42

801 50 1
                                    


နှောင်ကြိုး ( trouble maker)
BXG Fanfic

(42)

"ပါး...ပါး...မလုပ်ပါနဲ့...ဖေဖေ့ကို...အား...ပါးပါး"

ညနက်နက်ကြီးမှကိုယ်တွေပူပြီးကလေးကဖျားလရင်းနဲ့ယောင်ယမ်းငိုကြွေးနေခဲ့၏။

ဘယ်လိုအိပ်မက်ဆိုးမျိုးတွေကိုမင်းမြင်မက်နေသလဲ...
ကြိုးကလေးရယ်...

ဒီနေ့နဲ့ပါဆိုရောက်လာကြတာသုံးရက်မြောက်ဖြစ်သွားပါပြီ...။
ညတိုင်းလိုလိုကလေးက..ယောင်ယမ်းငိုကြွေးရင်းရှိုက်ကြီးတငင်တွေဖြစ်နေခဲ့ပြီး...
နေ့ဘက်တွေဆိုကိုယ်ငွေ့လေးနွေးတေးတေးနဲ့ဖျားသလိုလိုဖြစ်နေခဲ့သည်...၊
သုံးလေးရက်ဆက်လာပြီးအဖျားကမကျတော့ဆေးခန်းပြေးရလေသည်။

"သား...ကလေးက....သူ့အဖေကို..."

လွမ်းဖျားဖျားတယ်ဆိုတာမျိုးအထိမပြောချင်ပေမယ့်...ပြောရသည်...။
နောက်ပြီးတော့...မမေးပေမယ့်...နှောင်ကြိုးကကျောက်စိမ်းကိုသတိရနေတာသေချာ၏။

"ဟင့်အင်း..လုံးဝပဲ၊ မပြောရဘူး၊ ဒါကျွန်တော့်သား...
ကျွန်တော်ပဲစောင့်ရှောက်မယ်၊
ကျွန်တော်သူ့ကိုစောင့်ရှောက်နိုင်တယ်"

ရောက်လာကတည်းကငေးငေးငိုင်ငိုင်လုပ်နေတတ်တဲ့ကြိုးကလေးကိုကြည့်နေရင်းလည်းသနားလှပါပြီ။
ကလေးကဘာမှတော့သေချာမသိသေးပေမယ့်...
သူသိနေတာက....
"ပါးပါးကဖေဖေနဲ့မတည့်လို့...ငိုချင်တယ်"....ဆိုတာပါပဲ။

ဒါကိုကလေးကတဖွဖွမပြောနေပေမယ့်...
အရိပ်မြွက်လေးတွေပြလာခဲ့တာ...တခါတလေအစာကိုမစားတော့ဘူး...။

တခါတလေ...သျှောင်ကကလေးကိုတိုးတိုးတိတ်တိတ်သင်နေတတ်သေးတာ...

"ဖေဖေဆိုတာကိုလုံးဝမပြောရဘူး၊ သားဘဝထဲမှာအဲဒီလိုလူမရှိဘူး"....တဲ့...။

စေတနာအမှားနဲ့...မောဟတွေဖြစ်ပြီးကျောက်စိမ်းနာမည်ကိုတောင်မထုတ်ဖို့ပိတ်ပင်ထားပြန်တာ...
သူဘယ်အထိဒီလိုတင်းမာနေဦးမလဲ...။
မူးမူးရူးရူးနဲ့ပြောချင်သလိုတွေပြော၊ လုပ်ချင်သလိုတွေလုပ်နေမိတော့...ကလေးကတောင်မှ...သျှောင့်ကိုအကပ်မခံတော့ဘူး။
ငေးငေးငိုင်ငိုင်နဲ့နေနေတတ်ပြီးထမင်းကျွေးတာလဲသေချာမစားတော့ဘူး...။
ပါးပါး...လာကျွေးမှ...လို့တောင်းဆိုလို့...
မူးနေတဲ့သျှောင်ကထမင်းကျွေးပြန်ရင်လည်း...ကလေးကငိုင်တိုင်တိုင်လုပ်ကာ...
"ဖေဖေ့ကိုခေါ်ပေး" လို့ပြောလိုပြောနဲ့...
အခြေနေတွေကမသာယာပါ။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now