AFFECTION-နှောင်ကြိုး(ေႏွာင္ႀ...

By ThetTantYoung

915K 88.7K 11.9K

Unicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါ‌လည်း အကွာအ‌ဝေး ၊ မိုင်ပေါင်းရာချီ ဖြ... More

အပိုင်း-၁ (Unicode)
အပိုင်း-၁ (Zawgyi)
အပိုင်း -၂ (Unicode)
အပိုင္း -၂ (Zawgyi)
အပိုင်း-၃ (Unicode)
အပိုင္း-၃ (Zawgyi)
အပိုင်း-၄ (Unicode)
အပိုင္း-၄ (Zawgyi)
အပိုင်း-၅ (Unicode)
အပိုင်း-၅ (Zawgyi)
အပိုင်း-၆ (Zawgyi)
အပိုငျး-၇ (Unicode)
အပိုင်း-၇ (Zawgyi)
အပိုငျး-၈ (Unicode)
အပိုင်း-၈ (Zawgyi)
အပိုငျး-၉(Unicode)
အပိုင်း-၉ (Zawgyi)
အပိုငျး-၁၀ (Unicode)
အပိုင်း-၁၀ (Zawgyi)
အပိုငျး-၁၁ (Unicode)
အပိုင်း-၁၁ (Zawgyi)
အပိုငျး-၁၂ (Unicode)
အပိုင်း-၁၂ (Zawgyi)
အပိုငျး-၁၃ (Unicode)
အပိုင်း-၁၃ (Zawgyi)
အပိုငျး-၁၄ (Unicode)
အပိုင်း-၁၄ (Zawgyi)
အပိုငျး-၁၅ (Unicode)
အပိုင်း-၁၅ (Zawgyi)
အပိုငျး-၁၆ (Unicode)
အပိုင်း-၁၆ (Zawgyi)
အပိုငျး-၁၇ (Unicode)
အပိုင်း-၁၇ (Zawgyi)
အပိုငျး -၁၈ (Unicode)
အပိုင်း -၁၈ (Zawgyi)
အပိုငျး-၁၉ (Unicode)
အပိုင်း-၁၉ (Zawgyi)
အပိုငျး-၂၀ (Unicode)
အပိုင်း-၂၀ (Zawgyi)
အပိုငျး-၂၁ (Unicode)
အပိုင်း-၂၁ (Zawgyi)
အပိုငျး-၂၂ (Unicode)
အပိုင်း-၂၂ (Zawgyi)
အပိုငျး-၂၃ (Unicode)
အပိုင်း-၂၃ (Zawgyi)
အပိုငျး-၂၄ (Unicode)
အပိုင်း-၂၄ (Zawgyi)
အပိုငျး-၂၅ (Unicode)
အပိုင်း-၂၅ (Zawgyi)
အပိုငျး-၂၆ (Unicode)
အပိုင်း-၂၆ (Zawgyi)
အပိုငျး-၂၇ (Unicode)
အပိုင်း-၂၇ (Zawgyi)
အပိုငျး-၂၈ (Unicode)
အပိုင်း-၂၈ (Zawgyi)
အပိုင်း-၂၉ (Zawgyi)
အပိုင်း-၂၉ (Unicode)
အပိုင်း-၃၀ (Unicode)
အပိုင္း-၃၀ (Zawgyi)
အပိုင်း-၃၁ (Unicode)
အပိုင္း-၃၁ (Zawgyi)
အပိုင်း- ၃၂ (Unicode)
အပိုင္း- ၃၂ (Zawgyi)
အပိုင်း-၃၃ (Unicode)
အပိုင္း-၃၃ (Zawgyi)
အပိုင်း-၃၄ (Unicode)
အပိုင္း-၃၄ (Zawgyi)
အပိုင်း-၃၅ (Unicode)
အပိုင္း-၃၅ (Zawgyi)
အပိုင်း-၃၆ (Unicode)
အပိုင္း-၃၆ (Zawgyi)
အပိုင်း-၃၇ (Unicode)
အပိုင္း-၃၇ (Zawgyi)
အပိုင်း-၃၈ (Unicode)
အပိုင္း-၃၈ (Zawgyi)
အပိုင်း-၃၉ (Unicode)
အပိုင္း-၃၉ (Zawgyi)
အပိုင်း-၄၀ (Unicode)
အပိုင္း-၄၀ (Zawgyi)
အပိုင်း-၄၁ (Unicode)
အပိုင္း-၄၁ (Zawgyi)
အပိုင်း-၄၂ (Unicode)
အပိုင္း-၄၂ (Zawgyi)
အပိုင်း-၄၃ (Unicode)
အပိုင္း-၄၃ (Zawgyi)
အပိုင်း-၄၄ (Unicode)
အပိုင္း-၄၄ (Zawgyi)
အပိုင်း-၄၅ (Unicode)
အပိုင္း-၄၅ (Zawgyi)
အပိုင်း-၄၆ (Unicode)
အပိုင္း-၄၆ (Zawgyi)
အပိုင်း-၄၇ (Unicode)
အပိုင္း-၄၇ (Zawgyi)
အပိုင်း-၄၈ (Unicode)
အပိုင္း-၄၈ (Zawgyi)
အပိုင်း-၄၉ (Unicode)
အပိုင္း-၄၉ (Zawgyi)
အပိုင်း-၅၀ (Unicode)
အပိုင္း-၅၀ (Zawgyi)
အပိုင်း-၅၁ (Unicode)
အပို္င္း-၅၁ (Zawgyi)
အပိုင်း-၅၂ (Unicode)
အပိုင္း-၅၂ (Zawgyi)
အပိုင်း-၅၃ (Unicode)
အပိုင္း-၅၃ (Zawgyi)
အပိုင်း-၅၄ (Unicode)
အပိုင္း-၅၄ (Zawgyi)
အပိုင်း-၅၅ (Unicode)
အပိုင္း-၅၅ (Zawgyi)
အပိုင်း-၅၆ (Unicode)
အပိုင္း-၅၆ (Zawgyi)
အပိုင်း-၅၇ (Unicode)
အပိုင္း-၅၇ (Zawgyi)
ကျေးဇူးတင်လွှာ (Unicode)
ေက်းဇူးတင္လႊာ (Zawgyi)
စာ-Unicode
စာ-Zawgyi
Announcement-Unicode
Announcement-Zawgyi
Promotion
Announcement for Book Version
Affection Book Preorder Post

အပိုင်း-၆ (Unicode)

11K 1.2K 125
By ThetTantYoung


"မင်းသက်သာသွားပြီလား!"

ခေါင်းပေါ်ကိုဘုတ်ခနဲကျလာတဲ့ စာအုပ်ကြောင့် ထက်မာန်ဦး နောက်သို့လှည့်ကြည့်လိုက်သည်။ ထင်တဲ့အတိုင်း စိုင်းဝေယံ။ ထက်မာန်ဦး ကို စနောက်ချင်တိုင်း နောက်ပြီးရင် ဒင်းက လျှာထုတ်ပြီးပြောင်ပြမယ်။ အစအနောက်ကလည်း ကြမ်းသလားမမေးနဲ့။

"မင်းနှမပေးလင်က ဒီမှာအရှင်လတ်လတ်ကြီးငုတ်တုတ်ရှိနေတာလေ။ မမြင်ဘူးလား!"

ထက်မာန်ဦး ပါးစပ်ထဲက အယုတ္တ အနတ္တစကားလုံးတွေက ထွက်လာတော့သည်။ လူကို မရိုင်းရိုင်းအောင်လာလုပ်နေကြတယ်။

"မင်းဟာကလည်း..ဝေလွှမ်းအစ်မကိုလည်း ကြံတယ်။ ငါ့ညီမလည်း မချန်ဘူး။"

စိုင်းဝေယံ မှာညီမရှိတယ်ဆိုတာ ကြားလိုက်တဲ့အချိန်ကစပြီး ရုပ်တောင် မမြင်ဖူးတဲ့ သူ့ညီမကို ထက်မာန်ဦး တောက်လျှောက်ပစ်မှားလေတော့သည်။ ဝေလွှမ်းအစ်မကတော့ ထက်မာန်ဦးရဲ့ ငယ်ငယ်ကတည်းက အချစ်ဦးကလေး။

"ငါကနှစ်ယောက်လုံး ယူပစ်မှာ။ ဟား။ဟား။"

မျက်နှာကို အပေါ်မော့ပြီး လူယုတ်မာရယ်သံကိုပင် ထက်မာန်ဦးက ပြုမူလိုက်သေးသည်။

"လက်သီးဘဲရမယ်။ဟျောင့်။"

စိုင်းဝေယံနှင့် သူတပြန်ကိုယ်တပြန် စကားနိုင်လုနေရင်းနှင့် အရှိန်ပါပြီး စိုင်းဝေယံက ထက်မာန်ဦးကို ဆောင့်တွန်းလိုက်လေသည်။ခုံက အကာအရံမပါတာမို့ အနောက်ကို ပက်လက်လှန်လဲကျမှာကြောက်တဲ့စိတ်နဲ့ လှမ်းပြီးထောက်မိထောက်ရာထောက်လိုက်တာ လွှမ်းရဲ့ ပေါင်ခြံကြားဖြစ်နေတော့သည်။

"ဟာ..ဟေ့ကောင်..။မင်း..။"

စိုင်းဝေယံက အော်ကြီးဟစ်ကျယ်နှင့် ထပြီးအော်တော့သည်။ ထက်မာန်ဦး ရုတ်တရက်မို့ လက်ကိုပြန်မရုတ်မိ။ ဒီအခြေအနေကို ဟာသလုပ်ဖို့ကြိုးစားလိုက်ပေမယ့် ထက်မာန်ဦးရဲ့လက်ကိုမမှိတ်မသုန်နှင့် စိုက်ကြည့်နေတဲ့ လွှမ်းရဲ့အကြည့်တွေကို အမြင်မှာတော့ ထက်မာန်ဦး ထိတ်ခနဲ လန့်သွားလေသည်။ ချက်ချင်းဘဲ လက်ကို ပြန်ရုတ်လိုက်မိလေသည်။

"ဟာ..မင်းထိမိသွားသေးလား။"

"မင်းမေလင်ကို ထိစရာလား။"

နောက်တန်းကနေ လှမ်းအော်ပြောတဲ့ ပြည့်စုံတို့ကို ပြန်အော်ပြောလိုက်လေသည်။ ထိုကောင်တွေကတော့ ဘာရယ်မဟုတ် တခွီးခွီးရယ်နေလေသည်။ ထက်မာန်ဦးကတော့မျက်နှာထားကြီးတည်နေတဲ့ လွှမ်းကို မဝံ့မရဲနှင့်ပင်

"ဆောရီး။"

"ရပါတယ်။"

ခပ်ပြတ်ပြတ်စကားတစ်ခွန်းကထွက်ကျလာလေသည်။ လွှမ်းကတော့ သူ့စာသူ ပြန်လုပ်နေလေသည်။ လိုတာထက်ပိုပြီး တည်နေတဲ့ လွှမ်းကြောင့်လည်း ရယ်နေကြတဲ့ ကောင်တွေလည်း ငြိမ်ကျသွားလေတော့သည်။ ထက်မာန်ဦးလည်း အပိုးကျိုးကျိုးနှင့် ရှေ့စာအုပ်နှင့် ဘောပင်ကို ကောက်ကိုင်လိုက်လေသည်။

"ဝေလွှမ်းဘာဖြစ်နေတာလဲ။"

"ငါကသိမလား!"

အနားကပ်မေးလာတဲ့ စိုင်းဝေယံကို ခပ်ကြိတ်ကြိတ်လေသံနှင့် ပြန်ပြောလိုက်လေသည်။ တချိန်တည်းမှာဘဲ သချင်္ာဆရာမကလည်းရောက်လာတာမို့ ထက်မာန်ဦးတို့ ယောကျင်္ားလေး တစ်စု ငြိမ်ကျသွားလေသည်။ သချင်္ာဆရာမက စိတ်မထင်ရင် အပေါက်ဆိုးသလားမမေးနဲ့။ တကယ်တော့ ဒီမှာ သင်တဲ့ ဆရာမတွေ အကုန်လုံးက သူ့နည်းသူ့ဟန်နှင့် ကြမ်းကြတာချည့်ပါဘဲ။ သို့သော် သချင်္ာဆရာမကတော့ ကလေးတွေနှင့် နည်းနည်းလိုက်လျောညီထွေ ဆက်ဆံပေးနိုင်ပါသေးသည်။

"Matrix ပုစ္တာတွေက သေချာအာရုံစိုက်ပြီး တွက်မှရမယ်နော်။ တစ်ခုခုမှားသွားရင် အမှားပြန်ရှာရခက်တာမို့ ပြန်ခြစ်ချပြီး အကုန်ပြန်တွက်နေရမယ်။"

သချင်္ာဆရာမက စလာကတည်း ကြိမ်းလိုက် ဟောက်လိုက်နှင့် ပြောနေလေသည်။

"ကဲ..။ခု ဒီမှာ ဆရာမ ရှင်းပြထားတဲ့ Reverse Theory နဲ့ နံပါတ် (၂) အပုဒ်ကိုတွက်လိုက်။"

ထက်မာန်ဦး ဆရာမပြောတဲ့ နံပါတ် (၂) အပုဒ်ရှိနေတဲ့ စာမျက်နှာကို လှန်လိုက်သည်။ သို့သော် မျက်လုံးက လှန်လိုက်တဲ့ စာမျက်နှာဆီကို မရောက်ဘဲ ဘေးကထိုင်နေတဲ့ လွှမ်းဆီကို လမ်းလွှဲသွားလေသည်။ လွှမ်းမျက်နှာကို ကြည့်လိုက်မိတော့ စိုင်းဝေယံကတော့ တစ်ခါက လွှမ်းကို လှတယ်လို့ ပြောခဲ့ဖူးတာကို အမှတ်ရလိုက်မိသည်။ အဆောင်စရောက်ခါစ လွှမ်းကို သူပထမဆုံး စမြင်ဖူးတဲ့အချိန်တုန်းကပေါ့။

ထက်မာန်ဦးကတော့ ဒီမျက်ခွက်ကို ငယ်ငယ်ကတည်းက ရင်းနှီးနေလို့လားမသိပါ။ နည်းနည်းလေးမှ လှတယ်တို့ ဆွဲဆောင်မူရှိတယ်တို့ မမြင်ခဲ့ဖူး။ သို့ပေမယ့် လွှမ်းမျက်နှာက တစ်ခါကြည့်မိတဲ့သူကို အတန်ကြာထိ ရုန်းမထွက်မိနိုင်အောင် ဆွဲဆောင်ထားနိုင်တဲ့ ညို့ဓာတ်တစ်မျိုးရှိနေတာတော့ ဝန်ခံရမည်။

"မင်းသချင်္ာကိုအဲ့လောက်အာရုံစိုက်တွက်ရင် ခုချိန်ဆိုပြီးနေပြီ။"

လွှမ်းဆီမှ အသံထွက်လာတော့မှ ထက်မာန်ဦး ကမန်းကတန်း မျက်နှာလွှဲလိုက်မိတော့သည်။ ခုနက ဝေလွှမ်းက White Board ပေါ်မှာရေးထားတဲ့ သချင်္ာ ဖော်မြူလာတွေကို မျက်တောင်မခတ်စတမ်း ကြည့်နေရင်းနဲ့ ထက်မာန်ဦးကို လှည့်မကြည့်ဘဲ ပြောလိုက်တာ။ ဒါက တစ်စုံတယောက်ကများ စိုက်ကြည့်နေရင် အလိုအလျောက်ခံစားမိတယ်ဆိုတဲ့ ဆဌမအာရုံပင်ဖြစ်ပေလိမ့်မည်။

"ဘာလို့လဲ။ကြည့်လို့မရဘူးလား။"

ထက်မာန်ဦး မကျေမနပ်နှင့် ရေရွတ်လိုက်မိသည်။ ဘာလဲ။ ကြည့်တာလေးကိုတောင် မကြိုက်ချင်ဘူးလား။

"ငါကရတယ်။ မင်းရှေ့ကဆရာမက မရဘူး!"

လွှမ်းပြောလိုက်မှ သချင်္ာဆရာဒေါ်နီနီတင်ကို ထက်မာန်ဦးကို ကြည့်မိတော့သည်။ ထက်မာန်ဦးကို မျက်ထောင့်နီကြီးနှင့် ခါးထောက်ကြည့်နေတဲ့ ဆရာမ။

ထက်မာန်ဦးရဲ့ စာအုပ်ထဲမှာက နံပါတ် (၂) ဆိုတာအပြင် ဘာမှမတပ်ရသေးဘူး။ ထက်မာန်ဦး ချက်ချင်း ခေါင်းငုံ့ချပစ်လိုက်သည်။ ငါတော့သေပြီ..။

"အဲ့မှာ မင်းဝေလွှမ်းကိုဘဲ ကြည့်နေ! ဘာလဲ။ ဝေလွှမ်းကို ထိုင်ကြည့်ရုံနဲ့ စာတွေက အလိုလိုနေရင်း မင်းခေါင်းထဲ ဝင်လာမယ်ထင်နေတာလား။"

အနောက်က ကောင်တွေကတော့ ထက်မာန်ဦးကို ၀ိုင်းရယ်နေကြလေပြီ။ ထက်မာန်ဦးခမျာ ဘော်ဒါဆောင်ကျောင်းအုပ်ရဲ့ သားဖြစ်နေလို့ မျက်နှာသာပေးခံရမယ်လို့ မထင်နဲ့။ ပိုတောင် ဖိနှိပ်ခံရသေးတယ်။ ထက်မာန်ဦးရဲ့အမေကလည်း ပညာရေးရယ် စည်းကမ်းပိုင်းရယ်နဲ့ ပတ်သက်လာလျှင် သားဖြစ်သူကို တွယ်သာတွယ်လို့ဆရာမတွေကို နှစ်စကတည်းက တရားဝင် ကြေညာချက်တင်ပြီးသားပင်။

"ဟိုတနေ့ကလည်း AP ပုစ္တာတွေကိုသောက်တလွဲတွက်တယ်။ မင်း အဆောင်မှာ သချင်္ာတွေပြန်မတွက်ဘူးလားဟမ်။ ဒီမှာဘဲတွက် ဒီမှာဘဲ ခေါင်းထဲကထုတ်ပစ်လိုက်တာလား။"

ထက်မာန်ဦး ခေါင်းကြီးကိုသာ ငုံ့ကာထားလိုက်မိတော့သည်။ လက်ကတော့ စာအုပ်ပေါ်ဟိုခြစ်ဒီခြစ် လုပ်နေမိသည်။ အများကြားထဲ ပြောခံနေရတာ ရှက်လွန်းလို့ ပူထူနေပြီ။

"မင်းတို့ရဲ့ သချင်္ာဂိုက်က ဘယ်သူလဲ။ ရွှေရည်လား။မင်းဉာဏ်လား။ဟမ်။"

"မမရွှေရည်ပါ။ တီချယ်။"

စိုင်းဝေယံက သူ့ရဲ့အာပြဲသံနှင့် ထပြောလေသည်။

"အေ။အဲ့ကလေးမလေးကိုတွေ့ရင် သေချာမှာလိုက်ဦးမယ်။ ထက်မာန်ဦးကို ပိုဖိပေးစမ်းပါလို့!"

"၀ိုး..။ထက်မာန်ဦး!!!"

တတန်းလုံး အသံကျယ်ကြီးနှင့် ထက်မာန်ဦးရဲ့ နာမည်ကို ထအော်တာမို့ ဆရာမပင် White Board ပေါ်က စာတွေကို ပြန်ဖျတ်လိုက်ရင်းနဲ့ နောက်သို့လှည့်မေးလေတော့သည်။

"ဟဲ့။ဘာလို့ သံသေးသံကြောင်နဲ့ ထအော်တာလဲ။"

အကုန်လုံးရဲ့မျက်နှာသည် ပြုံးစိစိနှင့် ထက်မာန်ဦးကို မျက်စဝိုင်းပစ်ကြသည်။ နေရင်းထိုင်ရင်း ထက်မာန်ဦးရဲ့ ပါးနှစ်ဖက်သည် နွေးလို့လာသည်။ ထက်မာန်ဦးရဲ့MP4 ထဲမှာ မမရွှေရည်ရဲ့ ဓာတ်ပုံကို စိုင်းဝေယံ တွေ့သွားခြင်းမှအစပြုပြီး တဘော်ဒါလုံးသည် မမရွှေရည် နှင့် ထက်မာန်ဦးကို ၀ိုင်းစကြသည်မှာ မပြီးနိုင်တော့။ တကယ်ကအဲ့ပုံသည် မမရွှေရည် ဒီမှာဂိုက်လာစသင်တဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက ရိုက်ထားခဲ့တာ။ စတာက ခဏထားဦး။ မမရွှေရည်နာမည်ပါတာနဲ့ ထက်မာန်ဦးရဲ့ နာမည်ကို ဆရာမရှေ့မှာပါ ၀ိုင်းအော်တာ ဘာသောက်ချိုးတုန်း!

ထက်မာန်ဦး နောက်ကကောင်တွေကို စားပွဲအောက်ကနေ လက်သီးပုန်းထောင်ပြလိုက်သည်။

"ကောင်လေးနော်။ ဟွန်း။ ဟွန်း။"

ထက်မာန်ဦးအခြေအနေကို ဆရာမကလည်း ရိပ်စားမိသွားပုံရသည်။ မရိပ်မိဘဲနေမလား။ တတန်းလုံးရဲ့မျက်နှာက ဖြဲစပ်စပ်ဖြစ်နေချိန် ထက်မာန်ဦးတစ်ယောက်တည်း ခုံကြားထဲ အမြီးညှပ်သလို ရှုံ့မဲ့နေတာကိုး။

"ရွှေရည့်ကို ကြိုက်ရင် စာပိုလုပ်။ ကြားလား။ ရွှေရည်က အဆင့်ဘိတ်ချီးဖြစ်နေတဲ့ကောင်လေးတွေကို စိတ်မဝင်စားဘူးတဲ့။"

သန်လျင် နည်းပညာတက္ကသို်လ်ရဲ့ အာခီတက်ခ်ချာတန်းကို ထိပ်ဆုံးအဆင့်နှင့် ဝင်ခဲ့သည်ဆိုသော မမရွှေရည်သည် တော်ရုံကောင်လောက်ကို အာရုံထဲ မထည့်ဆိုတာကို ထက်မာန်ဦး ခန့်မှန်းပြီးသားပင်။ ထက်မာန်ဦး မျက်နှာကြီးရှုံ့မဲ့ပြီး ခေါင်းကိုငုံ့ချလိုက်မိသည်။

ဒီတသက်ပြန်မကြိုက်လည်းနေပါစေတော့။ စာကတော့ မလုပ်ချင်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။ လုပ်ပြီး ဘာမှဖြစ်လာတာလည်း မဟုတ်ဘူး။ ဟိုနား ဒီနားဆီကတော့ တခွိခွိရယ်သံကို ကြားနေရသည်။ ထက်မာန်ဦးကို လှောင်နေကြတာနေမှာပေါ့။

ဆရာမကတော့ ပြုံးစိစိနှင့် White Board ဘက်ပြန်လှည့်သွားပြီး နောက်သီအိုရီတစ်ခုကို ရှင်းပြဖို့လုပ်နေပြီ ဖြစ်သည်။ မပျော်ဘဲ ကျန်ရစ်ခဲ့သူက ထက်မာန်ဦး။

"ဘာဖြစ်သေးလဲ။ အချိန်ပိုခေါ်မယ်ဆိုရင်တောင် မမရွှေရည်မျက်နှာလေးမြင်ရတာနဲ့တင် မင်းတန်ပါတယ်။

နည်းနည်းလောက်ပွားတာ ဘာညာတော့ ပွားခံလိုက်။ သူကတော့ ဘိုးတော်ပေါက်စလောက် မဆိုးပါဘူး။"

သချင်္ာအချိန်ပြီးတော့ စာသင်ဆောင်ကနေ ပြန်လာတဲ့လမ်းတလျှောက် စိုင်းဝေယံက ထက်မာန်ဦးကို အားပေးရှာပါသည်။ သို့သော် ရုပ်ကလေးနှင့်မှ မလိုက် အပြောဆိုးလွန်းတဲ့ မမရွှေရည် ကိုတွေးလိုက်မိတော့ အရင်ဆူခံရမယ့်အရေးကို တွေးမြင်ပြီး ထက်မာန်ဦးရင်မောရသည်။ ချိုင်းကြားထဲ သံပုရာသီးညှပ်ပြီး ဖျားချင်ယောင်ဆောင် မမရွှေရည်အတန်းချိန်လစ်ရင် ကောင်းမလားဘဲ။

ဘိုးတော်ပေါက်စဆိုတဲ့ အသံကြားလိုက်တော့ ဝေလွှမ်းက မသိမသာလှည့်ကြည့်လေသည်။ သို့သော် ဘာမှတော့မပြောပေ။ မတတ်နိုင်ဘူး။ သူလည်း ကိုမင်းဉာဏ်ကို ဘိုးတော်ပေါက်စလို့ ခေါ်တာသိနေတာဘဲ။

"အေး။အေး။"

ထက်မာန်ဦးခမျာ စိုင်းဝေယံကို ပြန်တောင်မစွာနိုင်တော့ပါ။ ခုတလော ကံဇာတာက အရမ်းထိုးကျနေတာ။ လူက မကျစဖူး စိတ်ဓာတ်တောင်ကျချင်လာလေသည်။ အိမ်မကြီးဆီကိုလှမ်းနေတုန်းမှာဘဲ

"အား!!!"

အသံနက်ကြီးပေါ်လာတော့ ထက်မာန်ဦးတို့သုံးယောက်လုံးခေါင်းလေးတွေ ထောင်သွားကြသည်။ ကြည့်လိုက်တော့ ရှေ့ခပ်လှမ်းလှမ်းမှာ စုရုံးနေတဲ့ သူငယ်ချင်းတစ်စု။ ကြည့်လိုက်တော့ ပြည့်စုံတို့ အဖွဲ့ကဘဲ။ ဘာများဖြစ်တာလဲလို့ ထက်မာန်ဦးတို့ သုံးယောက်လုံး အပြေးသွားလိုက်လေသည်။

"ဘာဖြစ်တာလဲ!"

၀ိုင်းနေတဲ့လူအုပ်ထဲ ထက်မာန်ဦး အတင်းတိုးဝင်ကာကြည့်လိုက်တော့ မျက်လုံးတွေတောင် ပြာဝေသွားလေသည်။

"သွပ်ပြားရှတာ ထင်တယ်။"

မိုးဝေက တုန်ယင်နေတဲ့ အသံနဲ့ပြောလေသည်။ ထက်မာန်ဦး ကြည့်လိုက်တော့ မင်းမင်းကျော်ရဲ့ ခြေဖဝါးမှာ သွေးတို့ဖြင့်ရဲရဲနီနေလေပြီ။ သွေးတွေရဲနေတာကြောင့် ဒဏ်ရာရဲ့အတိမ်အနက်ကို သေချာမမြင်ရ။ မြက်ပင်တချို့ပင်သွေးကွက်ကွက်စွန်းနေတာကိုတွေ့လိုက်ရလေသည်။

"သွပ်ပြားရှတယ်ဆိုရင်လည်း အဲ့တိုင်းထိုင်ကြည့်နေရလား!"

စိတ်ပေါက်ပေါက်နှင့် ထက်မာန်ဦး ကုန်းအော်ပစ်လို်က်တော့ အားလုံးက မျက်နှာငယ်လေးတွေနှင့်။ ထက်မာန်ဦး ခပ်သွက်သွက်လူပ်ရှားလိုက်သည်။

"ရဲရင့်။ မင်း အဆောင်က ငါ့ကြီးငယ်ကို သွားပြေးခေါ်။"

ရဲရင့် က အူတူတူနှင့် ခေါင်းကိူညီမ့်လိုက်ပြီး အဆောင်ဘက် တဟုန်ထိုး ပြေးလေတော့သည်။

"မိုးဝေနဲ့ ပြည့်စုံက မင်းမင်းကျော်ကို သယ်။ ခဏလေး။ ငါ သွေးတိတ်အောင် လုပ်ဖို့ ခဏကြည့်လိုက်ဦးမယ်။"

ထက်မာန်ဦး ဟိုကြည့်ဒီကြည့်နှင့် ပတ်လျှောက်ကြည့်လေသည်။ သို့သော် အနီးအနားမယ် ဘာဆိုဘာမှ မရှိ။ မထူးပါဘူး။ ထက်မာန်ဦး ဝတ်ထားတဲ့ အဖြူရောင်တီရှပ်ကို ကောက်ပြီး ချွတ်ချလိုက်သည်။

မိုးဝေနဲ့ ပြည့်စုံတို့ ထက်မာန်ဦး အကျႌကောက်ချွတ်သွားတော့ မျက်လုံးတွေ ပြူးကုန်ကြသည်။ ထက်မာန်ဦးရဲ့ဗလကို အရေးတယူလုပ် ကြည့်နေကြသေးတယ်။

ထက်မာန်ဦး စိတ်ထဲက တွေးလိုက်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ လုပ်နေလေသည်။ သွေးတွေနဲ့ ရဲနေတဲ့ မင်းမင်းကျော်ရဲ့ခြေထောက်ကိုပတ်စီးပေးနေတဲ့ အချိန်မှာပင်

"ဟေ့။ လုပ်။လုပ်ကြပါဦး။"

မိုးဝေတို့ ထအော်တဲ့ အသံကြောင့် ထက်မာန်ဦး နောက်သို့ လှည့်ကြည့်လိုက်မိသည်။

ဟာ။ တစ်ယောက်က မပြီးသေးဘူး။နောက်တစ်ယောက်ပါ စပြီ။ စိုင်းဝေယံရဲ့ ကိုယ်ပေါ်လဲကျနေတဲ့ လွှမ်း။

"လွှမ်းဘာဖြစ်တာလဲ!"

"မသိဘူး။တကိုယ်လုံးတုန်ပြီး အခုလို မေ့လဲသွားတာဘဲ။"

စိုင်းဝေယံရဲ့ အသံတွေက တုန်ခါနေလေသည်။ ထက်မာန်ဦး ကတော့ ခုနက မင်းမင်းကျော်ကိစ္စနဲ့ အလုပ်ရှုပ်နေတာမို့ ဘာမှ မသိလိုက်ပေမယ့် စိုင်းဝေယံကတော့ သေချာ တွေ့မြင်လိုက်ရဟန်ရှိသည်။

ကျစ်စ်! တစ်ခုပြီးတစ်ခု ဆက်တိုက်ဘဲ။

"မင်းလွှမ်းကိုနိုင်တယ်မဟုတ်လား။ လွှမ်းကိုချီပြီး အဆောင်ကိုသွား!ငါဒီမှာ မင်းမင်းကျော်ကို လုပ်ပေးပြီးရင် လိုက်ခဲ့မယ်။"

ထက်မာန်ဦး ်ပြောလိုက်တော့ စိုင်းဝေယံက ချက်ချင်းဘဲ ဝေလွှမ်းကိုစွေ့ခနဲ ကောက်ချီလိုက်လေသည်။ စိုင်းဝေယံရဲ့မြင့်မားတဲ့ အရပ်အမောင်းရယ် သန်မာတဲ့ခြေတံလက်တံတို့က ဒီအခြေအနေတွင် အရမ်း အသုံးဝင်နေလေသည်။ ဝေလွှမ်းကိုကောက်ချီပစ်လိုက်တာ ငှက်မွှေးတောင်ကို ခပ်လွယ်လွယ် ကောက်ယူလိုက်သလိုပင်။

အဆောင်ဘက် မပြေးရုံတမယ် ခြေလှမ်းတွေနှင့် ထွက်ကာ သွားတဲ့ စိုင်းဝေယံကို ငေးကြည့်နေမိရင်း ဘာမှန်းသေချာမသိသော်လည်း ဝေလွှမ်းအဆင်ပြေဖို့ဘဲ ဆုတောင်းမိလိုက်သည်။

မင်းမင်းကျော်ခြေထောက်ကို ဆက်ပြီး အဝတ်စနှင့်စည်းပေးထားလိုက်တော့ ညည်းညူသံသဲ့သဲ့က မင်းမင်းကျော်ထံမှ ထွက်ပေါ်လာလေတော့သည်။ ထက်မာန်ဦး စုတ်သာသပ်လိုက်မိတော့သည်။

"နင်တို့တွေကို ခြံကိုအမြဲတမ်း စစ်ပါ။ဆေးပါလို့ပြောထားရက်သားနဲ့။"

ဧည့်ခန်းထဲက မေမေ့ရဲ့အသံနက်ကြီးက အိမ်ပေါ်ထပ်ကပင်ကြားနေရသည်။ ခြံထဲက အလုပ်သမားတွေသည် မေမေ့ရှေ့တွင် မျက်နှာငယ်လေးတွေနှင့် ရပ်နေကြလေသည်။ မနေ့ညက လေကကြမ်း မိုးကပြင်းတော့ တခြားကလွင့်လာတဲ့ သွပ်စတွေက ခြံထဲ ရောက်နေတာ။

အလုပ်သမားတွေလည်း မနတ်မိုးလင်းကနေ မိုးချုပ်သူတို့အလုပ်နဲ့ သူတို့ ရှုပ်နေကြတာလေ။ မနေ့ကဘဲ သန့်ရှင်းရေးလုပ်ပြီးတဲ့ ဒီခြံကြီးကိုဘဲ ဘယ်ပြန်ကြည့်နိုင်ပါ့မလဲ။ မင်းမင်းကျော် ရှလာတယ်ဆိုတဲ့ သွပ်ပြားစကလည်း သေးသေးရှပ်ရှပ်ပါးပါးလေး။

ထက်မာန်ဦး ကတော့ဖိနပ်ပျက်တယ်ဆိုပြီး ဖိနပ်ကိုချွတ်ပြီး မြက်ခင်းပေါ် ခြေဗလာနှင့် လမ်းလျှောက်တဲ့ မင်းမင်းကျော်ဆိုတဲ့အကောင်ကိုဘဲ ထရိုက်ချင်သည်။ အခုလောလောဆယ်တော့ ရိုက်လို့မရသေး။ မင်းမင်းကျော်က ကြီးငယ်နှင့်အတူ ဆေးရုံမှာ။

"အလုပ်ကျဘယ်တော့မှ ကောင်းကောင်းမလုပ်ချင်ကြဘူး။ခုထွက်သွားကြ!"

မေမေအဲ့လောက်ထိ စိတ်ဆိုးဒေါသထွက်တာ ထက်မာန်ဦး တစ်ခါမျှမမြင်ခဲ့ဖူးပါ။ အမြဲလိုလို တည်တည်တန့်တန့်နှင့်အေးချမ်းနေခဲ့တာ။ အခုတော့ မေမေ့ခမျာ ပူလောင်မြိုက်လွန်းလှသည်။ မေမေက အလုပ်သမားတွေ အခန်းထဲက ထွက်သွားတော့မှ ဖုန်းရှိရာကိုသွားလေသည်။

"ဟဲလို။မင်းမင်းကျော်ရဲ့မိဘတွေလားရှင့်။"

ခုနကနှင့် တခြားစီပင် ချိုသာပျော့ပြောင်းသွားတဲ့ မေမေ့အသံကထွက်ပေါ်လာလေသည်။ မင်းမင်းကျော်ရဲ့ မိဘတွေကို ဒီကိစ္စ အသိပေးရဦးမှာပေါ့လေ။ ဒဏ်ရာကအရမ်းမကြီးပေမယ့် တော်တော်ကို နက်လို့ လေးချက်လောက်ချုပ်ရမယ်လို့ ခုနက ကြီးငယ်က ဖုန်းဆက်ပြောတယ်မဟုတ်ပါလား။ ထက်မာန်ဦး ခေါင်းကိုသာရမ်းခါလိုက်ပြီး အိမ်နောက်ဘက်ဆီသွားလိုက်သည်။ ထက်မာန်ဦးရဲ့ ဦးတည်ရာက လွှမ်းကိုသီးသန့်ခွဲထားတဲ့အခန်းဆီ။

အခန်းထဲဝင်လိုက်တော့ လွှမ်းက အိပ်ယာပေါ်လဲလျောင်းနေလျက်ရှိသည်။ သတိကတော့မလည်သေး.။ ဘေးကပလတ်စတစ်ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး လွှမ်းနား ထိုင်လိုက်သည်။

မန္တလေးသားဖြစ်သည့်တိုင် နှင်းစက်လို့ ဖြူလဲ့နေတဲ့ လွှမ်းအသားအရေကို ထက်မာန်ဦးကတော့ သဘောမကျလှပါ။ ခုလိုနေမကောင်းတဲ့အချိန်ဆိုလျှင် လွှမ်းက တခြားသူထက် ပိုဖြူဖျော့သွားသည်မှာ ပိုးဟပ်ဖြူလေးအတိုင်း။ အိပ်မောကျနေတာမို့ လွှမ်းမျက်တောင်ရှည်လေးတွေက ခပ်စင်းစင်းဖြစ်လို့ နေသည်။ ဂလူးဂို့စ်သွင်းလက်စမို့ ပိုက်တန်းလန်းနှင့် လွှမ်းလက်ဟာ စောင်ပေါ်မှာ မလူပ်မယှက်။

"ဆရာဝန်ကဘာပြောတာတဲ့လဲ။ မနော်။"

အခန်းထဲ သန့်ရှင်းနေတဲ့ အိမ်က ကရင်အမျိုးသမီး အိမ်အကူ အဒေါ်ကြီးကို ထက်မာန်ဦး လှမ်းမေးလိုက်သည်။

"အယ့်။ အဲ့တာတော့ မနော်လည်းမသိဘူး။ဆရာမငယ်ကတော့ သိမယ်ထင်တယ်။ သူရှိနေတယ်။ဆရာဝန်လာစမ်းပေးတုန်းက။"

ထိုအဒေါ်ကြီးက ခပ်ရိုးရီုးနှင့် အတတပင်။ ထက်မာန်ဦးလည်းဘာမှဆက်မပြောတော့ဘဲ ဆရာမငယ်လာမှဘဲ မေးလိုက်မယ်လို့ တွေးလိုက်မိသည်။ ဆရာမငယ်က မူကြီုကျောင်းမှာတော့ ဆရာမလုပ်ပြီး ဘော်ဒါကျောင်းဆောင်မှာတော့ အဆောင်မှူးကြီးငယ်ရဲ့အကူအနေလောက်ပင်။ ထက်မာန်ဦးကတော့ အသက်အရမ်းမကွာပေမယ့် တီငယ်လို့ခေါ်လေ့ရှိလေသည်။

"တီငယ်။ လွှမ်းကဘာဖြစ်တာတဲ့လဲ။"

တီငယ်အခန်းထဲ ဝင်ဝင်လာချင်း မိုးထက်မာန်လှမ်းမေးလိုက်မိသည်။

"အင်း။ Shock ရသွားလို့မေ့လဲသွားတယ်လို့ဘဲပြောတယ်။ အားလည်းနည်းနေတယ်တဲ့။ စိုင်းဝေယံ ပြောပုံအရဆိုရင်တော့ ဒီကလေး သွေးကြောက်တတ်တာထင်တယ်။"

"သွေးကြောက်တတ်တယ်?"

ထက်မာန်ဦး မကြားဖူးတာတွေ ကြားနေရသည်။ သွေးကြောက်တယ်ဆိုတာ ရှိတယ်ပေါ့။ ပြီးတော့ အဲ့တာက ရောဂါကြီးလား။ လွှမ်းမူးလဲတယ်ဆိုရင် အဲ့တာတော်တော်ဆိုးတဲ့ ရောဂါဖြစ်လိမ့်မယ်ထင်တယ်။

"အင်း။ မင်းမင်းကျော်ခြေထောက်က သွေးတွေမြင်ပြီး ဖြစ်တာလို့ပြောတာဘဲ။ နောက်ပိုင်း သူ့ကိုယ်သူ 

နည်းနည်းတော့ ဂရုစိုက်ရမှာပေါ့။ သွေးတွေဘာတွေ မြင်ရင်တောင် ထိန်းနိုင်အောင်။"

တီငယ်ကပြောရင်း လွှမ်းချိတ်ထားတဲ့ဆေးပုလင်း နှင့် Drip ပိုက်ကို လာကြည့်လေသည်။ ဆေးပုလင်းထဲမှာက ဆေးကတဝက်လောက်ကျန်နေသေးသည်။ ဒီတိုင်း လွှမ်း ဒီညအထိ Drip ပိုက်တန်းလန်းနှင့် ဆက်ပြီး နှစ်ပါးသွားရကိန်းရှိသည်။

"ဒါနဲ့ ကောင်လေး။ ဂိုက်အချိန်ရှိသေးတယ် မဟုတ်လား။ ထမင်းမြန်မြန်သွားစားပြီး စာသင်ဆောင် သွားတော့။ ကျန်တဲ့သူတွေကတော့ စားပြီးပြီလားမသိဘူး။ မင်းသူငယ်ချင်းကို ပူမနေနဲ့တီငယ်ကြည့်ထားလိုက်မယ်။ "

"ဟုတ်။ သားသွားလိုက်မယ်။"

ထက်မာန်ဦး ထိုင်ရာကနေ ထလိုက်လေသည်။ အခန်းထဲက မထွက်ခင် လွှမ်းကို စိုးရိမ်မကင်းသလို တစ်ချက်ကြည့်မိသေးသည်။ လွှမ်းက နှစ်ခြိုက်စွာအိပ်ပျော်နေဆဲ။

ထမင်းစားဆောင်ရောက်တော့ တီငယ်ပြောတဲ့အတိုင်း တော်တော်များများက စားပြီးကုန်ကြပြီ။ ထက်မာန်ဦး ထမင်းခူးတဲ့ အဒေါ်ကြီးဆီ သွားပြီး သူတို့ခူးခပ်ပေးတဲ့ အတိုင်း ပေးလာတဲ့ ထမင်းပန်းကန်ကို သယ်ပြီး စိုင်းဝေယံနားဝင်ထိုင်လိုက်လေသည်။

"မင်းသိပ်တောင်မစားပါလား။"

ထက်မာန််ဦး စိုင်းဝေယံကို လှမ်းပြောလိုက်မိသည်။ သူ့ရဲ့ပန်းကန်ထဲမှာ ထမင်းတွေရော ဟင်းတွေရော အပုံလိုက်ကြီးကျန်နေသေးသည်။

"အေး။မင်းမင်းကျော်ရော ဝေလွှမ်းရောဖြစ်သွားတော့ ငါစားတောင်မစားချင်တော့ဘူး။"

စိုင်းဝေယံက ထိုသို့သောကောင်မျိုး။ ရွတ်နောက်နောက်နဲ့ အမြဲပြောင်ချော်ချော်နေတတ်ပေမယ့် သူ့မယ် သူ့သူငယ်ချင်း တကယ်တမ်း တစ်ခုခုဆို သူကတကယ်ခံရတဲ့သူထက် နှစ်ဆလောက်ပိုပြီး စိတ်ပူတတ်သည်။

"စားမှသာစားစမ်းပါ!မင်းမစားလို့လည်း သူတို့နှစ်ကောင် ဗိုက်ပြည့်မသွားဘူး။"

"အေးပါ။ မင်းမင်းကျော်ကတော့ လေးချက်လား ငါးချက်လား ချုပ်ရမယ်တဲ့။"

စိုင်းဝေယံစကားကြေ ာင့် ထက်မာန်ဦး ထမင်းကို ပလုတ်ပလောင်းနှင့် ကုန်းစားရင်းနဲ့ လေးချက်ဆိုတဲ့ သဘောနှင့် လက်လေးချောင်းထောင်ပြလိုက်လေသည်။ ဒီတစ်ခုတော့ ထက်မာန်ဦးက အဆင်ပြေတယ်ပြောရမည်။ ဘယ်လောက် စိတ်ညစ်ညစ် အစားအသောက်ကတော့ ပျက်မနေပေ။

"အေး။ ဝေလွှမ်းကရောဘယ်လိုလဲ။ မင်းသွားကြည့်ခဲ့တယ်ဟုတ်။"

စိုင်းဝေယံက ထက်မာန်ဦး သွားကြည့်ခဲ့တာကို သေချာနေတဲ့ပုံနှင့် တထစ်ချကို ပြောနေလေသည်။ထက်မာန်ဦး ပန်းကန်ထဲက ကြက်သားတုံးကိုဇွန်းနှင့် ဖဲ့လိုက်ရင်း

"အင်း။ ကောင်းပါတယ်။သတိပြန်မရတာကလွဲရင်။"

"သတိမရသေးတာ ကောင်းတာလား။ သောက်ခွမ်းကောင်ရဲ့!"

"အနည်းဆုံးတော့ မသေဘူးလေ။ သူတောင်းစားရယ်!"

စိုင်းဝေယံနှင့် ထက်မာန်ဦး တို့အချင်းချင်း အပြန်အလှန်ပြောနေတာ ဘေးကကောင်တွေတောင် လှည့်ကြည့်နေကြပြီလေ။ ရဲရင့်က

"မင်းတို့နှစ်ကောင်ကလည်း သတ်နေကြပြန်ပြီ။"

"ငါအကောင်းမေးနေတာကို ဒီကောင်က ငါ့ကိုလာရွဲ့နေတာ။"

"ဝဋ်လည်တယ်သဘောထားလိုက်။"

ရဲရင့်ရဲ့ပြန်ပက်တဲ့ စကားကြောင့် စိုင်းဝေယံ မျက်နှာကြီးမည်းသွားလေသည်။ ရဲရင့်ပြောတာလည်းမှန်တာဘဲ။ ဒီကောင့်အလှည့်ကျ အမြဲနောက်တီးနောက်တောက်လုပ်နေခဲ့တာကို။စိုင်းဝေယံက ထမင်းပန်းကန်ကို ဆောင့်ချရင်းနဲ့ ထိုင်နေရာကနေ ထထွက်သွားလေတော့သည်။

"ဝေလွှမ်းနဲ့ပတ်သက်ပြီး ငထက်နဲ့ ငစိုင်းတို့ ရန်ဖြစ်ကြပြန်တာလား။"

ပြည့်စုံက အခုမှ အူတူတူနှင့် ထမေးသည်။

"အေး.သူတို့က အမြဲအဲ့လိုဘဲဟာ။"

မိုးဝေက ဘာမှမထူးဆန်းသလိုပြန်ဖြေသည်။ မိုးဝေပြောသလိုဘဲ။ ထက်မာန်ဦးတို့သုံးယောက်က မတည့်အတူနေတွေ။ တကယ်တမ်း စိုင်းဝေယံက ဆယ်တန်းတစ်နှစ်ကျပြီးမှ ရန်ကုန်မှာ အဆောင်လာနေတာမို့ ထက်မာန်ဦးတို့ထက် တစ်နှစ်ကြီးသလို ခြောက်လပိုင်းမှ ရန်ကုန်ရောက်လာတာ။ သို့သော် သိပ်မကြာတဲ့ကာလလေးအတွင်းမှာတင် ထက်မာန်ဦးနှင့် လွှမ်းတို့နှစ်ယောက်နှင့်တွဲဖြစ်သွားပြီး တော်တော်လေး ခင်မင်သွားကြသည်။ ပြောခဲ့တဲ့အတိုင်းဘဲ။ အစအနောက်ကြမ်းတာနဲ့ ငပျင်းကျတာ ကလွဲလို့ စိုင်းဝေယံက သူငယ်ချင်းကောင်းပင်။

"အေး။ငါလည်းမေးရဦးမယ်။ ဝေလွှမ်းသက်သာရဲ့လား။"

ပြည့်စုံကလှမ်းမေးသည်။ သူတို့ကိုတော့ ထက်မာန်ဦးက ကောင်းကောင်းမွန်မွန်ဘဲ ပြန်ပြောပါသည်။ ဟိုပြောမနာဆိုမနာ စိုင်းဝေယံနှင့် လွှမ်းတို့ကတော့ ချွင်းချက်။

"အေး။သက်သာပါတယ်။ အားနည်းသွားတာလို့ဘဲ ပြောတယ်။"

"နည်းမှာပေါ့။ ခုရက်တွေ အစားမှကောင်းကောင်းမစားဘဲ။"

မိုးဝေစကားကြောင့် ထက်မာန်ဦး အံ့သြသွားသည်။ နေမကောင်းလို့ ထက်မာန်ဦး နှစ်ရက်လောက်လေး နားလိုက်တာကို အဲ့နှစ်ရက်အတွင်း ဘာဖြစ်တာလဲ။

"မစားဘူးလား။"

ထက်မာန်ဦး မေးလိုက်မိသည်။ မိုးဝေက သူ့အကျင့်အတိုင်း ရှုတည်တည်မျက်နှာပေးနှင့်

"တနေ့ကလည်း နေ့လည်စာလာမစားဘူး။ ပြီးတော့ ခုတလော အစားနည်းလာတယ်။ ထမင်းတွေကို အမိူက်ပုံးထဲ ဆရာမတွေမမြင်အောင်သွန်ချနေတာ တွေ့ခဲ့တယ်။ပြီးတော့ ဒီကောင်ခုနောက်ပိုင်း တမျိုးဘဲ။ ငါတို့နဲ့လည်း သိပ်ရောရောနှောနှောမနေဘူး။"

လွှမ်းရဲ့နောက်ပိုင်းအပြုအမူတွေ ထူးဆန်းလာတယ်ဆိုတာကို သတိထားမိတာ ထက်မာန်ဦးတစ်ယောက်တည်း ဟုတ်မနေဘူးဘဲ။ ဒီကောင် လွှမ်းရည်းစားထားပြီးစိတ်များလေနေတာလား။ နေမကောင်းဖြစ်ရုံမက စိတ်လေပြီး ကျောင်းစာမယ် အာရုံမစိုက်နိုင်တော့ရင် ဒုက္ခ။

"မြန်မြန်စားစမ်းပါ။ ခဏနေရင် မမရွှေရည်အချိန်။"

ထမင်းစားနေရင်း တုံ့နှေးသွားတဲ့ ထက်မာန်ဦးကို မိုးဝေက မြန်မြန်စားဖို့လောဆော်လေသည်။ မမရွှေရည် အသံကြားလိုက်တော့ ထက်မာန်ဦးတွေးလက်စလေးတွေပင် ပျောက်ထွက်သွားရသည်။

"ဟမ်။ ငါမတက်လို့ မရဘူးလား!"

လွှမ်းကိစ္စထက် ဒီဟာက ပိုပြီး ခက်ခဲနက်နဲသွားလေပြီ။ နေ့လည်ဆရာမ ဒေါ်နီနီတင်ရဲ့ စကားတွေကို တစ်လုံးချင်းစီ ပြန်လည်ကြားယောင်မိလေသည်။ မမရွှေရည်နဲ့ကို တိုင်ဦးမှာတဲ့။

"ဘာဖြစ်နေတာလဲ။ မင်းကြိတ်ကြိုက်နေတာမဟုတ်လား။ မင်းမမနဲ့တွေ့ရမှာကို။"

မိုးဝေက ခပ်ဟဟရယ်ပြီး ထမင်းပန်းကန်ကိုကောက်သိမ်းပြီး ဘေးနားကနေ ထသွားလေတော့သည်။ ထက်မာန်ဦး စားပွဲပေါ်ကို ခေါင်းမှောက်ချလိုက်မိတော့သည်။ ဒါဘယ်လိုရှင်းပြရမလဲ။ ကြိုက်တာက ကြိုက်တာသပ်သပ်ဘဲ။ ကြောက်တာက ကြောက်တာသပ်သပ်ဘဲ။

"ကဲ..ကိုထက်မာန်ဦး..။"

မမရွှေရည် စာသင်ခန်းထဲကို ဝင်တာနဲ့ထက်မာန်ဦးရဲ့နာမည်ကို ဦးဆုံးခေါ်ပုံအရ တီချယ် ဒေါ်နီနီတင်သည် အကုန်လုံးကို ဖောက်သည်ချပြီးပြီပုံရသည်။ မျက်မှန်အောက်က အကြည့်စူးစူးတွေနှင့် ထိပ်တိုက်မတွေ့အောင် ထက်မာန်ဦး မျက်နှာကို ခပ်လွှဲလွှဲထားလိုက်မိတော့သည်။

ဖြောင့်စင်းနေတဲ့ ဆံနွယ်တွေကို အမြဲစုစည်းထားလေ့ရှိပြီး အသားဖြူဖြူ ခပ်သွယ်သွယ် ခန္ဓာကိုယ်နှင့် မမရွှေရည်ဟာ လမ်းထဲက ကာလသားတွေ ပါးစပ်ဖျားမှာ ရေပန်းစားလေ့ရှိပေမယ့် ထက်မာန်ဦးတို့ကတော့ သူဒေါသထွက်ရင် မျက်နှာတောင် မောမကြည့်ရဲ။ ကိုမင်းဉာဏ်ထက် နှစ်ဆ အပေါက်ဆိုးလေသည်။

"သချင်္ာတွေမရဘူးဆို။ ဆရာမက ပြန်တိုင်တယ်။ အဲ့ AP GP အခန်းတွေက အပြန်ပြန်အလှန်လှန်တွက်ထားတာ ဘယ်နှခါတောင် ရှိပြီလဲ။ ပြန်မေ့ပြန်ပြီလား။"

မမရွှေရည်က သူ့ရဲ့ အကျင့်အတိုင်း ပါးစပ်ကနေ စက်သေနတ်ပစ်သလိုကို တရစပ်ဆူလေတော့သည်။လက်ကနေလည်း Physics အခန်း (၆)ရဲ့ မှန်ဘီလူးပုံတွေကို White Board ပေါ်တွင်ချဆွဲနေလေသည်။ အလုပ်နှစ်ခုတပြိုင်တည်းလုပ်နေသလို တဆက်တည်းမှာလည်း ထက်မာန်ဦးကို တချက်တချက် လှည့်,လှည့်ကြည့်လေသည်။

"တကယ်ပါဘဲ။ ဦးနှောက်က ငုံးဥလောက်ဘဲရှိတယ်။"

"ဟား။ဟား။ငုံးဥ။"

နောက်တန်းက မိုးဝေတို့အဖွဲ့ဆီမှ ခပ်ကြိတ်ကြိတ် ရယ်သံတွေထွက်လာတော့ ထက်မာန်ဦး မျက်ထောင့်နီနှင့် လှည့်ကြည့်လိုက်မိသည်။ လတ်တလောတော့ ငြိမ်သွားကြပေမယ့် နောက်နေ့တွေဆို ထက်မာန်ဦးကတော့ ငုံးဥဆိုတဲ့ နာမည်ပြောင်တစ်ခုတော့ ထပ်တိုးလေပြီ။

"ဟမ်။ကိုယ်တော် ဒီပုံအတိုင်းဆို မင်းတော့ သချင်္ာနဲ့ကျနေမယ်နော်။ ပြောတော့ ဝေလွှမ်းနဲ့ တက္ကသိုလ်အတူတက်ချင်တာပါဆို။"

မမရွှေရည်ကတော့လုပ်ချလိုက်ပြီ။ ဒီအတိုင်း ပါးစပ်က ပေါက်ပန်းလေးဆယ် လျှောက်ပြောမိထားတာကို ကြုံတိုင်းအဲ့တာဘဲ ထပ်ခါတလဲလဲ ပြောသည်။ ပြီးရင် နောက်ကကောင်တွေစတာကိုလည်း ထက်မာန်ဦးမှာခံရဦးမည်။ မမရွှေရည် က ပြောပြီးတော့ မှန်ဘီလူးခွက်ပုံနှင့် ပုစ္ဆာတစ်ပုဒ်ကို တွက်ခိုင်းပြီး သူကိုယ်တိုင်ကျ အိမ်သာ သွားမယ်ဆိုပြီး ထွက်သွားလေသည်။

"ဘာသာစုံပေါင်းလို့ အမှတ်ပေါင်း ၂ဝဝရအောင်မနည်းလုပ်နေရတဲ့ ကောင်က ဝေလွှမ်းနဲ့ တက္ကသိုလ်အတူတက်မယ်တဲ့လား။ အဲ့အပြောက ဘယ်လိုနေနေကိုမလျှော့ဘူးနော်။ "

မိုးဝေရဲ့စကားမှာ ထက်မာန်ဦး အံကိုကြိတ်လိုက်မိသည်။ နာတယ်။ အနာပေါ်တုတ်တည့်တည့်ကျလို့ ပိုတောင်နာသေးတယ်။

"တက်မရဘူးလို့ မင်းတို့ကို ဘယ်သူပြောတုန်း။"

"အခုလောလောဆယ်တော့ သချင်္ာနဲ့မကျအောင် အရင်လုပ်ပါဦး။ ငုံးဥရဲ့။"

မခံချင်စိတ်နှင့် ရန်ပြန်စွာမိကာမှ ထိချက်က နှစ်ဆပိုပြင်းလေတော့သည်။ဘယ်ကန်ချက်ကို မိုးဝေ ခြေထောက်ဆီ နောက်ပြန်ပစ်လွှတ်လိုက်တော့သည်။


Continue Reading

You'll Also Like

110K 8.5K 54
Dika, Kaisoo, Kai နှင့် D.O. တို့၏ တိတ်တခိုးချစ်ခြင်းနှင့် ပျော်ရွင်ဖွယ်နေ့ရက်များ၊ Dika, Kaisoo, Kai နှင့် D.O. တို့၏ တိတ်တခိုးချစ်ခြင်းနှင့် ပျော်ရ...
496K 31.1K 45
[ Zawgyi ] ---------------- အချစ်ကိုမရှာဖွေပါနဲ့ ..... အချိန်တန်ရင် အချစ်ကသင့်ကိုလာရှာဖွေပါလိမ့်မယ် ..... အချစ်နဲ့တွေ့ရမဲ့အချိန်ကိုရောက်လာခဲ့ရင် အချ...
180K 4.4K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 88.7K 43
အချစ်လို့ပြောရင် သူ့ရဲ့ဆန့်ကျင်ဘက်အမုန်းရှိနိုင်သေးတယ်။ မြတ်နိုးခြင်းမှာတော့ ဆန့်ကျင်ဘက်ဝေါဟာရမရှိဘူး ဆိုပါလျှင်... အချစ်လို့ပြောရင် သူ့ရဲ့ဆန့်ကျင်ဘက...