Unicode
ခေါင်ရမ်းတစ်ပွင့် မှသည်...
ကောင်း အိပ်နေရင်း အိမ်အပြင်ဘက်တွင် ခွေးများ အရမ်းဟောင်နေတာကြောင့် နိုးလာခဲ့သည်။ အိပ်မှုန်စုတ်ဖွားနဲ့ မျက်မှန်တပ်ပြီး ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တော့ အိမ်ရှေ့မှာ ခွေးများ ယောက်ယက်ခတ်နေသည်။
ခွေးတွေဟောင်နေတဲ့ နေရာကိုသေချာကြည့်လိုက်တော့ ဟိုကောင်လေး..ခွေးတွေက သူ့ကိုဦးတည်ပြီးဟောင်နေကြတာ။ ကောင်လေး ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ။ အခုဆိုလည်း လမ်းမပေါ်မှာ ကွေးကွေးလေး ထိုင်နေပြီး ခေါင်းကိုဒူးနှစ်ဖက်ကြားထဲ ဖွက်ထားသေးတာ။
သနားလိုက်တာ!!
ကောင်း သူတစ်ပါးကြောက်ရွံ့နေတဲ့ ပုံစံကိုမမြင်ရက်ဘူး။
ကောင်လေးကို ခေါ်ဖို့ရန် အိမ်အောက်ထပ်သို့ဆင်းခဲ့တော့သည်။ မေမေတို့မနိုးအောင် သေချာသတိထားရသေးတယ်။
"ဟေ့ ကောင်လေး"
နောက်ဖေးပေါက်ကို ဖွင့်လိုက်ပြီး ဒူးလေးပိုက်ကာ ထိုင်နေသည့် ကောင်လေးကို ခေါ်လိုက်သည်။
ဖြည်းဖြည်းချင်း မော့ကြည့်လာပေမယ့် ခန္ဓာကိုယ်ကတော့ တဆတ်ဆတ်တုန်နေလေရဲ့။
"မင်း အိမ်ထဲ၀င်လို့ရပြီ"
အင်းမလုပ် အဲမလုပ်နဲ့ ခပ်ဖြေးဖြေး လမ်းလျှောက်ပြီး ၀င်လာလေရဲ့။ ကောင်းလည်း သူ့ကို အခန်းထဲထိ ခေါ်လာခဲ့လိုက်သည်။
"ဟေ့ကောင်လေး..မင်းကအိပ်လို့ရလား"
ကောင်း ခုတင်ပေါ်မှာထိုင်လျက်ကနေ ကြမ်းပြင်ပေါ်ဒူး လေးပိုက်ကာထိုင်နေသည့် ထိုကောင်လေးကို မေးလိုက်သည်။
သူကတော့ ခေါင်းရမ်းပြသည်။ အကြောက်မပြေသေး
သည့်ပုံပင်။ တကယ်တမ်း ကောင်းမှားတာပါ။ ကိုယ့်ကြောင့်နဲ့ သူများကို ဒုက္ခရောက်စေခဲ့တာ။
"အဲ့ဆိုလည်း ပြီးတာပဲ၊ ဒီအခန်းထဲမှာပဲနေ၊ လျှောက်မသွားနဲ့၊ နောက်ပြီး ငြိမ်ငြိမ်လေးနေနော်၊ ငါကောင်းကောင်း မအိပ်ရတာကြာပြီ"
"ဟုတ်..ဟုတ်ကဲ့"
ထိုနေ့ညက ကောင်း ရဲ့အိမ်မက်လေးက လှပခဲ့သည်။
ကောင်း ကိုယ်တိုင်လည်း အံဩမိသည်။ ကိုယ့်ဘေးမှာ ဝိညာဉ်ဆိုတဲ့ အရာတစ်ခုရှိနေတာတောင် ဘယ်လိုများ ကောင်းကောင်း အိပ်ပျော်ရတာလဲလို့။
~~~~~~~~~~~~~~~~
"မေမေ ဟိုလေ..ဆုံးပါးသွားတဲ့ လူတွေအတွက် ဘယ်လိုလှူဒါန်းပေးလို့ရလဲဟင်"
မနက်စာစားနေရင်း မသက်ဆိုင်သည့် မေးခွန်းကိုမေးလိုက်တော့ ဖေဖေရော မေမေရော ကောင်းကို ပြိုင်တူ ငဲ့ကြည့်လာကြသည်။
"သားက ဘာလို့သိချင်ရတာလဲ"
"သားက ဒီအတိုင်းပဲ စိတ်၀င်စားပြီး သိချင်လာလို့ပါ"
"မေမေသိသလောက်တော့ သူတို့ကို ရည်စူးပြီး အလှူအတန်းလုပ်ပေးလို့ရတယ်၊ ပြီးရင် အမျှဝေပေးလို့လည်းရတယ်၊ ဒီလောက်ပဲ သိတယ်"
"သူတို့ကို ရည်စူးပြီး ဆိုတာက နာမည်သိမှရမှာပေါနော်"
"ဒါပေါ့ နာမည်မသိဘဲနဲ့ ဘယ်လိုခေါ်ပြီး အမျှဝေမှာလဲ၊ ဒီအတိုင်း အလှူအတန်းလေး လုပ်ပြီး အားလုံးကိုအမျှဝေပါတယ်ဆိုပြီး လုပ်လို့တော့ရတယ်၊ ဒါပေမယ့် ရည်စူးချင်ရင်တော့ နာမည်သိရမယ်လေ"
"ဟုတ်"
"ကဲ စကားပြောကောင်းနေလိုက်ကြ သားအမိတွေ၊ ဖေဖေ ဆေးရုံသွားတော့မယ်"
"ဟုတ်ဖေဖေ ဟီး စကားပြောနေတာနဲ့ ဖေဖေ့ကိုတောင်မေ့သွားတယ်"
ဖေဖေရဲ့ သားပီသစွာ ဖေဖေကိုယ်တိုင် မစခင်ကိုယ်ကကြိုပြီး စထားလိုက်သည်။
"အေးပါကွာ အဲ့တာကြောင့် ဖေဖေ၀မ်းနည်းသွားပြီ၊ သွားတော့မယ်"
သွားခါနီးကို မျက်နှာငယ်လေးနဲ့ သနားကမား လုပ်ပြသွားသေးတာ။ ဖေဖေကတော့ တကယ်ကို နှစ်ယောက်မရှိပဲ..
"ဟား ဟုတ်ပါပြီ ဖေဖေရာ"
~~~~~~~~~~~~~
"ဟေ့ မင်းကိုပြောစရာရှိတယ်"
ကောင်း အခန်းထဲ ၀င်၀င်ခြင်း သူထိုင်နေသည့် နေရာကို ပြေးသွားလိုက်သည်။
"ငါပြောတာကလေ မင်းကို ငါကျွတ်လွတ်သွားအောင် လုပ်ပေးလို့ရပြီလို့ ပြောတာ"
ကောင်လေးရဲ့ မျက်နှာလေးက ညှိုးနွမ်းသွားပြန်သည်။
ကောင်း ဘာလို့လဲ နားမလည်ပါ။ ဒါက သူ့အတွက် ကောင်းတဲ့ ကိစ္စမဟုတ်ပေဘူးလား။
"ဘာဖြစ်လို့လဲ ဒါက မင်းအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား"
သူက ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ကြမ်းပြင်အောက်ထိရောက်မတတ် ငုံ့ထားတော့သည်။
"ဟေ့ မင်း ဒီလို စကားမပြောဘဲ နေလို့မရဘူးလေ၊ မင်းပြောပြမှ ငါကကူညီပေးလို့ရမှာပေါ့" လို့ပြောတော့မှ ဖြေးဖြေးချင်း အပေါ်မော့လာသည်။ မျက်လုံးများကလည်း အရည်လဲ့နေသေးသည်။
ဘာလဲ သူငိုနေတာလား!!
ဝိညာဉ်က ငိုလို့ရတယ်ပေါ့!!
"ကျွန်တော်ကမှ အရင်ကအကြောင်းအရာတွေကိုမှ မမှတ်မိသေးတာ၊ ကိုယ့်နာမည်ကိုတောင် သေချာမသိနိုင်သေးဘူး၊ ဘာမှမသိတဲ့ ဘ၀နဲ့တော့ ထွက်မသွားချင်ဘူး"
အင်း...အဲ့ဆို ကောင်းက ဘာဆက်လုပ်ပေးရမလဲ..
ကိုယ်ကသာ အလှူအတန်းတွေလုပ် အမျှတွေ အာပေါက်မတတ်ဝေနေပါစေ သူကအမျှမခေါ်ရင်လည်း အလကားပဲလေ။ စိတ်ရှုပ်တယ်။
အခုသူ့ကို သနားလို့အိမ်ပေါ်သာ ခေါ်တင်ထားရတာ။ သူ့ပုံကိုကြည့်ရတာ ခပ်လန့်လန့်ရယ်။ တစ်ချိန်လုံး ခန္ဓာကိုယ်ပေါ်မှာ ရေစက်လက်။ ပြီးတော့ တစ်ကိုယ်လုံးကလည်း မည်းတူးလို့။ အသားအရေတွေကလည်း သာမန်ထက် ပိုပြီးပြာနှမ်းနေသေးတာ။
"ဒါနဲ့ မင်းရဲ့ပုံစံက ဒီအတိုင်းပဲလား၊ မပြောင်းလဲတော့ဘူးလား"
"မသိဘူး"
"ပြီးတော့ မင်းကထမင်းစားလို့ရလား"
ကောင်းသိချင်သည့် မေးခွန်းတွေကို ဆက်တိုက်မေးနေမိသည်။
"ဟုတ်ရပါတယ်"
"ဟမ် ဘယ်လိုစားတာလဲ"
မထင်မှတ်ထားသည့် အပြောကြောင့် ကောင်း အံ့ဩသွားရသည်။
"မသိဘူး ရတာတော့ရတယ်"
ကောင်း အိမ်အောက်ထပ်ဆင်းပြီး ထမင်းတစ်ပန်းကန်ကို အပြေးယူတော့သည်။ အခုချိန် မေမေရော ဖေဖေရော အိမ်မှာမရှိတော့ဘူးလေ။ နှစ်ယောက်လုံးအလုပ်သွားကြပြီ။ အဲ့တော့ အိမ်မှာ ကောင်းနဲ့ သူနဲ့ နှစ်ယောက်တည်း။
"ရော့ မင်းစားကြည့်"
သူ့ရှေ့ ထမင်းပန်းကန်ကို ချပေးလိုက်တော့ ကြောင်တောင်တောင်နဲ့ ထမင်းတွေကို သုံးစက္ကန့်လောက် စိုက်ကြည့်နေပြီးမှ ဇွန်းကိုကိုင်ရန် လက်ရွယ်လာတော့သည်။
သို့သော် ကိုင်၍မရပါ။ ဇွန်းမပြောနှင့် ထမင်းတစ်စိကိုပင် သူ့လက်နှင့် မထိနိုင်ပါ။
"ဟေ့ မင်းပြောတော့ ရတယ်ဆို အခုဘာလို့မရတာလဲ"
"မသိဘူး စားလို့တော့ရတယ်"
"စားလို့ရတယ်ဆိုတာကိုကျ မင်းဘယ်လိုသိတာလဲ"
"တစ်ခါ စားဖူးတယ်"
"ဟမ် အဲ့တုန်းက ဘယ်လိုစားတာလဲ၊ အခုဆို ထိလို့တောင်မရတာကို"
"မသိဘူး အဲ့တုန်းက ကျွန်တော့်ရှေ့ကို ပေါ်လာတာနဲ့ ကိုင်ကြည့်လိုက်တော့ ထိလို့ရတာနဲ့ စားလိုက်တာပဲ"
ထူးဆန်းပါဘိနဲ့။ တကယ်ကို အထူးအဆန်းတွေ ကောင်းလိုက်မမီတော့ဘူး။ အခုချိန်မှာ ဖေဖေ့ရဲ့ ဆေးစာအုပ်ကြီးတွေတောင် ဖတ်နိုင်သည့် ဦးဏှောက်က ဒီနေရာမှာတော့ သုံးလို့မရတော့ပါ။
"ဒါနဲ့ ငါ့ရဲ့ နာမည်က ကောင်းမြတ်သူ၊ မင်းက ငါ့ထက်ငယ်တယ်ဆိုပေမယ့် ကောင်းလို့ပဲ ခေါ်လို့ရတယ်၊ ဘယ်သူမဆို ငါ့ကို ကောင်းလို့ပဲ ခေါ်ကြတာ"
အခုချိန်မှာ ကောင်းကိုတွေ့တဲ့ သူကတော့ အရူးလို့ထင်သွားလိမ့်မည်။ ဘယ်သူမှ မရှိတဲ့ လေထုကို စကားပြောမှုနဲ့ အရူးထောင်ကို အပို့မခံရရင် ကံကောင်း။ ကောင်းရဲ့ ဘ၀မှာလည်း တစ်ခါမှ ကိုယ့်နာမည်ကို ဝိညာဉ်နဲ့
ပြန်ပြီး မိတ်ဆက်ရလိမ့်မယ်လို့ ထင်မထားခဲ့တာအမှန်ပါ။
"ဒါနဲ့ မင်း အရင်က အကြောင်းအရာတွေကိုတော့
မြန်မြန်မှတ်မိအောင်လုပ်၊ အဲ့တာမှ ငါမင်းနာမည်ကို ခေါ်ပြီး အမျှဝေပေးလို့ရမှာ"
"ဟုတ်"
"ပြီးတော့ မင်းကတစ်ချိန်လုံး ငါဘယ်သွားသွား လိုက်နေတော့မှာလား"
"ဟုတ်"
"အဲ့ဆိုလည်း ငါအပြင်သွားရင် မင်းနောက်ကလိုက်ခဲ့လေ၊ ဒါမှာ မင်းသွားဖူးတဲ့နေရာတွေ ရောက်ရင် ပြန်ပြီးမှတ်မိသွားနိုင်တယ်၊ ပြီးတော့ မင်းကိုလည်း ငါကလွဲရင် ဘယ်သူမှ မမြင်နိုင်ဘူးဆိုတော့လေ"
'ကောင်း..!! မင်းကဘယ်လိုတောင်လား ဝိညာဉ်တစ်ကောင်က မင်းနောက်အမြဲလိုက်နေတာကိုတောင် စိတ်မကွက်တဲ့ အပြင် မင်းကကျေကျေနပ်နပ်ကြီးကိုလက်ခံလိုက်သတဲ့လား'
ကောင်း ကိုယ့်ကိုယ်ကိုယ်လည်း လုံး၀မယုံနိုင်တော့ပါ။ လူအစားထိုးသွားသလားပင် ထင်ရအောင် ပြောင်းလဲသွားသည်လေ။
'ရှိစေတာ့..သူမြန်မြန် မှတ်မိလေကောင်းလေပဲ၊ ဒါမှ ငါလည်းအေးဆေး နေရမှာ'
နောက်ပြီး သူ့ကိုဒီလို ညစ်ပတ်နေသည့် ပုံစံကြီးဖြင့် မမြင်ချင်ပါ။ အဲ့အတွက် လူကြီးသူမတွေကို ဝေ့ဝိုက်ပြီး မေးရပေဦးမည်။
~~~~~~~~~~~~~~~~~
To be continued...
~~~~~~~~~~~~~~~~~
Zawgyi
ေခါင္ရမ္းတစ္ပြင့္ မွသည္...
ေကာင္း အိပ္ေနရင္း အိမ္အျပင္ဘက္တြင္ ေခြးမ်ား အရမ္းေဟာင္ေနတာေၾကာင့္ နိုးလာခဲ့သည္။ အိပ္မႈန္စုတ္ဖြားနဲ႕ မ်က္မွန္တပ္ၿပီး ျပတင္းေပါက္ကို ဖြင့္ၾကည့္လိုက္ေတာ့ အိမ္ေရွ႕မွာ ေခြးမ်ား ေယာက္ယက္ခတ္ေနသည္။
ေခြးေတြေဟာင္ေနတဲ့ ေနရာကိုေသခ်ာၾကည့္လိုက္ေတာ့ ဟိုေကာင္ေလး..ေခြးေတြက သူ႕ကိုဦးတည္ၿပီးေဟာင္ေနၾကတာ။ ေကာင္ေလး ဘယ္ေလာက္ေတာင္ ေၾကာက္ေနလိုက္မလဲ။ အခုဆိုလည္း လမ္းမေပၚမွာ ေကြးေကြးေလး ထိုင္ေနၿပီး ေခါင္းကိုဒူးႏွစ္ဖက္ၾကားထဲ ဖြက္ထားေသးတာ။
သနားလိုက္တာ!!
ေကာင္း သူတစ္ပါးေၾကာက္႐ြံ႕ေနတဲ့ ပုံစံကိုမျမင္ရက္ဘူး။
ေကာင္ေလးကို ေခၚဖို႔ရန္ အိမ္ေအာက္ထပ္သို႔ဆင္းခဲ့ေတာ့သည္။ ေမေမတို႔မနိုးေအာင္ ေသခ်ာသတိထားရေသးတယ္။
"ေဟ့ ေကာင္ေလး"
ေနာက္ေဖးေပါက္ကို ဖြင့္လိုက္ၿပီး ဒူးေလးပိုက္ကာ ထိုင္ေနသည့္ ေကာင္ေလးကို ေခၚလိုက္သည္။
ျဖည္းျဖည္းခ်င္း ေမာ့ၾကည့္လာေပမယ့္ ခႏၶာကိုယ္ကေတာ့ တဆတ္ဆတ္တုန္ေနေလရဲ႕။
"မင္း အိမ္ထဲ၀င္လို႔ရၿပီ"
အင္းမလုပ္ အဲမလုပ္နဲ႕ ခပ္ေျဖးေျဖး လမ္းေလွ်ာက္ၿပီး ၀င္လာေလရဲ႕။ ေကာင္းလည္း သူ႕ကို အခန္းထဲထိ ေခၚလာခဲ့လိုက္သည္။
"ေဟ့ေကာင္ေလး..မင္းကအိပ္လို႔ရလား"
ေကာင္း ခုတင္ေပၚမွာထိုင္လ်က္ကေန ၾကမ္းျပင္ေပၚဒူး ေလးပိုက္ကာထိုင္ေနသည့္ ထိုေကာင္ေလးကို ေမးလိုက္သည္။
သူကေတာ့ ေခါင္းရမ္းျပသည္။ အေၾကာက္မေျပေသး
သည့္ပုံပင္။ တကယ္တမ္း ေကာင္းမွားတာပါ။ ကိုယ့္ေၾကာင့္နဲ႕ သူမ်ားကို ဒုကၡေရာက္ေစခဲ့တာ။
"အဲ့ဆိုလည္း ၿပီးတာပဲ၊ ဒီအခန္းထဲမွာပဲေန၊ ေလွ်ာက္မသြားနဲ႕၊ ေနာက္ၿပီး ၿငိမ္ၿငိမ္ေလးေနေနာ္၊ ငါေကာင္းေကာင္း မအိပ္ရတာၾကာၿပီ"
"ဟုတ္..ဟုတ္ကဲ့"
ထိုေန႕ညက ေကာင္း ရဲ႕အိမ္မက္ေလးက လွပခဲ့သည္။
ေကာင္း ကိုယ္တိုင္လည္း အံဩမိသည္။ ကိုယ့္ေဘးမွာ ဝိညာဥ္ဆိုတဲ့ အရာတစ္ခုရွိေနတာေတာင္ ဘယ္လိုမ်ား ေကာင္းေကာင္း အိပ္ေပ်ာ္ရတာလဲလို႔။
~~~~~~~~~~~~~~~~
"ေမေမ ဟိုေလ..ဆုံးပါးသြားတဲ့ လူေတြအတြက္ ဘယ္လိုလႉဒါန္းေပးလို႔ရလဲဟင္"
မနက္စာစားေနရင္း မသက္ဆိုင္သည့္ ေမးခြန္းကိုေမးလိုက္ေတာ့ ေဖေဖေရာ ေမေမေရာ ေကာင္းကို ၿပိဳင္တူ ငဲ့ၾကည့္လာၾကသည္။
"သားက ဘာလို႔သိခ်င္ရတာလဲ"
"သားက ဒီအတိုင္းပဲ စိတ္၀င္စားၿပီး သိခ်င္လာလို႔ပါ"
"ေမေမသိသေလာက္ေတာ့ သူတို႔ကို ရည္စူးၿပီး အလႉအတန္းလုပ္ေပးလို႔ရတယ္၊ ၿပီးရင္ အမွ်ေဝေပးလို႔လည္းရတယ္၊ ဒီေလာက္ပဲ သိတယ္"
"သူတို႔ကို ရည္စူးၿပီး ဆိုတာက နာမည္သိမွရမွာေပါေနာ္"
"ဒါေပါ့ နာမည္မသိဘဲနဲ႕ ဘယ္လိုေခၚၿပီး အမွ်ေဝမွာလဲ၊ ဒီအတိုင္း အလႉအတန္းေလး လုပ္ၿပီး အားလုံးကိုအမွ်ေဝပါတယ္ဆိုၿပီး လုပ္လို႔ေတာ့ရတယ္၊ ဒါေပမယ့္ ရည္စူးခ်င္ရင္ေတာ့ နာမည္သိရမယ္ေလ"
"ဟုတ္"
"ကဲ စကားေျပာေကာင္းေနလိုက္ၾက သားအမိေတြ၊ ေဖေဖ ေဆး႐ုံသြားေတာ့မယ္"
"ဟုတ္ေဖေဖ ဟီး စကားေျပာေနတာနဲ႕ ေဖေဖ့ကိုေတာင္ေမ့သြားတယ္"
ေဖေဖရဲ႕ သားပီသစြာ ေဖေဖကိုယ္တိုင္ မစခင္ကိုယ္ကႀကိဳၿပီး စထားလိုက္သည္။
"ေအးပါကြာ အဲ့တာေၾကာင့္ ေဖေဖ၀မ္းနည္းသြားၿပီ၊ သြားေတာ့မယ္"
သြားခါနီးကို မ်က္ႏွာငယ္ေလးနဲ႕ သနားကမား လုပ္ျပသြားေသးတာ။ ေဖေဖကေတာ့ တကယ္ကို ႏွစ္ေယာက္မရွိပဲ..
"ဟား ဟုတ္ပါၿပီ ေဖေဖရာ"
~~~~~~~~~~~~~
"ေဟ့ မင္းကိုေျပာစရာရွိတယ္"
ေကာင္း အခန္းထဲ ၀င္၀င္ျခင္း သူထိုင္ေနသည့္ ေနရာကို ေျပးသြားလိုက္သည္။
"ငါေျပာတာကေလ မင္းကို ငါကြၽတ္လြတ္သြားေအာင္ လုပ္ေပးလို႔ရၿပီလို႔ ေျပာတာ"
ေကာင္ေလးရဲ႕ မ်က္ႏွာေလးက ညွိုးႏြမ္းသြားျပန္သည္။
ေကာင္း ဘာလို႔လဲ နားမလည္ပါ။ ဒါက သူ႕အတြက္ ေကာင္းတဲ့ ကိစၥမဟုတ္ေပဘူးလား။
"ဘာျဖစ္လို႔လဲ ဒါက မင္းအတြက္ ေကာင္းတဲ့ကိစၥမဟုတ္ဘူးလား"
သူက ဘာမွျပန္မေျပာဘဲ ေခါင္းကိုသာ ၾကမ္းျပင္ေအာက္ထိေရာက္မတတ္ ငုံ႕ထားေတာ့သည္။
"ေဟ့ မင္း ဒီလို စကားမေျပာဘဲ ေနလို႔မရဘူးေလ၊ မင္းေျပာျပမွ ငါကကူညီေပးလို႔ရမွာေပါ့" လို႔ေျပာေတာ့မွ ေျဖးေျဖးခ်င္း အေပၚေမာ့လာသည္။ မ်က္လုံးမ်ားကလည္း အရည္လဲ့ေနေသးသည္။
ဘာလဲ သူငိုေနတာလား!!
ဝိညာဥ္က ငိုလို႔ရတယ္ေပါ့!!
"ကြၽန္ေတာ္ကမွ အရင္ကအေၾကာင္းအရာေတြကိုမွ မမွတ္မိေသးတာ၊ ကိုယ့္နာမည္ကိုေတာင္ ေသခ်ာမသိနိုင္ေသးဘူး၊ ဘာမွမသိတဲ့ ဘ၀နဲ႕ေတာ့ ထြက္မသြားခ်င္ဘူး"
အင္း...အဲ့ဆို ေကာင္းက ဘာဆက္လုပ္ေပးရမလဲ..
ကိုယ္ကသာ အလႉအတန္းေတြလုပ္ အမွ်ေတြ အာေပါက္မတတ္ေဝေနပါေစ သူကအမွ်မေခၚရင္လည္း အလကားပဲေလ။ စိတ္ရႈပ္တယ္။
အခုသူ႕ကို သနားလို႔အိမ္ေပၚသာ ေခၚတင္ထားရတာ။ သူ႕ပုံကိုၾကည့္ရတာ ခပ္လန႔္လန႔္ရယ္။ တစ္ခ်ိန္လုံး ခႏၶာကိုယ္ေပၚမွာ ေရစက္လက္။ ၿပီးေတာ့ တစ္ကိုယ္လုံးကလည္း မည္းတူးလို႔။ အသားအေရေတြကလည္း သာမန္ထက္ ပိုၿပီးျပာႏွမ္းေနေသးတာ။
"ဒါနဲ႕ မင္းရဲ႕ပုံစံက ဒီအတိုင္းပဲလား၊ မေျပာင္းလဲေတာ့ဘူးလား"
"မသိဘူး"
"ၿပီးေတာ့ မင္းကထမင္းစားလို႔ရလား"
ေကာင္းသိခ်င္သည့္ ေမးခြန္းေတြကို ဆက္တိုက္ေမးေနမိသည္။
"ဟုတ္ရပါတယ္"
"ဟမ္ ဘယ္လိုစားတာလဲ"
မထင္မွတ္ထားသည့္ အေျပာေၾကာင့္ ေကာင္း အံ့ဩသြားရသည္။
"မသိဘူး ရတာေတာ့ရတယ္"
ေကာင္း အိမ္ေအာက္ထပ္ဆင္းၿပီး ထမင္းတစ္ပန္းကန္ကို အေျပးယူေတာ့သည္။ အခုခ်ိန္ ေမေမေရာ ေဖေဖေရာ အိမ္မွာမရွိေတာ့ဘူးေလ။ ႏွစ္ေယာက္လုံးအလုပ္သြားၾကၿပီ။ အဲ့ေတာ့ အိမ္မွာ ေကာင္းနဲ႕ သူနဲ႕ ႏွစ္ေယာက္တည္း။
"ေရာ့ မင္းစားၾကည့္"
သူ႕ေရွ႕ ထမင္းပန္းကန္ကို ခ်ေပးလိုက္ေတာ့ ေၾကာင္ေတာင္ေတာင္နဲ႕ ထမင္းေတြကို သုံးစကၠန႔္ေလာက္ စိုက္ၾကည့္ေနၿပီးမွ ဇြန္းကိုကိုင္ရန္ လက္႐ြယ္လာေတာ့သည္။
သို႔ေသာ္ ကိုင္၍မရပါ။ ဇြန္းမေျပာႏွင့္ ထမင္းတစ္စိကိုပင္ သူ႕လက္ႏွင့္ မထိနိုင္ပါ။
"ေဟ့ မင္းေျပာေတာ့ ရတယ္ဆို အခုဘာလို႔မရတာလဲ"
"မသိဘူး စားလို႔ေတာ့ရတယ္"
"စားလို႔ရတယ္ဆိုတာကိုက် မင္းဘယ္လိုသိတာလဲ"
"တစ္ခါ စားဖူးတယ္"
"ဟမ္ အဲ့တုန္းက ဘယ္လိုစားတာလဲ၊ အခုဆို ထိလို႔ေတာင္မရတာကို"
"မသိဘူး အဲ့တုန္းက ကြၽန္ေတာ့္ေရွ႕ကို ေပၚလာတာနဲ႕ ကိုင္ၾကည့္လိုက္ေတာ့ ထိလို႔ရတာနဲ႕ စားလိုက္တာပဲ"
ထူးဆန္းပါဘိနဲ႕။ တကယ္ကို အထူးအဆန္းေတြ ေကာင္းလိုက္မမီေတာ့ဘူး။ အခုခ်ိန္မွာ ေဖေဖ့ရဲ႕ ေဆးစာအုပ္ႀကီးေတြေတာင္ ဖတ္နိုင္သည့္ ဦးေဏွာက္က ဒီေနရာမွာေတာ့ သုံးလို႔မရေတာ့ပါ။
"ဒါနဲ႕ ငါ့ရဲ႕ နာမည္က ေကာင္းျမတ္သူ၊ မင္းက ငါ့ထက္ငယ္တယ္ဆိုေပမယ့္ ေကာင္းလို႔ပဲ ေခၚလို႔ရတယ္၊ ဘယ္သူမဆို ငါ့ကို ေကာင္းလို႔ပဲ ေခၚၾကတာ"
အခုခ်ိန္မွာ ေကာင္းကိုေတြ႕တဲ့ သူကေတာ့ အ႐ူးလို႔ထင္သြားလိမ့္မည္။ ဘယ္သူမွ မရွိတဲ့ ေလထုကို စကားေျပာမႈနဲ႕ အ႐ူးေထာင္ကို အပို႔မခံရရင္ ကံေကာင္း။ ေကာင္းရဲ႕ ဘ၀မွာလည္း တစ္ခါမွ ကိုယ့္နာမည္ကို ဝိညာဥ္နဲ႕
ျပန္ၿပီး မိတ္ဆက္ရလိမ့္မယ္လို႔ ထင္မထားခဲ့တာအမွန္ပါ။
"ဒါနဲ႕ မင္း အရင္က အေၾကာင္းအရာေတြကိုေတာ့
ျမန္ျမန္မွတ္မိေအာင္လုပ္၊ အဲ့တာမွ ငါမင္းနာမည္ကို ေခၚၿပီး အမွ်ေဝေပးလို႔ရမွာ"
"ဟုတ္"
"ၿပီးေတာ့ မင္းကတစ္ခ်ိန္လုံး ငါဘယ္သြားသြား လိုက္ေနေတာ့မွာလား"
"ဟုတ္"
"အဲ့ဆိုလည္း ငါအျပင္သြားရင္ မင္းေနာက္ကလိုက္ခဲ့ေလ၊ ဒါမွာ မင္းသြားဖူးတဲ့ေနရာေတြ ေရာက္ရင္ ျပန္ၿပီးမွတ္မိသြားနိုင္တယ္၊ ၿပီးေတာ့ မင္းကိုလည္း ငါကလြဲရင္ ဘယ္သူမွ မျမင္နိုင္ဘူးဆိုေတာ့ေလ"
'ေကာင္း..!! မင္းကဘယ္လိုေတာင္လား ဝိညာဥ္တစ္ေကာင္က မင္းေနာက္အၿမဲလိုက္ေနတာကိုေတာင္ စိတ္မကြက္တဲ့ အျပင္ မင္းကေက်ေက်နပ္နပ္ႀကီးကိုလက္ခံလိုက္သတဲ့လား'
ေကာင္း ကိုယ့္ကိုယ္ကိုယ္လည္း လုံး၀မယုံနိုင္ေတာ့ပါ။ လူအစားထိုးသြားသလားပင္ ထင္ရေအာင္ ေျပာင္းလဲသြားသည္ေလ။
'ရွိေစတာ့..သူျမန္ျမန္ မွတ္မိေလေကာင္းေလပဲ၊ ဒါမွ ငါလည္းေအးေဆး ေနရမွာ'
ေနာက္ၿပီး သူ႕ကိုဒီလို ညစ္ပတ္ေနသည့္ ပုံစံႀကီးျဖင့္ မျမင္ခ်င္ပါ။ အဲ့အတြက္ လူႀကီးသူမေတြကို ေဝ့ဝိုက္ၿပီး ေမးရေပဦးမည္။
~~~~~~~~~~~~~~~~~
To be continued...
~~~~~~~~~~~~~~~~~