Yibo pov(9)
ကြၽန္ေတာ္က သတၱိနည္းတယ္ အစ္ကို...
တကယ့္တကယ္ ျပတ္သားရမယ့္ အခ်ိန္မွာ မျပတ္သားႏိုင္ခဲ့ဘူး။
႐ွင္သန္ရျခင္းရဲ႕ ဒုကၡေတြ၊ နာက်င္မႈေတြကို မခံစားႏိုင္
ေတာ့လို႔ လက္ေလ်ာ့လိုက္ၿပီးမွ အစ္ကိုဆိုတဲ့ အေၾကာင္းျပခ်က္ေလးနဲ႔ ေနာက္ေၾကာင္း ျပန္လွည့္ခဲ့ရတာပါ။
႐ွင္သန္ေနသေရြ႔ေတာ့ နာက်င္ေနရဦးမွာပဲ ဆိုတာကို
သိလ်က္နဲ႔ အစ္ကို႔အနားမွာ ေနႏိုင္ဖို႔ ေရြးခ်ယ္ခဲ့တဲ့
ကြၽန္ေတာ္က အနည္းငယ္ ေၾကာက္ရြံေနတုန္းပဲ။
အတိတ္ေတြက အရိပ္လို လိုက္လာတဲ့အခါ
ေ႐ွ႕ဆက္ဖို႔ ေျခလွမ္းေတြကလည္း တြန္႔ဆုတ္ေနမိတယ္။
နာက်င္ရလြန္းလို႔ ဒီလမ္းကို ေက်ာခိုင္းခဲ့ၿပီးမွ
ခ်က္ခ်င္းႀကီး ရင္ဆိုင္လိုက္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးမလား။
ကြၽန္ေတာ္က သတၱိနည္းလြန္းျပီး တစ္လွမ္းခ်င္းပဲ
လွမ္းလာႏိုင္တာမို႔ အစ္ကိုက ရပ္ေစာင့္ေနမွ ျဖစ္မယ္။
_________________________________
အလုပ္ဆိုတဲ့ အေၾကာင္းျပခ်က္ေပးၿပီး ရိေပၚ အစ္ကို
မသိေအာင္ တိတ္တိတ္ေလး ေဆးကုသမႈ ခံယူေနခဲ့တယ္။ ေဆးရံုမတက္ခ်င္ဘူးဆိုတဲ့ သူ႔ဆႏၵအတိုင္း
ေမလင္းက သူ႔အသိဆရာဝန္ရဲ႕ အကူအညီနဲ႔ ရိေပၚကို
အစြမ္းကုန္ ကုသေပးဖို႔ ႀကိဳးစားတယ္။ ဓာတုကုထံုးနဲ႔
ကုသဖို႔ တိုက္တြန္းတာလည္း အႀကိမ္ႀကိမ္။
သူ႔ဘက္ကသာ သတၱိေၾကာင္ေနခဲ့တာ။
အျမဲတေစ ရိေပၚအနားမွာ အရိပ္လို ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးေနတဲ့ ေမလင္းကို ေက်းဇူးတင္သလို အားနာရ
ျပန္တယ္။
ေကာင္းမြန္တဲ့ အရာေတြက အျမဲ ေနာက္က်မွ ေရာက္လာတတ္တဲ့ သေဘာတရားႀကီးကို ရိေပၚ မုန္းလိုက္တာ..။
ရိေပၚ အစ္ကိုနဲ႔ အရင္လို အတူအခ်ိန္မျဖဳန္းျဖစ္တာ
ၾကာေပါ့။ အစ္ကို႔ကို အလုပ္သြား အလုပ္ျပန္ အႀကိဳအပို္႔
ေလာက္ပဲ လုပ္ေပးႏိုင္ေတာ့တယ္။ ဒီေန႔တစ္ရက္ေတာ့ အစ္ကိုနဲ႔အတူ ခနေလာက္ျဖစ္ျဖစ္ ေလ်ွာက္လည္
ခြင့္ရရင္ ေကာင္းမွာပဲဆိုတဲ့ အေတြးကို တစ္လမ္းလံုး
ေတြးလာရင္း အစ္ကို႔ကို ႀကိဳဖို႔ ထြက္လာခဲ့တယ္။
"အစ္ကို"
"ကဲ ေျပာ။ဘာပူဆာမလို႔လဲ"
"အစ္ကိုကႀကိဳသိေနတယ္ေပါ့"
"မင္းအသံၾကားတာနဲ႔တစ္ခုခုပူဆာေတာ့မယ္ဆိုတာ
သိၿပီးသား"
"ဟီးဟီး။ကြၽန္ေတာ္တို႔ညေစ်းသြားရေအာင္"
"ဘာလုပ္ဖို႔လဲ"
"Parisရဲ႕ညေစ်းတန္းေတြကအရမ္းလွတာအစ္ကိုရဲ႕။Street performanceေတြလည္း႐ွိတယ္"
"မင္းဗိုက္ဆာရင္ဆာတယ္ေျပာပါ"
"မဆာပါဘူး။အစ္ကိုေနာ္..။ကြၽန္ေတာ့ကိုအစားပုပ္
လို႔မ်ားထင္ေနလား"
"မဟုတ္လို႔လား"
"ေတာ္ၿပီ အစ္ကိုရာ၊မသြားခ်င္လည္းမသြားေတာ့ဘူး"
"ေဟာဗ်ာ..စိတ္ဆိုးတာလား"
"မဆိုးပါဘူး။စိတ္ဆိုးရေအာင္ကြၽန္ေတာ္ကကေလး
လား"
"ဟုတ္ပါၿပီ။လာပါ..သြားမယ္"
"ကြၽန္ေတာ္သြားခ်င္လို႔မဟုတ္ဘူးေနာ္။အကိုဇြတ္ေခၚလို္႔"
"ဟုတ္ပါၿပီကြာ။ကိုယ့္ေၾကာင့္ပါ ဟုတ္ၿပီလား"
"Okေလ။သြားမယ္"
မေရရာတဲ့ အနာဂတ္ကို ေတြးပူေနရမွာထပ္
ပစၥဳပၸန္ကို အစ္ကိုနဲ႔အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခ်င္တယ္။
_________________________________
Parisရဲ႕ ညေစ်းတန္းေတြက တကယ္ကိုလွတယ္။
လူစည္ကားၿပီး မီးေရာင္ေတြနဲ႔ Parisရဲ႕ ညျမင္ကြင္း
က တကယ္ပဲ စိတ္ဝင္စားစရာ။ ဒါေပမယ့္ ရိေပၚက
ေတာ့ သူ႔ေဘးက ႐ႈခင္းလွလွေလးကိုပဲ ေငးေနမိတယ္။ အျဖဴေရာင္ ႐ွပ္လက္႐ွည္ေလးနဲ႔ အစ္ကိုဟာ
ရိေပၚ မၿငီးမေငြ႔ ေငးေမာခ်င္စဖြယ္ ႐ႈခင္းေလး။
တည္ၿငိမ္လြန္းတယ္လို႔ ထင္ရတဲ့ အစ္ကိုဟာ
တကယ္ေတာ့ ခ်စ္စရာေကာင္းလြန္းတဲ့ လူသားေလး။
မ်က္လံုးေလးေတြ မွိတ္က်သြားတဲ့အထိ ျပံဳးလိုက္ရင္
ထင္းခနဲ ေပၚလာတတ္တဲ့ႏ ႈတ္ခမ္းေအာက္က မွည့္နက္ကေလးကေတာ့ ရိေပၚရဲ႕ က်ဆံုးခန္းေလးေပါ့။
အစ္ကို႔အေပၚထားတဲ့ ရိေပၚရဲ႕ ခင္တြယ္မႈဟာ သာမန္
ထပ္ ပိုတာကို ရိေပၚကိုယ္တိုင္လည္း သတိထားမိပါတယ္။ ဒါေပမယ့္ ရိေပၚဟာ ဒီစြဲလမ္းမႈကို ေခါင္းစဥ္မတပ္ခ်င္ဘူး။ မတပ္ရဲတာဆို ပိုမွန္လိမ့္မယ္။ရိေပၚရဲ႕ တစ္ဖက္
သတ္ ခံစားခ်က္ေတြနဲ႔ အစ္ကို႔ကို ပိတ္ေလွာင္မထားခ်င္သလို ပိတ္ေလွာင္ထားဖို႔ အခြင့္အေရးလည္း မ႐ွိဘူး။
မခ်စ္ဘူးဆိုတာထပ္ မခ်စ္ရဲတာပါ။
အစ္ကိုဟာ ရိေပၚအတြက္ေတာ့ ခ်စ္တာထပ္ပိုလို႔
ျမတ္ႏိုးတြယ္တာရတဲ့ တစ္ဦးတည္းေသာသူ။
Cotton candy ေရာင္းတဲ့ေနရာ ေရာက္ေတာ့
ရိေပၚ အစ္ကို႔ကို လွမ္းေခၚလိုက္ေပမယ့္ အစ္ကိုက ျပန္
မထူးဘဲ အေတြးလြန္ေနပံုရတယ္။
"အစ္ကို"
"......"
"အစ္ကို.."
"...."
"အစ္ကို!!!"
"ဟင္..ေျပာ..ေျပာေလ ရိေပၚ"
"ကြၽန္ေတာ္ေခၚေနတာၾကာၿပီ။ဘာလို႔ျပန္မထူးတာလဲ"
"အာ...ေဆာရီး။ကိုယ္အေတြးလြန္သြားလို႔"
ေတြ႔လား...အစ္ကိုက ရိေပၚကို ဂ႐ုမစိုက္ေတာ့ပါဘူးေလ။ ရိေပၚတစ္ေယာက္လံုးကို ေဘးထားၿပီး ဘယ္သူ႔
အေၾကာင္း ေတြးေနျပန္ၿပီလဲမသိ။ မနာလိုတယ္.. အစ္ကိုေရ။ ကြၽန္ေတာ္မသိႏိုင္တဲ့ အစ္ကို႔အေတြးထဲမွာ
စိုးမိုးေနတဲ့သူကို မနာလုိတယ္ဗ် သိရဲ႕လား။
"ဘာအေၾကာင္းေတြမ်ား အဲ့ေလာက္ေတြးေနတာလဲ"
"ဘာမွမဟုတ္ပါဘူး။ရိေပၚက ကိုယ့္ကိုဘာလို႔ေခၚ
တာလဲဟင္"
"Cotton Candyစားရေအာင္လို႔"
"ဝမ္ရိေပၚ။ေတာ္ၿပီ၊မစားနဲ႔ေတာ့။မင္းအခ်ိဳေတြစားတာေလ်ွာ့သင့္ေနၿပီ"
"ကြၽန္ေတာ္ကကေလးမွမဟုတ္တာ၊စိတ္ပူ
စရာ မလိုပါဘူး"
"ကေလးမဟုတ္လို႔စိတ္ပူတာေပါ့။ကေလးဆိုစကား
နားေထာင္တယ္။မင္းကျပန္မေျပာ၊နားမေထာင္"
"ကြၽန္ေတာ္ကလိမၼာပါတယ္အစ္ကိုရဲ႕"
"မင္းဘာလို႔အဲ့ေလာက္အခ်ိဳႀကိဳက္တာလဲ"
"စိတ္ညစ္ေနတဲ့အခ်ိန္တို႔၊ေဒါသထြက္ေနတဲ့အခ်ိန္တို႔မွာအခ်ိဳစားေပးရတယ္တဲ့၊အဲ့တာဆိုစိတ္ၿငိမ္တယ္"
"မင္းကအခုစိတ္ညစ္ေနလို႔လား"
"ဟင့္အင္း။ကြၽန္ေတာ္က စားခ်င္လို႔စားတာ"
"အဲ့တာမ်ားႀကီးႀကီးက်ယ္က်ယ္ေတြေျပာေနေသးတယ္"
"လာပါ။Cotton candyသြားဝယ္ရေအာင္"
ဟန္ေဆာင္ပန္ေဆာင္ ျငင္းဆန္ေနတဲ့ အစ္ကို႔ကို အေၾကာင္းသိျဖစ္တဲ့ ရိေပၚကပဲ လက္ကိုဆြဲလို႔ မရမက ေခၚလာခဲ့တယ္။ မဟုတ္လည္း အေလ်ာ့ေပးရမွာပဲကို အစ္ကိုက ပဲမ်ားေနေသးတယ္။ အစ္ကိုက အေလ်ာ့ေပးျမဲ
ေပးေနေတာ့ ကြၽန္ေတာ္ကလည္း ဆိုးျမဲဆိုးေနဦးမွာပဲ။
"ေရာ့။အစ္ကိုလည္းတစ္ခုစား"
"ေတာ္ပါၿပီ။မင္းပဲစားပါ"
"စားပါ အစ္ကိုရဲ႕။အကို႔လိုေဒါသႀကီးတဲ့သူေတြက
အခ်ိဳမ်ားမ်ားစားေပးရတယ္တဲ့"
"ဝမ္ရိေပၚ!!!"
"စတာ စတာ..။စားပါ"
စိတ္ဆိုးသြားတဲ့ အစ္ကို႔မ်က္ႏွာေလးကို ၾကည့္ရတာ
ေအးခ်မ္းတယ္။ ကြၽန္ေတာ္ဟာ အစ္ကို႔ကို တစ္ေန႔ထပ္
တစ္ေန႔ ပိုတိုးလို႔သာ ျမတ္ႏိုးရပါတယ္။
ေကြၽးတုန္းကေတာ့ မစားခ်င္ဟန္ေဆာင္ၿပီး တကယ္တမ္းက်ေတာ့ Cotton Candyကို ကိုင္လို႔ ေက်ေက်နပ္နပ္ စားေနတဲ့ အစ္ကိုရယ္ပါ။ တကယ္ပါ...အစ္ကို႔ကို အသည္းယားလြန္းလို႔ ဘယ္လိုလုပ္ရမလဲ။
ပန္းႏုေရာင္ ႏႈတ္ခမ္းေလးေတြက Cotton Candy
စားထားလို႔ ပိုၿပီး ပန္းေရာင္သန္းေနျပီး ႏႈတ္ခမ္းေအာက္နားက မွဲ႔ေလးမွာကပ္ေနတဲ့ Cotton Cadyစေလး။ Cotton Candyကိုေတာင္ ေပပြေအာင္စားတတ္တဲ့ အစ္ကိုက ဘုရားစူး29ႏွစ္ပါ။
"အစ္ကို"
"ဟင္"
"အစ္ကို႔ႏႈတ္ခမ္းနားမွာCotton Candyစေလးကပ္ေနတယ္"
"ဟင္...ဘယ္နားမွာလဲ"
"ႏႈတ္ခမ္းေအာက္နားမွာ"
"......."
"မဟုတ္ေသးဘူး။ကြၽန္ေတာ္လုပ္ေပးမယ္"
စိတ္မ႐ွည္ေတာ့တဲ့အဆံုး ရိေပၚကပဲ အစ္ကို႔ႏႈတ္ခမ္း
ေအာက္နားေလးက မွည့္နက္ကေလးကို ကြယ္ေနတဲ့
Cotton Candyစေလးကို ဖယ္ေပးလိုက္ေတာ့
ပါးေလးေတြ ရဲတက္လာတဲ့အစ္ကို။
အစ္ကိုက ႐ွက္ရင္လည္း ခ်စ္ဖို႔ေကာင္းတာပဲလား။
ဘယ္လိုေနေန ခ်စ္ဖို႔ေကာင္းေနတဲ့ အစ္ကို႔ကို
စိတ္မခ်ေတာ့ဘူး။ ရိေပၚရဲ႕ လက္ေခ်ာင္းေတြက အစ္ကို႔ႏႈတ္ခမ္းေအာက္က မွည့္ကေလးကို ထိမိသြား
တဲ့အခါမွာေတာ့ ရိေပၚရဲ႕ ရင္ခုန္သံေတြက အစိုးမရ။
"အစ္ကို႔ရဲ႕ႏႈတ္ခမ္းေအာက္ကမွည့္နက္ကေလးက
သိပ္လွတာပဲ"
"....."
"မနာလိုလိုက္တာ"
"ကိုယ့္ကိုလား"
"ဟင့္အင္း။မွည့္နက္ေလးကို"
ဟုတ္တယ္။ အစ္ကို႔ရဲ႕ မွည့္နက္ေလးကို ရိေပၚတကယ္ပဲ မနာလိုမိတယ္။ လူေတြေသဆံုးသြားရင္ ဘာျဖစ္သြားၾကသလဲ ရိေပၚ မသိေပမယ့္ အကယ္၍ ရိေပၚသာ ေသဆံုးသြားခဲ့ရင္ အစ္ကို႔ႏႈတ္ခမ္းေအာက္နားက မွည့္နက္ေလးျဖစ္ခ်င္တယ္။ အနည္းဆံုးေတာ့ အစ္ကိုနဲ႔ အနီးဆံုးမွာ အျမဲအတူ႐ွိေနႏိုင္တယ္ေလ။
ေမွာင္လာတာနဲ႔အမ်ွ ပိုမ်ားလာတဲ့လူေတြေၾကာင့္
လူမကြဲေအာင္ သတိထားေနရတယ္။
"တျဖည္းျဖည္းနဲ႔လူေတြမ်ားလာသလိုပဲ"
"....."
"လက္တြဲထားမလား အစ္ကို"
"ဟင္...ရ..ရပါတယ္"
"ရရင္လည္းၿပီးတာပါပဲ။ကြၽန္ေတာ္ကလူကြဲသြားမွာ
စိုးလို႔ပါ"
ေျပာၿပီးမွ ကိုယ့္ပါးစပ္ကိုယ္ ျဖတ္႐ိုက္ပစ္ခ်င္မိတယ္။
အစ္ကိုက သူ႔ကို အခြင့္အေရးယူတယ္လို႔ ထင္သြားရင္
ဘယ္လိုလုပ္မလဲ။ ေနာက္ဆို အေျပာအဆို ဆင္ျခင္ရမယ္။
ရိေပၚ အစ္ကိုနဲ႔အတူ ေလ်ွာက္လာရင္း တစ္ေနရာေရာက္ေတာ့ သစ္ပင္ေအာက္မွာ ဂစ္တာတီးၿပီး သီခ်င္းဆို
ေနတဲ့ သူတစ္ေယာက္ကို ေတြ႔လိုက္သည္။ ထူးျခားတဲ့
အသံနဲ႔ ကြၽမ္းက်င္ပိုင္ႏိုင္တဲ့ သီဆိုဟန္ေၾကာင့္ အဲ့ဒီလူနားမွာ လူေတြဝိုင္းေနတယ္။ ရိေပၚလည္း စိတ္ဝင္တစား ၾကည့္ေနရင္း ေျခလွမ္းေတြက ထိုသူ႔အနားကို ဦးတည္လ်က္။
"အစ္ကို...ဒီနားလာၾကည့္။မိုက္တယ္"
ျပန္ေျဖသံ မၾကားလို႔ ရိေပၚ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ အစ္ကို႔ကို မေတြ႔ေတာ့ဘူး။ ေဘးဘီကို
ေဝ့ၾကည့္ေတာ့လည္း မေတြ႔။ အစ္ကို ဘယ္ေရာက္သြားတာပါလိမ့္။ ပိုမ်ားလာတဲ့ လူေတြၾကားမွာ
ရိေပၚ အစ္ကို႔ကို ႐ွာဖို႔ ေျပးလႊားရေတာ့သည္။
အဲ့တာ သူ႔အျပစ္ေတြ။ သူသာ အစ္ကို႔ကို တစ္ေယာက္
တည္း ခ်န္မထားခဲ့ရင္ အစ္ကိုကလည္း အခုလို
ေပ်ာက္
သြားမွာ မဟုတ္ဘူး။ အခုခ်ိန္ေလာက္ဆို အစ္ကိုတစ္ေယာက္တည္း ဘယ္ေလာက္ေၾကာက္ေနလိမ့္မလဲ။
တကယ္ဆို သူက အစ္ကို႔ကို အရိပ္တၾကည့္ၾကည့္နဲ႔
ကာကြယ္ေပးရမွာ။
အစ္ကို႔ကို ေအာ္ေခၚလို႔ ရိေပၚ လိုက္႐ွာေနေပမယ့္
လူေတြ႐ႈပ္ေနတာေၾကာင့္ ပို႐ွာရခက္လာသည္။ဘာလို႔
ဒီေလာက္ေတာင္ လူမ်ားေနရတာလဲ။ ေနာက္တစ္ခါ
ဘယ္ေတာ့မွ ဒီလိုေနရာမ်ိဳးကို မလာေတာ့ဘူး။
ရိေပၚ ေျပးလႊားေနရင္း တစ္ေနရာအေရာက္မွာ ျဖတ္ခနဲ ေတြ႔လိုက္ရတဲ့ အျဖဴေရာင္ေလး။ အေနာက္က ၾကည့္
လိုက္တာနဲ႔ အစ္ကိုမွန္း ရိေပၚက ခြဲျခားႏိုင္တယ္။
အနားကို တိုးသြားၿပီး အစ္ကိုလို႔ ေခၚလိုက္ေတာ့
လွည့္ၾကည့္လာတဲ့ မ်က္လံုးေလးေတြက မ်က္ရည္စေလးေတြ တြဲခိုေနတယ္။
ဒူးေထာက္ေနတဲ့ အစ္ကို႔ကို ဆြဲထူလို႔ ရိေပၚ အနည္းငယ္ ဆူရေသးတယ္။
"အစ္ကိုရယ္။ဘယ္ေရာက္သြားရတာလဲ။ကြၽန္ေတာ္
လိုက္႐ွာေနတာႏွံ႕ေန..."
ရိေပၚစကား မဆံုးခင္မွာပဲ အစ္ကိုက ထူေပးေနတဲ့
ရိေပၚရဲ႕ လက္ကို ဆြဲၿပီး ရိေပၚကို တင္းၾကပ္စြာ ဖက္
လိုက္သည္။
"႐ွာေတြ႔ၿပီ"
"....."
"မင္း ငါ့ကို႐ွာေတြ႔ခဲ့ၿပီ"
"....."
ရိေပၚကို ဖက္လို႔ ႐ိႈက္ႀကီးတငင္ ငိုေနတဲ့ အစ္ကို႔ကို ၾကည့္ၿပီး ရိေပၚ အျပစ္မကင္းသလို ခံစားရတယ္။
တစ္ဆက္တည္းမွာပဲ သူစိုးရိမ္မိတယ္။ ခနေလး
ေပ်ာက္သြားတာေတာင္ အစ္ကိုက အခုလို ငိုေနရင္
တစ္ေန႔ သူမ႐ွိေတာ့တဲ့အခါ အစ္ကို အဆင္ေျပေနပါ့မလား။ အစ္ကို သူ႔ေၾကာင့္ ခံစားရမွာကို သူမၾကည့္ရက္ဘူး။ ထြက္သြားတဲ့သူထပ္ က်န္ရစ္ခဲ့ရတဲ့သူကသာ
ေသမတတ္ နာက်င္ရေၾကာင္းကို သူကိုယ္တိုင္ ေတြ႔
ၾကံဳခံစားရၿပီးၿပီမို႔ အစ္ကို႔ကိုေတာ့ သူ႔လို မခံစားေစခ်င္ဘူး။
တကယ္ပဲ...ဘယ္လိုစိတ္မ်ိဴးနဲ႔ ခင္ဗ်ားကို တစ္ေယာက္တည္း ထားခဲ့ရပါမလဲ ခင္ဗ်ားရယ္။ အငိုသန္လြန္းတဲ့
ခင္ဗ်ားကို ႏွစ္သိမ့္ေပးႏိုင္ဖို႔ ကြၽန္ေတာ္ ႐ွိေနမွျဖစ္မွာ။
"မင္းငါ့ကို႐ွာေတြ႔ခဲ့ၿပီ ဝမ္ရိေပၚ"
"အင္း.....ကြၽန္ေတာ္အစ္ကို႔ကို႐ွာေတြ႔ခဲ့ၿပီ။
အစ္ကိုဘယ္ေနရာပဲေရာက္ေနေန၊ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကအစ္ကို႔ကိုေတြ႔ေအာင္႐ွာမွာမို႔ မငိုနဲ႔ေတာ့ေနာ္"
"အင္း"
မ်က္ဝန္းထဲက လက္က်န္မ်က္ရည္စေလးေတြနဲ႔
ေခါင္းကို တဆက္ဆက္ ညိမ့္ျပတဲ့ အစ္ကိုက ကေလး
ေလးတစ္ေယာက္လို။ ငိုထားလို႔ ရဲေနတဲ့ မ်က္လံုး
ေလးေတြနဲ႔ ႏွာထိပ္ကေလးေတြ။
အစ္ကိုက ကြၽန္ေတာ့အတြက္ေတာ့ မၿပီးဆံုးႏိုင္
တဲ့ ကဗ်ာ႐ွည္တစ္ပုဒ္။
"အစ္ကိုကလိမၼာလိုက္တာ။အိမ္ျပန္ၾကရေအာင္ေနာ္"
"အင္း။ရိေပၚ...."
"ေျပာေလ အစ္ကို။ဘာေျပာမလို႔လဲ"
"ဟိုေလ....ကိုယ္တို႔လက္တြဲထားၾကမလား"
"ဟင္.."
"ေနာက္တစ္ခါ လူကြဲသြားတာမ်ိဳးမျဖစ္ေအာင္"
"အင္း"
အစ္ကို႔ရဲ႕ ႏူးညံ့တဲ့ လက္ကေလးကို ရိေပၚ ဆုပ္ကိုင္လိုက္တယ္။ ဒီလက္ကို မလြတ္ရဖို႔အတြက္ ဘာမဆို ရင္ဆိုင္ဖို႔လည္း ရိေပၚဟာ ဆံုးျဖတ္ၿပီး ျဖစ္သည္။
အစ္ကို႔အနားမွာ ကြၽန္ေတာ္႐ွိေနမွ ျဖစ္မွာမို႔
ဒီ့ထပ္ပိုၿပီး သတၱိမေၾကာင္ခ်င္ေတာ့ဘူး။
နာက်င္ျခင္းေတြကို ေျဖေဖ်ာက္ႏိုင္ဖို႔က အစ္ကို႔အျပံဳးလွလွေလးေတြကိုပဲ လိုအပ္တာ။
ခင္ဗ်ားေၾကာင့္၊ ခင္ဗ်ားအတြက္ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြအစား ကြၽန္ေတာ္ကိုယ္တိုင္ လိုလိုလားလားနဲ႔ ေတာင့္တမိတဲ့ ႐ွင္သန္ျခင္းပါပဲ။
_________________________________
Unicode
Yibo pov(9)
ကျွန်တော်ကသတ္တိနည်းတယ် အစ္ကို...
တကယ့်တကယ်ပြတ်သားရမယ့်အချိန်မှာမပြတ်သားနိုင်ခဲ့ဘူး။
ရှင်သန်ရခြင်းရဲ့ဒုက္ခတွေ၊နာကျင်မှုတွေကိုမခံစားနိုင်
တော့လို့လက်လျော့လိုက်ပြီးမှအစ်ကိုဆိုတဲ့အကြောင်းပြချက်လေးနဲ့နောက်ကြောင်းပြန်လှည့်ခဲ့ရတာပါ။
ရှင်သန်နေသရွေ့တော့နာကျင်နေရဦးမှာပဲဆိုတာကို
သိလျက်နဲ့အစ်ကို့အနားမှာနေနိုင်ဖို့ရွေးချယ်ခဲ့တဲ့
ကျွန်တော်ဟာအနည်းငယ်ကြောက်ရွံနေတုန်းပဲ။
အတိတ်တွေကအရိပ်လိုလိုက်လာတဲ့အခါ
ရှေ့ဆက်ဖို့ခြေလှမ်းတွေကလည်းတွန့်ဆုတ်နေမိတယ်။
နာကျင်ရလွန်းလို့ဒီလမ်းကိုကျောခိုင်းခဲ့ပြီးမှ
ချက်ချင်းကြီးရင်ဆိုင်လိုက်ဖို့တော့မဖြစ်နိုင်ဘူးမလား။
ကျွန်တော်ကသတ္တိနည်းလွန်းပြီး တစ်လှမ်းချင်းပဲ
လှမ်းလာနိုင်တာမို့အစ်ကိုကရပ်စောင့်နေမှဖြစ်မယ်။
_________________________________
အလုပ်ဆိုတဲ့အကြောင်းပြချက်ပေးပြီးရိပေါ်အစ်ကို
မသိအောင်တိတ်တိတ်လေးဆေးကုသမှုခံယူနေခဲ့တယ်။ဆေးရုံမတက်ချင်ဘူးဆိုတဲ့သူ့ဆန္ဒအတိုင်း
မေလင်းကသူ့အသိဆရာဝန်ရဲ့အကူအညီနဲ့ရိပေါ်ကို
အစွမ်းကုန်ကုသပေးဖို့ကြိုးစားတယ်။ဓာတုကုထုံးနဲ့
ကုသဖို့တိုက်တွန်းတာလည်းအကြိမ်ကြိမ်။
သူ့ဘက်ကသာသတ္တိကြောင်နေခဲ့တာ။
အမြဲတစေရိပေါ်အနားမှာအရိပ်လိုကြည့်ရှုစောင့်ရှောက်ပေးနေတဲ့မေလင်းကိုကျေးဇူးတင်သလိုအားနာရ
ပြန်တယ်။
ကောင်းမွန်တဲ့အရာတွေကအမြဲနောက်ကျမှရောက်လာတတ်တဲ့သဘောတရားကြီးကိုရိပေါ်မုန်းလိုက်တာ..။
ရိပေါ်အစ်ကိုနဲ့အရင်လိုအတူအချိန်မဖြုန်းဖြစ်တာ
ကြာပေါ့။အစ်ကို့ကိုအလုပ်သွားအလုပ်ပြန်အကြိုအပို့်
လောက်ပဲလုပ်ပေးနိုင်တော့တယ်။ဒီနေ့တစ်ရက်တော့အစ်ကိုနဲ့အတူခနလောက်ဖြစ်ဖြစ်လျှောက်လည်
ခွင့်ရရင်ကောင်းမှာပဲဆိုတဲ့အတွေးကိုတစ်လမ်းလုံး
တွေးလာရင်းအစ်ကို့ကိုကြိုဖို့ထွက်လာခဲ့တယ်။
"အစ္ကို"
"ကဲ ပြော။ဘာပူဆာမလို့လဲ"
"အယ်..။အစ်ကိုကကြိုသိနေတယ်ပေါ့"
"မင်းအသံကြားတာနဲ့တစ်ခုခုပူဆာတော့မယ်ဆိုတာ
သိပြီးသား"
"ဟီးဟီး။ကျွန်တော်တို့ညဈေးသွားရအောင်"
"ဘာလုပ်ဖို့လဲ"
"Parisရဲ့ညဈေးတန်းတွေကအရမ်းလှတာအစ်ကိုရဲ့။Street performanceတွေလည်းရှိတယ်"
"မင်းဗိုက်ဆာရင်ဆာတယ်ပြောပါ"
"မဆာပါဘူး။အစ်ကိုနော်..။ကျွန်တော့ကိုအစားပုပ်
လို့များထင်နေလား"
"မဟုတ်လို့လား"
"တော်ပြီ အစ်ကိုရာ၊မသွားချင်လည်းမသွားတော့ဘူး"
"ဟောဗျာ..စိတ္ဆိုးတာလား"
"မဆိုးပါဘူး။စိတ်ဆိုးရအောင်ကျွန်တော်ကကလေး
လား"
"ဟုတ်ပါပြီ။လာပါ..သွားမယ်"
"ကျွန်တော်သွားချင်လို့မဟုတ်ဘူးနော်။အကိုဇွတ်ခေါ်လို့်"
"ဟုတ်ပါပြီကွာ။ကိုယ့်ကြောင့်ပါ ဟုတ်ပြီလား"
"Okလေ။သွားမယ်"
မရေရာတဲ့အနာဂတ်ကိုတွေးပူနေရမှာထပ်
ပစ္စုပ္ပန်ကိုအစ်ကိုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တာ။
_________________________________
Parisရဲ့ညဈေးတန်းတွေကတကယ်ကိုလှတာ။
လူစည်ကားပြီးမီးရောင်တွေနဲ့Parisရဲ့ညမြင်ကွင်း
ကတကယ်ပဲစိတ်ဝင်စားစရာ။ဒါပေမယ့်ရိပေါ်က
တော့သူ့ဘေးကရှုခင်းလှလှလေးကိုပဲငေးနေမိတယ်။အဖြူရောင်ရှပ်လက်ရှည်လေးနဲ့အစ်ကိုဟာ
ရိပေါ်မငြီးမငွေ့ငေးမောချင်စဖွယ်ရှုခင်းလေး။
တည်ငြိမ်လွန်းတယ်လို့ထင်ရတဲ့အစ်ကိုဟာ
တကယ်တော့ချစ်စရာကောင်းလွန်းတဲ့လူသားလေး။
မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိပြုံးလိုက်ရင်
ထင်းခနဲပေါ်လာတတ်တဲ့နှုတ်ခမ်းအောက်ကမှည့်နက်ကလေးကတော့ရိပေါ်ရဲ့ကျဆုံးခန်းလေးပေါ့။
အစ်ကို့အပေါ်ထားတဲ့ရိပေါ်ရဲ့ခင်တွယ်မှုဟာသာမန်
ထပ်ပိုတာကိုရိပေါ်ကိုယ်တိုင်လည်းသတိထားမိပါတယ်။ဒါပေမယ့်ရိပေါ်ဟာဒီစွဲလမ်းမှုကိုခေါင်းစဉ်မတပ်ချင်ဘူး။မတပ်ရဲတာဆိုပိုမှန်လိမ့်မယ်။ရိပေါ်ရဲ့တစ်ဖက်
သတ်ခံစားချက်တွေနဲ့အစ်ကို့ကိုပိတ်လှောင်မထားချင်သလိုပိတ်လှောင်ထားဖို့အခွင့်အရေးလည်းမရှိဘူး။
မချစ်ဘူးဆိုတာထပ်မချစ်ရဲတာပါ။
အစ်ကိုဟာရိပေါ်အတွက်တော့ချစ်တာထပ်ပိုလို့
မြတ်နိုးတွယ်တာရတဲ့တစ်ဦးတည်းသောသူ။
Cotton candyရောင်းတဲ့နေရာရောက်တော့
ရိပေါ်အစ်ကို့ကိုလှမ်းခေါ်လိုက်ပေမယ့်အစ်ကိုကပြန်
မထူးဘဲအတွေးလွန်နေပုံရတယ်။
"အစ္ကို"
"......"
"အစ္ကို.."
"...."
"အစ္ကို!!!"
"ဟင်..ပြော..ပြောလေ ရိပေါ်"
"ကျွန်တော်ခေါ်နေတာကြာပြီ။ဘာလို့ပြန်မထူးတာလဲ"
"အာ...ဆောရီး။ကိုယ်အတွေးလွန်သွားလို့"
တွေ့လား။အစ်ကိုကရိပေါ်ကိုဂရုမစိုက်တော့ပါဘူးလေ။ရိပေါ်တစ်ယောက်လုံးကိုဘေးထားပြီးဘယ်သူ့
အကြောင်းတွေးနေပြန်ပြီလဲမသိ။မနာလိုတယ် အစ်ကိုရေ။ကျွန်တော်မသိနိုင်တဲ့အစ်ကို့အတွေးထဲမှာ
စိုးမိုးနေတဲ့သူကို မနာလိုတယ်ဗျ သိရဲ့လား။
"ဘာအကြောင်းတွေများအဲ့လောက်တွေးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး။ရိပေါ်က ကိုယ့်ကိုဘာလို့ခေါ်
တာလဲဟင်"
"Cotton Candyစားရအောင်လို့"
"ဝမ်ရိပေါ်။တော်ပြီ၊မစားနဲ့တော့။မင်းအချိုတွေစားတာလျှော့သင့်နေပြီ"
"အယ်....ကျွန်တော်ကကလေးမှမဟုတ်တာ၊စိတ်ပူ
စရာမလိုပါဘူး"
"ကလေးမဟုတ်လို့စိတ်ပူတာပေါ့။ကလေးဆိုစကား
နားထောင်တယ်။မင်းကပြန်မပြော၊နားမထောင်"
"ကျွန်တော်ကလိမ္မာပါတယ်အစ်ကိုရဲ့"
"မင်းဘာလို့အဲ့လောက်အချိုကြိုက်တာလဲ"
"စိတ်ညစ်နေတဲ့အချိန်တို့၊ဒေါသထွက်နေတဲ့အချိန်တို့မှာအချိုစားပေးရတယ်တဲ့၊အဲ့တာဆိုစိတ်ငြိမ်တယ်"
"မင်းကအခုစိတ်ညစ်နေလို့လား"
"ဟင့်အင်း။ကျွန်တော်က စားချင်လို့စားတာ"
"အဲ့တာများကြီးကြီးကျယ်ကျယ်တွေပြောနေသေးတယ်"
"လာပါ။Cotton candyသွားဝယ်ရအောင်"
ဟန်ဆောင်ပန်ဆောင်ငြင်းဆန်နေတဲ့အစ်ကို့ကိုအကြောင်းသိဖြစ်တဲ့ရိပေါ်ကပဲလက်ကိုဆွဲလို့ မရမကခေါ်လာခဲ့တယ်။မဟုတ်လည်းအလျော့ပေးရမှာပဲကိုအစ်ကိုကပဲများနေသေးတယ်။အစ်ကိုကအလျော့ပေးမြဲ
ပေးနေတော့ကျွန်တော်ကလည်းဆိုးမြဲဆိုးနေဦးမှာပဲ။
"ရော့။အစ်ကိုလည်းတစ်ခုစား"
"တော်ပါပြီ။မင်းပဲစားပါ"
"စားပါ အစ်ကိုရဲ့။အကို့လိုဒေါသကြီးတဲ့သူတွေက
အချိုများများစားပေးရတယ်တဲ့"
"ဝမ်ရိပေါ်!!!"
"စတာ စတာ..။စားပါ"
စိတ်ဆိုးသွားတဲ့အစ်ကို့မျက်နှာလေးကိုကြည့်ရတာ
အေးချမ်းတယ်။ကျွန်တော်ဟာအစ်ကို့ကိုတစ်နေ့ထပ်
တစ်နေ့ပိုတိုးလို့သာမြတ်နိုးရပါတယ်။
ကျွေးတုန်းကတော့မစားချင်ဟန်ဆောင်ပြီးတကယ်တမ်းကျတော့Cotton Candyကိုကိုင်လို့ကျေကျေနပ်နပ်စားနေတဲ့အစ်ကိုရယ်ပါ။တကယ်ပါ။အစ်ကို့ကိုအသည်းယားလွန်းလို့ဘယ်လိုလုပ်ရမလဲ။
ပန်းနုရောင်နှုတ်ခမ်းလေးတွေကCotton Candy
စားထားလို့ပိုပြီးပန်းရောင်သန်းနေပြီးနှုတ်ခမ်းအောက်နားကမှဲ့လေးမှာကပ်နေတဲ့Cotton Cadyစေလး။Cotton Candyကိုတောင်ပေပွအောင်စားတတ်တဲ့အစ်ကိုက ဘုရားစူး29နှစ်ပါ။
"အစ္ကို"
"ဟင်"
"အစ်ကို့နှုတ်ခမ်းနားမှာCotton Candyစလေးကပ်နေတယ်"
"ဟင်...ဘယ္နားမွာလဲ"
"နှုတ်ခမ်းအောက်နားမှာ"
"......."
"မဟုတ်သေးဘူး။ကျွန်တော်လုပ်ပေးမယ်"
စိတ်မရှည်တော့တဲ့အဆုံးရိပေါ်ကပဲအစ်ကို့နှုတ်ခမ်း
အောက်နားလေးကမှည့်နက်ကလေးကိုကွယ်နေတဲ့
Cotton Candyစလေးကိုဖယ်ပေးလိုက်တော့
ပါးလေးတွေရဲတက်လာတဲ့အစ်ကို။
အစ်ကိုကရှက်ရင်လည်း ချစ်ဖို့ကောင်းတာပဲလား။
ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့အစ်ကို့ကို
စိတ်မချတော့ဘူး။ရိပေါ်ရဲ့လက်ချောင်းတွေကအစ်ကို့နှုတ်ခမ်းအောက်ကမှည့်ကလေးကိုထိမိသွား
တဲ့အခါမှာတော့ရိပေါ်ရဲ့ရင်ခုန်သံတွေကအစိုးမရ။
"အကို့ရဲ့နှုတ်ခမ်းအောက်ကမှည့်နက်ကလေးက
သိပ်လှတာပဲ"
"....."
"မနာလိုလိုက္တာ"
"ကိုယ့်ကိုလား"
"ဟင့်အင်း။မှည့်နက်လေးကို"
ဟုတ်တယ်။အစ်ကို့ရဲ့မှည့်နက်လေးကိုရိပေါ်တကယ်ပဲမနာလိုမိတယ်။လူတွေသေဆုံးသွားရင်ဘာဖြစ်သွားကြသလဲမသိပေမယ့်အကယ်၍ရိပေါ်သာသေဆုံးသွားခဲ့ရင်အစ်ကို့နှုတ်ခမ်းအောက်နားကမှည့်နက်လေးဖြစ်ချင်တယ်။အနည်းဆုံးတော့အစ်ကိုနဲ့အနီးဆုံးမှာအမြဲအတူရှိနေနိုင်တယ်လေ။
မှောင်လာတာနဲ့အမျှပိုများလာတဲ့လူတွေကြောင့်
လူမကွဲအောင်သတိထားနေရတယ်။
"တဖြည်းဖြည်းနဲ့လူတွေများလာသလိုပဲ"
"....."
"လက္တြဲထားမလား အကို"
"ဟင်...ရ..ရပါတယ်"
"ရရင်လည်းပြီးတာပါပဲ။ကျွန်တော်ကလူကွဲသွားမှာ
စိုးလို့ပါ"
ပြောပြီးမှကိုယ့်ပါးစပ်ကိုဖြတ်ရိုက်ပစ်ချင်မိတယ်။
အစ်ကိုကသူ့ကိုအခွင့်အရေးယူတယ်လို့ထင်သွားရင်
ဘယ်လိုလုပ်မလဲ။နောက်ဆိုအပြောအဆိုဆင်ခြင်ရမယ်။
ရိပေါ်အစ်ကိုနဲ့အတူလျှောက်လာရင်းတစ်နေရာရောက်တော့သစ်ပင်အောက်မှာဂစ်တာတီးပြီးသီချင်းဆို
နေတဲ့သူတစ်ယောက်ကိုတွေ့လိုက်သည်။ထူးခြားတဲ့
အသံနဲ့ကျွမ်းကျင်ပိုင်နိုင်တဲ့သီဆိုဟန်ကြောင့်အဲ့ဒီလူနားမှာလူတွေဝိုင်းနေတယ်။ရိပေါ်လည်းစိတ်ဝင်တစားကြည့်နေရင်းခြေလှမ်းတွေကထိုသူ့အနားကိုဦးတည်လျက်။
"အစ္ကို...ဒီနားလာကြည့်။မိုက်တယ်"
ပြန်ဖြေသံမကြားလို့ရိပေါ်အနောက်ကိုလှည့်ကြည့်လိုက်တော့အစ်ကို့ကိုမတွေ့တော့ဘူး။ဘေးဘီကို
ဝေ့ကြည့်တော့လည်းမတွေ့။အစ်ကိုဘယ်ရောက်သွားတာပါလိမ့်။ပိုများလာတဲ့လူတွေကြားမှာရိပေါ်
အစ်ကို့ကိုရှာဖို့ပြေးလွှားရတော့သည်။
အဲ့တာသူ့အပြစ်တွေ။သူသာအစ်ကို့ကိုတစ်ယောက်
တည်းချန်မထားခဲ့ရင်အစ်ကိုကလည်းအခုလိုပျောက်
သွားမှာမဟုတ်ဘူး။အခုချိန်လောက်ဆိုအစ်ကိုတစ်ယောက်တည်းဘယ်လောက်ကြောက်နေလိမ့်မလဲ။
တကယ်ဆိုသူကအစ်ကို့ကိုအရိပ်တကြည့်ကြည့်နဲ့
ကာကွယ်ပေးရမှာ။
အစ်ကို့ကိုအော်ခေါ်လို့ရိပေါ်လိုက်ရှာနေပေမယ့်
လူတွေရှုပ်နေတာကြောင့်ပိုလို့ရှာရခက်သည်။ဘာလို့
ဒီလောက်တောင်လူများနေရတာလဲ။နောက်တစ်ခါ
ဘယ်တော့မှဒီလိုနေရာမျိုးကိုမလာတော့ဘူး။
ရိပေါ်ပြေးလွှားနေရင်းတစ်နေရာအရောက်မှာဖြတ်ခနဲတွေ့လိုက်ရတဲ့အဖြူရောင်လေး။အနောက်ကကြည့်
လိုက်တာနဲ့အစ်ကိုမှန်းရိပေါ်ကခွဲခြားနိုင်တယ်။
အနားကိုတိုးသွားပြီးအစ်ကိုလို့ခေါ်လိုက်တော့
လှည့်ကြည့်လာတဲ့မျက်လုံးလေးတွေကမျက်ရည်စလေးတွေတွဲခိုနေတယ်။
ဒူးထောက်နေတဲ့အစ်ကို့ကိုဆွဲထူလို့ရိပေါ်အနည်းငယ်ဆူရသေးတယ်။
"အကိုရယ်။ဘယ်ရောက်သွားရတာလဲ။ကျွန်တော်
လိုက်ရှာနေတာနှံ့နေ..."
ရိပေါ်စကားမဆုံးခင်မှာပဲအစ်ကိုကထူပေးနေတဲ့
ရိပေါ်ရဲ့လက်ကိုဆွဲပြီးရိပေါ်ကိုတင်းကြပ်စွာဖက်
လိုက်သည်။
"ရှာတွေ့ပြီ"
"....."
"မင်း ငါ့ကိုရှာတွေ့ခဲ့ပြီ"
"....."
ရိပေါ်ကိုဖက်လို့ရှိုက်ကြီးတငင်ငိုနေတဲ့အစ်ကို့ကိုကြည့်ပြီးရိပေါ်အပြစ်မကင်းသလိုခံစားရတယ်။
တစ်ဆက်တည်းမှာပဲ သူစိုးရိမ်မိတယ်။ခနလေး
ပျောက်သွားတာတောင်အစ်ကိုကအခုလိုငိုနေရင်
တစ်နေ့သူမရှိတော့တဲ့အခါအစ်ကိုအဆင်ပြေနေပါ့မလား။အစ်ကိုသူ့ကြောင့်ခံစားရမှာကိုသူမကြည့်ရက်ဘူး။ထွက်သွားတဲ့သူထပ်ကျန်ရစ်ခဲ့ရတဲ့သူကသာ
သေမတတ်နာကျင်ရကြောင်းကိုသူကိုယ်တိုင်တွေ့
ကြုံခံစားရပြီးပြီမို့အစ်ကို့ကိုတော့သူ့လိုမခံစားစေချင်ဘူး။
တကယ်ပဲ...ဘယ်လိုစိတ်မျိူးနဲ့ခင်ဗျားကိုတစ်ယောက်ထဲထားခဲ့ရပါမလဲ ခင်ဗျားရယ်။အငိုသန်လွန်းတဲ့ခင်ဗျားကိုနှစ်သိမ့်ပေးနိုင်ဖို့ ကျွန်တော်ရှိနေမှဖြစ်မှာ။
"မင်းငါ့ကိုရှာတွေ့ခဲ့ပြီ ဝမ်ရိပေါ်"
"အင်း.....ကျွန်တော်အစ်ကို့ကိုရှာတွေ့ခဲ့ပြီ။
အကိုဘယ်နေရာပဲရောက်နေနေ၊ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်တော်ကအစ်ကို့ကိုတွေ့အောင်ရှာမှာမို့ မငိုနဲ့တော့နော်"
"အင်း"
မျက်ဝန်းထဲကလက်ကျန်မျက်ရည်စလေးတွေနဲ့
ခေါင်းကိုတဆက်ဆက်ငြိမ့်ပြတဲ့အစ်ကိုက ကေလး
လေးတစ်ယောက်လို။ငိုထားလို့ရဲနေတဲ့မျက်လုံး
လေးတွေနဲ့နှာထိပ်ကလေးတွေ။
အစ်ကိုကကျွန်တော့အတွက်တော့မပြီးဆုံးနိုင်
တဲ့ကဗျာရှည်တစ်ပုဒ်။
"အစ်ကိုကလိမ္မာလိုက်တာ။အိမ်ပြန်ကြရအောင်နော်"
"အင်း။ရိပေါ်...."
"ပြောလေ အစ်ကို။ဘာပြောမလို့လဲ"
"ဟိုလေ....ကိုယ်တို့လက်တွဲထားကြမလား"
"ဟင်.."
"နောက်တစ်ခါ လူကွဲသွားတာမျိုးမဖြစ်အောင်"
"အင်း"
အစ်ကို့ရဲ့နူးညံ့တဲ့လက်ကလေးကိုရိပေါ်ဆုပ်ကိုင်လိုက်တယ်။ဒီလက်ကိုမလွတ်ရဖို့အတွက်ဘာမဆိုရင်ဆိုင်ဖို့လည်းရိပေါ်ဟာဆုံးဖြတ်ပြီးဖြစ်သည်။
အစ်ကို့အနားမှာကျွန်တော်ရှိနေမှဖြစ်မှာမို့
ဒီ့ထပ်ပိုပြီးသတ္တိမကြောင်ချင်တော့ဘူး။
နာကျင်ခြင်းတွေကိုဖြေဖျောက်နိုင်ဖို့ကအစ်ကို့အပြုံးလှလှလေးတွေကိုပဲလိုအပ်တာ။
ခင်ဗျားကြောင့်၊ခင်ဗျားအတွက်ဆိုတဲ့အကြောင်းပြချက်တွေအစား ကျွန်တော်ကိုယ်တိုင်လိုလိုလားလားနဲ့တောင့်တမိတဲ့ရှင်သန်ခြင်းပါပဲ။
________________________________