(158)
ေနာက္ဆုတ္ဖို႔ႀကိဳးစားရင္းေရွ႕ပဲတိုးမိေနတယ္ဆိုသလို...
သူ...ေသွ်ာင့္ရင္ခြင္ဆီသို႔အမွတ္မရွိဘဲေျခလွမ္းေတြေက်ေက်နပ္နပ္ႀကီးကြ်ံမိျပန္တယ္...။
ယုန္ငလည္ႀကီးရဲ႕ခ်စ္တယ္'ဆိုတဲ့စကားလံုးႏွစ္လံုးေအာက္မွာဝဲပ်ံသြားတတ္တဲ့ရင္တြင္းလိပ္ျပာေတြ၊
ညိႈးေရာ္သြားတတ္တဲ့ပန္းလွလွေတြ၊ ကြဲသြားတတ္တဲ့ပန္းအိုးေတြ...
အို...႐ုပ္ရွင္ထဲကလိုမ်ိဳး...႐ုပ္ရွင္လိုမ်ိဳး...။
ကဗ်ာမဆန္တတ္ခဲ့ၾကတဲ့ႏွလံုးသားကိုယ္စီနဲ႔စတင္ခဲ့ၾကတဲ့...သူတို႔ႏွစ္ေယာက္ၾကားမွာ ခ်စ္ျခင္းတရားေတြရွင္သန္လာခဲ့တာေန႔ေပါင္းညေပါင္းမ်ားစြာၾကာျမင့္ခဲ့ပါၿပီ။
ပထမအႀကိမ္ကတိုက္ဆိုင္မႈဆိုရင္...
ဒုတိယအႀကိမ္ကကံတရားပဲတဲ့...
တတိယအႀကိမ္ဆို႐င္ေတာ့...လြဲေခ်ာ္မွာမဟုတ္ေတာ့တဲ့ေရစက္ေတြျဖစ္ၿပီ...တဲ့.....။
အဲဒီမဆံုးေတာ့တဲ့ေရစက္ေတြျဖစ္လာတာ...
ဘဝအဆက္ဆက္မွာဘယ္လိုကံမ်ိဳးေစ့ေတြသူတို႔က်ဲခဲ့မိလို႔...
ဒီလိုဆန္းၾကယ္တဲ့ဖူးစာမ်ိဳးနဲ႔ဒီဘဝမွာလာဆံုရသလဲ...။
ဗိုက္အေၾကာင္းစဥ္းစားရင္းနဲ႔ေက်ာက္စိမ္းေခါင္းေတြေတာင္ကိုက္ခ်င္လာတယ္...။
ေရွာင္လြဲလို႔မရခဲ့တဲ့အေၾကာင္းတရားေတြကိုအခုထိမယံုၾကည္ႏိုင္ေသးဘူး...။
ဟူး...
တေယာက္ထဲေတြးရင္းနဲ႔ခပ္သိမ့္သိမ့္ေလးသက္ျပင္းခိုးရိႈက္လိုက္မိေပမယ့္...
မ်က္လံုးမွိတ္ထားတဲ့ေသွ်ာင္ကႏိုးေနခဲ့ပံုရကာ...
သူ႔ဗိုက္ေပၚတင္ထားတဲ့လက္ကေလးကလႈပ္ရွားလာၿပီးခါးကိုတင္းေအာင္ဆြဲဖက္လာခဲ့၏။
"မင္းအိပ္ယာႏိုးတာေစာလိုက္တာ..."
ရွတတေလသံေလးရဲ႕အဆံုးမွာနဖူးေပၚအနမ္းတစ္ပြင့္ေႂကြက်ေတာ့...
ႏွလံုးသားကသိမ့္ကနဲလႈပ္ရွားခ်င္ျပန္သည္...။
ဒီလူနဲ႔ေမွးစက္ရာတစ္ခုထဲျဖစ္ေနခဲ့တာေန႔ညေပါင္းမ်ားစြာၾကာခဲ့တာေတာင္မွ...
အခုထိခံစားခ်က္ေတြလတ္ဆတ္လို႔ေနတုန္းပဲဆိုရင္...အပိုေျပာရာက်မလားမသိဘူး...။
အဟြန္း...ကိုယ့္ရင္ခုန္သံေတြကိုကိုယ့္ဘာသာသေဘာေတြက်ၿပီးေတာ့...
ေက်ာက္စိမ္းကနႈတ္ခမ္းေထာင့္စြန္းေလးေကြးသြားတဲ့အထိျပံဳးမိတယ္...။
ဒီလူကဘယ္လိုအခ်ိန္၊ ဘယ္လိုေနရာမဆိုသူ႔ကိုျပဳစားႏိုင္စြမ္းရွိတယ္...။
ကိုယ့္အေတြးနဲ႔ကိုယ္ေငးရင္းျပံဳးေနတုန္း...
သႏၲာေရာင္နႈတ္ခမ္းစုစုေလးေတြကတလႈပ္လႈပ္နဲ႔ဦးေသွ်ာင္ကစကားဆိုလာတယ္...။
"ငါ့ကိုခိုးခိုးၿပီးၾကည့္မေနနဲ႔...အသည္းေအးတယ္..."
မ်က္လံုးေတြမွိတ္ထားေပမယ့္သိေနတယ္ဆိုတဲ့အထာေလးနဲ႔...
ျပံဳးစစျဖစ္သြားတဲ့ေသွ်ာင့္နႈတ္ခမ္းေလးေအာက္ကမွည့္နက္ကေလးကိုေက်ာက္စိမ္းကတစ္ခ်က္ကပ္နမ္းပစ္လိုက္သည္...။
"ေရာ့...ေႏြးသြားၿပီလား..."
"ဟင့္အင္း...ဒီေလာက္နဲ႔ေႏြးစရာလား...ဒီလိုမွေႏြးတာကြ..."
သူ႔ကိုယ္လံုးေႏြးေႏြးေလးကိုလက္ပိန္ပိန္ေလးေတြနဲ႔ရင္ခြင္ထဲလံုးေစ့ေနေအာင္ဆြဲဖက္လို႔ေက်ာက္စိမ္းရဲ႕နႈတ္ခမ္းေလးေတြကိုဦးေသွ်ာင္ကအငမ္းမရနမ္းသည္။
"အာ...မင္း...ညစ္ပတ္တာကြာ...ေစာေစာစီးစီး..."
"ဟြန္႔...ဘာျဖစ္သလဲ...ခ်စ္လို႔နမ္းတာ...မေက်နပ္ဘူးလား..."
ခ်စ္လို႔...ခ်စ္လို႔...ဆိုတဲ့...အလြန္ႏူးညံ့တဲ့စကားလံုးေလးဆီမွာသူအရည္ေပ်ာ္ရျပန္ပါတယ္...။
"ဗိုက္ေအာင့္တာသက္သာလား..."
"အင္း...သက္သာတယ္...သိပ္မနာေတာ့ဘူး..."
"ေတာ္ေသးတာေပါ့...ဒီေလာက္နဲ႔ေကာင္းသြားလို႔..."
တညလံုးမအိပ္ႏိုင္ဘဲနဲ႔ေက်ာက္စိမ္းကိုပဲထထ,ၾကည့္ေနခဲ့ရတာ...
မူးေနေမာ္ေနတာေတြေတာင္ေပ်ာက္သြားခဲ့၏။
"ဘာေလးလဲလို႔ျမန္ျမန္သိခ်င္ေနၿပီကြာ...ေနာက္ထပ္တစ္ရက္ေတာင္ဒီမွာမေနခ်င္ေတာ့ဘူး..."
"ဟင့္...မရဘူးေနာ္၊ ႏွစ္ရက္ထပ္ေနဦးမွာလို႔မင္းကတိေပးထားတယ္ေလ..."
မ်က္ခံုးေလးေတြတြန္႔ခ်ိဳးသြားၿပီးေတာ့ညတုန္းကလိုမ်ိဳး...မ်က္ဝန္းညိဳေလးေတြမႈန္မိႈင္းကုန္ကာ...
ေက်ာက္စိမ္းကမေက်မခ်မ္းေလးၾကည့္ျပန္သည္။
မနက္ျဖန္က်ရင္ခ်က္ခ်င္းျပန္ၿပီး၊ ေဆးခန္းျပမယ္လို႔ေျပာရင္းနဲ႔မေန႔ညကမအိပ္ခင္ေလးႏွစ္ေယာက္သားအေျခအတင္စကားမ်ားခဲ့ၾကတာ...
ဒီေရာက္ၿပီးကတည္းကေရမကူးရလို႔ပါတဲ့...။
"မင္းကတိမဖ်က္နဲ႔ကြာ..."
"ကတိဖ်က္တာမွမဟုတ္တာ...မင္းကိုယ္ဝန္ႀကီးနဲ႔..."
"ကိုယ္ဝန္ကမေသခ်ာေသးတဲ့ဥစၥာကို..."
"ေသခ်ာပါတယ္ကြာ၊ ႏွလံုးခုန္နႈန္းေတြကဒီေလာက္ရွင္းလင္းေနတာ...
ေနာက္ၿပီးမင္းခါးေတြေတာ္ေတာ္တုတ္ေနတာပဲေလ...
ပံုမွန္ဒိုက္ထိုးေနတာေတာင္မွအဆီမက်ဘူးမလား..."
ေသွ်ာင္ေျပာေတာ့မွေသခ်ာစဥ္းစားမိလာခဲ့တာ...
ေက်ာက္စိမ္းနႈတ္ဆိတ္သြားခဲ့၏။
ဒီေရာက္ကတည္းကေရလဲမကူးရ၊ ပင္လယ္ထဲလဲမဆင္းရဘဲ၊
မဂၤလာပြဲၿပီးေတာ့မွအဲဒါေတြလုပ္လို႔ရမယ္ဆိုၿပီးေတာ့ေသွ်ာင္ကအက်ပ္ကိုင္ထားတာပါ...။
အခုေတာ့ကိုယ္ဝန္ေၾကာင့္လုပ္ခ်င္တာေတြမလုပ္ရဘူးတဲ့လား...။
အတည္ေပါက္ႀကီးတားဆီးေနတဲ့ေသွ်ာင့္ကိုျမင္ရေတာ့...
စိတ္ကတိုလာၿပီးမ်က္ရည္ေတြ႐ုတ္တရက္ဝိုင္းလာခဲ့တာေက်ာက္စိမ္းကိုယ့္ဘာသာသတိမထားမိခဲ့ဘူး...။
"ဘာ..!...ဘာဆိုင္လဲ....လံုးဝပဲ...အဲဒါေတြတကယ္လုပ္မွာ...မင္း...အက်င့္မမြဲနဲ႔...အင့္..."
႐ုတ္တရက္ႀကီးေအာ္ေျပာရင္းအိကနဲၿပိဳဝိုင္းလာတဲ့မ်က္ရည္ေတြကိုျမင္ရေတာ့...
ဦးေသွ်ာင္ကပ်ာပ်ာသလဲျဖစ္သြားခဲ့ရသည္။
"ဟာ...ဟိတ္ေကာင္...အဲဒါငိုစရာလား.."
"မသိဘူး...ငိုခ်င္တယ္...မင္းက...မင္းက...အား..."
မ်က္ရည္ေတြက်လာရင္းနဲ႔ကေလးလိုရိႈက္
ေနျပန္တဲ့ေက်ာက္စိမ္းကိုညနက္နက္ႀကီးအသည္းအသန္ေခ်ာ့ခဲ့ရတာ...
အခုလည္းထပ္ငိုခ်ေတာ့မယ့္ပံုေလးျဖစ္လာတာမို႔တင္းတင္းက်ပ္က်ပ္ႀကီးမေျပာရဲျပန္ဘူး...။
"ေရကစားလို႔ရတယ္ေလ...
snorkeling ကေတာ့...ျဖစ္ပါ့မလားလို႔..."
"ဘာလို႔မျဖစ္ရမွာလဲ...အဲဒါလည္းေရကူးတာနဲ႔အတူတူပဲကို..."
"ဒါေပမယ့္ကြာ...ေရနက္နက္ႀကီးထဲကိုငုပ္ဆင္းသြားရမွာပဲဟာကို...
အဲဒီဗိုက္နဲ႔မင္းမအီမသာႀကီးခံစားရမွာေပါ့..."
"မျဖစ္ပါဘူးဆို၊ အခုေတာင္မွအန္ခ်င္တာေတြဘာေတြျဖစ္ေနတာမွမဟုတ္တာ..."
ေက်ာက္စိမ္းေျပာတာလဲဟုတ္တာပါပဲ...။
အခုကကိုယ္ဝန္ရွိေနတယ္ဆိုတာေသခ်ာေပမယ့္...
မူးေမာ္ေနတာ၊ ပ်ိဳ႕အန္ေနတာေတြကိုမခံစားရတဲ့ပံုပါပဲ...။
"ဒါေပမယ့္ကြာ...စိတ္ပူတယ္...ေရအနက္ႀကီးထဲဆင္းငုပ္လို႔တခုခုျဖစ္ရင္ဘယ္လိုလုပ္မလဲ..."
"ဟာကြာ....မျဖစ္ပါဘူး...မင္းလဲအတူတူရွိမွာပဲကို...
ေနာက္ၿပီးေတာ့...အဲဒီေရငုပ္မယ့္ေနရာကသိပ္ၿပီးေတာ့မနက္ပါဘူး...
ေပႏွစ္ဆယ္ေတာင္ျပည့္တာမဟုတ္ဘူး...ကြာ...ေနာ္....."
ဒီေရာက္လာကတည္းက snorkeling လို႔ေခၚတဲ့ပင္လယ္ၾကမ္းျပင္ဆီအေပ်ာ္တမ္းေရငုပ္ဖို႔အငွားလိုက္ၿပီးသင္ျပေပးတဲ့ဂ္ိုက္အဖြဲ႕ရွိတယ္ၾကားလို႔ေက်ာက္စိမ္းကေပ်ာ္ေနခဲ့ကာ...
ခုန္ဆြခုန္ဆြနဲ႔ခ်က္ခ်င္းႀကီးဂိုက္သြားငွားလာခဲ့ပံုရ၏။
ေနာက္ၿပီးေတာ့...ဂ်က္စကီးလည္းစီးေနၾကတာကိုျမင္ေတာ့အဲဒါလည္းစီးၾကမယ္လို႔တဖြဖြေျပာေနခဲ့ပါသည္။
"ေနာ္...ေနာ္လို႔...ခဏပဲလုပ္မွာေလ...ေနာ္..."
လက္ညိဳးကေလးတေထာင္ေထာင္နဲ႔သူ႔ကိုခြ်ဲႏြဲ႕ေနတဲ့ေက်ာက္စိမ္းမ်က္ႏွာေလးကတကယ့္ကိုပီဘိကေလးလို...
ဘယ္တုန္းကမွမျမင္ခဲ့ဖူးတဲ့သူ႔အမူအရာေလးေတြကိုတအံ့တၾသျဖစ္လို႔...ဦးေသွ်ာင္ေႂကြဆင္းရျပန္သည္...။
"အိုေက...အၾကာႀကီးေတာ့မရဘူးေနာ္...ကတိေပးလား..."
"အင္း...ေပးတယ္...ေပးတယ္...အခုေရသြားခ်ိဳးၿပီးေတာ့မနက္စာစားမယ္...
ေရသြားကစားမယ္..."
သိပ္ေပ်ာ္ရႊင္သြားတဲ့မ်က္ႏွာေပးေလးနဲ႔သူ႔ပါးႏွစ္ဖက္ကိုတရႊတ္ရႊတ္ျမည္ေအာင္ကပ္နမ္းလို႔...
အိပ္ယာေပၚကေနခုန္ထ၊ ေရခ်ိဳးခန္းဆီကဆုန္ေပါက္ေျပးလို႔သြားျပန္တာမို႔...
အသည္းတယားယားနဲ႔ပဲေအာ္ၿပီးသတိေပးရျပန္တယ္...။
"ဟာ...ေျပးမသြားနဲ႔ေလကြာ...လဲကုန္ျပဳကုန္ေတာ့မယ္..."
xxxxx
သူ႔ဘာသာသူဗိုက္မရွိပါဘူးပဲအတင္းေျပာေနကာ...
တားမရဆီးမရနဲ႔...ေဘာလံုးတစ္လံုးယူၿပီး...
ကစားခ်င္လို႔ေက်ာက္စိမ္းကဖင္တယားယားနဲ႔...
"ဟဲ့...ဒီေဘာလံုးနဲ႔ဘာလုပ္မလို႔လဲ...ေက်ာက္စိမ္း..."
"ကစားမွာေလ...ပင္လယ္ကိုလာၿပီးေတာ့ငုတ္တုတ္ထိုင္ေနရမွာလား..."
သူ႔အေမကိုျပန္ေျပာရင္းနဲ႔သူဝတ္ထားတဲ့အနက္ေရာင္ေဘာင္းဘီတိုရဲ႕ေမ်ာ့ႀကိဳးစကိုပိုေစ့ေအာင္ခ်ည္သည္...။
ၿပီးမွခါးပတ္ေနရာကိုအေခါက္ေလးျဖစ္ေအာင္လိပ္တင္ေတာ့...ဒူးဆစ္ေပၚကြက္တိက်ေနတဲ့ေဘာင္းဘီအနက္ေရာင္ေလးကေပါင္လယ္ဆီကိုခုန္တက္၏။
ေက်ာက္စိမ္းကေဘာင္းဘီကိုလႈပ္ရွားကေကာင္းတဲ့အေနအထားေရာက္မေရာက္ေျခေထာက္ေတြကိုေကြးဆန္႔ၾကည့္လိုက္ေသးတာ...
"ဟယ္ေတာ့...ဒါကဘယ္လို...ဘယ္လို..."
ေဒၚယုယတို႔ပါးစပ္အေဟာင္းသားနဲ႔ေက်ာက္စိမ္းကိုေအာ္မလို႔ျပင္လိုက္ကာမွ...
အေနာက္မွာထပ္ေတြ႕လိုက္ရတဲ့ေဘာင္းဘီတိုနဲ႔...ငေသွ်ာင့္ကိုျမင္ေတာ့ပိုၿပီးမ်က္လံုးျပဴးသြားရသည္။
"ဟယ္...ဟယ္...ဒါက...ဘယ္လိုေတြ...
ငေသွ်ာင္...နင့္လင္ေလးကိုမတားတဲ့အျပင္...နင္ကပါေဆာ့ဦးမလို႔လား...
ဒုကၡပါပဲဟယ္...
ေနေန...ငေသွ်ာင့္ကိုေျပာပါဦး..."
"ဟဲ့...ဟိုအေကာင္ေတြ......ေန...ေနဦးေလ...
ငေသွ်ာင္...ဒါကဘယ္ကိုလဲ...
အငယ္ေလးကိုဘယ္ခ်ီသြားမလို႔လဲ..."
ေစြ႕ကနဲသူ႔ပါးပါးခ်ီသြားတဲ့အတိုင္းလက္ေမာင္းကိုဖက္လိုက္သြားတဲ့အငယ္ေလးကလည္းတခစ္ခစ္နဲ႔...ရယ္ေနေသးသည္...။
"အခစ္ခစ္...တာ့....တာ..."
"ဟယ္ေတာ့...ေနဦးဆို...အငယ္ေလးကိုေတာ့ထားခဲ့စမ္းပါ..."
"ရတယ္...သူေျပးႏိုင္ေနၿပီပဲ..."
"မရဘူး...ဟဲ့အေကာင္ရဲ႕...ေနဦး...ကေလးကႏုနယ္ေသးတာ..."
"ေယာက်ာ္းေလးပဲဘာျဖစ္သလဲ...ေနာ္...ငယ္ေလး..."
"ခစ္ခစ္..."
သူ႔ပါးပါးကိုပဲဖက္တြယ္ထားၿပီးအဘြားႏွစ္ေယာက္ကိုတစ္ခ်က္ျပန္မၾကည့္ေတာ့တဲ့အငယ္ေလးကတခစ္ခစ္နဲ႔ေပ်ာ္လို႔...
ဆြဲဟယ္၊ ျပဳဟယ္မလုပ္ႏိုင္တဲ့အေမႏွစ္ေယာက္စလံုးအသည္းတယားယားနဲ႔ေအာ္ၿပီးေနာက္ကေနအေျပးေလးလိုက္ေနရတာ...
"ငေသွ်ာင္....နင္ကပါ...မတားဆီးဘဲနဲ႔အားေပးအားေျမႇာက္နဲ႔...ဒုကၡပဲ...
အဲဒီကိုယ္ဝန္နဲ႔နင့္လင္ေလးကိုတားပါဟဲ့..."
"တားတယ္ေလ...အဲေကာင္ကတငိုငိုတရယ္ရယ္လုပ္ေနတာကိုေမေမတို႔ျမင္သားနဲ႔...ခဏပဲ...ခဏၾကာရင္ျပန္ေခၚခဲ့မယ္...
ကြ်န္ေတာ္အနားမွာရွိေနမွာမပူနဲ႔...အရမ္းႀကီးျပင္းျပင္းထန္ထန္မေဆာ့ဘူး...စိတ္မပူနဲ႔..."
"အို.....မျပင္းထန္ေပမယ့္...ေျပးလႊားမွာပဲကို...
မကစားၾကပါနဲ႔လားကြယ္...ေနကလဲပူကပူနဲ႔...
မ်က္လံုးေတြယားပါတယ္ဟယ္..."
သူတို႔သားအဖကိုတားဆီးေနျခင္းကအရာမေရာက္တဲ့အျပင္...
ထပ္ၿပီးေတာ့ေရာက္လာတဲ့ေမရဲရဲနဲ႔ကေလးတသိုက္ေၾကာင့္ျမင္ကြင္းကပိုၿပီးရႈပ္ေထြးသြားခဲ့၏။
"ရဲရဲတို႔လဲပါမယ္...ႀကိဳးေရ...တီတီရဲလာၿပီ...
ရဲေဘာ္တို႔...ဆက္လက္ခ်ီတက္မယ္...."
"ဘာ...ဘာ...ဟဲ့ေကာင္မေလး...ရဲရဲ...နင္ကပါ...ဟဲ့...အို....."
တေဟးေဟးတဟားဟားနဲ႔...ေသာင္ျပင္ဆီေျပးဆင္းသြားတဲ့ကေလးတသိုက္ရဲ႕အသံေတြကအနီးနားမွာဖံုးလႊမ္းသြားကာ...
အေမႏွစ္ေယာက္နဲ႔အေဖတို႔လူႀကီးေတြတစုကေခါင္းခါရင္းက်န္ခဲ့ရ၏။
"ဒုကၡပါပဲဟယ္...ေမ်ာက္ေတြအုပ္စုဖြဲ႕မိသြားသလိုပဲ..."
xxxxx
(158)
နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့ပဲတိုးမိနေတယ်ဆိုသလို...
သူ...သျှောင့်ရင်ခွင်ဆီသို့အမှတ်မရှိဘဲခြေလှမ်းတွေကျေကျေနပ်နပ်ကြီးကျွံမိပြန်တယ်...။
ယုန်ငလည်ကြီးရဲ့ချစ်တယ်'ဆိုတဲ့စကားလုံးနှစ်လုံးအောက်မှာဝဲပျံသွားတတ်တဲ့ရင်တွင်းလိပ်ပြာတွေ၊
ညှိုးရော်သွားတတ်တဲ့ပန်းလှလှတွေ၊ ကွဲသွားတတ်တဲ့ပန်းအိုးတွေ...
အို...ရုပ်ရှင်ထဲကလိုမျိုး...ရုပ်ရှင်လိုမျိုး...။
ကဗျာမဆန်တတ်ခဲ့ကြတဲ့နှလုံးသားကိုယ်စီနဲ့စတင်ခဲ့ကြတဲ့...သူတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းတရားတွေရှင်သန်လာခဲ့တာနေ့ပေါင်းညပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။
ပထမအကြိမ်ကတိုက်ဆိုင်မှုဆိုရင်...
ဒုတိယအကြိမ်ကကံတရားပဲတဲ့...
တတိယအကြိမ်ဆိုရင်တော့...လွဲချော်မှာမဟုတ်တော့တဲ့ရေစက်တွေဖြစ်ပြီ...တဲ့.....။
အဲဒီမဆုံးတော့တဲ့ရေစက်တွေဖြစ်လာတာ...
ဘဝအဆက်ဆက်မှာဘယ်လိုကံမျိုးစေ့တွေသူတို့ကျဲခဲ့မိလို့...
ဒီလိုဆန်းကြယ်တဲ့ဖူးစာမျိုးနဲ့ဒီဘဝမှာလာဆုံရသလဲ...။
ဗိုက်အကြောင်းစဉ်းစားရင်းနဲ့ကျောက်စိမ်းခေါင်းတွေတောင်ကိုက်ချင်လာတယ်...။
ရှောင်လွဲလို့မရခဲ့တဲ့အကြောင်းတရားတွေကိုအခုထိမယုံကြည်နိုင်သေးဘူး...။
ဟူး...
တယောက်ထဲတွေးရင်းနဲ့ခပ်သိမ့်သိမ့်လေးသက်ပြင်းခိုးရှိုက်လိုက်မိပေမယ့်...
မျက်လုံးမှိတ်ထားတဲ့သျှောင်ကနိုးနေခဲ့ပုံရကာ...
သူ့ဗိုက်ပေါ်တင်ထားတဲ့လက်ကလေးကလှုပ်ရှားလာပြီးခါးကိုတင်းအောင်ဆွဲဖက်လာခဲ့၏။
"မင်းအိပ်ယာနိုးတာစောလိုက်တာ..."
ရှတတလေသံလေးရဲ့အဆုံးမှာနဖူးပေါ်အနမ်းတစ်ပွင့်ကြွေကျတော့...
နှလုံးသားကသိမ့်ကနဲလှုပ်ရှားချင်ပြန်သည်...။
ဒီလူနဲ့မှေးစက်ရာတစ်ခုထဲဖြစ်နေခဲ့တာနေ့ညပေါင်းများစွာကြာခဲ့တာတောင်မှ...
အခုထိခံစားချက်တွေလတ်ဆတ်လို့နေတုန်းပဲဆိုရင်...အပိုပြောရာကျမလားမသိဘူး...။
အဟွန်း...ကိုယ့်ရင်ခုန်သံတွေကိုကိုယ့်ဘာသာသဘောတွေကျပြီးတော့...
ကျောက်စိမ်းကနှုတ်ခမ်းထောင့်စွန်းလေးကွေးသွားတဲ့အထိပြုံးမိတယ်...။
ဒီလူကဘယ်လိုအချိန်၊ ဘယ်လိုနေရာမဆိုသူ့ကိုပြုစားနိုင်စွမ်းရှိတယ်...။
ကိုယ့်အတွေးနဲ့ကိုယ်ငေးရင်းပြုံးနေတုန်း...
သန္တာရောင်နှုတ်ခမ်းစုစုလေးတွေကတလှုပ်လှုပ်နဲ့ဦးသျှောင်ကစကားဆိုလာတယ်...။
"ငါ့ကိုခိုးခိုးပြီးကြည့်မနေနဲ့...အသည်းအေးတယ်..."
မျက်လုံးတွေမှိတ်ထားပေမယ့်သိနေတယ်ဆိုတဲ့အထာလေးနဲ့...
ပြုံးစစဖြစ်သွားတဲ့သျှောင့်နှုတ်ခမ်းလေးအောက်ကမှည့်နက်ကလေးကိုကျောက်စိမ်းကတစ်ချက်ကပ်နမ်းပစ်လိုက်သည်...။
"ရော့...နွေးသွားပြီလား..."
"ဟင့်အင်း...ဒီလောက်နဲ့နွေးစရာလား...ဒီလိုမှနွေးတာကွ..."
သူ့ကိုယ်လုံးနွေးနွေးလေးကိုလက်ပိန်ပိန်လေးတွေနဲ့ရင်ခွင်ထဲလုံးစေ့နေအောင်ဆွဲဖက်လို့ကျောက်စိမ်းရဲ့နှုတ်ခမ်းလေးတွေကိုဦးသျှောင်ကအငမ်းမရနမ်းသည်။
"အာ...မင်း...ညစ်ပတ်တာကွာ...စောစောစီးစီး..."
"ဟွန့်...ဘာဖြစ်သလဲ...ချစ်လို့နမ်းတာ...မကျေနပ်ဘူးလား..."
ချစ်လို့...ချစ်လို့...ဆိုတဲ့...အလွန်နူးညံ့တဲ့စကားလုံးလေးဆီမှာသူအရည်ပျော်ရပြန်ပါတယ်...။
"ဗိုက်အောင့်တာသက်သာလား..."
"အင်း...သက်သာတယ်...သိပ်မနာတော့ဘူး..."
"တော်သေးတာပေါ့...ဒီလောက်နဲ့ကောင်းသွားလို့..."
တညလုံးမအိပ်နိုင်ဘဲနဲ့ကျောက်စိမ်းကိုပဲထထ,ကြည့်နေခဲ့ရတာ...
မူးနေမော်နေတာတွေတောင်ပျောက်သွားခဲ့၏။
"ဘာလေးလဲလို့မြန်မြန်သိချင်နေပြီကွာ...နောက်ထပ်တစ်ရက်တောင်ဒီမှာမနေချင်တော့ဘူး..."
"ဟင့်...မရဘူးနော်၊ နှစ်ရက်ထပ်နေဦးမှာလို့မင်းကတိပေးထားတယ်လေ..."
မျက်ခုံးလေးတွေတွန့်ချိုးသွားပြီးတော့ညတုန်းကလိုမျိုး...မျက်ဝန်းညိုလေးတွေမှုန်မှိုင်းကုန်ကာ...
ကျောက်စိမ်းကမကျေမချမ်းလေးကြည့်ပြန်သည်။
မနက်ဖြန်ကျရင်ချက်ချင်းပြန်ပြီး၊ ဆေးခန်းပြမယ်လို့ပြောရင်းနဲ့မနေ့ညကမအိပ်ခင်လေးနှစ်ယောက်သားအခြေအတင်စကားများခဲ့ကြတာ...
ဒီရောက်ပြီးကတည်းကရေမကူးရလို့ပါတဲ့...။
"မင်းကတိမဖျက်နဲ့ကွာ..."
"ကတိဖျက်တာမှမဟုတ်တာ...မင်းကိုယ်ဝန်ကြီးနဲ့..."
"ကိုယ်ဝန်ကမသေချာသေးတဲ့ဥစ္စာကို..."
"သေချာပါတယ်ကွာ၊ နှလုံးခုန်နှုန်းတွေကဒီလောက်ရှင်းလင်းနေတာ...
နောက်ပြီးမင်းခါးတွေတော်တော်တုတ်နေတာပဲလေ...
ပုံမှန်ဒိုက်ထိုးနေတာတောင်မှအဆီမကျဘူးမလား..."
သျှောင်ပြောတော့မှသေချာစဉ်းစားမိလာခဲ့တာ...
ကျောက်စိမ်းနှုတ်ဆိတ်သွားခဲ့၏။
ဒီရောက်ကတည်းကရေလဲမကူးရ၊ ပင်လယ်ထဲလဲမဆင်းရဘဲ၊
မင်္ဂလာပွဲပြီးတော့မှအဲဒါတွေလုပ်လို့ရမယ်ဆိုပြီးတော့သျှောင်ကအကျပ်ကိုင်ထားတာပါ...။
အခုတော့ကိုယ်ဝန်ကြောင့်လုပ်ချင်တာတွေမလုပ်ရဘူးတဲ့လား...။
အတည်ပေါက်ကြီးတားဆီးနေတဲ့သျှောင့်ကိုမြင်ရတော့...
စိတ်ကတိုလာပြီးမျက်ရည်တွေရုတ်တရက်ဝိုင်းလာခဲ့တာကျောက်စိမ်းကိုယ့်ဘာသာသတိမထားမိခဲ့ဘူး...။
"ဘာ..!...ဘာဆိုင်လဲ....လုံးဝပဲ...အဲဒါတွေတကယ်လုပ်မှာ...မင်း...အကျင့်မမွဲနဲ့...အင့်..."
ရုတ်တရက်ကြီးအော်ပြောရင်းအိကနဲပြိုဝိုင်းလာတဲ့မျက်ရည်တွေကိုမြင်ရတော့...
ဦးသျှောင်ကပျာပျာသလဲဖြစ်သွားခဲ့ရသည်။
"ဟာ...ဟိတ်ကောင်...အဲဒါငိုစရာလား.."
"မသိဘူး...ငိုချင်တယ်...မင်းက...မင်းက...အား..."
မျက်ရည်တွေကျလာရင်းနဲ့ကလေးလိုရှိုက်
နေပြန်တဲ့ကျောက်စိမ်းကိုညနက်နက်ကြီးအသည်းအသန်ချော့ခဲ့ရတာ...
အခုလည်းထပ်ငိုချတော့မယ့်ပုံလေးဖြစ်လာတာမို့တင်းတင်းကျပ်ကျပ်ကြီးမပြောရဲပြန်ဘူး...။
"ရေကစားလို့ရတယ်လေ...
snorkeling ကတော့...ဖြစ်ပါ့မလားလို့..."
"ဘာလို့မဖြစ်ရမှာလဲ...အဲဒါလည်းရေကူးတာနဲ့အတူတူပဲကို..."
"ဒါပေမယ့်ကွာ...ရေနက်နက်ကြီးထဲကိုငုပ်ဆင်းသွားရမှာပဲဟာကို...
အဲဒီဗိုက်နဲ့မင်းမအီမသာကြီးခံစားရမှာပေါ့..."
"မဖြစ်ပါဘူးဆို၊ အခုတောင်မှအန်ချင်တာတွေဘာတွေဖြစ်နေတာမှမဟုတ်တာ..."
ကျောက်စိမ်းပြောတာလဲဟုတ်တာပါပဲ...။
အခုကကိုယ်ဝန်ရှိနေတယ်ဆိုတာသေချာပေမယ့်...
မူးမော်နေတာ၊ ပျို့အန်နေတာတွေကိုမခံစားရတဲ့ပုံပါပဲ...။
"ဒါပေမယ့်ကွာ...စိတ်ပူတယ်...ရေအနက်ကြီးထဲဆင်းငုပ်လို့တခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ..."
"ဟာကွာ....မဖြစ်ပါဘူး...မင်းလဲအတူတူရှိမှာပဲကို...
နောက်ပြီးတော့...အဲဒီရေငုပ်မယ့်နေရာကသိပ်ပြီးတော့မနက်ပါဘူး...
ပေနှစ်ဆယ်တောင်ပြည့်တာမဟုတ်ဘူး...ကွာ...နော်....."
ဒီရောက်လာကတည်းက snorkeling လို့ခေါ်တဲ့ပင်လယ်ကြမ်းပြင်ဆီအပျော်တမ်းရေငုပ်ဖို့အငှားလိုက်ပြီးသင်ပြပေးတဲ့ဂ်ိုက်အဖွဲ့ရှိတယ်ကြားလို့ကျောက်စိမ်းကပျော်နေခဲ့ကာ...
ခုန်ဆွခုန်ဆွနဲ့ချက်ချင်းကြီးဂိုက်သွားငှားလာခဲ့ပုံရ၏။
နောက်ပြီးတော့...ဂျက်စကီးလည်းစီးနေကြတာကိုမြင်တော့အဲဒါလည်းစီးကြမယ်လို့တဖွဖွပြောနေခဲ့ပါသည်။
"နော်...နော်လို့...ခဏပဲလုပ်မှာလေ...နော်..."
လက်ညိုးကလေးတထောင်ထောင်နဲ့သူ့ကိုချွဲနွဲ့နေတဲ့ကျောက်စိမ်းမျက်နှာလေးကတကယ့်ကိုပီဘိကလေးလို...
ဘယ်တုန်းကမှမမြင်ခဲ့ဖူးတဲ့သူ့အမူအရာလေးတွေကိုတအံ့တသြဖြစ်လို့...ဦးသျှောင်ကြွေဆင်းရပြန်သည်...။
"အိုကေ...အကြာကြီးတော့မရဘူးနော်...ကတိပေးလား..."
"အင်း...ပေးတယ်...ပေးတယ်...အခုရေသွားချိုးပြီးတော့မနက်စာစားမယ်...
ရေသွားကစားမယ်..."
သိပ်ပျော်ရွှင်သွားတဲ့မျက်နှာပေးလေးနဲ့သူ့ပါးနှစ်ဖက်ကိုတရွှတ်ရွှတ်မြည်အောင်ကပ်နမ်းလို့...
အိပ်ယာပေါ်ကနေခုန်ထ၊ ရေချိုးခန်းဆီကဆုန်ပေါက်ပြေးလို့သွားပြန်တာမို့...
အသည်းတယားယားနဲ့ပဲအော်ပြီးသတိပေးရပြန်တယ်...။
"ဟာ...ပြေးမသွားနဲ့လေကွာ...လဲကုန်ပြုကုန်တော့မယ်..."
xxxxx
သူ့ဘာသာသူဗိုက်မရှိပါဘူးပဲအတင်းပြောနေကာ...
တားမရဆီးမရနဲ့...ဘောလုံးတစ်လုံးယူပြီး...
ကစားချင်လို့ကျောက်စိမ်းကဖင်တယားယားနဲ့...
"ဟဲ့...ဒီဘောလုံးနဲ့ဘာလုပ်မလို့လဲ...ကျောက်စိမ်း..."
"ကစားမှာလေ...ပင်လယ်ကိုလာပြီးတော့ငုတ်တုတ်ထိုင်နေရမှာလား..."
သူ့အမေကိုပြန်ပြောရင်းနဲ့သူဝတ်ထားတဲ့အနက်ရောင်ဘောင်းဘီတိုရဲ့မျော့ကြိုးစကိုပိုစေ့အောင်ချည်သည်...။
ပြီးမှခါးပတ်နေရာကိုအခေါက်လေးဖြစ်အောင်လိပ်တင်တော့...ဒူးဆစ်ပေါ်ကွက်တိကျနေတဲ့ဘောင်းဘီအနက်ရောင်လေးကပေါင်လယ်ဆီကိုခုန်တက်၏။
ကျောက်စိမ်းကဘောင်းဘီကိုလှုပ်ရှားကကောင်းတဲ့အနေအထားရောက်မရောက်ခြေထောက်တွေကိုကွေးဆန့်ကြည့်လိုက်သေးတာ...
"ဟယ်တော့...ဒါကဘယ်လို...ဘယ်လို..."
ဒေါ်ယုယတို့ပါးစပ်အဟောင်းသားနဲ့ကျောက်စိမ်းကိုအော်မလို့ပြင်လိုက်ကာမှ...
အနောက်မှာထပ်တွေ့လိုက်ရတဲ့ဘောင်းဘီတိုနဲ့...ငသျှောင့်ကိုမြင်တော့ပိုပြီးမျက်လုံးပြူးသွားရသည်။
"ဟယ်...ဟယ်...ဒါက...ဘယ်လိုတွေ...
ငသျှောင်...နင့်လင်လေးကိုမတားတဲ့အပြင်...နင်ကပါဆော့ဦးမလို့လား...
ဒုက္ခပါပဲဟယ်...
နေနေ...ငသျှောင့်ကိုပြောပါဦး..."
"ဟဲ့...ဟိုအကောင်တွေ......နေ...နေဦးလေ...
ငသျှောင်...ဒါကဘယ်ကိုလဲ...
အငယ်လေးကိုဘယ်ချီသွားမလို့လဲ..."
စွေ့ကနဲသူ့ပါးပါးချီသွားတဲ့အတိုင်းလက်မောင်းကိုဖက်လိုက်သွားတဲ့အငယ်လေးကလည်းတခစ်ခစ်နဲ့...ရယ်နေသေးသည်...။
"အခစ်ခစ်...တာ့....တာ..."
"ဟယ်တော့...နေဦးဆို...အငယ်လေးကိုတော့ထားခဲ့စမ်းပါ..."
"ရတယ်...သူပြေးနိုင်နေပြီပဲ..."
"မရဘူး...ဟဲ့အကောင်ရဲ့...နေဦး...ကလေးကနုနယ်သေးတာ..."
"ယောကျာ်းလေးပဲဘာဖြစ်သလဲ...နော်...ငယ်လေး..."
"ခစ်ခစ်..."
သူ့ပါးပါးကိုပဲဖက်တွယ်ထားပြီးအဘွားနှစ်ယောက်ကိုတစ်ချက်ပြန်မကြည့်တော့တဲ့အငယ်လေးကတခစ်ခစ်နဲ့ပျော်လို့...
ဆွဲဟယ်၊ ပြုဟယ်မလုပ်နိုင်တဲ့အမေနှစ်ယောက်စလုံးအသည်းတယားယားနဲ့အော်ပြီးနောက်ကနေအပြေးလေးလိုက်နေရတာ...
"ငသျှောင်....နင်ကပါ...မတားဆီးဘဲနဲ့အားပေးအားမြှောက်နဲ့...ဒုက္ခပဲ...
အဲဒီကိုယ်ဝန်နဲ့နင့်လင်လေးကိုတားပါဟဲ့..."
"တားတယ်လေ...အဲကောင်ကတငိုငိုတရယ်ရယ်လုပ်နေတာကိုမေမေတို့မြင်သားနဲ့...ခဏပဲ...ခဏကြာရင်ပြန်ခေါ်ခဲ့မယ်...
ကျွန်တော်အနားမှာရှိနေမှာမပူနဲ့...အရမ်းကြီးပြင်းပြင်းထန်ထန်မဆော့ဘူး...စိတ်မပူနဲ့..."
"အို.....မပြင်းထန်ပေမယ့်...ပြေးလွှားမှာပဲကို...
မကစားကြပါနဲ့လားကွယ်...နေကလဲပူကပူနဲ့...
မျက်လုံးတွေယားပါတယ်ဟယ်..."
သူတို့သားအဖကိုတားဆီးနေခြင်းကအရာမရောက်တဲ့အပြင်...
ထပ်ပြီးတော့ရောက်လာတဲ့မေရဲရဲနဲ့ကလေးတသိုက်ကြောင့်မြင်ကွင်းကပိုပြီးရှုပ်ထွေးသွားခဲ့၏။
"ရဲရဲတို့လဲပါမယ်...ကြိုးရေ...တီတီရဲလာပြီ...
ရဲဘော်တို့...ဆက်လက်ချီတက်မယ်...."
"ဘာ...ဘာ...ဟဲ့ကောင်မလေး...ရဲရဲ...နင်ကပါ...ဟဲ့...အို....."
တဟေးဟေးတဟားဟားနဲ့...သောင်ပြင်ဆီပြေးဆင်းသွားတဲ့ကလေးတသိုက်ရဲ့အသံတွေကအနီးနားမှာဖုံးလွှမ်းသွားကာ...
အမေနှစ်ယောက်နဲ့အဖေတို့လူကြီးတွေတစုကခေါင်းခါရင်းကျန်ခဲ့ရ၏။
"ဒုက္ခပါပဲဟယ်...မျောက်တွေအုပ်စုဖွဲ့မိသွားသလိုပဲ..."
xxxxx