(157)
လာစမ်းပါဦး...ဒေါက်....!...."
ခေါင်းကိုပဲလာလာခေါက်နေကြတာလူလည်းအာကာသထဲရောက်ချင်နေပြီ......
ခေါင်းကွဲပါပြီ..."
"ဘာမှမဖြစ်ပါဘူး...
ကမ္ဘာ့အပြင်ဘက်တောင်ရောက်သွားချင်တယ်.."
"ကျက်သရေတုံး...ကမ္ဘာပေါ်မှာမင်းပဲအယုတ်မာဆုံး...ဒေါက်..."
"အမေ့...ခေါင်းကွဲပါပြီ..."
"အဟဲ...တကူးတကကိုဝယ်ထားရတာ...ဒီဆေးတွေဈေးကြီးတယ်သိလား..."
"ဈေးကြီးကြီးပေးပြီးတော့ငါ့ကိုဒုက္ခပေးချင်ဦး...ကွာ..."
"ခွေးသူတောင်းစား...
အဲဒီဈေးကြီးကြီးပေးရတဲ့ဆေးကိုမင်းပဲသောက်ပြီး...
Unicode
(157)
"ဟိုအကောင်...ကိုယ့်လူကိုကိုယ်ဘာဖြစ်နေမှန်းသတိမထားမိလောက်အောင်နင်တော်တော်ကိုအာရုံများနေတယ်ပေါ့...
လာစမ်းပါဦး...ဒေါက်....!...."
ဒေါ်နေနေကအခန်းထဲရောက်လာတာနဲ့သျှောင့်ခေါင်းကိုအရင်ပြေးခေါက်သည်...။
အပြစ်ကကျောက်စိမ်းကိုဂရုမစိုက်မိလို့တဲ့...။
ညဦးတုန်းကအရက်တွေသောက်နေတာကိုဒေါ်နေနေကမြင်ထားတော့ကိုယ်ဝန်ထိခိုက်မှာကိုစိတ်ပူသွားခဲ့တာပါ။
"အောင်မလေးဗျ...လာပြန်ပြီ...နာပါတယ်ဆိုမှ...အားလာ့လာ့....မေမေ...တော်ပြီ၊ ထပ်မခေါက်နဲ့တော့...
သောက်ထားလို့မူးနေတာပါဆိုမှ...
ခေါင်းက်ိုပဲလာလာခေါက်နေကြတာလူလည်းအာကာသထဲရောက်ချင်နေပြီ......
အောင်မလေး...လေး...ရက်စက်လိုက်ကြတာ....
ခေါင်းကွဲပါပြီ..."
ခုနကကျောက်စိမ်းကသူ့ကိုခေါက်ထားတဲ့အနာကမပျောက်သေးဘူး...
ဒေါ်နေနေရဲ့လက်ဆစ်ကောင်းမှုကြောင့်အီစလံထပ်ဝေသွားရသည်။
"ငသျှောင်...သူကိုယ်ဝန်ရှိနေတာနင်မသိဘူးလားဟင်...သူ့ကိုဒီလောက်တောင်ဂရုမစိုက်နိုင်ဘူးလား"
"ဟာ...ကျွန်တော်ဘယ်သိမှာလဲ...သူတောင်သူ့ဘာသာမသိဘဲဟာကို၊
ကျွန်တော်သိရအောင်ကလည်းမိန်းကလေးလိုရာသီလာနေတာမှမဟုတ်တာ...
ဒီလရာသီမလာတော့လို့ဆိုရင်တော့စစ်ဆေးမိမှာပေါ့..."
"ဟဲ့...အော်...ဒုက္ခပဲ...ဘယ်လိုတွေတောင်ပြေယလိုက်တာလဲ..."
နှုတ်ခမ်းတထော်ထော်နဲ့ပက်ကနဲပြန်ပြောတဲ့စကားတွေဗြောင်ကျလွန်းလို့အမေနှစ်ယောက်တောင်မှအိုးတိုးအမ်းတမ်း...
ငသျှောင်ဆိုတာအဲဒီလိုအလိုက်မသိဘဲဗြောင်ကျတတ်တာပါဆို။
"ဟဲ့...စကားကိုဆင်ခြင်ပြောစမ်းပါ...ငါ့နှယ်လက်ယားလိုက်တာ...လာဦး..."
သူ့ဗိုက်ကြောဆီလက်တစ်ဖက်ကိုချည်းကပ်လာတဲ့ဒေါ်နေနေ့ကြောင့်...
ငသျှောင်တို့အော်ပြီးခပ်ဝေးဝေးကိုပြေးရတော့သည်...။
"မလုပ်ကြပါနဲ့တော့...ကျောက်စိမ်းကထုလိုက်၊ မေမေကခေါက်လိုက်နဲ့...လူလဲလက်သုတ်ဖတ်ဖြစ်နေပြီ..."
ရှုံ့ရှုံ့မဲ့မဲ့နဲ့သူ့ငယ်ထိပ်လေးသူပြန်ပွတ်ပြီးပြေးသွားတဲ့ဦးသျှောင့်ကိုဒေါ်နေနေကမျက်စောင်းပိတ်ထိုးပြီးကျောက်စိမ်းဆီလှည့်ရ၏။
"ဘယ်လိုဖြစ်တာလဲ...သားရယ်...
ဗိုက်အောင့်တာသက်သာပြီလား...ဆေးကရော...သောက်ပြီးပြီလား..."
"ဘာမှမဖြစ်ပါဘူး...
အစားကြောင့်ဗိုက်အောင့်တာပါ...ဆေးကအခုမှသောက်မှာ..."
"အိပ်ယာထဲလဲနေတာမဟုတ်ဘူးသားရယ်...ဒီဆိုဖာခုံကြီးမှာ..."
"အာ...မားနေ့ကလဲ...ကျွန်တော်ကဘာမှဖြစ်တာမှမဟုတ်တာ...အရေးမကြီးပါဘူး..."
"ဒါကအရေးမကြီးတာလားသားရဲ့..."
သူ့ဗိုက်လေးကိုဒေါ်နေနေကလက်ညိုးလေးထိုးကာခပ်ပြုံးပြုံးလေးပြောလာတော့...အနေရခက်ပြန်သည်...။
"ဟိုအဲဒါကသေမှမသေချာတာ...လက်ကောက်ဝတ်ကိုစမ်းတာကယေဘုယျပဲသိတာလေ..."
"အဟင်း...စမ်းသပ်တာသေချာချာမချာချာ၊ သားပုံစံကအဲဒီလိုကိုဖြစ်နေတာ၊
မေမေနဲ့တောင်ပြောဖြစ်သေးတယ်သားရဲ့..
အခုတလောသားကနည်းနည်းထူးခြားနေလို့လေ..."
"အာ...အဲဒါက...ဟို...တိုက်ဆိုင်တာနေမှာပါ..."
"အဟင်း...တိုက်ဆိုင်တာဆိုရင်တောင်မှ...ဆရာဝန်သုံးလေးယောက်စလုံးကဒီတလေသံထဲထွက်ပါ့မလားကွယ်..."
ဒေါ်နေနေကကျောက်စိမ်းရဲ့ဆံပင်လေးတွေကိုတယုတယသပ်တင်ပေးရင်းနဲ့ပြော၏။
ဒေါ်ယုယကတော့သူတို့ချွတ်ပစ်ထားတဲ့အဝတ်တွေလိုက်ကောက်ပြီးချိတ်နဲ့ချိတ်ပေးရင်းတပြုံးပြုံး။
"ဒီတစ်ခါမိန်းကလေးဖြစ်ရင်ကောင်းမှာပဲသားရယ်..."
"ဟုတ်ပါ့...ဒီတစ်ခါမိန်းကလေးမွေးနော်...ကိုကိုလေး...အဟိ..."
ဘယ်တုန်းကအခန်းထဲရောက်လာမှန်းမသိတဲ့ရဲရဲကပါဝင်ထောက်ခံနေတာ၊
"ဘာအဟိလည်း...ကျက်သရေတုံးမ,လေး...
သူမမွေးရတိုင်းပျော်နေတာ...နေဦး...နင့်ကိုလည်းလင်ပေးစားရမယ်..."
"မယူဘူး...ယူရင်လည်းမိန်းမယူမှာ...
ကိုကိုလေးတောင်ယောကျာ်းယူသေးတာပဲ..."
"ဒီ...လဒမလေး...ငါထုထည့်ရရင်သေတော့မယ်..."
"အော်...ကဲ...သားရယ်...မင်္ဂလာရှိနေတဲ့အချိန်မှာမဟုတ်တာတွေမပြောစမ်းနဲ့...
ပျော်စရာကောင်းတဲ့အချိန်လေးမှာပျော်နေလိုက်ပါ...ဟုတ်ပြီလား...
ဗိုက်နာတာကရောသက်သာပြီလား...
ညာဘက်အောက်ကနာတာဆိုတော့အူအတက်ရောင်ချင်တာများလားမသိဘူး..."
"မပြောတတ်ဘူးမေမေရယ်၊ နာတာကတော့နည်းနည်းလေးသက်သာပါပြီ...
ဆေးလည်းသောက်ထားပြီးပြီ...အဆင်ပြေသွားမှာပါ..."
"အေးပါ...သားရယ်...သက်သာရင်လည်းပြီးတာပါပဲ...
ညဘက်ကြီးမှတခုခုထ,ဖြစ်ရင်စိတ်ပူလို့..."
"မဖြစ်ပါဘူး...ဟိုကောင်ရှိတယ်..."
အိပ်ယာထောင့်နားလေးမှာရှိနေတဲ့သျှောင့်ကိုကျောက်စိမ်းကမေးငေါ့ပြီးပြ၏။
"ဟဲ့...ငသျှောင်...ညဘက်ကြီးကုလားသေကုလားမောအိပ်မနေနဲ့၊
ကျောက်စိမ်းကိုသတိလေးဘာလေးထားပြီးထကြည့်နေ၊ ကြားလား...
ဒီတစ်ခါတခုခုထပ်ဖြစ်ရင်နင်ငါ့လက်ကအသေပဲ..."
ဦးသျှောင်ကအခေါက်ခံရမှာစိုးလို့ခပ်ဝေးဝေးရောက်နေတော့ဒေါ်နေနေကအသံကျယ်ကျယ်နဲ့ကြိမ်းသည်...။
"စိတ်မပူနဲ့ကုလားလိုမသေဘူး၊ တရုတ်လိုပဲသေမှာ...ကျွန်တော်ကတရုတ်..."
"အေး...တစ်ခုခုဖြစ်ရင်တော့နင့်ကိုပဲငါသတ်မှာ..."
"ဒီလောက်တောင်မှတစ်ဦးတည်းသောသားလေးကိုချစ်တယ်နော်...
အချစ်ခံရလွန်းလို့ဂုဏ်ဆာလိုက်ရတာ...လူတောင်လွင့်ကနဲဖြစ်ပြီးတော့...
ကမ႓ာ့အပြင်ဘက်တောင်ရောက်သွားချင်တယ်.."
အခန်းထောင့်တစ်နေရာစီမှာသားအမိနှစ်ယောက်ရန်အော်ဖြစ်နေကြတာကိုကြည့်ပြီးတော့...
ကျောက်စိမ်းကခိုးရယ်သည်...။
နည်းသေးတယ်...ကြိမ်လုံးနဲ့အဆော်ခံရမှာ...
အမေနှစ်ယောက်စလုံးတပြုံးပြုံးနဲ့အခန်းပြန်သွားတော့မှ...
သျှောင်ကကျောက်စိမ်းရဲ့နံဘေးပြန်ရောက်လာ၏။
"ယုတ်မာတယ်ပြောရင်လည်းငါပဲလွန်ဦးမယ်...
ကာလနာ၊ မြွေပွေးကိုက်၊ ချီးကားတိုက်ကောင်ရဲ့...
အကြံကပက်စက်လိုက်တာ...ဘယ်နှစ်နှစ်စီမံကိန်းနဲ့ယုတ်မာဖို့စဉ်းစားထားလဲ...ဟမ်...ဒေါက်...."
ကျောက်စိမ်းရဲ့လက်တစ်ဖက်ကဆေးဗူးကိုကိုင်ပြီးသျှောင့်ခေါင်းပေါ်ဒေါက်ကနဲခေါက်ချသည်...။
"ဟ...အား...နာတယ်လို့...ဖြေးဖြေး...လုပ်ပါ..."
ဦးသျှောင့်ဗိုက်ခေါက်တွေဆွဲလိမ်ရုံနဲ့အားမရတော့...
လက်မောင်းတွေကိုပါတဖုန်းဖုန်းထိုးလိုက်၊ ခေါင်းကိုခေါက်လိုက်နဲ့...ပါးစပ်ရော၊ လက်ပါမနားနိုင်ဘူး...။
"ကျက်သရေတုံး...ကမ႓ာပေါ်မှာမင်းပဲအယုတ်မာဆုံး...ဒေါက်..."
"အမေ့...ခေါင်းကွဲပါပြီ..."
"တခါထဲသေသွားရမှာ...ဂျွတ်စပွတ်ရဲ့...
တော်တော့်ကိုပြဿနာအရှာကောင်းတယ်...
ငါ့ကိုတားဆေးဆိုပြီးဆေးတွေညာတိုက်နေရတာသိပ်ပျော်နေတယ်ပေါ့ဟုတ်လား...လာ...လာစမ်းပါ...
မင်းကိုဒီညတကယ်အသေသတ်မှာ..."
ကျောက်စိမ်းတို့သျှောင့်တကိုယ်လုံးကိုထုလိုက်ရိုက်လိုက်၊ အော်လိုက်ဟစ်လိုက်နဲ့ဗိုက်နာနေတာတွေကောင်းသွားသလားမသိဘူး...။
ဆုပ်ထားတဲ့လက်သီးတွေဆီမှာအားအပြည့်ပဲ...။
အထိုးခံရလွန်းလို့လည်း...မူးနေတဲ့ယုန်ငပိန်ကကိုယ်တစ်ခြမ်းကိုင်းချင်နေပြီ...။
ဒါပေမယ့်လည်း...အခွက်ကြီးကပြုံးဖြီးနေတာ...အဟိ၊ အဟိနဲ့...ကျောက်စိမ်းရဲ့ဘေးနားကနေတစ်လက်မမှမခွာဘူး...။
ဒါ့အပြင်ပါးလေးတစ်ဖက်ကိုတရွှတ်ရွှတ်ကပ်နမ်းနေသေး၏။
"ရွှတ်...အမလေး...နာလိုက်တာကွာ၊
ဒါပေမယ့်.......ပျော်လိုက်တာ...ကျောက်စိမ်းရာ...အဟိ..."
ကျောက်စိမ်းရဲ့ခါးကိုသိမ်းဖက်ထားပြီးတော့ဘေးကနေပါးလေးတွေကပ်နမ်းလိုက်...ဗိုက်သားပြင်လေးကိုလက်တိုးစမ်းလိုက်ခဏခဏလုပ်နေပြန်တာ...
ကျောက်စိမ်းဘယ်လောက်ကုတ်ဖဲ့ထုရိုက်နေပါစေ...အသားမနာတဲ့အတိုင်းပဲတပြုံးပြုံးလုပ်နေ၏။
"ဟာ...မင်းဘယ်လိုဖြစ်နေတုန်း...ဗိုက်ပေါ်ကအဲဒီလက်ကိုဖယ်စမ်းပါ..."
"အား...ဒီနေ့တော့ပျော်လွန်းလို့ရူးတော့မှာပဲ...ဟား..."
ကျောက်စိမ်းရဲ့လက်ကောက်ဝတ်လေးကိုပဲဆွဲယူပြီးသွေးကြောလေးဆီနှစ်ခါသုံးခါထပ်စမ်းနေတာ...
တစ်ခါစမ်းလိုက်တစ်ခါအဟိဟိလုပ်လိုက်နဲ့...
အပျော်တွေဖုံးဖိမရဘဲဖြစ်နေတဲ့ပုံပါ။
"ပျော်နေလိုက်...ငါ့ကိုကြိတ်ပြီးယုတ်မာထားပြီးပျော်နေလိုက်...မြေနိုးကောင်..."
"ဟင့်...မင်းနော်...ကိုယ့်ယောကျာ်းကိုကိုယ်အဲဒီလိုပြောစရာလား...ငရဲကြီးလိမ့်မယ်..."
"ဘောကိုငရဲကြီး...မင်းပဲကြီးမှာ..
လူလိမ်လူညာ...ဒီဆေးတွေဘယ်ကရသလဲဟမ်...
တော်တော့်ကိုယွပိုးထိုးတယ်ဟုတ်လား...
ငါစိတ်ရှိလက်ရှိထုထည့်ရရင်သေတော့မယ်..."
စဉ်းစားလေလေကျောက်စိမ်းဒေါသလေးတွေထွက်လေလေပဲ...။
ဘယ်အချိန်ကတည်းကဒီဆေးတွေကိုညာတာပါတေးနဲ့တိုက်နေခဲ့သလဲတကယ်ကိုသူသတိမထားမိခဲ့ဘူး။
အဲဒီငသျှောင်ဆိုတဲ့အကောင်ဉာဏ်များတာသိနေရက်နဲ့...
ပေါ့လျော့ပြီးတော့ယုံစားမိတဲ့ကိုယ့်ဘာသာလည်းအပြစ်တင်နေမိသည်...။
"ဘာ...အမွှာ...အမွှာလိုချင်လို့...ဟား..တကယ်ပဲကွာ....မင်းမမွေးရတိုင်းမစာမနာနဲ့...သူတောင်းစား..."
"အဟဲ...တကူးတကကိုဝယ်ထားရတာ...ဒီဆေးတွေစျေးကြီးတယ်သိလား..."
တကယ်ပါပဲ...အမွှာလိုချင်လို့ဒီဆေးတွေတိုက်ရသတဲ့...။
အဲဒါ့အပြင်...သူ့ကိုကန်စွန်းဥတွေညာညာပြီးကျွေးနေခဲ့သေးတာ...
ငသျှောင်သူ့ကိုလုပ်ကြံထားတာတွေကိုတဖြေးဖြေးတွေးမိလာမှမျက်လုံးထဲမှာတရေးရေးပေါ်လာကာ...
ဒေါသကလက်ထဲကိုင်ထားတဲ့ဆေးဗူးလေးဆီမှာစုပြုံပြီးတော့...
သူ့ပေါင်ပေါ်အတင်းတိုးအိပ်လာတဲ့ငသျှောင့်နဖူးပေါ်ဒေါင်ကနဲကျ၏။
"စျေးကြီးကြီးပေးပြီးတော့ငါ့ကိုဒုက္ခပေးချင်ဦး...ကွာ..."
နာသွားတဲ့နဖူးကိုလက်နဲ့ပွတ်ပြီးတော့...
အားကနဲတစ်ချက်ထအော်ပေမယ့်...
ပြုံးစိစိနဲ့မျက်နှာကြောပြေမသွားတဲ့ဦးသျှောင်ကဖြဲကနဲထပ်ရယ်လေ၏။
"အဲဒီဆေးဗူးနဲ့တစ်ချက်ထုလို့တစ်ယောက်ထွက်ရင်ကောင်းမှာနော်...
မင်းငါ့ကိုထုနေတာဆယ်ချက်မကတော့ဘူးသိလား..."
"ခွေးသူတောင်းစား...
အဲဒီစျေးကြီးကြီးပေးရတဲ့ဆေးကိုမင်းပဲသောက်ပြီး...
ခွေးတွေကြောင်တွေလိုတချီထဲဆယ်ကောင်လောက်မွေးနေလိုက်..."