Unicode
Section-1
ဂျီမင်းတို့ စာကြည့်တိုက်ရောက်သွားချိန်မှာ
ထောင့်ကျကျစားပွဲတစ်ခုမှာ ထိုင်နေတဲ့
စီနီယာယွန်ဂီကို တွေ့လိုက်ရတယ်။
"ရောက်နေတာကြာပြီလား~စီနီယာ"
"သိပ်မကြာသေးပါဘူး~"
စကားကို လိုရင်းသာပြောတတ်တာကလည်း
စီနီယာ့ရဲ့ ဆွဲဆောင်မှုလို့ မကြာခဏပြောတဲ့ ထယ်ယောင်းဟာ အခုလည်း မှင်သေသေနဲ့ ငေးနေတယ်။ မျက်လုံးကသာ စီနီယာ့ကို ငမ်းနေတာ အောက်ကနေတော့ ဂျီမင်းကို လက်နဲ့တို့နေပြီ ။
"ဟိုဟာလေ .....စီနီယာ ~ဒါက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ကင်ထယ်ယောင်းတဲ့"
စီနီယာက ထယ်ယောင်းကို ကြည့်ပြီး
ခေါင်းငြိမ့်ပြတယ်။
"ကျွန်တော့်နာမည် ကင်ထယ်ယောင်းပါ
ခင်ဗျ"
လာလာချည်သေး~အခုများတော့
လူယဥ်ကျေးလေးပေါ့လေ .....
ခေါင်းလေးညွှတ်ပြီး နှုတ်ဆက်လိုက်တာများ အပိုးကိုကျိုးလို့.....
ဒီကောင် ထယ်ယောင်း တော်တော်မာယာများတာပဲ.......
"စာရှင်းပြတာ နားထောင်ချင်တယ်ဆိုလို့ ကျွန်တော်ခေါ်လာလိုက်တာ~စီနီယာအနှောင့်အယှက်မဖြစ်ပါဘူးနော်"
"ရပါတယ် ဂျီမင်းရယ်...ဒါနဲ့ စီနီယာလို့ မခေါ်ပါနဲ့ ~သိလာတာပဲကြာပြီ hyung ပဲခေါ်ပါ~ထယ်ယောင်းရောပဲနော် hyungလို့ပဲခေါ်"
"ဟုတ်ကဲ့ hyung"
ကျောင်းကbasketball ပြိုင်ပွဲတွေကို မကြာခဏ သွားကြည့်ရင်း ဂျီမင်းနဲ့
ယွန်ဂီhyung ရင်းနှီးလာခဲ့တာဖြစ်သည်။
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျတဲ့ hyungဟာbasketball
ကစားရတာကိုတော့ အတော်ပင်
သဘောကျလေတယ်။
နောက်ပိုင်းမှာ စကားဆက်မိကြရင်း စာကြည့်တိုက်မှာဆုံဖြစ်ကြသည်။ စာတော်တဲ့ hyungဟာ နားမလည်တာတွေကို မေးတိုင်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးလေ့ရှိသည်။
ဂျီမင်းတို့ကျောင်းကို နှစ်လနောက်ကျပြီးမှ ပြောင်းလာတဲ့ ထယ်ယောင်းဟာ
ယွန်ဂီhyung ကိုမြင်မြင်ချင်း သဘောကျခဲ့တာဖြစ်သည်။
"ဟေ့ကောင်~ဂျီမင်း.....အဲ့ဒီhyungကို ငါကြိုက်တယ်ကွာ" ဆိုပြီး ပြောလို့ ဂျီမင်းမှာ ရယ်ရသေးသည်။
မိတ်ဆက်ပေးဖို့လုပ်တော့လည်း သဘာဝကျကျလေး ဖြစ်ချင်လို့ပါဆိုပြီး ဥာဏ်များလို့မဆုံးနိုင်။
အရင်ထဲက စာနားမလည်ရင် ရှင်းပြပေးလေ့ရှိတဲ့ စီနီယာနဲ့အတူ စာလုပ်ဖို့ ဒီနေ့စာကြည့်တိုက်မှာ ချိန်းထားမိတော့ ထယ်ယောင်းနဲ့ မိတ်ဆက်ပေးဖို့ဖြစ်လာခဲ့သည်။
ထယ်ယောင်းရဲ့ စကားအတိုင်းပြောရရင်
"သဘာဝကျကျတွေ့ဆုံမှုလေးပေါ့"
ရုပ်ရည်ချောရုံမက မိသားစုကလည်း ချမ်းသာလှတဲ့ ထယ်ယောင်းကို ကြိုက်နေတဲ့ သူ အများအပြားရှိပေမယ့် ဒင်းက
ယွန်ဂီhyungကိုသာ အသည်းအသန်ဖြစ်နေသည်။
ပထမတော့ အပျော်သဘောနဲ့ဆိုရင် မလုပ်ပါနဲ့ဆိုပြီး တားမိပေမယ့် အတည်ဖြစ်နေတဲ့ ထယ်ယောင်းပုံစံကြောင့် ကူညီပေးရတာဖြစ်သည်။
ထယ်ယောင်းဟာ ဘယ်လိုပဲကွယ်ရာမှာ အသည်းအသန်ဖြစ်နေပေမယ့်
ယွန်ဂီhyungရှေ့မှာတော့ စာရှင်းပြသမျှကို ဂရုတစိုက်နားထောင်တယ်။
ယွန်ဂီhyungကို နှုတ်ဆက်ပြီး စာသင်ဆောင်ဘက် ပြန်လာချိန်မှာတော့ ဂျီမင်း မနေနိုင်တော့တာကြောင့် ထယ်ယောင်းကိုမေးလိုက်မိတယ်။
"မင်းဘာမှမလုပ်ဘူးလား ထယ်ယောင်း"
"ဘာကိုလုပ်ရမှာလဲကွ"
"ယွန်ဂီhyungကိုလေ.....ကျေးဇူးတင်လို့ ထမင်းလိုက်ကျွေးပါရစေတို့ ၊ phone numberလေးပေးပါလားတို့ .....အဲ့တာမျိုးမလုပ်ဘူးလား"
ဂျီမင်းအပြောကို ထယ်ယောင်းက ရယ်ပြီး ခေါင်းရမ်းပြတယ်။
"မင်းဟာလေ ရည်းစားမထားဘူးမှန်း သိပ်သိသာတာပဲ....အဲ့လိုသွားလုပ်ရင် ဒီကောင်
ငါ့ကိုလာကြောင်နေတယ်လို့ hyungကထင်သွားမှာပေါ့ဟ"
ဒါသက်သက်နှိမ်တာ ~ ပြောနေပုံက မသိရင်သူကတော့ အဖြစ်ရှိတယ်လို့ ထင်ချင်စရာ.........
လေကြီးမိုးကြီးပြောနေတဲ့ ထယ်ယောင်းကို ဂျီမင်း ဂျိုကြည့်ကြည့်လိုက်တယ်
"ငါက နည်းဗျူဟာအသစ်တွေနဲ့
ယွန်ဂီhyungကို ကြိုးစားပြမယ်....မင်းလည်း
ကြည့်ပြီး ပညာယူပေါ့ကွာ.... ဟုတ်လား"
"အေးပါ.....မင်းမျှော်လင့်သလိုပဲ ဖြစ်လာပါစေဦး..."
မျက်ခုံးလေးပင့်ကာပင့်ကာ ပြောနေတဲ့ ထယ်ယောင်းကိုကြည့်ပြီး ဂျီမင်း ခပ်လှောင်လှောင်ပြောလိုက်တယ်။
Section-2
များပြားလှတဲ့ group presentationတွေ ၊ individual presentationတွေနဲ့ လုံးလည်ချာလည်လိုက်နေတဲ့ တက္ကသိုလ်ကျောင်းသားဘဝဟာ တခါတလေစိတ်ပင်ပန်းရပေမယ့် ပျော်စရာတော့ကောင်းသည်။
တက္ကသိုလ် စတက်ပြီး တစ်လအကြာမှာပဲ
ကျောင်းနားမှာ အဆောင်နေဖို့ ဂျီမင်းဆုံးဖြတ်လိုက်သည်။ စာသင်ပေးရတဲ့ အိမ်နဲ့လည်းနီးတာကြောင့် စာကြည့်ချိန်ပိုထွက်လာနိုင်တယ်မဟုတ်လား။
အချိန်ပိုင်းအလုပ်ကရတဲ့ လစာနဲ့ scholarshipကြောင့် ပိုက်ဆံအတွက်တော့ စိတ်ပူစရာမလို။ အိမ်ကလည်း ခွင့်ပြုတာကြောင့် ကျောင်းနဲ့ရော စာသင်ပေးရတဲ့ အိမ်နဲ့ရော နီးတဲ့ နှစ်ထပ်တိုက်လေးမှာ ငှားနေဖို့
ဂျီမင်းစီစဥ်ခဲ့သည်။
အပြင်ဘက်ကို အဖြူရောင်သုတ်ထားပြီး တစ်ချို့နေရာတွေမှာ မီးခိုးရောင်နဲ့ Hight lightလုပ်ထားတဲ့ နှစ်ထပ်တိုက်လေးဟာ တကယ်ကို နေချင်စရာကောင်းလှသည်။ အတွင်းပိုင်းအခန်းဖွဲ့စည်းပုံလည်း အဆင်ပြေတာကြောင့် ပထမတော့ စျေးကြီးမယ်ထင်မိတာ။
တကယ်တမ်းအိမ်ရှင်တောင်းတဲ့ အိမ်ငှားခက တိုက်ခန်းတစ်ခန်း ငှားရမ်းခလောက်တောင်
မရှိ။ ဘယ်လိုတောင်ကံကောင်းတဲ့
ငါပါလိမ့်....
ဂျီမင်းတစ်ယောက်ထဲ နေမှာကိုစိတ်မချတဲ့ ထယ်ယောင်းက အတူလိုက်နေပေးခဲ့သည်။
တစ်ရက်တွင် ယွန်ဂီhyungနဲ့ဆုံတော့ အဆောင်အကြောင်းစကားဆက်မိကြသည်။
"ဂျီမင်းက ညဘက် စာသင်ပေးတယ်ဆိုတော့
အဆောင်ပြန်ဝင်ရတာအဆင်ပြေလား"
တစ်ခါပြောဖူးတဲ့ မိသားစုနဲ့အတူမနေဘူးဆိုတာကို မှတ်မိနေပုံရတဲ့ ယွန်ဂီhyungကမေးတယ်။
"ကျွန်တော် ကျောင်းထဲကအဆောင်မှာမနေဘူး hyungရဲ့~အပြင်မှာ အိမ်ငှားပြီး
ထယ်ယောင်းနဲ့အတူနေတာ"
"hyung စာသင်ပြီးတဲ့အချိန် အဆောင်ပြန်ဝင်ရတာ အဆင်မပြေလို့လား"
တစ်ချိန်လုံး ငြိမ်ပြီး strawberry ဖျော်ရည်သောက်နေတဲ့ ထယ်ယောင်းက မေးတယ်။
"ဟုတ်တယ် ထယ်ယောင်းရဲ့~အဆောင်ကို ၉နာရီနောက်ဆုံးပြန်ရတာဆိုတော့ သိပ်အဆင်မပြေဘူးလေ"
"ဒါဆို ကျွန်တော်တို့နဲ့ အတူလာနေပါလား"
ဒါမျိုးကျတော့ ကင်ထယ်ယောင်းတို့က လက်သွက်လိုက်တာ.......
"ဟုတ်သားပဲ hyung~ကျွန်တော်တို့နဲ့ လာနေပါလား"
အပိုစကားသိပ်မပြောတတ်တဲ့ hyungဟာ ဂျီမင်းတို့နဲ့ အတူလာနေခဲ့သည်။
ယွန်ဂီhyung အိမ်ပြောင်းလာတဲ့နေ့မှာ အတက်ကြွဆုံး ကူညီပေးသူကတော့
သဘာဝကျကျချစ်ခွင့်ရဖို့ ကြိုးစားတတ်တဲ့
အမောင် ကင်ထယ်ယောင်းလေးဖြစ်ခဲ့ပါသည်။
Section-3
အဆောင်အတူနေဖြစ်ကြတော့မှ
ထယ်ယောင်းမှာ ယွန်ဂီhyungအကြောင်းကို
ပိုသိခွင့်ရခဲ့သည်။
Introvetဖြစ်တဲ့ hyungဟာ ရင်းနှီးတဲ့သူငယ်ချင်းရှိပုံမရဘဲ အမြဲလိုလို တစ်ယောက်ထဲနေတတ်သည်။ မသိရင် ခံစားချက်မရှိတတ်သူလို့ ထင်ရပေမယ့် တကယ်တော့ hyungဟာ နှလုံးသားနူးညံ့ပြီးသနားတတ်လေသည်။
ဥပမာ-မနက်ပိုင်းစောစောထပြီး အကုန်လုံးအတွက် မနက်စာပြင်ပေးတာမျိုး၊ ပိတ်ရက်တွေမှာ အိမ်သန့်ရှင်းရေးလုပ်ပေးတာမျိုး၊ ဘယ်သူကဘာကြိုက်တယ်ဆိုတာကို သတိရပေးတတ်တာမျိုးပေါ့~စကားချိုချိုလေးတွေမပြောပေမယ့် hyungရဲ့ နွေးထွေးတဲ့နှလုံးသားကြောင့် ထယ်ယောင်းမှာ ကြွေပြီးရင်းကို ကြွေနေမိသည်။
hyungနဲ့ ဘယ်တော့များမှ နီးစပ်နိုင်ပါ့မလဲ.....
သူများတွေ ချဥ်းကပ်သလိုမျိုး အတန်းရှေ့မှာ ရည်းစားစကားပြောတာတို့၊
နောက်ကတကောက်ကောက်လိုက်တာမျိုးကိုတော့ ထယ်ယောင်း မလုပ်ချင်။ hyung
စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်တယ် မဟုတ်လား~
မနက်ဆိုကျောင်းသွား ညနေဘက်စာသင်နဲ့ မအားတဲ့hyungဟာ ကျန်တဲ့အချိန်မှာလည်း phoneအကြာကြီးပြောတာကို မတွေ့ရတာကြောင့် ချစ်သူမရှိဘူးလို့ ထယ်ယောင်းကယူဆတယ်။ ဒါဆိုရင် သူ့အတွက်
ကြိုးစားခွင့်ရှိတာပဲ မဟုတ်လား~
hyungနဲ့ နီးစပ်ဖို့ ကြိုးစားရတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလေသည်။
ဥပမာ-ညဘက်hyungစာသင်တဲ့ အိမ်နဲ့နီးတဲ့ convenience storeမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ပြန်ချိန်တူအောင် ကြိုးစားရတာမျိုးပေါ့......
လေကြောင်းလိုင်းတွေ ၊ ကုန်သွယ်ရေးလုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ မိသားစုရဲ့ ပြည့်စုံကြွယ်ဝမှုကြောင့် ထယ်ယောင်းအတွက် အချိန်ပိုင်းအလုပ်ဆိုတာ မလိုအပ်ခဲ့ပေ။
ဒါပေမယ့် ...ဒီအတိုင်းသာ သွားကြိုရင် hyung အနေရခက်မယ်မဟုတ်လား~
အခုတော့ ပြန်ချိန်တူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ hyungရဲ့ ညပိုင်းအချိန်တွေမှာ သူပါဝင်ခွင့်ရခဲ့သည်။
Section-4
"တင်း....တောင်..........တင်း....တောင်"
အိမ်ရှေ့က Bellတီးသံကြောင့် ယွန်ဂီထွက်
ကြည့်မိသည်။
"ပတ်ဂျီမင်းနာမည်နဲ့ ပါဆယ်လာပို့တာပါ
ခင်ဗျ"
"ကျွန်တော်ကိုယ်စားလက်ခံထားပေးပါ့မယ်~
ဘယ်လောက်ကျလဲမသိဘူး"
"ပစ္စည်းဖိုးရော deliveryခရော ရှင်းပြီးသားပါ~ဒီမှာလက်မှတ်လေးထိုးပေးပါဗျ"
ဂျီမင်းနာမည်နဲ့ ရောက်လာတဲ့ ပါဆယ်ဘူးကို
ယူပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဂျီမင်းနဲ့ ထယ်ယောင်း အိမ်ခဏပြန်သွားတာကြောင့် အိမ်မှာ သူတစ်ယောက်ထဲ။
ညစာအတွက်ပြင်ဆင်ပြီးချိန်မှာ ညနေ၅နာရီဖြစ်နေပြီ။ ရေချိုးဖို့စဥ်းစားနေတုန်းမှာပဲ ထယ်ယောင်းပြန်ရောက်လာသည်။
"ပြန်ရောက်ပါပြီ"
ယွန်ဂီကို ကြည့်ပြီး ထယ်ယောင်းက နှုတ်ဆက်သည်။
"ညစာစားပြီးပြီလား....ထယ်ယောင်း"
"မစားရသေးဘူး hyung"
ပါလာတဲ့ ဟင်းဘူးတွေကို ရေခဲသေတ္တာထဲထည့်ရင်း ထယ်ယောင်းကဖြေတယ်။
"hyungရော စားပြီးပြီလား"
"မစားရသေးဘူး ထယ်ယောင်းရဲ့"
"ဒါဆိုကျွန်တော်ထမင်းပွဲပြင်ပြီးရင် ခေါ်လိုက်မယ်လေ နော်"
"အဲ့တာဆို hyung ရေချိုးလိုက်ဦးမယ်"
ရုပ်ရည်နဲ့ ပညာအရည်အချင်း အပြင် ချမ်းသာတဲ့မိသားစုကြောင့် ကျောင်းမှာ နာမည်ကြီးတဲ့ ထယ်ယောင်းဟာ အတော်ပင်
ချေမိုးတယ်လို့လည်း ပြောကြတယ်။ စိတ်မထင်ရင် လက်သီးပါပါတတ်တယ်လို့လည်း ပြောကြပေမယ့် ယွန်ဂီသိရသလောက်
ထယ်ယောင်းက သဘောကောင်းပါတယ်။ အလိုက်လည်းသိတယ်။ အိမ်မှုကိစ္စဆိုလည်း ဝင်ကူတာပဲ။ အခုလည်းမိသားစုကချမ်းသာပေမယ့် ညဘက်တွေမှာ ဟိုဟိုဒီဒီလျှောက်
မသွားဘဲ ကိုယ့်အားကိုယ်ကိုးပြီး convenience storeမှာ အချိန်ပိုင်း အလုပ်လုပ်နေတယ်။
ဒါကိုများ လူတွေက တစ်မျိုးမြင်ကြသေးတယ်။
ယွန်ဂီရေချိုး အဝတ်အစားလဲပြီးဆင်းလာတော့ ထယ်ယောင်းက ထမင်းပွဲပြင်ပြီးနေပြီ။
စကားမပြောပဲ ခပ်ဆိတ်ဆိတ်သာထမင်းစားနေတဲ့ ထယ်ယောင်းကြောင့် ယွန်ဂီစိတ်သက်သာမိတယ်။ လူတွေနဲ့ ရောရောနှောနှောမနေတတ်တဲ့အပြင် စိတ်ထဲကမပါတဲ့ စကားဆိုမပြောချင်တာကြောင့် သူ့မှာ သူငယ်ချင်းအများကြီးမရှိ။
ဂျီမင်းကတော့ သွက်သွက်လက်လက်ရှိ
ပေမယ့် သူများအကြောင်းကို စပ်စုတတ်သူမဟုတ်တာကြောင့် ရင်းနှီးခဲ့တာ။ တစ်အိမ်ထဲအတူနေရတဲ့ ဂျီမင်းနဲ့ ထယ်ယောင်းကြောင့်
ယွန်ဂီစိတ်ချမ်းသာမိသည်။
"ထယ်ယောင်း စားရတာအဆင်ပြေရဲ့လား"
ထမင်းစားနေရာက ထယ်ယောင်းကသူ့ကို ကြည့်တယ်။
"ပြေပါတယ် hyungရဲ့~"
"ကျောင်းစာတွေရော လိုက်နိုင်ရဲ့လား"
"ကြိုးစားပြီးတော့ စာကြည့်နေပါတယ် hyungရဲ့"
"စာနားမလည်တာရှိရင်ပြောလေ ~hyungရှင်းပြပေးမယ်.....ညဘက်ဆို၁၁နာရီလောက်အထိတော့ စာကြည့်ဖြစ်တယ်~
hyungနဲ့အတူ စာကြည့်ချင်ရင် လာခဲ့လေ~ထယ်ယောင်း "
"ဟုတ်ကဲ့ hyung~ကျွန်တော်က hyung အနှောင့်အယှက်ဖြစ်မှာစိုးနေတာ"
"ရပါတယ် ထယ်ယောင်းရဲ့"
တွေ့လား.....ထယ်ယောင်းက သူများအတွက်
ဘယ်လောက်တွေးပေးတတ်လဲ...
ထမင်းစားပြီးတော့လဲ ပန်းကန်တွေသွားဆေးနေတဲ့ ထယ်ယောင်းကျောပြင်ကို ယွန်ဂီကြည့်နေမိတယ်။
ထယ်ယောင်းကို ပိုင်ဆိုင်ရတဲ့ သူကတော့ ဘယ်လောက်ကံကောင်းလိုက်မလဲ....
4.7.20 (Sat)
to be continued............
Zawgyi
Section-1
ဂ်ီမင္းတို႔ စာၾကည့္တိုက္ေရာက္သြားခ်ိန္မွာ
ေထာင့္က်က်စားပြဲတစ္ခုမွာ ထိုင္ေနတဲ့
စီနီယာယြန္ဂီကို ေတြ႕လိုက္ရတယ္။
"ေရာက္ေနတာၾကာၿပီလား~စီနီယာ"
"သိပ္မၾကာေသးပါဘူး~"
စကားကို လိုရင္းသာေျပာတတ္တာကလည္း
စီနီယာ့ရဲ႕ ဆြဲေဆာင္မႈလို႔ မၾကာခဏေျပာတဲ့ ထယ္ေယာင္းဟာ အခုလည္း မွင္ေသေသနဲ႕ ေငးေနတယ္။ မ်က္လုံးကသာ စီနီယာ့ကို ငမ္းေနတာ ေအာက္ကေနေတာ့ ဂ်ီမင္းကို လက္နဲ႕တို႔ေနၿပီ ။
"ဟိုဟာေလ .....စီနီယာ ~ဒါက ကြၽန္ေတာ့္အခ်စ္ဆုံးသူငယ္ခ်င္း ကင္ထယ္ေယာင္းတဲ့"
စီနီယာက ထယ္ေယာင္းကို ၾကည့္ၿပီး
ေခါင္းၿငိမ့္ျပတယ္။
"ကြၽန္ေတာ့္နာမည္ ကင္ထယ္ေယာင္းပါ
ခင္ဗ်"
လာလာခ်ည္ေသး~အခုမ်ားေတာ့
လူယဥ္ေက်းေလးေပါ့ေလ .....
ေခါင္းေလးၫႊတ္ၿပီး ႏႈတ္ဆက္လိုက္တာမ်ား အပိုးကိုက်ိဳးလို႔.....
ဒီေကာင္ ထယ္ေယာင္း ေတာ္ေတာ္မာယာမ်ားတာပဲ.......
"စာရွင္းျပတာ နားေထာင္ခ်င္တယ္ဆိုလို႔ ကြၽန္ေတာ္ေခၚလာလိုက္တာ~စီနီယာအေႏွာင့္အယွက္မျဖစ္ပါဘူးေနာ္"
"ရပါတယ္ ဂ်ီမင္းရယ္...ဒါနဲ႕ စီနီယာလို႔ မေခၚပါနဲ႕ ~သိလာတာပဲၾကာၿပီ hyung ပဲေခၚပါ~ထယ္ေယာင္းေရာပဲေနာ္ hyungလို႔ပဲေခၚ"
"ဟုတ္ကဲ့ hyung"
ေက်ာင္းကbasketball ၿပိဳင္ပြဲေတြကို မၾကာခဏ သြားၾကည့္ရင္း ဂ်ီမင္းနဲ႕
ယြန္ဂီhyung ရင္းႏွီးလာခဲ့တာျဖစ္သည္။
တိတ္တိတ္ဆိတ္ဆိတ္ေနရတာကို သေဘာက်တဲ့ hyungဟာbasketball
ကစားရတာကိုေတာ့ အေတာ္ပင္
သေဘာက်ေလတယ္။
ေနာက္ပိုင္းမွာ စကားဆက္မိၾကရင္း စာၾကည့္တိုက္မွာဆုံျဖစ္ၾကသည္။ စာေတာ္တဲ့ hyungဟာ နားမလည္တာေတြကို ေမးတိုင္း စိတ္ရွည္လက္ရွည္နဲ႕ ရွင္းျပေပးေလ့ရွိသည္။
ဂ်ီမင္းတို႔ေက်ာင္းကို ႏွစ္လေနာက္က်ၿပီးမွ ေျပာင္းလာတဲ့ ထယ္ေယာင္းဟာ
ယြန္ဂီhyung ကိုျမင္ျမင္ခ်င္း သေဘာက်ခဲ့တာျဖစ္သည္။
"ေဟ့ေကာင္~ဂ်ီမင္း.....အဲ့ဒီhyungကို ငါႀကိဳက္တယ္ကြာ" ဆိုၿပီး ေျပာလို႔ ဂ်ီမင္းမွာ ရယ္ရေသးသည္။
မိတ္ဆက္ေပးဖို႔လုပ္ေတာ့လည္း သဘာဝက်က်ေလး ျဖစ္ခ်င္လို႔ပါဆိုၿပီး ဥာဏ္မ်ားလို႔မဆုံးနိုင္။
အရင္ထဲက စာနားမလည္ရင္ ရွင္းျပေပးေလ့ရွိတဲ့ စီနီယာနဲ႕အတူ စာလုပ္ဖို႔ ဒီေန႕စာၾကည့္တိုက္မွာ ခ်ိန္းထားမိေတာ့ ထယ္ေယာင္းနဲ႕ မိတ္ဆက္ေပးဖို႔ျဖစ္လာခဲ့သည္။
ထယ္ေယာင္းရဲ႕ စကားအတိုင္းေျပာရရင္
"သဘာဝက်က်ေတြ႕ဆုံမႈေလးေပါ့"
႐ုပ္ရည္ေခ်ာ႐ုံမက မိသားစုကလည္း ခ်မ္းသာလွတဲ့ ထယ္ေယာင္းကို ႀကိဳက္ေနတဲ့ သူ အမ်ားအျပားရွိေပမယ့္ ဒင္းက
ယြန္ဂီhyungကိုသာ အသည္းအသန္ျဖစ္ေနသည္။
ပထမေတာ့ အေပ်ာ္သေဘာနဲ႕ဆိုရင္ မလုပ္ပါနဲ႕ဆိုၿပီး တားမိေပမယ့္ အတည္ျဖစ္ေနတဲ့ ထယ္ေယာင္းပုံစံေၾကာင့္ ကူညီေပးရတာျဖစ္သည္။
ထယ္ေယာင္းဟာ ဘယ္လိုပဲကြယ္ရာမွာ အသည္းအသန္ျဖစ္ေနေပမယ့္
ယြန္ဂီhyungေရွ႕မွာေတာ့ စာရွင္းျပသမွ်ကို ဂ႐ုတစိုက္နားေထာင္တယ္။
ယြန္ဂီhyungကို ႏႈတ္ဆက္ၿပီး စာသင္ေဆာင္ဘက္ ျပန္လာခ်ိန္မွာေတာ့ ဂ်ီမင္း မေနနိုင္ေတာ့တာေၾကာင့္ ထယ္ေယာင္းကိုေမးလိုက္မိတယ္။
"မင္းဘာမွမလုပ္ဘူးလား ထယ္ေယာင္း"
"ဘာကိုလုပ္ရမွာလဲကြ"
"ယြန္ဂီhyungကိုေလ.....ေက်းဇူးတင္လို႔ ထမင္းလိုက္ေကြၽးပါရေစတို႔ ၊ phone numberေလးေပးပါလားတို႔ .....အဲ့တာမ်ိဳးမလုပ္ဘူးလား"
ဂ်ီမင္းအေျပာကို ထယ္ေယာင္းက ရယ္ၿပီး ေခါင္းရမ္းျပတယ္။
"မင္းဟာေလ ရည္းစားမထားဘူးမွန္း သိပ္သိသာတာပဲ....အဲ့လိုသြားလုပ္ရင္ ဒီေကာင္
ငါ့ကိုလာေၾကာင္ေနတယ္လို႔ hyungကထင္သြားမွာေပါ့ဟ"
ဒါသက္သက္ႏွိမ္တာ ~ ေျပာေနပုံက မသိရင္သူကေတာ့ အျဖစ္ရွိတယ္လို႔ ထင္ခ်င္စရာ.........
ေလႀကီးမိုးႀကီးေျပာေနတဲ့ ထယ္ေယာင္းကို ဂ်ီမင္း ဂ်ိဳၾကည့္ၾကည့္လိုက္တယ္
"ငါက နည္းဗ်ဴဟာအသစ္ေတြနဲ႕
ယြန္ဂီhyungကို ႀကိဳးစားျပမယ္....မင္းလည္း
ၾကည့္ၿပီး ပညာယူေပါ့ကြာ.... ဟုတ္လား"
"ေအးပါ.....မင္းေမွ်ာ္လင့္သလိုပဲ ျဖစ္လာပါေစဦး..."
မ်က္ခုံးေလးပင့္ကာပင့္ကာ ေျပာေနတဲ့ ထယ္ေယာင္းကိုၾကည့္ၿပီး ဂ်ီမင္း ခပ္ေလွာင္ေလွာင္ေျပာလိုက္တယ္။
Section-2
မ်ားျပားလွတဲ့ group presentationေတြ ၊ individual presentationေတြနဲ႕ လုံးလည္ခ်ာလည္လိုက္ေနတဲ့ တကၠသိုလ္ေက်ာင္းသားဘဝဟာ တခါတေလစိတ္ပင္ပန္းရေပမယ့္ ေပ်ာ္စရာေတာ့ေကာင္းသည္။
တကၠသိုလ္ စတက္ၿပီး တစ္လအၾကာမွာပဲ
ေက်ာင္းနားမွာ အေဆာင္ေနဖို႔ ဂ်ီမင္းဆုံးျဖတ္လိုက္သည္။ စာသင္ေပးရတဲ့ အိမ္နဲ႕လည္းနီးတာေၾကာင့္ စာၾကည့္ခ်ိန္ပိုထြက္လာနိုင္တယ္မဟုတ္လား။
အခ်ိန္ပိုင္းအလုပ္ကရတဲ့ လစာနဲ႕ scholarshipေၾကာင့္ ပိုက္ဆံအတြက္ေတာ့ စိတ္ပူစရာမလို။ အိမ္ကလည္း ခြင့္ျပဳတာေၾကာင့္ ေက်ာင္းနဲ႕ေရာ စာသင္ေပးရတဲ့ အိမ္နဲ႕ေရာ နီးတဲ့ ႏွစ္ထပ္တိုက္ေလးမွာ ငွားေနဖို႔
ဂ်ီမင္းစီစဥ္ခဲ့သည္။

အျပင္ဘက္ကို အျဖဴေရာင္သုတ္ထားၿပီး တစ္ခ်ိဳ႕ေနရာေတြမွာ မီးခိုးေရာင္နဲ႕ Hight lightလုပ္ထားတဲ့ ႏွစ္ထပ္တိုက္ေလးဟာ တကယ္ကို ေနခ်င္စရာေကာင္းလွသည္။ အတြင္းပိုင္းအခန္းဖြဲ႕စည္းပုံလည္း အဆင္ေျပတာေၾကာင့္ ပထမေတာ့ ေစ်းႀကီးမယ္ထင္မိတာ။
တကယ္တမ္းအိမ္ရွင္ေတာင္းတဲ့ အိမ္ငွားခက တိုက္ခန္းတစ္ခန္း ငွားရမ္းခေလာက္ေတာင္
မရွိ။ ဘယ္လိုေတာင္ကံေကာင္းတဲ့
ငါပါလိမ့္....
ဂ်ီမင္းတစ္ေယာက္ထဲ ေနမွာကိုစိတ္မခ်တဲ့ ထယ္ေယာင္းက အတူလိုက္ေနေပးခဲ့သည္။
တစ္ရက္တြင္ ယြန္ဂီhyungနဲ႕ဆုံေတာ့ အေဆာင္အေၾကာင္းစကားဆက္မိၾကသည္။
"ဂ်ီမင္းက ညဘက္ စာသင္ေပးတယ္ဆိုေတာ့
အေဆာင္ျပန္ဝင္ရတာအဆင္ေျပလား"
တစ္ခါေျပာဖူးတဲ့ မိသားစုနဲ႕အတူမေနဘူးဆိုတာကို မွတ္မိေနပုံရတဲ့ ယြန္ဂီhyungကေမးတယ္။
"ကြၽန္ေတာ္ ေက်ာင္းထဲကအေဆာင္မွာမေနဘူး hyungရဲ႕~အျပင္မွာ အိမ္ငွားၿပီး
ထယ္ေယာင္းနဲ႕အတူေနတာ"
"hyung စာသင္ၿပီးတဲ့အခ်ိန္ အေဆာင္ျပန္ဝင္ရတာ အဆင္မေျပလို႔လား"
တစ္ခ်ိန္လုံး ၿငိမ္ၿပီး strawberry ေဖ်ာ္ရည္ေသာက္ေနတဲ့ ထယ္ေယာင္းက ေမးတယ္။
"ဟုတ္တယ္ ထယ္ေယာင္းရဲ႕~အေဆာင္ကို ၉နာရီေနာက္ဆုံးျပန္ရတာဆိုေတာ့ သိပ္အဆင္မေျပဘူးေလ"
"ဒါဆို ကြၽန္ေတာ္တို႔နဲ႕ အတူလာေနပါလား"
ဒါမ်ိဳးက်ေတာ့ ကင္ထယ္ေယာင္းတို႔က လက္သြက္လိုက္တာ.......
"ဟုတ္သားပဲ hyung~ကြၽန္ေတာ္တို႔နဲ႕ လာေနပါလား"
အပိုစကားသိပ္မေျပာတတ္တဲ့ hyungဟာ ဂ်ီမင္းတို႔နဲ႕ အတူလာေနခဲ့သည္။
ယြန္ဂီhyung အိမ္ေျပာင္းလာတဲ့ေန႕မွာ အတက္ႂကြဆုံး ကူညီေပးသူကေတာ့
သဘာဝက်က်ခ်စ္ခြင့္ရဖို႔ ႀကိဳးစားတတ္တဲ့
အေမာင္ ကင္ထယ္ေယာင္းေလးျဖစ္ခဲ့ပါသည္။
Section-3
အေဆာင္အတူေနျဖစ္ၾကေတာ့မွ
ထယ္ေယာင္းမွာ ယြန္ဂီhyungအေၾကာင္းကို
ပိုသိခြင့္ရခဲ့သည္။
Introvetျဖစ္တဲ့ hyungဟာ ရင္းႏွီးတဲ့သူငယ္ခ်င္းရွိပုံမရဘဲ အၿမဲလိုလို တစ္ေယာက္ထဲေနတတ္သည္။ မသိရင္ ခံစားခ်က္မရွိတတ္သူလို႔ ထင္ရေပမယ့္ တကယ္ေတာ့ hyungဟာ ႏွလုံးသားႏူးညံ့ၿပီးသနားတတ္ေလသည္။
ဥပမာ-မနက္ပိုင္းေစာေစာထၿပီး အကုန္လုံးအတြက္ မနက္စာျပင္ေပးတာမ်ိဳး၊ ပိတ္ရက္ေတြမွာ အိမ္သန့္ရွင္းေရးလုပ္ေပးတာမ်ိဳး၊ ဘယ္သူကဘာႀကိဳက္တယ္ဆိုတာကို သတိရေပးတတ္တာမ်ိဳးေပါ့~စကားခ်ိဳခ်ိဳေလးေတြမေျပာေပမယ့္ hyungရဲ႕ ေႏြးေထြးတဲ့ႏွလုံးသားေၾကာင့္ ထယ္ေယာင္းမွာ ေႂကြၿပီးရင္းကို ေႂကြေနမိသည္။
hyungနဲ႕ ဘယ္ေတာ့မ်ားမွ နီးစပ္နိုင္ပါ့မလဲ.....
သူမ်ားေတြ ခ်ဥ္းကပ္သလိုမ်ိဳး အတန္းေရွ႕မွာ ရည္းစားစကားေျပာတာတို႔၊
ေနာက္ကတေကာက္ေကာက္လိုက္တာမ်ိဳးကိုေတာ့ ထယ္ေယာင္း မလုပ္ခ်င္။ hyung
စိတ္အေႏွာင့္အယွက္ျဖစ္သြားနိုင္တယ္ မဟုတ္လား~
မနက္ဆိုေက်ာင္းသြား ညေနဘက္စာသင္နဲ႕ မအားတဲ့hyungဟာ က်န္တဲ့အခ်ိန္မွာလည္း phoneအၾကာႀကီးေျပာတာကို မေတြ႕ရတာေၾကာင့္ ခ်စ္သူမရွိဘူးလို႔ ထယ္ေယာင္းကယူဆတယ္။ ဒါဆိုရင္ သူ႕အတြက္
ႀကိဳးစားခြင့္ရွိတာပဲ မဟုတ္လား~
hyungနဲ႕ နီးစပ္ဖို႔ ႀကိဳးစားရတာ တကယ္ကို ရင္ခုန္စိတ္လႈပ္ရွားဖို႔ေကာင္းေလသည္။
ဥပမာ-ညဘက္hyungစာသင္တဲ့ အိမ္နဲ႕နီးတဲ့ convenience storeမွာ အခ်ိန္ပိုင္းအလုပ္လုပ္ၿပီး ျပန္ခ်ိန္တူေအာင္ ႀကိဳးစားရတာမ်ိဳးေပါ့......
ေလေၾကာင္းလိုင္းေတြ ၊ ကုန္သြယ္ေရးလုပ္ငန္းေတြ ပိုင္ဆိုင္တဲ့ မိသားစုရဲ႕ ျပည့္စုံႂကြယ္ဝမႈေၾကာင့္ ထယ္ေယာင္းအတြက္ အခ်ိန္ပိုင္းအလုပ္ဆိုတာ မလိုအပ္ခဲ့ေပ။
ဒါေပမယ့္ ...ဒီအတိုင္းသာ သြားႀကိဳရင္ hyung အေနရခက္မယ္မဟုတ္လား~
အခုေတာ့ ျပန္ခ်ိန္တူတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ hyungရဲ႕ ညပိုင္းအခ်ိန္ေတြမွာ သူပါဝင္ခြင့္ရခဲ့သည္။
Section-4
"တင္း....ေတာင္..........တင္း....ေတာင္"
အိမ္ေရွ႕က Bellတီးသံေၾကာင့္ ယြန္ဂီထြက္
ၾကည့္မိသည္။
"ပတ္ဂ်ီမင္းနာမည္နဲ႕ ပါဆယ္လာပို႔တာပါ
ခင္ဗ်"
"ကြၽန္ေတာ္ကိုယ္စားလက္ခံထားေပးပါ့မယ္~
ဘယ္ေလာက္က်လဲမသိဘူး"
"ပစၥည္းဖိုးေရာ deliveryခေရာ ရွင္းၿပီးသားပါ~ဒီမွာလက္မွတ္ေလးထိုးေပးပါဗ်"
ဂ်ီမင္းနာမည္နဲ႕ ေရာက္လာတဲ့ ပါဆယ္ဘူးကို
ယူၿပီး အိမ္ထဲျပန္ဝင္လာခဲ့သည္။ ေက်ာင္းပိတ္ရက္ျဖစ္တာေၾကာင့္ ဂ်ီမင္းနဲ႕ ထယ္ေယာင္း အိမ္ခဏျပန္သြားတာေၾကာင့္ အိမ္မွာ သူတစ္ေယာက္ထဲ။
ညစာအတြက္ျပင္ဆင္ၿပီးခ်ိန္မွာ ညေန၅နာရီျဖစ္ေနၿပီ။ ေရခ်ိဳးဖို႔စဥ္းစားေနတုန္းမွာပဲ ထယ္ေယာင္းျပန္ေရာက္လာသည္။
"ျပန္ေရာက္ပါၿပီ"
ယြန္ဂီကို ၾကည့္ၿပီး ထယ္ေယာင္းက ႏႈတ္ဆက္သည္။
"ညစာစားၿပီးၿပီလား....ထယ္ေယာင္း"
"မစားရေသးဘူး hyung"
ပါလာတဲ့ ဟင္းဘူးေတြကို ေရခဲေသတၱာထဲထည့္ရင္း ထယ္ေယာင္းကေျဖတယ္။
"hyungေရာ စားၿပီးၿပီလား"
"မစားရေသးဘူး ထယ္ေယာင္းရဲ႕"
"ဒါဆိုကြၽန္ေတာ္ထမင္းပြဲျပင္ၿပီးရင္ ေခၚလိုက္မယ္ေလ ေနာ္"
"အဲ့တာဆို hyung ေရခ်ိဳးလိုက္ဦးမယ္"
႐ုပ္ရည္နဲ႕ ပညာအရည္အခ်င္း အျပင္ ခ်မ္းသာတဲ့မိသားစုေၾကာင့္ ေက်ာင္းမွာ နာမည္ႀကီးတဲ့ ထယ္ေယာင္းဟာ အေတာ္ပင္
ေခ်မိဳးတယ္လို႔လည္း ေျပာၾကတယ္။ စိတ္မထင္ရင္ လက္သီးပါပါတတ္တယ္လို႔လည္း ေျပာၾကေပမယ့္ ယြန္ဂီသိရသေလာက္
ထယ္ေယာင္းက သေဘာေကာင္းပါတယ္။ အလိုက္လည္းသိတယ္။ အိမ္မႈကိစၥဆိုလည္း ဝင္ကူတာပဲ။ အခုလည္းမိသားစုကခ်မ္းသာေပမယ့္ ညဘက္ေတြမွာ ဟိုဟိုဒီဒီေလွ်ာက္
မသြားဘဲ ကိုယ့္အားကိုယ္ကိုးၿပီး convenience storeမွာ အခ်ိန္ပိုင္း အလုပ္လုပ္ေနတယ္။
ဒါကိုမ်ား လူေတြက တစ္မ်ိဳးျမင္ၾကေသးတယ္။
ယြန္ဂီေရခ်ိဳး အဝတ္အစားလဲၿပီးဆင္းလာေတာ့ ထယ္ေယာင္းက ထမင္းပြဲျပင္ၿပီးေနၿပီ။
စကားမေျပာပဲ ခပ္ဆိတ္ဆိတ္သာထမင္းစားေနတဲ့ ထယ္ေယာင္းေၾကာင့္ ယြန္ဂီစိတ္သက္သာမိတယ္။ လူေတြနဲ႕ ေရာေရာေႏွာေႏွာမေနတတ္တဲ့အျပင္ စိတ္ထဲကမပါတဲ့ စကားဆိုမေျပာခ်င္တာေၾကာင့္ သူ႕မွာ သူငယ္ခ်င္းအမ်ားႀကီးမရွိ။
ဂ်ီမင္းကေတာ့ သြက္သြက္လက္လက္ရွိ
ေပမယ့္ သူမ်ားအေၾကာင္းကို စပ္စုတတ္သူမဟုတ္တာေၾကာင့္ ရင္းႏွီးခဲ့တာ။ တစ္အိမ္ထဲအတူေနရတဲ့ ဂ်ီမင္းနဲ႕ ထယ္ေယာင္းေၾကာင့္
ယြန္ဂီစိတ္ခ်မ္းသာမိသည္။
"ထယ္ေယာင္း စားရတာအဆင္ေျပရဲ႕လား"
ထမင္းစားေနရာက ထယ္ေယာင္းကသူ႕ကို ၾကည့္တယ္။
"ေျပပါတယ္ hyungရဲ႕~"
"ေက်ာင္းစာေတြေရာ လိုက္နိုင္ရဲ႕လား"
"ႀကိဳးစားၿပီးေတာ့ စာၾကည့္ေနပါတယ္ hyungရဲ႕"
"စာနားမလည္တာရွိရင္ေျပာေလ ~hyungရွင္းျပေပးမယ္.....ညဘက္ဆို၁၁နာရီေလာက္အထိေတာ့ စာၾကည့္ျဖစ္တယ္~
hyungနဲ႕အတူ စာၾကည့္ခ်င္ရင္ လာခဲ့ေလ~ထယ္ေယာင္း "
"ဟုတ္ကဲ့ hyung~ကြၽန္ေတာ္က hyung အေႏွာင့္အယွက္ျဖစ္မွာစိုးေနတာ"
"ရပါတယ္ ထယ္ေယာင္းရဲ႕"
ေတြ႕လား.....ထယ္ေယာင္းက သူမ်ားအတြက္
ဘယ္ေလာက္ေတြးေပးတတ္လဲ...
ထမင္းစားၿပီးေတာ့လဲ ပန္းကန္ေတြသြားေဆးေနတဲ့ ထယ္ေယာင္းေက်ာျပင္ကို ယြန္ဂီၾကည့္ေနမိတယ္။
ထယ္ေယာင္းကို ပိုင္ဆိုင္ရတဲ့ သူကေတာ့ ဘယ္ေလာက္ကံေကာင္းလိုက္မလဲ....
4.7.20 (Sat)
to be continued............