70

642 29 0
                                    


နှောင်ကြိုး ( trouble maker)
BXG Fanfic

(70)

မနက်လင်းတော့လဲအဲဟာလေးကိုမတွေ့ရပြန်ဘူး။
ကျောင်းသွားတာကြာလှပြီတဲ့၊
နာရီကြည့်တော့ခုနစ်နာရီပဲရှိသေးတာ။
ကျောင်းကိုဘာသွားလုပ်တာလဲ။
မင်း...လုပ်ထားဦး။
ကြိုးကလေးကိုရေချိုးပေးပြီး...ဒီနေ့ကျောင်းလိုက်ပို့ပေးဖို့ပြောထားတာ။

အရမ်းပျော်ပြီးတော့...
"ဒါ...ငါ့ပါးပါး"...ဆိုပြီးတော့ကျောင်းရှေ့မှာတွေ့တဲ့သူငယ်ချင်းကိုခေါ်ကြွားနေတာ။

"အဖေကချောလို့သားလေးလဲချောတာ"
လို့...ပြောတော့...
ကြိုးကလေးကဘာပြောတယ်ထင်လဲ။

"ပါးပါးထက်ဖေဖေကပိုချောတာ"....တဲ့။

"မင်းအဖေကိုပဲကြွားနေလိုက်တော့...
ဒီမှာမင်းအဖေကြောင့်ညကအသည်းကွဲထားတာ၊ လိုက်ဖမ်းရဦးမယ်။
ညနေကျရင်...ပါးပါးပဲပြန်လာကြိုမှာ...
ဖေဖေ့ပါခေါ်ခဲ့မယ်၊
သေချာကြွားလို့ရအောင်လေ"

ကြိုးကလေးကိုပို့ပြီးတော့ကျောင်းမှာသွားချောင်းရတာ၊
ကျောက်စိမ်း...ဒီနေ့စာသင်ချိန်ကသေချာရှိတာမဟုတ်ဘူး။
အားကစားခန်းထဲမှာအကကျင့်နေတာ...
ဝင်သွားတော့...
တခြားကျောင်းသားတွေပါရှိနေသည်။
ကျောက်စိမ်းကတော့သူရောက်လာတာကိုသိမယ်မထင်ဘူး။
နံဘေးမှာသူ့သူငယ်ချင်းတွေအုပ်စုလိုက်နဲ့...
တယောက်တမျိုးနဲ့ဝင်ဝင်က,နေကြတာ...
ကြည့်ကောင်းကောင်းနဲ့ကြည့်နေခဲ့လိုက်သည်။

အပေါ်ရောအောက်ရောအင်္ကျိအနက်စွေးစွေးနဲ့ဖြူဖွေးနေတဲ့ကောင်ချောလေးကလူတွေရှုပ်နေတာတောင်မှ...
အားလုံးထဲမှာပေါ်လွင်နေ၏။
မင်း....အရမ်းတွေတောက်ပနေလိုက်တာ...
စင်ပေါ်ရောက်သွားရင်ပိုပြီးတော့ထင်းလင်းနေမှာပါ။

သိပ်တော့မကြာပါဘူး။
ခပ်လှမ်းလှမ်းမှာရှိနေတဲ့ဦးသျှောင့်ကိုမြင်သွားတော့...
မျက်နှာလေးကချက်ချင်းညိုမှောင်သွားပြီး...
ဘုကြည့်လေးနဲ့လှမ်းရှိုးသည်။
သျှောင်က...နှုတ်ခမ်းလေးလှမ်းစုဝိုင်းပြီး fly kiss လိုက်တော့...
ကျောက်စိမ်းမျက်နှာကပိုပြီးပုပ်ကျလာပြီးမျက်ခုံးတွေတွန့်ချိုးသွားတာ...
ခုနတုန်းက...ကနေတဲ့မျက်နှာလေးနဲ့ဘာမှမဆိုင်ဘူး။
ချီးထုပ်လေး...ဘာကိုအလိုမကျဘဲကောက်ရပြန်တာလဲမသိ။
ချော့ရဦးမှာပဲ။

နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)Where stories live. Discover now