Unicode
ရောင်စဉ်တို့အိမ်ကပြန်ခဲ့ပြီးနောက်~ အေးချမ်း ကားမောင်းနေရင်း မီးပွိုင့်မိသွားတာကြောင့် ..စိတ်လည်းရှုပ်ထွေးနေတာမို့..ပိုက်ဆံအိတ် ထုတ်ကြည့်မိတော့ သူ့အမြဲ ဆောင်ထားသော သူ့၏မိသားစု ဓာတ်ပုံလေး~
ထို ဓာတ်ပုံလေးကို ကြည့်ကာ~
အေးချမ်း ~ " မေမေ..သား..မေမေ့ကို မမြင်ဖူးလိုက်ရပေမယ့်..ဒီဓါတ်ပုံ လေးနဲ့ပဲ..သား အမေကို လွမ်းနေခဲ့ရတာ ..ပြီးတော့..အမေ သား ၁၆ နှစ် ပြည့် မွေးနေ့ရောက်ရင် ဖတ်ဖို့ ထားပေးခဲ့တဲ့ စာလေးအတိုင်း သားရဲ့
Zing ကို တွေ့ခဲ့ရပြီ...."
" ပြီးတော့..အမေ နေစေချင်ခဲ့တဲ့အတိုင်း~
Be Love,Be Courage and Be Kind ပုံစံနဲ့ သား ဘဝတစ်လျှောက်လုံး လူတိုင်းအပေါ်ကို ပြုမူခဲ့တယ် ~ ဘဝတစ်သက်တာမှာ တစ်ကြိမ် မိမိရဲ့ Zing ကို တွေ့လိမ့်မယ် ~ အမေ ပြောခဲ့တယ်နော် ~ အဲ့လို တွေ့ခဲ့ရင် လူတိုင်းအပေါ် အဲ့သုံးချက် မပြုမူနိုင်ရင်တောင် မိမိရဲ့ ချစ်သူကိုတော့ အဲ့အတိုင်း ကာကွယ်စောင့်ရှောက်ပါလို့. အမေ.
ကျွန်တော့်အတွက် စကားထားပေးခဲ့တယ်."
" ဒါမယ့်..မေမေ ခု ကျွန့်တော်ရဲ့ Zing ကို တွေ့ခဲ့ပြီ ~ သူက သူ့မှာ သက်ဆိုင်သူ ရှိပြီးနေပြီ ~ ဘာဆက်လုပ်နိုင်တော့မှာလည်း~ သား..ဘာမှရှေ့ဆက်မတိုးနိုင်တော့ဘူး ~ သား နောက်ဆုတ်ရတော့မယ်~မေမေ.."
" မေမေနှင့်ဖေဖေ ရဲ့အချစ်ဟာ လှခဲ့ပေမယ့်..ကျွန်တော့် အချစ်ကတော့ ကံမကောင်းတော့ဘူး အမေရယ်.."
မိသားစု ဓာတ်ပုံလေးကိုကြည့်ရင်း မျက်ရည်ကျမိရင်းနဲ့..
" သား..အရမ်းနာကျင်ရတယ်.."
" သူ့ကို..ထွေးပွေ့ခွင့် မရနိုင်တော့တာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်နေ့မနက် အစောပိုင်း~
မာန်ထက်တို့ကား အိမ်ကို ရောက်ရောက်ချင်း သူ့မှာ ကားတံခါးဖွင့်ပေးတာကို မစောင့်နိုင် ၊ ရင်တွေပူနေတာကြောင့် အိမ်ထဲသို့ ခပ်မြန်မြန်ဝင်ရင်း Maidsများကမြင်တော့~
" မင်္ဂလာပါ..Boss "
" ဖြူရော.."
" အခန်းထဲမှာ ရှိပါတယ် Boss "
ထို စကားကြားကြားပြီးချင်း လှေကားကနေ မပြေးရုံတစ်မယ် သူတို့အခန်းဆီသို့အသွား ~
အခန်းထဲရောက်တော့ သူ့အသည်းငယ်က ကျောပေးကာ ဘေးတစ်စောင်း လှဲနေတာမြင်တော့မှ စိတ်အေးသွားကာ ခြေသံဖွဖွဖြင့် လှမ်းရင်းနဲ့ မွေ့ယာပေါ်သို့ အသာဘေးတစ်စောင်း ထိုင်ကာ ~
ဖြူ့ လက်ကလေးကို အသာလှမ်းယူလိုက်ပြီး နားထင်နေရာလေးကို တစ်ချက်နမ်းကာ လက်ကလေးကို ဖွ နမ်းရင်းနဲ့ ~
မျက်စိမှိတ်လိုက်မိရငိး အသံတိုးတိုးလေးဆိုကာ
"ဟူး..မောင်က..ဖြူ ထားသွားပြီးလားလို့ ရင်ပူသွားတာပဲ..တကယ်ကို ဖြူမရှိတော့ရင် မောင်သေရလိမ့်မယ်..မုန်းလည်းရတာမို့.
မောင့်ကိုသာ ထားမသွားနဲ့နော်..ချစ်တယ်..ချစ်လွန်းလို့ ရူးရတော့မယ်.."
ဖြူ့ပါးလေးကို လက်တစ်ဖက်နဲ့ ပွတ်သပ်နေရင်း မျက်နှာလေးကို အချိန်ခဏအကြာ ကြည့်မိနေရင်းကနေ~
" ဖြူ နားလိုက်ဦး..မောင် အောက်ဆင်းပြီး ကိစ္စတစ်ခုရှင်းရဦးမယ် "ပြောကာ မာန်ထက် ရောင်စဉ် လက်ကလေးကို ပြန်ဖိနမ်းရင်း အသာပြန်ထကာ ထွက်ခဲ့သည်။
တံခါး ပြန်ပိတ်လိုက်သံ ထွက်လာပြီးပြီချင်း~
ရောင်စဉ် မျက်လုံးပွင့်လာတော့သည်။တကယ်က မောင် အခန်းထဲရောက်ရောက်ချင်း သူနိုးနေပြီးသားပါ။မောင်နဲ့ မျက်နှာချင်း မဆိုင်ချင်တာကြောင့် မျက်လုံးမှိတ်ထားခဲ့ခြင်း။ ဘေးရှိ အုတ်နံရံ အဖြူကို စိုက်ကြည့်မိနေရင်း ခေါင်းထဲ အတွေးများစွာဖြင့် ~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မာန်ထက် အောက်ထပ်ရောက်တော့ ရဲရင့် တို့ ညီအကိုနှစ်ယောက် စောင့်နေတာတွေ့တော့ ~ဆိုဖာပေါ်ထိုင်လိုက်ပြီး..
မာန်ထက် ~ " ရဲမာန်..မင်းလာဦး.."
" ဟုတ်ကဲ့..Boss "
ရဲမာန် မာန်ထက်ရှေ့သို့ ရောက်လာပြီး ဒူးထောက်ထိုင်ချလိုက်ကာ ~
မာန်ထက် ~ " ရဲမာန်..မင်း ရဲ့ ကောင်လေးတွေကို ပြောထား..သူတို့ သခင်အစစ်က ဘယ်သူလည်းဆိုတာ..ငါ့ အိမ်ကို ငါ ခွင့်မပြုဘဲ အခြားသူကို ပေးဝင်ခဲ့တယ်..အဲဒီတော့ မင်းအုပ်ချုပ်တာ လိုတဲ့အတွက် မင်းကအပြစ်အရှိဆုံးပဲ ..အဲဒီတော့..ခုအသင့်ပြင်တော့.."
မာန်ထက် ရဲရင့်ကို ကြည့်လိုက်တော့ လက်ထဲ ဘေ့စ်ဘောတံက ကိုင်ထားပြီးသား~ ရဲမာန်က ချက်ချင်း ဝမ်းလျောက်မှောက်လိုက်ကာ လက်သီးဆုပ်ကာ ကြမ်းပြင်ကို ထောက်ထားရင်း..
!..ဗုန်း...!
မာန်ထက် အရှိန်ပြင်းပြင်းနဲ့ တစ်ချက်လွှဲရိုက်တော့ တစ်ချက်တောင် ယိုင်မသွားခဲ့။မာနိမဟာ မိသားစုရဲ့ အပြစ်ပေးရင် ယိုင်တာတွေ၊ ရုန်းတာတွေရှိခဲ့ရင် ပိုခံရတာမို့~
အပြစ်ပေးပြီးတော့ ရဲရင့်ကို ရိုက်တံလှမ်းပေးရင်း ~
မာန်ထက် ~ " ရဲရင့် အေးချမ်းတည်နိုင်ကို ဖုန်းဆက်..ခုအိမ်ကို လာလို့ပြောလိုက် .."
~~~~~~~~~~~~~~~~~~~~~~~~~~~~
အေးချမ်းတို့ သားအဖ မနက်စာစားပြီး ကော်ဖီ သောက်နေစဉ် ကော်ဖီခွက်ကိုင်ရင်း အတွေးများနေသော သားကို ဦးတည်နိုင် တစ်ချက်လှမ်းကြည့်အပြီး ~
" သား..ဘာတွေတွေးနေတာတုန်း.."အေးချမ်း အဖေ့အသံကြားတော့ မျက်လုံးချင်းဆုံကြည့်မိတော့ အဖေက စကားဆက်လိုက်ကာ..
" ရောင်စဉ် အကြောင်းတွေးနေတာမှတ်လား.."
" မနေ့က.သား.အဲ့ခလေးဆီ သွားပြီး ဒီလိုဖြစ်တော့မယ်ဆိုတာ အဖေ ကြိုတွေးပြီးသားပါ "
အေးချမ်း ~ "ဟုတ်တယ် အဖေ သူ့ကိုတွေးမိနေတာ " အဲ့ခလေးလေး ဖြစ်နေတဲ့ အခြေအနေတွေက အမြဲတမ်းဖြစ်နေတာလား..ကိုကြီး မာန်လုပ်တာလား..သူက ရောင်စဉ်ကို မချစ်တာလား.."
" မဟုတ်ဖူး..သား..မာန်လေးက..ရောင်စဉ်ကို အရမ်းချစ်တာ.အရမ်းလည်းဂရုစိုက်တယ်..~ အရမ်းအချစ်ကြီးလွန်းတော့ ရောင်စဉ်လေးက မခံနိုင်ဖြစ်နေရတာ "
ဦးတည်နိုင် အသေးစိတ်ကိုတော့ သားကိုမသိစေချင်တာမို့ ...
အေးချမ်း ~ " အရမ်းချစ်ပေးတာ မကောင်းဘူးလား..အချစ်ခံရတာ လူတိုင်းကြုံရတာမဟုတ်ဘူး..ဘာလို့် အဲ့လိုဖြစ်နေရတာလည်း..အဲ့ခလေးလေးက ကိုကြီးမာန်ကို တကယ်မချစ်လို့လား.."ပြီးတော့ ကိုကြီးမာန်က အဲ့ခလေးအပေါ် လက်အမြဲပါတာလား "
ဦးတည်နိုင် ~ " အမြဲတော့ မဟုတ်ပါဘူး..တစ်ခါတစ်လေ စိတ်အခန့်မသင့်လို့ ရန်ဖြစ်ရင် နည်းနည်းပါးပါးတော့ ရှိတာပေါ့" ကဲပါ.သားရယ်..မုန့်ဆက်စား..ဒီနေ့..သူငယ်ချင်း ဆေးရုံထိုင်မှာဆို..နောက်ရက်ကျမှ ရောင်စဉ်လေးတို့ အိမ်သွားပြီး အခြေအနေပြန်ကြည့်ပေးလိုက်..ဟုတ်ပြီလား.."
ဦးတည်နိုင် ဆက်ပြောနေရင်း ကိစ္စတွေ သားသိသွားမှာစိုးတာကြောင့် စကားအမြန်ဖြတ်ရတော့သည်။
ထိုစဉ်~
" 📲📲📲 "
ဦးတည်နိုင် ~ " hello "
📱 ~ "........"
ဦးတည်နိုင် ~ " ဟုတ်ပြီ..လွှတ်လိုက်မယ်.."
ဦးတည်နိုင် ဖုန်းချလိုက်အပြီး
"သား..အခု..မာန်လေးအိမ်ကိုသွား..ပြီးမှ ဆေးရုံဆက်သွားလိုက် .."
ရုတ်တရက် အေးချမ်း ခလေးလေးကို စိုးထိတ်သွားတာကြောင့်..
" ဘာဖြစ်လို့လည်း..အဖေ..ရောင်စဉ်လေး..မသက်သာလို့လား.."
" မဟုတ်ဘူး..ရောင်စဉ်လေးက သက်သာတယ်..မာန်လေး..ပြန်ရောက်နေပြီ..မင်းနဲ့တွေ့ချင်တယ်..လာခဲ့လို.ပြောနေလို့.."
ငယ်ငယ်ကရင်းနှီးခဲ့ရတဲ့ အကိုမို့ အမြဲတွေ့ချင်ခဲ့ပေမယ့်လည်း တကယ်လည်း သွားတွေ့ရတော့မယ်ဆိုတော့ စိတ်ထဲတစ်မျိုးတော့ ဖြစ်သွားပေမယ့် မာန်မဟာ group ထဲဝင်တော့မယ်ဆို မဖြစ်မနေ တွေ့ရမယ့်သူ ဖြစ်တာကြောင့်..
" ဟုတ်ကဲ့..အဖေ.သားတွေ့လိုက်ပါ့မယ်."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အေးချမ်း မာန်ထက်ရှိန်တို့ အိမ်ရောက်တော့ ဧည့်ခန်းမှာ စောင့်နေရင်း..
ခဏအကြာ ~
အိမ်ကြီး၏ လှေကားပေါ်မှ ဆင်းလာသူ~
All black suit ဝတ်စုံနှင့် အရပ်ရှည်ကာ Body structure ကောင်းတဲ့ အသွင်အပြင်ရှိပြီး မျက်နှာပုံစံက မျက်ခုံး တန်းတန်းနှင့် မျက်လုံးပေါက်က နည်းနည်းမှေးကာ သူ့ကို ဆင်းလာရင်း ကြည့်နေသော မျက်လုံးအစုံက တည်ငြိမ်လျက် ~ နှုတ်ခမ်းက တင်းတင်းစေ့ထားပြီး မရယ်မပြုံး ပုံစံမျိုးနှင့် ~ Manly ဖြစ်တဲ့ လူမျိုးပါ။
သူ့ရှေ့က ဆိုဖာတွင် ထိုင်လိုက်တော့ သူ့ကပဲ ပြုံးပြကာ ထလိုက်ရင်း..
အေးချမ်း ~ " မင်္ဂလာပါ..ကိုကြီးမာန်..ကျွန်တော့် အေးချမ်းတည်နိုင်ပါ..၁၃ နှစ်တောင်ကြာခဲ့ပြီဆိုတော့ မှတ်မိရဲ့လား..အခု ကျွန်တော့် အပြီးပြန်လာတာ ကိုကြီးတို့ မိသားစု ကျန်းမာရေးအတွက် စောင့်ရှောက်ပေးချင်လို့ပါ..."
မာန်ထက် ဘာမှပြန်မပြောပဲ အေးချမ်းကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ရင်း..
မာန်ထက် ~ " ထိုင် "
~ " မင်း..မနေ့က ငါ့ ဖြူလေးကို လာကြည့်ပေးတာဆို .."
အေးချမ်း ~ " ဗျာ..အာ..ဟုတ်ကဲ့.ကိုကြီး..အဖေ က လာမလို့ပဲ..ဒါမယ့်..ဦးလေးမာန်က..ကျွန်တော့်ကို သွားလိုက်ဆိုလို့.."
မာန်ထက်ရှိန် ဦးမာန်မဟာရဲ့ စိတ်ကူးကို သိတာကြောင့် တစ်ချက်မဲ့ပြုံး ပြုံးကာ~
" ကောင်းပြီလေ..ဦးလေးတည်နိင်ကလည်း နားတော့မှာဆိုတော့..မင်း တာဝန်ဆက်ယူပေါ့.."လိုက်နာရမှာတွေ မင်းသိတော့ သိထားမှာပါ..ဒါမယ့် ငါထပ်ပြောလိုက်မယ်.."
" ရှေ့လျှောက် မြင်ရ၊ ကြားရတာတွေ ရှိလာလည်း ကိုယ်နဲ့မဆိုင်တဲ့အတွက် ဝင်မပါနဲ့၊ မစွက်ဖက်နဲ့.."
" ပြီးတော့..အရေးကြီးဆုံးက..ငါရဲ့ဖြူ.."
" လူနာနဲ့ ဆရာဝန် ဆက်ဆံရေးကလွဲ၍ ဘောင်မကျော်နဲ့.ဖြူ့ကို.လိုတာထပ်ပို မထိမိစေနဲ့.ငါ.ကာရံထားတဲ့ စည်းကိုလည်း မကျော်လာနဲ့.မင်းက ဆရာဝန်ဆိုတော့ ကိုယ့်အလုပ်ပဲ တာဝန်ကျေအောင် လုပ်ပါ.."
" ဒါ..ငါ နောက်ဆုံးအကြိမ် သတိပေးခြင်ပဲ.."
"အဲ့ဒါကိုမှ..ချိုးဖောက်လာခဲ့ရင်.."
" ဦးလေး တည်နိုင်ရဲ့ သားမို့လို့ "
" ငါ..မာန်ထက်ရှိန်..က ခွှင့်မလွှတ်တတ်ဘူး.."
" No Mercy ပဲ "
အေးချမ်း မာန်ထက် ပြောသောစကားများကို နားထောင်ရင်း ရုတ်တရက် ဘာပြန်ပြောရမှန်းတောင် မသိတော့ ~ သူ သိထားခဲ့တဲ့ အကို့တစ်ယောက် မဟုတ်တော့ဘူး..
မာန်ထက် ~ " နားလည်တယ်နော်.."
" ဟုတ်ကဲ့ နားလည်ပါတယ် "
" အဲ့ဒါဆို မင်းပြန်လို့ရပြီ "
အေးချမ်း ~ " ဟုတ်ကဲ့ "
အေးချမ်း ကား ခြံထဲက ထွက်သွားတော့~
မာန်ထက် စိတ်ထဲက တွေးမိနေရင်း..
* အေးချမ်း..မင်းက ငါနဲ့ယှဉ်ရင် အားနည်းပေမယ့်.. တည်ငြိမ်ပြီး မာန်မာန ကင်းတယ်..မင်းတို့လို လူမျိုးတွေက လူတွေကို ဆွဲဆောင်နိုင်တယ်..ငါ့ရဲ့ ဖြူကို လာထိရင်တော့ မင်း ကို သတ်ပစ်မှာ..အဲ့ထိ ဖြစ်မလာဖို့တော့ မျှော်လင့်တယ်..*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks a lot,my readers 😘
Vote and comment ❤