Extra-4
(zawgyi)ခြံနောက်ဘက်မှ တိုက်ခတ်နေသည့်လေတွေကြောင့် တဝေါဝေါအသံပြုကာယိမ်းနွဲ့နေသည့် ထင်းရှူး
ပင်တွေကို ပြတင်းပေါက်ကနေ ရပ်ကြည့်နေသည့် ဝိုင်။မနက်ဖြန်မနက်အစောကြီးတောင်တက်ဖို့ ရှိတာ
ကြောင့် တစ်ခြားသူတွေက စောစောစီးစီးအခန်းထဲဝင်ကာ အိပ်စက်နေကြပြီ။ဝိုင်ကတော့ အတွေးတွေရဲ့ နှိပ်စက်မှု ဒဏ်ကြောင့် မအိပ်ပျော်နိုင်သေး။ထို့ကြောင့် ပြတင်းပေါက်နားရပ်ကာ ထင်းရှူးပင်
တွေကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။
ထိုစဉ် ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှားနေသည့် ပုံသဏ္ဌာန်ကိုထင်းရှူးတောထဲတွင်ဖြတ်ခနဲတွေ့လိုက်ရသည်။" ချစ် မအိပ်သေးဘူးလား ဘာရပ်လုပ်နေတာလဲ
လာတော့လေကွာ ဘယ်နှစ်နာရီ အာ ဆယ့်နာရီတောင်
ရှိနေပြီလေ..."သော်က အိပ်ပျော်နေရာမှ တစ်ရေးနိုးကာ လက်မှာ
ပတ်ထားသည့် နာရီကို တစ်ချက်ကြည့်ရင်း အိပ်ချင်မူးတူးနှင့် ဝိုင့်ကိုပြောလာသည်။သော်ပြော
တာကို အရေးမစိုက်ပဲ ရိပ်ခနဲ ရိပ်ခနဲ ပြေးလွှားနေသည့် အရာကိုသာ မျက်လုံးထဲ ပုံပေါ်အောင် စိတ်ဝင်တစား ကြည့်နေမိသည်။
ဝိုင့်ဆီမှ စကားပြန်မကြားရတော့ သော်က ကုတင်ပေါ် ထထိုင်လိုက်ကာ သက်ပြင်းချလိုက်သည်။နောက် စားပွဲပေါ်က ရေကို ဖန်ခွက်ထဲသို့ ထည့်ကာ
မော့သောက်လိုက်သည်။" ချစ်.... "
".... "
" ဝိုင် ကိုယ်ပြောနေတာကြားလား ညနက်နေပြီလာအိပ်ချေတော့လို့..."
" အွန်း လာအိပ်မယ် မင်းသာ အိပ်နှင့်စမ်းပါ..."
" ကိုယ်က အိပ်ပျော်လို့ တစ်ရေးတောင် နိုးနေပြီလေ..."
" ဒါဆိုလည်းပြန်အိပ်လေ..."
" ဝိုင် ဘာတွေစိတ်ဝင်တစားနဲ့ ဒီလောက်သည်းကြီးမည်းကြီး ငုံ့ကြည့်နေရတာလဲ...."
" ထင်းရှူးပင်တွေကြား တစ်ယောက်ယောက် ပြေးလွှားနေတာတွေ့လို့ ဘယ်သူလဲ ဆိုတာကြည့်နေတာ..."
" အော် နေ့လည်က တွေ့ခဲ့တဲ့ ဟိုကလေးလေး နေမှာပေါ့ ကွာ...."
" အဲ့ကလေးက ဒီအချိန်ကြီးထဆော့မလား မှောင်နဲ့
မည်းမည်းတစ်ယောက်တည်းကို..."
YOU ARE READING
I Can Hear Your Voice (Completed)
HorrorThe boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits.What will happen when a ghost comes to his house? I Can Hear Your Voice Horror Romance# Bl Version# Zawgyi & Unicode Completed