I Can Hear Your Voice-33(Z,U)

7.8K 1K 11
                                    

(zawgyi)

" ငါ ဝိုင့်ကို ဖွင့်ပြောလိုက်ပြီ..."

တစ်လုံးချင်းစီပြောချ လိုက်တော့ အခန်းထဲရှိသမျှ လူတွေ အကုန်အံအားသင့်ကုန်သည်။အလင်းကတော့ သူ့ကိုခပ်တည်တည်သာစိုက်ကြည့်နေခဲ့သည်။သူအားလုံးသိပြီးပြီဆိုသည့်ပုံစံနှင့်ပင်...။အလင်းကဘယ်လိုသိနေသလဲ သူလည်း မသိပေမယ့်အလင်းပုံစံကအေးစက်စက်နှင့်အရာအားလုံး သိပြီးသည့်ပုံပေါ်သည်။

သူ့စကားကအံ့အားသင့်ဖွယ်ကောင်းလွန်းတာကြောင့်လားတော့မသိ..။သူနှင့်အတူ
ရှိနေကြသည့်ဘိုကောင်းနှင့်စစ်သွေးက
သူ့ကိုဘာစကားမှမပြောနိုင်ပါ..။

သူ ဝိုင့်ကို ဖွင့်ပြောလိုက်ပြီဆိုတာ သိစေချင်လို့ သူရောက်ရောက်ချင်းပင် သူ့အခန်းထဲသို့ဘိုကောင်းနှင့်စစ်သွေးကိုအမြန်ခေါ်ကာပြောပြလိုက်သည်။ပုလဲကိုတော့မခေါ်ဖြစ်..။နောက်မှအေးဆေးပြောပြမည်ဟု တွေးကာမခေါ်ဖြစ်ခဲ့ခြင်းပင်...။

" မင်းက ဘယ်ကဘယ်လိုဝိုင့်ကိုချစ်သွားရတာလဲ...မင်းနဲ့ဝိုင်ကစကားပြောရင်တောင် မတည့်တဲ့ဟာ ငါတို့ကို ဂျင်းလာထည့်နေတာလား..."

စစ်သွေးကကြောင်တောင်တောင်မျက်ဝန်းတွေနှင့်သူ့ကိုကြည့်ပြီးမေးသည်။သူဝိုင့်ကိုချစ်နေတာ အလင်းနှင့်ဘိုကောင်းကတော့ ကောင်းကောင်းသိလောက်သည်။စစ်သွေးကြတော့သူနှင့်
သိပ်မနီးစပ်သူပီပီ ရိပ်တောင်မရိပ်မိခဲ့ပေ..။

" မနေ့တစ်နေ့ကအထိ ချစ်လို့ချစ်နေမှန်းတောင်မသိတဲ့သူက ဒီနေ့ဖွင့်ပြောလိုက်တယ်တဲ့လား...ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ရုတ်တရက်ကြီးဖွင့်ပြောလိုက်ရတာလဲ..."

ဘိုကောင်းလည်း သူ့စိတ်ကိုကောင်းကောင်းသိသည့်သူပီပီ အကြောင်းအရင်းကို
မေးလာသည်။ဒီမေးခွန်းက သူ မဖြေတတ်ဆုံးမေးခွန်းဖြစ်သည်။သူဘာကြောင့်
ဖွင့်ပြောလိုက်မိသလဲ...။အရမ်းကိုမြန်ဆန်သွားသလားသူကိုယ်တိုင်လည်း မသိပါ..။

သို့ပေမယ့် သူ့ကိုယ်သူပြန်မေးစရာမလိုအောင်သေချာလွန်းသည့်အဖြေဖြစ်နေသည့် အတွက်ကြောင့် သူချစ်နေသည့်ကောင်လေးကို ချစ်နေကြောင်းဝန်ခံလိုက်မိသည်ဟုသာ ပြောလို့ရသည်။သူပြောလိုက်သည့်အချိန်တွင် ဝိုင်ကအရမ်းshock ရသွားကာဟိုတယ်အခန်းသို့သူပြန်ပို့သည်အထိသူ့ကိုစကားမပြောခဲ့ပေ..။သူကပဲ အလိုက်သိစွာ ဝိုင့်အနောက်ကနေလိုက်ပေးရုံကလွဲပြီးဘာစကားမှမပြောခဲ့။

I Can Hear Your Voice (Completed)Where stories live. Discover now