ခေါင်ရမ်းတစ်ပွင့် မှသည်...(Co...

Von mahura293

154K 19.9K 800

သင်္ချိုင်းမြေ၌ ပေါက်ရောက်နေသည့် ခေါင်ရမ်းပင်မှ ခေါင်ရမ်းပန်းလေးတစ်ပွင့်တွင် မှီခိုနေထိုင်နေသော အဖော်မဲ့ ဝိညာ... Mehr

Ep-1(Uni+Zaw)
Ep-2(Uni+Zaw)
Ep-3 (Uni+Zaw)
Ep-4(Uni+Zaw)
Ep-5 (Uni+Zaw)
Ep-6(Uni+Zaw)
Ep-7(Uni+Zaw)
Ep-8(Uni+Zaw)
Ep-10(Uni+Zaw)
Ep-11(Uni+Zaw)
Ep-12(Uni+Zaw)
Ep-13(Uni+Zaw)
Ep-14(Uni+Zaw)
Ep-15(Uni+Zaw)
Ep-16(Uni+Zaw)
Ep-17(Uni+Zaw)
Ep-18(Uni+Zaw)
Ep-19(Uni+Zaw)
Ep-20(Uni+Zaw)
Ep-21(Uni+Zaw)
Ep-22(Uni+Zaw)
Ep-23(Uni+Zaw)
Ep-24(Uni+Zaw)
Ep-25(Uni+Zaw)
Book
S-2?
စာအုပ်ဈေး
Can order now

Ep-9(Uni+Zaw)

4.9K 825 29
Von mahura293

Unicode

ခေါင်ရမ်းတစ်ပွင့် မှသည်...

ကောင်း ညတည်းက အိပ်မပျော်တာ အခုဆို မနက်၃နာရီတောင်ခွဲနေပြီ။ အိပ်ရာပေါ်မှာ လူးလိမ့်နေမိတာ။ ကောင်လေးကတော့ နေရာမရွေ့‌ပေ။ ခုတင်ထောင့်လေးမှာပဲ ကုတ်ကုတ်လေး ခေါင်းငုံ့ထားလေရဲ့။ ဖေဖေထွက်သွားပြီးတည်းက နှစ်ယောက်လုံး ဘာစကားမှ ထပ်မပြောတော့ပါ။

ကောင်းလည်း ကိုယ်တိုင်ကိုက စိတ်ညစ်နေတာကြောင့် စကားမစမိ။ ဘာကိုအစချီပြောရမှန်းလည်း မသိပါ။
ဖေဖေ ပြောသွားခဲ့တဲ့ စကားကသာ ခေါင်းထဲ ခေါက်တုံ့ခေါက်ပြန် ကြားယောင်နေမိသည်။
'စတင်လိုက်တဲ့ အရာအားလုံးကို အဆုံးထိ တာ၀န်ယူဖို့ အတွေးရှိမှ စတင်သင့်တယ်' တဲ့လား။

ဒါဆို သူက‌ရော ဘာတွေကို စတင်ထားပြီး ဘာတွေကို အဆုံးသတ်ဖို့ရှိ‌နေတာလဲ။ သူ့ဘ၀မှာ စတင်ချင်ရုံ သက်သက်နဲ့တော့ ဘယ်တော့မှ ပေါ့ပြက်ပြက် မတွေးခဲ့ မလုပ်ခဲ့ပါ။

ဒေါက်..ဒေါက်..
"သားရေ ထတော့ဟေ့..သားရေ သား"

ဖေဖေ တံခါးလာခေါက်တော့ ကောင်း ခပ်ယိုင်ယိုင်နဲ့ ထဖွင့်ပေးလိုက်သည်။ မျက်လုံးထောင့်ကနေ လျှပ်တပြက် မြင်လိုက်ရတဲ့ ဆက်ခနဲတုန်သွားတဲ့ ခန္ဓာကိုယ်လေးကိုလည်း ဥပေက္ခာပြုရင်းပေါ့။ ဘာတွေဒီလောက်ကြောက်လန့်နေရတာလဲ ကောင်လေးရာ။

"သားနိုးနေတာလား ဒါဆိုလည်း ရေချိုး၊ ပြီးရင်
တပတ်စာလောက်၀တ်ဖို့ ထုပ်ခဲ့နော်"

"ဟုတ်"
နိုးနေတာ မဟုတ်ဘဲ အခုထိမအိပ်ရသေးတာကိုတော့ မပြောပြဖြစ်လိုက်။ ပြီးတော့ တပတ်စာဆိုတော့လည်း ထုပ်လိုက်ရုံပေါ့ ငြင်းပယ်ခွင့်အပြည့်အ၀မှ မရှိသေးတာ။

ကောင်းရေချိုး အ၀တ်အစားလဲပြီးသည်ထိ ကောင်လေးက ထိုနေရာမှ မရွေ့သေး။ ဘာမှမပြောတော့ဘဲ ယူဖို့အ၀တ်အစားတွေသာ ထုတ်နေလိုက်သည်။ တကယ်တမ်း ပြောရရင် မိဘတွေနဲ့ ဒီလိုစိတ်၀မ်းကွဲတာကလည်း ကောင်လေးရဲ့ ပယောဂ မကင်းဘူးမလား။

"ကို..ကို"
နောက်ကနေ အသံပိစိလေးနဲ့ ခေါ်နေသော ကောင်လေးပါလေ။ ဒီလူက ဒါတွေကြောင့် ဘယ်လိုစိတ်မျိုးနဲ့စိတ်ဆိုးရက်တော့မှာလဲ။

"အင်း"

ကောင်လေး ခုတင်ပေါ်ကဆင်းလာပြီး ကောင်းနားကို ရောက်လာတယ်ဆိုတာ ခံစားမိပေမဲ့ နောက်ကိုလှည့်မကြည့်ဖြစ်။ အင်္ကျီထည့်ခြင်းအမှုကိုသာ ဆက်လက်လုပ်‌ဆောင်နေမိသည်။

"ကို..ကို သားကို စိတ်မဆိုးပါနဲ့ သားမနေတတ်လို့ပါ ဟင့်"
ရှိုက်သံတွေထွက်သည်အထိ တရှုံ့ရှုံ့ငိုနေတော့ ကောင်း မစိမ်းကားရက်တော့ပါ။

"ကိုကို စိတ်မဆိုးပါဘူး ဒီအတိုင်းပဲ အင်း..ဒီအတိုင်းပဲ ဘာမှမဖြစ်ဘူး"
ကောင်း သက်ပြင်းဖွဖွချရင်း ပြောလေတော့ ကောင်လေးက ဟုတ်ရဲ့လားဆိုသည့် ရှာဖွေအကြည့်ဖြင့် စူးစမ်းလေရဲ့။ သူ့ညီမလေးမှာရှိတဲ့ မျက်လုံးဝိုင်းကြီးတွေထက်ပင် ပို၍ကြီးမားသည့် ပုလဲလုံးတွေက စိုစွတ်နေတော့ အကာအကွယ်ဖြစ်တဲ့ မျက်တောင်မွေးရှည်တွေကလည်း မည်းခဲနေလေရဲ့။

"အဲ့ဆို ဘာလို့စကားမပြောတာလဲ"

"ဒီအတိုင်းပဲ ကိုကို နည်းနည်းပင်ပန်းနေလို့နော် စိတ်ဆိုးတာမဟုတ်ဘူး"

"အခု ကိုကိုတို့ သွားတော့မှာပေါ့နော်"
ကောင်လေးက မျက်နှာ‌ငယ်လေးနဲ့ မေးလာတော့ ကောင်း ဘယ်လိုပြန်ဖြေရမှန်းမသိ။ 'အင်း ဟုတ်တယ် ကိုကို မရှိတဲ့အချိန်လိမ်လိမ်မာမာနေခဲ့နော်' လို့လည်း မပြောရက်။ သူ့မှာ ကိုယ်ကလွဲရင် ဘယ်သူမှမရှိလေတော့ ကောင်း သေချာနားလည်ထားတဲ့ အထီးကျန်ဆန်မှုကို ထိုကောင်‌လေးအတွက်တော့ လက်ဆောင်မပေးချင်ပါ။ အဲ့တာက ဘယ်လောက်၀မ်းနည်းစေတယ်ဆိုတာ ကောင်းကောင်းသိတယ်လေ။

တစ်ယောက်တည်းလည်း ချန်မထားရက်ခဲ့ ခေါ်သွားဖို့ကျ ၀န်လေးနေမိတဲ့ ကောင်းရဲ့ဒွန်တွဲနေတဲ့ စိတ်ကြောင့် ကိုယ်တိုင်လမ်းစပျောက်နေမိသည်။

"အင်း ဟုတ်တယ်"
‌နောက်ဆုံးတော့ စိတ်ကိုချုပ်တည်းပြီး ပြောလိုက်တဲ့ စကားကလည်း ကောင်လေးကို အလိုအလျောက် "အော်" ဆိုတဲ့ အာမေဍိတ်စကားတစ်လုံးကိုသာ တုံ့ပြန်စေခဲ့ပြီး ၀မ်းနည်းစေပြန်တယ်။

"သားပြီးပြီလား"
ဖွင့်စရာမလိုတဲ့ တံခါးပေါက်ကိုတောင် အသံပေးပြီးမှ ၀င်တဲ့ဖေဖေက အားလုံးကို သိပြီးသားဖြစ်မှာပေါ့လေ။

"ဟုတ်ပြီးပြီ"
ကောင်း ထည့်နေသည့် အိတ်ကိုလက်စသတ်ပိတ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ကောင်လေးကတော့ ခုတင်ပေါ်တက်ပြေးတာပေါ့။ သူရဲ့ ကိုယ်ကလွဲရင် ကြောက်တတ်တဲ့ စိတ်အခြေကိုတော့ ‌နောက်နေ့အခွင့်ကြုံရင် ဖျောက်ပေးဦးမယ်။

"ပြီးရင် သွားကြရအောင် သားယူချင်တဲ့ဟာတွေ မေ့နေဦးမယ်နော်"

"အကုန်ပါတယ်ဖေဖေ"

"အေးပါကွာ ဟုတ်ပါပြီ၊ လာလာ အောက်မှာ မနက်စာစားသွားရအောင် မေမေစောင့်နေတယ်"

ကောင်း တံခါးပေါက်မပိတ်ခင် ခုတင်ပေါ်ကကောင်လေးကို နောက်ဆုံးအနေနဲ့ လှမ်းကြည့်လိုက်မိသည်။

တမ်းတခြင်းတွေက ဘယ်သူ့ထံကလဲဆိုတာ မသိသော်လည်း ရင်ဘတ်နှစ်ခုကတော့ စိုစွတ်‌နေခဲ့တယ်။
သက်သေတွေကတော့ မျက်၀န်းထဲက ငွေ့ရည်တွေပဲ။

"ကောင်း မင်း အဆင်ပြေသွားပြီလား"
ထမင်းစားခန်းထဲ ၀င်၀င်ခြင်း ထိုင်စောင့်နေသည့် မေမေကတော့ နာမ်စား‌အသစ်အဆန်းတွေ‌သုံးပြီး ကောင်းကို ဆို့နင့်စေပြန်တယ်။

"ဟုတ်"
ကောင်းနဲ့ ဖေဖေထိုင်ခုံမှာ ၀င်ထိုင်လိုက်ကြပြီး မနက်စာစားနေလိုက်သည်။ မေမေစိုက်ကြည့်နေတာ သိသော်လည်း မော့မကြည့်ရဲပါ။

ကောင်းကိုဘာလို့ မေမေစိတ်ဆိုးနေတာလည်း ဆိုတာ သေချာမသိ။ ဟို ကောင်လေးကို ခေါ်ထားလို့လား။ အခုပုံစံ ကြည့်ရတာတော့ မေမေသေချာသိပုံမရသေး‌ပေ။ ဒါပေမဲ့ အခုမေမေက မီးမညှိရသေးတဲ့ ကောက်ရိုးပုံကြီးနဲ့တူနေတာကြောင့် မီးစတစ်စလေးပင် မထိမိအောင် သေချာသတိထားနေရသည်။

"ထိပ်ထားရာ မင်းတစ်ချိန်လုံး သားကိုပဲစိုက်ကြည့်နေ‌တော့မှာလား၊ သားစားရတာမဖြောင့်အောင်ကွာ"
ဖေဖေကပြောတော့ ‌မေမေက...
"ကျွန်မသားကိုတောင် ကြည့်ပိုင်ခွင့်မရှိတော့ဘူးလား"

"အဲ့လိုမဟုတ်ဘူးလေ မင်းက ရိုးရိုးကြည့်တာမှမဟုတ်တာ၊ ငါပြောပြီးပြီပဲ ခရီးထွက်လိုက်ရင် အဆင်ပြေသွားမှာလို့ မနေ့ညကလည်း အတန်တန်မှာပြီးပြီကိုကွာ"

ဖေဖေ မနေ့ညက မေမေ့ကိုဘာတွေပြောထားလဲမသိပါ။ သို့သော် မေမေကတော့ တစ်ခုခုကိုတွေးမိသွားသလို ဘာမှဆက်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။
တဆိတ် မေမေ့ရဲ့ မျက်လုံးထဲမှာ မလုံမလဲ ဖြစ်ခြင်းတွေကို တွေ့လိုက်ရသလားလို့။

"ကျွန်မ အိတ်တွေ သွားယူလိုက်ဦးမယ် စားနှင့်ကြ"

မေမေထွက်သွားပြီး တစ်ခဏကြာတော့ ဖေဖေက ကောင်းကိုစကားစလာသည်။
"သား အဆင်ပြေရဲ့လား၊ ဖေဖေ့ကိုပြောပြချင်တာ ရှိလား"

ကောင်း မျက်လုံးတွေထဲကနေ အဖြေကိုမရမကစူးစမ်းရှာဖွေနေတဲ့ ဖေဖေ့ကြောင့် ကောင်း မျက်နှာလွဲလိုက်သည်။

"သားက မပြောချင်သေးဘူးနဲ့တူတယ်၊ ဒါပေမဲ့ စိတ်ကိုချုပ်မထားနဲ့ ကိုယ်ဖြစ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်နော်"

"ဟုတ်"

"ပြီးတော့ ဖေဖေ့ကို အချိန်မရွေးရင်ဖွင့်လို့ရတယ်၊ မင်းမေမေကို‌မပြောချင်တာတွေကိုလည်း လာပြောလို့ရတယ်‌နော်၊ တချို့တချို့တွေက သားအဖချင်း ပိုပြီးနာလည်ပေးနိုင်တယ် သား"

ဖေဖေလည်း နောက်ဆုံးတော့ ကောင်းကိုဖွင့်ဟစေချင်တာပဲ။ ဒါပေမဲ့ မပြောဘူး။ သူပြောလိုက်ရင် ဟိုကောင်လေး သူ့နားက ပျောက်ကွယ်သွားလိမ့်မယ်။

"နောက်ပြီး ဖေဖေကိုပြောပြတာတွေကို မင်းအမေကိုပြန်မပြောဘူးလို့ ကတိပေးတယ်၊ သားလည်းသိသားနဲ့ သူကဒေါသထွက်လွယ်တယ်ဆိုတာ၊ ဒါပေမဲ့ ကရုဏာဒေါသပါ သားနားလည်မှာပါ"

"ဟုတ်ဖေဖေ"

"ကဲ ဒါဆို သားမေ့ကျန်ခဲ့တဲ့ဟာကို သွားယူချည်ဦး"

"ဗျာ ဖေဖေ ဘာပြောတာလဲ"
အပေါ်မှာ ကျန်ခဲ့တာဆိုလို့ ဟိုကောင်လေးပဲရှိတာလေ။
ဖေဖေက ကျန်ခဲ့တာဆိုတော့ သူ့ကိုလား!! မဖြစ်နိုင်လိုက်တာ။

"ဟုတ်တယ် သားထင်နေတဲ့ဟာပဲ၊ သားသူမရှိရင် မနေနိုင်ဘူးမလား"

"ဘာကိုပြောတာလဲ ဖေဖေ"

"ဟော သားကလည်း အ'လိုက်တာကွာ၊ သားရဲ့ပန်းလေးကို ပြောနေတာ"

"ဗျာ"

~~~~~~~~~~~~~~~~~

Last night...

"သားက‌ဘာပြောလဲဟင် မြန်မြန်ပြောပါဦး ကိုကျော်ရယ် ကျွန်မရင်တွေ ပူလွန်းလို့ပါ"

အခန်းတံခါးဖွင့်ဖွင့်ချင်း အနားရောက်လာတဲ့ ထိပ်ထားကြောင့် ဘာဖြေရမှန်းမသိ။ အားလုံးကောင်းဖို့ အတွက်လိမ်သင့်ရင် လိမ်ရမှာပဲ။

ခုတင်ပေါ် ထိုင်လိုက်ရင်း
"ဖြည်းဖြည်းမေးပါကွာ"

"ဟမ်လို့ မြန်မြန်ပြောစမ်းပါ၊ သားကဘာလို့ တစ်ယောက်တည်း စကားတွေပြောနေရတာလဲ၊ ပြီးတော့ အဲ့တာက တစ်ကြိမ်နှစ်ကြိမ်မဟုတ်တော့ဘူး၊ အဲ့တာဘာဖြစ်တာလဲ၊ သားလေးတစ်ခုခုဖြစ်နေတာတော့ မဟုတ်ပါဘူးနော် မေးတာဖြေပါဦး ကိုကျော်သစ်လွင်"

"အေးဟ ဖြေမယ် မင်းက တရစပ်မေးနေတာကို ငါကဘယ်လို စဖြေပေးရမှန်း‌တောင်မသိတော့ဘူး၊
သားက ငါကြည့်ရသလောက်တော့ ဘာမှမဖြစ်ပါဘူးကွာ၊ ဒီအတိုင်း အိမ်မှာ တစ်ယောက်တည်း နေပါများတော့ ဘယ်သူမှမရှိလည်း ကိုယ့်ကိုယ်ကိုယ် စကားပြန်ပြောတတ်တဲ့ အကျင့်ဖြစ်သွားတာထင်တယ်၊ အဲ့တာကလည်း ဘာမှစိုးရိမ်စရာမရှိဘူး၊ ကိုယ့်ကိုယ်ကိုယ် စကားပြန်ပြောတဲ့သူတွေက ဉာဏ်ကောင်းပြီး ထက်မြက်တယ်လို့တောင် ဖတ်ဖူးသေးတယ်၊ ပြီးတော့ မင်းလည်း စဉ်းစားကြည့်လေ မင်းလည်း တစ်နေ့တစ်နေ့ အလုပ်သွားအလုပ်ပြန်နဲ့ အိမ်မှာနေတဲ့ အချိန်က ညအိပ်ချိန်ပဲရှိတာ၊ ငါလည်း ‌တစ်ပတ်မှ သုံးလေးရက်‌လောက်ပဲ ပြန်လာတာ၊ အဲ့တော့ သားက ဘယ်သူနဲ့စကားသွားပြောရမှာတုန်းဟ၊ နောက်ပြီး သားကအပြင်သိပ်ထွက်တတ်တဲ့ ကလေးမဟုတ်တော့၊ သင်တန်းတက်ပြီးအိမ် အိမ်ကနေသင်တန်း ဒီလောက်ပဲသွားစရာရှိတာ၊ အဲ့တော့ ပျင်းရင် တစ်ယောက်တည်းစကားပြောတာ မဆန်းပါဘူးကွာ"

"ကျစ်..ရှင်မသိဘူးနော် အဲ့လို ကိုယ့်ကိုယ်ကိုယ် စကားပြန်ပြောတဲ့ ပုံစံမဟုတ်ဘူး၊ တစ်ယောက်ယောက်ကိုပြောနေတဲ့ ပုံစံ၊ တကယ်ကိုချောက်ချားစရာကြီး၊ ဘယ်သူမှမရှိတဲ့ လေကို စကားပြန်ပြောသလိုမျိုးနဲ့ အရူးတွေလိုမျိုး"

"ဟာ မင်းကတော့လေ ကိုယ့်သားကိုယ် အရူးလို့ပြန်ပြောနေတာ တကယ်ပဲ၊ ငါပြောပြီးပြီလေ၊ ရူးနေတာလည်းမဟုတ်ပါဘူးလို့"

"ကျွန်မက အဲ့လိုပြောတာမဟုတ်ပါဘူး၊ စိတ်ပူလို့ပါ"

"အေးပါ ဟုတ်ပါပြီ ဒါနဲ့ငါမနေ့ကပြောထားတဲ့ ကိစ္စလေ၊ မိသားစုလိုက် ချောင်းသာသွားမဲ့အစီအစဥ်လေ အဲ့တာ အဆင်ပြေတယ်၊ သားကိုတောင် ပြောခဲ့ပြီးပြီ၊ မနက်ဖြန်စောစောသွားရမှာလို့၊ အဲ့ကျမှတစ်ယောက်နဲ့တစ်ယောက် ပိုပြီး ရင်ဘတ်ချင်းနီးအောင်ကြိုးစားကြတာပေါ့ကွာ၊ အခုက အတူနေနေပေမဲ့ ဝေးကွာနေသလို ခံစားနေရတယ် ငါတော့ မိသားစုပိုပြီး ရင်းရင်းနှီးနှီးနေချင်တယ်၊ အဲ့တော့ မင်းလည်း သားရှေ့မှာ ဟိုမေးဒီမေးမလုပ်နဲ့ သားကိုစိတ်ညစ်အောင် မလုပ်မိစေနဲ့၊ သားကမိဘရင်ခွင်နဲ့ဝေးကွာနေတာကြာတော့ စိတ်မကောင်းဖြစ်နေရှာတာ"

"ဟုတ်ပါပြီ"

~~~~~~~~~~~~~~~~~~~~

To be continued...
A/N လိုအပ်ချက်လေးတွေ ပြောပြပေးကြပါဦးနော်။
စာလုံးပေါင်းမှားရင်လည်း အားမနာတမ်းလာပြောပေးကြပါလို့။

~~~~~~~~~~~~~~~~~~~~

Zawgyi

ေခါင္ရမ္းတစ္ပြင့္ မွသည္...

ေကာင္း ညတည္းက အိပ္မေပ်ာ္တာ အခုဆို မနက္၃နာရီေတာင္ခြဲေနၿပီ။ အိပ္ရာေပၚမွာ လူးလိမ့္ေနမိတာ။ ေကာင္ေလးကေတာ့ ေနရာမေ႐ြ႕‌ေပ။ ခုတင္ေထာင့္ေလးမွာပဲ ကုတ္ကုတ္ေလး ေခါင္းငုံ႕ထားေလရဲ႕။ ေဖေဖထြက္သြားၿပီးတည္းက ႏွစ္ေယာက္လုံး ဘာစကားမွ ထပ္မေျပာေတာ့ပါ။

ေကာင္းလည္း ကိုယ္တိုင္ကိုက စိတ္ညစ္ေနတာေၾကာင့္ စကားမစမိ။ ဘာကိုအစခ်ီေျပာရမွန္းလည္း မသိပါ။
ေဖေဖ ေျပာသြားခဲ့တဲ့ စကားကသာ ေခါင္းထဲ ေခါက္တုံ႕ေခါက္ျပန္ ၾကားေယာင္ေနမိသည္။
'စတင္လိုက္တဲ့ အရာအားလုံးကို အဆုံးထိ တာ၀န္ယူဖို႔ အေတြးရွိမွ စတင္သင့္တယ္' တဲ့လား။

ဒါဆို သူက‌ေရာ ဘာေတြကို စတင္ထားၿပီး ဘာေတြကို အဆုံးသတ္ဖို႔ရွိ‌ေနတာလဲ။ သူ႕ဘ၀မွာ စတင္ခ်င္႐ုံ သက္သက္နဲ႕ေတာ့ ဘယ္ေတာ့မွ ေပါ့ျပက္ျပက္ မေတြးခဲ့ မလုပ္ခဲ့ပါ။

ေဒါက္..ေဒါက္..
"သားေရ ထေတာ့ေဟ့..သားေရ သား"

ေဖေဖ တံခါးလာေခါက္ေတာ့ ေကာင္း ခပ္ယိုင္ယိုင္နဲ႕ ထဖြင့္ေပးလိုက္သည္။ မ်က္လုံးေထာင့္ကေန လွ်ပ္တျပက္ ျမင္လိုက္ရတဲ့ ဆက္ခနဲတုန္သြားတဲ့ ခႏၶာကိုယ္ေလးကိုလည္း ဥေပကၡာျပဳရင္းေပါ့။ ဘာေတြဒီေလာက္ေၾကာက္လန႔္ေနရတာလဲ ေကာင္ေလးရာ။

"သားနိုးေနတာလား ဒါဆိုလည္း ေရခ်ိဳး၊ ၿပီးရင္
တပတ္စာေလာက္၀တ္ဖို႔ ထုပ္ခဲ့ေနာ္"

"ဟုတ္"
နိုးေနတာ မဟုတ္ဘဲ အခုထိမအိပ္ရေသးတာကိုေတာ့ မေျပာျပျဖစ္လိုက္။ ၿပီးေတာ့ တပတ္စာဆိုေတာ့လည္း ထုပ္လိုက္႐ုံေပါ့ ျငင္းပယ္ခြင့္အျပည့္အ၀မွ မရွိေသးတာ။

ေကာင္းေရခ်ိဳး အ၀တ္အစားလဲၿပီးသည္ထိ ေကာင္ေလးက ထိုေနရာမွ မေ႐ြ႕ေသး။ ဘာမွမေျပာေတာ့ဘဲ ယူဖို႔အ၀တ္အစားေတြသာ ထုတ္ေနလိုက္သည္။ တကယ္တမ္း ေျပာရရင္ မိဘေတြနဲ႕ ဒီလိုစိတ္၀မ္းကြဲတာကလည္း ေကာင္ေလးရဲ႕ ပေယာဂ မကင္းဘူးမလား။

"ကို..ကို"
ေနာက္ကေန အသံပိစိေလးနဲ႕ ေခၚေနေသာ ေကာင္ေလးပါေလ။ ဒီလူက ဒါေတြေၾကာင့္ ဘယ္လိုစိတ္မ်ိဳးနဲ႕စိတ္ဆိုးရက္ေတာ့မွာလဲ။

"အင္း"

ေကာင္ေလး ခုတင္ေပၚကဆင္းလာၿပီး ေကာင္းနားကို ေရာက္လာတယ္ဆိုတာ ခံစားမိေပမဲ့ ေနာက္ကိုလွည့္မၾကည့္ျဖစ္။ အကၤ်ီထည့္ျခင္းအမႈကိုသာ ဆက္လက္လုပ္‌ေဆာင္ေနမိသည္။

"ကို..ကို သားကို စိတ္မဆိုးပါနဲ႕ သားမေနတတ္လို႔ပါ ဟင့္"
ရွိုက္သံေတြထြက္သည္အထိ တရႈံ႕ရႈံ႕ငိုေနေတာ့ ေကာင္း မစိမ္းကားရက္ေတာ့ပါ။

"ကိုကို စိတ္မဆိုးပါဘူး ဒီအတိုင္းပဲ အင္း..ဒီအတိုင္းပဲ ဘာမွမျဖစ္ဘူး"
ေကာင္း သက္ျပင္းဖြဖြခ်ရင္း ေျပာေလေတာ့ ေကာင္ေလးက ဟုတ္ရဲ႕လားဆိုသည့္ ရွာေဖြအၾကည့္ျဖင့္ စူးစမ္းေလရဲ႕။ သူ႕ညီမေလးမွာရွိတဲ့ မ်က္လုံးဝိုင္းႀကီးေတြထက္ပင္ ပို၍ႀကီးမားသည့္ ပုလဲလုံးေတြက စိုစြတ္ေနေတာ့ အကာအကြယ္ျဖစ္တဲ့ မ်က္ေတာင္ေမြးရွည္ေတြကလည္း မည္းခဲေနေလရဲ႕။

"အဲ့ဆို ဘာလို႔စကားမေျပာတာလဲ"

"ဒီအတိုင္းပဲ ကိုကို နည္းနည္းပင္ပန္းေနလို႔ေနာ္ စိတ္ဆိုးတာမဟုတ္ဘူး"

"အခု ကိုကိုတို႔ သြားေတာ့မွာေပါ့ေနာ္"
ေကာင္ေလးက မ်က္ႏွာ‌ငယ္ေလးနဲ႕ ေမးလာေတာ့ ေကာင္း ဘယ္လိုျပန္ေျဖရမွန္းမသိ။ 'အင္း ဟုတ္တယ္ ကိုကို မရွိတဲ့အခ်ိန္လိမ္လိမ္မာမာေနခဲ့ေနာ္' လို႔လည္း မေျပာရက္။ သူ႕မွာ ကိုယ္ကလြဲရင္ ဘယ္သူမွမရွိေလေတာ့ ေကာင္း ေသခ်ာနားလည္ထားတဲ့ အထီးက်န္ဆန္မႈကို ထိုေကာင္‌ေလးအတြက္ေတာ့ လက္ေဆာင္မေပးခ်င္ပါ။ အဲ့တာက ဘယ္ေလာက္၀မ္းနည္းေစတယ္ဆိုတာ ေကာင္းေကာင္းသိတယ္ေလ။

တစ္ေယာက္တည္းလည္း ခ်န္မထားရက္ခဲ့ ေခၚသြားဖို႔က် ၀န္ေလးေနမိတဲ့ ေကာင္းရဲ႕ဒြန္တြဲေနတဲ့ စိတ္ေၾကာင့္ ကိုယ္တိုင္လမ္းစေပ်ာက္ေနမိသည္။

"အင္း ဟုတ္တယ္"
‌ေနာက္ဆုံးေတာ့ စိတ္ကိုခ်ဳပ္တည္းၿပီး ေျပာလိုက္တဲ့ စကားကလည္း ေကာင္ေလးကို အလိုအေလ်ာက္ "ေအာ္" ဆိုတဲ့ အာေမဍိတ္စကားတစ္လုံးကိုသာ တုံ႕ျပန္ေစခဲ့ၿပီး ၀မ္းနည္းေစျပန္တယ္။

"သားၿပီးၿပီလား"
ဖြင့္စရာမလိုတဲ့ တံခါးေပါက္ကိုေတာင္ အသံေပးၿပီးမွ ၀င္တဲ့ေဖေဖက အားလုံးကို သိၿပီးသားျဖစ္မွာေပါ့ေလ။

"ဟုတ္ၿပီးၿပီ"
ေကာင္း ထည့္ေနသည့္ အိတ္ကိုလက္စသတ္ပိတ္လိုက္ၿပီး မတ္တတ္ရပ္လိုက္သည္။ ေကာင္ေလးကေတာ့ ခုတင္ေပၚတက္ေျပးတာေပါ့။ သူရဲ႕ ကိုယ္ကလြဲရင္ ေၾကာက္တတ္တဲ့ စိတ္အေျခကိုေတာ့ ‌ေနာက္ေန႕အခြင့္ႀကဳံရင္ ေဖ်ာက္ေပးဦးမယ္။

"ၿပီးရင္ သြားၾကရေအာင္ သားယူခ်င္တဲ့ဟာေတြ ေမ့ေနဦးမယ္ေနာ္"

"အကုန္ပါတယ္ေဖေဖ"

"ေအးပါကြာ ဟုတ္ပါၿပီ၊ လာလာ ေအာက္မွာ မနက္စာစားသြားရေအာင္ ေမေမေစာင့္ေနတယ္"

ေကာင္း တံခါးေပါက္မပိတ္ခင္ ခုတင္ေပၚကေကာင္ေလးကို ေနာက္ဆုံးအေနနဲ႕ လွမ္းၾကည့္လိုက္မိသည္။

တမ္းတျခင္းေတြက ဘယ္သူ႕ထံကလဲဆိုတာ မသိေသာ္လည္း ရင္ဘတ္ႏွစ္ခုကေတာ့ စိုစြတ္‌ေနခဲ့တယ္။
သက္ေသေတြကေတာ့ မ်က္၀န္းထဲက ေငြ႕ရည္ေတြပဲ။

"ေကာင္း မင္း အဆင္ေျပသြားၿပီလား"
ထမင္းစားခန္းထဲ ၀င္၀င္ျခင္း ထိုင္ေစာင့္ေနသည့္ ေမေမကေတာ့ နာမ္စား‌အသစ္အဆန္းေတြ‌သုံးၿပီး ေကာင္းကို ဆို႔နင့္ေစျပန္တယ္။

"ဟုတ္"
ေကာင္းနဲ႕ ေဖေဖထိုင္ခုံမွာ ၀င္ထိုင္လိုက္ၾကၿပီး မနက္စာစားေနလိုက္သည္။ ေမေမစိုက္ၾကည့္ေနတာ သိေသာ္လည္း ေမာ့မၾကည့္ရဲပါ။

ေကာင္းကိုဘာလို႔ ေမေမစိတ္ဆိုးေနတာလည္း ဆိုတာ ေသခ်ာမသိ။ ဟို ေကာင္ေလးကို ေခၚထားလို႔လား။ အခုပုံစံ ၾကည့္ရတာေတာ့ ေမေမေသခ်ာသိပုံမရေသး‌ေပ။ ဒါေပမဲ့ အခုေမေမက မီးမညွိရေသးတဲ့ ေကာက္ရိုးပုံႀကီးနဲ႕တူေနတာေၾကာင့္ မီးစတစ္စေလးပင္ မထိမိေအာင္ ေသခ်ာသတိထားေနရသည္။

"ထိပ္ထားရာ မင္းတစ္ခ်ိန္လုံး သားကိုပဲစိုက္ၾကည့္ေန‌ေတာ့မွာလား၊ သားစားရတာမေျဖာင့္ေအာင္ကြာ"
ေဖေဖကေျပာေတာ့ ‌ေမေမက...
"ကြၽန္မသားကိုေတာင္ ၾကည့္ပိုင္ခြင့္မရွိေတာ့ဘူးလား"

"အဲ့လိုမဟုတ္ဘူးေလ မင္းက ရိုးရိုးၾကည့္တာမွမဟုတ္တာ၊ ငါေျပာၿပီးၿပီပဲ ခရီးထြက္လိုက္ရင္ အဆင္ေျပသြားမွာလို႔ မေန႕ညကလည္း အတန္တန္မွာၿပီးၿပီကိုကြာ"

ေဖေဖ မေန႕ညက ေမေမ့ကိုဘာေတြေျပာထားလဲမသိပါ။ သို႔ေသာ္ ေမေမကေတာ့ တစ္ခုခုကိုေတြးမိသြားသလို ဘာမွဆက္မေျပာဘဲ တိတ္ဆိတ္ၿငိမ္သက္သြားသည္။
တဆိတ္ ေမေမ့ရဲ႕ မ်က္လုံးထဲမွာ မလုံမလဲ ျဖစ္ျခင္းေတြကို ေတြ႕လိုက္ရသလားလို႔။

"ကြၽန္မ အိတ္ေတြ သြားယူလိုက္ဦးမယ္ စားႏွင့္ၾက"

ေမေမထြက္သြားၿပီး တစ္ခဏၾကာေတာ့ ေဖေဖက ေကာင္းကိုစကားစလာသည္။
"သား အဆင္ေျပရဲ႕လား၊ ေဖေဖ့ကိုေျပာျပခ်င္တာ ရွိလား"

ေကာင္း မ်က္လုံးေတြထဲကေန အေျဖကိုမရမကစူးစမ္းရွာေဖြေနတဲ့ ေဖေဖ့ေၾကာင့္ ေကာင္း မ်က္ႏွာလြဲလိုက္သည္။

"သားက မေျပာခ်င္ေသးဘူးနဲ႕တူတယ္၊ ဒါေပမဲ့ စိတ္ကိုခ်ဳပ္မထားနဲ႕ ကိုယ္ျဖစ္ခ်င္တာကို လြတ္လြတ္လပ္လပ္လုပ္လို႔ရတယ္ေနာ္"

"ဟုတ္"

"ၿပီးေတာ့ ေဖေဖ့ကို အခ်ိန္မေ႐ြးရင္ဖြင့္လို႔ရတယ္၊ မင္းေမေမကို‌မေျပာခ်င္တာေတြကိုလည္း လာေျပာလို႔ရတယ္‌ေနာ္၊ တခ်ိဳ႕တခ်ိဳ႕ေတြက သားအဖခ်င္း ပိုၿပီးနာလည္ေပးနိုင္တယ္ သား"

ေဖေဖလည္း ေနာက္ဆုံးေတာ့ ေကာင္းကိုဖြင့္ဟေစခ်င္တာပဲ။ ဒါေပမဲ့ မေျပာဘူး။ သူေျပာလိုက္ရင္ ဟိုေကာင္ေလး သူ႕နားက ေပ်ာက္ကြယ္သြားလိမ့္မယ္။

"ေနာက္ၿပီး ေဖေဖကိုေျပာျပတာေတြကို မင္းအေမကိုျပန္မေျပာဘူးလို႔ ကတိေပးတယ္၊ သားလည္းသိသားနဲ႕ သူကေဒါသထြက္လြယ္တယ္ဆိုတာ၊ ဒါေပမဲ့ က႐ုဏာေဒါသပါ သားနားလည္မွာပါ"

"ဟုတ္ေဖေဖ"

"ကဲ ဒါဆို သားေမ့က်န္ခဲ့တဲ့ဟာကို သြားယူခ်ည္ဦး"

"ဗ်ာ ေဖေဖ ဘာေျပာတာလဲ"
အေပၚမွာ က်န္ခဲ့တာဆိုလို႔ ဟိုေကာင္ေလးပဲရွိတာေလ။
ေဖေဖက က်န္ခဲ့တာဆိုေတာ့ သူ႕ကိုလား!! မျဖစ္နိုင္လိုက္တာ။

"ဟုတ္တယ္ သားထင္ေနတဲ့ဟာပဲ၊ သားသူမရွိရင္ မေနနိုင္ဘူးမလား"

"ဘာကိုေျပာတာလဲ ေဖေဖ"

"ေဟာ သားကလည္း အ'လိုက္တာကြာ၊ သားရဲ႕ပန္းေလးကို ေျပာေနတာ"

"ဗ်ာ"

~~~~~~~~~~~~~~~~~

Last night...

"သားက‌ဘာေျပာလဲဟင္ ျမန္ျမန္ေျပာပါဦး ကိုေက်ာ္ရယ္ ကြၽန္မရင္ေတြ ပူလြန္းလို႔ပါ"

အခန္းတံခါးဖြင့္ဖြင့္ခ်င္း အနားေရာက္လာတဲ့ ထိပ္ထားေၾကာင့္ ဘာေျဖရမွန္းမသိ။ အားလုံးေကာင္းဖို႔ အတြက္လိမ္သင့္ရင္ လိမ္ရမွာပဲ။

ခုတင္ေပၚ ထိုင္လိုက္ရင္း
"ျဖည္းျဖည္းေမးပါကြာ"

"ဟမ္လို႔ ျမန္ျမန္ေျပာစမ္းပါ၊ သားကဘာလို႔ တစ္ေယာက္တည္း စကားေတြေျပာေနရတာလဲ၊ ၿပီးေတာ့ အဲ့တာက တစ္ႀကိမ္ႏွစ္ႀကိမ္မဟုတ္ေတာ့ဘူး၊ အဲ့တာဘာျဖစ္တာလဲ၊ သားေလးတစ္ခုခုျဖစ္ေနတာေတာ့ မဟုတ္ပါဘူးေနာ္ ေမးတာေျဖပါဦး ကိုေက်ာ္သစ္လြင္"

"ေအးဟ ေျဖမယ္ မင္းက တရစပ္ေမးေနတာကို ငါကဘယ္လို စေျဖေပးရမွန္း‌ေတာင္မသိေတာ့ဘူး၊
သားက ငါၾကည့္ရသေလာက္ေတာ့ ဘာမွမျဖစ္ပါဘူးကြာ၊ ဒီအတိုင္း အိမ္မွာ တစ္ေယာက္တည္း ေနပါမ်ားေတာ့ ဘယ္သူမွမရွိလည္း ကိုယ့္ကိုယ္ကိုယ္ စကားျပန္ေျပာတတ္တဲ့ အက်င့္ျဖစ္သြားတာထင္တယ္၊ အဲ့တာကလည္း ဘာမွစိုးရိမ္စရာမရွိဘူး၊ ကိုယ့္ကိုယ္ကိုယ္ စကားျပန္ေျပာတဲ့သူေတြက ဉာဏ္ေကာင္းၿပီး ထက္ျမက္တယ္လို႔ေတာင္ ဖတ္ဖူးေသးတယ္၊ ၿပီးေတာ့ မင္းလည္း စဥ္းစားၾကည့္ေလ မင္းလည္း တစ္ေန႕တစ္ေန႕ အလုပ္သြားအလုပ္ျပန္နဲ႕ အိမ္မွာေနတဲ့ အခ်ိန္က ညအိပ္ခ်ိန္ပဲရွိတာ၊ ငါလည္း ‌တစ္ပတ္မွ သုံးေလးရက္‌ေလာက္ပဲ ျပန္လာတာ၊ အဲ့ေတာ့ သားက ဘယ္သူနဲ႕စကားသြားေျပာရမွာတုန္းဟ၊ ေနာက္ၿပီး သားကအျပင္သိပ္ထြက္တတ္တဲ့ ကေလးမဟုတ္ေတာ့၊ သင္တန္းတက္ၿပီးအိမ္ အိမ္ကေနသင္တန္း ဒီေလာက္ပဲသြားစရာရွိတာ၊ အဲ့ေတာ့ ပ်င္းရင္ တစ္ေယာက္တည္းစကားေျပာတာ မဆန္းပါဘူးကြာ"

"က်စ္..ရွင္မသိဘူးေနာ္ အဲ့လို ကိုယ့္ကိုယ္ကိုယ္ စကားျပန္ေျပာတဲ့ ပုံစံမဟုတ္ဘူး၊ တစ္ေယာက္ေယာက္ကိုေျပာေနတဲ့ ပုံစံ၊ တကယ္ကိုေခ်ာက္ခ်ားစရာႀကီး၊ ဘယ္သူမွမရွိတဲ့ ေလကို စကားျပန္ေျပာသလိုမ်ိဳးနဲ႕ အ႐ူးေတြလိုမ်ိဳး"

"ဟာ မင္းကေတာ့ေလ ကိုယ့္သားကိုယ္ အ႐ူးလို႔ျပန္ေျပာေနတာ တကယ္ပဲ၊ ငါေျပာၿပီးၿပီေလ၊ ႐ူးေနတာလည္းမဟုတ္ပါဘူးလို႔"

"ကြၽန္မက အဲ့လိုေျပာတာမဟုတ္ပါဘူး၊ စိတ္ပူလို႔ပါ"

"ေအးပါ ဟုတ္ပါၿပီ ဒါနဲ႕ငါမေန႕ကေျပာထားတဲ့ ကိစၥေလ၊ မိသားစုလိုက္ ေခ်ာင္းသာသြားမဲ့အစီအစဥ္ေလ အဲ့တာ အဆင္ေျပတယ္၊ သားကိုေတာင္ ေျပာခဲ့ၿပီးၿပီ၊ မနက္ျဖန္ေစာေစာသြားရမွာလို႔၊ အဲ့က်မွတစ္ေယာက္နဲ႕တစ္ေယာက္ ပိုၿပီး ရင္ဘတ္ခ်င္းနီးေအာင္ႀကိဳးစားၾကတာေပါ့ကြာ၊ အခုက အတူေနေနေပမဲ့ ေဝးကြာေနသလို ခံစားေနရတယ္ ငါေတာ့ မိသားစုပိုၿပီး ရင္းရင္းႏွီးႏွီးေနခ်င္တယ္၊ အဲ့ေတာ့ မင္းလည္း သားေရွ႕မွာ ဟိုေမးဒီေမးမလုပ္နဲ႕ သားကိုစိတ္ညစ္ေအာင္ မလုပ္မိေစနဲ႕၊ သားကမိဘရင္ခြင္နဲ႕ေဝးကြာေနတာၾကာေတာ့ စိတ္မေကာင္းျဖစ္ေနရွာတာ"

"ဟုတ္ပါၿပီ"

~~~~~~~~~~~~~~~~~~~~

To be continued...
A/N လိုအပ္ခ်က္ေလးေတြ ေျပာျပေပးၾကပါဦးေနာ္။
စာလုံးေပါင္းမွားရင္လည္း အားမနာတမ္းလာေျပာေပးၾကပါလို႔။

Weiterlesen

Das wird dir gefallen

5M 404K 57
#July - 17 - 2020 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသာဖ...
815K 111K 110
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့...
174K 3.8K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023