Uni
လေရူးတွေတသုန်သုန်တိုက်ကာ စပါးခင်းဝါဝါတွေကိုမြင်ရတဲ့ နွေရာသီမနက်ခင်းကနေ မိုးတွေတဖွဲဖွဲကျဆင်းပြီး စိမ်းစိုနေတဲ့စပါးခင်းစိမ်းစိမ်းတွေကိုမြင်ရတဲ့ မနက်ခင်းက ပိုပြီးလှလေသလား။ ဘယ်လိုပဲလှနေပါစေ Chan အတွက်ကတော့ မိုးဖွဲတွေကျနေတဲ့အေးစိမ့်စိမ့်မနက်ခင်းမှာ ချစ်ရတဲ့သူကိုရင်ခွင်ထဲထည့်ပြီး နိုးထရတာက ရှူမငြီးတဲ့ပန်းချီကားတစ်ချပ်လို ။ Chan တစ်ယောက် သူ့ရဲ့ပေါက်စကိုကြည့်နေပြီး စားပွဲပေါ်က နာရီကိုတောင်မကြည့်မိ။
Chan ကြည့်နေတုန်းပါပဲ KS က chan ရဲ့ရင်ခွင်ထဲကနေ လှုပ်ရွကာနိုးလာလေသည်။
" အင်း.......ကိုကို "
" နိုးပြီလား ပေါက်စ "
" ဟင့်အင်း အိပ်အုံးမှာ "
" အွင်းအွင်း ဆက်အိပ် ကလေး "
" omm ဒါနဲ့ကိုကို ကျောင်းမသွားဘူးလား ဒီနေ့နေ့နေ့.........."
KS စကားတောင်မဆုံးလိုက်
" ဟာ သွားပြီး ကျောင်း ကျောင်း ဟုတ်တယ်ကျောင်းသွားရမှာ "
Chan KS ပြောမှ နာရီကိုအပြေးအလွှားကြည့်မိတော့ 8 နာရီထိုးပြီးနေပြီ။
" ဟာ သေပြီ "
" ဒုတ် "
" အ့ ကိုကို "
ရင်ခွင်ထဲထည့်ထားတဲ့ KS ကိုခုတင်ပေါ်သေချာတော့ချပေးလိုက်တာ လက်ကအရှိန်လွန်ပြီး ကုတင်စောင်းနဲ့ KS ခေါင်းမိတ်ဆက်သွားလေသည်။
" ဟာကလေး sorry အုံဖွ မွ ကိုကိုနောက်ကျနေလို့ ပေါက်စ "
KS ခိုက်မိတဲ့နေရာကို အနမ်းတစ်ပွင့်ပေးကာ အိမ်အောက်ကိုပြေးဆင်းသွားလေသည်။
KS " အင်းပါ ကိုကိုရယ် "ဟုသာပြောရင်းအောက်ထပ်ကို မျက်နှာသစ်ဖို့ပြေးဆင်းသွားတဲ့ Chan ကိုကြည့်ပြီး KS ခေါင်းရမ်းကာပြုံးမိသည်။ KS ဆက်မအိပ်တော့ဘဲ Chan အတွက် အဝတ်အစားထုတ်ပေးလိုက်သည်။ ထုတ်ထားတဲ့အင်္ကျီနဲ့ပုဆိုးကို အိပ်ရာပေါ်တင်ဖို့ရွယ်တုန်း ရောက်ချလာကာ လက်ထဲကအင်္ကျီတွေ ဆွဲယူကာဝတ်တော့သည်။ ဘယ်လိုတောင်ပျာယာ ခတ်လဲ မခတ်လဲ ဝတ်ထားတဲ့အင်္ကျီက ကော်လံက ထောင်မတ်နေသည်။ ကြယ်သီပေါက်ကိုလည်း မှားတက်လို့တက်နဲ့ KS ဝတ်ပေးမှအဆင်ပြေသွားသည်။ KS လုပ်ပေးနဲ့တဲ့ပုံက ယောင်္ကျားအလုပ်သွားဖို့ မိန်းမက ပြင်ပေးနေတဲ့ပုံ။ Chan ခမျာ သိပေမဲ့ မroနိုင်အား ။ ဒီနေ့ကျောင်းမှာ အလယ်တန်းကျောင်းအဖြစ်ကနေ အထက်တန်း ကျောင်းဖြစ်အောင် ဆွေးနွေးရမဲ့ကိစ္စအကြီးကြီးရှိနေသည်။ KS ကလည်းသိနေတာကြောင့် ခြေထောက်ကဒဏ်ရာနဲ့တောင်ကူပေးနေခြင်း။ ရွာက ကလေးတွေရဲ့အနာဂတ်တစ်ခုပေပဲမဟုတ်လား။ အရေးမကြီးပါက ကျောင်းမသွားပဲ ရိုနေမှာ ဟု Chan စိတ်ထဲကနေ တွေးနေကာ KS ရဲ့မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီကို နမ်းကာ
" ဂရုစိုက်အုံးနော်ပေါက်စ အိမ်အောက်လည်းမဆင်းနဲ့ နေ့လယ်စာရော မနက်စာရောစားနော် ဆေးလည်းသောက် ဆေးအရမ်းမခါးဘူးသိလား ပျင်းရင် ChenBaek နှစ်ကောင်နဲ့ Lulu ရှိတာပဲ ဟိုကောင် Sehun နဲ့ Kai ပါ လွှတ်ထားပေးမယ်နော် အရမ်းမဆော့နဲ့နော် ကိုယ်မအားလို့သာသွားရမှာ စိတ်ချမယ်နော် ကိုယ်ဆွေးနွေးလို့ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ် ပြီးတော့.. "
" ကဲပါ ကိုကိုရယ် သွားပါတော့ မေမေတို့လည်းရှိတာကို ဘာတွေစိတ်ပူနေတာလဲ ကျွန်တော်အဆင်ပြေပါတယ် သွားတော့နော် "
" ကိုကို စိတ်ချ...."
" ကဲ အခုမသွားရင် မသွားနဲ့တော့ ချွတ်အင်္ကျီ "
တကယ်လုပ်တော့မဲ့ပုံပေါ်မှတော့ပဲ
" okok ကိုကိုသွားပြီ တာ့တာ့ စောစောပြန်ခဲ့မယ် "
" အွင်းပါ Bye Bye "
" မွ "
" ဟာ ကိုကို "
" မမြင်ဘူးနော် ငါတို့ဘာမှမမြင်ဘူး "
" ငါတို့ကောင်ကြီးကတော့ ဆေးမနိုင်တော့ဘူး ပေါက်စဆေး မိနေပြီ "
" မမြင်ဘူး ကြည့်ပြီးသွားပြီ ဟုတ်လား လာထိုင်ကြ "
Chan ကသွားခါနီး KS နှုတ်ခမ်းကိုလှမ်းနမ်းလိုက်တာကို အိမ်ပေါ်တက်လာတဲ့ Baek တို့ငလှမ်းမြင်လိုက်တာ ကြောင့် မမြင်ဘူးပြောပြီး လက်ချောင်း ကြားကနေကြည့်ကာစနေကြသည်။ အကို Jongin နဲ့ Sehun တို့ကလည်း ကိုကို့အတွက် ထမင်းချိုင့်လှမ်းပေးကာ ဝိုင်းစနေကြသည်။ Chan ကတော့ ပြုံးဖြီးဖြီနဲ့ ဝိုင်းထဲက စက်ဘီးကိုယူနင်းကာ ကျောင်းသွားတော့သည်။
ထမင်းချိုင့်က မနက်က ကိုကိုအမေနဲ့အဖေ အစောကြီးပြန်ပြီးပြင်ပေးလိုက်တာနေမှာ။ Baek တို့လက်ထဲမှာလည်း ဆန်ပြုတ်ချိုင့်ပါလာသည်။
" မင်းမျက်နှာရောသစ်ပြီးပြီလား "
Chen က Baek ယူလာတဲ့ ဆန်ပြုတ်ကို ပန်းကန်လုံးထဲပြောင်းထည့်ရင်းမေးသည်။
" ဟင့်အင်း ငါအခုမှထတာလေ ထပ်အိပ်မလို့ပါဆို ကိုကို့ကြောင့် ပြန်မအိပ်လိုက်ရဘူး "
KS မျက်နှာမသစ်ရသေးဘူးလို့လည်းပြောရော Baek က အိမ်အောက်ကနေရေသွားယူလာသည်။ KS Baek ယူလာတဲ့ ရေနဲ့ Lu ယူလာတဲ့ရေနွေးကိုဆက်ကာ အဝတ်လဲခန်းထဲသွားပြီးပြတင်းပေါက်ကနေ မျက်နှာသစ် သွားတိုက်လုပ်လိုက်ရသည်။ မျက်နှာသစ်ဆေးနဲ့သွားတိုက်တံ/ဆေး ကို အကိုဂျုံအင်နဲ့အကိုsehun ကယူလာပေးသည်။ KS တစ်ယောက် သူတို့အကုန်လုံးကြောင့် လူမမာတစ်ယောက်လုံးဖြစ်လို့။
KS မျက်နှာသစ်ပြီးထွက်လာတော့
စားဖို့ရော ဆေးသောက်ဖို့ပါအဆင်သင့် ။
" လမ်းလျှောက်ရတာ အဆင်ပြေလား "
Lu က ဖြေးဖြေးချင်းလျှောက်နေရတဲ့ KS ခြေထောက်ကြည့်ကာ မေးလာသည်။
" omm နဲနဲ ။ ကူတွဲစရာတော့မလိုပါဘူး ။ ငါလျှောက်နိုင်သေးတယ်လေ "
KS ပြင်ပေးထားတဲ့ ဆန်ပြုတ်ကိုသောက်ရင်းပြန်ဖြေသည်။ KS ဆန်ပြုတ်သောက်နေတဲ့အချိန်လေးကိုပဲ Kai နဲ့ Baek က နှစ်ယောက်ထဲ ကမ္ဘာတည်နေသလို Sehun နဲ့ luhan သည်လည်း gravity အပြင်ဖက်ကိုရောက်နေတဲ့အတိုင်း ။ KS နဲ့ Chen သည်လည်း မနေ့ကအကြောင်းစမြုပ်ပြန်နေသည်။
" မနေ့ကဆို မင်းသာမတားရင် အဲ့မိန်းမငါ့လက်သီးစာမိပြီ "
ဘယ်လိုကနေရောက်သွားမှန်းမသိတဲ့ မနေ့ကကြောင်းကို Chen က ဒေါသတကြီးဆိုလာသည်။
" အေး အဲ့တုန်းက ငါမင်းကို မတားခဲ့သင့်တာ ငါ့အင်္ကျီကို သူလွှတ်ပစ်ပြီးပေးတော့ ဒေါသကထောင်းခနဲ ဒါပေမဲ့ကွာ သူရဲ့ပန်းတိုင်က ကိုကိုနဲ့ငါ့ဒေါသလေ ။ ငါသူ့ကိုဘာပြန်လုပ်ရမလဲတွေးနေရင်း မိုးချုပ်နေရင် ကိုကို လိုက်လာမှာလို့တွေးမိတော့ သူ့ကိုလက်စားချေဖို့အစီအစဥ်ကခေါင်းထဲပေါ်လာရော။ အမဂျီယွန်းငါ့ကိုရိုက်တာ လက်ဝါးရာက သိပ်မှမထင်တာ မိုးရေတွေကြောင့် အကုန်လုံးက အဲ့အမငါ့ကိုရိုက်မိတယ် ထင်သွားတာ မရိုက်မိတာတော့မဟုတ်ဘူးကွာ အဖျားခတ်ပြီးရိုက်မိသွားတာ အရာတောင်မထင်ဘူး ။ အမဂျီယွန်းငါ့ကိုအင်္ကျီပစ်ပေးတော့ သူမနှုတ်ခမ်းနီဘူးပါ ပါလာပြီး ငါ့ကိုလာမှန်တယ်လေ ။ အဲ့တာနဲ့သူတို့လည်းထွက်သွားရော Baek ကိုငါ့ပါးကိုရိုက်ခိုင်းလိုက်သေးတာ ပြီးတော့ ငါလည်းငါ့ကိုယ်ငါပြန်ရိုက်လိုက်သေးတယ် ဟားဟား အဲ့တာတင်မဟုတ်ဘူး ph ကိုကြည့်ပြီး နှုတ်ခမ်းနီတွေနဲ့ပါးကိုခြယ်လိုက်သေးတာ ဟားဟား သူလည်းငါ့မျက်နှာကိုလည်းမြင်ရော လန့်သွားတာမြင်လား ငါရယ်ချင်တာဆိုတာ ။
တကယ်က ကိုကိုက ငါ့ကိုသူ့ထက်ပိုပြီး ဂရုစိုက်အောင်လုပ်လိုက်မိတာ အိမ်ပြန်ရောက်တော့ ဖြတ်လို့တောင်မရဘူး မေမေတို့ဆိုတာလေ ငါ့ကိုစိတ်မချဘူးဆိုပြီး ငါ့နားဘဲနေနေတာ ကိုကိုနဲ့အမေတို့ပြန်လွှတ်မှုပန်တော့တယ် ငါ့မှာလေ လိမ်ရတာ စိတ်တောင်မကောင်းဘူး ။ ညက သူများကိုလိမ်လို့လားမသိဘူး မနက်ကျ ခြေဖဝါးတွေ လမ်းတောင်ဖြေးဖြေးလျှောက်နေရတယ် ဟား ဟား "
KS ညကအကြောင်းပြန်ပြောရင်းရယ်နေမိသည်။ အမဂျီယွန်းကို လန့်အောင်လုပ်နိုင်လိုက်တာရော ကိုကို ကအမဂျီယွန်းကိုလှည့်တောင်မကြည့်တာကို ကိုကို့ရင်ခွင်ထဲကနေ လှမ်းပြောလိုက်ရတာကိုတွေးပြီး မျက်နှာကဖုံးမရဖိမရရီနေသည်။ Baek သည်လည်း Kai နဲ့စကားပြောနေရင်း KS ပြောတာလည်းကြားရော ထရီတော့သည်။
" အဲ့တာကြောင့် ငါတွေးနေတာ မင်းမျက်နှာက ငါနဲ့ရှိတုန်းက အကောင်းပါလို့ "
Chen KS မျက်နှာကို ညကတွေ့ပေမဲ့ ဒေါသထွက်နေတာကြောင့် အာရုံမရဘဲပြန်သွားတာကြောင့် မနက်မှသိခြင်း။
Baek တစ်ယောက်ကတော့ ညကတည်းက Kai ကိုခေါ်ကာ အိမ်ပြန်တော့ လမ်းတစ်လျှောက်လုံးရယ်သွားတာ အိမ်ရောက်တဲ့အထိ။ Kai မေးတော့လည်းမဖြေ Kai မှာ ညတုန်းကဆို တော်တော်ကသိ ကအောက် နိုင်ခဲ့ရသည်။ သူဘာမေးမေး Baek က အသေအလဲရီနေတာလေ။ ဘာလို့ဆို KS မျက်နှာကိုခြယ်တုန်းက သူပါဝင်ဆွဲသည်လေ။ မျက်နှာတင်မဟုတ် ခြေထောက်က ခြေသလုံးတွေ ခြေဖမိုးတွေမှာပါ သွေးထွက်နေတဲ့ပုံ ပုံအောင်ဆွဲထားသေးသည်။ သူတို့နှစ်ယောက် ဓမ္မာရုံတင်မဝင်ခင်က ဒေါသနဲ့ဆိုတော့ မရယ်မိသေး။ အမဂျီယွန်းကို Chan ကဆေးလိမ်းပေးတုန်းကထိ နှစ်ယောက်သားမျက်နှာက အဆင်ပြေနေတုန်း ဒါပေမဲ့ အမဂျီယွန်း KS ကိုမြင်ပြီး ဖြစ်သွားတာကိုလည်းမြင်ရော နှစ်ယောက်စလုံးရီချင်လာသည်။ ဟန်ဆောင်ထိန်းနေရင် Chan က KS မြင်ပြီးပြေးဖက်တော့ ပိုဆိုးသည်။ နောက်တော့ KS မျက်နှာကိုမြင်ပြီး ဘယ်သူလုပ်တာလဲ ဘာဖြစ်လာတာလဲလို့မေးလာတော့ မျက်နှာကပြုံးချင်လာသည်။ အဲ့အချိန် အမဂျီယွန်း မျက်နှာကို နှစ်ယောက်သား ခိုးကြည့်မိတော့ ပြိုတော့မဲ့မိုးလိုဖြစ်နေတာကြောင် Baek က Chen ကိုမေးဟုသောစကားသံနှင့်အတူ Kai လက်ကိုဆွဲကာ ပြေးထွက်ခဲ့ပြီး လမ်းတစ်လျှောက်လုံးအော်ရယ်တော့သည်။ KS သည်လည်း ရယ်ချင်စိတ်ကိုတင်းထားသော်လည်း မရ။ Chan သူ့ကိုပွေ့သွားတဲ့တစ်လျှောက်လုံး Chan အင်္ကျီနဲ့ကွယ်ကာ ရီရင်းအိပ်ပျော်သွားသည်။
မနေ့ညက အကြောင်းပြန်ပြောရင်း KS နဲ့ Baek ရီလိုက်တာဆိုတာ တော်တော်နဲ့အရှိန်မသတ်နိုင်။
Kai Sehun Lu ကတော့ KS နဲ့ Baek ပြောတာနားထောင်ပြီး သနားရမှာလား ဝိုင်းပဲရီပေးရမလား သူတို့နှစ်ယောက်ကိုပဲ အပြစ်တင်ရမလား တော်တယ်လို့ပြောရမလား လမ်းပျောက်ကုန်သည်။ Chen ကတော့ငါထင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ရောရီနေသည်။ Chan နဲ့ မေမေတွေ ဖေဖေတွေသာသိရင် ညကတစ်ညလုံး ဖျားမှာဆိုးလို့သေချာတောင်မအိပ်ဘဲစောင့်ပေးနေရတာဆိုပြီး KS တို့အရိုက်ခံရကိန်းမြင်သည်။
" အခုမင်းခြေထောက်နာနေတာမဟုတ်ဘူးလား "
ဟု အကို sehun က သနားသံဖြင့်မေးလာလျှင်
" ဟား အကိုကတော့ KS ထောင်ချောက်ပဲမိနေတာ သူလားခြေထောက်ကနာမှာ။ နာလည်း အိမ်ထဲစီးဖိနပ်၂ရက်လောက်ပေးစီးလိုက် နာကိုမနာတော့တာ ပြီးတော့ အခုလမ်းမလျှောက်နိုင်တာက မနေ့ညက ဓမ္မာရုံအဝင်ပေါက်မှာ ခလုတ်တိုက်မိတာကနာနေတာ ခနနေပျော်သွားလိမ့်မယ် ။ "
Baek က အကြောင်းသိစွာဝင်ပြောသည်။
" သူကမိုးရေထိရင် ခြေထောက် ကိုက်တက်တယ် ခနကြာရင်ပျောက်သွားရေ ဆန်းမှမဆန်းတာ "
Chen ကလည်း ဝင်ပြောလာတော့ Kai နဲ့ Sehun KS ကိုလက်မြောက်အရှုံးပေးလိုက်ရသည်။ Lu ကတော့ Kai နဲ့ sehun တို့ရဲ့ reactionတွေ ကို ကြည့်ကာရီနေသည်။ Luကတော့ ငမွှေထိုးသုံးကောင်းအကြောင်းနောကျေနေစွာ ။ ဒါတောင် အမဂျီယွန်းကိုဘာလုပ်လိုက်သေးလဲဆိုတာ သူတို့သုံးယောက်အပြင် ဘယ်သူမှသိမှာမဟုတ်။ သူသိတဲ့ CBK သုံးယောက်က သူတို့ကိုလာထိရင် ငြိမ်ခံနေတက်တဲ့သူတွေမဟုတ် အဲ့တာက မိန်းကလေးဖြစ်နေရင်တောင်ပေါ့......
T.B.C.
Zawgyi
ေလ႐ူးေတြတသုန္သုန္တိုက္ကာ စပါးခင္းဝါဝါေတြကိုျမင္ရတဲ့ ေႏြရာသီမနက္ခင္းကေန မိုးေတြတဖြဲဖြဲက်ဆင္းၿပီး စိမ္းစိုေနတဲ့စပါးခင္းစိမ္းစိမ္းေတြကိုျမင္ရတဲ့ မနက္ခင္းက ပိုၿပီးလွေလသလား။ ဘယ္လိုပဲလွေနပါေစ Chan အတြက္ကေတာ့ မိုးဖြဲေတြက်ေနတဲ့ေအးစိမ့္စိမ့္မနက္ခင္းမွာ ခ်စ္ရတဲ့သူကိုရင္ခြင္ထဲထည့္ၿပီး နိုးထရတာက ရွူမၿငီးတဲ့ပန္းခ်ီကားတစ္ခ်ပ္လို ။ Chan တစ္ေယာက္ သူ႔ရဲ့ေပါက္စကိုၾကည့္ေနၿပီး စားပြဲေပၚက နာရီကိုေတာင္မၾကည့္မိ။
Chan ၾကည့္ေနတုန္းပါပဲ KS က chan ရဲ့ရင္ခြင္ထဲကေန လွုပ္ရြကာနိုးလာေလသည္။
" အင္း.......ကိုကို "
" နိုးၿပီလား ေပါက္စ "
" ဟင့္အင္း အိပ္အုံးမွာ "
" အြင္းအြင္း ဆက္အိပ္ ကေလး "
" omm ဒါနဲ႔ကိုကို ေက်ာင္းမသြားဘူးလား ဒီေန႔ေန႔ေန႔.........."
KS စကားေတာင္မဆုံးလိုက္
" ဟာ သြားၿပီး ေက်ာင္း ေက်ာင္း ဟုတ္တယ္ေက်ာင္းသြားရမွာ "
Chan KS ေျပာမွ နာရီကိုအေျပးအလႊားၾကည့္မိေတာ့ 8 နာရီထိုးၿပီးေနၿပီ။
" ဟာ ေသၿပီ "
" ဒုတ္ "
" အ့ ကိုကို "
ရင္ခြင္ထဲထည့္ထားတဲ့ KS ကိုခုတင္ေပၚေသခ်ာေတာ့ခ်ေပးလိုက္တာ လက္ကအရွိန္လြန္ၿပီး ကုတင္ေစာင္းနဲ႔ KS ေခါင္းမိတ္ဆက္သြားေလသည္။
" ဟာကေလး sorry အုံဖြ မြ ကိုကိုေနာက္က်ေနလို႔ ေပါက္စ "
KS ခိုက္မိတဲ့ေနရာကို အနမ္းတစ္ပြင့္ေပးကာ အိမ္ေအာက္ကိုေျပးဆင္းသြားေလသည္။
KS " အင္းပါ ကိုကိုရယ္ "ဟုသာေျပာရင္းေအာက္ထပ္ကို မ်က္ႏွာသစ္ဖို႔ေျပးဆင္းသြားတဲ့ Chan ကိုၾကည့္ၿပီး KS ေခါင္းရမ္းကာျပဳံးမိသည္။ KS ဆက္မအိပ္ေတာ့ဘဲ Chan အတြက္ အဝတ္အစားထုတ္ေပးလိုက္သည္။ ထုတ္ထားတဲ့အကၤ်ီနဲ႔ပုဆိုးကို အိပ္ရာေပၚတင္ဖို႔ရြယ္တုန္း ေရာက္ခ်လာကာ လက္ထဲကအကၤ်ီေတြ ဆြဲယူကာဝတ္ေတာ့သည္။ ဘယ္လိုေတာင္ပ်ာယာ ခတ္လဲ မခတ္လဲ ဝတ္ထားတဲ့အကၤ်ီက ေကာ္လံက ေထာင္မတ္ေနသည္။ ၾကယ္သီေပါက္ကိုလည္း မွားတက္လို႔တက္နဲ႔ KS ဝတ္ေပးမွအဆင္ေျပသြားသည္။ KS လုပ္ေပးနဲ႔တဲ့ပုံက ေယာကၤ်ားအလုပ္သြားဖို႔ မိန္းမက ျပင္ေပးေနတဲ့ပုံ။ Chan ခမ်ာ သိေပမဲ့ မroနိုင္အား ။ ဒီေန႔ေက်ာင္းမွာ အလယ္တန္းေက်ာင္းအျဖစ္ကေန အထက္တန္း ေက်ာင္းျဖစ္ေအာင္ ေဆြးေႏြးရမဲ့ကိစၥအႀကီးႀကီးရွိေနသည္။ KS ကလည္းသိေနတာေၾကာင့္ ေျခေထာက္ကဒဏ္ရာနဲ႔ေတာင္ကူေပးေနျခင္း။ ရြာက ကေလးေတြရဲ့အနာဂတ္တစ္ခုေပပဲမဟုတ္လား။ အေရးမႀကီးပါက ေက်ာင္းမသြားပဲ ရိုေနမွာ ဟု Chan စိတ္ထဲကေန ေတြးေနကာ KS ရဲ့မ်က္ႏွာအစိတ္ပိုင္းတစ္ခုခ်င္းစီကို နမ္းကာ
" ဂ႐ုစိုက္အုံးေနာ္ေပါက္စ အိမ္ေအာက္လည္းမဆင္းနဲ႔ ေန႔လယ္စာေရာ မနက္စာေရာစားေနာ္ ေဆးလည္းေသာက္ ေဆးအရမ္းမခါးဘူးသိလား ပ်င္းရင္ ChenBaek ႏွစ္ေကာင္နဲ႔ Lulu ရွိတာပဲ ဟိုေကာင္ Sehun နဲ႔ Kai ပါ လႊတ္ထားေပးမယ္ေနာ္ အရမ္းမေဆာ့နဲ႔ေနာ္ ကိုယ္မအားလို႔သာသြားရမွာ စိတ္ခ်မယ္ေနာ္ ကိုယ္ေဆြးေႏြးလို႔ၿပီးတာနဲ႔ ခ်က္ခ်င္းျပန္လာခဲ့မယ္ ၿပီးေတာ့.. "
" ကဲပါ ကိုကိုရယ္ သြားပါေတာ့ ေမေမတို႔လည္းရွိတာကို ဘာေတြစိတ္ပူေနတာလဲ ကၽြန္ေတာ္အဆင္ေျပပါတယ္ သြားေတာ့ေနာ္ "
" ကိုကို စိတ္ခ်...."
" ကဲ အခုမသြားရင္ မသြားနဲ႔ေတာ့ ခၽြတ္အကၤ်ီ "
တကယ္လုပ္ေတာ့မဲ့ပုံေပၚမွေတာ့ပဲ
" okok ကိုကိုသြားၿပီ တာ့တာ့ ေစာေစာျပန္ခဲ့မယ္ "
" အြင္းပါ Bye Bye "
" မြ "
" ဟာ ကိုကို "
" မျမင္ဘူးေနာ္ ငါတို႔ဘာမွမျမင္ဘူး "
" ငါတို႔ေကာင္ႀကီးကေတာ့ ေဆးမနိုင္ေတာ့ဘူး ေပါက္စေဆး မိေနၿပီ "
" မျမင္ဘူး ၾကည့္ၿပီးသြားၿပီ ဟုတ္လား လာထိုင္ၾက "
Chan ကသြားခါနီး KS ႏွုတ္ခမ္းကိုလွမ္းနမ္းလိုက္တာကို အိမ္ေပၚတက္လာတဲ့ Baek တို႔ငလွမ္းျမင္လိုက္တာ ေၾကာင့္ မျမင္ဘူးေျပာၿပီး လက္ေခ်ာင္း ၾကားကေနၾကည့္ကာစေနၾကသည္။ အကို Jongin နဲ႔ Sehun တို႔ကလည္း ကိုကို႔အတြက္ ထမင္းခ်ိဳင့္လွမ္းေပးကာ ဝိုင္းစေနၾကသည္။ Chan ကေတာ့ ျပဳံးၿဖီးၿဖီနဲ႔ ဝိုင္းထဲက စက္ဘီးကိုယူနင္းကာ ေက်ာင္းသြားေတာ့သည္။
ထမင္းခ်ိဳင့္က မနက္က ကိုကိုအေမနဲ႔အေဖ အေစာႀကီးျပန္ၿပီးျပင္ေပးလိုက္တာေနမွာ။ Baek တို႔လက္ထဲမွာလည္း ဆန္ျပဳတ္ခ်ိဳင့္ပါလာသည္။
" မင္းမ်က္ႏွာေရာသစ္ၿပီးၿပီလား "
Chen က Baek ယူလာတဲ့ ဆန္ျပဳတ္ကို ပန္းကန္လုံးထဲေျပာင္းထည့္ရင္းေမးသည္။
" ဟင့္အင္း ငါအခုမွထတာေလ ထပ္အိပ္မလို႔ပါဆို ကိုကို႔ေၾကာင့္ ျပန္မအိပ္လိုက္ရဘူး "
KS မ်က္ႏွာမသစ္ရေသးဘူးလို႔လည္းေျပာေရာ Baek က အိမ္ေအာက္ကေနေရသြားယူလာသည္။ KS Baek ယူလာတဲ့ ေရနဲ႔ Lu ယူလာတဲ့ေရေႏြးကိုဆက္ကာ အဝတ္လဲခန္းထဲသြားၿပီးျပတင္းေပါက္ကေန မ်က္ႏွာသစ္ သြားတိုက္လုပ္လိုက္ရသည္။ မ်က္ႏွာသစ္ေဆးနဲ႔သြားတိုက္တံ/ေဆး ကို အကိုဂ်ဳံအင္နဲ႔အကိုsehun ကယူလာေပးသည္။ KS တစ္ေယာက္ သူတို႔အကုန္လုံးေၾကာင့္ လူမမာတစ္ေယာက္လုံးျဖစ္လို႔။
KS မ်က္ႏွာသစ္ၿပီးထြက္လာေတာ့
စားဖို႔ေရာ ေဆးေသာက္ဖို႔ပါအဆင္သင့္ ။
" လမ္းေလၽွာက္ရတာ အဆင္ေျပလား "
Lu က ေျဖးေျဖးခ်င္းေလၽွာက္ေနရတဲ့ KS ေျခေထာက္ၾကည့္ကာ ေမးလာသည္။
" omm နဲနဲ ။ ကူတြဲစရာေတာ့မလိုပါဘူး ။ ငါေလၽွာက္နိုင္ေသးတယ္ေလ "
KS ျပင္ေပးထားတဲ့ ဆန္ျပဳတ္ကိုေသာက္ရင္းျပန္ေျဖသည္။ KS ဆန္ျပဳတ္ေသာက္ေနတဲ့အခ်ိန္ေလးကိုပဲ Kai နဲ႔ Baek က ႏွစ္ေယာက္ထဲ ကမၻာတည္ေနသလို Sehun နဲ႔ luhan သည္လည္း gravity အျပင္ဖက္ကိုေရာက္ေနတဲ့အတိုင္း ။ KS နဲ႔ Chen သည္လည္း မေန႔ကအေၾကာင္းစျမဳပ္ျပန္ေနသည္။
" မေန႔ကဆို မင္းသာမတားရင္ အဲ့မိန္းမငါ့လက္သီးစာမိၿပီ "
ဘယ္လိုကေနေရာက္သြားမွန္းမသိတဲ့ မေန႔ကေၾကာင္းကို Chen က ေဒါသတႀကီးဆိုလာသည္။
" ေအး အဲ့တုန္းက ငါမင္းကို မတားခဲ့သင့္တာ ငါ့အကၤ်ီကို သူလႊတ္ပစ္ၿပီးေပးေတာ့ ေဒါသကေထာင္းခနဲ ဒါေပမဲ့ကြာ သူရဲ့ပန္းတိုင္က ကိုကိုနဲ႔ငါ့ေဒါသေလ ။ ငါသူ႔ကိုဘာျပန္လုပ္ရမလဲေတြးေနရင္း မိုးခ်ဳပ္ေနရင္ ကိုကို လိုက္လာမွာလို႔ေတြးမိေတာ့ သူ႔ကိုလက္စားေခ်ဖို႔အစီအစဥ္ကေခါင္းထဲေပၚလာေရာ။ အမဂ်ီယြန္းငါ့ကိုရိုက္တာ လက္ဝါးရာက သိပ္မွမထင္တာ မိုးေရေတြေၾကာင့္ အကုန္လုံးက အဲ့အမငါ့ကိုရိုက္မိတယ္ ထင္သြားတာ မရိုက္မိတာေတာ့မဟုတ္ဘူးကြာ အဖ်ားခတ္ၿပီးရိုက္မိသြားတာ အရာေတာင္မထင္ဘူး ။ အမဂ်ီယြန္းငါ့ကိုအကၤ်ီပစ္ေပးေတာ့ သူမႏွုတ္ခမ္းနီဘူးပါ ပါလာၿပီး ငါ့ကိုလာမွန္တယ္ေလ ။ အဲ့တာနဲ႔သူတို႔လည္းထြက္သြားေရာ Baek ကိုငါ့ပါးကိုရိုက္ခိုင္းလိုက္ေသးတာ ၿပီးေတာ့ ငါလည္းငါ့ကိုယ္ငါျပန္ရိုက္လိုက္ေသးတယ္ ဟားဟား အဲ့တာတင္မဟုတ္ဘူး ph ကိုၾကည့္ၿပီး ႏွုတ္ခမ္းနီေတြနဲ႔ပါးကိုျခယ္လိုက္ေသးတာ ဟားဟား သူလည္းငါ့မ်က္ႏွာကိုလည္းျမင္ေရာ လန္႔သြားတာျမင္လား ငါရယ္ခ်င္တာဆိုတာ ။
တကယ္က ကိုကိုက ငါ့ကိုသူ႔ထက္ပိုၿပီး ဂ႐ုစိုက္ေအာင္လုပ္လိုက္မိတာ အိမ္ျပန္ေရာက္ေတာ့ ျဖတ္လို႔ေတာင္မရဘူး ေမေမတို႔ဆိုတာေလ ငါ့ကိုစိတ္မခ်ဘူးဆိုၿပီး ငါ့နားဘဲေနေနတာ ကိုကိုနဲ႔အေမတို႔ျပန္လႊတ္မွုပန္ေတာ့တယ္ ငါ့မွာေလ လိမ္ရတာ စိတ္ေတာင္မေကာင္းဘူး ။ ညက သူမ်ားကိုလိမ္လို႔လားမသိဘူး မနက္က် ေျခဖဝါးေတြ လမ္းေတာင္ေျဖးေျဖးေလၽွာက္ေနရတယ္ ဟား ဟား "
KS ညကအေၾကာင္းျပန္ေျပာရင္းရယ္ေနမိသည္။ အမဂ်ီယြန္းကို လန္႔ေအာင္လုပ္နိုင္လိုက္တာေရာ ကိုကို ကအမဂ်ီယြန္းကိုလွည့္ေတာင္မၾကည့္တာကို ကိုကို႔ရင္ခြင္ထဲကေန လွမ္းေျပာလိုက္ရတာကိုေတြးၿပီး မ်က္ႏွာကဖုံးမရဖိမရရီေနသည္။ Baek သည္လည္း Kai နဲ႔စကားေျပာေနရင္း KS ေျပာတာလည္းၾကားေရာ ထရီေတာ့သည္။
" အဲ့တာေၾကာင့္ ငါေတြးေနတာ မင္းမ်က္ႏွာက ငါနဲ႔ရွိတုန္းက အေကာင္းပါလို႔ "
Chen KS မ်က္ႏွာကို ညကေတြ႕ေပမဲ့ ေဒါသထြက္ေနတာေၾကာင့္ အာ႐ုံမရဘဲျပန္သြားတာေၾကာင့္ မနက္မွသိျခင္း။
Baek တစ္ေယာက္ကေတာ့ ညကတည္းက Kai ကိုေခၚကာ အိမ္ျပန္ေတာ့ လမ္းတစ္ေလၽွာက္လုံးရယ္သြားတာ အိမ္ေရာက္တဲ့အထိ။ Kai ေမးေတာ့လည္းမေျဖ Kai မွာ ညတုန္းကဆို ေတာ္ေတာ္ကသိ ကေအာက္ နိုင္ခဲ့ရသည္။ သူဘာေမးေမး Baek က အေသအလဲရီေနတာေလ။ ဘာလို႔ဆို KS မ်က္ႏွာကိုျခယ္တုန္းက သူပါဝင္ဆြဲသည္ေလ။ မ်က္ႏွာတင္မဟုတ္ ေျခေထာက္က ေျခသလုံးေတြ ေျခဖမိုးေတြမွာပါ ေသြးထြက္ေနတဲ့ပုံ ပုံေအာင္ဆြဲထားေသးသည္။ သူတို႔ႏွစ္ေယာက္ ဓမၼာ႐ုံတင္မဝင္ခင္က ေဒါသနဲ႔ဆိုေတာ့ မရယ္မိေသး။ အမဂ်ီယြန္းကို Chan ကေဆးလိမ္းေပးတုန္းကထိ ႏွစ္ေယာက္သားမ်က္ႏွာက အဆင္ေျပေနတုန္း ဒါေပမဲ့ အမဂ်ီယြန္း KS ကိုျမင္ၿပီး ျဖစ္သြားတာကိုလည္းျမင္ေရာ ႏွစ္ေယာက္စလုံးရီခ်င္လာသည္။ ဟန္ေဆာင္ထိန္းေနရင္ Chan က KS ျမင္ၿပီးေျပးဖက္ေတာ့ ပိုဆိုးသည္။ ေနာက္ေတာ့ KS မ်က္ႏွာကိုျမင္ၿပီး ဘယ္သူလုပ္တာလဲ ဘာျဖစ္လာတာလဲလို႔ေမးလာေတာ့ မ်က္ႏွာကျပဳံးခ်င္လာသည္။ အဲ့အခ်ိန္ အမဂ်ီယြန္း မ်က္ႏွာကို ႏွစ္ေယာက္သား ခိုးၾကည့္မိေတာ့ ၿပိဳေတာ့မဲ့မိုးလိုျဖစ္ေနတာေၾကာင္ Baek က Chen ကိုေမးဟုေသာစကားသံႏွင့္အတူ Kai လက္ကိုဆြဲကာ ေျပးထြက္ခဲ့ၿပီး လမ္းတစ္ေလၽွာက္လုံးေအာ္ရယ္ေတာ့သည္။ KS သည္လည္း ရယ္ခ်င္စိတ္ကိုတင္းထားေသာ္လည္း မရ။ Chan သူ႔ကိုေပြ႕သြားတဲ့တစ္ေလၽွာက္လုံး Chan အကၤ်ီနဲ႔ကြယ္ကာ ရီရင္းအိပ္ေပ်ာ္သြားသည္။
မေန႔ညက အေၾကာင္းျပန္ေျပာရင္း KS နဲ႔ Baek ရီလိုက္တာဆိုတာ ေတာ္ေတာ္နဲ႔အရွိန္မသတ္နိုင္။
Kai Sehun Lu ကေတာ့ KS နဲ႔ Baek ေျပာတာနားေထာင္ၿပီး သနားရမွာလား ဝိုင္းပဲရီေပးရမလား သူတို႔ႏွစ္ေယာက္ကိုပဲ အျပစ္တင္ရမလား ေတာ္တယ္လို႔ေျပာရမလား လမ္းေပ်ာက္ကုန္သည္။ Chen ကေတာ့ငါထင္ပါတယ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ေရာရီေနသည္။ Chan နဲ႔ ေမေမေတြ ေဖေဖေတြသာသိရင္ ညကတစ္ညလုံး ဖ်ားမွာဆိုးလို႔ေသခ်ာေတာင္မအိပ္ဘဲေစာင့္ေပးေနရတာဆိုၿပီး KS တို႔အရိုက္ခံရကိန္းျမင္သည္။
" အခုမင္းေျခေထာက္နာေနတာမဟုတ္ဘူးလား "
ဟု အကို sehun က သနားသံျဖင့္ေမးလာလၽွင္
" ဟား အကိုကေတာ့ KS ေထာင္ေခ်ာက္ပဲမိေနတာ သူလားေျခေထာက္ကနာမွာ။ နာလည္း အိမ္ထဲစီးဖိနပ္၂ရက္ေလာက္ေပးစီးလိုက္ နာကိုမနာေတာ့တာ ၿပီးေတာ့ အခုလမ္းမေလၽွာက္နိုင္တာက မေန႔ညက ဓမၼာ႐ုံအဝင္ေပါက္မွာ ခလုတ္တိုက္မိတာကနာေနတာ ခနေနေပ်ာ္သြားလိမ့္မယ္ ။ "
Baek က အေၾကာင္းသိစြာဝင္ေျပာသည္။
" သူကမိုးေရထိရင္ ေျခေထာက္ ကိုက္တက္တယ္ ခနၾကာရင္ေပ်ာက္သြားေရ ဆန္းမွမဆန္းတာ "
Chen ကလည္း ဝင္ေျပာလာေတာ့ Kai နဲ႔ Sehun KS ကိုလက္ေျမာက္အရွုံးေပးလိုက္ရသည္။ Lu ကေတာ့ Kai နဲ႔ sehun တို႔ရဲ့ reactionေတြ ကို ၾကည့္ကာရီေနသည္။ Luကေတာ့ ငေမႊထိုးသုံးေကာင္းအေၾကာင္းေနာေက်ေနစြာ ။ ဒါေတာင္ အမဂ်ီယြန္းကိုဘာလုပ္လိုက္ေသးလဲဆိုတာ သူတို႔သုံးေယာက္အျပင္ ဘယ္သူမွသိမွာမဟုတ္။ သူသိတဲ့ CBK သုံးေယာက္က သူတို႔ကိုလာထိရင္ ၿငိမ္ခံေနတက္တဲ့သူေတြမဟုတ္ အဲ့တာက မိန္းကေလးျဖစ္ေနရင္ေတာင္ေပါ့......
T.B.C.