Uni
KS ငရုတ်သီးမှုန့်တွေကြောင့် သီးပြီးချောင်းဆိုးနေကာ ရပ်တောင်မရပ်။ ဘေးနားက TY မှာလည်းပျာယာတွေခပ်နေသည်။ Kai တို့အဖွဲ့လည်းရေခပ်ပေးသူကပေး။ ယပ်ခတ်ပေးသူကပေးနေသည်။ ခုနကစကားပြောနေတဲ့ကောင်မလေးတွေကကြောက်နေကြသည်။ သူတို့အမှားလည်းမကင်းသည်မို့ ဘာလုပ်ရမှန်းမသိကြ။
Chan ပေါက်စ ဆီကိုပြေးလာတာကြောင့် အကုန်လုံးက ဖယ်ပေးကြသည်။ ဒေါ်လေးSuhoနဲ့Taoသည်လည်း လိုက်လာကြသည်။ Chan ရောက်လာတာတောင် KS ကသီးနေတုန်းပင် ။
Chan : " ဘာဖြစ်တာလဲ "
Lu : " ဟို ငရုတ်တွေ KS ထဲကိုဖိတ်ကျတာဆရာ ပြီးတော့စားလည်းစားလိုက်မိတယ် "
KS : " အဟွတ် အဟွတ် အဟွတ် "
Luhan က ဝင်ရှင်းပြသည်။
KS ကတော့ ခေါင်းပင်မထောင်နိုင်အောင်ဖြစ်နေသည်။
Chan : " ပေါက်စ ကိုယ့်ကိုကြည့် ။ "
KS မျက်နှာလေးကိုဆွဲမော့ကာ ယပ်ခတ်ပေးစေလိုက်သည်။
Chan : " အသက်ရှုခနအောင့်ထားနော် "
နောက်တော့ Chan ပေါက်စကိုရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း
Chan : " အသက်ကိုဖြေးဖြေးရှု ပေါက်စ "
KS : " အဟွတ် အဟမ်း "
Chan : " အဆင်ပြေရဲ့လား "
ရင်ခွင်ထဲကနေ ခေါင်းအသာငြိမ့်ပြတာကြောင့် အာလုံးသက်ပြင်းချလိုက်ကြသည်။ Chan ကတော့ ပေါက်စကို ပိုပြီးခပ်တင်းတင်းဖက်လိုက်လေသည်။ သူ့မှာဒီကလေးလေးကိုဘယ်လောက်တောင်စိတ်ပူနေခဲ့ရလဲ။ တကယ်ဆို သူ့နာရေးအိမ်မှာနေရအုံးမည် ဆိုပေမဲ့။ ပေါက်စ ကသာလျှင် သူ့အတွက်အရေးကြီးဆုံးပင်။ ပေါက်စကို ရင်ခွင်ထဲ၌ထည့်ကာ အိမ်ပြန်လာခဲ့သည်။ မိဘတွေက မကောင်းတက်လို့ နာရေးအိမ်မှာနေခဲ့ကြသည်။ Kai တို့လည်း Chan တို့နောက်ကနေ လိုက်လာခဲ့ကြသည်။ Taeyoon ကတော့နေခဲ့သည်။ သူဝင်မရှုပ်သင့်ဘူးမလား။
Chan သီးသွားလို့နွမ်းခွေနေတဲ့ ပေါက်စကို အိမ်အပါခေါ်ခဲ့ပေမဲ့ အိမ်ရောက်တော့ ထွက်သွားဖို့ပြင်နေတဲ့ပေါက်စကြောင့် လက်ကောက်ဝက်ကိုလှမ်းဆွဲလိုက်ကာတားလိုက်သည်။
Chan : " ဘယ်လဲ ပေါက်စ "
KS : " ပြန်သွားမလို့ "
Chan : " ဘယ်ကိုလဲ ပေါက်စရယ်။ ဒီအိမ်ကပေါက်စရဲ့အိမ်လေ "
KS : " aww "
KS ရဲ့ခပ်ရွဲ့ရွဲ့အဖြေကြောင့်
Chan : " ကိုယ်တောင်းပန်းပါတယ် ပေါက်စရယ်။ ကိုယ့်ကိုခွင့်လွှတ်ပါကွာနော်။ ကိုယ်မပြောသင့်ဘူးဆိုတာကိုယ်သိပါတယ်။ ဒါပေမဲ့ ကိုယ် ကိုယ် အရမ်းစိတ်ပူမိသွားလို့ပါ။ ကိုယ့်ကို စိတ်ဆိုးချင်သလောက်စိတ်ဆိုးပါကွာ။ ကိုယ့်အနားကနေတော့ထွက်မသွားပါနဲ့ ပေါက်စရယ်။ "
KS : " လူကြီးနဲ့နောက်မှရှင်းမယ် ။ အခုဟာက ခုနကဟာတွေကို ကျေနပ်တယ်ထင်လို့လား ။ Do kyungsoo တဲ့ တစ်Sooထဲရှိတယ် ဟွင့် ။ လူကိုလာပြီးသေးသေးတင်လို့ရမလား ။ လုံးကြီးတင်ပြီး ဆန်ပါခတ်ပစ်မယ် နေနှင့်အုံးပေါ့ "
Chan ခမျာကြောင်သွားလေသည်။ သူကတော့ ပေါက်စ သူ့ကိုထားခဲ့တော့မည် ထင်တာ လက်စ သတ်တော့ မကျေပွဲနွှဲဖို့ ပြန်သွားရန်တာစူနေခြင်းဖြစ်နေသည်။ Chan ခပ်ဟဟရယ်ကာ
Chan : " အခုသွားတော့ရော ဟိုက ရှိရောရှိပါ့အုံးမလား ပေါက်စရယ် "
KS : " မရှိရင် လိုက်ရှာမှာပေါ့။ မတွေ့ရင်တစ်ရွာလုံးမြေလှန်ပစ်မယ် "
KS စကားကြောင့် Chan ပင်ခပ်လန့်လန့်ဖြစ်ချင်သွားသည်။ အိမ်ရှေ့မှာနားထောနေတဲ့အဖွဲ့ပင် အိမ်ထဲပဲဝင်ရမလား အပြင်မှာပဲရပ်နေရမလား လမ်းပျောက်ကုန်သည်။
Chan : " စိတ်လျော့ပါ ပေါက်စရယ်။ နောက်မှလက်စားသွားချေလေနော် ပေါက်စ။ အသုဘချပြီးအောင်စောင့်လိုက်အုံး "
KS : " အင်းလေ အဲ့လိုပဲလုပ်ကြတာပေါ့။ နေပါအုံး လူကြီးက ပြန်မသွားဘူးလား "
Chan : " အဲ့မှာပေါက်စမှမရှိတာ "
Chan ရဲ့စကားကြောင့် KS ပြုံးမိသည်။ လူကြီးသည် အရင်ကထက် ro လာသားပဲ။ ခုနက သီးသွားတုန်းကဆို Chan ကဖြစ်ဖြစ်ချင်းရောက်မလာတာကြောင့် သီးနေရင်းမျက်ရည်တွေတောင်ဝဲတက်လာသည်။ ဒါပေမဲ့ သူ့ဆီကိုအပြေးတစ်ပိုင်းရောက်လာကာ ရင်ခွင်ထဲထည့်ထားပေးတဲ့ အကိုက အရမ်းချစ်ဖို့ကောင်းသည်။ KS မျက်နှာကခပ်ပြုံးပြုံးလေးဖြစ်သွားတာကြောင့် Chan ရိပ်မိလိုက်တာက ပေါက်စ က သူ့ကိုစိတ်ဆိုးမနေဘူးဆိုတာပါ။အတည်ပြုချင်တာကြောင့်
Chan :" ပေါက်စ ကိုယ့်ကို စိတ်မဆိုးဘူးမလား။ "
မျှော်လင့်တကြီးကြည့်နေ့တဲ့ Chan ကိုကြည့်ပြီး KS ရယ်ချင်လာသည်။
စချင်လာတာကြောင့်
KS : " မဟုတ်ပါဘူး စိတ်ဆိုးနေတယ်။ အရမ်းကို စိတ်ဆိုးနေတာ အဲ့တာလူကြီး ဘယ်လိုပြန်ချော့မှာလဲ "
အိမ်ရှေ့ကနေ ဆက်နားမထောင်နိုင်တော့ဘူးထင်ပါတယ် Baek တစ်ယောက်အော်ပြီးအိမ်ထဲဝင်လာသည်။
Baek : " အိပ်ရာထဲမှာချော့လိမ့်မယ် KS ရေ "
Kai တို့သည်လည်း နောက်နေဝင်လာကြသည်။ KS ကBaek တို့ကိုမြင်မြင်ချင်း
KS : " မင်းတို့ရော အတူတူပဲ ငါစိတ်ဆိုးနေတာနော် "
Chen : " အဲ့ရုပ်က စိတ်ဆိုးနေတာလား "
KS : " ဟုတ်တယ် စိတ်ဆိုးနေတာ "
Luhanကတော့မိန်းကလေးပီပီ KS ကိုပြေးဖက်လေသည်။
Luhan : " KS နင်ဟာ ငါဘယ်လောက် လန့်သွားတယ်ထင်လဲ။ လိုက်ရှာလို့တောင်မတွေ့လို့ ငါတို့ဘယ်လောက်ဝမ်းနည်းရတယ်ထင်လည်း။ ဆရာ Chan ဆို နင်ပျောက်သွားတဲ့ညက တစ်ညလုံးမိုးရေထဲမှာလိုက်ရှာနေတာ။ နောက်တစ်ခါဆို ပျောက်မသွားနဲ့တော့နော် "
KS Chan ကိုလှည့်ကြည့်တော့ မျက်နှာလွှဲသွားသည်။ အကုန်လုံးကလည်း သူ့ကိုမျက်နှာလွှဲထားတာကြောင့် သူ့ကိုဖက်ထားတဲ့ Lu ရဲ့ပခုံးကို လက်နဲ့ခပ်ဖွဖွပုတ်ပြီး
KS : " နင်ကလေးလားဟာ အေးပါ။ နင်တို့ကိုမပြောဘဲ ငါဘယ်မှမသွားဘူးဟုတ်ပြီလား "
ဟုဆိုကာ Chan ဘက်ကိုကြည့်ပြီးပြောလိုက်လေသည်။ Chan ကလည်းသူ့ကိုပြုံးပြီးပြန်ကြည့်သည်။
အကုန်လုံးအပြုံးတွေနဲ့ပြန်လည်သက်ဝင်လာသည်။ ဒါပေမဲ့ KS ဆီက စကားသံကြောင့် အကုန်လုံးအာရုံစိုက်လာကြသည်။
KS : " အာ အကို Jongin ကျွန်တော် အကို့ ကိုပြောစရာရှိတယ်။ ပြောစရာထက်အကူညီတောင်းစရာရှိတယ် "
Kai : " ပြောညီ အကို အကုန်ကူညီမယ် "
KS Chan ရဲ့အရှေ့မှာအကုန်လုံးအမှန်တိုင်းပြောဖြစ်သည်။ နာရေးမလာခင်ညက Taeyoon ကိုဘာဆက်လုပ်ရမလဲမေးကြည့် သူက Chan သာ မင်းကိုတကယ်ချစ်ရင်နားလည်ပေးမှာပါတဲ့။ ပြီးတော့ သူငယ်ချင်းကောင်းဆိုတာ ဘာတွေပဲဖြစ်လာပါစေ အတူရင်ဆိုင်ပြီးလက်တွဲမဖြုတ်တာကို သူငယ်ချင်းကောင်းတဲ့လေ။ Taeyoon ပြောမှ Chan က သူ့ကိုအမြဲနားလည်ပေးပြီး Chen Baek Lu တို့က သူ့ကိုအရမ်းဂရုစိုက်ကြသည်။ Kai Sehun Xuimin တို့ကလည်း သူ့ကိုတွေ့တိုင်းစနောက်တက်ပြီးညီအရင်းတစ်ယောက်လို ပြောဆိုတက်ကြလေသည်။ သူ့ဘေးမှာရှိတဲ့သူတွေက ယုံကြည်ရတယ်ဆိုတာကို Taeyoon က အလင်းပြခဲ့သည်။ သူစိုးရိမ်စိတ်တွေနဲ့ မမြင်နိုင်ခဲ့တဲ့အရာတွေကို Taeyoon ကထောက်ပြခဲ့သည်။ အဲ့နေညကဆို Taeyoon ကိုဖက်ကာငိုခဲ့သည်။ Taeyoon ပြောတဲ့အတိုင်း သူအစအဆုံးပြန်ရှင်းပြပြီးချိန်မှာ ChenBaekLu တို့ရဲ့အရိုက်ခံရလေသည်။ သူတို့ကိုမပြောလို့တဲ့လေ။ Sehun နဲ့ Xuimin hyun တို့သည်လည်း ဆူလေသည်။ တက်နိုင်သမျှကူညီမည်ဟုလည်းပြောကြသည်။ Kai hyun ကတော့ စကားလည်းအဆုံး ဂွတ်ခနဲမြည်အောင် ခေါင်းကိုခေါက်တော့သည်။ အစောကြီးထဲကပြောရင် တရားခံကိုမိပြီတဲ့လေ။ သူပြောသမျှ အပြစ်မမြင်ဘဲ သူ့ကိုပဲကြည့်နေတဲ့ Chan ကတော့ Kai hyun ကသူ့ကိုခေါင်းခေါက်တာကြောင့် ရန်ဖြစ်တော့သည်။ တကယ်ပါ။ လူလေး 8 ယောက်သာရှိလို့ပဲ ဆူညံပွက်လောရိုက်နေသည်။
အကုန်လုံးအိမ်ပြန်သွားကြတော့ KS နဲ့ Chan သာလျှင်ကျန်ခဲ့တော့သည်။
ဘယ်သူမှမရှိတော့တာကြောင့် KS ရဲ့ဘေးကိုရောက်လာပြီး KS ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တဲ့ကြောင့်
KS : " လူကြီးဘာဖြစ်တာလဲ ။ လွှတ်။"
Chan : " လွှတ်စရာလား ကိုယ်ပေါက်စကို ဘယ်လောက်လွမ်းနေရလဲသိလား။ "
KS : " ....."
ကျွန်တော်လည်းအရမ်းလွမ်းနေတာပါ။
Chan : " မင်းမရှိတဲ့ညတွေက ကိုယ့်အတွက် အိမ်မက်ဆိုးတွေလိုပဲ။ မင်းမရှိရင် အိပ်မပျော်တော့ဘူးသိလား "
KS : " .... "
အတူတူပါပဲ အကိုရယ်
Chan : " နောက်တစ်ခါကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ "
KS : " အဲ့တာတော့ လူကြီးပေါ်မှာမူတည်တယ် "
Chan : " လူကြီး လူကြီး နဲ့ ပေါက်စရာ။ ကိုယ့်ကို တစ်ခြားဟာပြောင်းခေါ်ပါ့လား။ ကိုယ်အဲ့လောက်အသက်မကြီးသေးပါဘူး။ "
KS : " ဟုတ်လား မကြီးသေးဘူးလား။ ကျွန်တော်က အဖိုးကြီးမှတ်လို့"
Chan : " ဘာပြောတယ် ။ အဖိုးကြီးဟုတ်လား ။ ကိုယ်ပြရမလား အဖိုးကြီးဟုတ်မဟုတ်ဆိုတာ "
KS :" မကြည့်ချင်ပါဘူး "
KS ကပြုံးစိစိနဲ့ပြောလျှင်
Chan : " ဘယ်လိုလုပ်မလဲ ကိုယ်.."
ဇွတ်တင်းမျက်နှာနားကိုကပ်လာတဲ့Chanကြောင့်
KS : " ဟာ လူကြီးနော် "
Chan မျက်နှာကိုလက်နဲ့ကာနေတဲ့KS ရဲ့လက်ကိုအသာဆွဲယူကာ
Chan : " ကိုကို လို့ခေါ် "
လို့ပြောတာကြောင့် KS မျက်နှာလေးရဲသွားကာ
KS : " ခေါ်စရာလားအဖိုးကြီးကို "
KS ကပြောအဖိုးကြီးလို့ထပ်ခေါ်တာကြောင့်
Chan : " ငြင်းတယ်ပေါ့လေ "
Chan KSရဲ့မျက်နှာအနှံ့အနမ်းပန်းတွေခြွေတော့
KS : " အာ ကိုကို ကိုကိုလို့ ကိုကိုတော်တော့ဆို "
Chan : " နောက်တစ်ခါခေါ်အုံးမှာလား အဖိုးကြီးလို့ "
KS : " ခေါ်မှာ "
Chan : " ဘာ "
KS : " ခေါ်တော့ဘူးလို့ စတာ ဟီး။ ကိုကိုကလည်း "
Chan : " လိမ္မာတယ် ကိုယ့်ရဲ့ပေါက်စလေး "
T.B.C.
အမှားပါရင်ခွင့်လွှတ်ပါ။ စာဖတ်သူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်လျက် ........ ကျွန်တော် ခိုးရေးနေရတာကြောင့် Update တွေက ကျဲနေတာပါ။ အဲ့တာကြောင့် နေ့တိုင်းမဟုတ်ပေမဲ့ တင်တဲ့နေ့ကို နှစ်ပိုင်း or သုံးပိုင်း up ပေးပါ့မယ်။
Zawgyi
Chan : " ဘာဖြစ်တာလဲ "
KS : " အဟွတ် အဟွတ် အဟွတ် "
Luhan က ဝင်ရှင်းပြသည်။
KS : " အဟွတ် အဟမ်း "
Chan : " အဆင်ပြေရဲ့လား "
Chan : " ဘယ်လဲ ပေါက်စ "
KS : " ပြန်သွားမလို့ "
KS : " aww "
စချင်လာတာကြောင့်
KS : " လူကြီးဘာဖြစ်တာလဲ ။ လွှတ်။"
KS : " ....."
KS : " .... "
အတူတူပါပဲ အကိုရယ်
KS :" မကြည့်ချင်ပါဘူး "
KS : " ဟာ လူကြီးနော် "
Chan : " ကိုကို လို့ခေါ် "
Chan : " ငြင်းတယ်ပေါ့လေ "
KS : " ခေါ်မှာ "
Chan : " ဘာ "
T.B.C.