(Zawgyi)အချိန်အတော်ကြာ ဝရုန်းသုန်းကားတွေ ဖြစ်ပြီးနောက်မှာတော့ အခြေအနေက အတော်လေးပြန်တည်ငြိမ်သွားခဲ့သည်။
ညာဘက်နဖူးပြင်ထက်မှ တတောက်တောက်ကျနေသည့် ဦးလေးကြီးခေါင်းမှ သွေးစက်တွေကိုကြည့်ပြီး ဝိုင်ဘာလုပ်လို့ လုပ်ရမလည်းမသိသလို ဘာပြောလို့ပြောရမှန်းလည်းမသိ။
သို့သော် ထိုဦးလေးကြီးက သူ့ကိုယ်သူအပြစ်ပေးပါသည်ဆိုကာ ဝိုင့်ကိုအနားကို အကပ်မခံ...။ဝိုင့်မှာလည်း ပြာပြာသလဲလဲ လုပ်လိုက်မိသည့်အပြုအမူအတွက် အားတုံ့အားနာ ဖြစ်ရသည်။သို့ပေမယ့်လည်း ဝိုင်သာ ပြန်မခုခံဘူးဆို အခုချိန် ဝိုင် အသက်ထွက်နေလောက်ပြီ ဖြစ်သည်။
တောင်းပန်ပါတယ် ဟု အထပ်အထပ်အခါခါ ပြောပြီးသည့်နောက်တွင် ထိုလူကြီးက ရှိုက်ရှိုက်ပြီး ငိုခဲ့သည်။အမှားတစ်ခု ကျူးလွန်လိုက်ဖို့ဝိုင် မရည်ရွယ်ခဲ့ပါဘူး။သူ့သမီးကိုယ်တိုင်က လာပါးခိုင်းသည့် စကားမို့ ဝိုင့်မှာ ဒီအထိ လည်ပင်းအညစ်ခံပြီး လာပြောရတာ။ဒါတောင် ဘေးနားက ဝိဉာဉ်ကောင်ကြောင့်။နို့မို့ ဝိုင် ဇီဝိန်ချုပ်နေလောက်ပြီ။
ထိုသို့ စဉ်းစားမိတော့ ဝိုင့် တစ်ကိုယ်လုံးနွေးထွေးသွားခဲ့သည်။မမြင်နိုင်သည့်တစ်ယောက်ယောက်က ဝိုင့်ကို ဂရုစိုက်ပေးနေသည် ဆိုသည့် ခံစားချက်အသစ်အဆန်းကိုခံစားမိလာတော့ ကျေနပ်သွားရသည်။ကိုယ်က သူ့ကို အခါခါ လျစ်လျူရှုခဲ့ပေမယ့် သူက ကိုယ့်အတွက် အသင့်ရှိနေလေသား။
ဝိုင် ထိုင်ပြီးတွေးတောနေသည်ကို ရပ်ကာ မတ်တပ်ထရပ်လိုက်သည်။ဒီလို ထိုင်နေရင် ဝိုင် အချုပ်ခန်းထဲတန်းရောက်သွားနိုင်သည်။ဒီပယောဂ က ဝိုင်နှင့်လည်း မကင်းဘူးမဟုတ်လား။
" ဦးလေး...ကျွန်တော် တကယ်တောင်းပန်ပါတယ်....ကျွန်တော်နဲ့ဆေးရုံသွားကြမလား....ဒါမှမဟုတ်.....ဦးလေးဖာသာဆေးရုံ သွားပြီး ကုသမှုခံယူမလား...ဒီလို ဆက်ထိုင်နေရင်တော့မဖြစ်ဘူး သွေးထွက်လွန်ပြီး ဦးလေး တစ်ခုခုဖြစ်သွားလိမ့်မယ်...."
" တစ်ခုခုဖြစ်လိုက်စမ်းပါ ဒီလောကကြီးမှာ ငါရှိနေဖို့မသင့်တော့ဘူး ....ငါက အတုံးမကျတဲ့ ဖခင်တစ်ယောက်...ကိုယ့်သမီး ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် မသိတဲ့ အဖေတစ်ယောက်.....မုန်းတယ် ငါမုန်းတယ် အားလုံးကို မုန်းတယ် ..."
YOU ARE READING
I Can Hear Your Voice (Completed)
HorrorThe boy, who had been in a coma for three years due to an accident, woke up to hear the voice of the spirits.What will happen when a ghost comes to his house? I Can Hear Your Voice Horror Romance# Bl Version# Zawgyi & Unicode Completed