BXG Fanfic(38)
အနားရောက်လာပြီးမှအနွေးဓါတ်လေးကရုတ်တရက်ပျောက်သွားတော့ရင်ထဲမှာဟာတာတာဖြစ်ရ၏။
မင်း...ငါ့ကိုမချစ်နိုင်တာလား၊
ငါ့ခန္ဓာကိုယ်ကိုပဲလိုချင်တာလား၊
အဲဒါလေးသဲသဲကွဲကွဲသိချင်မိတယ်....ကျောက်စိမ်းရယ်....
နောက်ပြီး...
အရင်တခါလို...
ရှောင်ပြေးသွားရတဲ့အထိငါ့ကိုထားခဲ့မှာကိုလည်းကြောက်တယ်။
မင်းငါ့အပေါ်ကိုမင်းရဲ့အရာရာပွင့်လင်းချင်လာတဲ့အထိစောင့်မှာ...သိလား။ဆေးထပ်မသုံးနဲ့။
ဆေးရုံပေါ်မှာလိုမပေါက်ကွဲနဲ့၊
အားလုံးမင်းဘက်မှာရှိတယ်။
ငါမင်းနဲ့အတူရှိတယ်။
ရင်ဆိုင်လို့ရတယ်။
ငါ့ကိုရင်ဖွင့်လို့ရတယ်။မောဟိုက်နေပေမယ့်...ဦးသျှောင်ဒါတွေပဲဆက်တိုက်ကြီးပြောနေခဲ့တာ၊
ကျောက်စိမ်းရဲ့စိတ္တဇတွေအမြန်ပြေကုန်ဖို့ကုစားပေးနေခြင်းပါ...။"မင်းလိုချင်ရင်အချိန်မရွေးခေါ်နိုင်တယ်...မင်းအလိုမပါဘဲနဲ့တော့မထိဘူးလို့ငါကတိပေးတယ်..."
"xxx"
"အဲဒါပြီးသွားရင်ငိုမနေနဲ့ဦး...ကြားလား...."
ဘာမှပြန်ဖြေနေတာမကြားရပေမယ့်...
အမြဲလိုလို...သူ့ကို Pa Pa Pa တိုင်းငိုနေတတ်တဲ့ကျောက်စိမ်းကိုမငိုဖို့ပြောတော့...
မောဟိုက်နေတဲ့ကျောက်စိမ်းရဲ့ပုခုံးလေးတွေကတုန်ခနဲဖြစ်လို့သွား၏။"ဟင်...ဘယ်လို...ဘာကိုငို....."
ကိုယ့်ဘာသာဘာကိုငိုသလဲဆိုတာတောင်မှတ်မိပုံမရတဲ့ကျောက်စိမ်းဆိုတဲ့ငနဲဟာတကယ်ကိုပဲရယ်ချင်စရာလေးဖြစ်အောင်ကြောက်ရွံ့ပြနေသေးတာ...။
မထင်ရင်သူကအရင်ယုတ်မာလိုက်တဲ့အတိုင်း...
ဟွန့်...ခွေးစုတ်လေး...ပြောင်းပြန်တွေလုပ်နေလိုက်...။"မင်းအမြဲပဲငိုနေတာတွေ့လို့၊ ပြီးတော့အိပ်တော့...ညနက်နေပြီ...မင်းနေမကောင်းသေးဘူး..."
မှာချင်တာတွေအကုန်မှာပြီးတော့မှ...
သျှောင်...အိမ်သာထဲအထိပြေးဝင်လာပြီးတော့လော့ခ်ချသည်။
ခွင့်မပြုဘဲနဲ့ကျူးလွန်လိုက်ချင်တဲ့စိတ်တွေထိန်းထားရတာတကယ်ပင်ပန်းနေပြီ။
ဘာလို့သူ့ကိုကျောက်စိမ်းကမထိချင်မကိုင်ချင်ဖြစ်နေရသလဲဆိုတာကိုတကယ်တွေးလို့မတတ်ဘဲ...
ဝမ်းနည်းရတာကိုပဲသိတော့၏။
YOU ARE READING
Fanfictionနှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)