I Can Hear Your Voice-6(Z,U)

11.3K 1.4K 40
                                    


(Zawgyi)

" တည်ကြည် မင်း ပြန်ရောက်နေပြီကိုး ဟား...ဟား...စောတယ်နော်..."

မျက်နှာချိုသွေးပြီး အိမ်ထဲ ဝင်ရလေသတည်းပေါ့။
တည်ကြည် မျက်နှာကတော့ ခပ်တည်တည်။

" ကဲ ဆိုပါဦး....မင်း ဘယ်ကိုသွားပြီး ဘယ်ကပြန်လာတာလဲ..."

အသံကပင် မာဆတ်နေသည်။
ဝိုင့်မှာ လိမ်ရသည်ပေါ့။မုသားမကါ လင်္ကာမချောပါတဲ့။ဝိုင် လိမ်ချင်လို့လိမ်ရသည်မဟုတ် ပြောသည့်စကားအဆင်ချောအောင် ဝိုင့်မှာ လိမ်ရပေတော့သည်။

" ငါ ဒီနားလေး မုန့်သွားစား....အိုး....ကိုဆက်ရောက်နေတာလား...."

လိမ်ဖို့ရာ အခက်တွေ့နေသည့် ဝိုင့်အဖို့ ကိုလွမ်းဆက်သူ ကို တွေ့လိုက်ရသည်မှာ အလင်းတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလိုပင်။အခုကိစ္စကို တည်ကြည့်ကို အသိမပေးချင်....။တစ်ခုခုဆို တည်ကြည် အဖြစ်သည်းပုံမျိုးနှင့် ဟိုမလုပ်ရဒီမလုပ်ရ ပိတ်ပင်နေဦးမည်မို့ ဒီလို သွားကူညီပေးခဲ့ပါသည်ဟု ဝိုင် ပြောလိုက်လို့မဖြစ်။နှာဘူးကင်းကောင်နှင့် တွေ့ခဲ့သည်ဆို ပိုဆိုးပေဦးမည်။

တော်သေးသည် ကိုလွမ်းဆက်သူသည် တည်ကြည် နှင့်အတူရှိနေပြီး အားကိုးရာ ရှာတွေ့သွားခဲ့သလို အလျင်အမြန်ပင် ကိုဆက်ကို ဝိုင် ပြေးဖက်လိုက်သည်။သတိတရရှိနေကြောင်းနှင့် တည်ကြည့်အာရုံကိုလွှဲနိုင်ရန်ဖြစ်သည်။ကိုဆက်ကလည်း ဝိုင့် ကို ကလေးဆိုးကြီးတစ်ယောက်လို သဘောထားကာ တဟင်းဟင်းရယ်ရင်း ဝိုင့်ကျောပြင်ကို ပွတ်သပ်ပေးနေသည်။

ကိုဆက်က တည်ကြည့်အစ်ကို တစ်ဝမ်းကွဲ ၏ ငယ်သူငယ်ချင်းဖြစ်ပြီး ဝိုင်နှင့်တည်ကြည်၏ အနိုင်ကျင့်ခံတစ်ယောက်လည်းဖြစ်သည်။ကိုဆက်က အနေအေးသည်။စာတော်သည့် ကျောင်းသားတစ်ယောက်လည်းဖြစ်ပြီး ကလေးချစ်တတ်သူဖြစ်၏။သို့ကြောင့် ဝိုင်နှင့်တည်ကြည်၏ ငယ်ဘဝအချိန်တော်တော်များများက ကိုဆက်နှင့် လက်ပွန်းတသီးကြီးပြင်းလာခဲ့တာများသည်။တည်ကြည်က ဝိုင့်အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်လျှင် ကိုဆက်က ဝိုင့်အတွက် အကောင်းဆုံး အစ်ကို တစ်ယောက်ပင်။

I Can Hear Your Voice (Completed)Where stories live. Discover now