[Zawgyi]
<စိတ္ကူးနဲ႔လက္ေတြ႕က မတူဘူး!>
အမ်ိဳးသားဇာတ္လိုက္နဲ႔အမ်ိဳးသမီးဇာတ္လိုက္ကိုမုန္းေနတဲ့ သူမရဲ႕ကိုယ္ေရးကိုယ္တာကိစၥထဲ ေရွာင္မင့္ကိုဆဲြမထည့္ခဲ့သင့္။ ေရွာင္မင္သာ တကယ္အသတ္ခံရၿပီး သူ႔ရဲ႕crystal nucleusကိုအထုတ္ခံလိုက္ရမယ္ဆိုရင္ သူမအေနနဲ႔ အျပစ္ရွိစိတ္ကို ဘယ္ေသာအခါမွေမ့ေပ်ာက္နိုင္လိမ့္မည္မဟုတ္ေတာ့။
ၿပီးေတာ့ သူမတို႔က အခ်ိန္အၾကာႀကီးရင္းနွီးခင္မင္ခဲ့တာျဖစ္လို႔ သူမ သူ႔ကိုဂရုစိုက္သည္။
ေရွာင္မင္က နဥ္ရႈကိုၾကည့္လာ၏။ နဥ္ရႈက သူ႔ကို သူမေနာက္ထပ္မလိုက္ေစခ်င္တာကိုၾကားတဲ့အခါ သူကအေတာ္ေလးရႈပ္ေထြးသြားကာ ေမးလာသည္။
"ဘာလို႔လဲ?"
"နင္ေသလိမ့္မယ္။"
နဥ္ရႈကေျပာသည္။
"ငါမေသဘူး။"
ေရွာင္မင္က ေလးနက္စြာေျဖသည္။
"ငါေသမွာမဟုတ္ဘူး။"
က်စ္...နင္က မေသဘူးလို႔ေျပာလိုက္တာနဲ႔ပဲ မေသေတာ့ဘူးထင္ေနလား?
"ၿပီးေရာေလ။ နင္လိုက္ခ်င္သပဆိုရင္လည္းလိုက္ေပါ့။"
ၿပီးေနာက္ နင္ရႈက အေလးအနက္ေျပာျပန္၏။
"ဒါေပမယ့္ အႏၱရာယ္ရွိလာၿပီဆိုတာနဲ႔ထြက္ေျပး။ သန္မာသလိုလို...သိကၡာရွိသလိုလိုလုပ္မေနနဲ႔။"
"သိကၡာရွိတယ္ဆိုတာ ဘာလဲ?"
ေရွာင္မင္က ေခါင္းေလးကိုေစာင္းရင္း နဥ္ရႈကိုေမးေလ၏။
နဥ္ရႈက ညင္သာစြာပင္ျပန္ေျဖသည္။
"ငါလည္း ဘာမွန္းမသိဘူး။"
"ေဒ...ၾကည့္..ဒါက မင္းနဲ႔မတူဘူးလား?"
ေရွာင္မင္က ေျမေပၚကပံုကိုလက္ညႇိဳးထိုးကာေျပာသည္။ ပံုက စိတၲဇဆန္ဆန္ပန္းခ်ီပံုမ်ိဳးျဖစ္ေနတာေၾကာင့္ သူမနဲ႔တူတဲ့အခ်က္တစ္ခ်က္ေလာက္ေတြ႕ဖို႔ကိုပင္ နဥ္ရႈအခ်ိန္ခဏမ်ွယူလိုက္ရသည္။
"မ်က္လံုးေတြက ေသးလြန္းတယ္။ ငါ့မ်က္လံုးေတြက ႀကီးတယ္။"
နဥ္ရႈက ေျမေပၚကပံုကိုေထာက္ျပလိုက္သည္။
"ၿပီးေတာ့ ငါ့မ်က္နွာကဘဲဥပံုေလး။ နင္က ငါ့မ်က္နွာကို လံုးျပားျပားႀကီးဆဲြထားတယ္။ ကြာျခားလြန္းတယ္။ နင္ ပိုၿပီးေလ့က်င့္သင့္တယ္။"
ေရွာင္မင္က နဥ္ရႈကိုၾကည့္ကာေျပာလာသည္။
"ငါ အမွန္အတိုင္းဆဲြထားတာပဲ။"
"စိတ္ကူးနဲ႔လက္ေတြ႕က မတူဘူးဆိုတာ နင္နားမလည္ဘူးလား? စိတ္ကူး..နားလည္လား?"
ေရွာင္မင္ : "ဟင့္အင္း။"
....
နဥ္ရႈနဲ႔ေရွာင္မင္က baseရွိရာကိုသြားကာ ျပသနာရွာရန္အတြက္ရစ္သီရစ္သီလုပ္ေနၿပီး ထြက္ေျပးၾကေလ၏။ ၿပီးေနာက္ ထပ္မံကာ ထိုသံသရာစက္ဝန္းကိုစတင္ၾကျပန္သည္။
သူတို႔ရဲ႕အျပဳအမူေတြက baseပတ္ဝနက်င္ကေလထုတစ္ခုလံုးကို တင္းမာလာေစသည္။ ေနာက္ၿပီးေတာ့ ဗီဇကဲြzombieနွစ္ေကာင္က တိုက္ခိုက္သည္၊ ထြက္ေျပးသည္..ၿပီးလ်ွင္ ထပ္လာၾကျပန္သည္။ baseမွာ သူတို႔ကိုေမာင္းထုတ္ဖို႔ေရာ၊ ပထုတ္ဖို႔ပါနည္းလည္းမရွိတာေၾကာင့္ အေျခအေနက ဖိအားမ်ားလာကာ စိတ္တိုစရာလည္းေကာင္းေနေလ၏။
နဥ္ရႈက မ်ိဳးရိုးဗီဇအဆီအနွစ္ကို တစ္ငံုေသာက္လိုက္ရင္း ေရွာင္မင့္ကိုေမးသည္။
"ေသာက္ဦးမလား?"
ေရွာင္မင္က အႀကံဳျပဳခ်က္ကို အခိုင္အမာျငင္းပယ္သည့္အမူအရာျဖင့္ေခါင္းယမ္းတာေၾကာင့္ နဥ္ရႈက သူ႔ပါးစပ္ကိုအတင္းဆဲြဖြင့္ကာ မ်ိဳးရိုးဗီဇအဆီအနွစ္ေတြကိုပါးစပ္ထဲေလာင္းထည့္ေပးရင္းေျပာေလ၏။
"ေသာက္လိုက္။ နင့္အတြက္ေကာင္းတယ္။"
ေရွာင္မင္က သူ႔နႈတ္ခမ္းေတြကို စိတ္ပ်က္စြာျဖင့္အသံျမည္ေအာင္စုပ္လိုက္ေလ၏။
"ငါ ဒါႀကီးကိုမႀကိဳက္ဘူး။"
သူက သုန္သုန္မႈန္မႈန္ျဖင့္ေျပာေလသည္။
"ရွဴ း...စကားမေျပာနဲ႔။ တစ္ေယာက္ေယာက္baseထဲကေန ထြက္လာတယ္။"
ကားတစ္စီးက baseတံခါးကေန ညအခ်ိန္ႀကီးထြက္လာတာကိုနဥ္ရႈျမင္တဲ့အခါ အံ့ၾသသြားေလ၏။ လူတစ္ခ်ိဳ႕က ညတိုင္း baseအျပင္ကိုထြက္လာတတ္ၾကသည္။
ၿပီးေတာ့ လူေတြက ညဘက္မွာေကာင္းေကာင္းမျမင္နိုင္ေပမယ့္ zombieေတြကေတာ့ မတူတာေၾကာင့္ တစ္ေယာက္ေယာက္က ညသန္းေခါင္မွာ baseကေနထြက္လာတာက လံုးဝကိုပံုမွန္မဟုတ္ေပ။
"ငါ မြန္းစတားေတြကိုေခၚလိုက္သင့္လား?"
ေရွာင္မင္က ေမးသည္။ နဥ္ရႈေခါင္းယမ္းလိုက္သည္။
"အေျခအေနကို အရင္ဆံုးစံုစမ္းၾကည့္ရေအာင္။"
"သူတို႔ေနာက္က လိုက္သြားၾကမယ္။"
ေလာေလာဆယ္ေတာ့ ကားေနာက္ကေနပဲလိုက္သြားဖို႔ နဥ္ရႈဆံုးျဖတ္လိုက္သည္။
ထိုအခ်ိန္မွာပင္ ကားတစ္စီးထပ္ထြက္လာကာ ေစာေစာေလးကတင္ထြက္သြားေသာ ကားေနာက္ကိုလိုက္သြားေလ၏။
နဥ္ရႈနဲ႔ေရွာင္မင္ ကားေတြကိုမွီတဲ့အခါ နွစ္ဖက္က တိုက္ခိုက္ေနၾကၿပီျဖစ္သည္။ ေတာက္ပတဲ့စြမ္းအင္ေတြကိုညအခ်ိန္ႀကီးထုတ္လႊတ္ေနျခင္းက အင္မတန္မ်က္စိက်ိန္းေစသည္။
"သူတို႔ ဘာလုပ္ေနၾကတာလဲ?"
ေရွာင္မင္က ေမးသည္။
နဥ္ရႈက မ်က္လံုးေတြကိုက်ဥ္းေျမာင္းရင္း တိုက္ပဲြကိုၾကည့္ေနေလ၏။ ေရွာင္မင္ေမးတာကိုၾကားတဲ့အခါ သူမကျပန္ေျဖသည္။
"သူတို႔ တိုက္ခိုက္ေနၾကတာ။"
"ဘာလို႔လဲ? သူတို႔နွစ္ဖဲြ႕လံုးက လူသားေတြပဲေလ။"
ဘယ္zombieကမွ သူ႔ကိုမတိုက္ခိုက္တာေၾကာင့္ လူသားေတြအေနနဲ႔ဘာေၾကာင့္အခ်င္းခ်င္းတိုက္ခိုက္ေနရသလဲဆိုတာ ေရွာင္မင္ နားမလည္ပါေခ်။
"လူသားေလာက,က ရႈပ္ေထြးတယ္။ နင္နားလည္မွာမဟုတ္ဘူး။"
နဥ္ရႈက ေျပာလိုက္သည္။
.....
[Unicode]
<စိတ်ကူးနဲ့လက်တွေ့က မတူဘူး!>
အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်ကိုမုန်းနေတဲ့ သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စထဲ ရှောင်မင့်ကိုဆွဲမထည့်ခဲ့သင့်။ ရှောင်မင်သာ တကယ်အသတ်ခံရပြီး သူ့ရဲ့crystal nucleusကိုအထုတ်ခံလိုက်ရမယ်ဆိုရင် သူမအနေနဲ့ အပြစ်ရှိစိတ်ကို ဘယ်သောအခါမှမေ့ပျောက်နိုင်လိမ့်မည်မဟုတ်တော့။
ပြီးတော့ သူမတို့က အချိန်အကြာကြီးရင်းနှီးခင်မင်ခဲ့တာဖြစ်လို့ သူမ သူ့ကိုဂရုစိုက်သည်။
ရှောင်မင်က နဉ်ရှုကိုကြည့်လာ၏။ နဉ်ရှုက သူ့ကို သူမနောက်ထပ်မလိုက်စေချင်တာကိုကြားတဲ့အခါ သူကအတော်လေးရှုပ်ထွေးသွားကာ မေးလာသည်။
"ဘာလို့လဲ?"
"နင်သေလိမ့်မယ်။"
နဉ်ရှုကပြောသည်။
"ငါမသေဘူး။"
ရှောင်မင်က လေးနက်စွာဖြေသည်။
"ငါသေမှာမဟုတ်ဘူး။"
ကျစ်...နင်က မသေဘူးလို့ပြောလိုက်တာနဲ့ပဲ မသေတော့ဘူးထင်နေလား?
"ပြီးရောလေ။ နင်လိုက်ချင်သပဆိုရင်လည်းလိုက်ပေါ့။"
ပြီးနောက် နင်ရှုက အလေးအနက်ပြောပြန်၏။
"ဒါပေမယ့် အန္တရာယ်ရှိလာပြီဆိုတာနဲ့ထွက်ပြေး။ သန်မာသလိုလို...သိက္ခာရှိသလိုလိုလုပ်မနေနဲ့။"
"သိက္ခာရှိတယ်ဆိုတာ ဘာလဲ?"
ရှောင်မင်က ခေါင်းလေးကိုစောင်းရင်း နဉ်ရှုကိုမေးလေ၏။
နဉ်ရှုက ညင်သာစွာပင်ပြန်ဖြေသည်။
"ငါလည်း ဘာမှန်းမသိဘူး။"
"ဒေ...ကြည့်..ဒါက မင်းနဲ့မတူဘူးလား?"
ရှောင်မင်က မြေပေါ်ကပုံကိုလက်ညှိုးထိုးကာပြောသည်။ ပုံက စိတ္တဇဆန်ဆန်ပန်းချီပုံမျိုးဖြစ်နေတာကြောင့် သူမနဲ့တူတဲ့အချက်တစ်ချက်လောက်တွေ့ဖို့ကိုပင် နဉ်ရှုအချိန်ခဏမျှယူလိုက်ရသည်။
"မျက်လုံးတွေက သေးလွန်းတယ်။ ငါ့မျက်လုံးတွေက ကြီးတယ်။"
နဉ်ရှုက မြေပေါ်ကပုံကိုထောက်ပြလိုက်သည်။
"ပြီးတော့ ငါ့မျက်နှာကဘဲဥပုံလေး။ နင်က ငါ့မျက်နှာကို လုံးပြားပြားကြီးဆွဲထားတယ်။ ကွာခြားလွန်းတယ်။ နင် ပိုပြီးလေ့ကျင့်သင့်တယ်။"
ရှောင်မင်က နဉ်ရှုကိုကြည့်ကာပြောလာသည်။
"ငါ အမှန်အတိုင်းဆွဲထားတာပဲ။"
"စိတ်ကူးနဲ့လက်တွေ့က မတူဘူးဆိုတာ နင်နားမလည်ဘူးလား? စိတ်ကူး..နားလည်လား?"
ရှောင်မင် : "ဟင့်အင်း။"
....
နဉ်ရှုနဲ့ရှောင်မင်က baseရှိရာကိုသွားကာ ပြသနာရှာရန်အတွက်ရစ်သီရစ်သီလုပ်နေပြီး ထွက်ပြေးကြလေ၏။ ပြီးနောက် ထပ်မံကာ ထိုသံသရာစက်ဝန်းကိုစတင်ကြပြန်သည်။
သူတို့ရဲ့အပြုအမူတွေက baseပတ်ဝနကျင်ကလေထုတစ်ခုလုံးကို တင်းမာလာစေသည်။ နောက်ပြီးတော့ ဗီဇကွဲzombieနှစ်ကောင်က တိုက်ခိုက်သည်၊ ထွက်ပြေးသည်..ပြီးလျှင် ထပ်လာကြပြန်သည်။ baseမှာ သူတို့ကိုမောင်းထုတ်ဖို့ရော၊ ပထုတ်ဖို့ပါနည်းလည်းမရှိတာကြောင့် အခြေအနေက ဖိအားများလာကာ စိတ်တိုစရာလည်းကောင်းနေလေ၏။
နဉ်ရှုက မျိုးရိုးဗီဇအဆီအနှစ်ကို တစ်ငုံသောက်လိုက်ရင်း ရှောင်မင့်ကိုမေးသည်။
"သောက်ဦးမလား?"
ရှောင်မင်က အကြုံပြုချက်ကို အခိုင်အမာငြင်းပယ်သည့်အမူအရာဖြင့်ခေါင်းယမ်းတာကြောင့် နဉ်ရှုက သူ့ပါးစပ်ကိုအတင်းဆွဲဖွင့်ကာ မျိုးရိုးဗီဇအဆီအနှစ်တွေကိုပါးစပ်ထဲလောင်းထည့်ပေးရင်းပြောလေ၏။
"သောက်လိုက်။ နင့်အတွက်ကောင်းတယ်။"
ရှောင်မင်က သူ့နှုတ်ခမ်းတွေကို စိတ်ပျက်စွာဖြင့်အသံမြည်အောင်စုပ်လိုက်လေ၏။
"ငါ ဒါကြီးကိုမကြိုက်ဘူး။"
သူက သုန်သုန်မှုန်မှုန်ဖြင့်ပြောလေသည်။
"ရှူး...စကားမပြောနဲ့။ တစ်ယောက်ယောက်baseထဲကနေ ထွက်လာတယ်။"
ကားတစ်စီးက baseတံခါးကနေ ညအချိန်ကြီးထွက်လာတာကိုနဉ်ရှုမြင်တဲ့အခါ အံ့သြသွားလေ၏။ လူတစ်ချို့က ညတိုင်း baseအပြင်ကိုထွက်လာတတ်ကြသည်။
ပြီးတော့ လူတွေက ညဘက်မှာကောင်းကောင်းမမြင်နိုင်ပေမယ့် zombieတွေကတော့ မတူတာကြောင့် တစ်ယောက်ယောက်က ညသန်းခေါင်မှာ baseကနေထွက်လာတာက လုံးဝကိုပုံမှန်မဟုတ်ပေ။
"ငါ မွန်းစတားတွေကိုခေါ်လိုက်သင့်လား?"
ရှောင်မင်က မေးသည်။ နဉ်ရှုခေါင်းယမ်းလိုက်သည်။
"အခြေအနေကို အရင်ဆုံးစုံစမ်းကြည့်ရအောင်။"
"သူတို့နောက်က လိုက်သွားကြမယ်။"
လောလောဆယ်တော့ ကားနောက်ကနေပဲလိုက်သွားဖို့ နဉ်ရှုဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင် ကားတစ်စီးထပ်ထွက်လာကာ စောစောလေးကတင်ထွက်သွားသော ကားနောက်ကိုလိုက်သွားလေ၏။
နဉ်ရှုနဲ့ရှောင်မင် ကားတွေကိုမှီတဲ့အခါ နှစ်ဖက်က တိုက်ခိုက်နေကြပြီဖြစ်သည်။ တောက်ပတဲ့စွမ်းအင်တွေကိုညအချိန်ကြီးထုတ်လွှတ်နေခြင်းက အင်မတန်မျက်စိကျိန်းစေသည်။
"သူတို့ ဘာလုပ်နေကြတာလဲ?"
ရှောင်မင်က မေးသည်။
နဉ်ရှုက မျက်လုံးတွေကိုကျဉ်းမြောင်းရင်း တိုက်ပွဲကိုကြည့်နေလေ၏။ ရှောင်မင်မေးတာကိုကြားတဲ့အခါ သူမကပြန်ဖြေသည်။
"သူတို့ တိုက်ခိုက်နေကြတာ။"
"ဘာလို့လဲ? သူတို့နှစ်ဖွဲ့လုံးက လူသားတွေပဲလေ။"
ဘယ်zombieကမှ သူ့ကိုမတိုက်ခိုက်တာကြောင့် လူသားတွေအနေနဲ့ဘာကြောင့်အချင်းချင်းတိုက်ခိုက်နေရသလဲဆိုတာ ရှောင်မင် နားမလည်ပါချေ။
"လူသားလောက,က ရှုပ်ထွေးတယ်။ နင်နားလည်မှာမဟုတ်ဘူး။"
နဉ်ရှုက ပြောလိုက်သည်။
.....