Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 229

4.4K 810 17
By Dancing_Breeze

[Zawgyi]

<ထပ္တူညီစြာမွတ္သားျပဳလုပ္သူ>

နဥ္ရႈေနာက္ကို မွတ္တမ္းတင္သူတစ္ေယာက္ ေတာက္ေလ်ွာက္လိုက္ေနေလ၏။နဥ္ရႈဘာကိုပဲေျပာလိုက္ေျပာလိုက္ သူက သူမေျပာလိုက္တာကို အတုခိုးကာ အဲ့စကားက နဥ္ရႈေခါင္းထဲမွာပဲ့တင္ထပ္လာသည္အထိ ထပ္ကာထပ္ကာေျပာေနေပလိမ့္မည္။

သူမ ဘာလို႔ ထူးဆန္းတဲ့လူေတြနဲ႔ပဲေတြ႕ေနရတာလဲ? ၿပီးေတာ့ သူမဘာပဲလုပ္လုပ္ ဗီဇကဲြzombieက အတုခိုးကာလိုက္လုပ္လိမ့္မည္။

အဆိုးဆံုးကေတာ့ သူမ သူ႔ကိုမသတ္နိုင္တာပဲ! ထို႔ေၾကာင့္ သူမဘာမွမလုပ္နိုင္ဘဲ သူက သူမေနာက္ေန႔တိုင္းလိုက္ေနတာကို ခြင့္ျပဳေပးထားရေတာ့သည္။ အန္ကယ္ေလ်ွာ္ေပးထားလို႔ ႏူးညံ့ေနတဲ့ဆံပင္ေတြက ရႈပ္ေထြးၾကမ္းတမ္းလာတဲ့အခါ သူမစိတ္တိုလာသည္။

အား...သူမ အန္ကယ့္ကို တကယ္လြမ္းတယ္။ အန္ကယ္ သူမအေပၚဘယ္လိုသေဘာထားလဲဆိုတာ သူမရုတ္တရက္ဆိုသလို သေဘာေပါက္သြားသည္။ အတ္ကယ္က သူမကို အရမ္းတံုးတယ္လို႔သေဘာထားၿပီး သူမကို မေသမခ်င္းလည္ပင္းညႇစ္သတ္ခ်င္စိတ္ကို ႀကိဳးစားထိန္းခ်ဳပ္ထားရတာျဖစ္မည္။

ဒါေပမယ့္လည္း လူတစ္ေယာက္က နႈိင္းယွဥ္စရာအေျခအေနရွိမွသာ နႈိင္းယွဥ္ၾကည့္လို႔ရတာျဖစ္သည္။ သူမက ဒီဗီဇကဲြzombieနဲ႔ယွဥ္ရင္ အေတာ္ေလးစမတ္က်တယ္လို႔ နဥ္ရႈခံစားလိုက္ရသည္။ အန္ကယ္သာ ဒီဗီဇကဲြzombieနဲ႔မ်က္နွာခ်င္းဆိုင္မိရင္ သူ႔ေသနတ္ကိုခ်က္ခ်င္းထုတ္ကာ အနွီဗီဇကဲြzombieကို ဖ်က္ဆီးေပလိမ့္မည္။

"ေဒ...စီ။ ငါ့..နာ...မည္..က...ေဒ...စီ။"

နဥ္ရႈ သူမကိုယ္သူမ လက္ညႇိဳးထိုးကာ ဒီစကားေတြကို တစ္လံုးခ်င္းေျပာလိုက္သည္။

"ဒ...ေဒြ..."

ဗီဇကဲြzombieက ထပ္ေျပာသည္။

"ေဒ...ေဒ...စီ...။"

နဥ္ရႈက ထပ္ေျပာသည္။

"ေဒ....."

ေကာင္းၿပီ။ ဒီနာမည္က ဗီဇကဲြzombieအတြက္ အေတာ္ေလးခက္တဲ့ပံုပဲ။ သူ႔ကို အသံထြက္မွန္ေအာင္ျပင္ေပးဖို႔က ခက္ခဲတာကိုနဥ္ရႈသိၿပီးျဖစ္သည္။ ၿပီးေတာ့ ဒါက ေတာ္ေတာ္ေလး နီးစပ္ေနၿပီပဲေလ။

"ေဒ...ေဒ...။"

ဗီဇကဲြzombieက သူသင္လိုက္တဲ့စကားလံုးအသစ္တိုင္းကို သံကြင္းတင္းက်ပ္သြားေစတဲ့ဂါထာကို ႐ြတ္ဆိုေနသလို အဆက္မျပတ္ထပ္ကာထပ္ကာ႐ြတ္ေနေပလိမ့္မည္။

တစ္ခါတစ္ရံမွာေတာ့ ဗီဇကဲြzombieကေျပးထြက္သြားတတ္ၿပီး ခဏၾကာလ်ွင္ နဥ္ရႈစားရန္အတြက္ ေသြးစိမ္းရွင္ရွင္ထြက္ေနေသာနွလံုးကိုကိုင္ကာ ျပန္ေရာက္လာတတ္သည္။

နဥ္ရႈ : ....

အနွီငတံုးေကာင္ကို သူမ နွလံုးေတြမစားဘူးဆိုတာသိေအာင္ အခ်ိန္အေတာ္ၾကာေအာင္ ေတာ္ေတာ္ေလးရွင္းျပၿပီးေတာ့မွသာ သူက နဥ္ရႈကို ေသြးစိမ္းရွင္ရွင္ယိုစီးေနတဲ့နွလံုးေတြ လက္ေဆာင္ေပးတာရပ္လိုက္ေလ၏။

သူ႔ကိုဒီလိုျမင္ရတဲ့အခါ နဥ္ရႈ သူ႔အေပၚမွာထပ္ၿပီး မေက်မနပ္ျဖစ္မေနေတာ့ေပ။ ဒီငတံုးေကာင္က သူ သူမကိုတစ္ႀကိမ္ထိခိုက္ေစခဲ့ဖူးတယ္ဆိုတာကို သတိရမွာမဟုတ္။ ၿပီးေတာ့ သူ႔လက္ထဲမွာေသခဲ့ရတဲ့လူေတြလည္း နည္းတာမွမဟုတ္ဘဲေလ။

ဒီလိုနဲ႔အခ်ိန္ခဏေလာက္ၾကာသြားၿပီးေနာက္မွာ နဥ္ရႈက သူ႔ကို စကားေျပာတတ္ေအာင္သင္ေပးျခင္းအား အေလးအနက္ထားလာၿပီး အခုဆို သူမတို႔နွစ္ေယာက္ဟာ ရိုးရွင္းတဲ့စကားေတြကို အျပန္အလွန္ေျပာေနနိုင္ၾကၿပီျဖစ္သည္။ စကားေျပာတဲ့အခါ ပိုၿပီးအဆင္ေျပေစဖို႔အတြက္ နဥ္ရႈက zombieကို ေရွာင္မင္လို႔အမည္ေပးလိုက္ေလ၏။

zombieကို ထိုအမည္ကို ဝမ္းေျမာက္ဝမ္းသာလက္ခံေလသည္။ ထို႔ေနာက္တြင္ေတာ့ သူက ေဒဆိုတဲ့နာမည္ကို႐ြတ္ရင္႐ြတ္၊ မ႐ြတ္ရင္ ေရွာင္မင္ဆိုတဲ့နာမည္ကို႐ြတ္ေနတတ္ေလ၏။

စြမ့္ပစ္ထားတဲ့ကုန္ေလွာင္ရံုမွာ အခ်ိန္အေတာ္ၾကာေနၿပီးေနာက္ နဥ္ရႈပ်င္းလာကာ Phoenixကိုထပ္ရွာရန္ ဆံုးျဖတ္လိုက္သည္။ ဗိုလ္ခ်ဳပ္ရွိေနတဲ့baseကို အရင္စစ္ေဆးၾကည့္ဖို႔ သူမဆံုးျဖတ္လိုက္၏။ Phoenixက အဲ့baseမွာရွိေနတုန္းျဖစ္နိုင္သည္။

"ေရွာင္မင္...ငါသြားေတာ့မယ္။ ငါ့ေနာက္ကို ထပ္မလိုက္ခဲ့နဲ႔ေတာ့။"

နဥ္ရႈက ပတ္ဝန္းက်င္တစ္ဝိုက္ကို သူမဘာသာေလ်ွာက္သြားဖို႔ ဆံုးျဖတ္လိုက္သည္။ သူမ Phoenixနဲ႔တိုးရင္ေတာ့ ေကာင္းတာေပါ့ေလ။

သူမ Phoenixနဲ႔ ေသခ်ာေပါက္တိုးမယ္လို႔ နဥ္ရႈခံစားမိေနသည္။ Phoenixက သူမကိုအရမ္းမုန္းေနတာျဖစ္လို႔ ဇာတ္ေၾကာင္းက Phoenixကို လက္စားေခ်ဖို႔အခြင့္အေရးတစ္ခုေပးမည္သာ။

ေရွာင္မင္က နဥ္ရႈကိုၾကည့္ကာ အထစ္ထစ္အေငါ့ေငါ့နွင့္ေျပာလာ၏။

"ဘယ္...ဘယ္ကိုလဲ?"

"မသိဘူး။"

နဥ္ရႈ ပခံုးတြန္႔ကာ အေလးအနက္မထားစြာပင္ ျပန္ေျဖသည္။

"ငါ လိုက္မယ္။"

ေရွာင္မင္က ေျပာသည္။

"နင္လိုက္ခ်င္ရင္လည္း လိုက္ခဲ့ေတာ့။"

ေကာင္းေကာင္းဆိုးဆိုး သူက တိုက္ခိုက္နိုင္စြမ္းေကာင္းၿပီး အေရးအႀကီးဆံုးက သူက zombieေတြကို အမိန္႔ေပးနိုင္သည္ေလ။

သူမ ခဏၾကာေအာင္ေလ်ွာက္သြားခဲ့ဖူးေသာ္လည္း ဘာေၾကာင့္မွန္းမသိ zombieေတြကို ဆင့္ေခၚနိုင္ျခင္းမရွိေပ။

ထို႔ေနာက္တြင္ေတာ့ နဥ္ရႈတစ္ေယာက္ သူမေနာက္က တစ္ေကာက္ေကာက္လိုက္ေနတဲ့ အၿမီးေလးနဲ႔အတူ ပတ္ဝန္းက်င္မွာ စမ္းတဝါးဝါးပင္ေလ်ွာက္သြားျခင္းျဖင့္ သူမေန႔ရက္ေတြကိုကုန္ဆံုးေစခဲ့ေလ၏။ သူမ စိတ္ပါတဲ့အခ်ိန္တိုင္း ေရွာင္မင္ကို ဘယ္လိုစကားေျပာရမယ္ဆိုတာသင္ေပးတတ္တာေၾကာင့္ ေရွာင္မင္ဟာ မၾကာခင္မွာပဲ ပိုၿပီးလြယ္လြယ္ကူကူစကားေျပာနိုင္လာခဲ့သည္။

ေရွာင္မင္က သူမရဲ႕မ်ိဳးရိုးဗီဇအဆီအနွစ္ကို လုမလားဆိုတာသိခ်င္သည့္အတြက္ နဥ္ရႈမ်ိဳးရိုးဗီဇအဆီ္အနွစ္ပုလင္းေလးကို ထုတ္ယူလိုက္ေသာ္လည္း သူမ အေတြးလြန္သြားပံုေပၚသည္။ ေရွာင္မင္က မ်ိဳးရိုးဗီဇအဆီအနွစ္ကိုေသာက္ရတာ ႀကိဳက္ပံုမေပၚေခ်။ မ်ိဳးရိုးဗီဇအဆီအနွစ္နဲ႔ နွလံုး နွစ္ခုထဲကတစ္ခုကိုေ႐ြးခ်ယ္ရမည္ဆိုလ်ွင္ ေရွာင္မင့္အေနနဲ႔ နွလံုးကိုသာ ျပတ္ျပတ္သားသားေ႐ြးခ်ယ္ေပလိမ့္မည္။

ေရွာင္မင္က ဒီလိုအစားအေသာက္မ်ိဳးနဲ႔ အသားက်ေနၿပီလို႔ နဥ္ရႈခန္႔မွန္းမိလိုက္တာေၾကာင့္ အခုဆို နဥ္ရႈတစ္ေယာက္ သူမဗိုက္ဆာတဲ့အခ်ိန္တိုင္း မ်ိဳးရိုးဗီဇအဆီအနွစ္ကို စိုးရိမ္ျခင္းအလ်င္းမရွိထုတ္ေသာက္ေနတတ္ေခ်ၿပီ။

သူတို႔ ရက္အေတာ္ၾကာေအာင္ ေလ်ွာက္သြားေနခဲ့ၾကေသာ္လည္း လူတစ္ေယာက္နဲ႔မွမတိုးေခ်။ ဒီတစ္ဝိုက္မွာ ေလ်ွာက္သြားေနတတ္ၾကတဲ့zombieေတြပဲရွိတာေၾကာင့္ လူသားမ်ိဳးႏြယ္က မ်ိဳးတုန္းေပ်ာက္ကြယ္သြားၿပီဟုပင္ထင္ရ၏။

နဥ္ရႈ ေရွာင္မင္ကိုေျပာလိုက္သည္။

"ေနာက္က်ရင္ လူေတြအမ်ားႀကီးမသတ္နဲ႔ေတာ့။ အထူးသျဖင့္ စြမ္းအားရွင္ေတြကို။"

"ဘာလို႔လဲ?"

ေရွာင္မင္က နဥ္ရႈကို ရႈပ္ေထြးမႈတို႔ျဖင့္ၾကည့္လာသည္။ ေရွာင္မင့္အတြက္ေတာ့ လူသားေတြက စားစရာသက္သက္သာ။

"နင္ လူေတြအကုန္လံုးသတ္လိုက္ၿပီးရင္ ေနာက္က် နင္ဘာသြားစားမွာလဲ?"

နဥ္ရႈက ေဘာက္ဆတ္ဆတ္ေျပာသည္။ လူသားေတြအသက္ရွင္ဖို႔က ခက္ခဲလြန္းသည္။ သာမန္zombieေတြက တစ္ဘဝလံုးဆာေလာင္မြတ္သိပ္မႈရဲ႕နွိပ္စက္ျခင္းကိုခံေနရၿပီး ဒါကအဆိုးဆံုးပင္။ သို႔ေသာ္လည္း ဗီဇကဲြzombieေတြကေတာ့ စြန္းအားႀကီးလြန္းသည္။

ေရွာင္မင္က နားလည္သြားပံုေပၚသည္။ ဒီအေၾကာင္းကိုစဥ္းစားေနခ်ိန္မွာ သူ႔မ်က္လံုးေတြက လည္ေနေလ၏။
......
[NOTE]

သံကြင္းတင္းက်ပ္သြားေစတဲ့ဂါထာဆိုတာ အေနာက္အရပ္သို႔ခရီးသြားျခင္းထဲကဂါထာ။ ကြမ္ရင္မယ္ေတာ္က ဆရာေတာ့္ကိုသင္ေပးထားတဲ့ဂါထာေလ။ အဲ့ဂါထာ႐ြတ္တိုင္း ဝူခံုးေခါင္းမွာရွိတဲ့သံကြင္းကတင္းလာၿပီး နာလာတတ္တာ။

ေဒစီဆိုတဲ့နာမည္က E-translatorက အဆင္ေျပေအာင္ယူထားတဲ့နာမည္ပါ။ တရုတ္နာမည္အရေတာ့ Hua Duoer(ဟြားသိုးအာ~Google translateမွယူထားျခင္း)ဆိုတဲ့နာမည္။ အဓိပၸါယ္ကေတာ့ Hua=ပန္း၊ Dou=အဖူး၊ er=ကေလးတဲ့။ ေရွာင္မင္က ေရွ႕ဆံုးနဲ႔ေနာက္ဆံုးအလံုးကိုပဲမွတ္မိတာ။ ဒီေတာ့သူေခၚတာက Huaer=ပန္းေလးဆိုၿပီးေခၚတာ။ ပိုခ်စ္စရာေကာင္းတဲ့နာမည္ေပါ့။ တရုတ္ေတြက erဆိုတဲ့စကားကို ခ်စ္စနိုးေခၚတဲ့ေနရာမွသံုးတယ္ထင္တယ္။ 100%ေတာ့ မေသခ်ာဘူး။ Hua Duoerဆိုတဲ့နာမည္က ငါ့အတြက္တစ္မ်ိဳးႀကီးျဖစ္ေနလို႔ Daisy(ေဒစီ)ဆိုတဲ့နာမည္ယူလိုက္တာ။ ေရွာင္မင့္အတြက္ေတာ့ ေဒစီဆိုတဲ့နာမည္က Dazeနဲ႔ပိုနီးစပ္တယ္။

Xiao Ming(ေရွာင္မင္)ဆိုတဲ့နာမည္မွာ Xiaoဆိုတာက တရုတ္ပံုနွိပ္စာအုပ္ေတြမွာ အေတြ႕ရမ်ားတယ္။ Xiao=little(ေလး)၊ Ming=bright/intelligent(ဥာဏ္ေကာင္းတာ)။ ျမန္မာမႈျပဳရရင္ ဖိုးဥာဏ္ေကာင္းေလးေပါ့ XD

"လူတစ္ေယာက္က နႈိင္းယွဥ္စရာအေျခအေနရွိမွသာ နႈိင္းယွဥ္ၾကည့္လို႔ရတာ။"

ငါ့ကေတာ့ နဥ္ရႈေလး အဲ့zombieက နင့္ထက္ပိုၿပီးစမတ္က်တယ္လို႔ထင္တယ္။ ေက်ာင္းဆရာဝန္အန္ကယ္လည္း ယွဥ္ၾကည့္မိမယ္ဆိုရင္ သူကဒီလိုေျပာလိမ့္မယ္။

"မင္းက မင္းကိုမင္း သူ႔ထက္ပိုၿပီး စမတ္က်တယ္လို႔ထင္ေနတယ္။ *နွာေခါင္းရႈံ႕* ဦးေနွာက္ရွိတာေရာ၊ ခြန္အားေရာမွာ မင္းယဥ္လို႔ကိုမရဘူး။ မ်ိဳးရိုးဗီဇအဆီအနွစ္အကုန္ေသာက္ၿပီးတာေတာင္ မင္းက ဒီzombieအရိုင္းအစိုင္းေကာင္ကို ဒဏ္ရာရေအာင္မလုပ္နိုင္ဘူး။ သူက သူ႔ဘာသာပ်ံတတ္ေအာင္သင္ခဲ့သလို တစ္ျခားzombieေတြကိုလည္း ဆင့္ေခၚနိုင္တယ္။ ၿပီးေတာ့ ဗဟုသုတေတြရွာဖို႔လည္းသိေသးတယ္။ အဲ့အခ်ိန္မွာ မင္းကေရာ? မင္းလုပ္တာက အိပ္တာစားတာပဲ။ ဒီzombieက လူသားေတြရဲ႕စကားကိုေျပာနိုင္ဖို႔သင္ယူေနခ်ိန္မွာ မင္းကေတာ့ တစ္ျခားzombieေတြကို ဆင့္ေခၚနိုင္ဖို႔သင္ယူမယ္မရွိဘူး။ မင္းကေတာ့ ေမ်ွာ္လင့္ခ်က္မရွိေတာ့ဘူး။ ကိုယ့္ကိုကိုယ္ဟုတ္လွၿပီထင္ေနတဲ့ယံုၾကည္မႈမ်ိဳး ဘယ္ကရလာတာလဲ? မင္းတို႔နွစ္ေယာက္လံုးတူတဲ့တစ္ခုတည္းေသာအခ်က္က ညစ္ပတ္တာပဲ။ အခု ကိုယ့္ဘာသာသြားသန္႔ရွင္းၾက!"

___ဒါေပါ့...ေက်ာင္းဆရာဝန္အန္ကယ္ စကားအမ်ားႀကီးေျပာမွသာ ဒီလိုမ်ိဳးျဖစ္လာနိုင္လိမ့္မယ္။ အန္ကယ္က နဥ္ရႈကိုေခါင္းအစေျခအဆံုး ခဏခဏအျပစ္ရွာတတ္တယ္လို႔ေျပာေပမယ့္ တစ္ခါမွေတာ့ ေရးျပမထားဖူးဘူး(ငါအေတာ္ေလးကို စိတ္ခ်မ္းသာတဲ့အခ်က္ေပါ့)။
.......
ရွည္လိုက္တဲ့ Noteရွင္။ ဘာသာျပန္မေပးဘဲထားလည္းရေပမယ့္ ျပန္ခ်င္လို႔ကိုျပန္တာ။ ဒါေတာင္ တစ္ခ်ိဳ႕မလိုဘူးထင္တဲ့ေနရာေတြေက်ာ္ခ်ထားေသး။
.....

[Unicode]

<ထပ်တူညီစွာမှတ်သားပြုလုပ်သူ>

နဉ်ရှုနောက်ကို မှတ်တမ်းတင်သူတစ်ယောက် တောက်လျှောက်လိုက်နေလေ၏။နဉ်ရှုဘာကိုပဲပြောလိုက်ပြောလိုက် သူက သူမပြောလိုက်တာကို အတုခိုးကာ အဲ့စကားက နဉ်ရှုခေါင်းထဲမှာပဲ့တင်ထပ်လာသည်အထိ ထပ်ကာထပ်ကာပြောနေပေလိမ့်မည်။

သူမ ဘာလို့ ထူးဆန်းတဲ့လူတွေနဲ့ပဲတွေ့နေရတာလဲ? ပြီးတော့ သူမဘာပဲလုပ်လုပ် ဗီဇကွဲzombieက အတုခိုးကာလိုက်လုပ်လိမ့်မည်။

အဆိုးဆုံးကတော့ သူမ သူ့ကိုမသတ်နိုင်တာပဲ! ထို့ကြောင့် သူမဘာမှမလုပ်နိုင်ဘဲ သူက သူမနောက်နေ့တိုင်းလိုက်နေတာကို ခွင့်ပြုပေးထားရတော့သည်။ အန်ကယ်လျှော်ပေးထားလို့ နူးညံ့နေတဲ့ဆံပင်တွေက ရှုပ်ထွေးကြမ်းတမ်းလာတဲ့အခါ သူမစိတ်တိုလာသည်။

အား...သူမ အန်ကယ့်ကို တကယ်လွမ်းတယ်။ အန်ကယ် သူမအပေါ်ဘယ်လိုသဘောထားလဲဆိုတာ သူမရုတ်တရက်ဆိုသလို သဘောပေါက်သွားသည်။ အတ်ကယ်က သူမကို အရမ်းတုံးတယ်လို့သဘောထားပြီး သူမကို မသေမချင်းလည်ပင်းညှစ်သတ်ချင်စိတ်ကို ကြိုးစားထိန်းချုပ်ထားရတာဖြစ်မည်။

ဒါပေမယ့်လည်း လူတစ်ယောက်က နှိုင်းယှဉ်စရာအခြေအနေရှိမှသာ နှိုင်းယှဉ်ကြည့်လို့ရတာဖြစ်သည်။ သူမက ဒီဗီဇကွဲzombieနဲ့ယှဉ်ရင် အတော်လေးစမတ်ကျတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ အန်ကယ်သာ ဒီဗီဇကွဲzombieနဲ့မျက်နှာချင်းဆိုင်မိရင် သူ့သေနတ်ကိုချက်ချင်းထုတ်ကာ အနှီဗီဇကွဲzombieကို ဖျက်ဆီးပေလိမ့်မည်။

"ဒေ...စီ။ ငါ့..နာ...မည်..က...ဒေ...စီ။"

နဉ်ရှု သူမကိုယ်သူမ လက်ညှိုးထိုးကာ ဒီစကားတွေကို တစ်လုံးချင်းပြောလိုက်သည်။

"ဒ...ဒွေ..."

ဗီဇကွဲzombieက ထပ်ပြောသည်။

"ဒေ...ဒေ...စီ...။"

နဉ်ရှုက ထပ်ပြောသည်။

"ဒေ....."

ကောင်းပြီ။ ဒီနာမည်က ဗီဇကွဲzombieအတွက် အတော်လေးခက်တဲ့ပုံပဲ။ သူ့ကို အသံထွက်မှန်အောင်ပြင်ပေးဖို့က ခက်ခဲတာကိုနဉ်ရှုသိပြီးဖြစ်သည်။ ပြီးတော့ ဒါက တော်တော်လေး နီးစပ်နေပြီပဲလေ။

"ဒေ...ဒေ...။"

ဗီဇကွဲzombieက သူသင်လိုက်တဲ့စကားလုံးအသစ်တိုင်းကို သံကွင်းတင်းကျပ်သွားစေတဲ့ဂါထာကို ရွတ်ဆိုနေသလို အဆက်မပြတ်ထပ်ကာထပ်ကာရွတ်နေပေလိမ့်မည်။

တစ်ခါတစ်ရံမှာတော့ ဗီဇကွဲzombieကပြေးထွက်သွားတတ်ပြီး ခဏကြာလျှင် နဉ်ရှုစားရန်အတွက် သွေးစိမ်းရှင်ရှင်ထွက်နေသောနှလုံးကိုကိုင်ကာ ပြန်ရောက်လာတတ်သည်။

နဉ်ရှု : ....

အနှီငတုံးကောင်ကို သူမ နှလုံးတွေမစားဘူးဆိုတာသိအောင် အချိန်အတော်ကြာအောင် တော်တော်လေးရှင်းပြပြီးတော့မှသာ သူက နဉ်ရှုကို သွေးစိမ်းရှင်ရှင်ယိုစီးနေတဲ့နှလုံးတွေ လက်ဆောင်ပေးတာရပ်လိုက်လေ၏။

သူ့ကိုဒီလိုမြင်ရတဲ့အခါ နဉ်ရှု သူ့အပေါ်မှာထပ်ပြီး မကျေမနပ်ဖြစ်မနေတော့ပေ။ ဒီငတုံးကောင်က သူ သူမကိုတစ်ကြိမ်ထိခိုက်စေခဲ့ဖူးတယ်ဆိုတာကို သတိရမှာမဟုတ်။ ပြီးတော့ သူ့လက်ထဲမှာသေခဲ့ရတဲ့လူတွေလည်း နည်းတာမှမဟုတ်ဘဲလေ။

ဒီလိုနဲ့အချိန်ခဏလောက်ကြာသွားပြီးနောက်မှာ နဉ်ရှုက သူ့ကို စကားပြောတတ်အောင်သင်ပေးခြင်းအား အလေးအနက်ထားလာပြီး အခုဆို သူမတို့နှစ်ယောက်ဟာ ရိုးရှင်းတဲ့စကားတွေကို အပြန်အလှန်ပြောနေနိုင်ကြပြီဖြစ်သည်။ စကားပြောတဲ့အခါ ပိုပြီးအဆင်ပြေစေဖို့အတွက် နဉ်ရှုက zombieကို ရှောင်မင်လို့အမည်ပေးလိုက်လေ၏။

zombieကို ထိုအမည်ကို ဝမ်းမြောက်ဝမ်းသာလက်ခံလေသည်။ ထို့နောက်တွင်တော့ သူက ဒေဆိုတဲ့နာမည်ကိုရွတ်ရင်ရွတ်၊ မရွတ်ရင် ရှောင်မင်ဆိုတဲ့နာမည်ကိုရွတ်နေတတ်လေ၏။

စွမ့်ပစ်ထားတဲ့ကုန်လှောင်ရုံမှာ အချိန်အတော်ကြာနေပြီးနောက် နဉ်ရှုပျင်းလာကာ Phoenixကိုထပ်ရှာရန် ဆုံးဖြတ်လိုက်သည်။ ဗိုလ်ချုပ်ရှိနေတဲ့baseကို အရင်စစ်ဆေးကြည့်ဖို့ သူမဆုံးဖြတ်လိုက်၏။ Phoenixက အဲ့baseမှာရှိနေတုန်းဖြစ်နိုင်သည်။

"ရှောင်မင်...ငါသွားတော့မယ်။ ငါ့နောက်ကို ထပ်မလိုက်ခဲ့နဲ့တော့။"

နဉ်ရှုက ပတ်ဝန်းကျင်တစ်ဝိုက်ကို သူမဘာသာလျှောက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူမ Phoenixနဲ့တိုးရင်တော့ ကောင်းတာပေါ့လေ။

သူမ Phoenixနဲ့ သေချာပေါက်တိုးမယ်လို့ နဉ်ရှုခံစားမိနေသည်။ Phoenixက သူမကိုအရမ်းမုန်းနေတာဖြစ်လို့ ဇာတ်ကြောင်းက Phoenixကို လက်စားချေဖို့အခွင့်အရေးတစ်ခုပေးမည်သာ။

ရှောင်မင်က နဉ်ရှုကိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့နှင့်ပြောလာ၏။

"ဘယ်...ဘယ်ကိုလဲ?"

"မသိဘူး။"

နဉ်ရှု ပခုံးတွန့်ကာ အလေးအနက်မထားစွာပင် ပြန်ဖြေသည်။

"ငါ လိုက်မယ်။"

ရှောင်မင်က ပြောသည်။

"နင်လိုက်ချင်ရင်လည်း လိုက်ခဲ့တော့။"

ကောင်းကောင်းဆိုးဆိုး သူက တိုက်ခိုက်နိုင်စွမ်းကောင်းပြီး အရေးအကြီးဆုံးက သူက zombieတွေကို အမိန့်ပေးနိုင်သည်လေ။

သူမ ခဏကြာအောင်လျှောက်သွားခဲ့ဖူးသော်လည်း ဘာကြောင့်မှန်းမသိ zombieတွေကို ဆင့်ခေါ်နိုင်ခြင်းမရှိပေ။

ထို့နောက်တွင်တော့ နဉ်ရှုတစ်ယောက် သူမနောက်က တစ်ကောက်ကောက်လိုက်နေတဲ့ အမြီးလေးနဲ့အတူ ပတ်ဝန်းကျင်မှာ စမ်းတဝါးဝါးပင်လျှောက်သွားခြင်းဖြင့် သူမနေ့ရက်တွေကိုကုန်ဆုံးစေခဲ့လေ၏။ သူမ စိတ်ပါတဲ့အချိန်တိုင်း ရှောင်မင်ကို ဘယ်လိုစကားပြောရမယ်ဆိုတာသင်ပေးတတ်တာကြောင့် ရှောင်မင်ဟာ မကြာခင်မှာပဲ ပိုပြီးလွယ်လွယ်ကူကူစကားပြောနိုင်လာခဲ့သည်။

ရှောင်မင်က သူမရဲ့မျိုးရိုးဗီဇအဆီအနှစ်ကို လုမလားဆိုတာသိချင်သည့်အတွက် နဉ်ရှုမျိုးရိုးဗီဇအဆ်ီအနှစ်ပုလင်းလေးကို ထုတ်ယူလိုက်သော်လည်း သူမ အတွေးလွန်သွားပုံပေါ်သည်။ ရှောင်မင်က မျိုးရိုးဗီဇအဆီအနှစ်ကိုသောက်ရတာ ကြိုက်ပုံမပေါ်ချေ။ မျိုးရိုးဗီဇအဆီအနှစ်နဲ့ နှလုံး နှစ်ခုထဲကတစ်ခုကိုရွေးချယ်ရမည်ဆိုလျှင် ရှောင်မင့်အနေနဲ့ နှလုံးကိုသာ ပြတ်ပြတ်သားသားရွေးချယ်ပေလိမ့်မည်။

ရှောင်မင်က ဒီလိုအစားအသောက်မျိုးနဲ့ အသားကျနေပြီလို့ နဉ်ရှုခန့်မှန်းမိလိုက်တာကြောင့် အခုဆို နဉ်ရှုတစ်ယောက် သူမဗိုက်ဆာတဲ့အချိန်တိုင်း မျိုးရိုးဗီဇအဆီအနှစ်ကို စိုးရိမ်ခြင်းအလျင်းမရှိထုတ်သောက်နေတတ်ချေပြီ။

သူတို့ ရက်အတော်ကြာအောင် လျှောက်သွားနေခဲ့ကြသော်လည်း လူတစ်ယောက်နဲ့မှမတိုးချေ။ ဒီတစ်ဝိုက်မှာ လျှောက်သွားနေတတ်ကြတဲ့zombieတွေပဲရှိတာကြောင့် လူသားမျိုးနွယ်က မျိုးတုန်းပျောက်ကွယ်သွားပြီဟုပင်ထင်ရ၏။

နဉ်ရှု ရှောင်မင်ကိုပြောလိုက်သည်။

"နောက်ကျရင် လူတွေအများကြီးမသတ်နဲ့တော့။ အထူးသဖြင့် စွမ်းအားရှင်တွေကို။"

"ဘာလို့လဲ?"

ရှောင်မင်က နဉ်ရှုကို ရှုပ်ထွေးမှုတို့ဖြင့်ကြည့်လာသည်။ ရှောင်မင့်အတွက်တော့ လူသားတွေက စားစရာသက်သက်သာ။

"နင် လူတွေအကုန်လုံးသတ်လိုက်ပြီးရင် နောက်ကျ နင်ဘာသွားစားမှာလဲ?"

နဉ်ရှုက ဘောက်ဆတ်ဆတ်ပြောသည်။ လူသားတွေအသက်ရှင်ဖို့က ခက်ခဲလွန်းသည်။ သာမန်zombieတွေက တစ်ဘဝလုံးဆာလောင်မွတ်သိပ်မှုရဲ့နှိပ်စက်ခြင်းကိုခံနေရပြီး ဒါကအဆိုးဆုံးပင်။ သို့သော်လည်း ဗီဇကွဲzombieတွေကတော့ စွန်းအားကြီးလွန်းသည်။

ရှောင်မင်က နားလည်သွားပုံပေါ်သည်။ ဒီအကြောင်းကိုစဉ်းစားနေချိန်မှာ သူ့မျက်လုံးတွေက လည်နေလေ၏။
......
[NOTE]

သံကွင်းတင်းကျပ်သွားစေတဲ့ဂါထာဆိုတာ အနောက်အရပ်သို့ခရီးသွားခြင်းထဲကဂါထာ။ ကွမ်ရင်မယ်တော်က ဆရာတော့်ကိုသင်ပေးထားတဲ့ဂါထာလေ။ အဲ့ဂါထာရွတ်တိုင်း ဝူခုံးခေါင်းမှာရှိတဲ့သံကွင်းကတင်းလာပြီး နာလာတတ်တာ။

ဒေစီဆိုတဲ့နာမည်က E-translatorက အဆင်ပြေအောင်ယူထားတဲ့နာမည်ပါ။ တရုတ်နာမည်အရတော့ Hua Duoer(ဟွားသိုးအာ~Google translateမှယူထားခြင်း)ဆိုတဲ့နာမည်။ အဓိပ္ပါယ်ကတော့ Hua=ပန်း၊ Dou=အဖူး၊ er=ကလေးတဲ့။ ရှောင်မင်က ရှေ့ဆုံးနဲ့နောက်ဆုံးအလုံးကိုပဲမှတ်မိတာ။ ဒီတော့သူခေါ်တာက Huaer=ပန်းလေးဆိုပြီးခေါ်တာ။ ပိုချစ်စရာကောင်းတဲ့နာမည်ပေါ့။ တရုတ်တွေက erဆိုတဲ့စကားကို ချစ်စနိုးခေါ်တဲ့နေရာမှသုံးတယ်ထင်တယ်။ 100%တော့ မသေချာဘူး။ Hua Duoerဆိုတဲ့နာမည်က ငါ့အတွက်တစ်မျိုးကြီးဖြစ်နေလို့ Daisy(ဒေစီ)ဆိုတဲ့နာမည်ယူလိုက်တာ။ ရှောင်မင့်အတွက်တော့ ဒေစီဆိုတဲ့နာမည်က Dazeနဲ့ပိုနီးစပ်တယ်။

Xiao Ming(ရှောင်မင်)ဆိုတဲ့နာမည်မှာ Xiaoဆိုတာက တရုတ်ပုံနှိပ်စာအုပ်တွေမှာ အတွေ့ရများတယ်။ Xiao=little(လေး)၊ Ming=bright/intelligent(ဥာဏ်ကောင်းတာ)။ မြန်မာမှုပြုရရင် ဖိုးဥာဏ်ကောင်းလေးပေါ့ XD

"လူတစ်ယောက်က နှိုင်းယှဉ်စရာအခြေအနေရှိမှသာ နှိုင်းယှဉ်ကြည့်လို့ရတာ။"

ငါ့ကတော့ နဉ်ရှုလေး အဲ့zombieက နင့်ထက်ပိုပြီးစမတ်ကျတယ်လို့ထင်တယ်။ ကျောင်းဆရာဝန်အန်ကယ်လည်း ယှဉ်ကြည့်မိမယ်ဆိုရင် သူကဒီလိုပြောလိမ့်မယ်။

"မင်းက မင်းကိုမင်း သူ့ထက်ပိုပြီး စမတ်ကျတယ်လို့ထင်နေတယ်။ *နှာခေါင်းရှုံ့* ဦးနှောက်ရှိတာရော၊ ခွန်အားရောမှာ မင်းယဉ်လို့ကိုမရဘူး။ မျိုးရိုးဗီဇအဆီအနှစ်အကုန်သောက်ပြီးတာတောင် မင်းက ဒီzombieအရိုင်းအစိုင်းကောင်ကို ဒဏ်ရာရအောင်မလုပ်နိုင်ဘူး။ သူက သူ့ဘာသာပျံတတ်အောင်သင်ခဲ့သလို တစ်ခြားzombieတွေကိုလည်း ဆင့်ခေါ်နိုင်တယ်။ ပြီးတော့ ဗဟုသုတတွေရှာဖို့လည်းသိသေးတယ်။ အဲ့အချိန်မှာ မင်းကရော? မင်းလုပ်တာက အိပ်တာစားတာပဲ။ ဒီzombieက လူသားတွေရဲ့စကားကိုပြောနိုင်ဖို့သင်ယူနေချိန်မှာ မင်းကတော့ တစ်ခြားzombieတွေကို ဆင့်ခေါ်နိုင်ဖို့သင်ယူမယ်မရှိဘူး။ မင်းကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတဲ့ယုံကြည်မှုမျိုး ဘယ်ကရလာတာလဲ? မင်းတို့နှစ်ယောက်လုံးတူတဲ့တစ်ခုတည်းသောအချက်က ညစ်ပတ်တာပဲ။ အခု ကိုယ့်ဘာသာသွားသန့်ရှင်းကြ!"

___ဒါပေါ့...ကျောင်းဆရာဝန်အန်ကယ် စကားအများကြီးပြောမှသာ ဒီလိုမျိုးဖြစ်လာနိုင်လိမ့်မယ်။ အန်ကယ်က နဉ်ရှုကိုခေါင်းအစခြေအဆုံး ခဏခဏအပြစ်ရှာတတ်တယ်လို့ပြောပေမယ့် တစ်ခါမှတော့ ရေးပြမထားဖူးဘူး(ငါအတော်လေးကို စိတ်ချမ်းသာတဲ့အချက်ပေါ့)။
.......
ရှည်လိုက်တဲ့ Noteရှင်။ ဘာသာပြန်မပေးဘဲထားလည်းရပေမယ့် ပြန်ချင်လို့ကိုပြန်တာ။ ဒါတောင် တစ်ချို့မလိုဘူးထင်တဲ့နေရာတွေကျော်ချထားသေး။
.....



Continue Reading

You'll Also Like

78.3K 8.3K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
134K 12.1K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
51.3K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...