Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 216
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 225

4.9K 866 17
By Dancing_Breeze

[Zawgyi]

<ဒီေဒၚေလးက နင္နဲ႔ၿပိဳင္ခ်ဖို႔ေစာင့္ေနတယ္!>

အနွီzombieကို ရွာၿပီးလက္စားေခ်ဖို႔အတြက္ နဥ္ရႈ အသံလာရာလမ္းအတိုင္း ေျပးသြားေလ၏။

ေလထဲမွာပ်ံဝဲေနတဲ့ဗီဇကဲြzombieကိုေတြ႕တဲ့အခါ နဥ္ရႈမ်က္ဝန္းေတြက ေဒါသျဖင့္ရဲရဲနီလို႔လာသည္။

ခ်ီးပဲ။ သူမ က်န္းဟူ(သိုင္းေလာက)မွာ လွည့္လည္သြားလာေနတုန္းကေရာ၊ ကမၻာအသီးသီးကိုေရာက္ရွိခဲ့စဥ္ကေရာ တစ္ခါမွ ဒီေလာက္ႀကီးမားတဲ့ဆံုးရႈံးမႈကို မခံစားရဖူးေပ။

ဗီဇကဲြzombieရဲ႕ ေအာက္မွာေတာ့ zombieတပ္ႀကီးရွိေနသည္။ လူတစ္စုက zombieေတြဝိုင္းထားတာကို ခံေနရေလ၏။

စြမ္းအားရွင္ေတြက အားကုန္သံုးကာ zombieေတြကိုဟန္႔တားေနၿပီး ကုန္တင္ကားထဲက အေထာက္အပံ့ေတြကို ကာကြယ္ေနၾကသည္။

နဥ္ရႈ သာမန္ကာလ်ွံကာပဲၾကည့္လိုက္ေပမယ့္ Phoenixကို ခ်က္ခ်င္းသတိထားမိသြားသည္။ Phoenixက သူမရဲ႕ပိန္ပါးတဲ့ကိုယ္ေလးနဲ႔ ခႏၶာကိုယ္ေကာက္ေၾကာင္းေတြကိုေပၚလြင္ေစတဲ့ အနက္ေရာင္သားေရေပါင္က်ပ္ေဘာင္းဘီကို ဝတ္ထားသည္။ သူမ zombieေတြကိုသတ္လိုက္တိုင္း သူမရဲ႕နက္ေမွာင္ေနတဲ့ဆံေကသာက သူမရဲ႕လႈပ္ရွားမႈေတြနဲ႔အတူ အလြန္ဆဲြေဆာင္မႈရွိစြာ ယိမ္းႏဲြ႕လို႔ေန၏။ ထင္ထားသည့္အတ္ုိင္းပင္...သစ္သားေခ်ာင္းႀကီးစိုက္ဝင္သြားတာေတာင္မွ သူမက အသက္ရွင္ေနဆဲျဖစ္၏။

နဥ္ရႈ ေအးစက္စြာရယ္ေမာလိုက္သည္။ ရန္သူရဲ႕လမ္းက ပိုၿပီးက်ဥ္းသြားၿပီ။ သူမ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္ေပမယ့္ Phoenixကလဲြၿပီး အုပ္စုထဲကတစ္ျခားလူေတြကို မမွတ္မိပါေခ်။

Phoenixက အေထာက္အပံ့ပစၥည္းေတြအတြက္ ထြက္လာတာလား?

"ဂါး..ဂါး"

ေလထဲမွာပ်ံေနတဲ့ဗီဇကဲြzombieက နဥ္ရႈဘက္လွည့္ကာ မာန္ဖီေအာ္ဟစ္လာသည္။ အနွီzombieရဲ႕မာန္ဖီေအာ္ဟစ္သံထဲမွာ တိက်ေသခ်ာတဲ့ႀကိမ္နႈန္းတစ္ခ်ိဳ႕ပါဝင္ေနၿပီး တစ္ခုခုေျပာခ်င္ေနပံုရတာကို နဥ္ရႈသတိထားမိသြားသည္။

"ဂါး..ဂါး!"

ဗီဇကဲြzombieက နဥ္ရႈရွိရာဘက္ဆီ အေရးတႀကီးေလသံနဲ႔ ပိုမိုက်ယ္ေလာင္စြာပင္ ထပ္မံမာန္ဖီလာ၏။ ဒီတစ္ႀကိမ္မွာေတာ့ နဥ္ရႈနားလည္သြားေပၿပီ။ အနွီzombieက သူမကို လာကူတိုက္ေစခ်င္ေနတာပင္။

ကူတိုက္ရမယ္? ဒီေဒၚေလးက နင္နဲ႔ၿပိဳင္ခ်ဖို႔ ဒီကိုေရာက္ေနတာဟဲ့!

ဗီဇကဲြzombieရဲ႕လႈပ္ရွားမႈက လူသားေတြကိုအာရံုစိုက္မိသြားေစသည္။ Phoenixက လွည့္ၾကည့္လာၿပီး နဥ္ရႈကိုေတြ႕တဲ့အခါ သူမရဲ႕မ်က္နွာက အံ့အားသင့္မႈမ်ားျဖင့္ျပည့္နွက္သြားသည္။ သူမက သူမေရွ႕မွာရွိေနတဲ့zombieကို ေရခဲစိုင္တစ္ခုျဖင့္ ရွင္းပစ္လိုက္ၿပီး နဥ္ရႈကို စိုးရိမ္ေနသလိုၾကည့္လာ၏။

နဥ္ရႈရဲ႕ကိုယ္က ေျမာက္တက္သြားၿပီး သူမက ဗီဇကဲြzombieဆီ ပ်ံသန္းသြားေလသည္။ ဗီဇကဲြzombieက ေခါင္းငဲ့ကာ သူမကိုအကဲခတ္လာ၏။ သူ႔နွာေခါင္းက နည္းနည္းလႈပ္သြားကာ သူက သူမကို ရႈပ္ေထြးေနတဲ့ပံုစံျဖင့္ၾကည့္လာသည္။

သူမက သူနဲ႔မ်ိဳးႏြယ္တစ္ခုတည္းကပဲဆိုတာ သူေသခ်ာပါသည္။

နဥ္ရႈ ေလထဲမွာရပ္တန္႔လိုက္ကာ Phoenixကို ငံုၾကည့္လိုက္သည္။ သူမ Phoenixကို ေတာက္ပေသာအၿပံဳးတစ္ခုျဖင့္ နႈတ္ဆက္လိုက္သည္။

"မေတြ႕တာၾကာၿပီ။"

နဥ္ရႈစကားေျပာလိုက္တဲ့အခါ Phoenixက ပို၍ပင္စိတ္ရႈပ္ေထြးသြားၿပီး ေအာ္လိုက္ေလ၏။

"ေဒစီ...နင္ အခုထိ အသက္ရွင္ေနေသးတယ္လား?"

သူမက ဟိုဟိုသည္သည္လွည့္္ၾကည့္လိုက္ေသာ္လည္း ေဒစီနဲ႔အၿမဲလိုလိုရွိေနတတ္ေသာ အမ်ိဳးသားကိုမေတြ႕ေခ်။ ေဒစီက zombieတစ္ေကာင္လို ေလထဲမွာလမ္းေလ်ွာက္နိုင္တယ္ဆိုတာကို သူမသေဘာေပါက္သြားတဲ့အခါမွာေတာ့ သူမမ်က္နွာက  ပ်က္ယြင္းလို႔သြား၏။

"နင္က ဘာလဲ?"

Phoenixက ေမးလိုက္သည္။ zombieေတြက စကားမေျပာနိုင္ေသာ္လည္း ေဒစီက စကားေျပာနိုင္သည္။

နဥ္ရႈ Phoenixကိုၾကည့္ရင္း လိုက္ပိုက္ကာေျပာလိုက္သည္။

"မွန္းၾကည့္ေလ။"

"ေဒစီ...နင္က zombieတစ္ေကာင္ျဖစ္သြားၿပီ။ နင္ ဗီဇကဲြzombieျဖစ္လာတယ္ဆိုတာက နင့္ေခါင္းထဲက crystal nucleusေတြကို ငါပိုင္တယ္ဆိုတဲ့အဓိပၸါယ္ပဲ။ အရင္တုန္းက နင္က အားနည္းေပ်ာ့ညံ့တဲ့ၿပီး အသံုးမက်တဲ့လူတစ္ေယာက္ပဲ။ အခုzombieျဖစ္လာေတာ့လည္း အသံုးမက်ျဖစ္ေနဦးမွာပဲဆိုေတာ့ ငါက နင့္ရဲ႕crystal nucleusေတြကို ၾကင္ၾကင္နာနာေလးလက္ခံေပးမယ္။"

Phoenixက ေအးတိေအးစက္နိုင္ကာ ေက်ာ့ရွင္းေသာဟန္ျဖင့္ မ်က္ခံုးပင့္လိုက္ေလ၏။

နဥ္ရႈ စိတ္ရႈပ္စြာေခါင္းကုတ္လိုက္သည္။ Crystal nucleusဆိုတာ ဘာႀကီးလဲ? ခဏေလာက္အျပင္မထြက္လိုက္တာနဲ႔ ေလာေလာဆယ္ေခတ္စားေနတဲ့အရာေတြကို လိုက္မမွီေတာ့သလို သူမ ခံစားလိုက္ရသည္။

Phoenixက နဥ္ရႈဆီ ေရခဲစိုင္တစ္ခုပစ္လႊတ္လာ၏။ သို႔ေပမယ့္ နဥ္ရႈကေတာ့ တိာက္ခိုက္လာမႈကို ေဘးသို႔ဖယ္ကာသာ ေရွာင္တိမ္းလိုက္ေလ၏။

နဥ္ရႈက သူမရဲ႕တိုက္ခိုက္မႈကို အလြယ္တကူေရွာင္တိမ္းလိုက္နိုင္တာကိုျမင္တဲ့အခါ Phoenixရဲ႕အမူအရာက ေအးစက္လို႔သြားသည္။ သူမနႈတ္ခမ္းေတြကိုကိုက္လိုက္ရင္း သူမရဲ႕ဗိုက္မွာရွိတဲ့ အမာ႐ြတ္ကိုစမ္းၾကည့္လိုက္သည္။

အဲ့တုန္းက သူမေသမလိုေတာင္ျဖစ္ခဲ့သည္။ Wolfကသာ သူမကိုကယ္ဖို႔အတြက္နဲ႔ သူလုပ္နိုင္တာမွန္သမ်ွ မလုပ္ခဲ့ဘူးဆိုလ်ွင္ သူမ ေနာက္ဘဝကိုပင္ေရာက္ေနေလာက္ေပၿပီ။

သို႔ျဖစ္ေလရာ အခုအခ်ိန္မွာ နဥ္ရႈကိုျမင္လိုက္ရၿပီး သူမကပိုသန္မာလာတာကိုျမင္တဲ့အခါ Phoenixတစ္ေယာက္ မေက်မနပ္ျဖင့္ေဒါသအႀကီးအက်ယ္ထြက္သြားေတာ့သည္။ သူမက နဥ္ရႈဆီ ေရခဲစိုင္ေတံတစ္ခုၿပီးတစ္ခု မရပ္မနားပစ္လႊတ္ေလ၏။

သို႔ေသာ္လည္း နဥ္ရႈက Phoenixေရွ႕ကို ဖ်တ္ခနဲေရာက္လာကာ သူမေခါင္းကိုလွမ္းကုတ္ဆဲြလိုက္သည္။ Phoenixရဲ႕မ်က္ဝန္းေတြက ျပဴ းက်ယ္သြားကာ သူမက နဥ္ရႈရဲ႕တိုက္ခိုက္မႈကိုဟန္႔တားရန္အတြက္ ေရခဲဒိုင္းတစ္ခုကို ခ်က္ခ်င္းဖန္တီးလိုက္သည္။

နဥ္ရႈက ရယ္ေမာလ်က္သာပဲ သူမရဲ႕ခြန္အားကို ျမႇင့္တင္လိုက္ေလ၏။ သူမလက္သီးက ေရခဲဒိုင္းကိုထိုးခဲြကာ Phoenixေခါင္းဆီ တုန္႔ဆိုင္းျခင္းမရွိဘဲ ဆက္လက္တိုးဝင္သြားသည္။

နီးကပ္လာတဲ့ လက္သီးကိုၾကည့္ရင္း Phoenixရဲ႕မ်က္နွာက ေသလုေအာင္ျဖဴ ေရာ္သြားသည္။ သူမရဲ႕မ်က္နွာက ေၾကာက္ရံြ႕မႈေၾကာင့္ ပ်က္ယြင္းလို႔ေန၏။ နဥ္ရႈက အရမ္းျမန္လြန္းတာေၾကာင့္ သူမ ေရွာင္ဖို႔မျဖစ္နိုင္ေပ။

Phoenixရဲ႕ေခါင္းကို သူမထိုးခဲြပစ္လိုက္နိုင္ေတာ့မယ္လို႔ နဥ္ရႈေတြးေနတုန္းမွာပဲ တစ္စံုတစ္ေယာက္က သူမေရွ႕မွာ ရုတ္တရက္ေပၚလာကာ Phoenixကိုဖက္လိုက္ၿပီး သူ႔ရဲ႕ေက်ာျပင္နဲ႔ နဥ္ရႈလက္သီးကိုတားဆီးလိုက္ေလ၏။

နဥ္ရႈ အံ့အားသင့္သြားကာ သူမလက္သီးကိုျပန္ရုတ္ရန္ျပင္ေသာ္လည္း လက္သီးက ထိုလူရဲ႕ေက်ာေပၚကို က်ေရာက္သြားေခ်ၿပီ။ ထိုလူနဲ႔ Phoenixက ျပင္းထန္လြန္းတဲ့အားေၾကာင့္ ခပ္လွမ္းလွမ္းကိုလြင့္စင္လိမ့္က်သြားသည္။

နဥ္ရႈ မ်က္ေမွာင္ကုတ္ကာ Phoenixကိုကာကြယ္ေပးခဲ့တဲ့လူကို ၾကည့္လိုက္သည္။ ထိုလူရဲ႕ပါးစပ္က ေသြးေတြအန္ေနေပမယ့္ သူကေတာ့ Phoenixအဆင္ေျပရဲ႕လားလို႔ စိုးရိမ္စြာေမးေနဆဲပင္။
.....

သဘာဝရဲ႕ ဖိုးလမင္းမေလးရာ...နင္ ဘာလို႔ မေသခဲ့တာလဲဟာ။ ေရွ႕ကဒင္းယုတ္မာခဲ့တာေတြကို အန္ကယ္ရွိတုန္းက မျမင္ေယာင္ေဆာင္ေပးခဲ့ေပမယ့္ အခုေတာ့ အတိုးေရာအရင္းေရာေပါင္းဆဲၿပီ။
......

[Unicode]

<ဒီဒေါ်လေးက နင်နဲ့ပြိုင်ချဖို့စောင့်နေတယ်!>

အနှီzombieကို ရှာပြီးလက်စားချေဖို့အတွက် နဉ်ရှု အသံလာရာလမ်းအတိုင်း ပြေးသွားလေ၏။

လေထဲမှာပျံဝဲနေတဲ့ဗီဇကွဲzombieကိုတွေ့တဲ့အခါ နဉ်ရှုမျက်ဝန်းတွေက ဒေါသဖြင့်ရဲရဲနီလို့လာသည်။

ချီးပဲ။ သူမ ကျန်းဟူ(သိုင်းလောက)မှာ လှည့်လည်သွားလာနေတုန်းကရော၊ ကမ္ဘာအသီးသီးကိုရောက်ရှိခဲ့စဉ်ကရော တစ်ခါမှ ဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုကို မခံစားရဖူးပေ။

ဗီဇကွဲzombieရဲ့ အောက်မှာတော့ zombieတပ်ကြီးရှိနေသည်။ လူတစ်စုက zombieတွေဝိုင်းထားတာကို ခံနေရလေ၏။

စွမ်းအားရှင်တွေက အားကုန်သုံးကာ zombieတွေကိုဟန့်တားနေပြီး ကုန်တင်ကားထဲက အထောက်အပံ့တွေကို ကာကွယ်နေကြသည်။

နဉ်ရှု သာမန်ကာလျှံကာပဲကြည့်လိုက်ပေမယ့် Phoenixကို ချက်ချင်းသတိထားမိသွားသည်။ Phoenixက သူမရဲ့ပိန်ပါးတဲ့ကိုယ်လေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုပေါ်လွင်စေတဲ့ အနက်ရောင်သားရေပေါင်ကျပ်ဘောင်းဘီကို ဝတ်ထားသည်။ သူမ zombieတွေကိုသတ်လိုက်တိုင်း သူမရဲ့နက်မှောင်နေတဲ့ဆံကေသာက သူမရဲ့လှုပ်ရှားမှုတွေနဲ့အတူ အလွန်ဆွဲဆောင်မှုရှိစွာ ယိမ်းနွဲ့လို့နေ၏။ ထင်ထားသည့်အတ်ိုင်းပင်...သစ်သားချောင်းကြီးစိုက်ဝင်သွားတာတောင်မှ သူမက အသက်ရှင်နေဆဲဖြစ်၏။

နဉ်ရှု အေးစက်စွာရယ်မောလိုက်သည်။ ရန်သူရဲ့လမ်းက ပိုပြီးကျဉ်းသွားပြီ။ သူမ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပေမယ့် Phoenixကလွဲပြီး အုပ်စုထဲကတစ်ခြားလူတွေကို မမှတ်မိပါချေ။

Phoenixက အထောက်အပံ့ပစ္စည်းတွေအတွက် ထွက်လာတာလား?

"ဂါး..ဂါး"

လေထဲမှာပျံနေတဲ့ဗီဇကွဲzombieက နဉ်ရှုဘက်လှည့်ကာ မာန်ဖီအော်ဟစ်လာသည်။ အနှီzombieရဲ့မာန်ဖီအော်ဟစ်သံထဲမှာ တိကျသေချာတဲ့ကြိမ်နှုန်းတစ်ချို့ပါဝင်နေပြီး တစ်ခုခုပြောချင်နေပုံရတာကို နဉ်ရှုသတိထားမိသွားသည်။

"ဂါး..ဂါး!"

ဗီဇကွဲzombieက နဉ်ရှုရှိရာဘက်ဆီ အရေးတကြီးလေသံနဲ့ ပိုမိုကျယ်လောင်စွာပင် ထပ်မံမာန်ဖီလာ၏။ ဒီတစ်ကြိမ်မှာတော့ နဉ်ရှုနားလည်သွားပေပြီ။ အနှီzombieက သူမကို လာကူတိုက်စေချင်နေတာပင်။

ကူတိုက်ရမယ်? ဒီဒေါ်လေးက နင်နဲ့ပြိုင်ချဖို့ ဒီကိုရောက်နေတာဟဲ့!

ဗီဇကွဲzombieရဲ့လှုပ်ရှားမှုက လူသားတွေကိုအာရုံစိုက်မိသွားစေသည်။ Phoenixက လှည့်ကြည့်လာပြီး နဉ်ရှုကိုတွေ့တဲ့အခါ သူမရဲ့မျက်နှာက အံ့အားသင့်မှုများဖြင့်ပြည့်နှက်သွားသည်။ သူမက သူမရှေ့မှာရှိနေတဲ့zombieကို ရေခဲစိုင်တစ်ခုဖြင့် ရှင်းပစ်လိုက်ပြီး နဉ်ရှုကို စိုးရိမ်နေသလိုကြည့်လာ၏။

နဉ်ရှုရဲ့ကိုယ်က မြောက်တက်သွားပြီး သူမက ဗီဇကွဲzombieဆီ ပျံသန်းသွားလေသည်။ ဗီဇကွဲzombieက ခေါင်းငဲ့ကာ သူမကိုအကဲခတ်လာ၏။ သူ့နှာခေါင်းက နည်းနည်းလှုပ်သွားကာ သူက သူမကို ရှုပ်ထွေးနေတဲ့ပုံစံဖြင့်ကြည့်လာသည်။

သူမက သူနဲ့မျိုးနွယ်တစ်ခုတည်းကပဲဆိုတာ သူသေချာပါသည်။

နဉ်ရှု လေထဲမှာရပ်တန့်လိုက်ကာ Phoenixကို ငုံကြည့်လိုက်သည်။ သူမ Phoenixကို တောက်ပသောအပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

"မတွေ့တာကြာပြီ။"

နဉ်ရှုစကားပြောလိုက်တဲ့အခါ Phoenixက ပို၍ပင်စိတ်ရှုပ်ထွေးသွားပြီး အော်လိုက်လေ၏။

"ဒေစီ...နင် အခုထိ အသက်ရှင်နေသေးတယ်လား?"

သူမက ဟိုဟိုသည်သည်လှည့််ကြည့်လိုက်သော်လည်း ဒေစီနဲ့အမြဲလိုလိုရှိနေတတ်သော အမျိုးသားကိုမတွေ့ချေ။ ဒေစီက zombieတစ်ကောင်လို လေထဲမှာလမ်းလျှောက်နိုင်တယ်ဆိုတာကို သူမသဘောပေါက်သွားတဲ့အခါမှာတော့ သူမမျက်နှာက  ပျက်ယွင်းလို့သွား၏။

"နင်က ဘာလဲ?"

Phoenixက မေးလိုက်သည်။ zombieတွေက စကားမပြောနိုင်သော်လည်း ဒေစီက စကားပြောနိုင်သည်။

နဉ်ရှု Phoenixကိုကြည့်ရင်း လိုက်ပိုက်ကာပြောလိုက်သည်။

"မှန်းကြည့်လေ။"

"ဒေစီ...နင်က zombieတစ်ကောင်ဖြစ်သွားပြီ။ နင် ဗီဇကွဲzombieဖြစ်လာတယ်ဆိုတာက နင့်ခေါင်းထဲက crystal nucleusတွေကို ငါပိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။ အရင်တုန်းက နင်က အားနည်းပျော့ညံ့တဲ့ပြီး အသုံးမကျတဲ့လူတစ်ယောက်ပဲ။ အခုzombieဖြစ်လာတော့လည်း အသုံးမကျဖြစ်နေဦးမှာပဲဆိုတော့ ငါက နင့်ရဲ့crystal nucleusတွေကို ကြင်ကြင်နာနာလေးလက်ခံပေးမယ်။"

Phoenixက အေးတိအေးစက်နိုင်ကာ ကျော့ရှင်းသောဟန်ဖြင့် မျက်ခုံးပင့်လိုက်လေ၏။

နဉ်ရှု စိတ်ရှုပ်စွာခေါင်းကုတ်လိုက်သည်။ Crystal nucleusဆိုတာ ဘာကြီးလဲ? ခဏလောက်အပြင်မထွက်လိုက်တာနဲ့ လောလောဆယ်ခေတ်စားနေတဲ့အရာတွေကို လိုက်မမှီတော့သလို သူမ ခံစားလိုက်ရသည်။

Phoenixက နဉ်ရှုဆီ ရေခဲစိုင်တစ်ခုပစ်လွှတ်လာ၏။ သို့ပေမယ့် နဉ်ရှုကတော့ တိာက်ခိုက်လာမှုကို ဘေးသို့ဖယ်ကာသာ ရှောင်တိမ်းလိုက်လေ၏။

နဉ်ရှုက သူမရဲ့တိုက်ခိုက်မှုကို အလွယ်တကူရှောင်တိမ်းလိုက်နိုင်တာကိုမြင်တဲ့အခါ Phoenixရဲ့အမူအရာက အေးစက်လို့သွားသည်။ သူမနှုတ်ခမ်းတွေကိုကိုက်လိုက်ရင်း သူမရဲ့ဗိုက်မှာရှိတဲ့ အမာရွတ်ကိုစမ်းကြည့်လိုက်သည်။

အဲ့တုန်းက သူမသေမလိုတောင်ဖြစ်ခဲ့သည်။ Wolfကသာ သူမကိုကယ်ဖို့အတွက်နဲ့ သူလုပ်နိုင်တာမှန်သမျှ မလုပ်ခဲ့ဘူးဆိုလျှင် သူမ နောက်ဘဝကိုပင်ရောက်နေလောက်ပေပြီ။

သို့ဖြစ်လေရာ အခုအချိန်မှာ နဉ်ရှုကိုမြင်လိုက်ရပြီး သူမကပိုသန်မာလာတာကိုမြင်တဲ့အခါ Phoenixတစ်ယောက် မကျေမနပ်ဖြင့်ဒေါသအကြီးအကျယ်ထွက်သွားတော့သည်။ သူမက နဉ်ရှုဆီ ရေခဲစိုင်တေံတစ်ခုပြီးတစ်ခု မရပ်မနားပစ်လွှတ်လေ၏။

သို့သော်လည်း နဉ်ရှုက Phoenixရှေ့ကို ဖျတ်ခနဲရောက်လာကာ သူမခေါင်းကိုလှမ်းကုတ်ဆွဲလိုက်သည်။ Phoenixရဲ့မျက်ဝန်းတွေက ပြူးကျယ်သွားကာ သူမက နဉ်ရှုရဲ့တိုက်ခိုက်မှုကိုဟန့်တားရန်အတွက် ရေခဲဒိုင်းတစ်ခုကို ချက်ချင်းဖန်တီးလိုက်သည်။

နဉ်ရှုက ရယ်မောလျက်သာပဲ သူမရဲ့ခွန်အားကို မြှင့်တင်လိုက်လေ၏။ သူမလက်သီးက ရေခဲဒိုင်းကိုထိုးခွဲကာ Phoenixခေါင်းဆီ တုန့်ဆိုင်းခြင်းမရှိဘဲ ဆက်လက်တိုးဝင်သွားသည်။

နီးကပ်လာတဲ့ လက်သီးကိုကြည့်ရင်း Phoenixရဲ့မျက်နှာက သေလုအောင်ဖြူ ရော်သွားသည်။ သူမရဲ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ပျက်ယွင်းလို့နေ၏။ နဉ်ရှုက အရမ်းမြန်လွန်းတာကြောင့် သူမ ရှောင်ဖို့မဖြစ်နိုင်ပေ။

Phoenixရဲ့ခေါင်းကို သူမထိုးခွဲပစ်လိုက်နိုင်တော့မယ်လို့ နဉ်ရှုတွေးနေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူမရှေ့မှာ ရုတ်တရက်ပေါ်လာကာ Phoenixကိုဖက်လိုက်ပြီး သူ့ရဲ့ကျောပြင်နဲ့ နဉ်ရှုလက်သီးကိုတားဆီးလိုက်လေ၏။

နဉ်ရှု အံ့အားသင့်သွားကာ သူမလက်သီးကိုပြန်ရုတ်ရန်ပြင်သော်လည်း လက်သီးက ထိုလူရဲ့ကျောပေါ်ကို ကျရောက်သွားချေပြီ။ ထိုလူနဲ့ Phoenixက ပြင်းထန်လွန်းတဲ့အားကြောင့် ခပ်လှမ်းလှမ်းကိုလွင့်စင်လိမ့်ကျသွားသည်။

နဉ်ရှု မျက်မှောင်ကုတ်ကာ Phoenixကိုကာကွယ်ပေးခဲ့တဲ့လူကို ကြည့်လိုက်သည်။ ထိုလူရဲ့ပါးစပ်က သွေးတွေအန်နေပေမယ့် သူကတော့ Phoenixအဆင်ပြေရဲ့လားလို့ စိုးရိမ်စွာမေးနေဆဲပင်။
.....

သဘာဝရဲ့ ဖိုးလမင်းမလေးရာ...နင် ဘာလို့ မသေခဲ့တာလဲဟာ။ ရှေ့ကဒင်းယုတ်မာခဲ့တာတွေကို အန်ကယ်ရှိတုန်းက မမြင်ယောင်ဆောင်ပေးခဲ့ပေမယ့် အခုတော့ အတိုးရောအရင်းရောပေါင်းဆဲပြီ။
......








Continue Reading

You'll Also Like

103K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
411K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
557K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
189K 29.6K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...