ်ရှု ဒီ2333ဆိုတဲ့ နံပါတ်ကြီးကို လုံးဝမကြိုက်ပါ။ သူမထင်ခဲ့တာက သူမရဲ့အစမ်းတာဝန်ထမ်းဆောင်တဲ့ကာလပြီးသွားရင် ဒီ2333ဆိုတဲ့နံပါတ်ကြီးကို ဖြုတ်နိုင်ပြီလို့ပေါ့။ ဒါပေမယ့် အခုတော့ သူ့ကိုယ်သူ 2333လို့ခေါ်တဲ့ Systemက ပြန်ရောက်လာတယ်! သူမ သွေးအန်ချင်လာမိသည်။

"ချစ်လှစွာသောကစားသူ...အခုကစပြီး System 2333က သင့်ရဲ့ကိုယ်ပိုင် Systemအဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ။ 2333က ကစားသူရဲ့စိတ်အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဂရုစိုက်ရပါမယ်။ ကစားသူမပျော်ရွှင်တဲ့အခါ Systemက ကစားသူကိုပျော်ရွှင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး ကစားသူပျော်ရွှင်နေတဲ့အခါ Systemက ကစားသူနဲ့အတူတူ ပါဝင်ပျော်ရွှင်ပေးမှာဖြစ်ပါတယ်။ ကစားသူရဲ့ တာဝန်ပြီးမြောက်အောင် Systemက တတ်နိုင်သမျှအားလုံးကူညီပေးမှာပါ။"

နဉ်ရှု : ...

သူမ ဘာလို့မကောင်းတဲ့ခံစားချက်ကြီးရနေတာလဲ? ဒီကြောင်တောင်တောင်Systemနဲ့စာရင် ဟိုအေးတိအေးစက်Systemကို ပိုသဘောကျသလို သူမခံစားလိုက်ရ၏။

နဉ်ရှု နဖူးကုတ်ကာ ပြောလိုက်သည်။

"ဒါက...အာ...2333"

"တစ်ခုခုလိုအပ်ပါသလား ကစားသူ?"

2333က သူဌေးကိုမျက်နှာလိုမျက်နှာရလုပ်ဖို့ အလုပ်ကြိုးစားပြနေတဲ့ဝန်ထမ်းလေးလိုပင် လျင်မြန်စွာမေးလာလေ၏။

"နင် ဘာလို့ ငါ့ကို အခြေအနေကိုအရင်မရှင်းပြရတာလဲ?"

နဉ်ရှု ပြောလိုက်သည်။

"ဘာအခြေအနေပါလဲ?"

2333ကမေး၏။

"ငါက အခုတရားဝင်ကစားသူဖြစ်နေပြီလေ။ ဒီတော့ ငါ တစ်ခြားကစားသူတွေအကြောင်းသိချင်တယ်။"

နဉ်ရှု သူမဒေါသတွေကို ချုပ်တည်းထားလိုက်သည်။ သူမ ရမှတ်တစ်သောင်းကျော်သုံးလိုက်ရပြီး ပြန်ရလာတာက ဒီလိုဟာကြီးတဲ့လား? အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။

2333က နဉ်ရှု အတော်လေးမပျော်မရွှင်ဖြစ်နေတာကိုခံစားမိသွားပုံရပြီး အလျင်အမြန်ပြောလာလေ၏။

"လောလောဆယ်တော့ ကစားသူမှာ တစ်ခြားကစားသူတွေအကြောင်းသိနိုင်ဖို့ အတွက် အထူးအခွင့်အရေးမရှိသေးပါဘူး။"

"အဲ့ဒါဆို ငါ ဘာမေးလို့ရလဲ?"

နဉ်ရှု မျက်လုံးများမှေးကျဉ်းကာ မေးလိုက်သည်။

"ကစားသူအနေနဲ့ ကစားသူရဲ့တာဝန်နဲ့ Systemရဲ့ ဇစ်မြစ်ကိုမေးလို့ရပါတယ်။"

2333ကပြောသည်။

"ကစားသူတွေရဲ့ဝိဥာဉ်တွေက သာမန်လူတွေရဲ့ဝိဥာဉ်ထက်ပိုပြီးသန်မာလို့ ရွေးချယ်ခံထားရတာပါ။ ဒါမှသာ သူတို့က တစ်ခြားကမ္ဘာကိုခရီးသွားခြင်းကြောင့်ဖြစ်လာတဲ့ ဝိဥာဉ်ထိခိုက်မှုတွေကို ခံနိုင်မှာပါ။ ဘဝမှာ အတော်လေးပြင်းထန်တဲ့နာကျည်းချက်တွေရှိတဲ့လူတွေရှိပြီး သူတို့က သူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက် သူတို့ရဲ့ဝိဥာဉ် ဒါမှမဟုတ် သူတို့အတွက် အရေးကြီးတဲ့အရာကို ပေးအပ်ကြသူတွေရှိပါတယ်။ ကစားသူတွေရဲ့အလုပ်ကတော့ သူတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ပါ။"

"ကစားသူတွေရဲ့တာဝန်က အေုခအနေတည်ရှိမှုတွေကို ပြု ပြင်ပြောင်းလဲပေးရတာပါ။ သူတို့က ကမ္ဘာတွေကိုလျှောက်သွားပြီး ပြု ပြင်ပေးနေကြသူတွေဖြစ်ပါတယ်။"

2333ကပြော၏။

နဉ်ရှု ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ငါသိပြီ။"

"ဟုတ်သားပဲ။ ဝိဥာဉ်ကိုပိုသန်မာလာအောင်လုပ်လို့ရမယ့်ကျင့်ကြံခြင်းနည်းလမ်းတွေရှိတယ်မလား? ငါ့ဝိဥာဉ်က အခုထိအားနည်းနေသေးသလို ခံစားနေရတယ်။"

သူမဝိဥာဉ်ကို တတ်နိုင်သမျှသန်မာလာအောင်လုပ်တာက အကောင်းဆုံးပင်။

"ရှိပါတယ်။ ဒါပေမယ့် ကစားသူမှာရမှတ်တွေမရှိတော့တဲ့အတွက် တစ်ခုမှလဲလှယ်လို့မရပါဘူး။"

2333က ပြန်ဖြေ၏။

ချီးပဲ! သူမ 2333ကို ရမှတ်တွေပြန်ထွက်မလာမချင်း လည်ပင်းညှစ်ပစ်လိုက်ချင်မိ၏။ ဒီSystemက ဘာမှအသုံးမကျဘူးလို့ သူမခံစားနေရပေသည်။

"အဲ့လိုကိုး။ စကားမစပ် နင်က ဘယ်လိုပုံစံမျိုးလဲ?  ထွက်လာစမ်းပါ။ ငါတစ်ချက်လောက်ကြည့်ပါရစေ။"

နဉ်ရှုက ပြောလေသည်။

"ငါ့မှာ ရုပ်ခန္ဓာမရှိဘူးလို့ပြောရတာ ဝမ်းနည်းပါတယ် ကစားသူ။ ငါက ဒီspaceရဲ့ ထိန်းချုပ်ခြင်းဗဟိုပါ။"

2333က ပြန်ဖြေသည်။

Fuck! ပြီးတော့ သူမ ဒီSystemကို သူမဒေါသတွေပြေသွားတဲ့အထိ ရိုက်ပစ်ချင်မိသည်။

"oh...မမေ့ခင်ပြောရဦးမယ်။ မင်းက တရားဝင်ကစားသူဖြစ်လာပြီဆိုတော့ မင်းရဲ့တာဝန်တွေကိုကိုင်တွယ်ဖြေရှင်းတဲ့ပုံစံကိုဆုံးဖြတ်ပေးမယ့် အထူးတာဝန်တစ်ခု လက်ခံရလိမ့်မယ်။ ပြီးရင်တော့ မင်းရဲ့ပုံစံနဲ့ကိုက်ညီတဲ့တာဝန်တွေကိုပေးနိုင်ဖို့ ငါအကောင်းဆုံးလုပ်မှာပါ။"

2333ကပြောသည်။

"ကောင်းပြီ။"

နဉ်ရှုက ပြောလိုက်သည်။

"အထူးတာဝန်ကို အခုပြီးအောင်လုပ်ဖို့လိုလား?"

"အလျင်မလိုပါဘူး။ ကစားသူက အလုပ်အပ်နှံသူကို အရင်တွေ့ဖို့လိုတယ်။"

2333က သူမကို 'ကစားသူ'လို့ခေါ်နေတာကြီးက ကသိကအောက်ဖြစ်တယ်လို့နဉ်ရှုထင်လိုက်သဖြင့် သူမပြောလိုက်သည်။

"နင်ငါ့ကို နာမည်ပဲခေါ်လို့မရဘူးလား?"

"ကောင်းပါပြီ...နဉ်ရှု။"

2333က ပျော်ရွှင်စွာပြန်ပြောသည်။ ပြီးနောက် 2333က မေးပြန်သည်။

"မင်း အလုပ်အပ်နှံသူကို အခုချက်ချင်းတွေ့ချင်လား?"

"အင်း။"

နဉ်ရှု ပြောပြီးပြီးချင်းမှာပဲ ပုံရိပ်တစ်ခုက spaceထဲမှာ ဖြည်းညင်းစွာပေါ်လာလေ၏။ ထိုပုံရိပ်က အတော်လေးမှိန်ဖျော့နေပြီး နဉ်ရှုလိုဝိဥာဉ်တစ်ခုပင်။
.....

[NOTE]

တစ်ခြားကမ္ဘာကိုခရီးသွားခြင်းဆိုတဲ့နေရာမှာသုံးတာက interdimensional travel။ တို့ရှာကြည့်တာတော့ သူက time travelနဲ့ဆင်ပေမယ့် parallel worldလိုကမ္ဘာတွေ၊ သိပ္ပံပညာနဲ့ရှင်းပြလို့မရနိုင်တဲ့ကမ္ဘာမျိုးတွေဆီ အတိတ်ကိုဖြစ်စေ၊ အနာဂတ်ကိုဖြစ်စေ ခရီးသွားတာမျိုးပါတဲ့။ ဆိုလိုတာက နဉ်ရှုအခုတာဝန်ထမ်းဆောင်နေရတာတွေက real worldတွေမဟုတ်ဘူးပေါ့။

2333လည်း အကောင်အထည်မရှိလို့သာပဲ။ ရှိရင် နဉ်ရှုလည်ပင်းညှစ်တာ ခဏခဏခံရမှာ..ခွိ!
......





Continue Reading

You'll Also Like

77.1K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
149K 10.5K 199
LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ် Description ကျန်းရှောင်မန်တစ်ယောက် သူမအသက်သုံးနှစ်အရွယ်တွင် စနစ် တစ်ခုဖြင့်...
103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...