ကိုယ့်ရဲ့အသည်းတစ်ခြမ်းလေး(U+Z)
By maylapyaepyae
32K 3K 409
EXO fanfiction More
Intro
Ch-1
စျေးဗန်း
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch 10
Ch-11
Ch-12
Ch-13
Ch-14
⚠️⚠️⚠️⚠️⚠️
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20❗️❗️❗️
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-27
Ch-28
Ch-29
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-41(1)
Ch-41(2)
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-47(2)
Ch-48
Ch-49
Ch-50 Final
Extra(1)
Extra-2
Extra-3
Extra 4 (The End)
Ch-26
403 45 6
By maylapyaepyae
Uni
KS တစ်ယောက် Baek တို့ကိုမျက်ခြေဖျက်ကာ တောလမ်းလေးအတိုင်းတစ်ယောက်ထဲထွက်လာခဲ့သည်။ ဘယ်သွားမယ်ဆိုတာတောင်မပြောခဲ့။ သေချာတာကတော့ အိမ်ပြန်ရင်သူ့အပြစ်ကလွတ်ဖွယ်မရှိ။ သိရက်နဲ့ထွက်လာခဲ့သည့်တိုင်အောင် သူနောင်တမရ။ အခုတော့ သူချိန်းထားတဲ့နေရာကိုရောက်အောင်သွားဖို့ပင်။ သူရောက်သွားလူတောင်စုံနေပြီ။
" နောက်ကျလိုက်တာ Soo ရာ "
" ခေါ်ပြန်ပြီလား &%$ "
" မင်းနော် ယောင်္ကျားရမှဆက်ဆက်ထိမခံဖြစ်နေတယ် "
" ဘာဖြစ်လဲ မင်းတို့တောင်ယောင်္ကျားမပြောနဲ့ မိန်းမတောင်ရှိလို့လား"
" ဟာ ဖဲ့တယ်ကြည့်စမ်း "
" တစ်စိတ်ရှိဒါပဲလာလာထိခိုက်နေတာ"
" အေးလေ ငါတို့က မယူတာမဟုတ်ဘူး ။ မလိုချင်တာ "
" အေးပါကွာ နှစ်ချို့ FA လေးတွေရယ် 😂 "
" ရယ်နေပါ ဟွင့် မင်း အိမ်ကနေဒီအထိထွက်လာတာသိလို့ကတော့ "
" ဘာဖြစ်လဲ ငါ့မှာ ကိုကို တစ်ယောက်လုံးရှိတာ "
" အေးပါကွာ အိမ်ထောင်သည်အမျိုးသားကြီးရယ် "
" ဟား ဟား ဟား "
သူတို့အကုန်ပေါ့ပေါ့ပါးပါးရယ်မိကြသည်။ တကယ်တော့ KS ရှေ့မှာရပ်နေကြတာက သူ့သူငယ်ချင်းတွေ။ ကျောင်းမှာဘယ်သူမှမပေါင်းရဲတဲ့ လူဆိုးလို့ပြောရမလား လူမိုက်လို့ပြောရမလား ဘယ်လိုပဲဖြစ်ဖြစ် သူတို့က KS ရဲ့သူငယ်ချင်းတွေပင်။ သူတို့သုံးယောက်ရဲ့ဖြစ်တည်မှုကြောင့် အခုလိုခိုးကြောင်ခိုးဝှက်တွေ့ရခြင်း။
" ဒါနဲ့ငါတို့အမြဲဒီလိုတွေ့နေရမှာလား"
" KS ရယ် ဒီလိုမတွေ့လို့ဘယ်လိုတွေ့ချင်သေးတာလဲ "
" မင်းတို့......"
ဆိုပြီးရပ်သွားတဲ့ KS ကြောင့် ၃ ယောက်လုံး KS ပြောချင်တာကိုနားလည်လေသည်။ အခုဆို KS က အိမ်ထောင်သည် ။ အခုလိုခိုးတွေ့နေတာသာမိသွားရင် မိုးမီးလောင်မည်မှာမလွဲ။ သူတို့ဘယ်လောက်ရိုးသားတယ်ပြောပြော ပတ်ဝန်းကျင်ကသိသွားရင် ရိုက်ခတ်လာမှာက KS ပင်။ နောက်ပြီး သူတို့သိပါသည် KS စိုးရိမ်နေတာကို ။ အဲ့တာကြောင့်ဒီကအပြန် အလင်းပြန်ဝင်ဖို့သူတို့ဆုံးဖြတ်ထားလေသည်။
" စိတ်မပူပါနဲ့ ငါတို့ဒီကအပြန် ငါတို့အားလုံးဝင်ခံပြီး အလင်းပြန်ဝင်ခဲ့မယ် ဟုတ်ပြီလား။ ပြီးတော့ မင်းသိပါတယ် ငါတို့အကြောင်းကို ငါတို့မှာ ပြစ်မှုမြောက်တာ သိပ်မရှိဘူးဆိုတာ"
KS အပျော်လွန်စွာ ပြေးဖက်မိသည်။ သူတို့ 3 ယောက်က KS အတွက်တော့ မိဘရယ် Chanနဲ့ Baek တို့ပြီးရင် အရင်နှီးဆုံးတွေ။
ကောင်လေး 3 ယောက်ကလည်း KS ကိုပြန်ဖက်ကြပါသည်။ နောက်တော့ KS အိမ်ပြန်လမ်းမှောင်နေမှာဆိုးတာကြောင့် အတင်းပြန်လွှတ်တော့သည်။ KS လည်း အပျော်မျက်နှာလေးနှင့်အိမ်ပြန်လာလေသည်။ KS အတွေးတွေက သူတို့သုံးယောက်နှင့် ပထမဆုံးတွေ့တုန်းအချိန်တွေဆီသို့...
Flesh back(Start)
KS အလယ်တန်းတုန်းက မြို့ကျောင်းမှကျောင်းသွားတက်ရသည်။ အဲ့နေ့က KS သည် အိမ်စာမပြီးတာကြောင့် ဆရာမက အပြစ်ပေးသည့်အနေဖြင့် ညနေကျောင်းလွှတ်ချိန်မှာ အိမ်သာဆေးခိုင်းသည်။ KS အဲ့တုန်းက ကျောင်းမှာတစ်ယောက်ထဲကျန်ခဲ့သည်။ သူက C ခန်းဖြစ်ပြီး Chen Baek Lu တို့က Bခန်း။ အခန်းလဲမတူ ပြီးတော့အဲ့နေ့က ချိန်းပွဲရှိသည်။ B ခန်းနဲ့Dခန်းက ဘောလုံးပွဲတုန်းကအခဲမကျေသည်များကိုချိန်းပွဲအဖြစ်ပြောင်းလဲလိုက်ခြင်းပင်။ အဲ့တော့ Baek တို့ချိန်းပွဲမှာ KS မပါခဲ့။ KS တစ်ယောက် အိမ်သာတွေဆေးပြီးချိန် ညနေ လေးနာရီထိုးနေပြီ။ KS အဒေါ်ရှိသည့် အိမ်ကိုလမ်းလျှောက်ပြန်လာခဲ့သည်။ ရက်ကွပ်ထဲမှာ လူပျက်သည့်နေရာရှိသည်။ အဲ့နေရာကပြန်ရင် အဒေါ်အိမ်နှင့် ပိုနီးတာကြောင့် အဲ့နေရာပြန်မိသည်။ ကံဆိုးချင်တော့ သူနှင့်ရန်ဖြစ်ဖူးသည့် အကိုကြီး 5 ယောက်နှင့်ထိပ်တိုက်တိုးသည်။ 5 ယောက် 1 ယောက်ပွဲက ကြည့်ကောင်းမနေ ။ KS လည်းအထိနာနေသလို ဟိုဘက်ကလည်း အထိနာနေသည်။ KS လဲကျတော့မည့်အချိန် သူ့နောက်ကနေရောက်လာတဲ့ ကောင်လေး သုံးယောက် ။
" ပွဲက ကြည့်မကောင်းဘူးကွ "
" မင်းတို့ယောင်္ကျားတွေမလား ဘာလို့ One by One မဖိုက်ကြတာလဲ "
" ဘာလဲ ငကြောက်လား "
အဲ့အကိုကြီးတွေကိုကြည့်ရတာ KS နောက်က ကောင်လေးတွေကိုသိပုံရသည်။
" ကိုယ့်လမ်းကိုယ်သွားပါလားကွာ။ မင်းတို့ကိုလည်း ငါတို့ဘာမှမလုပ်မိပါဘူး "
" ဒါဆို မင်းတို့နဲ့ဟိုကောင်လေးက လက်ဝှေ့အလှပြနေကြတာလား "
" လုပ်လို့ကောရမယ်ထင်လို့လား "
" မင်းတို့သိရမှာက ငါတို့က ရှောက်သီးမဟုတ်ဘူး "
သုံးယောက်လုံးတစ်ယောက်တစ်ခွန်းဆီပြောကြပေမဲ့ ဟိုဘက်ကတော့ မျက်နှာပျက်နေလေပြီ။ နောက်တော့
" မင်းတို့ကိုယ့်ခြေထောက်နဲ့ကိုယ်ထွက်သွားမလား ဒါမှမဟုတ် ...."
ပြောတဲ့ကကောင်လေးက စကား ဆက်မပြောဘဲ မျက်လုံး နဲ့ ကြည့်လိုက်ရုံနဲ့တင် ထွက်သွားဖို့တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြကြသည်။ ဒါပေမဲ့ အကိုကြီးတစ်ယောက်က သူဝှက်ယူလာတဲ့ဓားနဲ့ ထိုးဖို့လုပ်သည်။ ဒါပေမဲ့ ဓားနဲ့မထိုးရသေးခင်မှာပဲ ခြေချော်လဲသွားသည်။ ကံဆိုးစွာပင် ဓားက သူ့ကိုသူပြန်ထိုးမိပြီး အဲ့နေရာမှာပွဲချင်းပြီးဆုံးသွားသည်။
နောက်နေ့ကျောင်းမှာသတင်းထွက်သွားသည်က အဲ့ကောင်လေးသုံးယောက်က သတ်လိုက်သည်ဟု။ ကျောင်းအုပ်ကြီးခေါ်တွေ့ခံရတာတောင် KS နာမည်ကိုဖော်ထုတ်ခြင်းမရှိ။ ဘယ်လိုနှုတ်ပိတ်လိုက်မှန်းမသိပေမဲ့ အဲ့နေ့ကရှိနေတဲ့သူတွေကလွဲ လူသတ်ခံရမှုမှာ KS ပါနေတယ်ဆိုတာတစ်ယောက်မှမသိကြ။ ကျန်ခဲ့တဲ့အကိုကြီးလေးယောက်ကလဲ သူ့ကိုမသိချင်ယောင်ဆောင်နေကြသည်။ ဒါပေမဲ့ လူသတ်မှုဖြစ်တာတောင် ကျောင်းမထွက်ရတဲ့အပြင်အဖမ်းမခံရတဲ့ ကျောင်းသားသုံးယောက်ရဲ့သတင်းကတော့ Cele တွေထက်ပင်သတင်းကြီးခဲ့သည်။ KS အဲ့နေ့ကအကြောင်း ဘယ်သူ့ကိုမှပြန်မပြောခဲ့ပေ။ ဒါပေမဲ့ အဲ့ကောင်လေး 3 ယောက်နှင့်တော့ သူငယ်ချင်းညီအစ်ကိုဖြစ်ခဲ့ကြသည်။ Baek တို့ကတော့ အဲ့နေ့မှစ၍ သူတို့၃ယောက်ကိုအဖက်ပင်မလုပ်ကြတော့။ Baek တို့သာမဟုတ် တစ်ကျောင်းလုံးကပင် အဖက်မလုပ်ကြတော့ပေ။ Chan တို့Universityထိအောင်သတင်းရောက်မှတော့ Chan လိုလူမှန်တစ်ယောက်က ဘယ်လိုမှလက်ခံမည်မဟုတ်။
Flesh back (End )
KS အတွေးတွေကနေရပ်လိုက်ပြီး ပတ်ဝန်းကျင်ကိုသတိထားမိတော့ မှောင်ရိပ်သန်းနေပြီ။ သူရွာထိပ်ကနေပဲပြန်လာခဲ့လိုက်သည်။ ဘာလို့ဆို သူရန်ဖြစ်တုန်းက Chan အတွက်ယူလာတဲ့ထမင်းချိုင့်လေးက သူ့အတွက် Chan ဆုချထားတဲ့ ချိုင့်လေးဖြစ်တာကြောင့် ပြန်လိုချင်သည်လေ။ အဲ့တာကြောင့်မို့ သူပြန်လာရှာခြင်း။ အပင်အောက်ရောက်တော့ ဘယ်ကိုကုန်ထုတ်လိုက်မှန်းမသိတာကြောင့် အဲ့ကောင်ကိုသတ်ပစ်ချင်မိသွားသူလိုက်ရှာနေတုန်း ဘယ်ဆီကမှန်းမသိတဲ့ချိုင့်လေးက သူခြေထောက်အောက်နားလိမ့်လာသည်။ သူပြုံးလိုက်မိသည်။ ဘာလို့ဆို သူနောက်ကနေ လိုက်လာတဲ့ သူ့ရဲ့သူငယ်ချင်းတွေကြောင့်။ စိတ်မချရင် အနားကနေ အတူတူလိုက်လာတာမဟုတ်ဘူး။ ခိုးချောင်ခိုးဝှက်လိုက်လာသေးတယ်။ တွေ့မှာလည်းကြောက်သေးတယ် ။ တကယ့်ဟာတွေ။ KS ကတော့ မျက်နှာလေးမဲ့ပြီးအရူးတွေဟုသာ။ပြောပြီးအိမ်ပြန်လာခဲ့တော့သည်။
xxxxx
အမြည်း
" ကိုယ့်ကိုအရူးလုပ်ရတာပျော်ရဲ့လား ပေါက်စ ဟမ် "
" မဟုတ်...ကျွန်တော်ရှင်းပြတာကိုနားထောင်ပါအုံး ..."
" မင်းကိုတကယ် စိတ်ပျက်တယ် Kyungsoo "
" လူကြီး!!!! "
T.B.C.
ဟီး သွေ့ပုချိ ။ နောက်ကျသွားတယ်။ ဒီအခန်းက ဆက်ရေးချင်ပေမဲ့ တန်းငိုနေရမှာဆိုးလို့။ အမှားပါရင်ခွင့်လွှတ်ပါ။ စာဖတ်သူတစ်ယောက်ချင်းဆီကိုကျေးဇူးတင်လျက်...........
Zawgyi
" နောက်ကျလိုက်တာ Soo ရာ "
" ခေါ်ပြန်ပြီလား &%$ "
" ဟာ ဖဲ့တယ်ကြည့်စမ်း "
" ဟား ဟား ဟား "
" မင်းတို့......"
Flesh back(Start)
" ဘာလဲ ငကြောက်လား "
Flesh back (End )
xxxxx
အမြည်း
" လူကြီး!!!! "
T.B.C.
Continue Reading
You'll Also Like
21.8K 1.8K 11
ချစ်ခြင်းဆိုတာလှပတာမို့ ကိုယ်တို့ပုံဖော်ခဲ့တဲ့နေ့ရက်တိုင်းဟာ တန်ဖိုးရှိတာမို့ လိပ်ပြာပြာသန့်သန့်နဲ့ဆက်ချစ်နိုင်တယ်ကလေး။ အဆွီonlyပါ
39K 2.7K 13
ထိုယောကျ်ားကိုမှ သဘောကျခဲ့မိပြီ ထိုယောက်ျားကိုမှ သဘောကျခဲ့မိပြီ
77.5K 5.4K 32
Chanအရင်ကကျနော့ကိုအချစ်ဆုံးလို့ပြောဖူးတယ်နော် အခုကောအဲ့စကားအတိုင်းသတ်မှတ်လို့ရမလား။ kai yeolပျော်မယ်ဆို yeolကြိုက်တာရွေးကျနော်လက်ခံပေးမယ် ကျနော့ကြောင...
938K 21.5K 49
In wich a one night stand turns out to be a lot more than that.