" ကိုကို့ ရဲ့ ငယ် - 1 "
အတန်အသင့်ကျယ်ဝန်းလှသော ခြံဝန်းလေးထဲရှိ နှစ်ထပ်တိုက်ပုလေးရှိရာသို့ ဆိုက်ရောက်လာသော ကားတစ်စီးပေါ်၌ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦး
"ဝါး... မား ခြံလေးကကျယ်သားပဲနော် တိုက်လေးကလည်း ပုပုချစ်စရာလေး မား သားတို့ ဒီမှာနေရမှာလားဟင်"
"ဟုတ်တယ် သား၊ မားတို့ ဒီမှာနေကြမှာလေ"
ကလေးငယ်၏စကားကို ပြန်လည်ဖြေကြားလိုက်သော မိခင်ဖြစ်သူ
"သား မားနဲ့တီလေး အိမ်ထဲမှာပစ္စည်းတွေ နေရာချလိုက်ဦးမယ်နော်"
"ဟုတ် မား၊ အဲဒါဆို သား ခြံထဲလျှောက်ကြည့်လိုက်ဦးမယ်"
မိခင်ဖြစ်သူကို အတောက်ပဆုံး မူပိုင်အသည်းပုံနှုတ်ခမ်းလေးပေါ်အောင် ရယ်ပြပြီးထွက်သွားသော ကလေးငယ်လေး
ကလေးဆိုတာက စပ်စုတဲ့အမျိုးလေ
ခြံထဲကို လျှောက်ကြည့်နေရင်း တွေ့သမျှ တစ်ခုပြီးတစ်ခု လိုက်ကိုင်ကြည့်နေပြီး ပါးစပ်ကလည်း ပွစိပွစိနဲ့ တစ်ခါတလေ မေးထောက်ပြီးတောင် စဥ်းစားနေလိုက်သေးတယ်
သီချင်းလေးတညည်းညည်းနဲ့ ကိုယ်လုံးလေးကိုလှုပ် ဘောလုံသွားယူပြီး အရပ်နဲ့ ၆ ပြန်လောက်မြင့်တဲ့ပိုက်ထဲကို ဘောလုံးလှမ်းပစ်နေပြန်ပါပြီ
"အယ် သွားပြီ မား သားဘောလုံးလေး ဆော့နေရင်းနဲ့ ဟိုဘက်ခြံထဲကိုရောက်သွားလို့"
ပစ္စည်းတွေနေရာချနေရင်းက နောက်ဘက်မှသားဖြစ်သူ၏အသံကြောင့် လှည့်ကြည့်လိုက်တဲ့ Suho
"ဘောလုံးက ဘာဖြစ်လို့ဟိုဘက်ခြံထဲရောက်သွားလဲ မာမားကိုအရင်ပြောပြ"
Suho အရင်တည်းက Kyung Soo ကိုအကြောင်းအရင်း အရင်မေးနေကျ
ခုချိန်ထိ Kyung Soo ကိုရိုက်ဖို့မပြောနဲ့ ဆူတောင်မဆူခဲ့ဖူးဘူး
"သားကလေ ဟိုပေါ်ကပိုက်ထဲကို လှမ်းပြီးပစ်ထည့်လိုက်တာ အဲဒါ အပေါ်ထပ်ကနံရံနဲ့ထိပြီး ဟိုဘက်ခြံထဲရောက်သွားတာ အဲဒါ သားမသွားရဲလို့ မား လိုက်ခဲ့ပေးနော်"
Kyung Soo. China မှာနေတည်းက သူစိမ်းတွေနဲ့ မပတ်သက်ဘူးတော့ Suho ပါမှသူစိမ်းတွေနဲ့ စကားပြောရဲတာ
"အင်း မား လိုက်ခဲ့ပေးမယ် ခနစောင့်နော်"
"ဟုတ်"
၇ နှစ်သားလေး Kyung Soo ဧည့်ခန်းမှာထိုင်နေရင်း မာမား Suho ကိုစောင့်နေပြီး ခနကြာတော့ Suho နဲ့အတူ တစ်ဘက်ခြံကို ထွက်လာခဲ့လိုက်ကြသည်
********************
"သားရေ အန်တီတို့ဝင်လာလို့ရမလား"
"မေမေ ဧည့်သည်လာတယ်"
ခြံရှေ့ဘက်ကကြားရတဲ့အသံကြောင့် စာဖတ်နေရင်းက မိခင်ဖြစ်သူကို လှမ်းပြောလိုက်တဲ့ ၁၀ နှစ်သားလေး Park Chanyeol
"အေး သား မေမေလာပြီ"
အိမ်ထဲမှထွက်လာပြီး ခြံတံခါးဆီလျှောက်သွားတဲ့ Chanyeol ရဲ့အမေဖြစ်သူ Tao
"ဟိုလေ ကျွန်မနာမည်က Suho ပါ သားရဲ့..."
"Suho ငါလေ မှတ်မိဘူးလား"
"ဘယ်သူ... အော် Tao "
"အေး ဟုတ်တယ် ငါ Tao လေ"
"ငါလည်း မမှတ်မိလို့ဟယ်"
"လာ အိမ်ထဲဝင်လေ ခြံရှေ့ကြီးမှာမလို့"
"အေး သား လာလေ"
"ဟုတ် မား"
"မား ဟိုမှာသားဘောလုံး"
အိမ်ကိုဦးတည်၍သွားနေရင်း လမ်းမှာတွေ့လိုက်ရတဲ့ ဘောလုံးကြောင့် Kyung Soo ပြောလိုက်တော့
"အော် သွားယူလေ သား အဲ့မှာ ကိုကို ရှိတယ်"
Kyung Soo က Yeol ထက်ညှက်တော့ Taoကမှန်းပြီး 'ကိုကို' လို့ပြောလိုက်တာ
"ကိုကို~ ဟုတ် အဲဒါဆို သား သွားလိုက်ပါဦးမယ်ဗျ"
ခါးလေးကိုင်းကာပြောပြီး Kyung Soo လေး ပြေးထွက်သွားလေပြီ
"Tao ငါတို့လည်း ဒီမှာပဲထိုင်ကြရအောင်လေ သားတို့ကိုလည်း မြင်ရတာပေါ့"
"အင်း ဖြစ်တယ်လေ Suho ရဲ့"
Suho ပြောသလို ကလေးတွေပါမြင်ရမယ့် ဒန်းတစ်ခုမှာ Tao ပါဝင်ထိုင်လိုက်သည်
"Tao ငါတို့လည်း မတွေ့တာ ၁၀ နှစ်လောက်ရှိပြီနော်"
"ဟုတ်တယ် Suho ရဲ့ ငါလည်း နင့်အကြောင်းတွေ ဘာမှကိုမကြားဘူး"
"နင်နဲ့ငါ အဆက်အသွယ်ပြတ်နေတာကို "
"အေး ဒါနဲ့ သားက နင့်ကို မားလို့ခေါ်တာနော်"
"ဟုတ်တယ် ပြောရရင်အရှည်ကြီးပဲ
ငါ China ကို Scholar နဲ့သွားရတာ သိတယ်မဟုတ်လား"
"သိတယ်လေ "
"ငါ China မှာ Scholar နဲ့ ကျောင်းပြီးသွားတော့ အလုပ်ခွင်မှာ သား အဖေ Yixing နဲ့မေတ္တာမျှပြီး လက်ထပ်ခဲ့ကြတာလေ နောက်တော့ သား ကိုမွေးခဲ့တယ် သားက ခုချိန်ထိ China မှာ ကြီးလာတာဆိုတော့ ပါး နဲ့ မား ပဲခေါ်တာလေ ပြီးခဲ့တဲ့တစ်နှစ်က Yixing ကားအက်စီးဒန့်နဲ့ ဆုံးသွားတယ် Yixing တို့မိသားစုက တရုတ်ရဲ့ Top1 သူဌေးစာရင်းဝင်တွေဆိုတော့ လုပ်ကြံခံရတာ အဲဒါနဲ့ငါလည်း သားကိုပါထိခိုက်မှာစိုးတာနဲ့ ပြန်လာမလို့လုပ်တော့ Yixing မိဘတွေက တစ်နှစ်ပဲထပ်နေပေးပါဆိုလို့ ခုကတစ်နှစ်ပြည့်လို့ သားနဲ့ Korea ကိုပြန်လာခဲ့တာ"
"အဲဒါဆို အန်ကယ်တို့ကရော"
"အဖေတို့က မောင်လေးနဲ့အတူ U.S.မှာနေတာ ငါက ဒီမှာပဲနေမယ်ဆိုတော့ ညီမတစ်ဝမ်းကွဲ Lulu ကိုခေါ်နေဆိုလို့ ခု Lulu နဲ့ငါတို့သားအမိ ဟိုဘက်အိမ်ကို ပြောင်းလာကြတာ"
"အော်...."
"နင်ရော"
"ငါက Scholar မသွားရတော့ M.Sc ပဲဆက်တက်လိုက်ရတာပေါ့ နောက်တော့ မိဘတွေသဘောအတိုင်း သားအဖေ Kris နဲ့လက်ထပ်ခဲ့တာ ခုဆို သားလေးတောင် ၁၀ နှစ်ဖြစ်ပြီလေ"
"Kris ဆိုတာ ကျောင်းတုန်းကစီနီယာမဟုတ်လား"
"ဟုတ်တယ်"
"အော်~"
မလှမ်းမကမ်းမှာ စကားပြောနေကြတဲ့ ကလေးငယ်နှစ်ယောက်ကို ကြည့်ရင်း Suho နဲ့ Tao တို့ပြောနေကြခြင်း
*********************
"ကိုကို"
"ဟင် "
"ဟိုဘောလုံးက သားဘောလုံးလေးလေ အဲဒါ..."
"ငယ့် ဘောလုံးလား"
"ငယ်... "
'ငယ်'ဆိုပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ရှေ့ကကြည့်နေတဲ့ ကလေးကိုတကယ်အူယားနေတာအမှန်
"ဘာလို့လဲ ခေါ်လို့မရဘူးလား"
"မဟုတ်ပါဘူး ဒါနဲ့ဘာလို့ 'ငယ်' လို့ခေါ်တာလဲဟင်"
မေးစေ့ကိုလက်နဲ့ပွတ်ပြီးမေးနေတဲ့ Kyung Soo လေးကြောင့် Yeol ကိုယ့်ကိုယ်ကိုတောင်မသိဘဲ ပြုံးလိုက်မိတယ် လူကြီးစတိုင် လာဖမ်းနေသေးတယ်
"ကိုကိုက ဒီတိုင်းခေါ်လိုက်တာပါ"
"အော် အဲဒါဆို 'ငယ်' လို့ပဲခေါ်နော် ကြိုက်တယ်"
^ရယ်ပြီးပြောနေတဲ့ ငယ် က ကလေးပေါက်စလေးမို့ထင်ပါရဲ့ တော်တော်ကိုချစ်ဖို့ကောင်းနေတာ^
"ကိုကို စာဖတ်နေတုန်း ငယ့် ဘောလုံးက ကိုကို့ရှေ့နားကိုရောက်လာတာ"
"ဟုတ်တယ် ငယ် ဆော့နေရင်းနဲ့ အဲ့လိုဖြစ်သွားတာ ငယ် ဘောလုံးလေးပြန်ယူသွားမယ်နော်"
"အင်း ဒါနဲ့ ငယ်နာမည်ဘယ်လိုခေါ်လဲ"
"Doh Kyung Soo ပါ ကိုကိုကရော"
"ကိုကိုနာမည်က Park Chanyeol"
"အော် ကိုကိုက အသက်ဘယ်လောက်ရှိပြီလဲဟင် ကိုကို့မေမေက 'ကိုကိုရှိတယ်' လို့ပဲပြောလိုက်လို့လေ"
"၁၀ နှစ် ငယ်ကရော"
"ငယ်က ၇ နှစ် "
"အင်း"
Yeol စိတ်ထဲ 'ဒီကလေး အတော်သွက်ပါလား' ဟုကြိတ်၍ မှတ်ချက်ချလိုက်တယ်
"ကိုကို ငယ် နောက်နေ့ ကိုကိုနဲ့လာဆော့လို့ရလားဟင်"
"ဟင် ရပါတယ်"
'ရပါတယ်' ဆိုမှပြုံးလာတဲ့ Kyung Soo လေး လိုချင်တာရသွားတာကို
Yeol ကလေးချစ်တတ်တာမှန်ပေမယ့် ဒီကလေးလေးကျမှ မြင်မြင်ချင်း ဘယ်လိုသံယောဇဥ်တွယ်သွားမှန်းမသိ
မောင်နှမလည်းမရှိတော့ အတူဆော့ပေးမယ့်သူကလည်းမရှိ စာဖတ်တတ်တဲ့အရွယ်တည်းက သူ့အဖေ Kris ရဲ့စာအုပ်တစ်ချို့ကို ယူယူဖတ်နေကျ
တစ်ခါတလေ မောင်နှမတစ်ဝမ်းကွဲတွေလာရင်တောင် ကူဆော့ပေးဖို့မပြောနဲ့ တစ်ယောက်တည်း သီးသန့်လိုနေတတ်တာ
^နောက်နေ့ကျ ဒီကလေးနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲမသိပေမယ့် အဆင်ပြေမယ်လို့ မျှော်လင့်မိပါရဲ့^
"ကိုကို ငယ့်မားဆီသွားရအောင်"
"မား."
^မျက်ခုံးလေးတွန့်ပြီးပြောနေတဲ့ ကိုကိုက ငယ့် မျက်လုံးထဲမှာ တကယ်ချောတာပဲ^
"ငယ့် မေမေလေ"
"အော် "
*************************
"မား သားတို့ပြန်ရအောင်လေ"
စကားပြောနေတဲ့အနားကို ဘောလုံးလေးပိုက်ပြီး တုတ်တက်တုတ်တက်နဲ့ ရောက်လာတဲ့ Kyung Soo နဲ့ စာအုပ်လေးကိုင်ရင်းရောက်လာတဲ့ Chan
"နေပါဦး သားရဲ့ အန်တီ ကွတ်ကီးလုပ်ထားတယ် စားသွားဦးနော်"
"တကယ်လား အန်တီ"
အစားအကြောင်းကြားတာနဲ့ မျက်လုံးလေးတွေတလက်လက်တောက်လာတဲ့ Kyung Soo ရယ်ပါ
"အင်း Suhoလည်းနေဦးနော် ပြီးမှပြန်ကြပေါ့"
"အင်းပါ Taoရဲ့ "
"ငယ် ကိုကို အိမ်ထဲသွားမလို့ လိုက်ခဲ့မလား"
"ဟုတ် ကိုကို"
Kyung Soo လေး Yeol နောက်ကိုလိုက်သွားတာကိုကြည်ပြီး Tao က
"Kyung Soo လေးက တကယ်ချစ်ဖို့ကောင်းတာ Suho"
"အင်း Tao ကွတ်ကီးလုပ်ထားတယ်ဆို ကျောင်းအတူတက်တုန်းက နင်လုပ်ကျွေးတဲ့ကွတ်ကီးကို ငါအရမ်းစားချင်နေတာ"
"အမလေး Suhoရယ် အဲ့လိုမပြောလည်း ငါကကျွေးပါတယ်ဟယ် "
Tao နဲ့ Suho တို့ရဲ့ ရယ်သံလွင်လွင်လေးက လေပြေနှင့်အတူ ပေါ့ပါးစွာပျံ့နှံ့လျက်
*************************
"ငယ် ကိုကို စာအုပ်သွားထားဦးမယ်
ခနထိုင်စောင့်နေနော် "
"ဟုတ် ကိုကို"
Kyung Soo ဧည့်ခန်းကခုံလေးမှာ ထိုင်လိုက်ရင်း လျှောက်ကြည့်လိုက်တော့ မလှမ်းမကမ်းက စားပွဲခုံပေါ်မှာ တင်ထားတဲ့ Yeol ပုံလေး
၃ နှစ်သားလောက်ကပုံလေးဖြစ်မယ်
ငုတ်တုတ်လေးထိုင်ပြီး ဓာတ်ပုံရိုက်တဲ့ဘက်ကို မျက်လုံးလေးပြူးပြီးကြည့်နေတာ တကယ့်ကိုချစ်စရာလေး
ဘေးမှာက ဆော့စရာလေးတွေနဲ့
Kyung Soo. yeol ပုံလေးကိုကြည့်ပြီး ပြုံးနေမိတယ်
"ငယ် "
"ဟင် ကိုကို"
"ငယ် ဘာလို့ပြုံးနေတာလဲ"
"ဘာမဖြစ်ပါဘူး ဒီတိုင်း... ဒါ ကိုကိုပုံလားဟင်"
"ဟုတ်တယ်လေ ငယ် ဘာဖြစ်လို့လဲ"
"မေးကြည့်တာပါ "
Kyung Soo ပြုံးနေတာလေးကို Yeol မြင်ဖြစ်အောင်မြင်လိုက်သေးတယ်
^ငယ် ပြုံးလိုက်ရင် ချစ်စရာလေး^
"သားရေ သားငယ်ကိုခေါ်ပြီး ထမင်းစားခန်းလာခဲ့နော်"
"ဟုတ် မေမေ၊ ငယ် သွားရအောင်"
"ဘယ်ကိုလဲ ကိုကို"
"မုန့်စားရအောင်လေ"
"အာ ဟုတ်သားပဲ၊ လာ သွားမယ် ကိုကို"
ပြောပြီးရှေ့ကနေပြေးသွားတဲ့ Kyung Soo လေး Yeol ကနောက်ကနေလိုက်ရင်း
"အန်တီ မုန့်တွေအများကြီးလုပ်ထားတာပဲနော် "
ရှေ့ကကွတ်ကီးပန်းကန်ကိုကြည့်ရင်း မျက်လုံးတွေဘလင်းဘလင်းဖြစ်နေတဲ့ Kyung Soo ရယ်ပါ
"ဟုတ်တယ် သားရဲ့၊ သား ကြိုက်သလောက်စားလေ "
"တကယ်လား အန်တီ"
သွားလေးဖြဲပြီးပြုံးစိစိနဲ့မေးနေတဲ့ ကလေးပေါက်စလေး Kyung Soo
"သား "
ဆူတာမဟုတ်ပေမယ့် မား Suho ရဲ့ပြတ်သားလှတဲ့အသံ
"မားကလည်း သားကအများကြီးမစားပါဘူး နည်းနည်းပဲလေ"
"Suho ကလည်း သား စားပါစေ"
"နင်မသိပါဘူး Tao ရယ် သားက ချူချာတယ်လေ အဲဒါကြောင့် ပုံမှန်ထက်ပိုပြီး ဂရုစိုက်ပေးရတယ်"
"အော်... သားရော မစားဘူးလား"
"ရတယ် မေမေ၊ သား ပြီးမှစားမယ်လေ"
"Yeolလေးက မူလတန်းတက်ရမှာမဟုတ်လား Tao"
"အင်း မူလတန်းပဲလေ "
"သားကိုလည်း Yeol လေးနဲ့ကျောင်းအတူထားမလားလို့"
"ရတာပဲ Suho ရဲ့ ညီအစ်ကိုနှစ်ယောက်အဖော်ရတာပေါ့"
"အဲဒါဆို နောက်ရက်ကျောင်းအပ်ရင်ပြောနော်"
"အေးပါ "
"မား ဒါလေးစားကြည့် "
အသံမဆုံးခင် Suho ပါးစပ်ထဲသို့ရောက်လာသော Kyung Soo ခွံ့လိုက်သည့် ကွတ်ကီးတစ်ခု ကြွပ်ကြွပ်ရွရွလေး
"ကွတ်ကီးအရသာက အရင်တိုင်းကောင်းတုန်းပဲနော် Tao"
"ငါက ကွတ်ကီးကိုပဲ Masterpiece ဖြစ်အောင်လုပ်တတ်တာလေ"
"သိပါတယ်ဟယ် "
ဒီတစ်ခါ စရယ်သူက Tao
တကယ်ပါ ဒီသူငယ်ချင်းနှစ်ယောက်ကတော့ ရယ်နေတော့တာပါပဲ
ခုတော့ စကားဆက်ပြောနေကြလေရဲ့
Suho ဘေးက Kyung Soo လေးကတော့ ကွတ်ကီးကို သေးသေးလေးတွေစီဖဲ့ပြီး စားနေတော့တာ
Yeol ကတော့ မျက်နှာချင်းဆိုင်မှာ အစားပုပ်နေတဲ့ Kyung Soo လေးကိုကြည့်ရင်း
"ငယ် ဒီဘက်မှာပေနေတယ်"
"ဒီနားလား "
"မဟုတ်ဘူးလေ ဟို..."
"ကိုကို သုတ်ပေး "
'ကိုကို သုတ်ပေး' ဆိုပြီး မျက်နှာလေးရှေ့ထိုးပေးတဲ့ Kyung Soo နှုတ်ခမ်းနားက အမှုန့်လေးတွေကို Yeol စင်အောင် သုတ်ပေးလိုက်ပြီး
"ရပြီ "
"ဟုတ် ကိုကို"
"သား တော်တော့နော်"
"မားကလည်း ဒီတစ်ခုပဲနော် နော်"
လက်ညှိုးလေးထောင် နှုတ်ခမ်းစူပြီး မား Suho ကို ပူဆာနေတဲ့ Kyung Soo
"အဲဒါဆိုလည်း တစ်ခုပဲနော် "
"ဟုတ် "
"သား စားပြီးရင်ပြန်ရအောင်လေ"
"နေပါအုန်း Suho ကလည်း"
"နောက်မှပေါ့ Tao ရယ် အိမ်မှာက Lulu တစ်ယောက်တည်းလေ ခုမှရောက်တာဆိုတော့ အကြာကြီးထားခဲ့လို့မရသေးဘူး "
"အဲဒါလည်းဟုတ်ပါတယ် အိမ်ချင်းကပ်လျက်ပဲဟာ နောက်နေ့ကျ Luluပါခေါ်ခဲ့ "
"အေး ခုတော့ပြန်ဦးမှ၊ သားရေ ပြန်ရအောင်လေ "
"ဟုတ် မား"
"အန်တီနဲ့ကိုကို့ကို နှုတ်ဆက်လိုက်ဦး"
"အန်တီ သားတို့ပြန်လိုက်ပါဦးမယ်
ကိုကို ငယ် ပြန်ပြီနော် တာ့တာ"
ငသွက်လေး Kyung Soo က 'တာ့တာ' ဆိုတာနဲ့ လက်ကပါပြီးသား
Tao ကခေါင်းငြိမ့်ပြပြီး Yeolကတော့ လက်လေးပဲပြလိုက်တယ်
Yeol ဘဝထဲကို Kyung Soo ဆိုတဲ့ကလေးလေးတစ်ယောက် စပြီးဝင်ရောက်လာတဲ့ နေ့လေးတစ်နေ့ပေါ့
*************************
ပြာလဲ့လဲ့အရောင်ရှိပြီး ပွင့်ဖတ် ၄ ခုတည်းနဲ့ အဆုပ်လိုက်ပွင့်တဲ့ Hydrangea ပန်းလေးတွေကို မြင်ဖူးကြတယ်ဟုတ်😉
Hydrangea ပန်းလေးတွေရဲ့ အဓိပါယ်က "ကျေးဇူးတင်ပါတယ်" တဲ့
'ကိုကို့ ဘဝထဲ ဝင်လာပေးခဲ့လို့ တကယ်ကိုကျေးဇူးပါ ငယ်♥ ´
*************************
ပေါ့သွားတဲ့အတွက်တောင်းပန်ပါတယ်
အချိန်ပေးပြီးဖတ်ပေးလို့ တကယ်ကျေးဇူးပါ💛
" ကိုကို႔ ရဲ႕ ငယ္ - 1 "
အတန္အသင့္က်ယ္ဝန္းလွေသာ ၿခံဝန္းေလးထဲရွိ ႏွစ္ထပ္တိုက္ပုေလးရွိရာသို႔ ဆိုက္ေရာက္လာေသာ ကားတစ္စီးေပၚ၌ ၇ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးႏွင့္ သက္လတ္ပိုင္း အမ်ိဳးသမီးႏွစ္ဦး
"ဝါး... မား ၿခံေလးကက်ယ္သားပဲေနာ္ တိုက္ေလးကလည္း ပုပုခ်စ္စရာေလး မား သားတို႔ ဒီမွာေနရမွာလားဟင္"
"ဟုတ္တယ္ သား၊ မားတို႔ ဒီမွာေနၾကမွာေလ"
ကေလးငယ္၏စကားကို ျပန္လည္ေျဖၾကားလိုက္ေသာ မိခင္ျဖစ္သူ
"သား မားနဲ႕တီေလး အိမ္ထဲမွာပစၥည္းေတြ ေနရာခ်လိဳက္ဦးမယ္ေနာ္"
"ဟုတ္ မား၊ အဲဒါဆို သား ၿခံထဲေလွ်ာက္ၾကည့္လိုက္ဦးမယ္"
မိခင္ျဖစ္သူကို အေတာက္ပဆုံး မူပိုင္အသည္းပုံႏႈတ္ခမ္းေလးေပၚေအာင္ ရယ္ျပၿပီးထြက္သြားေသာ ကေလးငယ္ေလး
ကေလးဆိုတာက စပ္စုတဲ့အမ်ိဳးေလ
ၿခံထဲကို ေလွ်ာက္ၾကည့္ေနရင္း ေတြ႕သမွ် တစ္ခုၿပီးတစ္ခု လိုက္ကိုင္ၾကည့္ေနၿပီး ပါးစပ္ကလည္း ပြစိပြစိနဲ႕ တစ္ခါတေလ ေမးေထာက္ၿပီးေတာင္ စဥ္းစားေနလိုက္ေသးတယ္
သီခ်င္းေလးတညည္းညည္းနဲ႕ ကိုယ္လုံးေလးကိုလႈပ္ ေဘာလုံသြားယူၿပီး အရပ္နဲ႕ ၆ ျပန္ေလာက္ျမင့္တဲ့ပိုက္ထဲကို ေဘာလုံးလွမ္းပစ္ေနျပန္ပါၿပီ
"အယ္ သြားၿပီ မား သားေဘာလုံးေလး ေဆာ့ေနရင္းနဲ႕ ဟိုဘက္ၿခံထဲကိုေရာက္သြားလို႔"
ပစၥည္းေတြေနရာခ်ေနရင္းက ေနာက္ဘက္မွသားျဖစ္သူ၏အသံေၾကာင့္ လွည့္ၾကည့္လိုက္တဲ့ Suho
"ေဘာလုံးက ဘာျဖစ္လို႔ဟိုဘက္ၿခံထဲေရာက္သြားလဲ မာမားကိုအရင္ေျပာျပ"
Suho အရင္တည္းက Kyung Soo ကိုအေၾကာင္းအရင္း အရင္ေမးေနက်
ခုခ်ိန္ထိ Kyung Soo ကိုရိုက္ဖို႔မေျပာနဲ႕ ဆူေတာင္မဆူခဲ့ဖူးဘူး
"သားကေလ ဟိုေပၚကပိုက္ထဲကို လွမ္းၿပီးပစ္ထည့္လိုက္တာ အဲဒါ အေပၚထပ္ကနံရံနဲ႕ထိၿပီး ဟိုဘက္ၿခံထဲေရာက္သြားတာ အဲဒါ သားမသြားရဲလို႔ မား လိုက္ခဲ့ေပးေနာ္"
Kyung Soo. China မွာေနတည္းက သူစိမ္းေတြနဲ႕ မပတ္သက္ဘူးေတာ့ Suho ပါမွသူစိမ္းေတြနဲ႕ စကားေျပာရဲတာ
"အင္း မား လိုက္ခဲ့ေပးမယ္ ခနေစာင့္ေနာ္"
"ဟုတ္"
၇ ႏွစ္သားေလး Kyung Soo ဧည့္ခန္းမွာထိုင္ေနရင္း မာမား Suho ကိုေစာင့္ေနၿပီး ခနၾကာေတာ့ Suho နဲ႕အတူ တစ္ဘက္ၿခံကို ထြက္လာခဲ့လိုက္ၾကသည္
********************
"သားေရ အန္တီတို႔ဝင္လာလို႔ရမလား"
"ေမေမ ဧည့္သည္လာတယ္"
ၿခံေရွ႕ဘက္ကၾကားရတဲ့အသံေၾကာင့္ စာဖတ္ေနရင္းက မိခင္ျဖစ္သူကို လွမ္းေျပာလိုက္တဲ့ ၁၀ ႏွစ္သားေလး Park Chanyeol
"ေအး သား ေမေမလာၿပီ"
အိမ္ထဲမွထြက္လာၿပီး ၿခံတံခါးဆီေလွ်ာက္သြားတဲ့ Chanyeol ရဲ႕အေမျဖစ္သူ Tao
"ဟိုေလ ကြၽန္မနာမည္က Suho ပါ သားရဲ႕..."
"Suho ငါေလ မွတ္မိဘူးလား"
"ဘယ္သူ... ေအာ္ Tao "
"ေအး ဟုတ္တယ္ ငါ Tao ေလ"
"ငါလည္း မမွတ္မိလို႔ဟယ္"
"လာ အိမ္ထဲဝင္ေလ ၿခံေရွ႕ႀကီးမွာမလို႔"
"ေအး သား လာေလ"
"ဟုတ္ မား"
"မား ဟိုမွာသားေဘာလုံး"
အိမ္ကိုဦးတည္၍သြားေနရင္း လမ္းမွာေတြ႕လိုက္ရတဲ့ ေဘာလုံးေၾကာင့္ Kyung Soo ေျပာလိုက္ေတာ့
"ေအာ္ သြားယူေလ သား အဲ့မွာ ကိုကို ရွိတယ္"
Kyung Soo က Chan ထက္ညွက္ေတာ့ Taoကမွန္းၿပီး 'ကိုကို' လို႔ေျပာလိုက္တာ
"ကိုကို~ ဟုတ္ အဲဒါဆို သား သြားလိုက္ပါဦးမယ္ဗ်"
ခါးေလးကိုင္းကာေျပာၿပီး Kyung Soo ေလး ေျပးထြက္သြားေလၿပီ
"Tao ငါတို႔လည္း ဒီမွာပဲထိုင္ၾကရေအာင္ေလ သားတို႔ကိုလည္း ျမင္ရတာေပါ့"
"အင္း ျဖစ္တယ္ေလ Suho ရဲ႕"
Suho ေျပာသလို ကေလးေတြပါျမင္ရမယ့္ ဒန္းတစ္ခုမွာ Tao ပါဝင္ထိုင္လိုက္သည္
"Tao ငါတို႔လည္း မေတြ႕တာ ၁၀ ႏွစ္ေလာက္ရွိၿပီေနာ္"
"ဟုတ္တယ္ Suho ရဲ႕ ငါလည္း နင့္အေၾကာင္းေတြ ဘာမွကိုမၾကားဘူး"
"နင္နဲ႕ငါ အဆက္အသြယ္ျပတ္ေနတာကို "
"ေအး ဒါနဲ႕ သားက နင့္ကို မားလို႔ေခၚတာေနာ္"
"ဟုတ္တယ္ ေျပာရရင္အရွည္ႀကီးပဲ
ငါ China ကို Scholar နဲ႕သြားရတာ သိတယ္မဟုတ္လား"
"သိတယ္ေလ "
"ငါ China မွာ Scholar နဲ႕ ေက်ာင္းၿပီးသြားေတာ့ အလုပ္ခြင္မွာ သား အေဖ Yixing နဲ႕ေမတၱာမွ်ၿပီး လက္ထပ္ခဲ့ၾကတာေလ ေနာက္ေတာ့ သား ကိုေမြးခဲ့တယ္ သားက ခုခ်ိန္ထိ China မွာ ႀကီးလာတာဆိုေတာ့ ပါး နဲ႕ မား ပဲေခၚတာေလ ၿပီးခဲ့တဲ့တစ္ႏွစ္က Yixing ကားအက္စီးဒန့္နဲ႕ ဆုံးသြားတယ္ Yixing တို႔မိသားစုက တ႐ုတ္ရဲ႕ Top1 သူေဌးစာရင္းဝင္ေတြဆိုေတာ့ လုပ္ႀကံခံရတာ အဲဒါနဲ႕ငါလည္း သားကိုပါထိခိုက္မွာစိုးတာနဲ႕ ျပန္လာမလို႔လုပ္ေတာ့ Yixing မိဘေတြက တစ္ႏွစ္ပဲထပ္ေနေပးပါဆိုလို႔ ခုကတစ္ႏွစ္ျပည့္လို႔ သားနဲ႕ Korea ကိုျပန္လာခဲ့တာ"
"အဲဒါဆို အန္ကယ္တို႔ကေရာ"
"အေဖတို႔က ေမာင္ေလးနဲ႕အတူ U.S.မွာေနတာ ငါက ဒီမွာပဲေနမယ္ဆိုေတာ့ ညီမတစ္ဝမ္းကြဲ Lulu ကိုေခၚေနဆိုလို႔ ခု Lulu နဲ႕ငါတို႔သားအမိ ဟိုဘက္အိမ္ကို ေျပာင္းလာၾကတာ"
"ေအာ္...."
"နင္ေရာ"
"ငါက Scholar မသြားရေတာ့ M.Sc ပဲဆက္တက္လိုက္ရတာေပါ့ ေနာက္ေတာ့ မိဘေတြသေဘာအတိုင္း သားအေဖ Kris နဲ႕လက္ထပ္ခဲ့တာ ခုဆို သားေလးေတာင္ ၁၀ ႏွစ္ျဖစ္ၿပီေလ"
"Kris ဆိုတာ ေက်ာင္းတုန္းကစီနီယာမဟုတ္လား"
"ဟုတ္တယ္"
"ေအာ္~"
မလွမ္းမကမ္းမွာ စကားေျပာေနၾကတဲ့ ကေလးငယ္ႏွစ္ေယာက္ကို ၾကည့္ရင္း Suho နဲ႕ Tao တို႔ေျပာေနၾကျခင္း
*********************
"ကိုကို"
"ဟင္ "
"ဟိုေဘာလုံးက သားေဘာလုံးေလးေလ အဲဒါ..."
"ငယ့္ ေဘာလုံးလား"
"ငယ္... "
'ငယ္'ဆိုၿပီး မ်က္လုံးဝိုင္းဝိုင္းေလးနဲ႕ ေရွ႕ကၾကည့္ေနတဲ့ ကေလးကိုတကယ္အူယားေနတာအမွန္
"ဘာလို႔လဲ ေခၚလို႔မရဘူးလား"
"မဟုတ္ပါဘူး ဒါနဲ႕ဘာလို႔ 'ငယ္' လို႔ေခၚတာလဲဟင္"
ေမးေစ့ကိုလက္နဲ႕ပြတ္ၿပီးေမးေနတဲ့ Kyung Soo ေလးေၾကာင့္ Yeol ကိုယ့္ကိုယ္ကိုေတာင္မသိဘဲ ၿပဳံးလိုက္မိတယ္ လူႀကီးစတိုင္ လာဖမ္းေနေသးတယ္
"ကိုကိုက ဒီတိုင္းေခၚလိုက္တာပါ"
"ေအာ္ အဲဒါဆို 'ငယ္' လို႔ပဲေခၚေနာ္ ႀကိဳက္တယ္"
^ရယ္ၿပီးေျပာေနတဲ့ ငယ္ က ကေလးေပါက္စေလးမို႔ထင္ပါရဲ႕ ေတာ္ေတာ္ကိုခ်စ္ဖို႔ေကာင္းေနတာ^
"ကိုကို စာဖတ္ေနတုန္း ငယ့္ ေဘာလုံးက ကိုကို႔ေရွ႕နားကိုေရာက္လာတာ"
"ဟုတ္တယ္ ငယ္ ေဆာ့ေနရင္းနဲ႕ အဲ့လိုျဖစ္သြားတာ ငယ္ ေဘာလုံးေလးျပန္ယူသြားမယ္ေနာ္"
"အင္း ဒါနဲ႕ ငယ္နာမည္ဘယ္လိုေခၚလဲ"
"Doh Kyung Sooပါ ကိုကိုကေရာ"
"ကိုကိုနာမည္က Park Chanyeol"
"ေအာ္ ကိုကိုက အသက္ဘယ္ေလာက္ရွိၿပီလဲဟင္ ကိုကို႔ေမေမက 'ကိုကိုရွိတယ္' လို႔ပဲေျပာလိုက္လို႔ေလ"
"၁၀ ႏွစ္ ငယ္ကေရာ"
"ငယ္က ၇ ႏွစ္ "
"အင္း"
Yeol စိတ္ထဲ 'ဒီကေလး အေတာ္သြက္ပါလား' ဟုႀကိတ္၍ မွတ္ခ်က္ခ်လိဳက္တယ္
"ကိုကို ငယ္ ေနာက္ေန႕ ကိုကိုနဲ႕လာေဆာ့လို႔ရလားဟင္"
"ဟင္ ရပါတယ္"
'ရပါတယ္' ဆိုမွၿပဳံးလာတဲ့ Kyung Soo ေလး လိုခ်င္တာရသြားတာကို
Yeol ကေလးခ်စ္တတ္တာမွန္ေပမယ့္ ဒီကေလးေလးက်မွ ျမင္ျမင္ခ်င္း ဘယ္လိုသံေယာဇဥ္တြယ္သြားမွန္းမသိ
ေမာင္ႏွမလည္းမရွိေတာ့ အတူေဆာ့ေပးမယ့္သူကလည္းမရွိ စာဖတ္တတ္တဲ့အ႐ြယ္တည္းက သူ႕အေဖ Kris ရဲ႕စာအုပ္တစ္ခ်ိဳ႕ကို ယူယူဖတ္ေနက်
တစ္ခါတေလ ေမာင္ႏွမတစ္ဝမ္းကြဲေတြလာရင္ေတာင္ ကူေဆာ့ေပးဖို႔မေျပာနဲ႕ တစ္ေယာက္တည္း သီးသန့္လိုေနတတ္တာ
^ေနာက္ေန႕က် ဒီကေလးနဲ႕ ဘယ္လိုႏွစ္ပါးသြားရမလဲမသိေပမယ့္ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္မိပါရဲ႕^
"ကိုကို ငယ့္မားဆီသြားရေအာင္"
"မား."
^မ်က္ခုံးေလးတြန့္ၿပီးေျပာေနတဲ့ ကိုကိုက ငယ့္ မ်က္လုံးထဲမွာ တကယ္ေခ်ာတာပဲ^
"ငယ့္ ေမေမေလ"
"ေအာ္ "
*************************
"မား သားတို႔ျပန္ရေအာင္ေလ"
စကားေျပာေနတဲ့အနားကို ေဘာလုံးေလးပိုက္ၿပီး တုတ္တက္တုတ္တက္နဲ႕ ေရာက္လာတဲ့ Kyung Soo နဲ႕ စာအုပ္ေလးကိုင္ရင္းေရာက္လာတဲ့ Chan
"ေနပါဦး သားရဲ႕ အန္တီ ကြတ္ကီးလုပ္ထားတယ္ စားသြားဦးေနာ္"
"တကယ္လား အန္တီ"
အစားအေၾကာင္းၾကားတာနဲ႕ မ်က္လုံးေလးေတြတလက္လက္ေတာက္လာတဲ့ Kyung Soo ရယ္ပါ
"အင္း Suhoလည္းေနဦးေနာ္ ၿပီးမွျပန္ၾကေပါ့"
"အင္းပါ Taoရဲ႕ "
"ငယ္ ကိုကို အိမ္ထဲသြားမလို႔ လိုက္ခဲ့မလား"
"ဟုတ္ ကိုကို"
Kyung Soo ေလး Yeol ေနာက္ကိုလိုက္သြားတာကိုၾကည္ၿပီး Tao က
"Kyung Soo ေလးက တကယ္ခ်စ္ဖို႔ေကာင္းတာ Suho"
"အင္း Tao ကြတ္ကီးလုပ္ထားတယ္ဆို ေက်ာင္းအတူတက္တုန္းက နင္လုပ္ေကြၽးတဲ့ကြတ္ကီးကို ငါအရမ္းစားခ်င္ေနတာ"
"အမေလး Suhoရယ္ အဲ့လိုမေျပာလည္း ငါကေကြၽးပါတယ္ဟယ္ "
Tao နဲ႕ Suho တို႔ရဲ႕ ရယ္သံလြင္လြင္ေလးက ေလေျပႏွင့္အတူ ေပါ့ပါးစြာပ်ံ့ႏွံ႕လ်က္
*************************
"ငယ္ ကိုကို စာအုပ္သြားထားဦးမယ္
ခနထိုင္ေစာင့္ေနေနာ္ "
"ဟုတ္ ကိုကို"
Kyung Soo ဧည့္ခန္းကခုံေလးမွာ ထိုင္လိုက္ရင္း ေလွ်ာက္ၾကည့္လိုက္ေတာ့ မလွမ္းမကမ္းက စားပြဲခုံေပၚမွာ တင္ထားတဲ့ Yeolပုံေလး
၃ ႏွစ္သားေလာက္ကပုံေလးျဖစ္မယ္
ငုတ္တုတ္ေလးထိုင္ၿပီး ဓာတ္ပုံရိုက္တဲ့ဘက္ကို မ်က္လုံးေလးျပဴးၿပီးၾကည့္ေနတာ တကယ့္ကိုခ်စ္စရာေလး
ေဘးမွာက ေဆာ့စရာေလးေတြနဲ႕
Kyung Soo. Yeol ပုံေလးကိုၾကည့္ၿပီး ၿပဳံးေနမိတယ္
"ငယ္ "
"ဟင္ ကိုကို"
"ငယ္ ဘာလို႔ၿပဳံးေနတာလဲ"
"ဘာမျဖစ္ပါဘူး ဒီတိုင္း... ဒါ ကိုကိုပုံလားဟင္"
"ဟုတ္တယ္ေလ ငယ္ ဘာျဖစ္လို႔လဲ"
"ေမးၾကည့္တာပါ "
Kyung Soo ၿပဳံးေနတာေလးကို Yeol ျမင္ျဖစ္ေအာင္ျမင္လိုက္ေသးတယ္
^ငယ္ ၿပဳံးလိုက္ရင္ ခ်စ္စရာေလး^
"သားေရ သားငယ္ကိုေခၚၿပီး ထမင္းစားခန္းလာခဲ့ေနာ္"
"ဟုတ္ ေမေမ၊ ငယ္ သြားရေအာင္"
"ဘယ္ကိုလဲ ကိုကို"
"မုန့္စားရေအာင္ေလ"
"အာ ဟုတ္သားပဲ၊ လာ သြားမယ္ ကိုကို"
ေျပာၿပီးေရွ႕ကေနေျပးသြားတဲ့ Kyung Soo ေလး Yeol ကေနာက္ကေနလိုက္ရင္း
"အန္တီ မုန့္ေတြအမ်ားႀကီးလုပ္ထားတာပဲေနာ္ "
ေရွ႕ကကြတ္ကီးပန္းကန္ကိုၾကည့္ရင္း မ်က္လုံးေတြဘလင္းဘလင္းျဖစ္ေနတဲ့ Kyung Soo ရယ္ပါ
"ဟုတ္တယ္ သားရဲ႕၊ သား ႀကိဳက္သေလာက္စားေလ "
"တကယ္လား အန္တီ"
သြားေလးၿဖဲၿပီးၿပဳံးစိစိနဲ႕ေမးေနတဲ့ ကေလးေပါက္စေလး Kyung Soo
"သား "
ဆူတာမဟုတ္ေပမယ့္ မား Suho ရဲ႕ျပတ္သားလွတဲ့အသံ
"မားကလည္း သားကအမ်ားႀကီးမစားပါဘူး နည္းနည္းပဲေလ"
"Suho ကလည္း သား စားပါေစ"
"နင္မသိပါဘူး Tao ရယ္ သားက ခ်ဴခ်ာတယ္ေလ အဲဒါေၾကာင့္ ပုံမွန္ထက္ပိုၿပီး ဂ႐ုစိုက္ေပးရတယ္"
"ေအာ္... သားေရာ မစားဘူးလား"
"ရတယ္ ေမေမ၊ သား ၿပီးမွစားမယ္ေလ"
"Chanေလးက မူလတန္းတက္ရမွာမဟုတ္လား Tao"
"အင္း မူလတန္းပဲေလ "
"သားကိုလည္း Yeol ေလးနဲ႕ေက်ာင္းအတူထားမလားလို႔"
"ရတာပဲ Suho ရဲ႕ ညီအစ္ကိုႏွစ္ေယာက္အေဖာ္ရတာေပါ့"
"အဲဒါဆို ေနာက္ရက္ေက်ာင္းအပ္ရင္ေျပာေနာ္"
"ေအးပါ "
"မား ဒါေလးစားၾကည့္ "
အသံမဆုံးခင္ Suho ပါးစပ္ထဲသို႔ေရာက္လာေသာ Kyung Soo ခြံ႕လိုက္သည့္ ကြတ္ကီးတစ္ခု ႂကြပ္ႂကြပ္႐ြ႐ြေလး
"ကြတ္ကီးအရသာက အရင္တိုင္းေကာင္းတုန္းပဲေနာ္ Tao"
"ငါက ကြတ္ကီးကိုပဲ Masterpiece ျဖစ္ေအာင္လုပ္တတ္တာေလ"
"သိပါတယ္ဟယ္ "
ဒီတစ္ခါ စရယ္သူက Tao
တကယ္ပါ ဒီသူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ရယ္ေနေတာ့တာပါပဲ
ခုေတာ့ စကားဆက္ေျပာေနၾကေလရဲ႕
Suho ေဘးက Kyung Soo ေလးကေတာ့ ကြတ္ကီးကို ေသးေသးေလးေတြစီဖဲ့ၿပီး စားေနေတာ့တာ
Yeol ကေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ အစားပုပ္ေနတဲ့ Kyung Soo ေလးကိုၾကည့္ရင္း
"ငယ္ ဒီဘက္မွာေပေနတယ္"
"ဒီနားလား "
"မဟုတ္ဘူးေလ ဟို..."
"ကိုကို သုတ္ေပး "
'ကိုကို သုတ္ေပး' ဆိုၿပီး မ်က္ႏွာေလးေရွ႕ထိုးေပးတဲ့ Kyung Soo ႏႈတ္ခမ္းနားက အမႈန့္ေလးေတြကို Yeol စင္ေအာင္ သုတ္ေပးလိုက္ၿပီး
"ရၿပီ "
"ဟုတ္ ကိုကို"
"သား ေတာ္ေတာ့ေနာ္"
"မားကလည္း ဒီတစ္ခုပဲေနာ္ ေနာ္"
လက္ညွိုးေလးေထာင္ ႏႈတ္ခမ္းစူၿပီး မား Suho ကို ပူဆာေနတဲ့ Kyung Soo
"အဲဒါဆိုလည္း တစ္ခုပဲေနာ္ "
"ဟုတ္ "
"သား စားၿပီးရင္ျပန္ရေအာင္ေလ"
"ေနပါအုန္း Suho ကလည္း"
"ေနာက္မွေပါ့ Tao ရယ္ အိမ္မွာက Lulu တစ္ေယာက္တည္းေလ ခုမွေရာက္တာဆိုေတာ့ အၾကာႀကီးထားခဲ့လို႔မရေသးဘူး "
"အဲဒါလည္းဟုတ္ပါတယ္ အိမ္ခ်င္းကပ္လ်က္ပဲဟာ ေနာက္ေန႕က် Luluပါေခၚခဲ့ "
"ေအး ခုေတာ့ျပန္ဦးမွ၊ သားေရ ျပန္ရေအာင္ေလ "
"ဟုတ္ မား"
"အန္တီနဲ႕ကိုကို႔ကို ႏႈတ္ဆက္လိုက္ဦး"
"အန္တီ သားတို႔ျပန္လိုက္ပါဦးမယ္
ကိုကို ငယ္ ျပန္ၿပီေနာ္ တာ့တာ"
ငသြက္ေလး Kyung Soo က 'တာ့တာ' ဆိုတာနဲ႕ လက္ကပါၿပီးသား
Tao ကေခါင္းၿငိမ့္ျပၿပီး Yeolကေတာ့ လက္ေလးပဲျပလိုက္တယ္
Yeol ဘဝထဲကို Kyung Soo ဆိုတဲ့ကေလးေလးတစ္ေယာက္ စၿပီးဝင္ေရာက္လာတဲ့ ေန႕ေလးတစ္ေန႕ေပါ့
*************************
ျပာလဲ့လဲ့အေရာင္ရွိၿပီး ပြင့္ဖတ္ ၄ ခုတည္းနဲ႕ အဆုပ္လိုက္ပြင့္တဲ့ Hydrangea ပန္းေလးေတြကို ျမင္ဖူးၾကတယ္ဟုတ္😉
Hydrangea ပန္းေလးေတြရဲ႕ အဓိပ္ပါယ်က "ေက်းဇူးတင္ပါတယ္" တဲ့
'ကိုကို႔ ဘဝထဲ ဂင္လာေပးခဲ့လို႔ တကယ္ကိုေက်းဇူးပါ ငယ္♥ ´
*************************
ေပါ့သြားတဲ့အတြက္ေတာင္းပန္ပါတယ္
အခ်ိန္ေပးၿပီးဖတ္ေပးလို႔ တကယ္ေက်းဇူးပါ💛