I Can Hear Your Voice (Comple...

By Light730

501K 60.3K 1.5K

The boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits... More

I Can Hear Your Voice - 1(Z,U)
I Can Hear Your Voice -2(Z,U)
I Can Hear Your Voice - 3(Z,U)
I Can Hear Your Voice - 4(Z,U)
I Can Hear Your Voice - 5(Z,U)
I Can Hear Your Voice-6(Z,U)
I Can Hear Your Voice - 7(Z,U)
I Can Hear You Voice-8(Z,U)
I Can Hear Your Voice-9(Z,U)
I Can Hear Your Voice-10(Z,U)
I Can Hear Your Voice-11(Z,U)
I Can Hear Your Voice-12(Z,U)
I Can Hear Your Voice-13(Z,U)
I Can Hear Your Voice-14(Z,U)
I Can Hear Your Voice-15(Z,U)
I Can Hear Your Voice-16(Z,U)
I Can Hear Your Voice-17(Z,U)
I Can Hear Your Voice-18(Z,U)
I Can Hear Your Voice-19(Z,U)
I Can Hear Your Voice-20(Z,U)
I Can Hear Your Voice-21(Z,U)
I Can Hear Your Voice-22(Z,U)
I Can Hear Your Voice-23(Z,U)
I Can Hear Your Voice-24(Z,U)
I Can Hear Your Voice-25(Z,U)
I Can Hear Your Voice-26(Z,U)
I Can Hear Your Voice-27(Z,U)
I Can Hear Your Voice-28(Z,U)
I Can Hear Your Voice-29(Z,U)
I Can Hear Your Voice-30(Z,U)
I Can Hear Your Voice-31(Z,U)
I Can Hear Your Voice-32(Z,U)
I Can Hear Your Voice-33(Z,U)
I Can Hear Your Voice-34(Z,U)
I Can Hear Your Voice-35(Z,U)
I Can Hear Your Voice-36(Z,U)
I Can Hear Your Voice-37(Z,U)
I Can Hear Your Voice-38(Z,U)
I Can Hear Your Voice-The End (Z,U)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Extra-6
Extra-7
Extra-8
Extra-9
Extra-10
Extra-11(Final Part)
I Can Hear Your Voice-39(Z,U)
စျေးဗန်း(ေစ်းဗန္း)
(ေတာင္းပန္ျခင္းႏွင့္အသိေပးျခင္း)

I Can Hear Your Voice-40(Z,U)

4.7K 402 22
By Light730



(zawgyi)

" မင္း ငါ ဘယ္သူလဲ သိေနတယ္မလား
ငါမိုးဦးညိဳကိုသတ္တာ မင္းသိလို႔ငါ့အိမ္
ထိေရာက္လာတာမလား...ငါသိတယ္ငါသိေနတယ္...မင္းငါ့ကိုေတာ္ေတာ္ဒုကၡေပးတယ္...
ငါမနည္းရွာလိုက္ရတယ္...ငါ့အေမရဲ႕
ေနာက္ဆံုးစကားကိုမင္းကလာေျပာ
တယ္ဟုတ္လား...ေဆးရံုမွာငါ့အေမနဲ႔
ေတြ႕တယ္ ဟုတ္လား...ငါက အခ်ိန္ျပည့္
ငါ့အေမကိုေဆးရံုေစာင့္ေပးေနတာ မင္းကငါ့အေမနဲ႔ေနာက္ဆံုးေတြ႔လိုက္တယ္တဲ့လားေဆ
မင္းေျပာတဲ့အလိမ္အညာေတြရယ္
မင္းရဲ႕ေျခာက္ျခားေနတဲ့ မ်က္လံုးေတြ
ရယ္က ဟိုးလြန္ခဲ့တဲ့ညက တကၠစီနဲ႔
ေျပးသြားတဲ့ ေကာင္ဆိုတာျပေနတယ္
တကၠစီသမားကိုလဲ ငါသတ္လိုက္ျပီးၿပီ....
ငါမင္းကိုလိုက္ရွာေနတာ မင္းကိုသတ္ဖို႔ပဲက်န္တာ....မေန႔ကမွကံေကာင္းလို႔ျပန္ေတြ႕တယ္....ဟား...ဟား...မင္းအခု ငါ့လက္နဲ႔ေသရေတာ့မွာပါ..."

ၾကမ္းတမ္းစြာထြက္ေပၚလာသည့္ စကားသံႏွင့္အတူ ေျခလွမ္းေတြကလည္း ဝိုင့္အနားတိုးကပ္သည္ထက္ တိုးလာခဲ့သည္။ဘာလို႔လဲ ဒီတစ္ေခါက္ ဝိုင္ ဘာမွဝင္မပါခဲ့ပါဘူး...။အႏၲရာယ္ရွိမည္မွန္း ႀကိဳသိလို႔ ေဝးေဝးေရွာင္ခဲ့တာ...။ဘာလို႔ဒီလူက ဝိုင့္အိမ္ထိေရာက္လာခဲ့ရတာလဲ။ေသာ္စိတ္ပူသလို ေဒၚစံပယ္ညိဳကမ်ား ဒီလူႀကီးကို ဝိုင့္ကိုသတ္ဖို႔အမိန္႔ေပးခဲ့ေလသလား...။တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္နဲ႔ေလ။

ဝိုင္ ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ ေခၽြးေစးေတြျပန္ၿပီး အနားတိုးကပ္လာသည့္ေျခလွမ္းေတြကို
ဒီအတိုင္းပင္ၾကည့္ေနရသည္။

အသက္႐ွဴက်ပ္ေနသည့္အျပင္ေခါင္းကိုလည္း ထိထားသည္မို႔ ထၿပီးမေျပးႏိုင္ေတာ့ေပ...။ေသာ္ ျမန္ျမန္ေရာက္လာပါေတာ့..။ဒီအခ်ိန္ ေသာ္ ဝိုင့္ကိုလာႀကိဳေပးေနၾကမဟုတ္လား...။ေသာ္ေရ
ကၽြန္ေတာ္ ခင္ဗ်ားနဲ႔ မေဝးခ်င္ေသးဘူး ေက်းဇူးျပဳ ျပီး အျမန္လာကယ္ပါ...။

လွစ္ခနဲ ဓါးကိုထုတ္လိုက္သည္ကိုဝိုင္
ျမင္လိုက္ရေတာ့ မ်က္လံုးေတြကို အတင္းမွိတ္ခ်ပစ္လိုက္မိသည္။ဝိုင့္ကို ဘယ္သူမွမကယ္ႏိုင္ေတာ့ဘူးလား...။

" ကိုေအာင္သိုက္...ရွင္ဒါဘာလုပ္ေနတာ
လဲ..."

" ဟင္...စံပယ္...."

" ရွင္....ဒါဘာလုပ္ေနတာလဲလို႔..."

" ကိုယ္...ကိုယ္..."

ေမ်ာ္ေနမိတာကေသာ့္ကိုျဖစ္ၿပီး တကယ္
တမ္းေရာက္ခ်လာသူက ေသာ့္မိေထြး
ေဒၚစံပယ္ညိဳျဖစ္ေလသည္။သူတို႔အခ်င္းခ်င္းမွင္သက္ကာ အေမးအေျဖလုပ္ေနသည့္အ
ခ်ိန္တြင္ ...ဝိုင္စားပြဲကိုအမွီျပဳကာထရပ္
ျဖည္းျဖည္းခ်င္းထရပ္လိုက္မိသည္။ေနာက္ အသက္ရွဴက်ပ္ေနသည့္ လည္ပင္းကိုလက္ႏွင့္ဖိကိုင္ၿပီး အသက္ျပင္းျပင္းရွဴေနမိသည္။

" ကိုေအာင္သိုက္ ရွင္ ရွင္ ရွင့္လက္ထဲက ဓါးကဘာလုပ္တာလဲ..."

ေဒၚစံပယ္ညိဳကလဲ တုန္တုန္ယင္ယင္နဲ႔ေျပာရွာသည္။ၾကည့္ရတာ သူလည္း ဦးေအာင္သိုက္ကိုၾကည့္ၿပီးလန္႔ေနပံုရသည္။ဒါဆို ဒီလူဝိုင့္ဆီဘယ္သူ႔အခိုင္းအေစမွမပါပဲ ဟိုညကကိစၥေၾကာင့္ႏွင့္ သတ္ပစ္ဖို႔ေရာက္လာခဲ့သည္ပဲ....။သူတို႔တစ္ေယာက္ႏွင့္တစ္ေယာက္ အခုလိုျဖစ္ေနခ်ိန္ ဝိုင္တစ္ခုခုေျပာမွျဖစ္မယ္...။

" ေဒၚစံပယ္ညိဳ ဒီလူနဲ႔ေဝးေဝးမွာေန သူက လူသတ္ထားတာ...ကၽြန္ေတာ့္ကိုလည္း သတ္ဖို႔ေရာက္လာခဲ့တာ...."

" ဟာ...ဒီေကာင္....မင္းပါးစပ္ပိတ္ထားစမ္း...
ကိုယ္ရွင္းျပပါ့မယ္...စံပယ္.."

" သူေျပာတာနားမေထာင္နဲ႔...ခင္ဗ်ားသား...ခင္ဗ်ားရဲ႕သားကိုလည္း ဒီလူပဲသတ္လိုက္တာ..,"
ဝိုင္မနည္းေအာ္ၿပီးေျပာလိုက္ရသည္။ဝိုင့္စကားေၾကာင့္ ေဒၚစံပယ္ညိဳ ၏ မ်က္ႏွာဟာျဖဴဖတ္သြားခဲ့ေလေတာ့သည္။

" ဘာ..."

" ဘာေတြေျပာေနတာလဲ...ဘယ္ကသားလဲ...ဟာ ဒီေကာင္ ေတာ္ေတာ္စကားမ်ားတယ္...
တိတ္တိတ္ေနဆိုတာကို ကြာ..."

ေဒၚစံပယ္ညိဳက မ်က္ႏွာေတြျဖဴေဖ်ာ့ကာ
အံ့ၾသေနခ်ိန္တြင္ ဦးေအာင္သိုက္ကသူဧ လ်ိဳ႔ဝွက္ခ်က္ေတြ ေပၚသြားခဲ့သည့္အတြက္ ေသြး႐ူးတန္႐ူးႏွင့္ သူ႔ လက္ထဲကဓါးကို ဝိုင့္ဆီဦးတည္လာခဲ့သည္။နီရဲတြတ္ကာ ေဒါသေတြထြက္ေနေသာ ဦးေအာင္သိုက္ ၏မ်က္ႏွာ ဝိုင့္ဆီနီးကပ္လာတာကိုျမင္ေတာ့ ထပ္ၿပီးမ်က္ဝန္းေတြကိုမွိတ္ခ်လိုက္မိေတာ့သည္။
ဒီတစ္ေခါက္ေတာ့ ဝိုင္တကယ္သြားၿပီနဲ႔တူပါရဲ႕။

" အ..."
ဝိုင္ ဘာဆိုဘာမွမထိခိုက္ပါပဲ ႏွင့္ ဝိုင့္ လက္ေမာင္းကို လွမ္းဆုပ္ကိုင္လိုက္သည့္ လက္တစ္စံု၏အထိအေတြ႕။ေနာက္ေျခသံေတြ ၊လဲၿပိဳသြားသည့္ အသံေတြေနာက္ဆံုး အ ခနဲ ေအာ္လိုက္သည့္ အသံေတြၾကားလိုက္ရသည္။

သြားၿပီ ဆိုသည့္အသိႏွင့္ ဝိုင္ေသြးပ်က္ ေခ်ာက္ခ်ားစြာမ်က္လံုးေတြကို ကမန္းကတန္းဖြင့္ၾကည့္လိုက္မိသည္။

ဝိုင့္ပုခံုး ႏွစ္ဖက္ကို လက္ႏွစ္ဖက္ႏွင့္ ဖိကိုင္ထားကာမတ္တပ္ပင္မရပ္ႏိုင္ပဲ ဝိုင့္ေရွ႕မွာတင္ တစ္အိအိနဲ႔ ၿပိဳလဲက်သြားသည့္ သူ...။

" မိုးလင္း....."

ဝိုင္ အသံေတြျပာသြားသည္ အထိ ေၾကာက္လန္႔တၾကားေအာ္ဟစ္ကာ မိုးလင္းကိုယ္ေလး ၾကမ္းျပင္ဆီမက်ေရာက္ခင္အေတာအတြင္း စိုးရိမ္တစ္ႀကီးႏွင့္ ဖမ္းဆီးလိုက္ကာ အလ်င္အျမန္ေပြ႕ခ်ီလိုက္မိသည္။

" အား...ကိုေအာင္သိုက္ ...ရွင္...ရွင္အရမ္း
ရက္စက္ပါလား...ကၽြန္မသား...ကၽြန္မသားကိုပါ ရွင္...သတ္...သတ္ျပစ္ရက္တယ္ေပါ့..."
ေဒၚစံပယ္ညိဳက ေသြးပ်က္ေနသည့္ျမင္ကြင္းကို
တုန္တုန္ယင္ယင္ၾကည့္ရင္း တုန္ရီစြာေျပာမိသည္။ဘုရားေရ ဒီလူ႔ကိုသူမအနားထားထားတာ
သူမ သားကိုအထင္လြဲၿပီးသတ္ပစ္ဖို႔မဟုတ္ဘူးေလ...။သူမကို ကာကြယ္ဖို႔ သူမအေပၚမေကာင္းတဲ့သူေတြ သူမ မၾကည္ျဖဴတဲ့သူေတြကိုသင္ခန္းစာေပးႏိုင္ေအာင္လို႔ ေခၚထားခဲ့တာ...။

ဒီလူက သိပ္ၿပီးသဝန္တိုတတ္တာ...။ဒါကိုသိထားရက္ႏွင့္ ေတာင္ သူမ သားကိုသူမ မကာကြယ္ႏိုင္ခဲ့ဘူး...။အခုေတာ့ သူ႔၏ ထံုးစံအတိုင္း သဝန္တိုစိတ္ကအႏိုင္ယူသြားၿပီး ဘာအျပစ္မွမရွိသည္ပ သူမသားကိုရက္ရက္စက္စက္သက္ပစ္ရက္သည္တဲ့လား...။

" မဟုတ္ဘူး...ကိုယ္မင္းရဲ႕ သားမွန္းမသိ
ဘူး...ကိုယ္မင္းကိုလာရွဳပ္ေနတယ္ထင္လို႔ ဒီအတိုင္းရွင္း...ရွင္းလိုက္တာပါ..."

" ရွင္...ရွင္ ရက္စက္လိုက္တာ...ဒီအတိုင္းရွင္းလိုက္တယ္တဲ့လား....ကၽြန္မသား...ကၽြန္မသား
ကၽြန္မသိပ္ခ်စ္ရတဲ့သားမို႔ ကၽြန္မကိုမလိုတဲ့သူေတြ ထိပါးလာမွာစိုးလို႔ အထိမခံ အသိမခံပဲ ကာကြယ္ခဲ့ရတာ...ရွင္..ရွင္က လုပ္ရက္လိုက္တာ..."

ေဒၚစံပယ္ညိဳကာ ရင္ဘတ္ကိုဖိကာ
ငုတ္တုတ္ထိုင္ခ်ရင္းခပ္တိုးတိုးေရရြတ္ကာငိုေႂကြးေနသည္။ဦးေအာင္သိုက္လည္း
ဓါးႀကီးကိုကိုင္ကာ ဒူးေထာက္ရင္း ေၾကာင္စီစီျဖစ္ကာ ငိုေႂကြးေနသည္။ဝိုင္ကေတာ့ မိုးလင္းကိုယ္ေလးကိုေပြ႕ကာ မ်က္ရည္ေတြတသြင္သြင္စီးက်ရင္းငိုေနခဲ့သည္။

" မ...ငို...ပါ...နဲ႔...."
မိုးလင္းရဲ႕ အသံက ေဖ်ာ့ေတာ့ေနခဲ့သည္။ဝိုင့္ မ်က္ဝန္းတြင္  စီးက်ေနသည့္မ်က္ရည္ေတြကို သုတ္ေပးဖို႔ထင့္ မိုးလင္းလက္ေတြလွဳပ္ရွားလာခဲ့သည္။

" မိုးလင္း....ဘာမွမျဖစ္ရဘူး..."

အေနာက္ကဒဏ္ရာစီမွေသြးေတြတစ္စိမ့္စိမ့္ထြက္ေနတာ။ဝိုင့္ လက္နဲ႔ဒဏ္ရာကိုဖိထားတာမို႔ ပ်စ္ခဲေနသည့္ ေသြးနီနီေတြက ဝိုင့္လက္မွာေပက်ံေနေလသည္။ဝိုင္ ဘာမွမလုပ္
တတ္မကိုင္တတ္ေတာ့ေပ...။အရမ္းကိုတုန္လွဳပ္ေနၿပီ...။မ်က္ႏွာတစ္ခုလံုး ျဖဴေဖ်ာ့ကာ အသက္ျပင္းျပင္းရွဴေနရရွာသည့္ မိုးလင္း...။ဘာလို႔လဲ ဘာလို႔လဲ မိုးလင္းကဘာလို႔ အခုခ်ိန္ေရာက္လာရတာလဲ...။

ဘယ္ကဘယ္လိုေရာက္လာၿပီး ဝိုင့္အစားဓါးကို ဝင္ခံေပးလိုက္ရတာလဲ...။မိုးလင္းရဲ႕ အရွိန္ႏွင့္ အလ်င္အျမန္ေရာက္လာၿပီး ဝိုင့္ကိုကာကြယ္ေပးလိုက္တာကို ဝိုင္ေက်းဇူးတင္ရမွာလား...။

ဟုတ္သည္ဝိုင့္ဆီ တစ္ေယာက္ေယာက္အျမန္ေရာက္လာၿပီးကယ္တင္တာ ဝိုင္လိုခ်င္ခဲ့တာ..။ဒါေပမယ့္ ဝိုင့္အစားအနစ္နာခံၿပီး ဓါးအစားထိုးခံေပးတာမလိုခ်င္ခဲ့ပါဘူး...။ဒီအေျခအေနကဘာအေျခအေနႀကီးလဲ...။မိုးလင္းက
တစ္ေျဖးေျဖးၿငိမ္သက္ေနၿပီ...။ဝိုင္ဘာလုပ္ရမလဲ...။ဖုန္း ဟုတ္တယ္ ...။

" ဖုန္း...ဖုန္းဆက္ရမယ္..."

အေတြးထဲလွစ္ခနဲေပၚလာကာ ဖုန္းကိုရွာရန္ထလိုက္မိေတာ့မိုက္ခနဲျဖစ္သြားကာၾကမ္းျပင္ေပၚသို႔ထိုင္ရပ္က်သြားျပန္သည္။

" မိုးလင္း...မသြားပါနဲ႔...ကၽြန္ေတာ့္ကိုမထားခဲ့ပါနဲ႔....ကၽြန္ေတာ္ေတာင္းပန္ပါတယ္..."ဟုအတြင္တြင္ေျပာရင္းဝိုင့္အသိေတြအေမွာင္က်သြားရေတာ့သည္။စိတ္ထဲတြင္ေတာ့မိုးလင္းဘာမွမျဖစ္ေစဖို႔သာဆုေတာင္းေနခဲ့မိသည္။

ေဒၚစံပယ္ညိဳနဲ႔ လြတ္လြတ္လပ္လပ္စကား
ေျပာရေအာင္ဆိုၿပီး လြတ္ထားေပးမိတာ
သူသိပ္ကိုမွားသြားခဲ့သည္ထင္သည္။တိုက္ခန္းထဲဝင္ဝင္ခ်င္း ျမင္ရက္စရာမရွိသည့္ျမင္ကြင္းတို႔က သူ႔ႏွလံုးကိုကြဲေၾကေစသည္။
ေသြးအလိမ္းလိမ္းႏွင့္ၾကမ္းျပင္ေပၚတြင္
ရွိေနသည့္အလင္း...။သတိေမ့ေျမာ
ေနသည့္ သူ႔ခ်စ္သူဝိုင္...။
အသိစိတ္ကင္းမဲ့ေနသလိုျဖစ္ေနၾကေသာသူ႔မိေထြးႏွင့္ဟိုဘိုးေတာ္...။
သူအျမန္အလင္းနားအျမန္သြားကာ ဒူးေထာက္ထိုင္ခ်လိုက္ၿပီးအလင္းရဲ႕မ်က္ႏွာကိုကိုင္ကာ
လွဳပ္ႏိုးလိုက္မိသည္။

" အလင္း...အလင္း...ဟေရာင္...ငါ့ကို
လန္႔ေအာင္မလုပ္ပါနဲ႔ကြာ...ထပါကြာ..,"

" ဝိုင္....ဝိုင္..."

အလင္းႏွင့္ဝိုင့္ကိုတစ္လွည့္စီ
ေအာ္ေခၚရင္း ေသာ္ ေခါင္းေတြခ်ာခ်ာလည္ေနၿပီ...။သတ္ပစ္လိုက္ဖို႔ေကာင္းသည့္ အယုတ္တမာ လင္မယား ႏွစ္ေယာက္ကိုပဲသူထၿပီးသတ္ပစ္လိုက္ရမလား...။ေမ့ေမ်ာေနၾကသည့္ အလင္းႏွင့္ သူ႔ခ်စ္သူဝိုင္ကိုပဲ ေသြးပ်က္စြာထိုင္ၾကည့္ရမလား...။
သူ႔စိတ္ေတြ အစိုးမရေတာ့..။ရင္တစ္ခုလံုး မြန္းက်ပ္ကာ တစ္ကိုယ္လံုးတုန္ယင္ေနၿပီ...။ဖုန္းကိုထုတ္ကာ ပုလဲတို႔ဆီဖုန္းေခၚမိသည္။မကိုင္ၾက။

" ဟာကြာ..."
သူ ဒီလိုျဖစ္ေနရမွာ မဟုတ္ဘူး...။ဦးေအာင္သိုက္ အခန္းထဲကထြက္ေျပးသြားၿပီး ေဒၚစံပယ္ညိဳငိုယိုေနခ်ိန္ သူအသည္းအသန္နဲ႔ အလင္းကိုေကာက္ေပြ႕ေနမိသည္...။

အလင္း မင္းအသက္ရွင္ေပးပါ...။ငါတို႔မင္းကိုလိုအပ္တယ္ဆိုတာ မင္းသိတယ္မလား...။မင္းအသက္ရွင္မယ္ဆို ငါဘာမဆိုလုပ္ေပးႏိုင္တာမို႔ မင္းအသက္ဆက္ရွင္ေပးပါကြာ...။

သူ အလင္းရဲ႕ေပ်ာ့ေခြေနသည့္ ခႏၶာကိုယ္ေလးကို အလ်င္အျမန္ပဲေက်ာပိုးလိုက္တယ္။

" အားတင္းထား...အလင္း..."
သူခပ္တိုးတိုးေရရြတ္ရင္း ကိုယ့္ကိုကိုယ္ပါအားေပးကာ အားတင္းလိုက္မိသည္။
အလင္း ဘာမွမျဖစ္ရဘူး...။

.................................................................
" မိုးလင္း..."

ေမ့ေမ်ာေနရာမွ ဝုန္းခနဲထထိုင္လိုက္သည့္ ဝိုင္ေၾကာင့္ေသာ္ အေတြးေတြထဲ ႏွစ္ေျမာေနရာမွ အသိစိတ္ေတြျပန္ကပ္ကာ ထိုင္ေနရာမွ မတ္တပ္ထရပ္မိလိုက္သည္။

" မိုးလင္း...မိုးလင္းေရာဟင္...ေသာ္...
မိုးလင္း...ဘာမွမျဖစ္ဘူးမလား...ေသာ္
ေျပာပါဦး...."

" ေျပာပါဦး...ေသာ္ရဲ႕ မိုးလင္း...မိုးလင္း
ဘာမွမျဖစ္ဘူးမလား..."

ဝိုင့္အေမးေၾကာင့္ သူ႔ရင္ထဲဆို႔တက္လာကာ မ်က္ရည္ေတြဝဲလာရသည္။

" ေသာ္...ေမးေနတယ္ေလ...မိုးလင္းေရာလို႔..."
ေသာ္ ဝိုင့္ရဲ႕အေမးကိုမေျဖႏိုင္ဘူး...။ေျဖဖို႔အင္အားလည္းမရွိေလဘူး...။ေသြး႐ူးေသြးတန္းနဲ႔ မိုးလင္းကိုေခၚကာ ေသြးပ်က္ေနေလသည့္ ဝိုင့္ကိုယ္ေလးကို သူအတင္းပဲရင္ခြင္ထဲထည့္ရင္းေထြးေပြ႕လိုက္မိတယ္...။

" ေသာ္...ငါေမးတာ ေျဖစမ္းပါ...မိုးလင္း..သူ...သူ ဘယ္မွာလဲ..."
ဝိုင့္ကိုယ္ေလးကို ရင္ခြင္ထဲႏွစ္ျမဳပ္မတတ္ ပိုတိုးလို႔ဖက္ရင္း အသံတိတ္ငိုေႂကြးေနမိတသည္။
မ်က္ရည္ေတြက ပါးျပင္ထက္ အတိုင္းအဆမဲ့က်လို႔ေနရင္းေပါ့...။

" ေသာ္..."

" ရွိပါတယ္...အ...လင္း...ရွိပါတယ္ကြာ..."

ေသာ္ တုန္ယင္စြာနဲ႔ ဝိုင့္ကိုညာလိုက္မိသည္။
ဝိုင့္စိတ္ေတြတည္ၿငိမ္ဖို႔အတြက္ သူညာသင့္သည္ မဟုတ္လား...။အလင္းအျပင္ ဝိုင့္ကိုထပ္ၿပီးမဆံုးရွံဳးပါရေစနဲ႔....။

" ဒါဆို သြားမယ္...မိုးလင္း ဆီသြားမယ္ မိုးလင္းဆီလိုက္ပို႔ေပး..."
ဝိုင္ကလည္တယ္။သူ လိမ္ေနမွန္းသိလို႔ထင္ရဲ႕
သူ႔ရင္ခြင္ထဲကေန အတင္း႐ုန္းထြက္ၿပီး အလင္းဆီသြားဖို႔ ေအာ္ဟစ္ေသာင္းက်န္းျပန္သည္။
သူ႔မ်က္ႏွာေပၚက မ်က္ရည္ေတြကို ဝိုင္ျမင္သြားေတာ့ သူ႔လိမ္စင္ႀကီးကိုသေဘာေပါက္သြားတယ္ထင္သည္...။ဝိုင့္ မ်က္လံုးေတြက အံ့အားသင့္သြားၿပီး ပါးစပ္အေဟာင္းသားႏွင့္ မ်က္ႏွာက အသက္မဲ့သလိုျဖစ္လို႔သြားခဲ့သည္။

" ဝိုင္..."

သူေၾကာက္လန္႔တၾကား ဝိုင့္မ်က္ႏွာကို သူ႔လက္ႏွစ္ဖက္ႏွင္႔ကိုင္တြယ္လိုက္မိသည္။

" ငါ့...ငါ့..ေၾကာင့္...ငါ့ေၾကာင့္ မိုးလင္းအခုလိုျဖစ္တာ...ငါ့ေၾကာင့္....ဟုတ္တယ္ ငါ့ေၾကာင့္ပဲ..."

ဝိုင္ခံစားခ်က္မဲ့ေနသည့္ အသံႏွင့္ ပလံုးပေထြးေရရြတ္ေလေတာ့သည္...။ေသာ္ စိုးရိမ္စြာ ဝိုင့္မ်က္ႏွာကိုသူ႔ရင္ခြင္ထဲအပ္ၿပီး ဝိုင့္ကိုယ္ေလးကိုေပြ႕ဖက္ထားမိျပန္သည္။

" ငါ့ေၾကာင့္...ငါ့ေၾကာင့္ပဲ...မိုးလင္း ငါ့ေၾကာင့္ေသရတာ..."

" ဝိုင္ စိတ္ထိန္းပါ...ကိုယ္ေတာင္းပန္ပါတယ္ကြာ...စိတ္ထိန္းပါကြာ...".

" ငါ့ေၾကာင့္ပဲ...ဘယ္လိုလုပ္ရမလဲ မိုးလင္းငါ့ေၾကာင့္...ငါ့ေၾကာင့္ေသသြားရၿပီ..."

" မဟုတ္ဘူး ကိုယ္ေျပာတာနားေထာင္စမ္းဝိုင္ ဒါမင္းအျပစ္မဟုတ္ဘူး မင္းအျပစ္လို႔မေတြးနဲ႔
ဒါမင္းေၾကာင့္မဟုတ္ပါဘူးကြာ..."
ေသာ္ မခ်ိတင္ကဲ အသံနဲ႔ေျပာလိုက္မိသည္။

ေသာ္ကိုယ္တိုင္လည္း လက္ရွိအေျခအေနကို လက္မခံႏိုင္တာမို႔ ဝိုင့္ကိုဖက္ၿပီး ကတုန္ကယင္ႏွင့္
ငိုေႂကြးေနမိသည္။

အလင္းက ဘယ္သူ႔ကိုမွ ႏွဳတ္မဆက္သြားႏိုင္ရွာဘူး...။သူ အလင္းကိုအသားကုန္ေအာ္ေခၚေနပါေသာ္လည္း အလင္းက ႏိုးထလာႏိုင္စြမ္းမရွိေတာ့ဘူး...။အလင္းက သူ႔လက္ေပၚမွာပဲ ေပ်ာ့ေခြၿပီး
အသိစိတ္ကင္းမဲ့ေနၿပီ...။ေဆးရံုေရာက္တဲ့အခ်ိန္မွာပဲ ဆရာဝန္ရဲ႕ ထြက္ဆိုခ်က္နဲ႔ အလင္းကိုမကယ္လိုက္ႏိုင္မွန္း ေသာ္သိခြင့္ရခဲ့တယ္။အျပစ္တင္လို႔ အျပစ္ခံရမယ္ဆိုရင္ ဒါ သူ႔အျပစ္ပါ...။သူ
အလင္းကိုပဲအရင္ေဆးရံု ပို႔ခဲ့သင့္တာ...။

ဝိုင့္ကို တစ္ေခါက္ျပန္ၿပီး ေခၚခဲ့လို႔ အလင္းက
ေသြးထြက္လြန္ၿပီး သူ႔လက္ေပၚမွာဆံုးရ ရွာတာ...။ဒါ သူ႔အျပစ္ပါ...။ခ်စ္သူတစ္ေယာက္ကို
စိုးရိမ္ၿပီးပစ္မထားႏိုင္မိတဲ့သူ႔ရဲ႕အျပစ္ပါပဲ...။
ဝိုင့္ ကိုအတင္းအက်ပ္ ဖက္တြယ္ရင္း တစ္သိမ့္သိမ့္တုန္ယင္ေနတဲ့ ေက်ာျပင္ေလးကိုခပ္ဖြဖြပြတ္ေပးရင္း စိတ္ေတြတည္ၿငိမ္ေအာင္လုပ္ေပးေနမိသည္။

" ငါမယံုဘူး ေသာ္ မိုးလင္းငါ့ကိုမႏွဳတ္ဆက္ရေသးဘူး....ဒါေၾကာင့္မိုးလင္းဆီငါ့ကိုေခၚသြားေပးစမ္းပါ...ငါ သူ႔ကိုျမင္ရမွျဖစ္မယ္..."

" ဝိုင္......."

" မင္း ငါ့ကို ညာေနတာလား...မင္းကေကာ ဘာလို႔ငိုေနရတာလဲ ေသာ္ မငိုနဲ႔ ငါေတာင္မငိုဘူးေလ..."
မငိုဘူးလို႔ေျပာၿပီးတစ္အိအိငိုေနခဲ့သည့္ ဝိုင္ကို ေသာ္ဘယ္လိုႏွစ္သိမ့္ေပးရမွာလဲ။အေျခအေနေတြက
႐ုန္းကန္ေနသည့္အေနအထားမွ တည္ၿငိမ္သည့္ဘက္ေရာက္သြားခဲ့သည္မို႔ ေတာ္ေသးသည္။

ေဆးရံုကုတင္ေပၚ ေသာ္ေရာဝိုင္ပါ အတူအိပ္ေနၿပီး ဝိုင့္ကိုယ္ေလးကို ေသာ္ကရင္ခြင္ထဲထည့္
ၿပီးေပြ႕ဖက္ထားျဖစ္သည္။ဝိုင္ တည္ၿငိမ္ဖို႔လိုအပ္သည္။

" ေသာ္ မိုးလင္းကငါ့ကို ဘာလို႔ကယ္ခဲ့ရတာလဲ သူအ႐ူးလား...သူအ႐ူးလား..."

"......."

" မိုးလင္း သူအဆင္ေရာေျပပါ့မလား...သူ...သူတစ္ေယာက္တည္း..."

" သူ႔ေဘးမွာ ပုလဲတို႔ရွိတယ္..."

" ေသာ္ ငါ မိုးလင္းကိုေတြ႕ခ်င္တယ္ ဒါ...ဒါေနာက္ဆံုးအႀကိမ္မလား..."

" ဝိုင္..."
သူ မ်က္ရည္က်ရံုကလြဲၿပီး ဝိုင့္ဆႏၵေတြကိုမျဖည့္ဆည္းေပးႏိုင္ဘူး။ဝိုင္က ေနမေကာင္းေနသည့္အျပင္ လက္ၫိုးအထိုးခံ အေျပာခံရၿပီး လဲၿပိဳလို႔မျဖစ္...။သားတစ္ေယာက္လံုးကို ဆံုးရွံဳးလိုက္ရသည့္အေဖတစ္ေယာက္အေနႏွင့္ ဝိုင့္ကိုေက်နပ္မွာ မဟုတ္ေလဘူးဆိုတာသူသိသည္။ဝိုင့္ကို ကာကြယ္ဖို႔ သူဘာမဆိုလုပ္ႏိုင္ေပမယ့္ အဲ့ဒီ့လူေရွ႕သို႔ ဝိုင့္ကိုေခၚသြားလို႔ေတာ့မျဖစ္ေပ..။

" ေတာင္းပန္ပါတယ္ အလင္းရာ မင္းဝိုင့္ကို
ေတြ႕ျမင္ခ်င္လိမ့္မယ္ဆိုတာ ငါသိေပမယ့္
မင္းေရွ႕ကို ေခၚမလာႏိုင္တာ ငါ့ကိုခြင့္လြတ္ပါကြာ...မင္းနားလည္ေပးမယ္ မဟုတ္လား...
မင္းလဲ ဝိုင့္ကို မထိခိုက္ေစခ်င္ဘူးမလား...ဒါေၾကာင့္ မင္းအသက္ပါေပးၿပီး ဝိုင့္ကိုခ်စ္ခဲ့တာေလ..."
ေသာ္ ခပ္တိုးတိုးေရရြတ္လိုက္ရင္း ဝိုင့္နဖူးေပၚပါးအပ္လိုက္မိသည္။အလင္းက ကိုယ္ခ်စ္ရတဲ့သူကို ဘယ္ေလာက္ခ်စ္ေၾကာင္းအသက္နဲ႔သက္ေသျပသြားခဲ့သည္။သို႔ေသာ္ ဝိုင္က အခုမွ
အလင္းရဲ႕ အခ်စ္ေတြကိုသိခြင့္ရလိုက္သည္မဟုတ္လား...။
.........................................................

" ေရာ့ အလင္းရဲ႕ ဒိုင္ယာရီပါ...မင္းဖတ္သင့္တယ္ထင္လို႔ အလင္းအခန္းကရွာေတြ႕ေတာ့ယူလာခဲ့ေပးတာ..."

ေဆးရံုတြင္ရွိေနေသးေသာ ဝိုင့္ဆီသို႔
ဘိုေကာင္းကမိုးလင္းရဲ႕ဒိုင္ယာရီကိုယူ
ေဆာင္လာေပးခဲ့သည္။ဝိုင္ မ်က္ရည္ေတြစီးက်ေနေသာ မွဳန္ဝါးဝါးမ်က္ဝန္းေတြႏွင့္မိုးလင္းရဲ႕
ဒိုင္ယာရီဆိုသည့္စာအုပ္ေလးကိုမမွိတ္မသုန္ၾကည့္ေနမိသည္။

" မိုးလင္း..."
စာအုပ္အဖံုးေလးက ေကာင္ေလးတစ္ေယာက္ကေရျပာျပာေတြျပည့္ေနသည့္ကန္ေရျပင္ေဘးမွာငုတ္တုတ္ေလးထိုင္ေနသည့္ကာတြန္းပံုေလးျဖစ္သည္။အဖံုးေလးကို ဝိုင့္ညာဘက္လက္ေလးႏွင့္
ခပ္ဖြဖြ ပြတ္သပ္ရင္း မိုးလင္းနာမည္ကို ခပ္ဖြဖြေရရြတ္မိသည္။

" ေဆးရံုမွာပဲေအးေအးေဆးေဆးနားပါ
အလင္းေဘးမွာငါတို႔ရွိပါတယ္.....မင္းအရမ္းတုန္လွဳပ္သြားမွာေပါ့...က်န္းမာေအာင္ ဒီမွာပဲေနပါဦး...မင္းအလင္းဆီသြားခ်င္တာ ငါတို႔နားလည္ပါတယ္ ဒါေပမယ့္ အလင္းဆီမသြားတာမင္းအတြက္အေကာင္းဆံုးပါ ဝိုင္ ..အလင္းအေဖကအရမ္းေဒါသထြက္ေနတယ္...မင္းလာဖို႔လည္း
ခြင့္ျပဳမွာမဟုတ္ဘူး...ဒါကို မင္းနားလည္မွာပါ..အလင္းရဲ႕စ်ာပန မွာ ငါတို႔ဘာျပသာနာမွမတက္ေစခ်င္ဘူး... အလင္းက မင္းကို
ေတြ႕ခ်င္ေပမယ့္လို႔ေပါ့..."

ဘိုေကာင္းစကားေတြေၾကာင့္ဝိုင္ အ႐ုပ္တစ္႐ုပ္လို အသက္မပါစြာေခါင္းညိတ္လိုက္မိသည္။ဝိုင့္ကို ဘယ္သူကမွ အျပစ္မတင္က်ပါဘူး ။ဒါေပမယ့္ ဝိုင္ကေတာ့ကိုယ့္ကိုကိုယ္အျပစ္တင္မိသည္။တကယ္လည္းဝိုင့္ေၾကာင့္ မိုးလင္းအသက္ဆံုးရွံဳးခဲ့ရတာမလား...။မိုးလင္းဆီဝိုင္
သြားခ်င္သည္။သို႔ေသာ္ ေသာ္ကေပးမသြားသည့္အျပင္ အခုဘိုေကာင္းကပါေပးမသြားေလဘူး။ဒါေပါ့ ဘယ္သြားေစခ်င္ပါ့မလဲ...။အားလံုး
ဝိုင့္အျပစ္ေတြကိုး...။မိုးလင္း အေဖ ့ ဆီ ဝိုင္သြားၿပီး ေတာင္းပန္ခ်င္သည္္။သားတစ္ေယာက္ဆံုးရွံဳးလိုက္ရသည့္ ဖခင္။ဘယ္ေလာက္ေတာင္ရင္နာေနရွာမလဲ...။ခြင့္မလြတ္ဘူးဆိုသည့္တိုင္ေအာင္ဝိုင္သြားေတာင္းပန္ခ်င္သည္။

ဘိုေကာင္းျပန္သြားခ်ိန္မွာ မိုးလင္းရဲ႕
ဒိုင္ယာရီကို ၾကည့္ၿပီး မ်က္ရည္ေတြပါးျပင္တစ္ေလွ်ာက္စီးက်လာျပန္တယ္...။အခုေသာ္လည္း အလင္းဆီမွာ။ဝိုင့္ကို မ်က္ရည္သုတ္ေပးမယ့္သူမရွိေတာ့ ပိုၿပီးငိုေႂကြးမိသည္။

မိုးလင္းရယ္...။
ဒိုင္ယာရီေလးကို ပိုက္ကာ႐ွိဳက္ကာ ႐ွိဳက္ကာငိုေနမိသည္

ဒီဒိုင္ယာရီထဲမွာ ဘာအေၾကာင္းေတြပါမလဲ...။
ဝိုင့္ လက္ထဲထည့္ေပးရေလာက္သည္ အထိ ဒီဒိုင္ယာရီေလးက ဝိုင္နဲ႔ထိုက္တန္ေနပါရဲ႕လား...။

ဒါမွမဟုတ္ ဒီဒိုင္ယာရီေလးက ဝိုင့္အေၾကာင္းေတြကိုပဲ ေရးထားခဲ့တာမ်ာစလား...။
မ်က္ရည္ေတြၾကားမွ ဒိုင္ယာရီေလးကို ေဆြးေဆြးေျမ႕ေျမ႕ၾကည့္လိုက္မိရင္း
မ်က္ရည္ေတြကမန္းကတန္းသုတ္ကာ ဒိုင္ယာရီစာအုပ္ေလးကို ခပ္ဖြဖြကိုင္တြယ္မိျပန္သည္။
ေနာက္ ေလးေလးနက္နက္ဖတ္ရန္စာအုပ္ေလးကိုလွန္ေလွာလိုက္မိေလေတာ့သည္။
~~~~~~~~~~<<<>>>~~~~~~~~~

မိုးလင္းယုန္ ဒိုင္ယာရီ(သို႔မဟုတ္)
မိုးလင္းယုန္ရဲ႕ဘဝ။

၂.၁၂.၂၀၁၄
မဂၤလာပါ ဒိုင္ယာရီေလး...။
ငါ အင္း ဟုတ္ပါ့ ငါကငါပါပဲ။
ငါ အခု ေရးေနမိတာ ဒိုင္ယာရီေပါ့။
ဒိုင္ယာရီကို ငါ မေရးတတ္ပါဘူး...။
ေရးက်င့္လည္းမရွိဘူး...။
ဒါပမယ့္ ဘယ္သူမွမျမင္ႏိုင္တဲ့ အရာေတြကိုျမင္လာမိတဲ့ ေနာက္ပိုင္း ငါရင္ဖြင့္စရာလိုအပ္လာခဲ့တယ္...။
ငါတစ္စံုတစ္ခု ေျပာဖို႔လိုအပ္လာတဲ့အခါ
ငါ့ ရင္ဘတ္ေတြ အဆမတန္ မြန္းက်ပ္လာတဲ့အခါ
ရင္ဖြင့္စရာေနရာတစ္ခု လိုအပ္လာခဲ့တယ္။
အဲ့ဒီ့မွာ မင္းကိုငါ ေရြးခ်ယ္ခဲ့မိတယ္ ဒိုင္ယာရီ။

မင္းကငါ့ရဲ႕အေဖာ္မြန္ပဲေပါ့....။
ငါ့ရဲ႕ ေနာက္ဆံုးထြက္သက္အထိ အတူ ရွိသြားႏိုင္တဲ့
ဒိုင္ယာရီ။

ငါ့နာမည္က မိုးလင္းယုန္...။
ငါ့ကို ခင္တဲ့သူေတြကေတာ့ အကုန္ အလင္းလို႔ပဲေခၚတယ္..။
အဲ့ထဲမွာမွ လင္း လို႔ေခၚတဲ့သူ တစ္ေယာက္ ရွိတယ္...။အဲ့ဒါ ငါ့ရဲ႕အခင္ဆံုးမိန္းကေလး
သူငယ္ခ်င္းပဲ...။သူ႔နာမည္က ပုလဲရတုတဲ့....။ငါတို႔ကေတာ့ သူမ ကို ပုလဲ လို႔ ေခၚတယ္။

ငါ့ေဘာ္ဒါေတြအကုန္ ခင္ဖို႔ေကာင္းသလိုခ်စ္ဖို႔ေကာင္းၾကပါတယ္...။

ငါက ထာဝရေသာ္လို႔ ေခၚတဲ့ ငါ့သူငယ္ခ်င္း ေသာ္နဲ႔သိပ္ေတာ့မတည့္ေပမယ့္ ငါ့နဲ႔ရင္ဘတ္ခ်င္းနီးစပ္ေနတဲ့ေကာင္ကလည္း ေသာ္ပဲျဖစ္ေနျပန္တယ္။

ငါ့အေၾကာင္းေတြကို ေတာ္ေတာ္မ်ားမ်ား ေျပာျပေနမိတဲ့ သူကဘိုေကာင္းထူးလို႔ေခၚတဲ့ သူငယ္ခ်င္း။
မင္းကေတာ့ ငါ့ဘဝအေၾကာင္းအကုန္သိတဲ့ သူေပါ့
ဒိုင္ယာရီ။

ေသာ္နဲ႔ ငါက ရင္ဘတ္ခ်င္း အရမ္းနီးေပမယ့္ အျမင္ကတ္တာမ်ားလို႔ ငါ့အေၾကာင္းေတြ မေျပာျပျဖစ္တာမ်ားတယ္။အဟက္...

ေဟာ စ္စ္ေသြးၾကျပန္ေတာ့လည္း အေနေအးေတာ့ငါနဲ႔keyမကိုက္ျပန္ဘူး...။ငါကေတာ္ရံုတန္ရံု ငါ့အေၾကာင္းေတြကို ဘယ္သူ႔ဘယ္သူကိုမွမေျပာျပတတ္ဘူး...။

ဒါေၾကာင့္ ငါတကယ္ခ်စ္တဲ့သူကိုရွာေဖြဖို႔ေနာက္က်ခဲ့တာျဖစ္မယ္....။
ငါ့သူငယ္ခ်င္းေတြေရာ
တစ္ျခားဘယ္သူ႔ ဘယ္သူမွမသိတဲ့အေၾကာင္းရင္းတစ္ခုမင္းကိုေျပာျပမယ္ မင္းကိုဝန္ခံတာဆိုပိုမွန္လိမ့္မယ္ ဒိုင္ယာရီ။

ငါ့ရဲ႕လ်ိဳ႕ဝွက္ခ်က္ေပါ့ကြာ...။
ငါက လူထူးဆန္းတစ္ေယာက္ပဲ။
သူမ်ားေတြမျမင္ႏိုင္တဲ့မၾကားႏိုင္တဲ့
ငါတို႔ကမ႓ာရဲ႕တစ္ျခားဘက္အျခမ္းကအရာ
ေတြကိုငါၾကားႏိုင္တယ္...ျမင္ႏိုင္တယ္..။
မင္းအံ့ၾသသြားတယ္မလား ဒိုင္ယာရီ။

အဲ့လိုေတြျဖစ္ခဲ့တာ ငါခုႏွစ္ ႏွစ္သားအရြယ္ေလာက္မွာေပါ့။
အဲ့ဒီ့ေန႔က ငါတို႔တစ္မိသားစုလံုးကားaccident ျဖစ္ခဲ့တယ္။အဲ့ဒီ့မွာငါ့မာမီ့ကိုဆံုးရွံဳးလိုက္
ရၿပီးငါကေတာ့ငါမျမင္ခ်င္တဲ့အရာေတြ
ကိုျမင္လာခဲ့ရတယ္။

မင္းသိလား ဒိုင္ယာရီ။
အဲ့ဒါေတြက ေၾကာက္ဖို႔ေကာင္းတယ္။ငါအရမ္းေၾကာက္တယ္။
ငါျမင္ရတဲ့ အရာေတြကို ငါအရမ္းေၾကာက္ခဲ့
တယ္။

ငါေလ ငါ့ဒက္ဒီကိုေျပာျပခဲ့တယ္..။မေနႏိုင္လြန္းလို႔။
ငါေၾကာက္လြန္းလို႔။ဒါေပမယ့္မယံုခဲ့ဘူး...။
အိမ္မွာရွိတဲ့ လူေတြ အကုန္လံုး
ငါ့ကိုဟာသလိုပဲ သေဘာထားခဲ့ၾကတယ္။
ဘယ္သူမွမယံုၾကဘူး...။အဲ့ကတည္းက
ငါျမင္ရတဲ့အရာေတြကို ျမင္ေနရတယ္လို႔
ဘယ္သူ႔ကိုမွထပ္မေျပာျပခဲ့ဘူး...။
ငါ့အခင္ဆံုးသူငယ္ခ်င္းေတြျဖစ္တဲ့
ပုလဲတို႔ကိုေတာင္ငါမေျပာျပေတာ့ဘူး...။

သူတို႔လည္း ယံုမွာမဟုတ္ဘူးေလ...။
ငါဝိဉာဥ္ေတြနဲ႔ ေနသားက်လာခဲ့တယ္။
ကေလးဘဝတုန္းက သူတို႔ကိုျမင္တာနဲ႔သိပ္ကိုေၾကာက္တတ္တဲ့ငါဟာ လူႀကီးစိတ္ဝင္ၿပီးအရြယ္ေရာက္လာတဲ့ေနာက္ပိုင္း သူတို႔ကိုလ်စ္လ်ဴ ရွဳႏိုင္ခဲ့တယ္...။

သူတို႔ကိုမျမင္ခ်င္ေယာင္ေဆာင္လိုက္
တယ္..။သူတို႔ငါ့အနားမွာမရွိသလို ငါေနတတ္ခဲ့တယ္...။သူတို႔ကိုမျမင္ဘူး မေတြ႕ဘူး ဆိုတဲ့ ပံုစံျဖစ္ေအာင္ ငါေနတတ္ေအာင္အေတာ္ေလး ေလ့က်င့္ခဲ့ရတယ္...။

ငါက ငယ္ငယ္ေလးကတည္းကငါ့ဒက္ဒီရဲ႕ပံုစံခြက္ထဲမွာပဲေနလာခဲ့ရတာ...။
ဒါေပမယ့္ ငါလံုးဝအထီးမက်န္ခဲ့ဘူး...။
ငါ့မွာအခ်စ္ရဆံုးသူငယ္ခ်င္းေတြရွိတယ္ေလ...။
ငါကငယ္ငယ္ကတည္းကရည္းစားမ်ားတယ္..။၉တန္းကတည္းက ရည္းစားထားတတ္ေနၿပီ...။အခု၁၀တန္းေရာက္ေတာ့လဲ ငါ့မွာငုဝါဆိုတဲ့ေကာင္မေလး တစ္ေယာက္ငါ့မွာရွိေနၿပီ...။

၇.၆.၂၀၁၅
ဒီေန႔က ငါတို႔ဆယ္တန္းေအာင္စာရင္းထြက္တဲ့ေန႔ေပါ့။
ငါအရမ္းေပ်ာ္တယ္ ဒိုင္ယာရီ။
ငါတို႔သူငယ္ခ်င္းေတြအကုန္လံုး ဆယ္တန္း
ေအာင္ၾကတယ္...။
တကၠသိုလ္အတူတူတက္ရေတာ့မယ္။

၂၆.၁၂.၂၀၁၅
ငါအခုစိတ္ေတြအရမ္းရွဳပ္ေနတယ္...။
ေက်ာင္းတက္တာ တစ္လမျပည့္ေသးဘူး။
ငါ့အနားကိုတေကာက္ေကာက္လိုက္ေန
တဲ့သရဲတစ္ေကာင္ ေၾကာင့္စိတ္အေႏွာင့္ယွက္
ျဖစ္ေနရတယ္...။

ထူးဆန္းတာက အဲ့သရဲေလးကေလ ငါသူ႔ကို
ျမင္ေနရတာကိုသူသိေနတယ္...။
သူကငါ့ေနာက္အၿမဲတစ္ေကာက္ေကာက္လိုက္တယ္။စကားအတင္းလိုက္ေျပာတယ္။သူ႔ပံုစံေလးကကေလးတစ္ေယာက္လို ခ်စ္ဖို႔ေကာင္းေနေပမယ့္သူကဝိဉာဥ္ေလ...။ဒီလို ငါ့ကိုစကားလိုက္ေျပာၿပီး စိတ္အေႏွာင့္အယွက္လုပ္ေနတာကိုငါမုန္းတယ္...။တစ္ျခားဝိဉာဥ္ေတြဆို သူတို႔ကိုမျမင္ခ်င္ေယာင္ေဆာင္လိုက္တာနဲ႔ ဘယ္သူကမွအေရးတစ္ယူနဲ႔ ငါ့အနားမလာၾကေတာ့ဘူး...။ဒီသရဲဆိုးေလးကေတာ့ အဲ့လိုမဟုတ္ဘူး
လံုးဝမျမင္တဲ့ဟန္ ေဆာင္တာေတာင္မွ သနားကမားနဲ႔ငါ့နားအတင္းလိုက္ၿပီးစကားေျပာေတာ့တာပဲ...။
ေက်ာင္းလာရင္ သူ႔ကိုပတ္ပုန္းေနရတာ
ကအလုပ္တစ္လုပ္ပဲ...။
တကယ့္ကိုစိတ္ရွဳပ္ဖို႔ေကာင္းတယ္။
အဲ့သရဲကသူ႔နာမည္ဘာလဲ...။
ဘယ္ကလာသလဲ...။ဘယ္မွာေနလဲ
မသိဘူးတဲ့ေလ...။ဘယ္လိုသရဲေလးနဲ႔လာေတြ႕ေနတာလဲကြာ...။

အဲ့သရဲေလးကိုေက်ာင္းလာတိုင္းေတြ႕ေနရ
တယ္....အၿမဲသူ႔ျမင္ရင္ထြက္ေျပးေနရတယ္...ရည္းစားနဲ႔ေတာင္ေကာင္းေကာင္းမခ်ိန္းေတြ႕ႏိုင္တဲ့ဘဝပါလား....။ေက်ာင္းေရွ႕မွာaccident၁ခုခုမ်ား ျဖစ္ခဲ့တာလားဘာလားမသိဘူး...။ခက္တာကငါကလဲ ေက်ာင္းကို၁ပတ္ေနာက္က်မွ
တက္ခဲ့တာ...။ေကာင္မေလးအေၾကာင္းအျပင္ဘာအေၾကာင္းမွစိတ္မဝင္စားတဲ့ငါ့အဖို႕ ေက်ာင္းကaccident အေၾကာင္းကိုမသိရတာလည္း အဆန္းေတာ့မဟုတ္ေလဘူး...။

၂၇.၁၂.၂၀၁၅
ဒီသရဲနဲ႔ေတာ့ေခါင္းစားတယ္ကြာ...။

၂၈.၁၂.၂၀၁၅
ဒီေန႔လည္း ငါ့ေနာက္တေကာက္ေကာက္လိုက္ေနျပန္ၿပီ...။သူ႔ကိုေရွာင္ေနရတာနဲ႔
ပုလဲတို႔ေသာ္တို႔သိကုန္ေတာ့မယ္...။

၂၉.၁၂.၂၀၁၅
စကားေတြလာေျပာေနျပန္ၿပီ...။သူ႔ကို
အဖတ္မလုပ္တဲ့ငါ့ကိုစိတ္မပ်က္ဘူးလား
မသိပါဘူးကြာ...။တကယ္ေလပါတယ္
သရဲစုတ္ေလးရယ္...။ငါနဲ႔ခပ္ေဝးေဝးေနစမ္းပါ...။

၅.၁.၂၀၁၆
ငါစိတ္ေတြညစ္ေနတယ္....
ငါနဲ႔တြဲခဲ့ဖူးတဲ့ေကာင္မေလးေသသြားၿပီ
တဲ့ကြာ...။စိတ္မေကာင္းဘူး....။
ငါ့ေၾကာင့္မ်ားျဖစ္ေနမလား....။
ငါ့အနားမွာ မ်က္ရည္ေတြနဲ႔ ရစ္သီရစ္သီေနတဲ့
လရိပ္ေမကိုေတြ႕ေနရတယ္...။
တစ္ခါတစ္ခါ ငါ့အိမ္မက္ထဲထိ လာေႏွာင္ယွက္ျပန္တယ္....။လရိပ္ေမကို မျမင္ခ်င္ေယာင္ေဆာင္ရတာ တစ္ျခားဝိဥဥ္ေတြထက္ ငါအရမ္းပင္ပန္းတယ္...။

၇.၁.၂၀၁၆
မင္းသိလား...သရဲေလးက ငါ့ကိုလာႏွစ္သိမ့္
ေပးေနတယ္...။ရယ္ေတာ့ရယ္ရတယ္...။
ငါအျပင္မွာ ေပ်ာ္ေနဟန္ေဆာင္ေပမယ့္
ငါ့စိတ္ထဲမွာတကယ္တမ္းစိတ္ေတြညစ္
ေနတယ္ဆိုတာ အဲ့သရဲေလးကသိေနတယ္
တဲ့...။ရယ္ခ်င္စရာႀကီးကြာ...။

၁.၂.၂၀၁၆
အဲ့လိုနဲ႔ငါတို႔ဘာစကားမွမေျပာျဖစ္ပဲ အရင္းႏွီးဆံုးသူေတြျဖစ္ခဲ့တယ္...။သူ႔နာမည္ကဘာလဲ...
ဘယ္မွာေနတာလဲ...။
ဘာေၾကာင့္ငါ့အနားမွာရွိေနသလဲ ငါဘာတစ္ခူမွမသိဘူး။သိဖို႔လဲမႀကိဳးစားမိျပန္ဘူး...။
သူကငါ့အနားမွာအၿမဲ ရွိတယ္...။
ငါေက်ာင္းမလာခင္မွိဳင္ေနတတ္တဲ့သရဲေလးက
ငါလည္း ေက်ာင္းေရာက္ေရာ ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာေလးက လမင္းတစ္စင္းလိုဝင္းပသြားခဲ့တယ္။

၅.၅.၂၀၁၆
သူနဲ႔ငါစကားေတြမေျပာျဖစ္ပါဘူး...။
သူကေတာ့ ငါ့ကိုစကားေတြလာေျပာေလ့ရွိတယ္။ငါကအဖက္လုပ္ၿပီးျပန္မေျပာခဲ့ဘူး...။
ဒါေပမယ့္ သူကငါ့အေပၚသံေယာစဥ္ရွိေနတယ္နဲ႔တူတယ္...။ငါကေရာ ငါလည္း ေက်ာင္းကိုေရာက္
တာနဲ႔ပထမဆံုးရွာခဲ့မိတာ သရဲေလးကိုပါပဲ...။
အဲ့လိုနဲ႔ သရဲေလးနဲ႔ငါနဲ႔ေရစက္ကအဲ့လိုဆံုခဲ့တယ္နဲ႔
တူတယ္...။

၁.၇.၂၀၁၆
ဒီေန႔ သရဲေလးကို ေက်ာင္းမွာမေတြ႕ဘူး...။
ဘယ္ေတြေရာက္ေနခဲ့တာလဲ....???

၂.၇.၂၀၁၆
ဒီေန႔လဲထပ္မေတြ႕ျပန္ဘူး..???
ငါပတ္ပုန္းခဲ့သလို ျပန္ၿပီးပတ္ပုန္းေနတာ
လား...???

၇.၇.၂၀၁၆
ေနပါဦး...ငါကဘာလို႔အဲ့သရဲကို
လိုက္ရွာေနရတာလဲ...??
အၿမဲငါ့အနားကိုလာေနၾက အခုေရာက္
မလာလို႔ တစ္ခုခုလိုေနတာမ်ိဳးပဲျဖစ္မွာပါ...။

၉.၈.၂၀၁၆
ဒီေန႔ေတာ့ သရဲေလးကိုေတြ႕ခဲ့ရတယ္... ။
သူအရမ္းအားနည္းေနၿပီလို႔ေျပာတယ္။
ငါကေတာ့ထံုးစံအတိုင္းမၾကားသလိုပဲ
ဟန္ေဆာင္ေနခဲ့တယ္...။

၁၁.၉.၂၀၁၆
ဒီေန႔လဲ ငါ့ေရွ႕ေရာက္လာျပန္ၿပီ...။
သူငယ္ခ်င္းေတြေရွ႕မွာ အဲ့သရဲစုတ္ေလးငါ့ကို
စကားလာလာေျပာေနတာေနရခက္
လိုက္တာကြာ...။

၁၂.၉.၂၀၁၆
ဒီေန႔ေတာ့ သရဲေလးကိုပတ္ပုန္းေနမိျပန္တယ္။
ငါသံေယာစဥ္မတြယ္ခ်င္ဘူး...။
သူက ငါနဲ႔ဘယ္လိုမွမအပ္စပ္ႏိုင္ဘူးေလ...။
တစ္ခ်ိန္ခ်ိန္အဲ့သရဲေလး ငါ့အနားကထြက္သြားတဲ့အခါ အထီးက်န္မွဳေတြကို ငါမခံစားႏိုင္ဘူး...။

၂၀.၉.၂၀၁၆
ဒီေန႔ ငါေက်ာင္းေရာက္ေရာက္ခ်င္း
သရဲစုတ္ေလး မ်က္ႏွာညိဳးညိဳးႏြမ္းႏြမ္းေလးနဲ႔
ငါ့ကိုစကားလာေျပာတယ္...။
သူသြားရေတာ့မယ္တဲ့...။
ေကာင္းတယ္ ျမန္ျမန္သြား
မ်က္စိေနာက္သက္သာတယ္လို႔ခပ္တိုးတိုး ေျပာလိုက္မိတယ္...။

၂၂.၉.၂၀၁၆
ဒီေန႔ သရဲစုတ္ေလး ကိုမေတြ႕ရဘူး....။

၂၃.၉.၂၀၁၆
ဒီေန႔လည္း မေတြ႕ရျပန္ဘူး...။
တကယ္ ထြက္သြားၿပီလား...???

၂၄.၉.၂၀၁၆
ဒီေန႔ ငါ့စိတ္ေတြဘာျဖစ္ေနတာလဲကြာ။
တစ္ခုခုလိုေနသလိုႀကီး....။

၂၇.၁၂.၂၀၁၆
ဒီေန႔ေတာ့ သရဲစုတ္ေလး ကိုလိုက္ရွာခဲ့မိတယ္။
အၿမဲ ျမင္ေနၾက တစ္ျခားသရဲေတြေတာင္
ေတြ႕တယ္...။သရဲစုတ္ေလး ကိုေတာ့မေတြ႕ရဘူး...။

၁၂.၁.၂၀၁၇
ဒီေန႔လဲ ငါရွာေနမိတာပဲ...။
တကယ္ႀကီးထြက္သြားခဲ့တာလား..???

၁၄.၁.၂၀၁၇
ဒီေန႔ သရဲစုတ္ေလး ရဲ႕ မ်က္ႏွာကိုျမင္ေယာင္
ေနမိတယ္...။စာသင္လည္း စိတ္မပါ...။
ဘယ္သြားသြား စိတ္မပါ...။

၂၉.၃.၂၀၁၇
First Semisterျပီးသြားခဲ့ၿပီ...။သရဲေလးကိုငါထပ္မေတြ႕ရေတာ့ဘူး...။သူတကယ္ငါ့ေရွ႕က
ေနထြက္သြားခဲ့ၿပီ...။

၁၈.၉.၂၀၁၇
တတိယႏွစ္ၿပီးေတာ့မယ္...။
ဒီေန႔ဒီအခ်ိန္ထိ သရဲစုတ္ေလးကိုလိုက္ရွာေနမိ
တုန္းပဲ...။ဘယ္လိုမွရွာမေတြ႕ခဲ့ဘူး...။
သရဲေလးကိုေမ့ႏိုင္ဖို႔ ရည္းစားေတြထားခဲ့တယ္...။ဒါလည္း မေမ့ခဲ့ဘူး...။ငါ႐ူးမ်ား႐ူးေနၿပီ
လားကြာ....။ဘယ္သူမွန္းမသိ...။
အသက္ရွင္ေနေသးလား...??
ေနာက္ဘဝေတာင္ကူးသြားၿပီလားမသိ
တဲ့သရဲစုတ္ေလး ကိုငါလိုက္ရွာေနခဲ့တာငါ
တကယ္ပဲ႐ူးသြားခဲ့ၿပီပဲ...။
ဒါေပမယ့္ငါလက္မေလ်ာ့ႏိုင္ေသးဘူး...
မင္းကိုအခုခ်ိန္ထိ လိုက္ရွာေနတုန္းပဲ
သရဲစုတ္ေလးေရ.....

၈.၁၂.၂၀၁၈
ဒီေန႔ ငါ့ဘဝမွာအထူးျခားဆံုးနဲ႔
အေပ်ာ္ရႊင္ရဆံုးရက္ပဲ...။
ငါ့သရဲေလးကိုငါျပန္ေတြ႕ၿပီ...။
ငါ့ေရွ႕တည့္တည့္ကိုေရာက္လာခဲ့တယ္။
ငါအံ့ၾသလြန္းလို႔ သူ႔မ်က္ႏွာကိုပဲၾကည့္
ေနခဲ့တယ္...။ဘာစကားတစ္ခြန္းမွ မဆိုႏိုုင္
ခဲ့ဘူး...။သူ႔ကိုငါအၾကာႀကီးဖက္ထားခ်င္ခဲ့တာ။
ဒါေပမယ့္ အဲ့ဒါဟာ အေတြးသက္သက္ပါပဲ။
အဲ့အေတြးကလဲ သူ႔ေနာက္ေက်ာျပင္ေလးကိုေတြ႕လိုက္မွဝင္လာခဲ့မိတာ...။

ဝမ္းနည္းတာတစ္ခုက သူငါ့ကိုမမွတ္မိဘူး..။
ဒါေပမယ့္ မင္းအသက္ရွင္ခဲ့လို႔ငါဝမ္းသာ
ပါတယ္...သရဲစုတ္ေလးေရ...။
မင္းေလးကလည္း ငါ့လိုပါပဲလား..???
ဒါေပမယ့္ကြာျခားတာ တစ္ခုကမင္းကသူတို႔
ကိုကူညီေနၿပီးငါကေတာ့သူတို႔ကိုလ်စ္လ်ဴရွဳခဲ့တာ...။အဲ့ေနာက္ငါအတန္းလစ္ၿပီး မင္းေနာက္ကိုလိုက္ခဲ့မိတယ္...။ကံဆိုးခ်င္ေတာ့ ငါကမီးပြိဳင့္မိေနခဲ့ၿပီး မင္းစီးသြားတဲ့တကၠစီရဲ႕ဖင္ၿမီးေလးကိုေတာင္မမွီလိုက္ႏိုင္ဘူး....။

၉.၁၂.၂၀၁၈
လဝန္းေမ ငါ့ကိုအိမ္မက္လာမေပးပါဘူး
သရဲေလးေရ...။
မင္းလည္း ငါ့လိုဝိဉာဥ္ေတြနဲ႔ ပတ္သက္ေနတယ္ဆ္ုေတာ့မင္းကိုယံုၾကည္လို႔ မုသားသံုးလိုက္မိတာပါ...။
မင္းဒီေန႔ မင္းနာမည္ေလးေတာင္ငါ့ကို
မေျပာခဲ့ဘူး...။မင္းကိုကိုယ္ေၾကာင္ၾကည့္ေနခဲ့ေပမယ့္ကိုယ္သတိဝင္လာတဲ့အခ်ိန္မွာမင္းနာက္ကိုကိုယ္အျမန္ေျပးလိုက္ခဲ့ပါေသးတယ္...ဒါေပမယ့္မင္းကတကၠစီေပၚေတာင္ေရာက္ေနၿပီ။
ကိုယ့္ကားကိုကိုယ္အေျပးသြားယူၿပီး
မင္းေနာက္လိုက္ခဲ့ေပမယ့္ ကိုယ္မင္းေပ်ာက္သြားမွာစိုးရိမ္တဲ့စိတ္နဲ႔ အျမန္ေမာင္းႏွင္ခဲ့ေပမယ့္ကံၾကမၸာက ကိုယ့္ကိုမ်က္ႏွာသာမေပးျပန္ဘူး...။ကိုယ္ကံဆိုးျပီးရင္း ကံဆိုးေနခဲ့တယ္ထင္ပါရဲ႕။မင္းကိုေနာက္တစ္ႀကိမ္ လက္လြတ္ရျပန္တယ္...မ။င္းနဲ႔ထပ္ေဝးရဦးမွာလား
သရဲေလးေရ....??
ကိုယ္ထပ္မေဝးခ်င္ေတာ့ပါဘူး...

၂.၁.၂၀၁၉
မုန္းတယ္...
ငါ့ကိုယ္ငါလည္း မုန္းတယ္
မိုးလင္းယုန္ လို႔ျဖစ္တည္ေနတဲ့ငါ့ရဲ႕ဘဝ
ကိုလည္း ငါမုန္းတယ္...
ဒက္ဒီ့ေနာက္ကိုလိုက္သြားရမယ္တဲ့..
မလိုက္ခ်င္ဘူး...လံုးဝမလိုက္ခ်င္ဘူး
မင္းနဲ႔ထပ္ေဝးရေတာ့မယ္...

၂၄.၁.၂၀၁၉
ငါဒီကိုေရာက္ေနေပမယ့္ လံုးဝစိတ္မေပ်ာ္ဘူး...ပုလဲ...ေသာ္...ဘိုေကာင္း...
စစ္ေသြး...တို႔ကိုလြမ္းတယ္...
ၿပီးေတာ့ သရဲေလးကိုလည္း လြမ္းတယ္

၃၀.၁.၂၀၁၈
ေသာ္accident ျဖစ္လို႔ကိုးမားဝင္ေနတယ္တဲ့...။ဘုရားေရ...
ေသာ္ဘာမွမျဖစ္ပါေစနဲ႔...

၂၀၁၉
ေသာ္မင္းဒီေလာက္ျဖစ္တာေတာင္ငါ
ေရာက္မလာႏိုင္လို႔ငါေတာင္းပန္ပါတယ္
ကြာ...။ငါ့ကိုခြင့္လြတ္ေပးပါကြာ...။

၂၀၁၉
ကိတ္တဲ့ ဘာလဲကြာ...
ငါကသူနဲ႔လက္ထပ္ရမွာလား...
မလိုခ်င္ပါဘူးကြာ...
ငါ့မွာသရဲစုတ္ေလး ရွိေနသားပဲ
သူ႔ကိုပဲမရ ရေအာင္ရွာၿပီးလက္ထပ္မွာ။

၂၀၁၉
ဒီေန႔ေပ်ာ္လိုက္တာ
ဘိုေကာင္းက ငါ့ရဲ႕သရဲေလးကိုရွာေပး
မယ္တဲ့ေလ...။
ငါေတာင္ႏွစ္နဲ႔ခ်ီၿပီးရွာခဲ့ရတာ..
ဒီေကာင္ရွာလို႔ေတြ႕ပါ့မလား...???

၂၀၁၉
ငါဝမ္းအသာဆံုးေန႔ပဲ...။
ေသာ္ ႏိုးလာၿပီ...

၂၀၁၉
ေသာ္နဲ႔vedio callေျပာျဖစ္တယ္...။
ေသာ္ငါ့ကိုစိတ္ဆိုးေနတယ္...။
ထပ္အဝမ္းသာရဆံုးကိစၥကဘိုေကာင္းငါ့ရဲ႕ခ်စ္လွစြာေသာ....သရဲေလး ကိုရွာေတြ႕ၿပီတဲ့...။

၂၀၁၉
ဘယ္လိုပဲျဖစ္ျဖစ္ငါျမန္မာျပည္ျပန္ရမွ
ျဖစ္မယ္...။
သရဲေလးနဲ႔အျမန္ဆံုးနီးစပ္ခ်င္ၿပီ...။
မင္းကိုအျမန္ေတြ႕ခ်င္ၿပီ...။

၂၀၁၉
ကိတ္ကိုေခၚသြားရမယ္တဲ့...။
အိုေက ေခၚသြားမယ္....။
အေရးႀကီးတာက ငါျမန္မာျပည္ျပန္ရဖို႔ပဲ။

၂၀၁၉
ဒီေန႔ အရမ္းလဲေပ်ာ္သလိုအရမ္းလဲ
ဝမ္းနည္းခဲ့ရတယ္...။
အရမ္းေပ်ာ္တာက သရဲေလးကို
ျပန္ေတြ႕ရၿပီ...။တကယ္ကိုယ့္သရဲစုတ္ေလး
ပဲ...။ဒါေပမယ့္ ဝမ္းနည္းတာ၁ခုက
သရဲစုတ္ေလးက ေသာ္နဲ႔တစ္ခုခုပဲ...။
ဘာပဲျဖစ္ျဖစ္ မင္းကိုျပန္ေတြ႕ရၿပီ...။
ေက်းဇူးတင္ပါတယ္ဘိုေကာင္း...။
ေအာ္ ကိုယ့္သရဲစုတ္ေလးနာမည္က
" မိုးေသာက္ဝိုင္ " တဲ့ေလ...။
သိပ္လွတဲ့နာမည္ေလး...။

၂၀၁၉
ဝိုင့္ကိုအၿမဲေသာ္နဲ႔တြဲတြဲၿပီးျမင္ေန
ရတယ္...။
တကယ့္ကိုဝိုင္ကငါ့ကိုလံုးဝကို
မမွတ္မိဘူးပဲ....။
ဟင့္အင္း ရပါတယ္ မင္းကိုကိုယ့္ေရွ႕မွာ
အၿမဲေတြ႕ျမင္ေနရတာပဲ....။

၂၀၁၉
ေသာ္ကဝိုင့္ကိုၾကည့္လို႔မရဘူး...။
ဒါေပမယ့္ငါကဝိုင့္ကိုအရိပ္
တၾကည့္ၾကည့္နဲ႔ၾကည့္ေနတဲ့သူမို႔သိတယ္...။ဝိုင္ေသာ့္ကိုစိတ္ဝင္စားေန
တယ္...။မဟုတ္ဘူး ခံစားခ်က္ရွိေနတယ္ထင္တယ္...။

၂၀၁၉
ေသာ္လဲဝိုင့္နည္းတူပဲ...။
ေသာ့္စိတ္ထဲမွာဝိုင္ အၿမဲေနရာယူ
ထားေနတယ္လို႔ခံစားမိတယ္...။
ပုလဲအေပၚေတာင္ဒီလိုဂ႐ုတစိုက္ရွိတာ
မွမဟုတ္တာ...။ေရွ႕ဆက္ခြင့္မရွိခဲ့တဲ့ငါက အခုငါ့ေနရာကိုပါဖယ္ေပးရေတာ့မွာလား
ဘာေၾကာင့္ငါ့ကိုမမွတ္မိရတာလဲ
ဥပကၡာေတြျပဳခဲ့မိလို႔လား...
မဟုတ္ပါဘူး ကိုယ္သတၱိမရွိခဲ့တာပါ...

၂၀၁၉
ဒီေန႔ ဝိုင္ ေသာ့္ေၾကာင့္ဒဏ္ရာရ
သြားတယ္...။ငါ ေသာ့္ကိုေအာ္ခဲ့မိတယ္။
ေဆာရီးပါ ေသာ္ ငါဝိုင့္ကိုထပ္ၿပီး
အဆံုးရွံဳးမခံႏိုင္လို႔ပါ...။
ဝိုင့္ကိုေတာ့အၿမဲျမင္ေနခြင့္ေလး
ေတာ့ငါ့ကိုေပးပါ...။

၂၀၁၉
ဝိုင္ အႏၲရာယ္ရွိေနၿပီ....။
ဝိုင့္ အနားမွာ အၿငိဳးတႀကီးနဲ႔
စိုက္စိုက္ၾကည့္ေနတဲ့သရဲကိုေတြ႕ေနရ
တာၾကာၿပီ...။ငါအေနာက္ကလိုက္လိုက္
သြားတာ မွီခါနီးမွေပ်ာက္ေပ်ာက္သြား
တယ္...။
ဒီသရဲကဘာလဲ...???

၂၀၁၉
ေတာ္ေသးတယ္...။ငါအၿမဲေစာင့္ၾကည့္ေနရက်ိဳးနပ္ၿပီ....။ဒီေန႔ဝိုင့္ကို
အခ်ိန္မွီကယ္တင္လိုက္ႏိုင္တယ္...။
ငါဘယ္ေလာက္နာသြားပါေစ...
ဝိုင္ ဘာမွမျဖစ္သြားလို႔ေတာ္ေသး
တယ္...။ဒီသရဲေတာ္ေတာ္ဆိုးတာပဲ..။
အရာဝတၳဳေတြကိုေတာင္ကိုင္တြယ္ႏိုင္
တယ္...။ငါေတြ႕ဖူးတဲ့သရဲေတြက
အရာဝတၳဳေတြပစၥည္းေတြကိုျဖတ္သြားလို႔ရတာပဲျမင္ဖူးခဲ့တာ...။အခုေတာ့ဒုကၡလွလွေပးတတ္တဲ့သရဲကိုျမင္ဖူးသြားၿပီ။

#
#
#
၂၀၁၉
ဒီေန႔ဝိုင္ ငါ့ရင္ခြင္ထဲအမွတ္တမဲ့
ေရာက္လာခဲ့တယ္...။
ဝိုင့္ကိုငါ့ရင္ခြင္ထဲကေနဘယ္ေတာ့မွျပန္မလြတ္ခ်င္ေတာ့ဘူး...။
ဝိုင့္အနားမွာပဲအၿမဲဂ႐ုတစိုက္ရွိ
ေနေပးခဲ့တယ္...။ဝိုင္နဲ႔ဒီေန႔လိုအတူရွိေနတာငါ့အတြက္အမွတ္တရပဲ...။

၂၀၁၉
ဒီေန႔ ဝိုင္ ဓါတ္ေလွကားနားမွာအရမ္းေၾကာက္ေနခဲ့တာ..။ငါေရာက္သြားခဲ့လို႔ေတာ္ေသးတယ္...။ဝိုင္ရယ္မင္းကိုစိတ္မခ်ပါဘူး။မင္းကိုဆံုးရွံဳးလိုက္ရမွာကိုယ္ေၾကာက္တယ္.. ။
မင္းကိုယ့္အေပၚတစ္ခ်ိန္လုံးသူငယ္ခ်င္း
၁ေယာက္လိုျဖဴျဖဴစင္စင္ဆက္ဆံခဲ့ေပမယ့္ကိုယ္ကေတာ့မင္းအေပၚမျဖဴစင္ႏိုင္ခဲ့
တဲ့အတြက္ ခြင့္လြတ္ပါ,....
မင္းကိုေက်းဇူးတင္ပါတယ္...
၁ျခားသူေတြကိုမေျပာျပေသးတဲ့မင္းရဲ႕
အေၾကာင္းကိုကိုယ့္ကိုအရင္ဆံုးေျပာျပခဲ့
လို႔ပါ....။

၂၀၁၉
ဝိုင့္ကိုကယ္ရင္းေသာ္ဒဏ္ရာရခဲ့
တယ္...။ေဆးရံုမွာဝိုင္ ငိုေနခဲ့တာ
အၾကာႀကီးပဲ....။ဝိုင့္ကိုၾကည့္ၿပီး
ကိုယ္စိတ္မေကာင္းဘူး...။
အဲ့ညက ကိုယ္လည္း အၾကာႀကီးငိုခဲ့တယ္။
အဲ့အခ်ိန္မွာကိုယ္စဥ္းစားမိတဲ့အမွန္တရားကို လက္မခံခ်င္ပဲနဲ႔ကိုယ္လက္ခံခဲ့ရ
တယ္..။မင္းနဲ႔ေသာ္နဲ႔ၾကားမွာ တစ္ခုခုရွိေန
ေလာက္တယ္ဆိုတဲ့အေတြး...
ကိုယ္ဘာလို႔မစဥ္းစားခဲ့မိတာလဲ..??
မင္းနဲ႔ေသာ္နဲ႔ၾကားမွာ ကိုယ္တို႔ႏွစ္ေယာက္
လိုအျဖစ္အပ်က္မ်ိဳးျဖစ္ႏိုင္တယ္လို႔ေလ...။

၂၀၁၉
ကိုယ္ကမ္းေျခသြားတာတကယ့္ကိုစိတ္မပါဘူး...။ကိတ္ကလည္းတစ္မ်ိဳး...။သူ႔ကိုဂ႐ုမစိုက္ႏိုင္ဘူး...။ကိုယ္က မင္းကိုပဲဂ႐ုစိုက္ေပးခ်င္တာဝိုင္။
ဒါေပမယ့္ ကိုယ္ဂ႐ုစိုက္ပိုင္ခြင့္မရွိခဲ့ပါဘူး။
မင္းအနားမွာေသာ္အခ်ိန္ျပည့္ရွိေနခဲ့တယ္ေလ။

၂၀၁၉
မင္းနဲ႔ေသာ္နဲ႔ေနာက္ကိုကိုယ္စိုးရိမ္တႀကီးလိုက္ခဲ့တာကိုယ္သိပ္မွားသြားတယ္။
ကိုယ္ခံႏိုင္ရည္မရွိေတာ့ဘူး...။

၂၀၁၉
ေသာ္ကမင္းကိုဖြင့္ေျပာလိုက္ၿပီတဲ့...။
ကိုယ္သိပါတယ္...။ေသာ္ မင္းကိုဖြင့္ေျပာ
ေနတာျမင္လိုက္သားပဲေလ...။
ပုလဲကေတာ့ေျပာရွာပါတယ္...။
မင္းကိုကိုယ္ဖြင့္ေျပာဖို႔...။
ကိုယ္ဘယ္လိုေျပာရမွာလဲ
ကိုယ္အခုခ်ိန္မွာေနာင္တအရမ္းရေနပါၿပီ
ကိုယ့္အနားမွာရွိေနတုန္းကမင္းကိုအေသအခ်ာဖမ္းဆုပ္ထားခဲ့ရမွာ...
အဲ့လိုဆို မင္းကကိုယ့္အတြက္ပဲျဖစ္ခဲ့မွာ
ပထမဆံုးဆံုခဲ့တာ ကိုယ္တို႔၂ေယာက္ျဖစ္ေပမယ့္ မင္းပထမဆံုးသံေယာစဥ္တြယ္ခဲ့တဲ့သူက
ကိုယ္ျဖစ္ေနခဲ့ပါရက္နဲ႔ ေနာင္တြယ္မိမွာစိုးတဲ့
ကိုယ္က မင္းကိုလ်စ္လ်ဴ ရွဳခဲ့တယ္။
အခုေတာ့ မင္းကိုမွတမ္းတမ္းစြဲေနတဲ့ကိုယ္က
သံေယာစဥ္ဆိုတာႀကီးကိုမုန္းတီးခဲ့မိတယ္...။
ရစ္ပတ္တြယ္ၿငိမွာစိုးရိမ္လြန္းလို႔ေရွာင္ဖယ္ခဲ့မိတာ။သံေယာစဥ္အတိမ္အနက္ကိုထည့္မတြက္ခဲ့မိဘူး။
မင္းရဲ႕ႏွလံုးသားမွာကိုယ့္အတြက္ေနရာ
မရွိတာသိေပမယ့္ကိုယ့္ႏွလံုးသားကေတာ့မင္းကိုလိုအပ္ေနဆဲပဲ...။
မင္းကကိုယ့္အေပၚသူငယ္ခ်င္း၁ေယာက္
လိုပဲသေဘာထားခဲ့တာကိုး...။
မင္းေရြးခ်ယ္ရာကို ကိုယ္လည္းဆႏၵရွိပါတယ္ဝိုင္ရယ္...။
မင္းရဲ႕ကမ႓ာမွာ ကိုယ္အေႏွာင့္အယွက္မျဖစ္ခ်င္ပါဘူး...။
မင္းရဲ႕ကမ႓ာကိုလင္းထင္းေစမယ့္ ေအးခ်မ္းေစမယ့္ လမင္းတစ္စင္းေလးပဲျဖစ္ခ်င္ခဲ့တာပါ...။
မင္းတို႔၂ေယာက္ကိုၾကည့္ၿပီးကိုယ့္ရင္ေတြနာေနေပမယ့္မင္းျပံဳးရယ္ေနတာျမင္ရင္ကိုယ္အလိုလို ေပ်ာ္ရႊင္ရပါတယ္ကြာ....။

Thanks All

(unicode)

" မင်း ငါ ဘယ်သူလဲ သိနေတယ်မလား
ငါမိုးဦးညိုကိုသတ်တာ မင်းသိလို့ငါ့အိမ်
ထိရောက်လာတာမလား...ငါသိတယ်ငါသိနေတယ်...မင်းငါ့ကိုတော်တော်ဒုက္ခပေးတယ်...
ငါမနည်းရှာလိုက်ရတယ်...ငါ့အမေရဲ့
နောက်ဆုံးစကားကိုမင်းကလာပြော
တယ်ဟုတ်လား...ဆေးရုံမှာငါ့အမေနဲ့
တွေ့တယ် ဟုတ်လား...ငါက အချိန်ပြည့်
ငါ့အမေကိုဆေးရုံစောင့်ပေးနေတာ မင်းကငါ့အမေနဲ့နောက်ဆုံးတွေ့လိုက်တယ်တဲ့လားဆေ
မင်းပြောတဲ့အလိမ်အညာတွေရယ်
မင်းရဲ့ခြောက်ခြားနေတဲ့ မျက်လုံးတွေ
ရယ်က ဟိုးလွန်ခဲ့တဲ့ညက တက္ကစီနဲ့
ပြေးသွားတဲ့ ကောင်ဆိုတာပြနေတယ်
တက္ကစီသမားကိုလဲ ငါသတ်လိုက်ပြီးပြီ....
ငါမင်းကိုလိုက်ရှာနေတာ မင်းကိုသတ်ဖို့ပဲကျန်တာ....မနေ့ကမှကံကောင်းလို့ပြန်တွေ့တယ်....ဟား...ဟား...မင်းအခု ငါ့လက်နဲ့သေရတော့မှာပါ..."

ကြမ်းတမ်းစွာထွက်ပေါ်လာသည့် စကားသံနှင့်အတူ ခြေလှမ်းတွေကလည်း ဝိုင့်အနားတိုးကပ်သည်ထက် တိုးလာခဲ့သည်။ဘာလို့လဲ ဒီတစ်ခေါက် ဝိုင် ဘာမှဝင်မပါခဲ့ပါဘူး...။အန္တရာယ်ရှိမည်မှန်း ကြိုသိလို့ ဝေးဝေးရှောင်ခဲ့တာ...။ဘာလို့ဒီလူက ဝိုင့်အိမ်ထိရောက်လာခဲ့ရတာလဲ။သော်စိတ်ပူသလို ဒေါ်စံပယ်ညိုကများ ဒီလူကြီးကို ဝိုင့်ကိုသတ်ဖို့အမိန့်ပေးခဲ့လေသလား...။တစ်ချက်ခုတ်နှစ်ချက်ပြတ်နဲ့လေ။

ဝိုင် ကြောက်ကြောက်လန့်လန့်နှင့် ချွေးစေးတွေပြန်ပြီး အနားတိုးကပ်လာသည့်ခြေလှမ်းတွေကို
ဒီအတိုင်းပင်ကြည့်နေရသည်။

အသက်ရှူကျပ်နေသည့်အပြင်ခေါင်းကိုလည်း ထိထားသည်မို့ ထပြီးမပြေးနိုင်တော့ပေ...။သော် မြန်မြန်ရောက်လာပါတော့..။ဒီအချိန် သော် ဝိုင့်ကိုလာကြိုပေးနေကြမဟုတ်လား...။သော်ရေ
ကျွန်တော် ခင်ဗျားနဲ့ မဝေးချင်သေးဘူး ကျေးဇူးပြု ပြီး အမြန်လာကယ်ပါ...။

လှစ်ခနဲ ဓါးကိုထုတ်လိုက်သည်ကိုဝိုင်
မြင်လိုက်ရတော့ မျက်လုံးတွေကို အတင်းမှိတ်ချပစ်လိုက်မိသည်။ဝိုင့်ကို ဘယ်သူမှမကယ်နိုင်တော့ဘူးလား...။

" ကိုအောင်သိုက်...ရှင်ဒါဘာလုပ်နေတာ
လဲ..."

" ဟင်...စံပယ်...."

" ရှင်....ဒါဘာလုပ်နေတာလဲလို့..."

" ကိုယ်...ကိုယ်..."

မျော်နေမိတာကသော့်ကိုဖြစ်ပြီး တကယ်
တမ်းရောက်ချလာသူက သော့်မိထွေး
ဒေါ်စံပယ်ညိုဖြစ်လေသည်။သူတို့အချင်းချင်းမှင်သက်ကာ အမေးအဖြေလုပ်နေသည့်အ
ချိန်တွင် ...ဝိုင်စားပွဲကိုအမှီပြုကာထရပ်
ဖြည်းဖြည်းချင်းထရပ်လိုက်မိသည်။နောက် အသက်ရှူကျပ်နေသည့် လည်ပင်းကိုလက်နှင့်ဖိကိုင်ပြီး အသက်ပြင်းပြင်းရှူနေမိသည်။

" ကိုအောင်သိုက် ရှင် ရှင် ရှင့်လက်ထဲက ဓါးကဘာလုပ်တာလဲ..."

ဒေါ်စံပယ်ညိုကလဲ တုန်တုန်ယင်ယင်နဲ့ပြောရှာသည်။ကြည့်ရတာ သူလည်း ဦးအောင်သိုက်ကိုကြည့်ပြီးလန့်နေပုံရသည်။ဒါဆို ဒီလူဝိုင့်ဆီဘယ်သူ့အခိုင်းအစေမှမပါပဲ ဟိုညကကိစ္စကြောင့်နှင့် သတ်ပစ်ဖို့ရောက်လာခဲ့သည်ပဲ....။သူတို့တစ်ယောက်နှင့်တစ်ယောက် အခုလိုဖြစ်နေချိန် ဝိုင်တစ်ခုခုပြောမှဖြစ်မယ်...။

" ဒေါ်စံပယ်ညို ဒီလူနဲ့ဝေးဝေးမှာနေ သူက လူသတ်ထားတာ...ကျွန်တော့်ကိုလည်း သတ်ဖို့ရောက်လာခဲ့တာ...."

" ဟာ...ဒီကောင်....မင်းပါးစပ်ပိတ်ထားစမ်း...
ကိုယ်ရှင်းပြပါ့မယ်...စံပယ်.."

" သူပြောတာနားမထောင်နဲ့...ခင်ဗျားသား...ခင်ဗျားရဲ့သားကိုလည်း ဒီလူပဲသတ်လိုက်တာ..,"
ဝိုင်မနည်းအော်ပြီးပြောလိုက်ရသည်။ဝိုင့်စကားကြောင့် ဒေါ်စံပယ်ညို ၏ မျက်နှာဟာဖြူဖတ်သွားခဲ့လေတော့သည်။

" ဘာ..."

" ဘာတွေပြောနေတာလဲ...ဘယ်ကသားလဲ...ဟာ ဒီကောင် တော်တော်စကားများတယ်...
တိတ်တိတ်နေဆိုတာကို ကွာ..."

ဒေါ်စံပယ်ညိုက မျက်နှာတွေဖြူဖျော့ကာ
အံ့သြနေချိန်တွင် ဦးအောင်သိုက်ကသူဧ လျို့ဝှက်ချက်တွေ ပေါ်သွားခဲ့သည့်အတွက် သွေးရူးတန်ရူးနှင့် သူ့ လက်ထဲကဓါးကို ဝိုင့်ဆီဦးတည်လာခဲ့သည်။နီရဲတွတ်ကာ ဒေါသတွေထွက်နေသော ဦးအောင်သိုက် ၏မျက်နှာ ဝိုင့်ဆီနီးကပ်လာတာကိုမြင်တော့ ထပ်ပြီးမျက်ဝန်းတွေကိုမှိတ်ချလိုက်မိတော့သည်။
ဒီတစ်ခေါက်တော့ ဝိုင်တကယ်သွားပြီနဲ့တူပါရဲ့။

" အ..."
ဝိုင် ဘာဆိုဘာမှမထိခိုက်ပါပဲ နှင့် ဝိုင့် လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်သည့် လက်တစ်စုံ၏အထိအတွေ့။နောက်ခြေသံတွေ ၊လဲပြိုသွားသည့် အသံတွေနောက်ဆုံး အ ခနဲ အော်လိုက်သည့် အသံတွေကြားလိုက်ရသည်။

သွားပြီ ဆိုသည့်အသိနှင့် ဝိုင်သွေးပျက် ချောက်ချားစွာမျက်လုံးတွေကို ကမန်းကတန်းဖွင့်ကြည့်လိုက်မိသည်။

ဝိုင့်ပုခုံး နှစ်ဖက်ကို လက်နှစ်ဖက်နှင့် ဖိကိုင်ထားကာမတ်တပ်ပင်မရပ်နိုင်ပဲ ဝိုင့်ရှေ့မှာတင် တစ်အိအိနဲ့ ပြိုလဲကျသွားသည့် သူ...။

" မိုးလင်း....."

ဝိုင် အသံတွေပြာသွားသည် အထိ ကြောက်လန့်တကြားအော်ဟစ်ကာ မိုးလင်းကိုယ်လေး ကြမ်းပြင်ဆီမကျရောက်ခင်အတောအတွင်း စိုးရိမ်တစ်ကြီးနှင့် ဖမ်းဆီးလိုက်ကာ အလျင်အမြန်ပွေ့ချီလိုက်မိသည်။

" အား...ကိုအောင်သိုက် ...ရှင်...ရှင်အရမ်း
ရက်စက်ပါလား...ကျွန်မသား...ကျွန်မသားကိုပါ ရှင်...သတ်...သတ်ပြစ်ရက်တယ်ပေါ့..."
ဒေါ်စံပယ်ညိုက သွေးပျက်နေသည့်မြင်ကွင်းကို
တုန်တုန်ယင်ယင်ကြည့်ရင်း တုန်ရီစွာပြောမိသည်။ဘုရားရေ ဒီလူ့ကိုသူမအနားထားထားတာ
သူမ သားကိုအထင်လွဲပြီးသတ်ပစ်ဖို့မဟုတ်ဘူးလေ...။သူမကို ကာကွယ်ဖို့ သူမအပေါ်မကောင်းတဲ့သူတွေ သူမ မကြည်ဖြူတဲ့သူတွေကိုသင်ခန်းစာပေးနိုင်အောင်လို့ ခေါ်ထားခဲ့တာ...။

ဒီလူက သိပ်ပြီးသဝန်တိုတတ်တာ...။ဒါကိုသိထားရက်နှင့် တောင် သူမ သားကိုသူမ မကာကွယ်နိုင်ခဲ့ဘူး...။အခုတော့ သူ့၏ ထုံးစံအတိုင်း သဝန်တိုစိတ်ကအနိုင်ယူသွားပြီး ဘာအပြစ်မှမရှိသည်ပ သူမသားကိုရက်ရက်စက်စက်သက်ပစ်ရက်သည်တဲ့လား...။

" မဟုတ်ဘူး...ကိုယ်မင်းရဲ့ သားမှန်းမသိ
ဘူး...ကိုယ်မင်းကိုလာရှုပ်နေတယ်ထင်လို့ ဒီအတိုင်းရှင်း...ရှင်းလိုက်တာပါ..."

" ရှင်...ရှင် ရက်စက်လိုက်တာ...ဒီအတိုင်းရှင်းလိုက်တယ်တဲ့လား....ကျွန်မသား...ကျွန်မသား
ကျွန်မသိပ်ချစ်ရတဲ့သားမို့ ကျွန်မကိုမလိုတဲ့သူတွေ ထိပါးလာမှာစိုးလို့ အထိမခံ အသိမခံပဲ ကာကွယ်ခဲ့ရတာ...ရှင်..ရှင်က လုပ်ရက်လိုက်တာ..."

ဒေါ်စံပယ်ညိုကာ ရင်ဘတ်ကိုဖိကာ
ငုတ်တုတ်ထိုင်ချရင်းခပ်တိုးတိုးရေရွတ်ကာငိုကြွေးနေသည်။ဦးအောင်သိုက်လည်း
ဓါးကြီးကိုကိုင်ကာ ဒူးထောက်ရင်း ကြောင်စီစီဖြစ်ကာ ငိုကြွေးနေသည်။ဝိုင်ကတော့ မိုးလင်းကိုယ်လေးကိုပွေ့ကာ မျက်ရည်တွေတသွင်သွင်စီးကျရင်းငိုနေခဲ့သည်။

" မ...ငို...ပါ...နဲ့...."
မိုးလင်းရဲ့ အသံက ဖျော့တော့နေခဲ့သည်။ဝိုင့် မျက်ဝန်းတွင်  စီးကျနေသည့်မျက်ရည်တွေကို သုတ်ပေးဖို့ထင့် မိုးလင်းလက်တွေလှုပ်ရှားလာခဲ့သည်။

" မိုးလင်း....ဘာမှမဖြစ်ရဘူး..."

အနောက်ကဒဏ်ရာစီမှသွေးတွေတစ်စိမ့်စိမ့်ထွက်နေတာ။ဝိုင့် လက်နဲ့ဒဏ်ရာကိုဖိထားတာမို့ ပျစ်ခဲနေသည့် သွေးနီနီတွေက ဝိုင့်လက်မှာပေကျံနေလေသည်။ဝိုင် ဘာမှမလုပ်
တတ်မကိုင်တတ်တော့ပေ...။အရမ်းကိုတုန်လှုပ်နေပြီ...။မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ အသက်ပြင်းပြင်းရှူနေရရှာသည့် မိုးလင်း...။ဘာလို့လဲ ဘာလို့လဲ မိုးလင်းကဘာလို့ အခုချိန်ရောက်လာရတာလဲ...။

ဘယ်ကဘယ်လိုရောက်လာပြီး ဝိုင့်အစားဓါးကို ဝင်ခံပေးလိုက်ရတာလဲ...။မိုးလင်းရဲ့ အရှိန်နှင့် အလျင်အမြန်ရောက်လာပြီး ဝိုင့်ကိုကာကွယ်ပေးလိုက်တာကို ဝိုင်ကျေးဇူးတင်ရမှာလား...။

ဟုတ်သည်ဝိုင့်ဆီ တစ်ယောက်ယောက်အမြန်ရောက်လာပြီးကယ်တင်တာ ဝိုင်လိုချင်ခဲ့တာ..။ဒါပေမယ့် ဝိုင့်အစားအနစ်နာခံပြီး ဓါးအစားထိုးခံပေးတာမလိုချင်ခဲ့ပါဘူး...။ဒီအခြေအနေကဘာအခြေအနေကြီးလဲ...။မိုးလင်းက
တစ်ဖြေးဖြေးငြိမ်သက်နေပြီ...။ဝိုင်ဘာလုပ်ရမလဲ...။ဖုန်း ဟုတ်တယ် ...။

" ဖုန်း...ဖုန်းဆက်ရမယ်..."

အတွေးထဲလှစ်ခနဲပေါ်လာကာ ဖုန်းကိုရှာရန်ထလိုက်မိတော့မိုက်ခနဲဖြစ်သွားကာကြမ်းပြင်ပေါ်သို့ထိုင်ရပ်ကျသွားပြန်သည်။

" မိုးလင်း...မသွားပါနဲ့...ကျွန်တော့်ကိုမထားခဲ့ပါနဲ့....ကျွန်တော်တောင်းပန်ပါတယ်..."ဟုအတွင်တွင်ပြောရင်းဝိုင့်အသိတွေအမှောင်ကျသွားရတော့သည်။စိတ်ထဲတွင်တော့မိုးလင်းဘာမှမဖြစ်စေဖို့သာဆုတောင်းနေခဲ့မိသည်။

ဒေါ်စံပယ်ညိုနဲ့ လွတ်လွတ်လပ်လပ်စကား
ပြောရအောင်ဆိုပြီး လွတ်ထားပေးမိတာ
သူသိပ်ကိုမှားသွားခဲ့သည်ထင်သည်။တိုက်ခန်းထဲဝင်ဝင်ချင်း မြင်ရက်စရာမရှိသည့်မြင်ကွင်းတို့က သူ့နှလုံးကိုကွဲကြေစေသည်။
သွေးအလိမ်းလိမ်းနှင့်ကြမ်းပြင်ပေါ်တွင်
ရှိနေသည့်အလင်း...။သတိမေ့မြော
နေသည့် သူ့ချစ်သူဝိုင်...။
အသိစိတ်ကင်းမဲ့နေသလိုဖြစ်နေကြသောသူ့မိထွေးနှင့်ဟိုဘိုးတော်...။
သူအမြန်အလင်းနားအမြန်သွားကာ ဒူးထောက်ထိုင်ချလိုက်ပြီးအလင်းရဲ့မျက်နှာကိုကိုင်ကာ
လှုပ်နိုးလိုက်မိသည်။

" အလင်း...အလင်း...ဟရောင်...ငါ့ကို
လန့်အောင်မလုပ်ပါနဲ့ကွာ...ထပါကွာ..,"

" ဝိုင်....ဝိုင်..."

အလင်းနှင့်ဝိုင့်ကိုတစ်လှည့်စီ
အော်ခေါ်ရင်း သော် ခေါင်းတွေချာချာလည်နေပြီ...။သတ်ပစ်လိုက်ဖို့ကောင်းသည့် အယုတ်တမာ လင်မယား နှစ်ယောက်ကိုပဲသူထပြီးသတ်ပစ်လိုက်ရမလား...။မေ့မျောနေကြသည့် အလင်းနှင့် သူ့ချစ်သူဝိုင်ကိုပဲ သွေးပျက်စွာထိုင်ကြည့်ရမလား...။
သူ့စိတ်တွေ အစိုးမရတော့..။ရင်တစ်ခုလုံး မွန်းကျပ်ကာ တစ်ကိုယ်လုံးတုန်ယင်နေပြီ...။ဖုန်းကိုထုတ်ကာ ပုလဲတို့ဆီဖုန်းခေါ်မိသည်။မကိုင်ကြ။

" ဟာကွာ..."
သူ ဒီလိုဖြစ်နေရမှာ မဟုတ်ဘူး...။ဦးအောင်သိုက် အခန်းထဲကထွက်ပြေးသွားပြီး ဒေါ်စံပယ်ညိုငိုယိုနေချိန် သူအသည်းအသန်နဲ့ အလင်းကိုကောက်ပွေ့နေမိသည်...။

အလင်း မင်းအသက်ရှင်ပေးပါ...။ငါတို့မင်းကိုလိုအပ်တယ်ဆိုတာ မင်းသိတယ်မလား...။မင်းအသက်ရှင်မယ်ဆို ငါဘာမဆိုလုပ်ပေးနိုင်တာမို့ မင်းအသက်ဆက်ရှင်ပေးပါကွာ...။

သူ အလင်းရဲ့ပျော့ခွေနေသည့် ခန္ဓာကိုယ်လေးကို အလျင်အမြန်ပဲကျောပိုးလိုက်တယ်။

" အားတင်းထား...အလင်း..."
သူခပ်တိုးတိုးရေရွတ်ရင်း ကိုယ့်ကိုကိုယ်ပါအားပေးကာ အားတင်းလိုက်မိသည်။
အလင်း ဘာမှမဖြစ်ရဘူး...။

.................................................................
" မိုးလင်း..."

မေ့မျောနေရာမှ ဝုန်းခနဲထထိုင်လိုက်သည့် ဝိုင်ကြောင့်သော် အတွေးတွေထဲ နှစ်မြောနေရာမှ အသိစိတ်တွေပြန်ကပ်ကာ ထိုင်နေရာမှ မတ်တပ်ထရပ်မိလိုက်သည်။

" မိုးလင်း...မိုးလင်းရောဟင်...သော်...
မိုးလင်း...ဘာမှမဖြစ်ဘူးမလား...သော်
ပြောပါဦး...."

" ပြောပါဦး...သော်ရဲ့ မိုးလင်း...မိုးလင်း
ဘာမှမဖြစ်ဘူးမလား..."

ဝိုင့်အမေးကြောင့် သူ့ရင်ထဲဆို့တက်လာကာ မျက်ရည်တွေဝဲလာရသည်။

" သော်...မေးနေတယ်လေ...မိုးလင်းရောလို့..."
သော် ဝိုင့်ရဲ့အမေးကိုမဖြေနိုင်ဘူး...။ဖြေဖို့အင်အားလည်းမရှိလေဘူး...။သွေးရူးသွေးတန်းနဲ့ မိုးလင်းကိုခေါ်ကာ သွေးပျက်နေလေသည့် ဝိုင့်ကိုယ်လေးကို သူအတင်းပဲရင်ခွင်ထဲထည့်ရင်းထွေးပွေ့လိုက်မိတယ်...။

" သော်...ငါမေးတာ ဖြေစမ်းပါ...မိုးလင်း..သူ...သူ ဘယ်မှာလဲ..."
ဝိုင့်ကိုယ်လေးကို ရင်ခွင်ထဲနှစ်မြုပ်မတတ် ပိုတိုးလို့ဖက်ရင်း အသံတိတ်ငိုကြွေးနေမိတသည်။
မျက်ရည်တွေက ပါးပြင်ထက် အတိုင်းအဆမဲ့ကျလို့နေရင်းပေါ့...။

" သော်..."

" ရှိပါတယ်...အ...လင်း...ရှိပါတယ်ကွာ..."

သော် တုန်ယင်စွာနဲ့ ဝိုင့်ကိုညာလိုက်မိသည်။
ဝိုင့်စိတ်တွေတည်ငြိမ်ဖို့အတွက် သူညာသင့်သည် မဟုတ်လား...။အလင်းအပြင် ဝိုင့်ကိုထပ်ပြီးမဆုံးရှုံးပါရစေနဲ့....။

" ဒါဆို သွားမယ်...မိုးလင်း ဆီသွားမယ် မိုးလင်းဆီလိုက်ပို့ပေး..."
ဝိုင်ကလည်တယ်။သူ လိမ်နေမှန်းသိလို့ထင်ရဲ့
သူ့ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ပြီး အလင်းဆီသွားဖို့ အော်ဟစ်သောင်းကျန်းပြန်သည်။
သူ့မျက်နှာပေါ်က မျက်ရည်တွေကို ဝိုင်မြင်သွားတော့ သူ့လိမ်စင်ကြီးကိုသဘောပေါက်သွားတယ်ထင်သည်...။ဝိုင့် မျက်လုံးတွေက အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသားနှင့် မျက်နှာက အသက်မဲ့သလိုဖြစ်လို့သွားခဲ့သည်။

" ဝိုင်..."

သူကြောက်လန့်တကြား ဝိုင့်မျက်နှာကို သူ့လက်နှစ်ဖက်နှင့်ကိုင်တွယ်လိုက်မိသည်။

" ငါ့...ငါ့..ကြောင့်...ငါ့ကြောင့် မိုးလင်းအခုလိုဖြစ်တာ...ငါ့ကြောင့်....ဟုတ်တယ် ငါ့ကြောင့်ပဲ..."

ဝိုင်ခံစားချက်မဲ့နေသည့် အသံနှင့် ပလုံးပထွေးရေရွတ်လေတော့သည်...။သော် စိုးရိမ်စွာ ဝိုင့်မျက်နှာကိုသူ့ရင်ခွင်ထဲအပ်ပြီး ဝိုင့်ကိုယ်လေးကိုပွေ့ဖက်ထားမိပြန်သည်။

" ငါ့ကြောင့်...ငါ့ကြောင့်ပဲ...မိုးလင်း ငါ့ကြောင့်သေရတာ..."

" ဝိုင် စိတ်ထိန်းပါ...ကိုယ်တောင်းပန်ပါတယ်ကွာ...စိတ်ထိန်းပါကွာ...".

" ငါ့ကြောင့်ပဲ...ဘယ်လိုလုပ်ရမလဲ မိုးလင်းငါ့ကြောင့်...ငါ့ကြောင့်သေသွားရပြီ..."

" မဟုတ်ဘူး ကိုယ်ပြောတာနားထောင်စမ်းဝိုင် ဒါမင်းအပြစ်မဟုတ်ဘူး မင်းအပြစ်လို့မတွေးနဲ့
ဒါမင်းကြောင့်မဟုတ်ပါဘူးကွာ..."
သော် မချိတင်ကဲ အသံနဲ့ပြောလိုက်မိသည်။

သော်ကိုယ်တိုင်လည်း လက်ရှိအခြေအနေကို လက်မခံနိုင်တာမို့ ဝိုင့်ကိုဖက်ပြီး ကတုန်ကယင်နှင့်
ငိုကြွေးနေမိသည်။

အလင်းက ဘယ်သူ့ကိုမှ နှုတ်မဆက်သွားနိုင်ရှာဘူး...။သူ အလင်းကိုအသားကုန်အော်ခေါ်နေပါသော်လည်း အလင်းက နိုးထလာနိုင်စွမ်းမရှိတော့ဘူး...။အလင်းက သူ့လက်ပေါ်မှာပဲ ပျော့ခွေပြီး
အသိစိတ်ကင်းမဲ့နေပြီ...။ဆေးရုံရောက်တဲ့အချိန်မှာပဲ ဆရာဝန်ရဲ့ ထွက်ဆိုချက်နဲ့ အလင်းကိုမကယ်လိုက်နိုင်မှန်း သော်သိခွင့်ရခဲ့တယ်။အပြစ်တင်လို့ အပြစ်ခံရမယ်ဆိုရင် ဒါ သူ့အပြစ်ပါ...။သူ
အလင်းကိုပဲအရင်ဆေးရုံ ပို့ခဲ့သင့်တာ...။

ဝိုင့်ကို တစ်ခေါက်ပြန်ပြီး ခေါ်ခဲ့လို့ အလင်းက
သွေးထွက်လွန်ပြီး သူ့လက်ပေါ်မှာဆုံးရ ရှာတာ...။ဒါ သူ့အပြစ်ပါ...။ချစ်သူတစ်ယောက်ကို
စိုးရိမ်ပြီးပစ်မထားနိုင်မိတဲ့သူ့ရဲ့အပြစ်ပါပဲ...။
ဝိုင့် ကိုအတင်းအကျပ် ဖက်တွယ်ရင်း တစ်သိမ့်သိမ့်တုန်ယင်နေတဲ့ ကျောပြင်လေးကိုခပ်ဖွဖွပွတ်ပေးရင်း စိတ်တွေတည်ငြိမ်အောင်လုပ်ပေးနေမိသည်။

" ငါမယုံဘူး သော် မိုးလင်းငါ့ကိုမနှုတ်ဆက်ရသေးဘူး....ဒါကြောင့်မိုးလင်းဆီငါ့ကိုခေါ်သွားပေးစမ်းပါ...ငါ သူ့ကိုမြင်ရမှဖြစ်မယ်..."

" ဝိုင်......."

" မင်း ငါ့ကို ညာနေတာလား...မင်းကကော ဘာလို့ငိုနေရတာလဲ သော် မငိုနဲ့ ငါတောင်မငိုဘူးလေ..."
မငိုဘူးလို့ပြောပြီးတစ်အိအိငိုနေခဲ့သည့် ဝိုင်ကို သော်ဘယ်လိုနှစ်သိမ့်ပေးရမှာလဲ။အခြေအနေတွေက
ရုန်းကန်နေသည့်အနေအထားမှ တည်ငြိမ်သည့်ဘက်ရောက်သွားခဲ့သည်မို့ တော်သေးသည်။

ဆေးရုံကုတင်ပေါ် သော်ရောဝိုင်ပါ အတူအိပ်နေပြီး ဝိုင့်ကိုယ်လေးကို သော်ကရင်ခွင်ထဲထည့်
ပြီးပွေ့ဖက်ထားဖြစ်သည်။ဝိုင် တည်ငြိမ်ဖို့လိုအပ်သည်။

" သော် မိုးလင်းကငါ့ကို ဘာလို့ကယ်ခဲ့ရတာလဲ သူအရူးလား...သူအရူးလား..."

"......."

" မိုးလင်း သူအဆင်ရောပြေပါ့မလား...သူ...သူတစ်ယောက်တည်း..."

" သူ့ဘေးမှာ ပုလဲတို့ရှိတယ်..."

" သော် ငါ မိုးလင်းကိုတွေ့ချင်တယ် ဒါ...ဒါနောက်ဆုံးအကြိမ်မလား..."

" ဝိုင်..."
သူ မျက်ရည်ကျရုံကလွဲပြီး ဝိုင့်ဆန္ဒတွေကိုမဖြည့်ဆည်းပေးနိုင်ဘူး။ဝိုင်က နေမကောင်းနေသည့်အပြင် လက်ညိုးအထိုးခံ အပြောခံရပြီး လဲပြိုလို့မဖြစ်...။သားတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရသည့်အဖေတစ်ယောက်အနေနှင့် ဝိုင့်ကိုကျေနပ်မှာ မဟုတ်လေဘူးဆိုတာသူသိသည်။ဝိုင့်ကို ကာကွယ်ဖို့ သူဘာမဆိုလုပ်နိုင်ပေမယ့် အဲ့ဒီ့လူရှေ့သို့ ဝိုင့်ကိုခေါ်သွားလို့တော့မဖြစ်ပေ..။

" တောင်းပန်ပါတယ် အလင်းရာ မင်းဝိုင့်ကို
တွေ့မြင်ချင်လိမ့်မယ်ဆိုတာ ငါသိပေမယ့်
မင်းရှေ့ကို ခေါ်မလာနိုင်တာ ငါ့ကိုခွင့်လွတ်ပါကွာ...မင်းနားလည်ပေးမယ် မဟုတ်လား...
မင်းလဲ ဝိုင့်ကို မထိခိုက်စေချင်ဘူးမလား...ဒါကြောင့် မင်းအသက်ပါပေးပြီး ဝိုင့်ကိုချစ်ခဲ့တာလေ..."
သော် ခပ်တိုးတိုးရေရွတ်လိုက်ရင်း ဝိုင့်နဖူးပေါ်ပါးအပ်လိုက်မိသည်။အလင်းက ကိုယ်ချစ်ရတဲ့သူကို ဘယ်လောက်ချစ်ကြောင်းအသက်နဲ့သက်သေပြသွားခဲ့သည်။သို့သော် ဝိုင်က အခုမှ
အလင်းရဲ့ အချစ်တွေကိုသိခွင့်ရလိုက်သည်မဟုတ်လား...။
.........................................................

" ရော့ အလင်းရဲ့ ဒိုင်ယာရီပါ...မင်းဖတ်သင့်တယ်ထင်လို့ အလင်းအခန်းကရှာတွေ့တော့ယူလာခဲ့ပေးတာ..."

ဆေးရုံတွင်ရှိနေသေးသော ဝိုင့်ဆီသို့
ဘိုကောင်းကမိုးလင်းရဲ့ဒိုင်ယာရီကိုယူ
ဆောင်လာပေးခဲ့သည်။ဝိုင် မျက်ရည်တွေစီးကျနေသော မှုန်ဝါးဝါးမျက်ဝန်းတွေနှင့်မိုးလင်းရဲ့
ဒိုင်ယာရီဆိုသည့်စာအုပ်လေးကိုမမှိတ်မသုန်ကြည့်နေမိသည်။

" မိုးလင်း..."
စာအုပ်အဖုံးလေးက ကောင်လေးတစ်ယောက်ကရေပြာပြာတွေပြည့်နေသည့်ကန်ရေပြင်ဘေးမှာငုတ်တုတ်လေးထိုင်နေသည့်ကာတွန်းပုံလေးဖြစ်သည်။အဖုံးလေးကို ဝိုင့်ညာဘက်လက်လေးနှင့်
ခပ်ဖွဖွ ပွတ်သပ်ရင်း မိုးလင်းနာမည်ကို ခပ်ဖွဖွရေရွတ်မိသည်။

" ဆေးရုံမှာပဲအေးအေးဆေးဆေးနားပါ
အလင်းဘေးမှာငါတို့ရှိပါတယ်.....မင်းအရမ်းတုန်လှုပ်သွားမှာပေါ့...ကျန်းမာအောင် ဒီမှာပဲနေပါဦး...မင်းအလင်းဆီသွားချင်တာ ငါတို့နားလည်ပါတယ် ဒါပေမယ့် အလင်းဆီမသွားတာမင်းအတွက်အကောင်းဆုံးပါ ဝိုင် ..အလင်းအဖေကအရမ်းဒေါသထွက်နေတယ်...မင်းလာဖို့လည်း
ခွင့်ပြုမှာမဟုတ်ဘူး...ဒါကို မင်းနားလည်မှာပါ..အလင်းရဲ့ဈာပန မှာ ငါတို့ဘာပြသာနာမှမတက်စေချင်ဘူး... အလင်းက မင်းကို
တွေ့ချင်ပေမယ့်လို့ပေါ့..."

ဘိုကောင်းစကားတွေကြောင့်ဝိုင် အရုပ်တစ်ရုပ်လို အသက်မပါစွာခေါင်းညိတ်လိုက်မိသည်။ဝိုင့်ကို ဘယ်သူကမှ အပြစ်မတင်ကျပါဘူး ။ဒါပေမယ့် ဝိုင်ကတော့ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။တကယ်လည်းဝိုင့်ကြောင့် မိုးလင်းအသက်ဆုံးရှုံးခဲ့ရတာမလား...။မိုးလင်းဆီဝိုင်
သွားချင်သည်။သို့သော် သော်ကပေးမသွားသည့်အပြင် အခုဘိုကောင်းကပါပေးမသွားလေဘူး။ဒါပေါ့ ဘယ်သွားစေချင်ပါ့မလဲ...။အားလုံး
ဝိုင့်အပြစ်တွေကိုး...။မိုးလင်း အဖေ့ ဆီ ဝိုင်သွားပြီး တောင်းပန်ချင်သည်။သားတစ်ယောက်ဆုံးရှုံးလိုက်ရသည့် ဖခင်။ဘယ်လောက်တောင်ရင်နာနေရှာမလဲ...။ခွင့်မလွတ်ဘူးဆိုသည့်တိုင်အောင်ဝိုင်သွားတောင်းပန်ချင်သည်။

ဘိုကောင်းပြန်သွားချိန်မှာ မိုးလင်းရဲ့
ဒိုင်ယာရီကို ကြည့်ပြီး မျက်ရည်တွေပါးပြင်တစ်လျှောက်စီးကျလာပြန်တယ်...။အခုသော်လည်း အလင်းဆီမှာ။ဝိုင့်ကို မျက်ရည်သုတ်ပေးမယ့်သူမရှိတော့ ပိုပြီးငိုကြွေးမိသည်။

မိုးလင်းရယ်...။
ဒိုင်ယာရီလေးကို ပိုက်ကာရှိုက်ကာ ရှိုက်ကာငိုနေမိသည်

ဒီဒိုင်ယာရီထဲမှာ ဘာအကြောင်းတွေပါမလဲ...။
ဝိုင့် လက်ထဲထည့်ပေးရလောက်သည် အထိ ဒီဒိုင်ယာရီလေးက ဝိုင်နဲ့ထိုက်တန်နေပါရဲ့လား...။

ဒါမှမဟုတ် ဒီဒိုင်ယာရီလေးက ဝိုင့်အကြောင်းတွေကိုပဲ  ရေးထားခဲ့တာမျာစလား...။
မျက်ရည်တွေကြားမှ ဒိုင်ယာရီလေးကို ဆွေးဆွေးမြေ့မြေ့ကြည့်လိုက်မိရင်း
မျက်ရည်တွေကမန်းကတန်းသုတ်ကာ ဒိုင်ယာရီစာအုပ်လေးကို ခပ်ဖွဖွကိုင်တွယ်မိပြန်သည်။
နောက် လေးလေးနက်နက်ဖတ်ရန်စာအုပ်လေးကိုလှန်လှောလိုက်မိလေတော့သည်။
~~~~~~~~~~<<<>>>~~~~~~~~~

မိုးလင်းယုန် ဒိုင်ယာရီ(သို့မဟုတ်)
မိုးလင်းယုန်ရဲ့ဘဝ။

၂.၁၂.၂၀၁၄
မင်္ဂလာပါ ဒိုင်ယာရီလေး...။
ငါ အင်း ဟုတ်ပါ့ ငါကငါပါပဲ။
ငါ အခု ရေးနေမိတာ ဒိုင်ယာရီပေါ့။
ဒိုင်ယာရီကို ငါ မရေးတတ်ပါဘူး...။
ရေးကျင့်လည်းမရှိဘူး...။
ဒါပမယ့် ဘယ်သူမှမမြင်နိုင်တဲ့ အရာတွေကိုမြင်လာမိတဲ့ နောက်ပိုင်း ငါရင်ဖွင့်စရာလိုအပ်လာခဲ့တယ်...။
ငါတစ်စုံတစ်ခု ပြောဖို့လိုအပ်လာတဲ့အခါ
ငါ့ ရင်ဘတ်တွေ အဆမတန် မွန်းကျပ်လာတဲ့အခါ
ရင်ဖွင့်စရာနေရာတစ်ခု လိုအပ်လာခဲ့တယ်။
အဲ့ဒီ့မှာ မင်းကိုငါ ရွေးချယ်ခဲ့မိတယ် ဒိုင်ယာရီ။

မင်းကငါ့ရဲ့အဖော်မွန်ပဲပေါ့....။
ငါ့ရဲ့ နောက်ဆုံးထွက်သက်အထိ အတူ ရှိသွားနိုင်တဲ့
ဒိုင်ယာရီ။

ငါ့နာမည်က မိုးလင်းယုန်...။
ငါ့ကို ခင်တဲ့သူတွေကတော့ အကုန် အလင်းလို့ပဲခေါ်တယ်..။
အဲ့ထဲမှာမှ လင်း လို့ခေါ်တဲ့သူ တစ်ယောက် ရှိတယ်...။အဲ့ဒါ ငါ့ရဲ့အခင်ဆုံးမိန်းကလေး
သူငယ်ချင်းပဲ...။သူ့နာမည်က ပုလဲရတုတဲ့....။ငါတို့ကတော့ သူမ ကို ပုလဲ လို့ ခေါ်တယ်။

ငါ့ဘော်ဒါတွေအကုန် ခင်ဖို့ကောင်းသလိုချစ်ဖို့ကောင်းကြပါတယ်...။

ငါက ထာဝရသော်လို့ ခေါ်တဲ့ ငါ့သူငယ်ချင်း သော်နဲ့သိပ်တော့မတည့်ပေမယ့် ငါ့နဲ့ရင်ဘတ်ချင်းနီးစပ်နေတဲ့ကောင်ကလည်း သော်ပဲဖြစ်နေပြန်တယ်။

ငါ့အကြောင်းတွေကို တော်တော်များများ ပြောပြနေမိတဲ့ သူကဘိုကောင်းထူးလို့ခေါ်တဲ့ သူငယ်ချင်း။
မင်းကတော့ ငါ့ဘဝအကြောင်းအကုန်သိတဲ့ သူပေါ့
ဒိုင်ယာရီ။

သော်နဲ့ ငါက ရင်ဘတ်ချင်း အရမ်းနီးပေမယ့် အမြင်ကတ်တာများလို့ ငါ့အကြောင်းတွေ မပြောပြဖြစ်တာများတယ်။အဟက်...

ဟော စ်စ်သွေးကြပြန်တော့လည်း အနေအေးတော့ငါနဲ့keyမကိုက်ပြန်ဘူး...။ငါကတော်ရုံတန်ရုံ ငါ့အကြောင်းတွေကို ဘယ်သူ့ဘယ်သူကိုမှမပြောပြတတ်ဘူး...။

ဒါကြောင့် ငါတကယ်ချစ်တဲ့သူကိုရှာဖွေဖို့နောက်ကျခဲ့တာဖြစ်မယ်....။
ငါ့သူငယ်ချင်းတွေရော
တစ်ခြားဘယ်သူ့ ဘယ်သူမှမသိတဲ့အကြောင်းရင်းတစ်ခုမင်းကိုပြောပြမယ် မင်းကိုဝန်ခံတာဆိုပိုမှန်လိမ့်မယ် ဒိုင်ယာရီ။

ငါ့ရဲ့လျို့ဝှက်ချက်ပေါ့ကွာ...။
ငါက လူထူးဆန်းတစ်ယောက်ပဲ။
သူများတွေမမြင်နိုင်တဲ့မကြားနိုင်တဲ့
ငါတို့ကမ္ဘာရဲ့တစ်ခြားဘက်အခြမ်းကအရာ
တွေကိုငါကြားနိုင်တယ်...မြင်နိုင်တယ်..။
မင်းအံ့သြသွားတယ်မလား ဒိုင်ယာရီ။

အဲ့လိုတွေဖြစ်ခဲ့တာ ငါခုနှစ် နှစ်သားအရွယ်လောက်မှာပေါ့။
အဲ့ဒီ့နေ့က ငါတို့တစ်မိသားစုလုံးကားaccident ဖြစ်ခဲ့တယ်။အဲ့ဒီ့မှာငါ့မာမီ့ကိုဆုံးရှုံးလိုက်
ရပြီးငါကတော့ငါမမြင်ချင်တဲ့အရာတွေ
ကိုမြင်လာခဲ့ရတယ်။

မင်းသိလား ဒိုင်ယာရီ။
အဲ့ဒါတွေက ကြောက်ဖို့ကောင်းတယ်။ငါအရမ်းကြောက်တယ်။
ငါမြင်ရတဲ့ အရာတွေကို ငါအရမ်းကြောက်ခဲ့
တယ်။

ငါလေ ငါ့ဒက်ဒီကိုပြောပြခဲ့တယ်..။မနေနိုင်လွန်းလို့။
ငါကြောက်လွန်းလို့။ဒါပေမယ့်မယုံခဲ့ဘူး...။
အိမ်မှာရှိတဲ့ လူတွေ အကုန်လုံး
ငါ့ကိုဟာသလိုပဲ သဘောထားခဲ့ကြတယ်။
ဘယ်သူမှမယုံကြဘူး...။အဲ့ကတည်းက
ငါမြင်ရတဲ့အရာတွေကို မြင်နေရတယ်လို့
ဘယ်သူ့ကိုမှထပ်မပြောပြခဲ့ဘူး...။
ငါ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့
ပုလဲတို့ကိုတောင်ငါမပြောပြတော့ဘူး...။

သူတို့လည်း ယုံမှာမဟုတ်ဘူးလေ...။
ငါဝိဉာဉ်တွေနဲ့ နေသားကျလာခဲ့တယ်။
ကလေးဘဝတုန်းက သူတို့ကိုမြင်တာနဲ့သိပ်ကိုကြောက်တတ်တဲ့ငါဟာ လူကြီးစိတ်ဝင်ပြီးအရွယ်ရောက်လာတဲ့နောက်ပိုင်း သူတို့ကိုလျစ်လျူ ရှုနိုင်ခဲ့တယ်...။

သူတို့ကိုမမြင်ချင်ယောင်ဆောင်လိုက်
တယ်..။သူတို့ငါ့အနားမှာမရှိသလို ငါနေတတ်ခဲ့တယ်...။သူတို့ကိုမမြင်ဘူး မတွေ့ဘူး ဆိုတဲ့ ပုံစံဖြစ်အောင် ငါနေတတ်အောင်အတော်လေး လေ့ကျင့်ခဲ့ရတယ်...။

ငါက ငယ်ငယ်လေးကတည်းကငါ့ဒက်ဒီရဲ့ပုံစံခွက်ထဲမှာပဲနေလာခဲ့ရတာ...။
ဒါပေမယ့် ငါလုံးဝအထီးမကျန်ခဲ့ဘူး...။
ငါ့မှာအချစ်ရဆုံးသူငယ်ချင်းတွေရှိတယ်လေ...။
ငါကငယ်ငယ်ကတည်းကရည်းစားများတယ်..။၉တန်းကတည်းက ရည်းစားထားတတ်နေပြီ...။အခု၁၀တန်းရောက်တော့လဲ ငါ့မှာငုဝါဆိုတဲ့ကောင်မလေး တစ်ယောက်ငါ့မှာရှိနေပြီ...။

၇.၆.၂၀၁၅
ဒီနေ့က ငါတို့ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ပေါ့။
ငါအရမ်းပျော်တယ် ဒိုင်ယာရီ။
ငါတို့သူငယ်ချင်းတွေအကုန်လုံး ဆယ်တန်း
အောင်ကြတယ်...။
တက္ကသိုလ်အတူတူတက်ရတော့မယ်။

၂၆.၁၂.၂၀၁၅
ငါအခုစိတ်တွေအရမ်းရှုပ်နေတယ်...။
ကျောင်းတက်တာ တစ်လမပြည့်သေးဘူး။
ငါ့အနားကိုတကောက်ကောက်လိုက်နေ
တဲ့သရဲတစ်ကောင် ကြောင့်စိတ်အနှောင့်ယှက်
ဖြစ်နေရတယ်...။

ထူးဆန်းတာက အဲ့သရဲလေးကလေ ငါသူ့ကို
မြင်နေရတာကိုသူသိနေတယ်...။
သူကငါ့နောက်အမြဲတစ်ကောက်ကောက်လိုက်တယ်။စကားအတင်းလိုက်ပြောတယ်။သူ့ပုံစံလေးကကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေပေမယ့်သူကဝိဉာဉ်လေ...။ဒီလို ငါ့ကိုစကားလိုက်ပြောပြီး စိတ်အနှောင့်အယှက်လုပ်နေတာကိုငါမုန်းတယ်...။တစ်ခြားဝိဉာဉ်တွေဆို သူတို့ကိုမမြင်ချင်ယောင်ဆောင်လိုက်တာနဲ့ ဘယ်သူကမှအရေးတစ်ယူနဲ့ ငါ့အနားမလာကြတော့ဘူး...။ဒီသရဲဆိုးလေးကတော့ အဲ့လိုမဟုတ်ဘူး
လုံးဝမမြင်တဲ့ဟန် ဆောင်တာတောင်မှ သနားကမားနဲ့ငါ့နားအတင်းလိုက်ပြီးစကားပြောတော့တာပဲ...။
ကျောင်းလာရင် သူ့ကိုပတ်ပုန်းနေရတာ
ကအလုပ်တစ်လုပ်ပဲ...။
တကယ့်ကိုစိတ်ရှုပ်ဖို့ကောင်းတယ်။
အဲ့သရဲကသူ့နာမည်ဘာလဲ...။
ဘယ်ကလာသလဲ...။ဘယ်မှာနေလဲ
မသိဘူးတဲ့လေ...။ဘယ်လိုသရဲလေးနဲ့လာတွေ့နေတာလဲကွာ...။

အဲ့သရဲလေးကိုကျောင်းလာတိုင်းတွေ့နေရ
တယ်....အမြဲသူ့မြင်ရင်ထွက်ပြေးနေရတယ်...ရည်းစားနဲ့တောင်ကောင်းကောင်းမချိန်းတွေ့နိုင်တဲ့ဘဝပါလား....။ကျောင်းရှေ့မှာaccident၁ခုခုများ ဖြစ်ခဲ့တာလားဘာလားမသိဘူး...။ခက်တာကငါကလဲ ကျောင်းကို၁ပတ်နောက်ကျမှ
တက်ခဲ့တာ...။ကောင်မလေးအကြောင်းအပြင်ဘာအကြောင်းမှစိတ်မဝင်စားတဲ့ငါ့အဖို့ ကျောင်းကaccident အကြောင်းကိုမသိရတာလည်း အဆန်းတော့မဟုတ်လေဘူး...။

၂၇.၁၂.၂၀၁၅
ဒီသရဲနဲ့တော့ခေါင်းစားတယ်ကွာ...။

၂၈.၁၂.၂၀၁၅
ဒီနေ့လည်း ငါ့နောက်တကောက်ကောက်လိုက်နေပြန်ပြီ...။သူ့ကိုရှောင်နေရတာနဲ့
ပုလဲတို့သော်တို့သိကုန်တော့မယ်...။

၂၉.၁၂.၂၀၁၅
စကားတွေလာပြောနေပြန်ပြီ...။သူ့ကို
အဖတ်မလုပ်တဲ့ငါ့ကိုစိတ်မပျက်ဘူးလား
မသိပါဘူးကွာ...။တကယ်လေပါတယ်
သရဲစုတ်လေးရယ်...။ငါနဲ့ခပ်ဝေးဝေးနေစမ်းပါ...။

၅.၁.၂၀၁၆
ငါစိတ်တွေညစ်နေတယ်....
ငါနဲ့တွဲခဲ့ဖူးတဲ့ကောင်မလေးသေသွားပြီ
တဲ့ကွာ...။စိတ်မကောင်းဘူး....။
ငါ့ကြောင့်များဖြစ်နေမလား....။
ငါ့အနားမှာ မျက်ရည်တွေနဲ့ ရစ်သီရစ်သီနေတဲ့
လရိပ်မေကိုတွေ့နေရတယ်...။
တစ်ခါတစ်ခါ ငါ့အိမ်မက်ထဲထိ လာနှောင်ယှက်ပြန်တယ်....။လရိပ်မေကို မမြင်ချင်ယောင်ဆောင်ရတာ တစ်ခြားဝိဥဉ်တွေထက် ငါအရမ်းပင်ပန်းတယ်...။

၇.၁.၂၀၁၆
မင်းသိလား...သရဲလေးက ငါ့ကိုလာနှစ်သိမ့်
ပေးနေတယ်...။ရယ်တော့ရယ်ရတယ်...။
ငါအပြင်မှာ ပျော်နေဟန်ဆောင်ပေမယ့်
ငါ့စိတ်ထဲမှာတကယ်တမ်းစိတ်တွေညစ်
နေတယ်ဆိုတာ အဲ့သရဲလေးကသိနေတယ်
တဲ့...။ရယ်ချင်စရာကြီးကွာ...။

၁.၂.၂၀၁၆
အဲ့လိုနဲ့ငါတို့ဘာစကားမှမပြောဖြစ်ပဲ အရင်းနှီးဆုံးသူတွေဖြစ်ခဲ့တယ်...။သူ့နာမည်ကဘာလဲ...
ဘယ်မှာနေတာလဲ...။
ဘာကြောင့်ငါ့အနားမှာရှိနေသလဲ ငါဘာတစ်ခူမှမသိဘူး။သိဖို့လဲမကြိုးစားမိပြန်ဘူး...။
သူကငါ့အနားမှာအမြဲ ရှိတယ်...။
ငါကျောင်းမလာခင်မှိုင်နေတတ်တဲ့သရဲလေးက
ငါလည်း ကျောင်းရောက်ရော ဖြူဖျော့ဖျော့ မျက်နှာလေးက လမင်းတစ်စင်းလိုဝင်းပသွားခဲ့တယ်။

၅.၅.၂၀၁၆
သူနဲ့ငါစကားတွေမပြောဖြစ်ပါဘူး...။
သူကတော့ ငါ့ကိုစကားတွေလာပြောလေ့ရှိတယ်။ငါကအဖက်လုပ်ပြီးပြန်မပြောခဲ့ဘူး...။
ဒါပေမယ့် သူကငါ့အပေါ်သံယောစဉ်ရှိနေတယ်နဲ့တူတယ်...။ငါကရော ငါလည်း ကျောင်းကိုရောက်
တာနဲ့ပထမဆုံးရှာခဲ့မိတာ သရဲလေးကိုပါပဲ...။
အဲ့လိုနဲ့ သရဲလေးနဲ့ငါနဲ့ရေစက်ကအဲ့လိုဆုံခဲ့တယ်နဲ့
တူတယ်...။

၁.၇.၂၀၁၆
ဒီနေ့ သရဲလေးကို ကျောင်းမှာမတွေ့ဘူး...။
ဘယ်တွေရောက်နေခဲ့တာလဲ....???

၂.၇.၂၀၁၆
ဒီနေ့လဲထပ်မတွေ့ပြန်ဘူး..???
ငါပတ်ပုန်းခဲ့သလို ပြန်ပြီးပတ်ပုန်းနေတာ
လား...???

၇.၇.၂၀၁၆
နေပါဦး...ငါကဘာလို့အဲ့သရဲကို
လိုက်ရှာနေရတာလဲ...??
အမြဲငါ့အနားကိုလာနေကြ အခုရောက်
မလာလို့ တစ်ခုခုလိုနေတာမျိုးပဲဖြစ်မှာပါ...။

၉.၈.၂၀၁၆
ဒီနေ့တော့ သရဲလေးကိုတွေ့ခဲ့ရတယ်... ။
သူအရမ်းအားနည်းနေပြီလို့ပြောတယ်။
ငါကတော့ထုံးစံအတိုင်းမကြားသလိုပဲ
ဟန်ဆောင်နေခဲ့တယ်...။

၁၁.၉.၂၀၁၆
ဒီနေ့လဲ ငါ့ရှေ့ရောက်လာပြန်ပြီ...။
သူငယ်ချင်းတွေရှေ့မှာ အဲ့သရဲစုတ်လေးငါ့ကို
စကားလာလာပြောနေတာနေရခက်
လိုက်တာကွာ...။

၁၂.၉.၂၀၁၆
ဒီနေ့တော့ သရဲလေးကိုပတ်ပုန်းနေမိပြန်တယ်။
ငါသံယောစဉ်မတွယ်ချင်ဘူး...။
သူက ငါနဲ့ဘယ်လိုမှမအပ်စပ်နိုင်ဘူးလေ...။
တစ်ချိန်ချိန်အဲ့သရဲလေး ငါ့အနားကထွက်သွားတဲ့အခါ အထီးကျန်မှုတွေကို ငါမခံစားနိုင်ဘူး...။

၂၀.၉.၂၀၁၆
ဒီနေ့ ငါကျောင်းရောက်ရောက်ချင်း
သရဲစုတ်လေး မျက်နှာညိုးညိုးနွမ်းနွမ်းလေးနဲ့
ငါ့ကိုစကားလာပြောတယ်...။
သူသွားရတော့မယ်တဲ့...။
ကောင်းတယ် မြန်မြန်သွား
မျက်စိနောက်သက်သာတယ်လို့ခပ်တိုးတိုး ပြောလိုက်မိတယ်...။

၂၂.၉.၂၀၁၆
ဒီနေ့ သရဲစုတ်လေး ကိုမတွေ့ရဘူး....။

၂၃.၉.၂၀၁၆
ဒီနေ့လည်း မတွေ့ရပြန်ဘူး...။
တကယ် ထွက်သွားပြီလား...???

၂၄.၉.၂၀၁၆
ဒီနေ့ ငါ့စိတ်တွေဘာဖြစ်နေတာလဲကွာ။
တစ်ခုခုလိုနေသလိုကြီး....။

၂၇.၁၂.၂၀၁၆
ဒီနေ့တော့ သရဲစုတ်လေး ကိုလိုက်ရှာခဲ့မိတယ်။
အမြဲ မြင်နေကြ တစ်ခြားသရဲတွေတောင်
တွေ့တယ်...။သရဲစုတ်လေး ကိုတော့မတွေ့ရဘူး...။

၁၂.၁.၂၀၁၇
ဒီနေ့လဲ ငါရှာနေမိတာပဲ...။
တကယ်ကြီးထွက်သွားခဲ့တာလား..???

၁၄.၁.၂၀၁၇
ဒီနေ့ သရဲစုတ်လေး ရဲ့ မျက်နှာကိုမြင်ယောင်
နေမိတယ်...။စာသင်လည်း စိတ်မပါ...။
ဘယ်သွားသွား စိတ်မပါ...။

၂၉.၃.၂၀၁၇
First Semisterပြီးသွားခဲ့ပြီ...။သရဲလေးကိုငါထပ်မတွေ့ရတော့ဘူး...။သူတကယ်ငါ့ရှေ့က
နေထွက်သွားခဲ့ပြီ...။

၁၈.၉.၂၀၁၇
တတိယနှစ်ပြီးတော့မယ်...။
ဒီနေ့ဒီအချိန်ထိ သရဲစုတ်လေးကိုလိုက်ရှာနေမိ
တုန်းပဲ...။ဘယ်လိုမှရှာမတွေ့ခဲ့ဘူး...။
သရဲလေးကိုမေ့နိုင်ဖို့ ရည်းစားတွေထားခဲ့တယ်...။ဒါလည်း မမေ့ခဲ့ဘူး...။ငါရူးများရူးနေပြီ
လားကွာ....။ဘယ်သူမှန်းမသိ...။
အသက်ရှင်နေသေးလား...??
နောက်ဘဝတောင်ကူးသွားပြီလားမသိ
တဲ့သရဲစုတ်လေး ကိုငါလိုက်ရှာနေခဲ့တာငါ
တကယ်ပဲရူးသွားခဲ့ပြီပဲ...။
ဒါပေမယ့်ငါလက်မလျော့နိုင်သေးဘူး...
မင်းကိုအခုချိန်ထိ လိုက်ရှာနေတုန်းပဲ
သရဲစုတ်လေးရေ.....

၈.၁၂.၂၀၁၈
ဒီနေ့ ငါ့ဘဝမှာအထူးခြားဆုံးနဲ့
အပျော်ရွှင်ရဆုံးရက်ပဲ...။
ငါ့သရဲလေးကိုငါပြန်တွေ့ပြီ...။
ငါ့ရှေ့တည့်တည့်ကိုရောက်လာခဲ့တယ်။
ငါအံ့သြလွန်းလို့ သူ့မျက်နှာကိုပဲကြည့်
နေခဲ့တယ်...။ဘာစကားတစ်ခွန်းမှ မဆိုနိုင်
ခဲ့ဘူး...။သူ့ကိုငါအကြာကြီးဖက်ထားချင်ခဲ့တာ။
ဒါပေမယ့် အဲ့ဒါဟာ အတွေးသက်သက်ပါပဲ။
အဲ့အတွေးကလဲ သူ့နောက်ကျောပြင်လေးကိုတွေ့လိုက်မှဝင်လာခဲ့မိတာ...။

ဝမ်းနည်းတာတစ်ခုက သူငါ့ကိုမမှတ်မိဘူး..။
ဒါပေမယ့် မင်းအသက်ရှင်ခဲ့လို့ငါဝမ်းသာ
ပါတယ်...သရဲစုတ်လေးရေ...။
မင်းလေးကလည်း ငါ့လိုပါပဲလား..???
ဒါပေမယ့်ကွာခြားတာ တစ်ခုကမင်းကသူတို့
ကိုကူညီနေပြီးငါကတော့သူတို့ကိုလျစ်လျူရှုခဲ့တာ...။အဲ့နောက်ငါအတန်းလစ်ပြီး မင်းနောက်ကိုလိုက်ခဲ့မိတယ်...။ကံဆိုးချင်တော့ ငါကမီးပွိုင့်မိနေခဲ့ပြီး မင်းစီးသွားတဲ့တက္ကစီရဲ့ဖင်မြီးလေးကိုတောင်မမှီလိုက်နိုင်ဘူး....။

၉.၁၂.၂၀၁၈
လဝန်းမေ ငါ့ကိုအိမ်မက်လာမပေးပါဘူး
သရဲလေးရေ...။
မင်းလည်း ငါ့လိုဝိဉာဉ်တွေနဲ့ ပတ်သက်နေတယ်ဆ်ုတော့မင်းကိုယုံကြည်လို့ မုသားသုံးလိုက်မိတာပါ...။
မင်းဒီနေ့ မင်းနာမည်လေးတောင်ငါ့ကို
မပြောခဲ့ဘူး...။မင်းကိုကိုယ်ကြောင်ကြည့်နေခဲ့ပေမယ့်ကိုယ်သတိဝင်လာတဲ့အချိန်မှာမင်းနာက်ကိုကိုယ်အမြန်ပြေးလိုက်ခဲ့ပါသေးတယ်...ဒါပေမယ့်မင်းကတက္ကစီပေါ်တောင်ရောက်နေပြီ။
ကိုယ့်ကားကိုကိုယ်အပြေးသွားယူပြီး
မင်းနောက်လိုက်ခဲ့ပေမယ့် ကိုယ်မင်းပျောက်သွားမှာစိုးရိမ်တဲ့စိတ်နဲ့ အမြန်မောင်းနှင်ခဲ့ပေမယ့်ကံကြမ္ပာက ကိုယ့်ကိုမျက်နှာသာမပေးပြန်ဘူး...။ကိုယ်ကံဆိုးပြီးရင်း ကံဆိုးနေခဲ့တယ်ထင်ပါရဲ့။မင်းကိုနောက်တစ်ကြိမ် လက်လွတ်ရပြန်တယ်...မ။င်းနဲ့ထပ်ဝေးရဦးမှာလား
သရဲလေးရေ....??
ကိုယ်ထပ်မဝေးချင်တော့ပါဘူး...

၂.၁.၂၀၁၉
မုန်းတယ်...
ငါ့ကိုယ်ငါလည်း မုန်းတယ်
မိုးလင်းယုန် လို့ဖြစ်တည်နေတဲ့ငါ့ရဲ့ဘဝ
ကိုလည်း ငါမုန်းတယ်...
ဒက်ဒီ့နောက်ကိုလိုက်သွားရမယ်တဲ့..
မလိုက်ချင်ဘူး...လုံးဝမလိုက်ချင်ဘူး
မင်းနဲ့ထပ်ဝေးရတော့မယ်...

၂၄.၁.၂၀၁၉
ငါဒီကိုရောက်နေပေမယ့် လုံးဝစိတ်မပျော်ဘူး...ပုလဲ...သော်...ဘိုကောင်း...
စစ်သွေး...တို့ကိုလွမ်းတယ်...
ပြီးတော့ သရဲလေးကိုလည်း လွမ်းတယ်

၃၀.၁.၂၀၁၈
သော်accident ဖြစ်လို့ကိုးမားဝင်နေတယ်တဲ့...။ဘုရားရေ...
သော်ဘာမှမဖြစ်ပါစေနဲ့...

၂၀၁၉
သော်မင်းဒီလောက်ဖြစ်တာတောင်ငါ
ရောက်မလာနိုင်လို့ငါတောင်းပန်ပါတယ်
ကွာ...။ငါ့ကိုခွင့်လွတ်ပေးပါကွာ...။

၂၀၁၉
ကိတ်တဲ့ ဘာလဲကွာ...
ငါကသူနဲ့လက်ထပ်ရမှာလား...
မလိုချင်ပါဘူးကွာ...
ငါ့မှာသရဲစုတ်လေး ရှိနေသားပဲ
သူ့ကိုပဲမရ ရအောင်ရှာပြီးလက်ထပ်မှာ။

၂၀၁၉
ဒီနေ့ပျော်လိုက်တာ
ဘိုကောင်းက ငါ့ရဲ့သရဲလေးကိုရှာပေး
မယ်တဲ့လေ...။
ငါတောင်နှစ်နဲ့ချီပြီးရှာခဲ့ရတာ..
ဒီကောင်ရှာလို့တွေ့ပါ့မလား...???

၂၀၁၉
ငါဝမ်းအသာဆုံးနေ့ပဲ...။
သော် နိုးလာပြီ...

၂၀၁၉
သော်နဲ့vedio callပြောဖြစ်တယ်...။
သော်ငါ့ကိုစိတ်ဆိုးနေတယ်...။
ထပ်အဝမ်းသာရဆုံးကိစ္စကဘိုကောင်းငါ့ရဲ့ချစ်လှစွာသော....သရဲလေး ကိုရှာတွေ့ပြီတဲ့...။

၂၀၁၉
ဘယ်လိုပဲဖြစ်ဖြစ်ငါမြန်မာပြည်ပြန်ရမှ
ဖြစ်မယ်...။
သရဲလေးနဲ့အမြန်ဆုံးနီးစပ်ချင်ပြီ...။
မင်းကိုအမြန်တွေ့ချင်ပြီ...။

၂၀၁၉
ကိတ်ကိုခေါ်သွားရမယ်တဲ့...။
အိုကေ ခေါ်သွားမယ်....။
အရေးကြီးတာက ငါမြန်မာပြည်ပြန်ရဖို့ပဲ။

၂၀၁၉
ဒီနေ့ အရမ်းလဲပျော်သလိုအရမ်းလဲ
ဝမ်းနည်းခဲ့ရတယ်...။
အရမ်းပျော်တာက သရဲလေးကို
ပြန်တွေ့ရပြီ...။တကယ်ကိုယ့်သရဲစုတ်လေး
ပဲ...။ဒါပေမယ့် ဝမ်းနည်းတာ၁ခုက
သရဲစုတ်လေးက သော်နဲ့တစ်ခုခုပဲ...။
ဘာပဲဖြစ်ဖြစ် မင်းကိုပြန်တွေ့ရပြီ...။
ကျေးဇူးတင်ပါတယ်ဘိုကောင်း...။
အော် ကိုယ့်သရဲစုတ်လေးနာမည်က
" မိုးသောက်ဝိုင် " တဲ့လေ...။
သိပ်လှတဲ့နာမည်လေး...။

၂၀၁၉
ဝိုင့်ကိုအမြဲသော်နဲ့တွဲတွဲပြီးမြင်နေ
ရတယ်...။
တကယ့်ကိုဝိုင်ကငါ့ကိုလုံးဝကို
မမှတ်မိဘူးပဲ....။
ဟင့်အင်း ရပါတယ် မင်းကိုကိုယ့်ရှေ့မှာ
အမြဲတွေ့မြင်နေရတာပဲ....။

၂၀၁၉
သော်ကဝိုင့်ကိုကြည့်လို့မရဘူး...။
ဒါပေမယ့်ငါကဝိုင့်ကိုအရိပ်
တကြည့်ကြည့်နဲ့ကြည့်နေတဲ့သူမို့သိတယ်...။ဝိုင်သော့်ကိုစိတ်ဝင်စားနေ
တယ်...။မဟုတ်ဘူး ခံစားချက်ရှိနေတယ်ထင်တယ်...။

၂၀၁၉
သော်လဲဝိုင့်နည်းတူပဲ...။
သော့်စိတ်ထဲမှာဝိုင် အမြဲနေရာယူ
ထားနေတယ်လို့ခံစားမိတယ်...။
ပုလဲအပေါ်တောင်ဒီလိုဂရုတစိုက်ရှိတာ
မှမဟုတ်တာ...။ရှေ့ဆက်ခွင့်မရှိခဲ့တဲ့ငါက အခုငါ့နေရာကိုပါဖယ်ပေးရတော့မှာလား
ဘာကြောင့်ငါ့ကိုမမှတ်မိရတာလဲ
ဥပက္ခာတွေပြုခဲ့မိလို့လား...
မဟုတ်ပါဘူး ကိုယ်သတ္တိမရှိခဲ့တာပါ...

၂၀၁၉
ဒီနေ့ ဝိုင် သော့်ကြောင့်ဒဏ်ရာရ
သွားတယ်...။ငါ သော့်ကိုအော်ခဲ့မိတယ်။
ဆောရီးပါ သော် ငါဝိုင့်ကိုထပ်ပြီး
အဆုံးရှုံးမခံနိုင်လို့ပါ...။
ဝိုင့်ကိုတော့အမြဲမြင်နေခွင့်လေး
တော့ငါ့ကိုပေးပါ...။

၂၀၁၉
ဝိုင် အန္တရာယ်ရှိနေပြီ....။
ဝိုင့် အနားမှာ အငြိုးတကြီးနဲ့
စိုက်စိုက်ကြည့်နေတဲ့သရဲကိုတွေ့နေရ
တာကြာပြီ...။ငါအနောက်ကလိုက်လိုက်
သွားတာ မှီခါနီးမှပျောက်ပျောက်သွား
တယ်...။
ဒီသရဲကဘာလဲ...???

၂၀၁၉
တော်သေးတယ်...။ငါအမြဲစောင့်ကြည့်နေရကျိုးနပ်ပြီ....။ဒီနေ့ဝိုင့်ကို
အချိန်မှီကယ်တင်လိုက်နိုင်တယ်...။
ငါဘယ်လောက်နာသွားပါစေ...
ဝိုင် ဘာမှမဖြစ်သွားလို့တော်သေး
တယ်...။ဒီသရဲတော်တော်ဆိုးတာပဲ..။
အရာဝတ္ထုတွေကိုတောင်ကိုင်တွယ်နိုင်
တယ်...။ငါတွေ့ဖူးတဲ့သရဲတွေက
အရာဝတ္ထုတွေပစ္စည်းတွေကိုဖြတ်သွားလို့ရတာပဲမြင်ဖူးခဲ့တာ...။အခုတော့ဒုက္ခလှလှပေးတတ်တဲ့သရဲကိုမြင်ဖူးသွားပြီ။

#
#
#
၂၀၁၉
ဒီနေ့ဝိုင် ငါ့ရင်ခွင်ထဲအမှတ်တမဲ့
ရောက်လာခဲ့တယ်...။
ဝိုင့်ကိုငါ့ရင်ခွင်ထဲကနေဘယ်တော့မှပြန်မလွတ်ချင်တော့ဘူး...။
ဝိုင့်အနားမှာပဲအမြဲဂရုတစိုက်ရှိ
နေပေးခဲ့တယ်...။ဝိုင်နဲ့ဒီနေ့လိုအတူရှိနေတာငါ့အတွက်အမှတ်တရပဲ...။

၂၀၁၉
ဒီနေ့ ဝိုင် ဓါတ်လှေကားနားမှာအရမ်းကြောက်နေခဲ့တာ..။ငါရောက်သွားခဲ့လို့တော်သေးတယ်...။ဝိုင်ရယ်မင်းကိုစိတ်မချပါဘူး။မင်းကိုဆုံးရှုံးလိုက်ရမှာကိုယ်ကြောက်တယ်.. ။
မင်းကိုယ့်အပေါ်တစ်ချိန်လုံးသူငယ်ချင်း
၁ယောက်လိုဖြူဖြူစင်စင်ဆက်ဆံခဲ့ပေမယ့်ကိုယ်ကတော့မင်းအပေါ်မဖြူစင်နိုင်ခဲ့
တဲ့အတွက် ခွင့်လွတ်ပါ,....
မင်းကိုကျေးဇူးတင်ပါတယ်...
၁ခြားသူတွေကိုမပြောပြသေးတဲ့မင်းရဲ့
အကြောင်းကိုကိုယ့်ကိုအရင်ဆုံးပြောပြခဲ့
လို့ပါ....။

၂၀၁၉
ဝိုင့်ကိုကယ်ရင်းသော်ဒဏ်ရာရခဲ့
တယ်...။ဆေးရုံမှာဝိုင် ငိုနေခဲ့တာ
အကြာကြီးပဲ....။ဝိုင့်ကိုကြည့်ပြီး
ကိုယ်စိတ်မကောင်းဘူး...။
အဲ့ညက ကိုယ်လည်း အကြာကြီးငိုခဲ့တယ်။
အဲ့အချိန်မှာကိုယ်စဉ်းစားမိတဲ့အမှန်တရားကို လက်မခံချင်ပဲနဲ့ကိုယ်လက်ခံခဲ့ရ
တယ်..။မင်းနဲ့သော်နဲ့ကြားမှာ တစ်ခုခုရှိနေ
လောက်တယ်ဆိုတဲ့အတွေး...
ကိုယ်ဘာလို့မစဉ်းစားခဲ့မိတာလဲ..??
မင်းနဲ့သော်နဲ့ကြားမှာ ကိုယ်တို့နှစ်ယောက်
လိုအဖြစ်အပျက်မျိုးဖြစ်နိုင်တယ်လို့လေ...။

၂၀၁၉
ကိုယ်ကမ်းခြေသွားတာတကယ့်ကိုစိတ်မပါဘူး...။ကိတ်ကလည်းတစ်မျိုး...။သူ့ကိုဂရုမစိုက်နိုင်ဘူး...။ကိုယ်က မင်းကိုပဲဂရုစိုက်ပေးချင်တာဝိုင်။
ဒါပေမယ့် ကိုယ်ဂရုစိုက်ပိုင်ခွင့်မရှိခဲ့ပါဘူး။
မင်းအနားမှာသော်အချိန်ပြည့်ရှိနေခဲ့တယ်လေ။

၂၀၁၉
မင်းနဲ့သော်နဲ့နောက်ကိုကိုယ်စိုးရိမ်တကြီးလိုက်ခဲ့တာကိုယ်သိပ်မှားသွားတယ်။
ကိုယ်ခံနိုင်ရည်မရှိတော့ဘူး...။

၂၀၁၉
သော်ကမင်းကိုဖွင့်ပြောလိုက်ပြီတဲ့...။
ကိုယ်သိပါတယ်...။သော် မင်းကိုဖွင့်ပြော
နေတာမြင်လိုက်သားပဲလေ...။
ပုလဲကတော့ပြောရှာပါတယ်...။
မင်းကိုကိုယ်ဖွင့်ပြောဖို့...။
ကိုယ်ဘယ်လိုပြောရမှာလဲ
ကိုယ်အခုချိန်မှာနောင်တအရမ်းရနေပါပြီ
ကိုယ့်အနားမှာရှိနေတုန်းကမင်းကိုအသေအချာဖမ်းဆုပ်ထားခဲ့ရမှာ...
အဲ့လိုဆို မင်းကကိုယ့်အတွက်ပဲဖြစ်ခဲ့မှာ
ပထမဆုံးဆုံခဲ့တာ ကိုယ်တို့၂ယောက်ဖြစ်ပေမယ့် မင်းပထမဆုံးသံယောစဉ်တွယ်ခဲ့တဲ့သူက
ကိုယ်ဖြစ်နေခဲ့ပါရက်နဲ့ နောင်တွယ်မိမှာစိုးတဲ့
ကိုယ်က မင်းကိုလျစ်လျူ ရှုခဲ့တယ်။
အခုတော့ မင်းကိုမှတမ်းတမ်းစွဲနေတဲ့ကိုယ်က
သံယောစဉ်ဆိုတာကြီးကိုမုန်းတီးခဲ့မိတယ်...။
ရစ်ပတ်တွယ်ငြိမှာစိုးရိမ်လွန်းလို့ရှောင်ဖယ်ခဲ့မိတာ။သံယောစဉ်အတိမ်အနက်ကိုထည့်မတွက်ခဲ့မိဘူး။
မင်းရဲ့နှလုံးသားမှာကိုယ့်အတွက်နေရာ
မရှိတာသိပေမယ့်ကိုယ့်နှလုံးသားကတော့မင်းကိုလိုအပ်နေဆဲပဲ...။
မင်းကကိုယ့်အပေါ်သူငယ်ချင်း၁ယောက်
လိုပဲသဘောထားခဲ့တာကိုး...။
မင်းရွေးချယ်ရာကို ကိုယ်လည်းဆန္ဒရှိပါတယ်ဝိုင်ရယ်...။
မင်းရဲ့ကမ္ဘာမှာ ကိုယ်အနှောင့်အယှက်မဖြစ်ချင်ပါဘူး...။
မင်းရဲ့ကမ္ဘာကိုလင်းထင်းစေမယ့် အေးချမ်းစေမယ့် လမင်းတစ်စင်းလေးပဲဖြစ်ချင်ခဲ့တာပါ...။
မင်းတို့၂ယောက်ကိုကြည့်ပြီးကိုယ့်ရင်တွေနာနေပေမယ့်မင်းပြုံးရယ်နေတာမြင်ရင်ကိုယ်အလိုလို ပျော်ရွှင်ရပါတယ်ကွာ....။

Thanks All

Continue Reading

You'll Also Like

19.6K 2.7K 11
[Zgyi+Uni] တစ္​ေယာက္​က ဘယ္​ေတာ့မွ မေသဘဲ တည္​ၿမဲရွိေနမယ္​့ က် ံဳးရွီ။ ေနာက္​တစ္​ေယာက္​က ဘယ္​အခ် ိန္​အခါ ေသရမလဲ မသိနိုင္​တဲ့ မိစၧာဂိုဏ္​းသားတစ္​ဦး။ ...
70K 9K 33
ဘုံတလုတ်ရွာ​လေးက အလိမ်အညာဇာတ်​လမ်း​လေးတစ်ပုဒ်ဟာ ​လေးနက်တဲ့ချစ်ခြင်းတရားတစ်ခုအဖြစ် အသွင်​ပြောင်းသွားတဲ့အခါ... ဘုံတလုတ္႐ြာ​ေလးက အလိမ္အညာဇာတ္​လမ္း​ေလးတ...
2.3M 168K 172
PSYCHO လူသတ္သမားတစ္ေယာက္နဲ႔စာခ်ဳပ္ခ်ဳပ္မိျခင္း PSYCHO လူသတ်သမားတစ်ယောက်နဲ့စာချုပ်ချုပ်မိခြင်း Beautiful love story 🖤 #BL #Yaoi Manga translation by...