I Can Hear Your Voice-20(Z,U)

8.5K 1.2K 17
                                    

(zawgyi)

" ဝိုင်....​ရောက်​​နေတာကြာပြီလား...."

" ဟင့်​အင်း....မကြာ​သေးပါဘူး...ပုလဲ..."

ပုလဲ လှမ်း​မေးသည်​ကို ဝိုင် ​ပြောလိုက်​ကာ
ဒေးဘတ်​ ကို တစ်ချက်​လှမ်းကြည့်​မိသည်​။ဝိုင့်ကို
တစ်ချက်​မျှပင်​ ကြည့်မနေပါပဲ စားပွဲဝိုင်းတစ်ဝိုင်းတွင် ခပ်တည်တည်နှင့် ဝင် ​ထိုင်​​လေသည်..။

သော် ဝင်​ထိုင်​​လေတော့ ပုလဲ၊စစ်​​သွေး၊ဘို​ကောင်းတို့ပါ ဝင်ထိုင်ကြလေ၏။

ဝိုင် တစ်ယောက်တည်း ဝင်ထိုင်ရလိုလို မထိုင်ရလိုလိုနှင့် မျက်​လုံးတွေက ဝိုင်တို့နှင့် မနီးမ​ဝေး ​ထောင့်​ ကျကျနားတွင် ထိုင်​​နေသည့် မျက်​မှန်​နှင့် ကောင်​​လေးဆီအကြည့်
ခဏခ​ဏ​ပို့​နေမိသည်။ဝိုင့်ဆီအကူအညီ
လာ​တောင်းသည့် ကောင်​မ​လေး၏ ချစ်​သူဆိုတာ
ဒီ​ကောင်​​လေးပဲ​နေမှာ..။ကော်​ဖီခွက်​ကိုသာ
အဓိပ္ပါယ်​ မဲ့စိုက်​ကြည့်​ပြီးထိုင်​​နေသည့် ကောင်​​လေး...။

" ခဏ​လေး​နော်​....ငါ ကိစ္စ​လေးရှိလို့..."

မတတ်​နိုင်​​တော့..။ကူညီမည်ဟု ကတိ​ပေးပြီးခါမှ
ရှောင်​ဖယ်​​နေလို့လည်း ရမှာမဟုတ်​...။အားလုံးက ဝိုင်အသိတစ်ယောက်နှင့် စကား​ပြော​နေသည်ပဲထင်​ကြမှာပါ..။ဝိုင် ပုလဲတို့ကို တစ်ချက်စိုက်ကြည့်ကာ ကောင်လေးထိုင်နေသည့် သွား လျှောက်သွားလိုက်တော့၏။

" ခဏ...ထိုင်​မယ်​​နော်​..."

ဝိုင် ထို​ကောင်​​လေးထိုင်နေသည့် အ​ရှေ့ခုံတွင်
ခွင့်​တောင်းကာ မျက်​နှာချင်းဆိုင်​ဝင်​ထိုင်​လိုက်​သည်​။

" ​ဒီကအကိုက...ဇော်​လင်း​မောင်​...ဟုတ်လားမသိဘူးခင်ဗျ...."

ဝိုင့်​ရှေ့တွင်​ထိုင်​​နေသည့်​​ကောင်​​လေးက မျက်​မှန်​ပင့်​ကာ ဝိုင့်ကိုကြည့်​ပြီး​ခေါင်းညိတ်​ပြလေသည်​။

" ကျွန်တော်က မြတ်​နိုးသွယ်​ရဲ့ အသိမိတ်​​ဆွေပါ..."

မြတ်​နိုးသွယ်​ဆိုသည့် နာမည်​လည်း ကြား​ရော ​ကောင်​​လေးက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး မျက်​လုံး​တွေပင် ချက်​ချင်းအသက်​ဝင်​လာခဲ့သလို။

I Can Hear Your Voice (Completed)Where stories live. Discover now