ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)
By maylapyaepyae
32.4K 3K 409
EXO fanfiction More
Intro
Ch-1
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-38
Ch-39
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)
Ch-37
446 44 10
By maylapyaepyae
Uni
" ကိုယ် မေးနေတယ်လေ ပေါက်စ ဘာဖြစ်လာတာလဲလို့! ဟမ် "
" သူနဲ့အတူ Chen ရှိနေတာပဲ Chen သိမှာပေါ့ "
Chan ပေါက်စ ပခုံးကိုကိုင်ကာမေးပေမဲ့ ပေါက်စက ခေါင်းကိုတွင်တွင်ခါရမ်းကာ ငုံ့နေတာကြောင့် Chan စိတ်ပူပြီးအော်မေးမိသည်။ သူအော်မေးနေတုန်း အနောက်ကနေ Baek လှမ်းပြောလိုက်တဲ့အသံကြောင့် Chen ကို လှမ်းကြည့်မိသည်။ ထိုကောင်လေးပုံစံက အရမ်းဒေါသထွက်နေပုံပေါ်သည်။ သူ ဝင်လာ ကတည်းက တွန့်ချိုးထားတဲ့ မျက်ခုံးတွေက အခုထိမပြေသေး။ ထိုကောင်လေးဘေးကနေ Xui က စိတ်လျော့ဖို့ပြောနေသည်။ Lu han ကလေးမကလည်း အနားကနေ တတွတ်တွတ်ပြောနေသည်။ Sehun ကတော့ သူတို့နားထိုင်နေပေမဲ့ ဘာမှမပြော။ Xui ကို လှမ်းပြီး မျက်ရိပ်ပြလိုက်တော့ သူ့အနားလာကာ ခပ်တိုးတိုးပြောသွားသည်။ Chan နားထောင်နေရင်းမှာပဲ မျက်နှာကတစ်ဖြည်းဖြည်းတင်းမာလာသည်။ Xui က ပခုံးပုတ်ကာ Chen ကိုခေါ်ပြီးထွက်သွားသည်။ Sehun နဲ့ Luhan လည်းသူတို့နောက်ကလိုက်သွားကြသည်။ Kai နဲ့ Baek ကတော့ သူ့ကိုလှမ်းအော်ပြောပြီးကတည်းက ပြန်သွားကြသည်။ Chan ပေါက်စ ကိုတွဲကာ
" အလှူခံအဖွဲ့ လူစုံပြီဆိုတော့ ပြန်လို့ရပါပြီ ။ ယောင်္ကျားလေးတွေက မိန်းကလေးတွေကို အရင်လိုက်ပို့ပြီး ပြီးမှလူစုခွဲကြပေါ့ "
" ဟုတ်ကဲ့ ဆရာလေး ။ ကျွန်တော်တို့က လူစုပြီးဝိုင်းထောင်အုံးမှာဆိုတော့ အဆင်ပြေပါတယ် "
" အဲ့တာဆို ကျွန်တော်တို့ပြန်ပြီ "
ကာလသားတွေကို စကားအပြတ်ပြောပြီး KS ကိုမချီရုံတမယ် လှည့်ထွက်လာခဲ့သည်။ ဓမ္မာရုံလှေကားရောက်တော့ ပေါက်စ အတွက် ဖိနပ် မရှိ။ ပေါက်စခြေထောက်လေးတွေကြည့်မိတော့ ခြေထောက်လေးက သွေးခြည်ဥက ရဲနေသည်။ Chan လက်သီးကိုခပ်တင်းတင်းစုတ်မိသည်။ အလျှင်အမြန်ပဲ ပေါက်စ ကို
ပွေ့ချီလိုက်သည်။ KS အလန့်တကြား
Chan ရဲ့လည်ပင်းကို သိုင်းဖက်မိသွားသည်။ Chan ရင်ခွင်ထဲက အကောင်ပေါင်လေးကိုကြည့်ကာ ဘယ်သူ့မှဂရုမစိုက်ဘဲ ဓမ္မာရုံကထွက်လာခဲ့သည်။
KS အကို့ ရင်ခွင်ထဲကနေ ပြုံးနေမိသည်။ ဒါပေမဲ့ ရွာအရှေ့ပိုင်းကနေ သူတို့အိမ်ထိပွေ့သွားမှာက ရှက်ဖို့ကောင်းတာကြောင့် အကို့ရင်ခွင်ထဲ ပိုပြီးတိုးဝင်မိသည်။ အကိုက သူ့အပေါ်ထပ်အင်္ကျီကို ခြုံပေးထားတာကြောင့် KS မျက်နှာလေးပဲပေါ်နေသည်။ မိုးတိတ်သွားတာကြောင့် မြေသင်းနံ့လေးတွေက သင်းပျံ့နေသည်။ ဒါပေမဲ့ မြေသင်းနံ့တွေက အကို့ရဲ့ကိုယ်သင်းနံ့လောက်တော့ မမွှေး။ KS အကို့ ရဲ့လက်ပေါ်မှာ အကိုရဲ့ ကိုယ်သင်းနံ့ကို ခိုးရှုရင်းလိုက်ပါလာခဲ့သည်။
Chan အိမ်ရောက်တော့ အိပ်ခန်းကိုပဲ တန်းပြီးသွားလိုက်သည်။ ရင်ခွင်ထဲက ကောင်လေးကိုကြည့်မိတော့ အိပ်ပျော်နေပေသည်။ မျက်နှာလေးက လက်ဝါးရာကြောင့်ရော မိုးရေမှန်ထာတာကြောင့် မို့အစ်အစ်လေးဖြစ်နေသည်။ နဖူးလေးကို တစ်ချက်နမ်းကာ ကုတင်ပေါ်သို့ချပေးလိုက်သည်။ မေမေတို့က ဝိုင်းဝကနေ Chan ပေါက်စကို ပွေ့လာတာမြင်တော့ ပေါက်စ မေမေကိုပြေးခေါ်ကာ သူတို့အိမ်ပေါ်တက်ကာလိုက်လာခဲ့ကြသည်။
" သားကြီး သားငယ်လေးက ဘာဖြစ်လာတာလဲ သား "
Tao ကမေးသည် Chan မဖြေခင်မှာပဲ Suho KS ကိုမြင်ကာ ချက်ချင်းပြေးကြည့်သည်။
" အမလေး သားလေး အမေ့သားလေး "
" ပေါက်စ က ပင်ပန်းပြီးအိပ်ပျော်သွားတာပါ အမေ "
Suho KS ကိုမျက်နှာလေးကိုကြည့်ရင်း
" သားလေး မျက်နှာလေးက ဘာဖြစ်လာတာလဲ သား လက်ချောင်းရာတွေတောင်ထင်းနေတာ ဘယ်သူကြောင့်လဲ သား "
ဖေဖေတို့ရော မေမေတို့ပါသိချင်နေတာကြောင့် Chan မျက်နှာကိုလှမ်းကြည့်နေသည်။
" ကျွန်တော် ပေါက်စ ကိုမမေးရသေးဘူး....ပေါက်စ မျက်နှာလေးနွမ်းနေတာရယ် ပေါက်စ ခြေထောက်ကလည်း လမ်းမလျှောက်နိုင်တာရယ်ကိုပဲ စိတ်ပူနေတော့ မမေးမိဘူး "
Chan ပြောပြီးမှ မှားကြောင်းသိလိုက်သည်။ ဒေါ်လေး Suho ပေါက်စ ရဲ့ခြေထောက်လေးတွေကိုကိုင်ကာ မျက်နှာက နွမ်းလျသွားသည်။ ဖေဖေနဲ့မေမေက သူ့ကို ဘုရားခန်းကိုလာဖို့မျက်ရိပ်ပြတာကြောင့် ထွက်လာလိုက်သည်။ ဒေါ်လေး Suho နဲ့ ဦးလေးကတော့ ပေါက်စနားမှာနေခဲ့သည်။
" သား မေမေ့တို့ကိုအမှန်တိုင်းပြောစမ်း သားငယ်လေးဘာဖြစ်တာလဲ ဆိုတာ သားက သားငယ်လေးနဲ့ပက်သက်ပြီး မသိတာမဖြစ်နိုင်ဘူး "
" သား မေမေ ပြောတာ ဟုတ်တယ်သား yixing တို့ရှေ့ သားမပြောချင်ရင်တောင် ဖေဖေတို့ကို ပွင့်ပွင့်လင်းလင်းပြောသင့်တယ်သား "
ဖေဖေနဲ့မေမေက အစ်အောက်ပြီးမေးလာတော့ Chan တကယ်စိတ်ညစ်သွားသည်။ ဒီကိစ္စက ဖေဖေတို့သိလို့မဖြစ်သေး ။ သိသွားရင် ပြဿနာ က အလုံးလိုက်အရင်းလိုက်ကို ရှင်းမရဖြစ်ပေတော့မည်။
" မေမေတို့ ကလည်းဗျာ ကျွန်တော် တကယ်မသိတာ။ ပေါက်စကို စိတ်ပူနေရတာနဲ့ မမေးဖြစ်လိုက်ပါဘူးဆို "
" သား "
" ကျွန်တော်တကယ်မသိတာ မေမေ ပေါက်စနိုးလာရင် ကျွန်တော်ရှိနေမှဖြစ်မှာ ကျွန်တော်သွားတော့မယ် "
မေမေ ပြောနေတာကိုလျစ်လျူရှကာ စကားလမ်းကြောင်းလွှဲပြီး ပေါက်စ ဆီထွက်လာခဲ့သည်။ မေမေသာ နောက်တစ်ခါထပ်မေးရင် သူအမှန်တိုင်းပြောမိမှာအမှန် အခုလိုရှောင်ထွက်လာတာက သူ့အတွက် အကောင်းဆုံးပင်။
Chan အိပ်ခန်းရှေ့ရောက်တော့ ပေါက်စ နိုးနေပြီ။ သူ အခန်းထဲ ကို အမြန်ဝင်ကာ ပေါက်စ နားသွားလိုက်သည်။ ပေါက်စ က သူ့အနားရောက်ရောက်ချင်း ဆွဲဖက်ကာ ရင်ခွင်ထဲ ဝင်လိုက်တာကြောင့် Chan ကြောင်ပင် ကြောင်သွားရသည်။
" သားရေ မင်းရဲ့ယောင်္ကျားကို မေးစမ်းပါအုံး... ဘာဖြစ်လာတာလဲလို့မေးတော့လဲမဖြေ ... ဘယ်သူ့ကြောင့်လဲဆိုတော့လဲ မဖြေ....ခေါင်းပဲတွင်တွင်ခါနေတာ "
ဒေါ်လေး Suho ပြောတော့မှ ဘာကြောင့်လဲဆိုတာသိတော့သည်။ ဒီကလေးမဖြေချင်လို့ ဝေ့လည်ကြောင်ပတ်လုပ်နေတာပင်။
" ကျွန်တော် သူ့ ကို မနက်ကျ မှ မေးလိုက်ပါ့မယ်..... အခုပေါက်စက ပင်ပန်းနေလို့ဖြစ်မှာပါ "
Chan ပေါက်စကိုရင်ခွင်ထဲမှာဖက်ထားပြီး ခေါင်းလေးကိုသပ်ကာ ဒေါ်လေး Suho ကို လှည့်ပြောလိုက်တော့
" ဟုတ်တယ်လေ Jung ရာ ကလေးတွေနားပါစေ မနက်ကျမှမေးကျတာပေါ့ မိုးလည်းချုပ်နေပြီ ပြန်ကြစို့ "
ဦးလေး yixing က ဆိုလျှင် ဒေါ်လေးက အင်တင်တင်လုပ်နေသည်။ ပေါက်စ ကို အစိုးရိမ်လွန်နေတဲ့ပုံကြောင့်
" စိတ်ချပါ အမေ ကျွန်တော် ပေါက်စ ကိုသေချာဂရုစိုက်လိုက်ပါ့မယ် ပြီးတော့ သူဘာဖြစ်လာတာလဲသေချာမေးထားပါ့မယ် အခုပြန်နားလိုက်ပါနော် "
" သားChanပြောတာနားထောင်လိုက်ပါကွာ သားငယ်လေးလည်းနားချင်မှာပေါ့ လာပါ Jung ရာ "
" ဟုတ်ပါတယ် မမဆုရဲ့ အိမ်ပြန်လိုက်ပါ Tao တို့လည်းရှိနေတာကို စိတ်မပူပါနဲ့နော် "
Tao ကပါ ဝင်ပြောလာတာကြောင့်
Suho အင်တင်တင်နဲ့ yixing ဆွဲခေါ်ရာနောက်ပါသွားခဲ့သည်။
" ကဲ မေမေတို့တော့အိမ်မပြန်တော့ဘူး သား ဘေးက အခန်းလွတ်မှာပဲ အိပ်လိုက်တော့မယ် ညရေးညတာတစ်ခုခုရှိရင်ခေါ်လိုက်သား "
" ဟုတ်မေမေ ဟိုစောင်တွေက "
" ရတယ် သား မေမေတို့ဘာသာလုပ်လိုက်မယ် သားငယ်လေးကိုသာ ဂရုစိုက်လိုက် သား "
Tao နဲ့ Kris လဲအခန်းထဲကထွက်သွားကြလေသည်။
ဖေဖေနဲ့မေမေတို့ အကုန်လုံး ထွက်သွားတာတောင် ပေါက်စ Chan ရဲ့ခါးကိုဖက်ထားတာက မလွှတ်သေး ။
" ပေါက်စ ကိုကို့ကိုလွှတ်ပေးတော့လေ "
ခေါင်းရမ်းပြတဲ့ ပေါက်စကြောင့်
ပေါက်စလေးကို ဖက်လျက်သားဘေးမှာဝင်လှဲလိုက်ရသည်။
" ကိုကို့ ကိုလာချွဲနေတာပဲ ပေါက်စလေးက ....ကိုကို ပေါက်စ ကိုဆေးလိမ်းပေးရအုံးမယ်လေကွာ မဟုတ်ရင် ပေါက်စ ခြေထောက်တွေ ကိုက်နေတာနဲ့အိပ်ရမှာမဟုတ်ဘူး "
" ဟင့်အင်း အိပ်ချင်နေပြီ ပြီးတော့ချမ်းတယ် ကိုကို "
" ဟုတ်သားပဲ ပေါက်စ အဝတ်တွေက စိုနေတုန်းကို ပြီးတော့ထမင်းလည်းမစားရသေးဘူးမလား ကိုကို ပေါက်စဆန်ပြုတ်သွားပြင်တုန်း ပေါက်စ က အင်္ကျီလဲထားနော် "
" နေနေသား မေမေပြင်လိုက်မယ် သားက သားငယ်ကိုကူလိုက် "
" ဟုတ် မေမေ "
ဘုရားခန်းထဲက ဗီဒီရိုထဲက စောင်သွားယူတဲ့ မေမေက အခန်းရှေ့ကဖြတ်သွားရင်းကြားသွားဟန်နဲ့ပြုတ်ပေးဖို့လှမ်းပြောလာသည်။
" လာပေါက်စ အိပ်ချင်ရင်နောက်မှအိပ်နော် အခုအင်္ကျီလဲရအောင် "
" ရတယ် မလိုဘူး ကိုယ့်ဘာသာလဲမယ် "
မျက်နှာလေးစူပုတ်ချိတ်ကာ ထရပ်လိုက်တော့ ခြေထောင်ဟန်ချက်ပျက်ကာ လဲကျတော့မလိုဖြစ်သွားသည်။ Chan ချက်ချင်းပြေးပွေ့လိုက်တော့ အိပ်ရာပေါ်ကိုထပ်လျှက်ပြုတ်ကြသွားသည်။ Chan က KS ရဲ့အောက်က KS ကတော့ Chan ကိုကျောပေးလျက် Chan ရဲ့လက်တွေက KS တစ်ကိုယ်လုံးကိုသိမ်းကြုံးပွေ့ထားသည်။
အဖြစ်ပျက်မြန်ဆန်လွန်းတာမို့ နှစ်ယောက်လုံး ထဖို့သတိမရ။
" အမလေး ! "
တံခါးဝက မေမေရဲ့အော်သံ​ကြားမှ နှစ်ယောက်လုံးလူးလဲထဖို့ပြင်တော့ KS ခြေထောက်လည်သွားပြီး နောက်တစ်ခါ ရင်ချင်းအပ်လျက်ပြုတ်ကြသွားပြန်သွားသည်။ နှစ်ယောက်စလုံးရင်ထဲဒိပ်ခနဲဖြစ်သွားကြသည်။ ဘာလို့ဆို Chan ရဲ့ KS ရဲ့ပါးပြင်နှနှပေါ်အနမ်းတစ်ပွင့်ကျရောက်သွားတာကြောင့် ။ KS မျက်နှာလေးရဲခနဲဖြစ်သွားပြီး Chan သည်လည်း​ရင်တွေအဆမတန်အခုန်မြန်နေသည်။ မေမေရပ်နေတဲ့ဘက်က မမြင်ရဘူးဆိုပေမဲ့ KS ကတော့အရှက်သည်းနေသည်။
" ဟောတော့ ငါ့သားတို့ရယ် ဖြေးဖြေးထပါကွယ်...သားငယ်လေးကို အစက ဆန်ပြုတ်ကိုအောက်ဆင်းပြီးစားခိုင်းမလို့ အခုတော့ အိမ်ပေါ်ကိုပဲ ယူလာခဲ့တော့မယ်...သားငယ်လေးကိုအင်္ကျီလဲပြီးနွေးနွေးထွေးထွေးထား သားရေ ဆန်ပြုတ်ကရတော့မယ် မေမေ ခနနေတက်လာမယ်နော်သားတို့ "
Tao မှာစရာရှိတာမှာကာထွက်လာခဲ့လိုက်သည်။ မဟုတ်ရင် ကလေးနှစ်ယောက်သူ့ရှေ့ကျမှ အရှည်သည်းပြီးပိုဆိုးကုန်တော့မည်။
Tao ထွက်သွားတော့မှ KS နဲ့ Chan သက်ပြင်းချမိကြသည်။ Chan ပေါက်စ ကိုအိပ်ရာပေါ်ထိုင်ခိုင်းထာကာ ပေါက်စရဲ့ညဝတ်အင်္ကျီကိုထုတ်ပေးလိုက်သည်။ ပြီးတော့ ညဝတ်အင်္ကျီကိုပေါက်စလက်ထဲကိုင်စေပြီးပေါက်စကိုပွေ့ကာ အင်္ကျီလဲဖို့ အဝတ်လဲခန်းထဲခေါ်သွားလိုက်သည်။ ခုံပေါ်မှာချပေးပြီး ပေါက်စအင်္ကျီကိုချွတ်ပေးဖို့ပြင်တော့
" ကျွန်တော် ကျွန်တော့်ဘာသာလဲလိုက်မယ်လေ နော် ကိုကို "
ပေါက်စ အရှက်လွန်ကာ မျက်နှာလေးရဲပြီးပြောနေတာကြောင့်
" ကိုကို့ ကိုပြီးရင်ပြောနော် "
Chan အခန်းရှေ့ကနေထွက်စောင့်နေမိသည်။ ခနကြာတော့
" ကိုကို ကျွန်တော်ပြီးပြီ "
ဟု အသံသေးသေးလေးထွက်လာသည်။
" လာ ပေါက်စ "
ပေါက်စ ကိုပွေ့ချီကာ အိပ်ရာပေါ်သို့ချပေးလိုက်သည်။ ပြီးတော့အိမ်အောက်ကနေ ပြေးခပ်ထားတဲ့ရေနဲ့ပေါက်စ မျက်နှာလေးနဲ့ခြေထောက်လေးကိုကိုဆေးလိမ်းပေးနေလိုက်သည်။
" အာ့ ကိုကို နာတယ် "
" အုံဖွ ကလေး သိပ်မနာပါဘူး ခနဆိုပျောက်သွားလိမ့်မယ်နော် "
Chan ပေါက်စရဲ့မျက်နှာက ဒဏ်ရာလေးနဲ့ခြေထောက်ကဒဏ်ရာတွေကိုကြည့်ရင်း ရင်နာရသည်။ Chan မျက်နှာမကောင်းတာကို KS မြင်တော့
" ကိုကို လိမ်းပေးတာ အရမ်းတော်တာပဲ ဒဏ်ရာတောင် သက်သာသွားသလိုပဲ "
" ဟုတ်လား အချွဲလေး "
" ဟီး "
" ကိုကိုယ် လက်သွားဆေးလိုက်အုံးမယ် ခနစောင့်နော် "
" ဟုတ် "
Chan ရေဗုံးကိုယူကာ အိမ်အောက်ဆင်းဖို့လုပ်တော့ Tao က အိပ်ခန်းဝကနေလှမ်းအော်မေးသည်။
" ဟဲ့သား ဘယ်သွားမလို့လဲ "
" ကျွန်တော် လက်သွားဆေးမလို့ မေမေ ပေါက်စကို မေမေ ကြည့်ထားလိုက်အုံး "
" အေးအေး "
Tao သူ့သားကိုလှမ်းပြောကာ အခန်းထဲဝင်လိုက်တော့ ကြောင်ရုပ်အင်္ကျီလေးနဲ့သားငယ်လေးက တကယ့်ကိုကလေးလေးလိုပင်။
" ကဲလာ သား ဆန်ပြုတ်သောက်ရအောင်နော် "
" ကိုကို လာမှခွံ့ကျွေးခိုင်းမို့ကို "
အလိုမကျသလို ပြောလာတာတဲ့ သားငယ်လေးကို ကြည့်ပြီး အချစ်ပိုရပါသည်။
" ပေါက်စ ကတော့ကွာ "
ချက်ချင်းပြန်ရောက်လာတဲ့ သားChanကို ဆန်ပြုတ်ပန်းကန် ပေးကာ Tao ကိုယ့်အခန်းကိုပြန်ခဲ့သည်။ သားတို့နှစ်ယောက်လွတ်လွတ်လပ်လပ်နေပါစေလေ။
" လာပေါက်စ ဆန်ပြုတ်သောက်မယ် အာ......"
" အာ.."
Chan ခွံ့သမျှဆန်ပြုတ်တွေကို KS စားလိုက်တာ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်။
" လာ ဆေးသောက်ရအောင် "
" ဟင့်အင်း ဆေးမသောက်ဘူးနော် "
" ပေါက်စကလိမ္မာပါတယ်ကွာ "
" ဟင့်အင်း ကျွန်တော်ကဆိုးတယ် "
" ဆေးတစ်လုံးထဲလေး ပေါက်စရယ်"
" ခါးတယ်ဆေးက မသောက်ဘူး "
" မခါးဘူးပေါက်စရဲ့ လိမ္မာတယ် ဆေးသောက်ရအောင် "
" ဟင့် သောက်ချင်ပါဘူးဆို "
" ပေါက်စ ကလည်းမဆိုးပါနဲ့ကွာ မခါးအောင် ကိုကို လုပ်ပေးမယ်လေနော် "
" တကယ်လား "
" တကယ် ရော့ သောက်လိုက်နော် "
KS ဆေးကိုပါးစပ်ထဲကာကိုကိုပေးတဲ့ရေခွက်ကိုယူပြီးမြန်မြန်မော့ချလိုက်သည်။
" ခါးပါတယ်ဆိုတာ မခါးဘူးချည်းပဲ လူဆိုးကြီး "
" မခါးပါဘူး ဒီလိုလုပ်ရင် "
" ဘယ်လို အွတ် "
ရှုံ့မဲ့ကာပြောနေတဲ့ ကောင်လေးရဲ့နှုတ်ခမ်းကို နမ်းလိုက်တာကြောင့် ပေါက်စ စကားပြောလို့မရတော့။ နမ်းနေရင်းအရှိန်ပါလာတာကြောင့် အချိန်တော်ကြာအောင်နမ်းပြီးမှ ပေါက်စ နှုတ်ခမ်းလေးကိုလွှတ်ပေး လိုက်သည်။ လွှတ်ပေးလိုက်တော့
" လူဆိုးကြီး ဖယ်ဗျာ "
ဟုဆိုကာ စောင်ခေါင်းမူးခြုံပြီးတစ်ခြားဘက်ကိုလှည့်ကာအိပ်နေတော့သည်။ Chan ပြုံးစိစိနဲ့ဆန်ပြုတ်ပန်းကန်နဲ့ရေခွက်ကိုစားပွဲပေါ်တင်လိုက်ကာ ပေါက်စဘေးဝင်လှဲလိုက်လေသည်။ ရှက်ရမ်းရမ်းပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ပေါက်စကို သူ့ဘက်ကိုဆွဲလှည့်လိုက်သည်။ အားသိပ်မရှိတဲ့ ပေါက်စ က သူ ဆွဲ လှည့်လိုက်တဲ့အခါ သူရင်ခွင်ထဲရောက်ချလာသည်။ စောင်ခေါင်မူးခြုံထားပေါက်စက ဖက်ထုတ်လေးလိုပင် ။
" ဟက် ချစ်စရာလေးကွာ "
" မဟုတ်ဘူး "
" အဲ အိပ်နေတာမဟုတ်ဘူးလား ပေါက်စရဲ့ "
" အိပ်နေပြီ "
" အိပ်တဲ့သူက စကားပြောတယ်လား အေးလေ အိပ်နေတယ်ဆိုတော့ အိပ်နေတဲ့ကောင်လေးမသိအောင်ခိုးနမ်းအုံးမှပါ "
Chan ပေါက်စခြုံထားတဲ့စောင်ကိုဆွဲချကာနမ်းဖို့ပြင်တော့
" လူဆိုးကြီး မထိနဲ့ သူများကို "
" ဟေ့ ကိုယ့်ကလူဆိုးကြီးဟုတ်လား ဆိုးတယ်ဆိုတာ ဘယ်လိုလဲပြရမလား "
" မပြနဲ့ သိချင်ဘူး "
" ကိုယ်ကပြချင်တာကြီးကို "
" မကြည့်ချင်ဘူး "
" ပြချင်တယ်လေ "
" မကြည့်ချင်ပါဘူးဆို "
" ပြချင်ပါတယ်ဆို "
" မကြည့်ချင်ဘူးဗျာ "
" မပြချင်ဘူးကွာ "
" ကြည့်ချင်တယ် အဲ "
" ဟား ဟား ပေါက်စ ဘာကိုကြည့်ချင်တာလဲ ကိုယ်ပြမယ်လေ "
" လူညစ်ကြီး အစုတ်ပလုတ်ကြီး သွားခေါ်ဘူး အနားမကပ်နဲ့ "
" ပေါက်စကလည်းကွာ ကိုယ်ကစလိုက်တာ ကို စိတ်မဆိုးနဲ့လေ "
" သိဘူး "
" ကိုယ်ချော့သိပ်မယ်လေ "
" သီချင်းဆိုပြ "
" ပေါက်စသဘော လာ ကိုကို ရင်ခွင်ထဲကို "
" ဟုတ် "
🎼I hung up the phone tonight
Something happened for the first time .....
Deep inside it was a rush , what a rush .......
'Cause the possibility.....
That you would ever feel the same way......
About me is just to much , just too much......
[Why do I keep running from the truth ? ....
All I ever think about is you......
You got me hapnotized , so mesmerized......
And I just got to know ......
(Do you ever think , When you're all alone ...
All that we can be , where this thing can go?....
Am I crazy or falling in love ?....
Is it real or just another crush ?...
Do you catch your breath , when I look at you?...
Are you holding black like the way I do?.....
Cause I've tried and tried to walk away.....
But I know this crush ain't going away -ay -ay -ay.........)]
Going away -ay -ay-ay........
Has it ever crossed your mind?......
When we're hanging spending time * boy *
Are we just friends , Is there more , Is there more?...
See it's a chance we've got to take......
'Cause I believe that we can make this into......
Something that will last , last forever , forever.......
(...................................................)
[(.................................................)]
{Going away-ay-ay-ay..........}x5
Chan သီချင်းဆိုအပြီးမှာ ပေါက်စလည်း အိပ်ပျော်နေပေပြီ။ ကိုယ်ကြိတ်ပြီးချစ်ခဲ့ရတဲ့ အကောင်ပေါက်လေး အေးအေးချမ်းချမ်းအိပ်​ပျော်ပါစေကွာ။ ပြွတ်စ် Good night ပေါက်စလေး.....
T.B.C.
နောက်ကျသွားလို့ Sorry ပါ။ သီချင်းရှာနေရတာနဲ့ ပြန်ကူးရေးနေတာနဲ့ဆိုတော့ လက်စသတ်ဖို့ကကြာနေရော။
သီချင်းနာမည်က Crush ပါ။ ဆိုတဲ့သူက David Archuleta ပါ။ တစ်ခုခုမှားနေရင်လည်းကျွန်တော်ပဲမှားတာဖြစ်မှာပါ။ မြန်မာလိုပြန်မtran တာက ကြာနေမှာဆိုးတာရယ် ကိုးလို့ကန့်လန့်ဖြစ်နေမှာဆိုးလို့ပါ။ အဲ့သီချင်းက PCY ဘက်က feel ရင် feel လို့ကောင်းမဲ့ ပုံစံမျိုးပါ။ ကိုယ်က crush နေတာကို မသိတဲ့ကောင်လေးorကောင်မလေးကိုပြောပြတဲ့ပုံစံမျိုးပါ။ သီချင်းရဲ့မူလက girl ပါ။ ကျွန်တော်က boy လို့ပြောင်းထားပါတယ်။ အဲ့မှာလေ
Am I crazy or falling in love?
ဆိုတဲ့စာသားကိုအရမ်းသဘောကျတယ် ကျွန်တော်ကတော့။ ကျွန်တော်ကြိုက်လို့ရေးထားတာလေးပါ။ အချိုတွေစားပြီးပြုံးနိုင်ပါစေဗျာ။ Goodnight ပါ။ အဲ မိုးတွင်းဆိုတော့ ဂရုစိုက်ကြပါနော် တုပ်ကွေးတွေရော Covid-19 ရောဆိုတော့ ။ ကောင်းသောညချမ်းလေးဖြစ်ပါစေ။
Love U❤️
Zawgyi
ပွေ့ချီလိုက်သည်။ KS အလန့်တကြား
" သား "
" ဟုတ် မေမေ "
" အမလေး ! "
" လာ ပေါက်စ "
" အာ့ ကိုကို နာတယ် "
" ဟုတ်လား အချွဲလေး "
" ဟီး "
" ဟုတ် "
" အေးအေး "
" ပေါက်စ ကတော့ကွာ "
" အာ.."
" လာ ဆေးသောက်ရအောင် "
" ခါးတယ်ဆေးက မသောက်ဘူး "
" တကယ်လား "
" ဘယ်လို အွတ် "
" လူဆိုးကြီး ဖယ်ဗျာ "
" ဟက် ချစ်စရာလေးကွာ "
" မဟုတ်ဘူး "
" အိပ်နေပြီ "
" မပြနဲ့ သိချင်ဘူး "
" မကြည့်ချင်ဘူး "
" ပြချင်တယ်လေ "
" မကြည့်ချင်ပါဘူးဆို "
" ပြချင်ပါတယ်ဆို "
" မကြည့်ချင်ဘူးဗျာ "
" မပြချင်ဘူးကွာ "
" ကြည့်ချင်တယ် အဲ "
" သိဘူး "
" ကိုယ်ချော့သိပ်မယ်လေ "
" သီချင်းဆိုပြ "
" ဟုတ် "
'Cause the possibility.....
And I just got to know ......
Going away -ay -ay-ay........
(...................................................)
[(.................................................)]
{Going away-ay-ay-ay..........}x5
T.B.C.
Love U❤️
Continue Reading
You'll Also Like
1M 33.3K 79
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
2.8K 281 18
ပုစ္ဆာတစ်ပုဒ်မှာ ဘယ်နေရာက စမှားခဲ့တာလဲဆိုတာ ပြန်တဲ့စစ်သူသာသိနိုင်တယ်..... စွန်းသွားပြီးသားမှင်တွေကို ပြန်ဆေးကြောဖို့အတွက် မင်းရောငါရော မလုပ်နိုင်ခဲ့ဘ...
791K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
209K 9.5K 59
Orm Kornnaphat's feelings for Lingling Sirilak have undergone a transformation over time. Initially, at the age of 11, Orm held an unromantic, platon...