Uni
KS တို့တစ်ယောက်ကိုတစ်ယောက်မှီကာ စောင့်နေရင်း မီးရောင် တဝင်းဝင်းနဲ့ ဟိုဘက်ရွာကနေ သူတို့ရှိရာကိုလာနေတာကိုမြင်တော့ နှစ်ယောက်စလုံးသက်ပြင်းချမိကြသည်။ ရွာဘက်ကနေလည်း မီးရောင်တွေနဲ့သူတို့စီလာနေကြသည်။ KS နဲ့ Baek ph က Flashlight ထွန်းထားတာကြောင့် လာနေတဲ့သူတွေကိုလှမ်းမြင်ရသည်။ ဟိုဘက်ရွာကနေ အမဂျီယွန်းတို့လာနေသလို ရွာဘက်ကနေလည်း အကိုတို့လာနေကြသည်။ KS နဲ့ Baek အကိုတို့ကို ကျောပေးရင်း အမဂျီယွန်း တို့ဘက်ကိုလှည့်ကာ သေချာကြည့်မိတော့ ph ကိုင်ထားတဲ့ Baek ရဲ့လက်က တင်းခနဲဖြစ်သွားသည်။ အမဂျီယွန်းတို့နောက်ကျနေတာက လမ်းအဆင်မပြေလို့မှမဟုတ်ဘဲ။ ဝတ်စားထားတာတွေက မိုးရေတောင်မစို ။ အဲ့တာအပြင်ကို မီးရောင်အောက်မှာအင်္ကျီကတောက်နေသည်။ သူတို့ရပ်စောင့်နေတာက အရူးလို။ စိတ်ပူစွာရပ်စောင့်နေပေမဲ့ သူမတို့ကတော့ အပူအပင်ကင်းစွာပြန်လာနေသည်။ Baek တောက် ခေါက်သံတိုးတိုးထွက်သွားသည်။ KS နဲ့ဖြစ်ထားတဲ့ ပြဿနာကို သိထားတာကြောင့် လက်သီးဆုတ်ထားမိတာ သွေးကြောတွေတောင်ထောင်နေသည်။ သူမသူငယ်ချင်းတွေက သူတို့နှစ်ယောက်ကိုမြင်ပေမဲ့ သူမကတော့ ဟိုဘက်ရွာက ရွာသားနဲ့စကားပြောနေတာ သူ့တို့ကိုတောင်မမြင်နိုင်။ သူတို့နှစ်ယောက် ရှိရာအပင်အောက် ရောက်လာမှ သူတို့နှစ်ယောက်ကိုမြင်သွားကာ သူတို့ဆီလျှောက်လာကြသည်။
" အမတို့ကိုလိုက်ပို့ပေးလို့ကျေးဇူးတင်ပါ ။ မိုးလည်းမှောင်နေပြီဆိုတော့ ပြန်လိုက်ပါတော့ ။ ဧည့်ဝတ်မကျေမိတာကိုဗွေမယူပါနဲ့ ။ ဒီထက်နောက်ကျသွားရင် ခရီးဖင့်နေမှာဆိုးလို့ပါ "
Baek ဒေါသထွက်နေတာကြောင့်
ဟိုဘက် ရွာက ရွာသားတွေကိုဟန်ဆောင် ပြီးတောင် ပြုံးမပြနိုင် ၊
ဧည့်မခံနိုင်ဖြစ်ကာ ပြန်ဖို့ပြောလိုက်သည်။
" အို အားနာစရာကြီး ဘယ်လိုပြောလိုက်တာလဲ မောင်လေး "
အမဂျီယွန်းက အားနာစွာဆိုသည်။
" ကျွန်တော်က အမှန်တိုင်းပြောတာပါ အမ "
Baek ကခပ်တည်တည်ပြောလာတော့
" ဟုတ်ပါတယ် သူပြောတာလည်းအမှန်ပဲလေ။အပြန်ဒီထပ်မှောင်သွားရင်မကောင်းလို့ပါ ။ အဲ့တာဆိုကျွန်တော်တို့ကိုသွားခွင့်ပြုအုံး "
ဟုဆိုကာ နှုတ်ဆက်စကားပြောပြီးပြန်သွားကြလေသည်။ အမဂျီယွန်းက KS ကို စူးစိုက်ကြည့်ကာ သူမယူလာတဲ့ အိတ်ထဲက အင်္ကျီကို ထုတ်ကာ KS ရှေ့ပစ်ချပေးလိုက်သည်။ အဲ့တာက KS ခြုံပေးခဲ့တဲ့အင်္ကျီ။ နောက်ပြီး သူမသူငယ်ချင်းကိုင်လာတဲ့ အိတ်ကို KS ရှေ့လွှတ်ပစ်ပေးသည်။ Baek အံ့ကြိတ်ထားကာ မမြင်ချင်ယောင်ဆောင်ပြီး
" အမ ရွာဓမ္မာရုံမှာ အမတို့ကိုစောင့်နေတာမို့ အဲ့ကိုသွားပေးပါ "
ဟုပြောလိုက်လျှင် ဘာစကားမှထက်မဆိုဘဲ သူတို့နှစ်ယောက်ရှေ့က ချာခနဲလှည့်ထွက်သွားကြသည်။ သူမသူငယ်ချင်းဖြစ်တဲ့ရွာကအမကြီးတွေကတော့ KS တို့နှစ်ယောက်ကိုအားနာသလိုကြည့်သွားကြသည်။ ကျန်တဲ့ အမဂျီယွန်းနဲ့ပါလာတဲ့သူတွေကတော့ အမဂျီယွန်းနောက်ကောတော့ကော့တော့နဲ့ပါသွားကြသည်။ KS ကတော့ မျက်နှာသေခနကြာအောင် ရပ်နေသည်။ နောက်တော့ သွားရအောင်ဟုဆိုကာ ရွာဓမ္မာရုံသို့ထွက်ခါခဲ့ကြသည်။ အကိုတို့လည်း ရွာဓမ္မာရုံမှာရှိမှာသေချာသည်။ သူတို့နှစ်ယောက်ဆီလာမယ်ထင်ပေမဲ့ ရွာဓမ္မာရုံဘက်သို့ကွေ့သွားတာမြင်လိုက်တာကြောင့် ရွာဓမ္မာရုံသို့ထွက်ခဲ့ခြင်း။ Baek ကတော့ သူတို့ရှေ့ကဝင်သွားတဲ့အမဂျီယွန်းတို့ကိုကြည့်ရင်း မေတ္တာတွေပို့နေမိသည်။ အပင်အောက်မှာကျန်ခဲ့တဲ့ဖိနပ်နဲ့အင်္ကျီလေးကတော့ ပိုင်ရှင်မဲ့စွာ....................................
KS နဲ့ Baek ရွာဓမ္မာရုံထဲဝင်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းက Baek ရင်ဘက်ကိုဆူးခနဲ။ဆရာChanက အမဂျီယွန်းရဲ့ခြေထောက်ကိုဆေးလိမ်းပေးနေခြင်း။ အကုန်လုံးကလည်းဝိုင်းကြည့်နေကြသည်။ Baek တောင်ခံစားရရင် KS သာဆို ဘယ်လိုနေမလဲ တွေးတောင်မတွေးရဲ။ Baek KS ရဲ့မျက်နှာကိုကြည့်မိတော့ အေးစက်နေတဲ့မျက်နှာက တစ်ခုခုဖြစ်တော့မှာကိုသတိပေးနေသလို။
တကယ်လည်း KS သူ့ရှေ့ကမြင်ကွင်းကိုမြင်လိုက်ရချိန်မှာ ဒေါသထွက်မိတာက အကို့ကိုမဟုတ်။ အမဂျီယွန်းကို။ သူ့ရှေ့ကနေထွက်သွားတုန်းက ခြေထောက်ကအကောင်း အကို့ရှေ့ကျမှ မူယာမာယာများနေသည်။ KS အစက အရာအားလုံးကို မသိချင်ယောင်ဆောင်ထားပေမဲ့ အခုတော့ အဲ့လိုလုပ်ဖို့မဖြစ်နိုင်တော့။ KS မျက်နှာကိုခပ်နွမ်းနွမ်းပုံစံမျိုးပြုံးကာ Baek ကိုတွဲကာ ဓမ္မာရုံရဲ့ထဲကိုဝင်သွားလိုက်သည်။ အစက သူတို့က ဓမ္မရုံရဲ့ဝင်ပေါက်နားမှာဆိုတော့ဘယ်သူမှမမြင်ကြ။ သူတို့ဝင်တော့မှအကုန်လုံးသူတို့ကိုကြည့်လာကြသည်။ အကိုကလည်းအခုမှသူ့ကိုမြင်ကာ အမဂျီယွန်းကိုဆေးလိမ်းပေးနေရာမှ လွှတ်ချကာသူ့ဆီပြေးလာသည်။
" ပေါက်စ ကလေး ဘာဖြစ်လာတာလဲ ပေါက်စရယ် "
Chan ပေါက်စကိုတွဲပြီးဝင်လာတဲ့မြင်ကွင်းကြောင့်ဘာကိုမှဂရုမစိုက်နိုင်ဘဲ ကလေးစီပြေးသွားမိသည်။ Chan အရမ်းစိတ်ပူနေခဲ့ပေမဲ့ အဆင်ပြေမှာပါဟုသာဖြေတွေးနေခဲ့ရသည်။ သူစောစောလာရှာချင်ပေမဲ့ ရွာလူကြီးတွေနဲ့ရွာဘုရားပွဲနဲ့ပက်သက်ပြီးဆွေးနွေးနေရတာကြောင့် အိမ်ကိုညနေ 5နာရီခွဲမှပြန်ရောက်သည်။ မိုးတွေရွာနေတာကြောင့် အိမ်ရောက်တော့မိုးရေတွေစိုနေသည်။ ထီးပါသွားပေမဲ့ ထီးစောင်းဖို့မေ့သည်အထိ ပေါက်စ ဆီကိုပဲစိတ်ရောက်နေသည်။ မိုးရေစိုနေတာကြောင့်ရေချိုးပစ်ရသည်။ လိုက်သွားဖို့ပြင်ပေမဲ့ 6 နာရီထိုးနေပြီဖြစ်တာကြောင့်
ပြန်လာမယ်ထင်ကာ စောင့်နေသော်လည်းပေါ်မလာ။ မနေနိုင်မထိုင်နိုင်ထပြီးလိုက်ဖို့ပြင်တော့ ရွာလူကြီးကခနပြန်လာခဲ့ဖို့ပြော သူ့မှာပြန်သွားရသည်။ ရွာလူကြီးအိမ်ကအထွက် 6နာရီခွဲတောင်မကတော့ သူအိမ်တောင်မဝင်တော့ဘဲ ရွာဓမ္မာရုံသို့ထွက်လာခဲ့သည်။ Kai Sehun နဲ့ Xui တို့လည်း အနောက်ကနေပါလာသည်။ သူတို့လူတွေလည်းပြန်မှမရောက်ကျသေးဘဲ။ သူတို့ရွာထိပ်ကအပင်အောက်မှာ အလင်းရောင်ကိုမြင်ပေမဲ့ မရှိနိုင်ဟုထင်ကာ ဓမ္မာရုံထဲဝင်ခဲ့သည်။ သူတို့လာလို့အကုန်လုံးက အံ့သြကုန်ကြသည်။ သူတို့လေးယောက်က ရွာအလှူခံတဲ့အရေးကို သူတို့နဲ့မဆိုင်ဟုများသတ်မှတ်ထားလေးသလားဟုမေးရလောက်အောင် အလှူခံအဖွဲ့ထဲမှာဘယ်တော့မှမတွေ့ရ။ အံ့သြကြတာလည်းမဆန်း။ Chan ဓမ္မာရုံထဲ ပေါက်စကို ဝေ့ဝဲရှာတော့ ရှာမတွေ့။ Sehun နဲ့ Xui ကတော့ သူတို့ဆိုင်ရာဆီရောက်သွားကြပြီ။ Kai နဲ့ သူသာ ဆိုင်ရာလူကရှာမတွေ့ ခုနကအလင်းရောင်တွေ့ခဲ့တဲ့ အပင်အောက်ပြန်သွားဖို့အလုပ် ဓမ္မာရုံအပေါက်မှာ ဂျီယွန်းတို့နဲ့တိုးသည်။ ဂျီယွန်းက သူ့ဆီလဲကျလာတာကြောင့် သူလှန်းဆွဲကာထိန်းပေးလိုက်သည်။ သူ့ကိုသူ့သူငယ်ချင်းတွေတွဲစေကာ သွားအဖို့အလုပ် သူ့လက်ကိုလှမ်းဆွဲခြင်းခံရလေသည်။ သူလှည့်ကြည့်လိုက်တော့
" ဟို ယွန်း ခြေထောက်က လမ်းလျှောက်ဖို့အဆင်မပြေတော့လို့ အဲ့တာ......"
" ကိုယ်မအားလို့ သွားခွင့်ပြုပါအုံး မင်းသူငယ်ချင်းတွေနဲ့သွားလိုက်ပါ "
Chan ပြတ်ပြတ်သားသားလုပ်ပြီးထွက်သွားဖို့လုပ်ပေမဲ့
" အား!!! "
Chan သုံးထပ်ပဲရှိတဲ့လှေကားအရင်းမှာပဲရှိ သေးတယ် အော်သံ ကြောင့် လှည့်ကြည့်တော့ တမံသလင်းပေါ်လဲကျနေတဲ့ ဂျီယွန်း။ အကူတောင်းနေတဲ့မျက်လုံးနဲ့ကြည့်နေတာရယ် လူတွေရှိနေတာရယ် ဘုရားရိပ်ဖြစ်တာကြောင့်ရယ် မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့်ရယ် အကြောင်းပြချက်များစွာကြောင့် ဂျီယွန်းကိုတွဲကာ နေရာလွတ်တစ်ခုမှာချပေးလိုက်သည်။ ဆေးလိမ်းပေးဖို့ပြောလာတာကြောင့် စိတ်တိုပေမဲ့လည်း ဘာမှမဖြစ်သလိုဟန်ဆောင်ကာ လိမ်းပေးနေရသည်။ သူအနားမှာရှိနေတဲ့ Lu ရဲ့ KS ဆိုတဲ့အသံကြောင့် လှမ်းကြည့်မိတော့ ကျွန်တော့ရဲ့ပေါက်စ ။ ကျွန်တော်ရဲ့ပေါက်စက Baek ကိုတွဲထားနေတာကိုမြင်ခိုက်ရတဲ့တစ်ခန
ပေါက်စကိုပြေးဖက်မိသည်။ ဓမ္မာရုံဆိုတာသိပေမဲ့ သူပေါက်စကိုဘယ်လောက်စိတ်ပူနေတာ သူသာသိသည်။ ပေါက်စနဲ့မတွေ့ရတဲ့ 9 နာရီက သူ့အတွက်ငရဲလို။ သူဘယ်လောင်လွမ်းနေခဲ့တာလဲ ။ သေချာတယ် ပေါက်စ သာတစ်ခုခုဖြစ်ကြည့် သူရူးသွားမှာအမှန်ပင်။
" ကိုကို ကိုကို လွှတ်အုံးလေ ကိုကိုလွှတ်လို့ ဖတ်ထားတာနာနေပြီ "
KS သူ့ကိုတင်းကျပ်စွာဖတ်ထားတဲ့ ကိုကို့ ကိုလွှတ်ဖို့မနည်းပြောယူရသည်။ အစက အမဂျီယွန်းကို မနာလိုအောင်လုပ်မယ်တွေးထားသမျှ ကိုကိုကြောင့် အကုန်အရည်ပျော်ပြီးပျောက်သွားသည်။ ကိုကို သူ့ကိုစိတ်ပူနေတာကအရာအာလုံးကိုမေ့စေသည်လေ။
Chan ပေါက်စပြောမှလွှတ်ဖို့သတိရသည်။
" ဟင် နာတယ် ဘယ်နားနာတာလဲ ကိုကို့ ဘယ်နားထိခိုက်ထားတာလဲ "
Chan KS ခန္ဒာကိုယ်တစ်ခုလုံးကို လှည့်ကာကြည့်လိုက်သည်။
" ပါးကို ခိုင်းမိထားတာလေ ဟင့် "
" ဟင် "
Chan အနောက်ကနေ Chen နဲ့ Baek ရဲ့ အသံကြောင့် ပေါက်စ ရဲ့ပါး ကို ကြည့်မိတော့ ပေါက်စရဲ့ပါးမှာ လက်ချောင်းရာက ထင်းနေသည်။
" ဘာဖြစ်တာလဲ ပေါက်စ ...ဘယ်သူလုပ်တာလဲ ...."
KS မဖြေဘဲ ခေါင်းငုံ့နေလိုက်သည်။
" ပေါက်စ ဘယ်သူလုပ်တာလဲလို့ "
T.B.C.
ကဲရှည်မယ်လို့ထင်ပါတယ်။ 2 ပိုင်းပဲ UP တော့မယ်နော်။ မိုးခြိမ်းနေတဲ့ကြားက UP မကြောက်မရွံ့ UP ပေးတာနော်။ အမှားပါရင်ခွင့်လွှတ်ပါ စာဖတ်သူတစ်ယောက်ချင်းစီကိုကျေးဇူးတင်လျက်...........
Zawgyi
" အား!!! "
" ဟင် "
T.B.C.