Close to you(Completed)

By pan_do_ra

75.8K 8.3K 972

One step close to you. More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
New Fic

Chapter-7

3.4K 441 40
By pan_do_ra

Unicode

Section-1

presentationလုပ်ပြီး တစ်ပတ်အကြာမှာပဲ
Tradexနဲ့ Genius groupတို့ Libra JK Projectအတွက် တရားဝင်စာချုပ်ချုပ်ဖြစ်ခဲ့ကြသည်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို Mediaတွေမှာပါ ​ကြေညာတာကြောင့်
လူသိများတဲ့ ပူးပေါင်းလုပ်ကိုင်မှုတစ်ခုဖြစ်ခဲ့သည်။

စာချုပ်ချုပ်ပြီးနောက်ရက်မှာတော့ လုပ်ငန်းစတင်ဖို့အတွက် အစည်းအဝေးတစ်ခုကိုကျင်းပဖြစ်ခဲ့သည်။

"hyungတို့ဘက်က Designပိုင်းအတွက် အားလုံးပြင်ဆင်ပြီးနေပြီဆိုတော့ အခုကစပြီး detailပိုင်းကို ကျွန်တော်တို့ဘက်က supportလုပ်ပေးဖို့ စီစဥ်ထားတယ် hyung"

Libra  JK Hotel Projectအတွက် ယွန်ဂီတို့ သုံးယောက်အတူ Tradexရဲ့ ရုံးချုပ်ကိုလာခဲ့ကြပြီး ဂျောင်ဂုနဲ့အတူ အစည်းအဝေးမှာ Projectအတွက် အသေးစိတ် ဆွေးနွေးဖြစ်ခဲ့သည်။

"ဂျောင်ဂုတို့ စီစဥ်ထားတဲ့ planကို hyungတို့သိလို့ရမလား"

"ရပါတယ် hyung~အတွင်းရေးမှူးလီ ကျွန်တော်တို့ရဲ့ planကို အသေးစိတ်ရှင်းပြပေးပါ"

ဂျောင်ဂုရဲ့ အတွင်းရေးမှူးရှင်းပြပုံအရဆိုရင်
ယွန်ဂီတို့ ဆွဲထားတဲ့ Designကို လက်တွေ့ဆောက်လုပ်ဖို့ လိုအပ်တဲ့ Drawingတွေကို
Tradexဘက် Drafterတွေက ဆွဲပေးကြမှာ။

ဒီလို စီစဥ်ပေးတာဟာ ယွန်ဂီတို့အတွက် တကယ်ကို အဆင်ပြေစေတယ်~
Genius Groupမှာ Design ဆွဲတဲ့ Architectက သူတို့ သုံးယောက်ပဲရှိတာ...
Projectသေးရင် ကိစ္စမရှိပေမယ့် square meter 10000 ကျော်ကျယ်ဝန်းတဲ့ ဒီProjectအတွက်ဆိုရင်တော့ ဝန်ထမ်းအများကြီးလိုအပ်တယ်။

Projectစအပ်ကထဲက လူအင်အားကူညီပေးမယ်လို့ ဂျောင်ဂုက ကတိပေးတာကြောင့်
ယွန်ဂီအနေနဲ့ ဒီprojectကို လက်ခံဖြစ်ခဲ့တာ။

"hyungအမြင်တော့ planချထားတာအဆင်ပြေပါတယ်~ထယ်ယောင်းနဲ့ ဂျီမင်းရော ဘယ်လိုမြင်လဲ"

"စီစဥ်ပေးထားတာတော့ အဆင်ပြေပါတယ်~တစ်ခုပဲ ဂျောင်ဂုဘက်က Drafterတွေနဲ့ ကျွန်တော်တို့က ဘယ်လိုဆက်သွယ်ကြမလဲ"

ထယ်ယောင်းပြောတာ မှန်ပါသည်။ Designerက Drafterကို နေ့စဥ် guide lineပေးနေမှ အလုပ်က ပိုအဆင်ပြေနိုင်မှာ~

"အဲ့တာက စိတ်ပူစရာမလိုပါဘူး
ထယ်ယောင်းhyung~ကျွန်တော်တို့ဘက်က
hyungတို့ Genius Groupအတွက် ရုံးခန်း
စီစဥ်ပေးမှာပါ~"

ခပ်ပြုံးပြုံးပြောနေတဲ့ ဂျောင်ဂုကို ကြည့်ရင်း
ယွန်ဂီတွေးမိတာက ဒီကောင်လေး ဥာဏ်များပြီဆိုတာပင်~သူတွေးမိသလောက်ဆိုရင်
သူတို့အဖွဲ့ကို Tradexမှာ ရုံးခန်းလာဖွင့်ရအောင် လုပ်တော့မှာ....

"ဒါဆို hyungတို့က Tradexမှာ ရုံးတက်မှ အဆင်ပြေမယ်ထင်တယ်"

"ကျွန်တော်စီစဥ်ထားတာကတော့ အဲ့လိုပေါ့~hyungတို့ အဆင်မပြေတာရှိရင်လည်းပြောလို့ရပါတယ်"

ယွန်ဂီ့ အတွေးပင်မဆုံးလိုက်~ဂျောင်ဂုက သူ့သဘောထားကို ပြောပြတယ်~

"မင်းသဘောကရော ဘယ်လိုလဲ...ဂျီမင်း"

ဂျောင်ဂုစကားအဆုံးမှာ ထယ်ယောင်းက
ဂျီမင်းသဘောထားကို မေးတယ်။

"ငါကတော့အဆင်ပြေပါတယ်~ငါတို့သုံးယောက်ထဲအတွက်ဆို အခုလိုပဲ အိမ်မှာ အလုပ်လုပ်တာက အဆင်ပြေပေမယ့် Drafterတွေအတွက်ပါဆိုရင် ရုံးခန်းတစ်ခုလိုလာပြီလေ"

အကျိုးသင့်အကြောင်းသင့်ပြောနေတဲ့ ဂျီမင်းဟာလည်း ကန့်ကွက်မယ့်ပုံမရှိ။

"ဂျီမင်းရော ထယ်ယောင်းရော ဒီကိစ္စကို သဘောတူကြလား"

အရင်ထဲက ဘယ်ကိစ္စပဲဖြစ်ဖြစ်အတူ တိုင်ပင်ပြီးလုပ်ခဲ့တာကြောင့် အခုလည်း သုံးယောက်လုံးရဲ့ သဘောထားကို သိရဖို့လိုအပ်သည်။

"သဘောတူပါတယ် hyung"

"ကျွန်တော်လည်း သဘောတူပါတယ် hyung"

ဒီလိုနဲ့ပဲ သူတို့ သုံးယောက်လုံး Tradex Groupမှာ ရုံးတက်ဖြစ်ခဲ့ကြသည်။

Section-2

ပထမဆုံးတက်တဲ့နေ့မှာတော့ ဂျောင်ဂုက
သူတို့နဲ့ တွဲလုပ်ရမယ့် Drafterတွေနဲ့
မိတ်ဆက်ပေးခဲ့တယ်။

"ဒါက hyungတို့နဲ့တွဲလုပ်မယ့် Draftအဖွဲ့ခေါင်းဆောင်ပါ"

"ကျွန်မက မင်ဆိုယောင်းပါ~တွေ့ရတာ ဝမ်းသာပါတယ်"

ဂျီမင်းတို့နဲ့ အတူအလုပ်လုပ်မယ့် Draft Team ခေါင်းဆောင်ဟာ အသက်၂၇လောက်ရှိပြီး ထက်ထက်မြက်မြက်ရှိမယ့်ပုံရတယ်။ စကားပြောပုံကလည်း confidenceအပြည့်နဲ့ပင်~

"ကျွန်တော်တို့က Genius Design Groupက Architectတွေပါ~ကျွန်တော် မင်ယွန်ဂီပါ"

"ကျွန်တော် ကင်ထယ်ယောင်းပါ"

"ကျွန်တော်က ပတ်ဂျီမင်းပါ"

Tradex Group သူတို့အပေါ်ကို ဘယ်လောက်ထိ အလေးထားလဲဆိုတာ ပြင်ဆင်ပေးတဲ့ ရုံးခန်းကို ကြည့်ရင် သိနိုင်တယ်။

သူ၊ ထယ်ယောင်းနဲ့ ယွန်ဂီ hyungတို့အတွက်
private office roomတစ်ခုစီ စီစဥ်ပေးခဲ့တာ
ကြောင့် အတော်ကို အဆင်ပြေခဲ့တယ်။

ယွန်ဂီhyungရဲ့ private officeမှာ furnitureနဲ့ ကြမ်းခင်းကို သစ်သားအများစုသုံးထားပြီး အရောင်အားဖြင့် ခဲရောင်၊အဖြူရောင်တို့ကိုသာ သုံးထားတယ်။


ထယ်ယောင်းရဲ့ ရုံးခန်းကတော့ အညိုရင့်နဲ့ အဖြူရောင်ကိုမှ အဝါရောင် လေးတွေနဲ့ hight lightလုပ်ထားတယ်။

သူ့ရုံးခန်းကတော့ သစ်သားTextureကို
နံရံနဲ့ ကြမ်းခင်းမှာ အသုံးပြုထားတယ်။
ဂျီမင်းကတော့ သူ့အခန်းထဲမှာပါတဲ့ ကျောက်စရစ်ခင်းထားတဲ့ ဝရံတာသေးသေးလေးကို သဘောအကျဆုံးဖြစ်သည်။


ဘယ်လိုစိတ်ကူးနဲ့ သူတို့ရုံးခန်းတွေကို designလုပ်ပေးလဲမသိပေမယ့် အပြင်အဆင်ကိုတော့ သူတို့အားလုံးသဘောကျကြတယ်။

ကျန်တဲ့ Drafterတွေအတွက်ကိုလည်း ရုံးခန်းတစ်ခု ပြင်ဆင်ပေးခဲ့တဲ့ Tradexဟာ သူတို့အတွက်အတော်လေး စဥ်းစားပေးပုံရသည်။


ပထမဆုံး အလုပ်စတက်ကထဲက အလေးအနက်ထားဆက်ဆံပုံကြောင့် နောက်ပိုင်းကျရင်လည်း အလုပ်လုပ်ရတာ အဆင်ပြေမယ်လို့ ဂျီမင်းကတော့ ယူဆမိတယ်။

Section-3

ဒုတိယမြောက်ရုံးတက်ရက်မှာတော့ သူတို့မနက်၈နာရီလောက် အိမ်ကထွက်လာခဲ့ကြသည်။ Tradexရဲ့ ရုံးချုပ်ရှိရာ ခြံဝန်းဟာ တော်ပင် ကျယ်ဝန်းပြီး ချယ်ရီပင်တွေ၊
မေပယ်ပင်တွေ အများအပြားတွေ့ရတယ်။

အခုကဆောင်းတွင်းဆိုတော့ မကြာခင် ချယ်ရီတွေပွင့်ရင် ဒီမြင်ကွင်းဟာ အတော်လေးလှမှာလို့ ထယ်ယောင်းတွေးမိတယ်။

ချယ်ရီတွေ ပွင့်နေတဲ့ လမ်းမှာ
ယွန်ဂီhyungလက်ကိုတွဲ လျှောက်ချင်တဲ့ ဆန္ဒဟာ ဘယ်တော့များမှ ပြည့်မှာပါလိမ့်~

၈နာရီ ၄၅မိနစ်လောက်မှာတော့ ရုံးတက်တဲ့ ဝန်ထမ်းတွေကို မြင်ရတော့တယ်။ ဒီcompanyမှာ ဝန်ထမ်းအတော်များတာပဲ~

Tradexရဲ့ ပုံမှန်ရုံတက်ချိန်ဟာ မနက်၉နာရီဖြစ်ပေမယ့် ဝန်ထမ်းမဟုတ်တဲ့ သူတို့ကိုတော့
ရုံးချိန်အတိအကျ မသတ်မှတ်ထားခဲ့ပါ။

Architectတွေရဲ့ ထုံးစံအတိုင်း moodဝင်မှ အလုပ်လုပ်ရတာအဆင်ပြေတာကြောင့် အလုပ်ချိန်နဲ့ပတ်သက်ပြီး ဒီလိုသတ်မှတ်ပေးတာဟာ သူတို့အတွက် အဆင်ပြေတယ်။

ထယ်ယောင်းအမြင်အရဆိုရင် Tradex Groupဟာ သူတို့အပေါ် လိုတာထက်
ပိုကောင်းတယ်လို့ ထင်တယ်။ ပုံမှန်ဆိုရင် ဘယ် companyကမှ partner companyအတွက် ဒီလောက်ထိအသေးစိတ် စီစဥ်ပေးလေ့မရှိဘူး မဟုတ်လား~

Project Directorဖြစ်တဲ့ ဂျောင်ဂုကလည်း သူတို့အတွက်ကို အမြဲအလေးထားပေးနေတာကြောင့် တစ်ခါတစ်လေ ယွန်ဂီhyungကို စိတ်ဝင်စားနေတာလားလို့ ထယ်ယောင်းတွေးမိတယ်~မိဘချင်းလည်းရင်းနှီးတယ်လို့ ပြောထားဖူးတာကြောင့် ဂျောင်ဂုကို သူ့ပြိုင်ဘက်ဟုတ်မဟုတ် စောင့်ကြည့်ထားသင့်တယ် မဟုတ်လား.....

"နေ့လည်စာ သွားစားကြမယ်လေ hyung"

"ဂျီမင်းကို ဝင်ခေါ်ပြီး သွားကြမယ်လေ ~
ထယ်ယောင်း"

နေ့လည်စာကို Tradexရဲ့ Dining Areaမှာ
စီစဥ်ပေးထားတယ်လို့ပြောတာကြောင့် အပြင်ထွက်စားဖို့မလို။

"နေ့လည်စာသွားစားကြမယ်လေ ဂျီမင်း"

"သွားကြမယ်လေ ~ငါလည်းဗိုက်ဆာနေပြီ....ဒါလေးလက်စသတ်ပြီးရင် လာခေါ်တော့မလို့"

ဗိုက်ကလေးကို ပွတ်ရင်းပြောနေတဲ့ ဂျီမင်းကို ကြည့်ပြီး သူနဲ့ ယွန်ဂီhyungရယ်မိကြတယ်။

Dining Areaက အတော်ပင် ကျယ်ဝန်းပြီး
အရောင်အားဖြင့် အဖြူနဲ့အနက်ကို အဓိက အသုံးပြုထားသည်။ဝါးပင်တွေကို Indoor plant အဖြစ် စိုက်ထားတာပြီး သူသဘောအကျဆုံးကတော့ မျက်နှာကျက်Design~


"ကျွန်တော် ဒီမှာထိုင်လို့ရမလားဗျ"

နေ့လည်စာစားနေရာမှ သူတို့မော့ကြည့်မိတော့ ဂျောင်ဂု~ ဒီProject Directorဟာ
ဘာကြောင့်များ သူတို့ကို လိုတာထက်ပိုရင်းနှီးချင်နေတာပါလိမ့်~အခုလည်း
နေ့လည်စာအတူစားဦးမည်....ယွန်ဂီhyungနဲ့ အရင်ထဲက ရင်းနှီးတယ်ဆိုတာ သိကထဲက ထယ်ယောင်းကတော့ ဂျောင်ဂုနဲ့ သိပ်မရင်းနှီးချင်~အလုပ်သဘောအရ ရှောင်လွှဲလို့မရလို့သာ....

"ထိုင်လေ ဂျောင်ဂုရဲ့~​ခွင့်တောင်းစရာမလိုပါဘူး"

hyungဟာလေ ဘာကြောင့်များ ဂျောင်ဂုကို
ခင်နေမှန်းမပြောတတ်~အရင်ထဲက ရင်းနှီးနေတာမို့လို့နေမှာပါလေ..

"hyungတို့အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား"

"ပြေပါတယ်"

"အဆင်မပြေတာရှိရင် ပြောနော် hyung"

"အေးပါ"

ယွန်ဂီhyungနဲ့ ဂျောင်ဂုစကားပြောနေတာကို ဂျီမင်းကတော့ စိတ်ဝင်စားပုံမရ။ စကားတစ်ခွန်းမှမပြောဘဲ ထမင်းစားမပျက်တဲ့ ဂျီမင်းဟာ အတော်ဗိုက်ဆာနေပုံရတယ်။

"ဂျီမင်းhyungက စကားနည်းတယ်နော်"

ရုတ်တရက်ပြောလိုက်တဲ့ ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမျက်ခုံးပင့်လိုက်မိတယ်။

"မဟုတ်ပါဘူး ဂျောင်ဂုရဲ့~hyungဗိုက်ဆာနေလို့ပါ"

ပြုံးပြီးပြောတဲ့ ဂျီမင်းကို ဂျောင်ဂုက
ခပ်ပြုံးပြုံးနဲ့ကြည့်တယ်။

"ကျွန်တော့်ကို ရင်းရင်းနှီးနှီးဆက်ဆံပါ hyungရဲ့~"

မတရားတွေ ရင်းနှီးချင်နေတဲ့ ဂျောင်ဂုကို
ကြည့်ပြီး ထယ်ယောင်းတစ်ခုခုကို ရိပ်မိလာသလိုရှိသည်။ ဂျီမင်းကို ပြုံးပြီး ကြည့်နေပုံက ရိုးရိုးသားသားတော့ မဟုတ်~

"ဟုတ်ပါပြီ~ဂျောင်ဂုရယ်"

ဂျီမင်းကတော့ ခပ်အေးအေးတုံ့ပြန်တယ်။

"ဒါနဲ့ မနက်ဖြန်ညကျရင် hyungတို့အတွက် welcome partyရှိတယ်နော်~"

"ဟုတ်လား~"

ပွဲတက်ရတာမကြိုက်တဲ့ ယွန်ဂီhyungဟာ
သိပ်တော့သွားချင်ပုံမရ။

"မနက်ဖြန်ညနေ ၆နာရီလောက် ကျွန်တော်လာခေါ်မယ်လေ"

လုပ်လာပြန်ပြီ~ဒီProject Directorဟာ
အကြောင်းမျိုးစုံနဲ့ကို အတင်းပတ်သက်နေတော့တာ။

"အေး ကောင်းသားပဲ....လာခေါ်လိုက်လေ ~ဂျောင်ဂု"

ယွန်ဂီhyungဆီက လက်ခံတဲ့စကားကို ကြားရချိန်မှာ ဂျောင်ဂုကသဘောတကျပြုံးတယ်~
ထယ်ယောင်းတွေးမိတာက ဂျောင်ဂုဟာ ဘာကြောင့်များ သူတို့နဲ့ရင်းနှီးချင်ရတာလဲ...

ဂျောင်ဂု သူတို့အပေါ်ဆက်ဆံပုံကို ကြည့်ပြီး ပထမတစ်ချက်အနေနဲ့ ယွန်ဂီhyung​ကို စိတ်ဝင်စားနေတာကြောင့်လားလို့တွေးမိပေ
မယ့်~သူတို့ရင်းနှီးတာကြာပြီဆိုတော့
ဂျောင်ဂုသာစိတ်ဝင်စားရင် အစောကြီးကထဲက ကြိုးစားနိုင်တာပဲ.....

နောက်တစ်ချက် ဂျီမင်းကို စိတ်ဝင်စားနေတာလားဆိုတာက သိပ်တော့မသေချာပေမယ့် ဖြစ်နိုင်ခြေတော့ရှိတယ်....ဂျီမင်းကို ကြည့်နေတဲ့ ဂျောင်ဂုမျက်လုံးတွေက ရိုးရိုးသားသားမဟုတ်...

ထယ်ယောင်းအတွက်တော့ ဂျောင်ဂုရဲ့ လမ်းကြောင်းဟာ
ယွန်ဂီhyung​ဆီကိုလား....ဒါမှမဟုတ်
ဂျီမင်း​ဆီကိုလားဆိုတာ ကွဲကွဲပြားပြား
သိရအောင်လုပ်ထားသင့်တယ် မဟုတ်လား...

20.7.20(Monday)

to be continued.............

Zawgyi

Section-1

presentationလုပ္ၿပီး တစ္ပတ္အၾကာမွာပဲ
Tradexနဲ႕ Genius groupတို႔ Libra JK Projectအတြက္ တရားဝင္စာခ်ဳပ္ခ်ဳပ္ျဖစ္ခဲ့ၾကသည္။ သူတို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈကို Mediaေတြမွာပါ ​ေၾကညာတာေၾကာင့္
လူသိမ်ားတဲ့ ပူးေပါင္းလုပ္ကိုင္မႈတစ္ခုျဖစ္ခဲ့သည္။

စာခ်ဳပ္ခ်ဳပ္ၿပီးေနာက္ရက္မွာေတာ့ လုပ္ငန္းစတင္ဖို႔အတြက္ အစည္းအေဝးတစ္ခုကိုက်င္းပျဖစ္ခဲ့သည္။

"hyungတို႔ဘက္က Designပိုင္းအတြက္ အားလုံးျပင္ဆင္ၿပီးေနၿပီဆိုေတာ့ အခုကစၿပီး detailပိုင္းကို ကြၽန္ေတာ္တို႔ဘက္က supportလုပ္ေပးဖို႔ စီစဥ္ထားတယ္ hyung"

Libra  JK Hotel Projectအတြက္ ယြန္ဂီတို႔ သုံးေယာက္အတူ Tradexရဲ႕ ႐ုံးခ်ဳပ္ကိုလာခဲ့ၾကၿပီး ေဂ်ာင္ဂုနဲ႕အတူ အစည္းအေဝးမွာ Projectအတြက္ အေသးစိတ္ ေဆြးေႏြးျဖစ္ခဲ့သည္။

"ေဂ်ာင္ဂုတို႔ စီစဥ္ထားတဲ့ planကို hyungတို႔သိလို႔ရမလား"

"ရပါတယ္ hyung~အတြင္းေရးမႉးလီ ကြၽန္ေတာ္တို႔ရဲ႕ planကို အေသးစိတ္ရွင္းျပေပးပါ"

ေဂ်ာင္ဂုရဲ႕ အတြင္းေရးမႉးရွင္းျပပုံအရဆိုရင္
ယြန္ဂီတို႔ ဆြဲထားတဲ့ Designကို လက္ေတြ႕ေဆာက္လုပ္ဖို႔ လိုအပ္တဲ့ Drawingေတြကို
Tradexဘက္ Drafterေတြက ဆြဲေပးၾကမွာ။

ဒီလို စီစဥ္ေပးတာဟာ ယြန္ဂီတို႔အတြက္ တကယ္ကို အဆင္ေျပေစတယ္~
Genius Groupမွာ Design ဆြဲတဲ့ Architectက သူတို႔ သုံးေယာက္ပဲရွိတာ...
Projectေသးရင္ ကိစၥမရွိေပမယ့္ square meter 10000 ေက်ာ္က်ယ္ဝန္းတဲ့ ဒီProjectအတြက္ဆိုရင္ေတာ့ ဝန္ထမ္းအမ်ားႀကီးလိုအပ္တယ္။

Projectစအပ္ကထဲက လူအင္အားကူညီေပးမယ္လို႔ ေဂ်ာင္ဂုက ကတိေပးတာေၾကာင့္
ယြန္ဂီအေနနဲ႕ ဒီprojectကို လက္ခံျဖစ္ခဲ့တာ။

"hyungအျမင္ေတာ့ planခ်ထားတာအဆင္ေျပပါတယ္~ထယ္ေယာင္းနဲ႕ ဂ်ီမင္းေရာ ဘယ္လိုျမင္လဲ"

"စီစဥ္ေပးထားတာေတာ့ အဆင္ေျပပါတယ္~တစ္ခုပဲ ေဂ်ာင္ဂုဘက္က Drafterေတြနဲ႕ ကြၽန္ေတာ္တို႔က ဘယ္လိုဆက္သြယ္ၾကမလဲ"

ထယ္ေယာင္းေျပာတာ မွန္ပါသည္။ Designerက Drafterကို ေန႕စဥ္ guide lineေပးေနမွ အလုပ္က ပိုအဆင္ေျပနိုင္မွာ~

"အဲ့တာက စိတ္ပူစရာမလိုပါဘူး
ထယ္ေယာင္းhyung~ကြၽန္ေတာ္တို႔ဘက္က
hyungတို႔ Genius Groupအတြက္ ႐ုံးခန္း
စီစဥ္ေပးမွာပါ~"

ခပ္ၿပဳံးၿပဳံးေျပာေနတဲ့ ေဂ်ာင္ဂုကို ၾကည့္ရင္း
ယြန္ဂီေတြးမိတာက ဒီေကာင္ေလး ဥာဏ္မ်ားၿပီဆိုတာပင္~သူေတြးမိသေလာက္ဆိုရင္
သူတို႔အဖြဲ႕ကို Tradexမွာ ႐ုံးခန္းလာဖြင့္ရေအာင္ လုပ္ေတာ့မွာ....

"ဒါဆို hyungတို႔က Tradexမွာ ႐ုံးတက္မွ အဆင္ေျပမယ္ထင္တယ္"

"ကြၽန္ေတာ္စီစဥ္ထားတာကေတာ့ အဲ့လိုေပါ့~hyungတို႔ အဆင္မေျပတာရွိရင္လည္းေျပာလို႔ရပါတယ္"

ယြန္ဂီ့ အေတြးပင္မဆုံးလိုက္~ေဂ်ာင္ဂုက သူ႕သေဘာထားကို ေျပာျပတယ္~

"မင္းသေဘာကေရာ ဘယ္လိုလဲ...ဂ်ီမင္း"

ေဂ်ာင္ဂုစကားအဆုံးမွာ ထယ္ေယာင္းက
ဂ်ီမင္းသေဘာထားကို ေမးတယ္။

"ငါကေတာ့အဆင္ေျပပါတယ္~ငါတို႔သုံးေယာက္ထဲအတြက္ဆို အခုလိုပဲ အိမ္မွာ အလုပ္လုပ္တာက အဆင္ေျပေပမယ့္ Drafterေတြအတြက္ပါဆိုရင္ ႐ုံးခန္းတစ္ခုလိုလာၿပီေလ"

အက်ိဳးသင့္အေၾကာင္းသင့္ေျပာေနတဲ့ ဂ်ီမင္းဟာလည္း ကန့္ကြက္မယ့္ပုံမရွိ။

"ဂ်ီမင္းေရာ ထယ္ေယာင္းေရာ ဒီကိစၥကို သေဘာတူၾကလား"

အရင္ထဲက ဘယ္ကိစၥပဲျဖစ္ျဖစ္အတူ တိုင္ပင္ၿပီးလုပ္ခဲ့တာေၾကာင့္ အခုလည္း သုံးေယာက္လုံးရဲ႕ သေဘာထားကို သိရဖို႔လိုအပ္သည္။

"သေဘာတူပါတယ္ hyung"

"ကြၽန္ေတာ္လည္း သေဘာတူပါတယ္ hyung"

ဒီလိုနဲ႕ပဲ သူတို႔ သုံးေယာက္လုံး Tradex Groupမွာ ႐ုံးတက္ျဖစ္ခဲ့ၾကသည္။

Section-2

ပထမဆုံးတက္တဲ့ေန႕မွာေတာ့ ေဂ်ာင္ဂုက
သူတို႔နဲ႕ တြဲလုပ္ရမယ့္ Drafterေတြနဲ႕
မိတ္ဆက္ေပးခဲ့တယ္။

"ဒါက hyungတို႔နဲ႕တြဲလုပ္မယ့္ Draftအဖြဲ႕ေခါင္းေဆာင္ပါ"

"ကြၽန္မက မင္ဆိုေယာင္းပါ~ေတြ႕ရတာ ဝမ္းသာပါတယ္"

ဂ်ီမင္းတို႔နဲ႕ အတူအလုပ္လုပ္မယ့္ Draft Team ေခါင္းေဆာင္ဟာ အသက္၂၇ေလာက္ရွိၿပီး ထက္ထက္ျမက္ျမက္ရွိမယ့္ပုံရတယ္။ စကားေျပာပုံကလည္း confidenceအျပည့္နဲ႕ပင္~

"ကြၽန္ေတာ္တို႔က Genius Design Groupက Architectေတြပါ~ကြၽန္ေတာ္ မင္ယြန္ဂီပါ"

"ကြၽန္ေတာ္ ကင္ထယ္ေယာင္းပါ"

"ကြၽန္ေတာ္က ပတ္ဂ်ီမင္းပါ"

Tradex Group သူတို႔အေပၚကို ဘယ္ေလာက္ထိ အေလးထားလဲဆိုတာ ျပင္ဆင္ေပးတဲ့ ႐ုံးခန္းကို ၾကည့္ရင္ သိနိုင္တယ္။

သူ၊ ထယ္ေယာင္းနဲ႕ ယြန္ဂီ hyungတို႔အတြက္
private office roomတစ္ခုစီ စီစဥ္ေပးခဲ့တာ
ေၾကာင့္ အေတာ္ကို အဆင္ေျပခဲ့တယ္။

ယြန္ဂီhyungရဲ႕ private officeမွာ furnitureနဲ႕ ၾကမ္းခင္းကို သစ္သားအမ်ားစုသုံးထားၿပီး အေရာင္အားျဖင့္ ခဲေရာင္၊အျဖဴေရာင္တို႔ကိုသာ သုံးထားတယ္။


ထယ္ေယာင္းရဲ႕ ႐ုံးခန္းကေတာ့ အညိုရင့္နဲ႕ အျဖဴေရာင္ကိုမွ အဝါေရာင္ ေလးေတြနဲ႕ hight lightလုပ္ထားတယ္။


သူ႕႐ုံးခန္းကေတာ့ သစ္သားTextureကို
နံရံနဲ႕ ၾကမ္းခင္းမွာ အသုံးျပဳထားတယ္။
ဂ်ီမင္းကေတာ့ သူ႕အခန္းထဲမွာပါတဲ့ ေက်ာက္စရစ္ခင္းထားတဲ့ ဝရံတာေသးေသးေလးကို သေဘာအက်ဆဳံးျဖစ္သည္။



ဘယ္လိုစိတ္ကူးနဲ႕ သူတို႔႐ုံးခန္းေတြကို designလုပ္ေပးလဲမသိေပမယ့္ အျပင္အဆင္ကိုေတာ့ သူတို႔အားလုံးသေဘာက်ၾကတယ္။

က်န္တဲ့ Drafterေတြအတြက္ကိုလည္း ႐ုံးခန္းတစ္ခု ျပင္ဆင္ေပးခဲ့တဲ့ Tradexဟာ သူတို႔အတြက္အေတာ္ေလး စဥ္းစားေပးပုံရသည္။


ပထမဆုံး အလုပ္စတက္ကထဲက အေလးအနက္ထားဆက္ဆံပုံေၾကာင့္ ေနာက္ပိုင္းက်ရင္လည္း အလုပ္လုပ္ရတာ အဆင္ေျပမယ္လို႔ ဂ်ီမင္းကေတာ့ ယူဆမိတယ္။

Section-3

ဒုတိယေျမာက္႐ုံးတက္ရက္မွာေတာ့ သူတို႔မနက္၈နာရီေလာက္ အိမ္ကထြက္လာခဲ့ၾကသည္။ Tradexရဲ႕ ႐ုံးခ်ဳပ္ရွိရာ ၿခံဝန္းဟာ ေတာ္ပင္ က်ယ္ဝန္းၿပီး ခ်ယ္ရီပင္ေတြ၊
ေမပယ္ပင္ေတြ အမ်ားအျပားေတြ႕ရတယ္။

အခုကေဆာင္းတြင္းဆိုေတာ့ မၾကာခင္ ခ်ယ္ရီေတြပြင့္ရင္ ဒီျမင္ကြင္းဟာ အေတာ္ေလးလွမွာလို႔ ထယ္ေယာင္းေတြးမိတယ္။

ခ်ယ္ရီေတြ ပြင့္ေနတဲ့ လမ္းမွာ
ယြန္ဂီhyungလက္ကိုတြဲ ေလွ်ာက္ခ်င္တဲ့ ဆႏၵဟာ ဘယ္ေတာ့မ်ားမွ ျပည့္မွာပါလိမ့္~

၈နာရီ ၄၅မိနစ္ေလာက္မွာေတာ့ ႐ုံးတက္တဲ့ ဝန္ထမ္းေတြကို ျမင္ရေတာ့တယ္။ ဒီcompanyမွာ ဝန္ထမ္းအေတာ္မ်ားတာပဲ~

Tradexရဲ႕ ပုံမွန္႐ုံတက္ခ်ိန္ဟာ မနက္၉နာရီျဖစ္ေပမယ့္ ဝန္ထမ္းမဟုတ္တဲ့ သူတို႔ကိုေတာ့
႐ုံးခ်ိန္အတိအက် မသတ္မွတ္ထားခဲ့ပါ။

Architectေတြရဲ႕ ထုံးစံအတိုင္း moodဝင္မွ အလုပ္လုပ္ရတာအဆင္ေျပတာေၾကာင့္ အလုပ္ခ်ိန္နဲ႕ပတ္သက္ၿပီး ဒီလိုသတ္မွတ္ေပးတာဟာ သူတို႔အတြက္ အဆင္ေျပတယ္။

ထယ္ေယာင္းအျမင္အရဆိုရင္ Tradex Groupဟာ သူတို႔အေပၚ လိုတာထက္
ပိုေကာင္းတယ္လို႔ ထင္တယ္။ ပုံမွန္ဆိုရင္ ဘယ္ companyကမွ partner companyအတြက္ ဒီေလာက္ထိအေသးစိတ္ စီစဥ္ေပးေလ့မရွိဘူး မဟုတ္လား~

Project Directorျဖစ္တဲ့ ေဂ်ာင္ဂုကလည္း သူတို႔အတြက္ကို အၿမဲအေလးထားေပးေနတာေၾကာင့္ တစ္ခါတစ္ေလ ယြန္ဂီhyungကို စိတ္ဝင္စားေနတာလားလို႔ ထယ္ေယာင္းေတြးမိတယ္~မိဘခ်င္းလည္းရင္းႏွီးတယ္လို႔ ေျပာထားဖူးတာေၾကာင့္ ေဂ်ာင္ဂုကို သူ႕ၿပိဳင္ဘက္ဟုတ္မဟုတ္ ေစာင့္ၾကည့္ထားသင့္တယ္ မဟုတ္လား.....

"ေန႕လည္စာ သြားစားၾကမယ္ေလ hyung"

"ဂ်ီမင္းကို ဝင္ေခၚၿပီး သြားၾကမယ္ေလ ~
ထယ္ေယာင္း"

ေန႕လည္စာကို Tradexရဲ႕ Dining Areaမွာ
စီစဥ္ေပးထားတယ္လို႔ေျပာတာေၾကာင့္ အျပင္ထြက္စားဖို႔မလို။

"ေန႕လည္စာသြားစားၾကမယ္ေလ ဂ်ီမင္း"

"သြားၾကမယ္ေလ ~ငါလည္းဗိုက္ဆာေနၿပီ....ဒါေလးလက္စသတ္ၿပီးရင္ လာေခၚေတာ့မလို႔"

ဗိုက္ကေလးကို ပြတ္ရင္းေျပာေနတဲ့ ဂ်ီမင္းကို ၾကည့္ၿပီး သူနဲ႕ ယြန္ဂီhyungရယ္မိၾကတယ္။

Dining Areaက အေတာ္ပင္ က်ယ္ဝန္းၿပီး
အေရာင္အားျဖင့္ အျဖဴနဲ႕အနက္ကို အဓိက အသုံးျပဳထားသည္။ဝါးပင္ေတြကို Indoor plant အျဖစ္ စိုက္ထားတာၿပီး သူသေဘာအက်ဆဳံးကေတာ့ မ်က္ႏွာက်က္Design~

"ကြၽန္ေတာ္ ဒီမွာထိုင္လို႔ရမလားဗ်"

ေန႕လည္စာစားေနရာမွ သူတို႔ေမာ့ၾကည့္မိေတာ့ ေဂ်ာင္ဂု~ ဒီProject Directorဟာ
ဘာေၾကာင့္မ်ား သူတို႔ကို လိုတာထက္ပိုရင္းႏွီးခ်င္ေနတာပါလိမ့္~အခုလည္း
ေန႕လည္စာအတူစားဦးမည္....ယြန္ဂီhyungနဲ႕ အရင္ထဲက ရင္းႏွီးတယ္ဆိုတာ သိကထဲက ထယ္ေယာင္းကေတာ့ ေဂ်ာင္ဂုနဲ႕ သိပ္မရင္းႏွီးခ်င္~အလုပ္သေဘာအရ ေရွာင္လႊဲလို႔မရလို႔သာ....

"ထိုင္ေလ ေဂ်ာင္ဂုရဲ႕~​ခြင့္ေတာင္းစရာမလိုပါဘူး"

hyungဟာေလ ဘာေၾကာင့္မ်ား ေဂ်ာင္ဂုကို
ခင္ေနမွန္းမေျပာတတ္~အရင္ထဲက ရင္းႏွီးေနတာမို႔လို႔ေနမွာပါေလ..

"hyungတို႔အလုပ္လုပ္ရတာ အဆင္ေျပရဲ႕လား"

"ေျပပါတယ္"

"အဆင္မေျပတာရွိရင္ ေျပာေနာ္ hyung"

"ေအးပါ"

ယြန္ဂီhyungနဲ႕ ေဂ်ာင္ဂုစကားေျပာေနတာကို ဂ်ီမင္းကေတာ့ စိတ္ဝင္စားပုံမရ။ စကားတစ္ခြန္းမွမေျပာဘဲ ထမင္းစားမပ်က္တဲ့ ဂ်ီမင္းဟာ အေတာ္ဗိုက္ဆာေနပုံရတယ္။

"ဂ်ီမင္းhyungက စကားနည္းတယ္ေနာ္"

႐ုတ္တရက္ေျပာလိုက္တဲ့ ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမ်က္ခုံးပင့္လိုက္မိတယ္။

"မဟုတ္ပါဘူး ေဂ်ာင္ဂုရဲ႕~hyungဗိုက္ဆာေနလို႔ပါ"

ၿပဳံးၿပီးေျပာတဲ့ ဂ်ီမင္းကို ေဂ်ာင္ဂုက
ခပ္ၿပဳံးၿပဳံးနဲ႕ၾကည့္တယ္။

"ကြၽန္ေတာ့္ကို ရင္းရင္းႏွီးႏွီးဆက္ဆံပါ hyungရဲ႕~"

မတရားေတြ ရင္းႏွီးခ်င္ေနတဲ့ ေဂ်ာင္ဂုကို
ၾကည့္ၿပီး ထယ္ေယာင္းတစ္ခုခုကို ရိပ္မိလာသလိုရွိသည္။ ဂ်ီမင္းကို ၿပဳံးၿပီး ၾကည့္ေနပုံက ရိုးရိုးသားသားေတာ့ မဟုတ္~

"ဟုတ္ပါၿပီ~ေဂ်ာင္ဂုရယ္"

ဂ်ီမင္းကေတာ့ ခပ္ေအးေအးတုံ႕ျပန္တယ္။

"ဒါနဲ႕ မနက္ျဖန္ညက်ရင္ hyungတို႔အတြက္ welcome partyရွိတယ္ေနာ္~"

"ဟုတ္လား~"

ပြဲတက္ရတာမႀကိဳက္တဲ့ ယြန္ဂီhyungဟာ
သိပ္ေတာ့သြားခ်င္ပုံမရ။

"မနက္ျဖန္ညေန ၆နာရီေလာက္ ကြၽန္ေတာ္လာေခၚမယ္ေလ"

လုပ္လာျပန္ၿပီ~ဒီProject Directorဟာ
အေၾကာင္းမ်ိဳးစုံနဲ႕ကို အတင္းပတ္သက္ေနေတာ့တာ။

"ေအး ေကာင္းသားပဲ....လာေခၚလိုက္ေလ ~ေဂ်ာင္ဂု"

ယြန္ဂီhyungဆီက လက္ခံတဲ့စကားကို ၾကားရခ်ိန္မွာ ေဂ်ာင္ဂုကသေဘာတက်ၿပဳံးတယ္~
ထယ္ေယာင္းေတြးမိတာက ေဂ်ာင္ဂုဟာ ဘာေၾကာင့္မ်ား သူတို႔နဲ႕ရင္းႏွီးခ်င္ရတာလဲ...

ေဂ်ာင္ဂု သူတို႔အေပၚဆက္ဆံပုံကို ၾကည့္ၿပီး ပထမတစ္ခ်က္အေနနဲ႕ ယြန္ဂီhyung​ကို စိတ္ဝင္စားေနတာေၾကာင့္လားလို႔ေတြးမိေပ
မယ့္~သူတို႔ရင္းႏွီးတာၾကာၿပီဆိုေတာ့
ေဂ်ာင္ဂုသာစိတ္ဝင္စားရင္ အေစာႀကီးကထဲက ႀကိဳးစားနိုင္တာပဲ.....

ေနာက္တစ္ခ်က္ ဂ်ီမင္းကို စိတ္ဝင္စားေနတာလားဆိုတာက သိပ္ေတာ့မေသခ်ာေပမယ့္ ျဖစ္နိုင္ေျခေတာ့ရွိတယ္....ဂ်ီမင္းကို ၾကည့္ေနတဲ့ ေဂ်ာင္ဂုမ်က္လုံးေတြက ရိုးရိုးသားသားမဟုတ္...

ထယ္ေယာင္းအတြက္ေတာ့ ေဂ်ာင္ဂုရဲ႕ လမ္းေၾကာင္းဟာ
ယြန္ဂီhyung​ဆီကိုလား....ဒါမွမဟုတ္
ဂ်ီမင္း​ဆီကိုလားဆိုတာ ကြဲကြဲျပားျပား
သိရေအာင္လုပ္ထားသင့္တယ္ မဟုတ္လား...

20.7.20(Monday)

to be continued.............

Continue Reading

You'll Also Like

58.7K 10.7K 30
Another half is to your smile .... Kookmin
120K 11.1K 39
အကို တည်ခဲ့သော ကမ္ဘာ.... ။ အကို တည္ခဲ့ေသာ ကမၻာ.... ။
9.8K 831 17
အကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......
602K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...