Extra-2

6.3K 900 38
                                    

Extra-2
(zawgyi)

" ရောက်လာကြပြီလား လူလေးတို့...ဒေါ်လေး စောင့်နေတာကြာပြီကွယ် ဝင်ကြ ဝင်ကြပါ..."

ခြံတံခါးကြီးကို ဝုန်းခနဲဆွဲဖွင့်သံနှင့်အတူ မီးအိမ်သေးသေးလေးလက်တစ်ဖက်ကို ကိုင်ထားသည့်အဒေါ်ကြီးတစ်ယောက်နှင့်ဦးလေးကြီးတစ်ယောက်ကို တံခါးအဖွင့်တွင်တွေ့လိုက်
ရသည်။

ဝိုင်၊သော့် ရင်ခွင်ထဲမှနေရင်း ခြံတံခါးလာဖွင့်ပေးသည့် သူ နှစ်ယောက်ကိုသေချာအကဲခတ်လိုက်မိသည်။အဝတ်အစားခပ်နွမ်းနွမ်းကို နှစ်ယောက်သား ဝတ်ဆင်ထားပြီး အသက်အရွယ်အားဖြင့် ငါးဆယ်လောက်တော့ ရှိလောက်ပြီထင်သည်။ပုံစံတွေကို ကြည့်ခြင်းအား
ဖြင့် အိမ်အကူတွေဖြစ်လောက်မည်ဟု ဝိုင်မှတ်ချက်
ပြုလိုက်မိသည်။

ဘိုကောင်းက ကားမောင်းသူနေရာပြန်ထိုင်ကာ ခြံ
ထဲဝင်ဖို့ပြင်သည်။ဝိုင်နှင့် သော်ကတော့ ခြံထဲကို
လမ်းလျှောက်သာ ဝင်ခဲ့လိုက်သည်။ခြံပြင်ကနေ အိမ်
ကြီးကိုကြည့်လိုက်တော့ ခြံတံခါးနှင့် ရဲတိုက်သဖွယ် အိမ်ကြီးက နီးကပ်လှသည် ထင်နေတာ။တကယ်တမ်း ခြံဝန်းထဲဝင်ပြီး လမ်းလျှောက်ဝင်တော့ လမ်းအတော်လေးလျှောက်လိုက်ရသည်။လမ်းတစ်လျှောက်လုံးလည်း မီးမထွန်းထားသည်မှာ မှောင်ကာ
မည်းလို့။သစ်ပင်ပန်းမံတွေကြား သစ်ရွက်တွေကိုလေတိုးသံလား တစ်ဂျွတ်ဂျွတ်မြည်
သံတွေက တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်မှာ
ထင်ထင်ရှားရှားကြားနေရသေးသည်။ခြံတံခါးပိတ်
နေသည့် ဦးလေးကြီးထံ ဘာရယ်မဟုတ် နောက်လှည့်ကြည့်မိတော့ ပါးလှပ်လှပ် အဖြူရောင်ပုံရိပ်ကို
ဖြတ်ခနဲမြင်လိုက်ရသလို။ဆတ်ခနဲ တုန်တက်သွား
တာကြောင့် ဝိုင့်ပုခုံးတွေကို ဖက်ထားသည့် သော့်လက်တွေ ခပ်လှုပ်လှုပ်ဖြစ်သွားခဲ့သည် ။

" ချမ်းလို့လား..."

ဟုတ်သားပဲ။သော်ပြောမှ ချမ်းဖို့သတိရသည်။
တစ်ရိပ်ရိပ်ပိုလို့တိုးလာသည့် အအေးဓါတ်နှင့်အတူ
သော့်ရင်ခွင်ထဲပိုပြီးခိုလှုံလိုက်သည်။ဘယ်အချိန်ပဲ
ဖြစ်နေဖြစ်နေ သော့်ရင်ခွင်က ဝိုင့်အတွက် အမြဲ
နွေးထွေးသည်။

I Can Hear Your Voice (Completed)Where stories live. Discover now