BXG Fanfic(41)
ကလေးလေးချီပြီးရောက်လာကတည်းကကလေးကိုတချက်မှမျက်စိအောက်ကအပျောက်မခံနိုင်ဖြစ်နေရတာ၊
ဦးသျှောင်တို့လွန်နေပြီ။
အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့၊ ဘယ်တော့မှခြေဦးမလှည့်ချင်တော့တဲ့နေရာကိုပြန်မသွားဘူးဆိုတာပဲပြောနေခဲ့လျက်။"ကျွန်တော်မမှားဘူးလေမေမေ၊
ဒီကလေးကိုကျွန်တော့်သွေးသားဆိုတာမသိဘဲနဲ့သိပ်ချစ်နေခဲ့တာပါ""ပါးပါးတောင်းပန်ပါတယ်၊ နှောင်ကြိုးရယ်၊
စောစောစီးကတည်းကသိခဲ့ရမှာ၊
ခွင့်လွှတ်နော်"ကလေးနိုးနေသလားအိပ်နေသလားဆိုတာလည်းသူမတွေးနိုင်ဘဲနဲ့....
ပြောချင်ရာတွေပြောပြီးငို...ယို...တောင်းပန်။
သောက်လိုက်တဲ့အရက်ဆိုတာကလည်းတားလို့မရ။ယဉ်ယဉ်လေးရူးနေတာလိုလို...ဘာလိုလိုနဲ့.....
လူမြင်ရင်တော့တကယ့်အကောင်းတိုင်းပဲ။
နှုတ်ခမ်းမွှေးတွေမရိတ်တော့ဘဲနဲ့ပါးသိုင်းမွှေးတွေပါထပ်ထူထဲလာခဲ့ကာ...
ညှင်းသိုးသိုးဖြစ်နေပေမယ့်...ရုပ်ခံလေးကသန့်ပြန့်နေလို့ပဲတော်တော့တယ်...။နေ့နေ့ညညသောက်နေတာကိုတားတိုင်းလည်း...
ဟုတ်ကဲ့ဆိုတာကိုပဲကြားရကာ...
လူမသိအောင်ခိုးခိုးသောက်ပြီးတစိမ့်စိမ့်မူးနေတတ်တာပြောလို့ဆိုလို့ကိုမရဘူး...။မသောက်ပါနဲ့၊ ခြေထောက်ကိုထိတတ်တယ်ဆိုရင်...
အင်းပဲ။
ပြီးတော့မှ...ဘယ်ကတည်းကသောက်ချမိထားမှန်းကိုမသိဘဲမူးနေတာကိုပဲတွေ့ရ၏။
အခုလည်းကလေးကိုလက်ထဲမချဘဲနဲ့ပွေ့လို့အိပ်ပျော်နေပြန်တာခေါင်းအုံးကလည်းမပါ...။တခါတလေပြုံးရင်းမျက်ရည်တွေကျနေတတ်သေးတာ...
အစကတည်းကအရမ်းမချစ်ပေးမိလို့တောင်းပန်ပါတယ်ဆိုတာတွေပါခဏခဏကြားရ၏။ဒီအိမ်ကိုရောက်လာကတည်းကသားရူးရူးပြီးတော့ကလေးကိုဘယ်သူချီချီမရတော့တာအခုထိပါပဲ...။
အစကတော့...ကလေးရဲ့ DNA တို့ဘာတို့နဲ့စကားကိုကိုင်ပေါက်သေး၏။ဘာလို့ပြောတိုင်းယုံရမှာလဲ၊ ကျွန်တော့်ကိုယ်ဝန်ဆိုတာတာသေချာလား၊
ကျွန်တော့်မှတ်ဉာဏ်မှာသူနဲ့ဘာမှကိုမဘာရသေးတာ...
မဟုတ်ဘူး....ကျွန်တော်လူပျိုစစ်စစ်ပဲ၊
ရေမရောဘူး...'ဆိုတာတွေတောင်ပါပါသည်။
ခဏကြာတော့မှ....နောက်တစ်မျိုးပြောင်းလာတာ...
YOU ARE READING
Fanfictionနှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ) နှောင်ကြိုး(trouble maker)(ကျောက်စိမ်းဦးသျှောင်ရဲ့ဒုတိယပိုင်းအဆက်ပါ)