Imaginary You(Completed)
By Kirara-16
339K 33.4K 1.4K
တကယ်တော့...ဝမ်ရိပေါ်ဆိုတာ...... ရှောင်ကျန့်ဖမ်းဆုပ်ပိုင်ခွင့်မရှိတဲ့ပုံရိပ်လေး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover
Chapter 33
5.3K 599 15
By Kirara-16
Yibo pov (14)
_____________________________
"အစ်ကို"
"ဟင်။ကောင်..ကောင်လေး"
အမူအယာက တစ်ခုခု မဟုတ်တာ လုပ်ထားသလို။
"အစ်ကို့လက်ထဲကဖုန်းက"
"ဩော်.."
"ကောင်လေး"
"ပြောလေ အစ်ကို"
ပေးမလား"
"ဒီနေ့တော့မဖြစ်ဘူး။ကျွန်တော်အရေးတကြီး
ရှိတယ်"
"မေးလေ"
ရှိပြီလား"
"သဘောကျရတဲ့သူ...."
ဆက်ပေးမယ်"
_________________________________
"မေလင်း..."
"ရိပေါ်"
"Resultထွက်လာပြီလား"
"အင်း"
"ကိုက်ညီတယ်မဟုတ်လား"
"......."
"........"
"မေလင်း!!!!"
ပြီး ​အော်လိုက်မိတယ်။
"ဖြေစမ်းပါ။ဘာလို့မဖြေတာလဲ!!"
ရိပေါ် ​အော်လိုက်တော့မှ မေလင်းက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ​ခေါင်းခါပြတယ်။
"ဘာလို့ ခေါင်းခါရတာလဲ၊မ...မဟုတ်ဘူးမလား။
နင့်အတွက်matching donorမဟုတ်ဘူး"
ဘာလို့ မကိုက်ညီရတာလဲ"
"မဖြစ်နိုင်ဘူး။မဟုတ်ဘူးမလား။မဟုတ်ဘူးလို့ပြော
စမ်းပါ မေလင်းရာ"
"........"
ကျသွားတဲ့အချိန်လား"
"ရိပေါ်...."
သူမ သိနေတယ်။
"ရိပေါ်...."
"စိတ်မပူပါနဲ့။ငါက အိမ်ပြန်မလို့ပါ။ဟုတ်တယ်။
ငါအိမ်ပြန်ရမယ်"
"ငါလိုက်ပို့ပေးမယ်"
"ရိပေါ်..."
"ရိပေါ်ရယ်..."
မေလင်းရ"
_________________________________
နေခဲ့တာလား။
နစ်မွန်းစေခဲ့ပြီ။
ဘာလို့ဆုံစေခဲ့တာလဲ။ သူတို့နှစ်ယောက်လုံး
_________________________________
_________________________________
ရိပေါ် အားယူပြီး ကုတင်ပေါ်က ထဖို့ပြင်တော့ ​လြှေမ်း
"ဒီအတိုင်းလေးခနနေပေးပါ အစ်ကို"
ထားချင်လို့"
"......"
လိုက်ချင်ပြီ"
ကိုယ်လည်းရှိမှာမဟုတ်တော့ဘူး"
"အစ်ကို....ကျွန်တော်ကအစ်ကို့အတွက်ဘယ်လို
ဖြစ်တည်မှုမျိုးလဲ"
တန်ဖိုးရှိတယ်"
ဒီလိုမျိုးပြောရတာလဲ"
တဲ့သူဗျ။
သိဖို့လည်းမလိုဘူး။ကိုယ်သိတဲ့ကောင်လေးက
အတ္တကြီးတဲ့သူမျိုး"
"......"
လုံလောက်ပြီထင်တယ်။
_________________________________
Yibo pov (14)
ကံဆိုးခြင်းတွေရဲ့အဆုံးမှာကံကောင်းခြင်းတွေရှိတယ်လို့ရိပေါ်ကယုံကြည်တယ်။
နာကျင်စရာတွေကုန်လွန်သွားတဲ့တစ်နေ့ကျရင်
မြိုသိပ်ထားခဲ့ရသမျှချစ်ခြင်းတွေကိုသက်ဆိုင်သူသိ
အောင်ဖွင့်ပြောဖို့အားခဲထားမိတယ်။
မြတ်နိုးရတဲ့ခင်ဗျားမျက်နှာလေးကိုငေးလို့
ချစ်ခြင်းအကြောင်းကိုတဖွဲ့တနွဲ့ဆိုတဲ့အခါ
ပြုံးပြီးနားထောင်ပေးနေမယ်မဟုတ်လား။
_________________________________
တစ်ပတ်ကျော်ကျော်စောင့်ပြီးတဲ့အခါမှာတော့ရိပေါ်
မျှော်နေတဲ့အချိန်ကိုရောက်လာခဲ့ပြီ။ဒီနေ့ဟာသူ့နဲ့
ပါပါးရဲ့HLA resultထွက်မယ့်နေ့။အကယ်၍
ကိုက်ညီခဲ့ရင်bone marrow transparent
လုပ်ပြီးသူအသက်ရှင်ဖို့မျှော်လင့်ချက်ရှိနိုင်ပြီဖြစ်တယ်။ဒီတစ်ပတ်လုံးရင်တမမနဲ့စိတ်ပူလာခဲ့ရသမျှက
ဒီနေ့မှာတော့မျှော်လင့်ခြင်းအရောင်အဝါတွေတောက်ပနေတယ်။
စိတ်လှုပ်ရှားနေတာကြောင့်တစ်ညလုံးအိပ်မပျော်ခဲ့
တဲ့ရိပေါ်ဟာမနက်ရောက်တော့အိပ်ယာထနောက်ကျသွားတာမို့မေလင်းချိန်းထားတဲ့အချိန်မှီအောင်
အမြန်ပြင်ဆင်ရတော့တယ်။
ရေချိုးပြီးထွက်လာတော့ရိပေါ်အခန်းထဲမှာမလှုပ်မယှက်ရပ်နေတဲ့အစ်ကို။
"အစ္ကို"
"ဟင်။ကောင်..ကောင်လေး"
ရိပေါ်အသံကြားတော့လန့်သွားပုံရတဲ့အစ်ကို့မျက်နှာ
အမူအယာကတစ္ခုခုမဟုတ္တာလုပ္ထားသလို။
"အစ်ကိုဘာရပ်လုပ်နေတာလဲ"
"အာ..ကောင်လေးကိုမနက်စာစားဖို့လာခေါ်တာ"
"အစ်ကို့လက်ထဲကဖုန်းက"
"ဟင်။အာ..ကောင်လေးသူငယ်ချင်းဆက်တာ။
ကိုယ်တောင်ဘာမှမပြောလိုက်ရဘူး။ဖုန်းချသွားတယ်"
"ေဩာ်.."
သူနောက်ကျနေလို့မေလင်းဆက်တာဖြစ်ရမယ်။
"ကောင်လေး"
"ပြောလေ အစ္ကို"
"ဒီနေ့ကိုယ်ဈေးသွားဝယ်မလို့။ကောင်လေးလိုက်ပို့
ပေးမလား"
"ဒီနေ့တော့မဖြစ်ဘူး။ကျွန်တော်အရေးတကြီး
ချိန်းထားတာလေးရှိလို့။ဆောရီးပါ အစ္ကို။
နောက်နေ့ကျရင်တော့လိုက်ပို့မယ်လေ"
"ရပါတယ်။ကောင်လေးအဆင်မပြေလည်းနောက်နေ့ပေါ့။ဒါနဲ့လေ..ကိုယ်ကောင်လေးကိုမေးစရာတစ်ခု
ရှိတယ်"
"မေးလေ"
"ကောင်လေးမှာသဘောကျရတဲ့သူတွေဘာတွေ
ရှိပြီလား"
"သေဘာက်ရတဲ့သူ...."
သဘောကျရတဲ့သူဆိုတဲ့စကားကိုကြားတာနဲ့ရိပေါ်
အတွေးထဲဝင်လာတဲ့သူက သေချာပေါက်အစ်ကိုပဲပေါ့။မြတ်နိုးရခြင်းတိုင်းရဲ့အကြောင်းခံကခင်ဗျားပဲ
ဆိုတာကိုမသိလို့မေးနေတာလားဗျာ။
"ရှိတယ်လို့တော့ထင်တာပဲ။နောက်မှအစ်ကိုနဲ့မိတ်
ဆက်ပေးမယ်"
အခုတော့အချိန်မတန်သေးတာမို့ နောက်ထပ်
အချိန်အနည်းငယ်ပဲထပ်စောင့်ပေးပါ။နောက်ဆို
ကျွန်တော်ကခင်ဗျားအနားမှာအမြဲရှိနေနိုင်တော့မှာ..
_________________________________
ရိပေါ်ဆေးရုံကိုရောက်တော့ဓာတ်ခွဲခန်းရှေ့မှာထိုင်
နေတဲ့မေလင်း။လက်ထဲမှာလည်းစာရွက်တစ်ရွက်ကို
ဆုပ်ကိုင်ထားတယ်။ဆေးစစ်ချက်ဖြစ်မယ်ထင်တယ်။
သူထင်ထားတာထပ်စောစောထွက်လာတာပဲ။
"မေလင်း..."
"ရိပေါ်"
"Resultထွက်လာပြီလား"
"အင်း"
"ကိုက္ညီတယ္မဟုတ္လား"
"......."
"မေလင်း...ငါမေးတာဖြေလေ။ကိုက်ညီတယ်မဟုတ်လားလို့"
"........"
"မေလင်း!!!!"
ရိပေါ်မေးတာကိုပြန်မဖြေတဲ့မေလင်းကိုဒေါသထွက်
ပြီးအော်လိုက်မိတယ်။
"ဖြေစမ်းပါ။ဘာလို့မဖြေတာလဲ!!"
ရိပေါ်အော်လိုက်တော့မှအသာအယာခေါင်းခါပြတဲ့
မေလင်း။
"ဘာလို့ ခေါင်းခါရတာလဲ၊မ...မဟုတ္ဘူးမလား။
အဲ့လိုဖြစ်စရာအကြောင်းမှမရှိတာ"
"ငါ....ငါစိတ်မကောင်းပါဘူး။ဒါပေမယ့် နင့်ပါပါးက
နင့်အတွက်matching donorမဟုတ္ဘူး"
"မဖြစ်နိုင်ဘူး။တစ်ခုခုမှားနေတာဖြစ်ရမယ်"
"ငါအကြိမ်ကြိမ်ပြန်စစ်ဆေးပြီးပြီ ရိပေါ်"
"အဓိပ္ပါယ်မရှိလိုက်တာ။ငါ့ရဲ့အဖေအရင်းလေ။
ဘာလို့ မကိုက္ညီရတာလဲ"
"တကယ်တော့ unrelated donorထပ်စာရင်
related donorကmatchဖြစ်ဖို့အခွင့်အရေးပို
များတယ်ဆိုပေမယ့်တချို့caseတွေမှာfamily
memberဖြစ်ပေမယ့်လည်းမကိုက်ညီတာတွေရှိတယ်။နင့်ရဲ့caseမှာလည်းအဲ့လိုပဲ။
မဖြစ်နိုင်တာမဟုတ်မှန်းသိခဲ့ပေမယ့်မဟုတ်ပါစေနဲ့လို့ဆုတောင်းနေခဲ့မိတာ။အခုတော့......"
"မဖြစ်နိုင်ဘူး။မဟုတ်ဘူးမလား။မဟုတ်ဘူးလို့ပြော
စမ်းပါ မေလင်းရာ"
"........"
"ငါ....ငါတကယ်ပဲသေရတော့မှာလား။တကယ်ပဲ
အရာရာအဆုံးသတ်သွားပြီလား"
"အဲ့လိုမတွေးပါနဲ့ ရိပေါ်။ငါတို့မှာတခြားအခွင့်အရေး
တွေအများကြီးရှိပါသေးတယ်။အချိန်အတိုင်းအတာ
တစ်ခုထိစောင့်ပြီးရင်ကိုက်ညီတဲ့အလှူရှင်ရှာလို့ရဦးမှာပါ"
"ဘယ်အချိန်ထိလဲ။ကုလို့မရလောက်အောင်နောက်
ကျသွားတဲ့အချိန်လား"
"ရိပေါ်...."
"အခု...မျှော်လင့်ချက်တွေအကုန်သဲထဲရေသွန်ဖြစ်ကုန်ပြီ။အားလုံး ဒီအတိုင်းအဆုံးသတ်သွားပြီ"
"ဝမ်ရိပေါ်!!နင်အရှုံးပေးလိုက်လို့မဖြစ်ဘူးလေဟာ"
"ငါကအစကတည်းကရှုံးနေခဲ့ပြီးသားပဲလေ"
မျှော်လင့်ချက်ကင်းမဲ့နေတဲ့ရိပေါ်ရဲ့အကြည့်တွေက
အရာအားလုံးကိုလွတ်ချလိုက်သယောင်။ဒီမျက်ဝန်း
တွေ...ရွယ်လီကျဲဆုံးသွားတုန်းကအချိန်နဲ့တစ်ပုံစံ
တည်းတူညီတဲ့အကြည့်တွေ။အရမ်းပင်ပန်းလွန်းလို့
အရှုံးပေးလိုက်ပြီဆိုတဲ့အဓိပ္ပါယ်သက်ရောက်တဲ့
အကြည့်တွေကသူမရင်ကိုပူလောင်စေတယ်။
ဒီတစ်ခါရော သူမဒီကောင်လေးကိုကယ်နိုင်ပါ့မလား။
သူမကိုကျောခိုင်းပြီးလှည့်ထွက်သွားဖို့ပြင်နေတဲ့ရိပေါ်ကိုသူမလှမ်းတားလိုက်တယ်။ဒီတစ်ခါထွက်သွား
ခွင့်ပေးလိုက်ရင်ဒီကောင်လေးဘဝကအရင်ကထပ်ပို
ဆိုးတဲ့အခြေအနေကိုရောက်သွားတော့မယ်ဆိုတာ
သူမ သိနေတယ်။
"ရိပေါ်!!နင်ဘယ်သွားမလို့လဲ"
"ငါလား...ဘယ်ကိုသွားရင်ကောင်းမလဲ။ဟက်..
ဘယ်ကိုသွားသွားလွတ်မြောက်မှာမှမဟုတ်တာ"
ခနဲ့ပြုံးပြုံးပြီးပြောနေတဲ့ကောင်လေးရဲ့ရင်ထဲဘယ်လောက်များနာကျင်နေလိုက်မလဲ။
"ရိပေါ်...."
"စိတ်မပူပါနဲ့။ငါက အိမ်ပြန်မလို့ပါ။ဟုတ်တယ်။
ငါအိမ်ပြန်ရမယ်"
"ငါလိုက်ပို့ပေးမယ်"
"ဟင့်အင်း။မလိုဘူး။ငါသွားရမယ့်နေရာကိုငါသိတယ်"
"ရိပေါ်..."
"ငါ့ကိုခနလောက်တစ်ယောက်တည်းနေခွင့်ပေးပါ"
"ကောင်းပါပြီ။မဟုတ်တာတွေတော့လျှောက်မလုပ်ပါနဲ့။ငါတောင်းဆိုတာပါ"
"စိတ်မပူပါနဲ့။ငါက....အဲ့လောက်ကြီးမြန်မြန်သေသွားလို့ဘယ်ဖြစ်မလဲ"
"ရိပေါ်ရယ်..."
"ငါလုပ်ရမယ့်အရာတွေအများကြီးရှိသေးတယ်
မေလင်းရ"
ကျောခိုင်းပြီးလှည့်ထွက်သွားတဲ့ရိပေါ်ကိုငေးလို့
သူမကျန်နေခဲ့တယ်။သူမတောင်ဒီလောက်ခံစားနေရရင်ကာယကံရှင်ဖြစ်တဲ့ရိပေါ်ဆိုဘယ်လောက်ခံစား
နေရမလဲ။ဒီတစ်ခါလည်း.....သူမဒီကောင်လေးအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ပြန်ဘူး။
_________________________________
မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရတဲ့အခါ
ဘဝကလည်းတစ်စစီကျိုးပဲ့သွားခဲ့ပြီ။
တစ်ယောက်တည်းမက်နေခဲ့မိတဲ့အိပ်မက်တွေပါပဲ
သူဟာအစကတည်းကရှုံးနေခဲ့ပြီးသားတိုက်ပွဲကို
အားကုန်ခံပြီးတိုက်နေခဲ့မိတာ။
အခုတော့တကယ်ပဲအဆုံးသတ်သွားခဲ့ပြီ။
ှူ့သူ့အတွက်မျှော်လင့်ချက်ဆိုတာဘယ်တော့မှရှိလာ
နိုင်မှာမဟုတ်တော့ဘူး။
အရာအားလုံးကဘယ်ကစပြီးမှားယွင်းခဲ့တာလဲ။
ရှင်သန်ဖို့်ကြိုးစားမိခဲ့တာကစမှားတာလား။
ခင်ဗျားကိုတွယ်တာမိတာကစမှားတာလား။
ဒါမှမဟုတ် ကျွန်တော်တို့ရဲ့တွေ့ဆုံမှုကိုကမှားယွင်း
နေခဲ့တာလား။
အကယ်၍ကျွန်တော်တို့နှစ်ယောက်မတွေ့ခဲ့ကြရင်
ခင်ဗျားလည်းအေးချမ်းတဲ့ဘဝလေးမှာကောင်းကောင်းမွန်မွန်ရှင်သန်နေမှာဖြစ်ပြီးကျွန်တော်လည်းဒီလောက်စိတ်ပင်ပန်းခဲ့ရမှာမဟုတ်ဘူး။
ကျွန်တော်မြတ်နိုးခဲ့ရတဲ့အပြာရောင်လေးဟာ
ဒီအတိုင်းလေးလှပစွာနဲ့တည်ရှိနေခဲ့ဦးမှာ။
အခုတော့....ကျွန်တော့ရဲ့အတ္တတွေကခင်ဗျားကို
နစ်မွန်းစေခဲ့ပြီ။
မစခဲ့သင့်ကြတဲ့ဇာတ်လမ်းတွေပါပဲ
ကံကြမ္မာကိုအပြစ်တင်ရအောင်လည်း အရာရာကို
ကျွန်တော်ကိုယ်တိုင်ဖန်တီးယူခဲ့မိတာမို့
တောင်းပန်ပါတယ်ကလွဲပြီးပြောစရာစကားမရှိခဲ့ဘူး။
အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်မသေချင်သေးဘူး။ဒီလောကကြီးထဲကထွက်သွားဖို့အရမ်းစောလွန်း
နေသေးတယ်မဟုတ်လား။ခင်ဗျားကိုချစ်တယ်လို့
ဖွင့်မပြောရသေးဘူး။ခင်ဗျားလက်လေးကိုတွဲပြီး
ဒီလူကကျွန်တော့အပိုင်ပါလို့တစ်လောကလုံးသိ
အောင်ကြေညာရဦးမယ်။ကျွန်တော်မြတ်နိုးရတဲ့
ခင်ဗျားကိုအရိပ်တကြည့်ကြည့်နဲ့ကာကွယ်စောင့်ရှောက်ပေးရဦးမယ်လေ။တကယ်ပဲ....ကျွန်တော်
အသက်ရှင်ချင်သေးတယ် ခင်ဗျားရဲ့။
ဘာလို့လဲ...ဒီလိုအဆုံးသတ်ရမယ်ဆိုရင်လည်း
ဘာလို့ဆုံစေခဲ့တာလဲ။သူတို့နှစ်ယောက်လုံး
အထီးကျန်ခြင်းမှာနေသားကျနေခဲ့ပြီးသားကို...
ဘာလို့များနာကျင်စေရုံသပ်သပ်အတွက်ဆုံစည်းစေတာလဲ။
_________________________________
ဒီနေ့မှသည်းသည်းမဲမဲရွာနေတဲ့မိုးကရိပေါ်ရဲ့ကျရှုံးခြင်းကိုဂုဏ်ပြုနေသယောင်ယောင်။ရင်ထဲကအပူတွေ
ငြိမ်းပါစေတော့ဆိုပြီးမိုးရေထဲမှာအကြာကြီးရပ်နေမိ
ပေမယ့်ပိုတိုးလို့သာပူလောင်စေတယ်။
လောင်မြိုက်ရင်းနဲ့အဆုံးသတ်သွားရင်ကောင်းမှာပဲ။
ပြာမှုန့်တွေအဖြစ်ပျောက်ကွယ်သွားလည်းသိပ်တော့မဆိုးလောက်ပါဘူး။
ယိုင်နဲ့နေတဲ့ခြေလှမ်းတွေကဦးတည်ရာမဲ့နေခဲ့တယ်။
ဟုတ္သားပဲ။သူ မေလင်းကိုအိမ်ပြန်မယ်လို့ပြောခဲ့တာလေ။အိမ်......သူ့မှာအိမ်ဆိုတာရှိလို့လား။သူဟာတစ်စုံတစ်ယောက်ရဲ့ဘဝထဲကိုခွင့်ပြုချက်မရှိဘဲအတင်းဝင်ရောက်ခဲ့ပြီးအဲ့ဒီလူပိုင်ဆိုင်သမျှကိုသူ့အပိုင်လို့သတ်မှတ်နေမိခဲ့တာပဲ။တကယ်တော့သူ့ဘဝမှာသူပိုင်ဆိုင်တာဘာမှမရှိခဲ့ဘူး။သူ့ရဲ့အသက်ကိုတောင်သူမပိုင်ဆိုင်ခဲ့ဘူး။
စိတ်အစုံကခြေလှမ်းတွေကိုပဲ့ကိုင်တဲ့အခါဦးတည်ရာကခင်ဗျားရှိရာကို။ အိမ်ကိုရောက်မှန်းမသိပြန်ရောက်လာခဲ့ပြီးpasswordနှိပ်လို့အထဲဝင်လိုက်တော့တံခါးရှေ့မှာရပ်စောင့်နေတဲ့အစ်ကို။ဒီလူသားမျက်နှာကိုမြင်လိုက်တာနဲ့တင်းထားခဲ့ရသမျှစိတ်တွေကအလဲလဲအပြျိုပြို။အရုပ်ကြိုးပျက်လဲကျသွားတဲ့ခန္ဓာကိုယ်ကကြမ်းပြင်ခပ်အေးအေးအစားနွေးထွေးတဲ့ရင်ခွင်တစ်ခုမှာမှေးစက်တယ်။
မပြတ်သားနိုင်တဲ့ကျွန်တော့ကြောင့်ခင်ဗျားပဲထပ်ပြီးနာကျင်ရဦးမယ်ထင်တယ်။
_________________________________
ရိပေါ်နိုးလာတော့ခန္ဓာကိုယ်ကအခုထိပင်ပန်းနွမ်းနယ်နေသေးသလိုခေါင်းကလည်းတဆစ်ဆစ်နဲ့ကိုက်
နေတယ်။ဒါပေမယ့်လည်းအရင်ကထပ်စာရင်သက်သာတယ်လို့ခံစားရတယ်။အရင်ကရိပေါ်ဖျားရင်
တော်ရုံနဲ့အဖျားကျတာမှမဟုတ်တာ။အဝတ်အစား
တွေလဲပေးထားပုံရတဲ့အစ်ကိုကတစ်ညလုံးလည်း
ရိပေါ်ကိုစောင့်ကြည့်ပေးခဲ့တာဖြစ်မယ်။
ပင်ပန်းလိုက်တာ ခင်ဗျားရယ်။
ရိပေါ်အားယူပြီးကုတင်ပေါ်ကထဖို့ပြင်တော့ခြေလှမ်း
တွေကယိုင်နဲ့နဲ့။ဒါပေမယ့်လည်းမရရအောင်အားတင်းပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်။မီးဖိုချောင်မှာ
တစ်ခုခုပြင်ဆင်နေပုံရတဲ့အစ်ကို့ကိုမြင်တော့ရိပေါ်
ဝမ်းနည်းလာမိသည်။ဒီလူသားကိုသူတကယ်ပဲထား
သွားရတော့မှာလား။အရိပ်တကြည့်ကြည့်နဲ့မြတ်နိုးခဲ့
ရတဲ့ဒီလူသားအနားမှာရှိနေခွင့်မရတော့ဘူးလား။
အနားကိုတိုးကပ်လို့အစ်ကို့ကိုသိုင်းဖက်လိုက်တယ်။
နောက်ဆုံးထွေးပွေ့ခြင်းပါပဲ။နွေးထွေးမှုအားလုံးကို
နှလုံးသားထဲမှာပဲသိမ်းဆည်းထားတော့မှာ။
"ဒီအတိုင်းလေးခနနေပေးပါ အစ္ကို"
"ကောင်လေးဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး။ဒီအတိုင်းပဲ..အစ်ကို့ကိုပွေ့ဖက်
ထားချင်လို့"
"......"
"ကျွန်တော်အရမ်းပင်ပန်းနေပြီ အစ်ကို။ဘာမှလည်းမျှော်လင့်စရာမရှိတော့ဘူး။အရာအားလုံးကို
လွတ်ချပြီးပုံရိပ်လေးတစ်ခုလိုပျောက်ကွယ်သွား
လိုက်ချင်ပြီ"
ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့သူတစ်ယောက်လို
ပျောက်ကွယ်သွားရင်အစ်ကိုလည်းမနာကျင်ရလောက်တော့ဘူးထင်ပါရဲ့။
"မင်းပျောက်ကွယ်သွားလို့မဖြစ်ဘူးလေ။ကောင်လေးရဲ့ဖြစ်တည်မှုလေးမှာကိုယ့်အသက်ဝိဉာဏ်လေး
ချိတ်ဆွဲထားတယ်ဆိုတာကိုမမေ့ပါနဲ့။မင်းမရှိရင်
ကိ်ုယ်လည်းရှိမှာမဟုတ်တော့ဘူး"
အဲ့လောက်မတွယ်တာပါနဲ့အစ်ကို။ကျွန်တော့လိုလူမျိုးအပေါ်အဲ့လောက်တွယ်တာလို့မဖြစ်ဘူး။
"အစ္ကို....ကျွန်တော်ကအစ်ကို့အတွက်ဘယ်လို
ဖြစ်တည်မှုမျိုးလဲ"
"ကိုယ့်အတွက်ကောင်လေးကအရာအားလုံးထပ်ပိုတန်ဖိုးထားရတဲ့ဖြစ်တည်မှုမျိုး။ကောင်လေးရဲ့ဖြစ်တည်မှုကြောင့်ကိုယ့်ဘဝကရှင်သန်နေရတာမို့ဘာနဲ့မှနှိုင်းယှဉ်လို့မရနိုင်အောင်မြတ်နိုးရတဲ့ဖြစ်တည်မှုလေး"
"ကျွန်တော့ရဲ့ဖြစ်တည်မှုကတစ်စုံတစ်ယောက်
အတွက်အဲ့လောက်အရေးပါတယ်တဲ့လား...။ဟာသ
ပဲ။ကျွန်တော့လိုကောင်ကအဲ့လောက်တန်ဖိုးမရှိပါဘူးဗျာ"
"ကောင်လေးရဲ့ဖြစ်တည်မှုကသိပ်တန်ဖိုးရှိတာပေါ့။
ဘယ်လိုအရာနဲ့မှတန်ဖိုးမဖြတ်နိုင်လောက်အောင်
တန်ဖိုးရှိတယ်"
"အစ်ကိုကကျွန်တော့ကိုဘယ်လောက်နားလည်လို့
လဲ။ကျွန်တော့အကြောင်းကိုဘယ်လောက်သိနေလို့
ဒီလိုမျိုးပြောရတာလဲ"
အစ်ကိုမသိပါဘူး။ကျွန်တော်ကသိပ်အတ္တကြီးတဲ့သူ။
ကျွန်တော့ရဲ့အတ္တကြောင့်ခင်ဗျားကိုပါပူလောင်စေခဲ့
တဲ့သူဗ်။
"ကိုယ်ကောင်လေးအကြောင်းကိုဘာမှမသိပါဘူး။
သိဖို့လည်းမလိုဘူး။ကိုယ်သိတဲ့ကောင်လေးက
လွတ်လပ်ပြီးပျော်ပျော်နေတတ်တဲ့၊ကိုယ့်ဘဝကို
ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးတဲ့လူသားလေးပဲ"
"ကျွန်တော်ကအစ်ကိုထင်သလိုလူကောင်းတစ်ယောက်မဟုတ်ပါဘူး။ခင်ဗျားကိုတစ်ချိန်လုံးလိမ်ညာလှည့်စားနေခဲ့တဲ့သူဆိုတာကိုရောသိရဲ့လား။
ဘယ်သူ့ကိုမှမယုံနဲ့။အထူးသဖြင့်ကျွန်တော့ကိုလုံးဝ
မယုံပါနဲ့။ကျွန်တော်ကခင်ဗျားထင်တာထပ်ပိုပြီး
အတ္တကြီးတဲ့သူမျိုး"
"......"
"ဒါကြောင့်ကျွန်တော့အပေါ်လိုတာထပ်ပိုပြီးကောင်း
မပြပါနဲ့။ကျွန်တော်တို့ရဲ့ပတ်သတ်မှုကဟိုးအရင်အစ
ကတည်းကအပေးအယူဆန်ဆန်ပတ်သတ်မှုမျိုးပဲလေ။ကျွန်တော့အပေါ်အရမ်းကောင်းပြပြီးအချိန်ကုန်၊
လူပင်ပန်းခံပြပြီးကျွန်တော့ကိုသံယောဇဉ်တွယ်လာ
အောင်ကြိုးစားမနေပါနဲ့။ငြိတွယ်ခြင်းတွေကိုကျွန်တော်မုန်းတယ်။အထူးသဖြင့်သံယောဇဉ်ဆိုတဲ့ငြိတွယ်
ခြင်းကို...။ချည်ရလွယ်သလောက်ဖြည်ရခက်တဲ့အရာတွေကစိတ်ရှုပ်ဖို့ကောင်းတယ်"
ပြောချင်ရာပြောပြီးလှည့်ထွက်လာခဲ့တဲ့ သူက
အစ်ကို့ကိုစိတ်ဒဏ်ရာတစ်ခုပေးခဲ့မိပြန်ပြီဆိုတာကို
သိတာပေါ့။ဒါပေမယ့်လည်း ဒီတစ်ခါနောက်ဆုံးပါပဲ။
ခင်ဗျားကိုဆက်ပြီးမနာကျင်စေချင်တော့တာမို့
ဒီလောက်နဲ့ပဲအဆုံးသတ်ရအောင်။
အရူးထနေတာတွေဒီလောက်ဆိုတော်သင့်ပြီမဟုတ်လား။ဒီလောက်ဆို ခင်ဗျားကိုလွတ်ချလိုက်ဖို့
လုံလောက်ပြီထင်တယ်။
တွယ်ငြိစေခဲ့မိလို့တောင်းပန်ပါတယ်။
ကိုယ်တိုင်ဖြည်မှပြေမည့်ကြိုးမို့ ဒီဇာတ်လမ်းမှာ
ကျွန်တော်ကဗီလိန်လုပ်ရဦးမှာပေါ့။
_________________________________
Continue Reading
You'll Also Like
92.9K 11.3K 200
Book 1 နဲ့ 2 ကို ဒီအကောင့်ထဲမှာ ဝင်ဖတ်လို့ရပါတယ်
EGOISM By 🌼
Fanfiction
292K 35.4K 42
708K 64.3K 40
" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...