ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)
By maylapyaepyae
31.9K 3K 409
EXO fanfiction More
Intro
Ch-1
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)
Ch-32
407 45 2
By maylapyaepyae
Uni
အခုရက်ပိုင်း KS နဲ့ Chan ကြားမှာ ဘာပြဿနာမှမရှိတော့ဘဲ အေးချမ်းနေသည်။ နောက်ပြီး KS သူ့သူငယ်ချင်းတွေရဲ့အကြောင်းကို အကုန်ဖွင့်ပြောပြီး အကို Jong In ကို အကူညီတောင်းတော့ ကူညီမယ်တဲ့လေ။ သူလည်း အမှုက ထင်သလောက်မရိုးရှင်းဘူး ဆိုတာ သိနေသည်တဲ့လေ။ ရွာကိုလာနေရတဲ့အကြောင်းရင်းကလည်း အမှုကို လာစုံစမ်းတာဖြစ်ကြောင်း။ အစကတည်းက ပွင့်ပွင့်လင်းလင်းမပြောလို့ဆိုပြီး သူ့ဆီသွားတိုင်း အခေါက်ချည်းခံနေရတာကြောင့် ပတ်ပြေးနေတာလည်း အလုပ်တစ်ခု။ သူစုံစမ်းရလွယ်အောင် ph နံပါတ်တောင်မဟုတ် ph တောင်ပေးထားတဲ့ဟာကို အဲ့လူကြီးဟုတ်ကိုမဟုတ်ဘူး။ ခေါင်းထဲမှာ အကို Jong In ကို ပညာပြန်ပေးဖို့အတွေးတွေစီလျက်။ သူတွေးနေတုန်း
" KS ရေ KS အလှူခံသွားရအောင် "
ဟုအိမ်ရှေ့ကခေါ်သံကြောင့် သူထကြည့်တော့ Baek တို့ ကျန်တဲ့ရွာက လူငယ်တွေလည်းပါကြသည်။ Baek ကိုမြင်တော့ သူ့ခေါင်းက အချက်ပြလာသည်။ အကို Jong In က Baek ကို ကြိုက်နေသည်ပဲ။ လက်စားချေဖို့ အခွင့်အရေးကြီးတစ်ခုလုံးကို မျက်စိရှေ့မြင်လိုက်ရတာကြောင့် KS မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ စကားပြန်ပြောကာ အဝတ်အစားလဲကာ အိမ်အောက်သို့ ဆင်းလာခဲ့သည်။ မေမေတို့က အရင်တုန်းက အတိုင်းဆို တားမှာသေချာပေမဲ့ အခုချိန်က အရင်လိုမဟုတ်တော့ ဘာလို့ဆို ဟိုနေ့ကသူ့ကို ရိုက်ပြီးကတည်းက စိတ်မကောင်းဖြစ်ပြီး သူဘာလုပ်လုပ်ခွင့်ပြုထားသည်လေ။ ရွာဘုရားပွဲအတွက် အလှူခံထွက်တာကြောင့် KS ပုဆိုးနဲ့ရှပ်အင်္ကျီဝတ်ကာ ဆင်းလာတော့ မမြင်ဖူးသလိုကြည့်နေကြသည်။ ကြည့်တာမဆန်း ။ ဆန်းနေတာက KS ။ ဘယ်တော့မှ ပုဆိုးမဝတ်ဘဲ ဘောင်းဘီတွေချည်းဝတ်တဲ့ KS က ပုဆိုးဝတ်ထားတော့ ဝိုင်းကြည့်ကြတာ မဆန်း ။ KS ဆိုတာ ရွာဘုရားပွဲကြမှ ပုဆိုးဝတ်သည့်အမျိုး။ ပြီးတော့ ရွာမှာ အချောဆုံး ယောင်္ကျားလေး 10 ယောက်ထဲတွင် သူပါသည်လေ။ အဲ့တော့ရွာရဲ့ကာလသားပျို/သမီးပျိုတွေ ကြည့်ကြတာက KS အတွက် ထုံးစံလိုပင် ။
KS အိမ်တံခါးကိုသော့ခတ်ပြီး အမေ( Tao )တို့အိမ်ကိုကူးသွားလိုက်သည်။
" သားငယ်လေး စောစောရောက်အောင်ပြန်လာခဲ့နော်။ သားက သားငယ်ကိုမတွေ့ရင် သူ့ဒေါသက သားငယ်လေး သိတဲ့အတိုင်းလေ။ မဖြစ်သာလို့သာလွှတ်ရတာ သားငယ်။ အလှူခံသွားတိုင်း သားငယ်လိုက်နေကြမို့ မတားတာနော် သားငယ်။ လမ်းမှာ ဂရုစိုက်နော်။ "
စိတ်ပူစွာပြောလာတာကြောင့်
" အမေကလည်း သား ဂရုစိုက်မှာပါ။ စိတ်မပူပါနဲ့ ။ သားသွားနေကြကို။ပြီးတော့ ကို..ကိုကို လည်းသိတယ်......"
စကားအဆုံး အသံလေးတိုးသွားတဲ့ ကလေးငယ်လေး ကို Tao ချစ်မဝစွာ ကြည့်မိတယ်။ တကယ်ပါ အရမ်းချစ်စရာကောင်းတဲ့ကလေးလေး။ လူကြီးပုံလေးဝတ်ထားတာတောင် လူကြီးမဆန်ပဲ ချစ်စရာကောင်းနေတဲ့ သူမရဲ့ သားငယ်လေးက တကယ်ကို နှင်းပွင့်လေးပါ။ သူမပြုံးပြီး
" ဟုတ်ပါပြီ သားရယ်။ သွား သွား နောက်ကျတော့မယ်။ အိမ်ရှေ့မှာ စောင့်နေရတာ အားနာစရာ။ "
" ဟုတ် မေ ။ သားသွားပြီနော် မွ "
မသွားခင် သူမကိုနမ်းသွားတဲ့ကောင်လေးကို ကြည့်ရင်းအချစ်ပိုနေရတာ။
KS ကတော့ မေ့ အိမ်ထဲကနေ Baek တို့ဆီပြေးထွက်ခဲ့သည်။
" Sorry မေ့ကို ခွင့်တောင်းနေလို့ "
တောင်းပန်စကားလို့မည်တဲ့ မတောင်းပန်တဲ့ စကားတစ်ခွန်းကို KS ဆိုတော့
" မင်းလား ခွင့်တောင်းမှာ "
ဟု Chen က ရွဲ့ပြောသည်။
" ခွင့်တောင်းရတယ်လေ ကိုယ့်ယောက္ခမကြီးကို ဘယ်သွားမယ်ဆိုတာလောက်ကတော့ ပြောရတယ်ဟုတ် "
Baek ကပြောပြန်တော့
" ဟုတ်သား ။ မဟုတ်ရင် နောက်ကနေ စိတ်မချလို့ပါ ကလေးရယ်ဆိုပြီး တစ်ကောက်ကောက်လိုက်လာအုံးမယ် ။ ဟား ဟား ဟား "
ဟုဆိုကာပြောပြီးရယ်တော့ အကုန်လုံးက ပြုံးစိစိဖြစ်ကုန်ကြသည်။
" တော်တော့ ဟျောင့် ရွာတွေက အများကြီးသွားရမှာအပြန်မိုးချုပ်နေမယ် "
KS စကားလမ်းကြောင်းလွှဲကာ ပြောလိုက်ပေမဲ့
" ဘာလဲ အိမ်ပြန်နောက်ကျရင် မျှော်နေမှာ​စိုးလို့လား ။ မစိုးရိမ်ပါနဲ့ အိမ်ကိုအချိန်အတိကျပြန်ပို့ပေးမှာပါ "
" အေးလေကွာ။  ဆရာ Chan က အိမ်ပြန်နောက်ကျရင် အပြစ်မပေးပါဘူး။ ညအတူတူမအိပ်ခိုင်းရုံလေးပဲ "
" ဟျောင့် ဘာကိုအတူတူမအိပ်ခိုင်းတာလဲ "
" ဟိုတစ်ခါလို ကုတင်းကျိုးမှာစိုးလို့လေ "
" ဟား ဟား ဟား "
KS တို့အရွယ်တွေချည်းပဲဖြစ်တာကြောင့် အကုန်လုံးဝိုင်းစနေကြခြင်း။
" ကုတင်က ဘာလို့ကျိုးတာ "
" မခိုင်လို့ပေါ့ "
" မဟုတ်ပါဘူး အအိပ်ကြမ်းလို့ပါ "
" မဟုတ်ပါဘူး ဆရာ Chan ကြောင့်"
" KS ကြောင့်ပဲနေမှာပါ "
" ဟား ဟား ဟား ဟား "
" &%$&$#$&&%$%&%$%&$$"
KS မျက်နှာတစ်ခုလုံးနီရဲကာ ဆဲတော့သည်။ အဆဲတင်မဟုတ် လိုက်ထိုးတာကြောင့် KS တို့အဖွဲ့တစ်ခုထဲပဲ ရယ်သံတွေ ဆဲသံတွေနဲ့ဆူညံကာ ပျော်စရာကောင်းနေသည်။ နောက်က ပါလာတဲ့ မိန်းကလေးအဖွဲ့ နဲ့ ယောင်္ကျားလေးအဖွဲ့ကတောင့် ကြည့်ပြီးရီနေကြသည်။
အလှူခံသွားရင် တော်တော်များများ KS တို့အဖွဲ့နဲ့လိုက်ချင်ကြသည်။ ဘယ်တော့မှ မပျင်းရ။ တစ်မျိုးမဟုတ် တစ်မျိုးရယ်စရာတွေလုပ်တက်သည်။ အထူးသဖြင့် ဗိုက်ဆာရင်တောင် ကိုယ်ပိုင်ပိုက်ဆံရှင်းစရာမလိုဘဲ KS ရဲ့ ပါးစပ်ဖျားက ထွက်လာတက်တဲ့စကားတွေကြောင့် သူထိုင်တဲ့နေရာလိုက်ထိုင်ရင်အမြဲတမ်း အလကားစားရသည်။ ပြီးတော့ KS က ဥစ္စပေါ ရုပ်ချောလေ။ လိုချင်သူမိန်းကလေးများ/ယောင်္ကျားလေးများက ပိုးကြေးပန်းကြေးအနေနဲ့တကာခံကာစားသမျှရှင်းပေးတက်ကြသည် ။ အလှူခံထွက်တိုင်း KS တို့သာပါရင် အလှူခံငွေတင်မဟုတ် အစားအသောက်တွေကိုပင် အိမ်ပြန်ယူလို့ရသည်အထိပင်။ လူစုခွဲပြီး အလှူခံရတာကြောင့် KS တို့နဲ့အတူ အလှူခံထွက်ရသည်က ကံကောင်းမှုကြီးတစ်ခုလိုပင်။
အခုလည်း ရွာအပြင်တောင်မထွက်သေးဘူး သူတို့နဲ့တင်ဆူညံပြီးရီနေရသည်။
" တော်ပြီ ဟျောင့်တွေ ရှိုးပဲ့တယ်။ သူများရွာသွားမှာ ဣ​​​နြေရရသွားစမ်းပါ "
KS ကပြောလာတော့ အကုန်လုံးငြိမ်သွားကြသည်။ တကယ်တော့ KS မျက်လုံးထောင့်ကနေ အမဂျီယွန်းကို လှမ်းမြင်လိုက်တာကြောင့် စိတ်ရှုပ်သွားတာပါ။ အမ ဂျီယွန်း နဲ့သူက စကားမပြောတာကြာနေပြီဆိုတော့စကားပြန်ပြောဖို့ဆိုတာက အခုချိန်မှာမဖြစ်နိုင်တော့။ ကိုကို နဲ့ အမဂျီယွန်းကို သူကိုယ်တိုင်အောင်သွယ်ပေးခဲ့တယ်လို့ဆိုပေမဲ့ သူအောင်သွယ်ခဲ့တာ " မမကို အကိုChanကကြိုက်နေတာ "ဆိုတဲ့စကားတစ်ခွန်းနဲ့တင်။ ရည်းစားဖြစ်သွားတာတောင်မသိလိုက်။ Baek တို့ပြောမှသူသိခဲ့တာ။ သူကသာနောက်ဆုံးမှသိခဲ့ပေမဲ့ အမဂျီယွန်းက သူအောင်သွယ်လို့ Chan နဲ့ရည်းစားဖြစ်ရပါသည်ဆိုတော့ သူကဘာပြန်ပြောနိုင်မည်နည်း။ ငယ်သေးတာကြောင့် ဘာမှမသိဘဲ သူမပြောသမျှ အင်းအဲလိုက်ခဲ့ရတာ။ အဲ့တုန်းကအကြောင်းပြန်တွေးရင် ဒေါသကထွက်လာစမြဲ။ ကိုကိုက ရုတ်တရပ်ဖြစ်လာတဲ့အခြေနေပေါ်မူတည်ပြီး အမဂျီယွန်းနဲ့တွဲခဲ့သည်။ တွဲခဲ့တဲ့ကာလပတ်လုံး သစ္စာမဖောက်ပဲ တွဲပေးခဲ့သည်။ အဲ့တာကိုတောင် အမဂျီယွန်းက ကျောင်းဆရာဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ကိုကို့ ကိုထားခဲ့ကာ ဆရာဝန်တစ်ယောက်နဲ့လက်ထပ်သွားသည်။ သူမ နဲ့ သူ အဲ့ကတည်းကစကားမပြောတော့ပေ။ ကိုကိုက မေ့လိုက်ပြီပြောပေမဲ့ ကိုကို့ရဲ့အချစ်ဦးမမည်တဲ့အချစ်ဦး။ KS အတွေးတွေကိုခါထုတ်ကာ လမ်းတစ်လျှောက်သစ်ပင်တွေပဲကြည့်လာသည်။ သစ်ပင်တွေက အနည်းဆုံးတော့ သူ့ကို ကြည်နူးစေတယ်မလား........
T.B.C.
နောက်ကျသွားလို့ Sorry ပါ။
Zawgyi
" ဟုတ် မေ ။ သားသွားပြီနော် မွ "
ဟု Chen က ရွဲ့ပြောသည်။
Baek ကပြောပြန်တော့
" ဟား ဟား ဟား "
" ကုတင်က ဘာလို့ကျိုးတာ "
" မခိုင်လို့ပေါ့ "
" KS ကြောင့်ပဲနေမှာပါ "
" ဟား ဟား ဟား ဟား "
" &%$&$#$&&%$%&%$%&$$"
T.B.C.
Continue Reading
You'll Also Like
6K 108 27
Apabila seorang wanita dipaksa berkahwin dengan ketua kumpulan mafia kerana ternampak kejadian yang berlaku disebabkan oleh lelaki itu apa yang ia ma...
31.5K 2.1K 21
story Name (from Myanmar) ပြန်လည်မွေးဖွားလာပြီးနောက်သူမရဲ့ ပါးပါး ဖြစ်လာတယ် story Name (from Myanmar) ပြန်လည်မွေးဖွားလာပြီးနောက်သူမရဲ့ ပါးပါး ဖြစ်လာ...
39K 2.7K 13
ထိုယောကျ်ားကိုမှ သဘောကျခဲ့မိပြီ ထိုယောက်ျားကိုမှ သဘောကျခဲ့မိပြီ
1.1M 35.9K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...