140

579 38 5
                                    


နှောင်ကြိုး ( trouble maker)
BXG Fanfic

(140)

လက်ထဲပြန်ရောက်လာတဲ့ကားသော့လေးကိုကြည့်ပြီးတော့....လေလေးတချွန်ချွန်နဲ့....ကျောက်စိမ်းအူမြူးလို့နေတယ်...။
သူ့ထက်ပိုပြီးတော့ပျော်ရွှင်နေတာကတော့ကြိုးကလေးပဲ...။

"ဖေဖေ့...ဒီနေ့လေ...ညီလေးဆေးခန်းကပြန်ရင်...
ကြိုးတို့လမ်းလည်ရအောင်လေ...နော်....."

သူ့ရဲ့လက်မောင်းအိုးကိုတွဲလွဲခိုပြီးတော့...
သနားစဖွယ်မျက်ဝန်းတွေနဲ့တောင်းဆိုတဲ့အသံလေးက...ပစ်ကြွေချင်စရာလေး...။
အဟွန်း.....
နှောင်ကြိုးကသျှောင်နဲ့တပုံထဲပဲ....။

ကြီးလာလေလေသူ့ပါးပါးနဲ့တပုံစံထဲထွက်လာလေလေပဲ...လို့...ကျောက်စိမ်းရဲ့စိတ်ထဲတွေးရင်းသျှောင့်မျက်နှာကိုပြေးမြင်သွားတယ်...။

သောက်ရမ်းပန်းပုထုတော်တဲ့ဆရာကြီးလို့တွေးမိပြီးတော့...
နှုတ်ခမ်းတွေကအချိုဆုံးပြုံးလို့...
ကြိုးကလေးရဲ့ဆံပင်လေးတွေကိုဖွဖွလေးပွတ်သပ်မိတယ်...။

နုနုညံ့ညံ့ဖြစ်နေတဲ့ဆံနွယ်လေးတွေကသူနဲ့တူပြီးတော့...
ကျန်တဲ့မျက်နှာအစိတ်ပိုင်းတွေကအကုန်လုံး...
သျှောင့်နဲ့တူနေတယ်...။
စိတ်ဓါတ်ကျတော့ဟိုတဝက်ဒီတဝက်နဲ့...
စိတ်တိုလွယ်တာလေးကသူနဲ့ပိုတူတာများလားမသိဘူး...။
နောက်ပြီးတော့...သူ့လိုပဲ...ဘာယာဉ်မြင်မြင်တက်ခွပြီးတော့စီးလိုက်ချင်တာ...။
စကိတ်ဘုတ်ကြိုက်တာလေးတွေကလည်းသူနဲ့တူတာဖြစ်ပြီးတော့...
လှုပ်ရှားပြေးလွှားနေချင်တာလည်းသူ့ဘက်ကိုလိုက်တာပါပဲ...။

နှောင်ကြိုးကကြီးကောင်ဝင်လာတာနဲ့အမျှ...
စိတ်ဓါတ်ရော...အကျင့်၊ ဗီဇတွေပါတဖြည်းဖြည်းနဲ့...သူ့ဘက်လိုက်လာတာ...။
အဲဒါကို...အိမ်ကလူတွေပြောနေကြတော့...
ကြားရတာကိုကျောက်စိမ်းသဘောတွေကျတတ်လာတယ်...။
အဲဒါကြောင့်လဲပိုပြီးတော့...အစေးကပ်ပြီးသူငယ်ချင်းပေါင်းပေါင်းဖြစ်လာတယ်...။

သူလေးကို...ပေါက်စလေးတုန်းကဂရုမစိုက်မိခဲ့သမျှ...
အခုဆိုအဆနဲ့တိုးပြီးချစ်နေမိပါပြီ...။

တမင်တကာတော့မဟုတ်ပေမယ့်....အငယ်လေးကိုမွေးပြီးတော့မှ...
ကြိုးကလေးကိုသူပိုပြီးအလိုလိုက်ချင်လာမိတယ်...။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now