Yibo pov (5)
ပထမတစ္ေခါက္ ေရာက္ဖူးတဲ့ အိမ္ငယ္ေလးေ႐ွ႕
ကို ဒုတိယအႀကိမ္ ရိေပၚ ျပန္ေရာက္လာခဲ့တယ္။
မတူညီတဲ့ ခံစားခ်က္၊ မတူညီတဲ့ အေျခအေနေတြနဲ႔အတူ။
ဘဲလ္တီးသံၾကားေတာ့ အစ္ကိုက တံခါးမဖြင့္ေသးဘဲ
အသံအရင္ေပးတယ္။
"ဘယ္သူလဲ.."
"ကြၽန္ေတာ္ပါ အစ္ကိုရဲ႕"
ဒီအသံေလး..။ တစ္ပတ္ေက်ာ္ေက်ာ္ ေဝးကြာေနရတဲ့
အသံေလး..။ အသံေလးၾကားလိုက္ရတာနဲ႔ ေတာင္
ေပြ႔ဖက္ထားခ်င္စိတ္က တဖြားဖြား။ဒီလူသားဟာ
ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ရိေပၚကို လႊမ္းမိုး
ႏိုင္လြန္းတယ္။ တံခါးပြင့္ပြင့္ခ်င္း ျမင္လိုက္ရတဲ့
အစ္ကို႔မ်က္ႏွာေလးက ရိေပၚရဲ႕ ေအးခ်မ္းျခင္းေလး။
အံ့ဩမႈ အတိုင္းသားနဲ႔ မ်က္လံုးဝိုင္းေလးေတြဟာ
ရိေပၚ႐ွိရာ အရပ္ကို ဦးတည္မေနတာေတာင္ ညိဳ႕ယူ
ႏိုင္စြမ္းက မေလ်ာ့သြား။ တကယ္ပါ... ဒီလူသားကို
ျမတ္ႏိုးလြန္းလို႔ ႐ူးေတာ့မွာပဲ။
"မင္းကိုငါကျပန္ေပၚမလာေတာ့ဘူးေတာင္ထင္ေနတာ"
"ဘာလို႔အဲ့လိုထင္ရတာလဲ"
"ငါကစိတ္ဝင္စားစရာမေကာင္းေတာ့ မင္းမ်ား ပ်င္း
ၿပီးေျပးသြားၿပီလားလို႔"
"အစ္ကိုကေတာ့ေလ..မဟုတ္တာေတြေျပာေတာ့မယ္။ကြၽန္ေတာ္ကအစ္ကိုေမာင္းမထုတ္မခ်င္းဘယ္မွမသြားဘူး။ကြၽန္ေတာ္အစ္ကို႔ကိုလာမေတြ႔ႏိုင္တာကလည္းကိစၥေလးေတြ႐ွိလို႔ပါ"
"...."
"အစ္ကို.....ကြၽန္ေတာ္ေလ အိမ္ေပၚကႏွင္ခ်ခံလိုက္ရၿပီ"
အစ္ကို႔အနားမွာ ေနႏိုင္ဖို႔ မုသားစကားေတြကို အထပ္ထပ္ဆိုမယ္။ လိမ္ညာျခင္းဟာ နီးစပ္ျခင္းရဲ႕ လမ္းစ
လို႔ ရိေပၚက သတ္မွတ္တယ္။
"ဘာလို႔..."
"အေဖနဲ႔ျပႆ . နာတက္..."
"ေန..ေနပါဦး။ငါေမးတဲ့ဘာလို႔ဆိုတာ မင္းဘာလို႔
အိမ္ေပၚကႏွင္ခ်ခံရလဲလို႔ေမးတာမဟုတ္ဘူး။ဘာလို႔
ငါ့ဆီကိုေရာက္လာရတာလဲ"
"ကြၽန္ေတာ္ကအစ္ကို႔ဆီမလာလို႔ ဘယ္သူ႔ဆီသြား
ရမွာလဲ"
"တည္းခိုခန္းေတြ႐ွိေနတာပဲ။သြားပါလား.."
"အစ္ကိုကရက္စက္လိုက္တာ။အိမ္ေပၚကႏွင္ခ်ခံရပါ
တယ္ဆိုမွေတာ့ ေရမီးအစံုနဲ႔ ေရာ့ တည္းခိုခန္းသြားေနဆိုၿပီးဘဏ္ကဒ္ထိုးေပးလိုက္ပါ့မလားလို႔။
စဥ္းစားေလ...။ကြၽန္ေတာ့မွာေတာ့ အားကိုးတႀကီးနဲ႔
အစ္ကို႔ဆီကို လာလိုက္ရတာ။အစ္ကိုကေတာ့ ကြၽန္
ေတာ့ကို ရက္ရက္စက္စက္ႏွင္ခ်တယ္"
အစ္ကို႔အေၾကာင္းကို ေကာင္းေကာင္းသိေနတဲ့ ရိေပၚ
ဟာ အစ္ကို႔ရဲ႕ သနားတတ္တဲ့ စိတ္ကို အခြင့္အေရးယူ
မိျပန္တယ္။ ဘယ္လိုလုပ္ရမလဲ။ ခင္ဗ်ားနဲ႔မွပဲ ကြၽန္ေတာ့မွာ လူဆိုးႀကီးလံုးလံုးျဖစ္လို႔။
"တစ္ဝက္...."
"ဟင္..."
"အိမ္လခကအစ၊ကုန္က်စရိတ္အကုန္လံုး တစ္ဝက္
မင္းတာဝန္ယူရမယ္။ဒါဆိုငါ့အိမ္မွာေနလို႔ရမယ္"
"အစ္ကိုကေလ...တကယ့္ခ်စ္တီးပဲ"
"ဘာေျပာတယ္"
"ဘာမွမေျပာပါဘူး။အစ္ကိုကသေဘာေကာင္းလိုက္
တာလို႔..။ဟီးဟီး"
"ဘာမွလာေျမႇာက္မေနနဲ႔။ေပးႏိုင္လား၊မေပးႏိုင္ဘူး
လား။ဒါပဲေျပာ"
"ေပးပါမယ္...။ဒီကဝမ္ရိေပၚဆိုတဲ့စင္ဒရဲလားေလးကရသမ်ွအလုပ္အကုန္လုပ္ၿပီး၊ကုန္ကုန္ေျပာရရင္
ကြၽန္ခံၿပီး...."
"အမေလး...ေတာ္ပါေတာ့ဝမ္ရိေပၚရယ္။မင္းလုပ္မွပဲ
ငါကမိေထြးမႀကီးကိုျဖစ္လို႔.."
"မဟုတ္တာက်လို႔....."
"ဘာ!!!!"
"မဟုတ္ပါဘူးလို႔။အစ္ကိုက နတ္သမီးေမေမ"
"ေတာ္စမ္း။ဘာေပါက္ကရေတြေလ်ွာက္ေျပာေနတာလဲ"
"ကြၽန္ေတာ္အိမ္ထဲဝင္လို႔ရၿပီလား"
"ဝင္..ဝင္။ညာဘက္စြန္းကအခန္းလြတ္မွာမင္းေနလို႔ရတယ္"
"႐ွဲ႐ွဲ.."
ေျခလွမ္းေတြက အိမ္ေလးထဲကို ဦးတည္သလို
သံေယာဇဥ္ေတြက တြယ္ၿငိျခင္းကို ဦးတည္တယ္။
အိမ္႐ွင္ေလးက သေဘာေကာင္းလြန္းတဲ့အခါ
ဧည့္သည္ေလးကလည္းbလွည့္မျပန္ခ်င္ေတာ့ပါဘူးတဲ့။
ပစၥည္းေတြ aနရာခ်ၿပီး ရိေပၚ ေအာက္ထပ္ကို ဆင္းလာ
ေတာ့ အစ္ကိုက ပန္းခ်ီဆြဲတဲ့ ပစၥည္းေတြ သိမ္းေနတယ္။ ကြၽန္ေတာ္မလာခင္က ပန္းခ်ီဆြဲေနတာ ျဖစ္မယ္။
"အစ္ကို။ဘာလုပ္ေနတာလဲ"
"ဘာမွမလုပ္ပါဘူး"
"ကြၽန္ေတာ္နဲ႔မေတြ႔ရတဲ့တစ္ပတ္အတြင္းကြၽန္ေတာ့
ကိုသတိရေနလားဟင္"
"မရပါဘူး.."
"....."
သတိရေနတယ္ဆိုတဲ့ အေျဖကို ၾကားခ်င္လို႔ ေမးလိုက္
တာမ်ိဳး မဟုတ္ေပမယ့္ ဒီလိုျပန္ေျဖလာေတာ့ ရိေပၚ
နည္းနည္းေတာ့ ဝမ္းနည္းမိတယ္။ ကြၽန္ေတာ္ကေတာ့
ခင္ဗ်ားကို ေသမတတ္ လြမ္းေနခဲ့တာ အစ္ကိုရဲ႕။
"နည္းနည္းေတာ့ သတိရပါတယ္။အမ်ားႀကီးလည္း
ျဖစ္ခ်င္ျဖစ္မွာေပါ့။မမွတ္မိေတာ့ဘူး"
အစ္ကို႔ဆီက ေနာက္ဆက္တြဲၾကားလိုက္ရတဲ့ စကား
သံေၾကာင့္ အံ့ဩမႈနဲ႔အတူ ရိေပၚ ၾကည္ႏူးမိတယ္။
အစ္ကိုကလည္း သူ႔ကိုသတိရေနခဲ့တာပဲ။ တစ္စံုတစ္
ေယာက္က ကိုယ့္အေပၚ တူညီတဲ့ ခံစားခ်က္မ်ိဳး ႐ွိေန
တယ္ဆိုတာကို သိရတာ သိပ္ဝမ္းသာဖို႔ ေကာင္းတယ္။ အထူးသျဖင့္ အဲ့ဒီတစ္စံုတစ္ေယာက္က အစ္ကိုျဖစ္ေနတဲ့အခါမ်ိဴးမွာ ရိေပၚက ပိုလို႔ ၾကည္ႏူးရတယ္။
နားရြက္ဖ်ားေလးေတြ ရဲေနတဲ့ အစ္ကိုက ႐ွက္ေနပံု
ရတယ္။ ခ်စ္ဖို႔ေကာင္းလိုက္တာ အစ္ကိုရာ...
"အစ္ကိုကေလ..တကယ္ခ်စ္ဖို႔ေကာင္းတာပဲ"
"မင္း...စကားကိုဆင္ဆင္ျခင္ျခင္ေျပာစမ္း"
"ဘာလို႔လဲ။ခ်စ္ဖို႔ေကာင္းလို႔ေကာင္းတယ္ေျပာတာကို"
"ေတာ္ေတာ့"
"အစ္ကို...ကြၽန္ေတာ္ဗိုက္ဆာတယ္။ကြၽန္ေတာ္ထမင္းမစားရတာ သံုးရက္႐ွိၿပီ"
"တကယ္လား"
"ဟင့္အင္း။လိမ္တာ...။ဟီးဟီး"
"ဝမ္ရိေပၚ!!!"
အစ္ကို႔ကို စိတ္ဆိုးေအာင္ စရတာကို ရိေပၚက သေဘာ
က်တယ္။ အစ္ကိုက စိတ္ဆိုးေနတဲ့အခ်ိန္ဆို ပိုလို္႔
ခ်စ္ဖို႔ေကာင္းျပန္တယ္။
"ဒါေပမယ့္ ကြၽန္ေတာ္ဒီေန႔တစ္ေန႔လံုးဘာမွမစား
ရေသးတာေတာ့တကယ္.."
"အဲ့ေတာ့.."
"ကြၽန္ေတာ့ကိုတစ္ခုခုမေကြၽးခ်င္ဘူးလား"
"အိမ္မွာဘာမွမ႐ွိဘူး"
"အျပင္မွာသြားစားမယ္ေလ"
"မင္းမွာပိုက္ဆံ႐ွိလို႔လား"
"ဟီးဟီး..။အစ္ကိုဝယ္ေကြၽးေလ။ဒါမွမဟုတ္လည္း
ပိုက္ဆံေခ်း။ျပန္ေပးမွာပါ"
"ငါကယံုရမွာလား"
"အစ္ကိုကလည္း.."
"ေတာ္ေတာ့။အျပင္မွာစားရင္ပိုက္ဆံပိုကုန္တယ္။
ေစ်းသြားဝယ္မယ္။လိုက္မွာလား"
"လိုက္မွာေပါ့"
"မင္းစားမယ့္ဟာ ကိုယ့္ဟာကိုယ္ဝယ္ေနာ္။ငါ့ဆီက
ကပ္စားဖို႔မစဥ္းစားနဲ႔။ပိုက္ဆံေခ်းဆိုေခ်းမယ္။ျပန္ဆပ္
ရမွာ"
"အင္းေပါ့ေလ။ဘာတတ္ႏိုင္မလဲ။အခုအခ်ိန္မွာ
ကိုယ္ကသူ႔လက္ခုပ္ထဲကေရ။သူျပဳသမ်ွႏုရမွာေပါ့"
"ေအး ေကာင္းတယ္ သိလား။ပိုက္ဆံလည္းေခ်းရ
ေသးတယ္။ငါ့မွာလူယုတ္မာႀကီးကိုျဖစ္လို႔...၊ေတာ္ၿပီ
မေခ်းေတာ့ဘူး"
"အယ္..။အဲ့လိုမလုပ္ပါနဲ႔။ျပန္ဆပ္ဆိုဆပ္ပါ့မယ္။
ကြၽန္ေတာ္ငတ္ေသသြားတာျမင္ခ်င္လို႔လား"
"စကားမမ်ားနဲ႔။ပါးစပ္ေလးပိတ္ၿပီးလိုက္ခဲ့"
"Yes sir"
အစ္ကို႔ရဲ႕ အလိုလိုက္မႈေတြမွာ ကြၽန္ေတာ္ဟာ
ေပ်ာ္ေမြ႔ရင္း ေလာဘတက္ရပါတယ္။
အစ္ကို႔ေ႐ွ႕ဆို ကြၽန္ေတာ္က ခပ္ခြၽဲခြၽဲေၾကာင္ဆိုးေလး..
မလိမၼာလို႔ ဆိုျပီးေတာ႔ မစြန္႔ပစ္လိုက္ပါနဲ႔
အခ်ိန္တန္ရင္ ထြက္သြားမွာမို႔ ခနေလာက္ျဖစ္ျဖစ္
အျပည့္အဝဆိုးသြမ္းပါရေစ...
________________________________
Super marketေရာက္ေတာ့ လက္က အက်င့္ပါေန
တဲ့အတိုင္း ေတြ႔သမ်ွအကုန္ ျခင္းထဲ ေကာက္ထည့္မိ
ေတာ့ အစ္ကိုက ဆူပါေလေရာ။
"ဝမ္ရိေပၚ။မလိုတာေတြေလ်ွာက္ဝယ္ဖို႔မစဥ္းစားနဲ႔။
ငါသူေ႒းမဟုတ္ဘူးကြ။မဟုတ္တာေတြဝယ္ရင္
ပိုက္ဆံမေပးႏိုင္ဘူး"
"အစ္ကိုက အရမ္းအႏိုင္က်င့္တာပဲ"
"ငါကပဲအႏိုင္က်င့္ရတယ္ ႐ွိေသး။မင္းမဟုတ္တာ
လုပ္ေနတာက်ေတာ့..."
"ကြၽန္ေတာ္ဘာလုပ္လို႔လဲ"
"ေတာ္ေတာ့။မလိုအပ္တာေတြအကုန္ျပန္ထားခဲ့။
မဟုတ္ရင္ ငါတကယ္ပိုက္ဆံထုတ္မေပးဘူး"
"လုပ္ပါ...လုပ္ပါ။အခုအခ်ိန္မွာဝမ္ရိေပၚတို႔ကေရႊဘံုစံမင္းသားေလးဘဝကေန သူမ်ားဆီမွာခိုကပ္ေနရတဲ့ဘဝဆိုေတာ့လည္း ေျပာသမ်ွခံရေတာ့မွာေပါ့"
"အ႐ွင္မင္းသားေလးေရ...ကြၽန္ေတာ္မ်ိဳးႀကီးမွားပါတယ္။ကြၽန္ေတာ္မ်ိဳးႀကီးမွာပိုက္ဆံတကယ္မ႐ွိလို႔ပါ
မင္းသားေလးရယ္။ဒီအမိုက္အမဲကိုခြင့္လြတ္ေတာ္မူပါ"
"အိမ္း... ဒီလိုဆိုမွေတာ့လည္းခြင့္လြတ္ရေတာ့မွာေပါ့"
"တိတ္စမ္း။ေၾကာင္ေတာင္ေတာင္ေဂါက္ေတာက္ေတာက္လုပ္မေနနဲ႔။ျမန္ျမန္ျပန္ထား"
"Yes sir"
အစ္ကိုနဲ႔ ပတ္သတ္လာရင္ ဆူေငါက္သံေလးေတြက
အစ ျမတ္ႏိုးခ်င္စရာေလး။
ထိန္းကြပ္မယ့္သူ မ႐ွိလို႔ ဆိုးေနတာပါလို႔ ေျပာရင္
လိမၼာလာေအာင္ ဆံုးမေပးမယ္မလား။
ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ ေၾကာင္ဆိုးေလး ျဖစ္ခ်င္တာ။
ခနၾကာေတာ့ အစ္ကိုက ဘာစိတ္ကူးေပါက္တယ္မသိ....
"ဝမ္ရိေပၚ"
"ေျပာေလ အစ္ကို"
"ဒီနားခနလာခဲ့"
"ဘာလုပ္မလို႔လဲ"
"လာဆိုလာေပါ့။စကားမ်ားလိုက္တာ"
"လာၿပီ"
"မင္းကေတာ္ေတာ္ေခ်ာလား"
"ဘုရားေရ..။အစ္ကိုေနေကာင္းပါတယ္ေနာ္။႐ုတ္တရက္ႀကီးဘာထေဖာက္တာလဲ"
"ေမးတာသာေျဖစမ္းပါ"
"ကြၽန္ေတာ္လား....ေခ်ာတာေတာ့ေခ်ာပါတယ္၊
တစ္ေန႔မွာ24နာရီေလာက္ပဲေခ်ာတာပါ"
"ေမးမိတာငါ့အမွား..."
"အစ္ကိုေနာ္...ကြၽန္ေတာ္ကတကယ္ေခ်ာတာ။
ေခ်ာလြန္းလို႔ ေက်ာင္းတုန္းကဆိုအျမဲတမ္းThe whole kingပါေနာ္။အထင္ေတာ့မေသးေစလို"
"အမေလး...အထင္မေသးရဲပါဘူး လိပ္ကေလးရယ္။မင္းကကိုယ့္ဘက္ကိုယ္ယက္တဲ့လိပ္မ်ိဳး"
"ကြၽန္ေတာ္ကအမွန္အတိုင္းပဲေျပာတတ္တယ္"
"ေအးပါ။အမွန္တရားရဲ႕ဘက္ေတာ္သားႀကီးရယ္။
ဒါနဲ႔ မင္းပါးကေဖာင္းေဖာင္းေလးဆို"
"အစ္ကို႔ကိုဘယ္သူေျပာတာလဲ။မေဖာင္းပါဘူး။
ကြၽန္ေတာ္ကCool guy။ပါးေဖာင္းစရာလားလို႔"
"မင္းမ်က္ႏွာဒီနားတိုးခဲ့"
"အစ္ကို ဘာလုပ္မလို႔လဲ"
"မင္းပါးကိုကိုင္ၾကည့္မလို႔"
"မေဖာင္းပါဘူးဆို...."
"ဒီအတိုင္း ကိုင္ၾကည့္ခ်င္လို႔ပါ"
"မကိုင္နဲ႔"
"ခ်ိဳခ်ဥ္ဝယ္ေကြၽးမယ္ေလ"
"ခ်ိဳခ်ဥ္နဲ႔မ်ွားရေအာင္ ကြၽန္ေတာ္ကကေလးလား"
"......."
ကေလးလို႔ သတ္မွတ္ခံလိုက္ရလို႔ ရိေပၚ ပိစိေလး စိတ္ဆိုးခ်င္သလို ျဖစ္မိေပမယ့္ ဒီလူ႔ေ႐ွ႕ဆို ကေလးဆိုး
ဆိုးေနမိတဲ့ ကိုယ့္အျဖစ္ကိုယ္ ျပန္ေတြးမိတာေၾကာင့္
ျပံဳးစိစိျဖစ္မိသြားတယ္။ သူတကယ္ႀကီးကို ကေလးဆန္ခဲ့တာပဲ။ မထူးေတာ့ပါဘူး။ ကေလးဆိုလည္း ကေလး
ေပါ့။
"ပူတင္း....ပူတင္းဝယ္ေကြၽး"
"ဟက္ အစားပုပ္ေလး။ေကာင္းၿပီ။ပူတင္းဝယ္ေကြၽး
မယ္။ပါးကိုကိုင္လို႔ရၿပီလား"
"အင္း"
ရိေပၚပါးကို ကိုင္ၾကည့္ၿပီး အံ့ဩေနပံုရတဲ့ အစ္ကိုက
ဘာေတြမ်ား သေဘာက်ေနလဲမသိ။ ျပံဳးရိပ္ေလးသမ္း
လာတယ္။ ဒါေပမယ့္မၾကာပါဘူး။ ႏႈတ္ခမ္းေလးဆူလာျပန္ေရာ။ ေဟာဗ်ာ...ဘာေတြမ်ားအလိုမက်ျဖစ္ျပန္ၿပီလဲ။ ရိေပၚပါးေဖာင္းေဖာင္းေလးကို ကိုင္ေနရာက
ေန ႐ုတ္တရက္ ကိုက္ခ်လိုက္တာေၾကာင့္ ရိေပၚေအာ္
မိသြားတယ္။
"အ!!!နာတယ္ဗ်..ဘာလို႔ကိုက္တာလဲ"
"Mochi.."
"ဟင္...."
"မင္းပါးေလးေတြကmochiလံုးေလးအတိုင္းပဲေဖာင္းၿပီးအိစက္ေနတာ"
"အဲ့တာနဲ႔ပဲကိုက္စရာလား"
"ဟီးဟီး။အသည္းယားလို႔.."
"ကိုက္တယ္ဆိုေတာ့ ပူတင္းတစ္မ်ိဳးတည္းမရဘူး။
ေခ်ာကလက္ကိတ္ပါဝယ္ေကြၽးမွရမယ္"
"ဟုတ္ပါၿပီ mochiလံုးေလးရယ္"
"အားးးးးးး အဲ့လိုႀကီးမေခၚပါနဲ႔ဆို"
"ဘာလို႔လဲ..ခ်စ္စရာေလးကို။mochiေလးေရ"
"အစ္ကို!!!!"
Mochiလို႔ေခၚတာကို ရိေပၚစိတ္မဆိုးေပမယ့္
အစ္ကိုက ရိေပၚထပ္ အဲ့ပါးေဖာင္းေဖာင္းေတြကို ပို
သေဘာက်သြားမွာကို မႀကိဳက္ဘူး။ အရာအားလံုးထပ္
ရိေပၚကိုပဲ ပိုသေဘာက်ေစခ်င္တာ။ အစ္ကိုနဲ႔ ပတ္သတ္လာရင္ ရိေပၚဟာ ကိုယ့္အရိပ္ကိုယ္ေတာင္ မနာလို
ပါဘူး။
မ်က္လံုးေလးေတြ မွိတ္က်သြားတဲ့အထိ သေဘာတက်
ရယ္ေမာေနတဲ့ အစ္ကို႔ကိုၾကည့္လို႔ ရိေပၚရင္ထဲမွာ
ေအးခ်မ္းရျပန္တယ္။
အစ္ကိုျပံဳးရင္ သိပ္လွတယ္...
ကြၽန္ေတာ္ဖန္ဆင္းတဲ့ အစ္ကို႔အျပံဳးေတြကေတာ့ ပိုလို႔လွတယ္။
_________________________________
Unicode
Yibo pov (5)
ပထမတစ်ခေါက်ရောက်ဖူးတဲ့အိမ်ငယ်လေးရှေ့
ကိုဒုတိယအကြိမ်ရိပေါ်ပြန်ရောက်လာခဲ့တယ်။
မတူညီတဲ့ခံစားချက်၊မတူညီတဲ့အခြေအနေတွေနဲ့အတူ။
ဘဲလ်တီးသံကြားတော့အစ်ကိုကတံခါးမဖွင့်သေးဘဲ
အသံအရင်ပေးတယ်။
"ဘယ္သူလဲ.."
"ကျွန်တော်ပါ အစ်ကိုရဲ့"
ဒီအသံလေး..။တစ်ပတ်ကျော်ကျော် ဝေးကွာနေရတဲ့
အသံလေး..။အသံလေးကြားလိုက်ရတာနဲ့တောင်
ပွေ့ဖက်ထားချင်စိတ်ကတဖွားဖွား။ဒီလူသားဟာ
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်ရိပေါ်ကိုလွှမ်းမိုး
နိုင်လွန်းတယ်။တံခါးပွင့်ပွင့်ချင်းမြင်လိုက်ရတဲ့
အစ်ကို့မျက်နှာလေးကရိပေါ်ရဲ့အေးချမ်းခြင်းလေး။
အံ့ဩမှုအတိုင်းသားနဲ့မျက်လုံးဝိုင်းလေးတွေဟာ
ရိပေါ်ရှိရာအရပ်ကိုဦးတည်မနေတာတောင် ညို့ယူ
နိုင်စွမ်းကမလျော့သွား။တကယ်ပါ...ဒီလူသားကို
မြတ်နိုးလွန်းလို့ရူးတော့မှာပဲ။
"မင်းကိုငါကပြန်ပေါ်မလာတော့ဘူးတောင်ထင်နေတာ"
"ဘာလို့အဲ့လိုထင်ရတာလဲ"
"ငါကစိတ်ဝင်စားစရာမကောင်းတော့ မင်းများ ပျင်း
ပြီးပြေးသွားပြီလားလို့"
"အစ်ကိုကတော့လေ..မဟုတ်တာတွေပြောတော့မယ်။ကျွန်တော်ကအစ်ကိုမောင်းမထုတ်မချင်းဘယ်မှမသွားဘူး။ကျွန်တော်အစ်ကို့ကိုလာမတွေ့နိုင်တာကလည်းကိစ္စလေးတွေရှိလို့ပါ"
"...."
"အစ္ကို.....ကျွန်တော်လေ အိမ်ပေါ်ကနှင်ချခံလိုက်ရပြီ"
အစ်ကို့အနားမှာနေနိုင်ဖို့မုသားစကားတွေကိုအထပ်ထပ်ဆိုမယ်။လိမ်ညာခြင်းဟာနီးစပ်ခြင်းရဲ့လမ်းစ
လို့ရိပေါ်ကသတ်မှတ်တယ်။
"ဘာလို့..."
"အဖေနဲ့ပြဿ နာတက်..."
"နေ..နေပါဦး။ငါမေးတဲ့ဘာလို့ဆိုတာ မင်းဘာလို့
အိမ်ပေါ်ကနှင်ချခံရလဲလို့မေးတာမဟုတ်ဘူး။ဘာလို့
ငါ့ဆီကိုရောက်လာရတာလဲ"
"ကျွန်တော်ကအစ်ကို့ဆီမလာလို့ ဘယ်သူ့ဆီသွား
ရမွာလဲ"
"တည်းခိုခန်းတွေရှိနေတာပဲ။သွားပါလား.."
"အစ်ကိုကရက်စက်လိုက်တာ။အိမ်ပေါ်ကနှင်ချခံရပါ
တယ္ဆိုမွေတာ့ ရေမီးအစုံနဲ့ ရော့ တည်းခိုခန်းသွားနေဆိုပြီးဘဏ်ကဒ်ထိုးပေးလိုက်ပါ့မလားလို့။
စဉ်းစားလေ...။ကျွန်တော့မှာတော့ အားကိုးတကြီးနဲ့
အကို့ဆီကိုလာလိုက်ရတာ။အစ်ကိုကတော့ ကျွန်
တော့ကို ရက်ရက်စက်စက်နှင်ချတယ်"
အစ်ကို့အကြောင်းကိုကောင်းကောင်းသိနေတဲ့ရိပေါ်
ဟာအစ်ကို့ရဲ့သနားတတ်တဲ့စိတ်ကိုအခွင့်အရေးယူ
မိပြန်တယ်။ဘယ်လိုလုပ်ရမလဲ။ခင်ဗျားနဲ့မှပဲ ကျွန်တော့မှာလူဆိုးကြီးလုံးလုံးဖြစ်လို့။
"တစ်ဝက်...."
"ဟင်..."
"အိမ်လခကအစ၊ကုန်ကျစရိတ်အကုန်လုံး တစ်ဝက်
မင်းတာဝန်ယူရမယ်။ဒါဆိုငါ့အိမ်မှာနေလို့ရမယ်"
"အစ္ကိုကေလ...တကယ့်ချစ်တီးပဲ"
"ဘာပြောတယ်"
"ဘာမှမပြောပါဘူး။အစ်ကိုကသဘောကောင်းလိုက်
တာလို့..။ဟီးဟီး"
"ဘာမှလာမြှောက်မနေနဲ့။ပေးနိုင်လား၊မပေးနိုင်ဘူး
လား။ဒါပဲပြော"
"ပေးပါမယ်...။ဒီကဝမ်ရိပေါ်ဆိုတဲ့စင်ဒရဲလားလေးကရသမျှအလုပ်အကုန်လုပ်ပြီး၊ကုန်ကုန်ပြောရရင်
ကျွန်ခံပြီး...."
"အမေလး...တော်ပါတော့ဝမ်ရိပေါ်ရယ်။မင်းလုပ်မှပဲ
ငါကမိထွေးမကြီးကိုဖြစ်လို့.."
"မဟုတ်တာကျလို့....."
"ဘာ!!!!"
"မဟုတ်ပါဘူးလို့။အစ်ကိုက နတ်သမီးမေမေ"
"တော်စမ်း။ဘာပေါက်ကရတွေလျှောက်ပြောနေတာလဲ"
"ကျွန်တော်အိမ်ထဲဝင်လို့ရပြီလား"
"ဝင်..ဝင်။ညာဘက်စွန်းကအခန်းလွတ်မှာမင်းနေလို့ရတယ်"
"ရှဲရှဲ.."
ခြေလှမ်းတွေကအိမ်လေးထဲကိုဦးတည်သလို
သံယောဇဉ်တွေကတွယ်ငြိခြင်းကိုဦးတည်တယ်။
အိမ်ရှင်လေးကသဘောကောင်းလွန်းတဲ့အခါ
ဧည့်သည်လေးကလည်းလှည့်မပြန်ချင်တော့ပါဘူးတဲ့။
ပစ္စည်းတွေနေရာချပြီးရိပေါ်အောက်ထပ်ကိုဆင်းလာ
တော့အစ်ကိုကပန်းချီဆွဲတဲ့ပစ္စည်းတွေသိမ်းနေတယ်။ကျွန်တော်မလာခင်ကပန်းချီဆွဲနေတာဖြစ်မယ်။
"အစ်ကို။ဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး"
"ကျွန်တော်နဲ့မတွေ့ရတဲ့တစ်ပတ်အတွင်းကျွန်တော့
ကိုသတိရနေလားဟင်"
"မရပါဘူး.."
"....."
သတိရနေတယ်ဆိုတဲ့အဖြေကိုကြားချင်လို့မေးလိုက်
တာမျိုးမဟုတ်ပေမယ့်ဒီလိုပြန်ဖြေလာတော့ရိပေါ်
နည်းနည်းတော့ဝမ်းနည်းမိတယ်။ကျွန်တော်ကတော့
ခင်ဗျားကိုသေမတတ်လွမ်းနေခဲ့တာ အစ်ကိုရဲ့။
"နည်းနည်းတော့သတိရပါတယ်။အများကြီးလည်း
ဖြစ်ချင်ဖြစ်မှာပေါ့။မမှတ်မိတော့ဘူး"
အစ်ကို့ဆီကနောက်ဆက်တွဲကြားလိုက်ရတဲ့စကား
သံကြောင့်အံ့ဩမှုနဲ့အတူရိပေါ်ကြည်နူးမိတယ်။
အစ်ကိုကလည်းသူ့ကိုသတိရနေခဲ့တာပဲ။တစ်စုံတစ်
ယောက်ကကိုယ့်အပေါ်တူညီတဲ့ခံစားချက်မျိုးရှိနေ
တယ်ဆိုတာကိုသိရတာသိပ်ဝမ်းသာဖို့ကောင်းတယ်။အထူးသဖြင့်အဲ့ဒီတစ်စုံတစ်ယောက်ကအစ်ကိုဖြစ်နေတဲ့အခါမျိူးမှာရိပေါ်ကပိုလို့ကြည်နူးရတယ်။
နားရွက်ဖျားလေးတွေရဲနေတဲ့အစ်ကိုကရှက်နေပုံ
ရတယ်။ချစ်ဖို့ကောင်းလိုက်တာ အစ္ကိုရာ...
"အစ္ကိုကေလ..တကယ်ချစ်ဖို့ကောင်းတာပဲ"
"မင်း...စကားကိုဆင်ဆင်ခြင်ခြင်ပြောစမ်း"
"ဘာလို့လဲ။ချစ်ဖို့ကောင်းလို့ကောင်းတယ်ပြောတာကို"
"တော်တော့"
"အစ္ကို...ကျွန်တော်ဗိုက်ဆာတယ်။ကျွန်တော်ထမင်းမစားရတာ သုံးရက်ရှိပြီ"
"တကယ္လား"
"ဟင့်အင်း။လိမ်တာ...။ဟီးဟီး"
"ဝမ်ရိပေါ်!!!"
အစ်ကို့ကိုစိတ်ဆိုးအောင်စရတာကိုရိပေါ်ကသဘော
ကျတယ်။အစ်ကိုကစိတ်ဆိုးနေတဲ့အချိန်ဆိုပိုလို့်
ချစ်ဖို့ကောင်းပြန်တယ်။
"ဒါပေမယ့် ကျွန်တော်ဒီနေ့တစ်နေ့လုံးဘာမှမစား
ရသေးတာတော့တကယ်.."
"အဲ့တော့.."
"ကျွန်တော့ကိုတစ်ခုခုမကျွေးချင်ဘူးလား"
"အိမ်မှာဘာမှမရှိဘူး"
"အပြင်မှာသွားစားမယ်လေ"
"မင်းမှာပိုက်ဆံရှိလို့လား"
"ဟီးဟီး..။အစ်ကိုဝယ်ကျွေးလေ။ဒါမှမဟုတ်လည်း
ပိုက်ဆံချေး။ပြန်ပေးမှာပါ"
"ငါကယုံရမှာလား"
"အစ်ကိုကလည်း.."
"တော်တော့။အပြင်မှာစားရင်ပိုက်ဆံပိုကုန်တယ်။
ဈေးသွားဝယ်မယ်။လိုက်မှာလား"
"လိုက်မှာပေါ့"
"မင်းစားမယ့်ဟာ ကိုယ့်ဟာကိုယ်ဝယ်နော်။ငါ့ဆီက
ကပ်စားဖို့မစဉ်းစားနဲ့။ပိုက်ဆံချေးဆိုချေးမယ်။ပြန်ဆပ်ရမွာ"
"အင်းပေါ့လေ။ဘာတတ်နိုင်မလဲ။အခုအချိန်မှာ
ကိုယ်ကသူ့လက်ခုပ်ထဲကရေ။သူပြုသမျှနုရမှာပေါ့"
"အေး ကောင်းတယ် သိလား။ပိုက်ဆံလည်းချေးရ
သေးတယ်။ငါ့မှာလူယုတ်မာကြီးကိုဖြစ်လို့...၊တော်ပြီ
မချေးတော့ဘူး"
"အယ်..။အဲ့လိုမလုပ်ပါနဲ့။ပြန်ဆပ်ဆိုဆပ်ပါ့မယ်။
ကျွန်တော်ငတ်သေသွားတာမြင်ချင်လို့လား"
"စကားမများနဲ့။ပါးစပ်လေးပိတ်ပြီးလိုက်ခဲ့"
"Yes sir"
အစ်ကို့ရဲ့အလိုလိုက်မှုတွေမှာကျွန်တော်ဟာ
ပျော်မွေ့ရင်းလောဘတက်ရပါတယ်။
အစ်ကို့ရှေ့ဆိုကျွန်တော်ကခပ်ချွဲချွဲကြောင်ဆိုးလေး..
မလိမ္မာလို့ဆိုပြီးတော့မစွန့်ပစ်လိုက်ပါနဲ့
အချိန်တန်ရင်ထွက်သွားမှာမို့ခနလောက်ဖြစ်ဖြစ်
အပြည့်အဝဆိုးသွမ်းပါရစေ...
________________________________
Super marketရောက်တော့လက်ကအကျင့်ပါနေတဲ့အတိုင်းတွေ့သမျှအကုန်ခြင်းထဲကောက်ထည့်မိတော့အစ်ကိုကဆူပါလေရော။
"ဝမ်ရိပေါ်။မလိုတာတွေလျှောက်ဝယ်ဖို့မစဉ်းစားနဲ့။
ငါသူေဋ္ဌးမဟုတ်ဘူးကွ။မဟုတ်တာတွေဝယ်ရင်
ပိုက်ဆံမပေးနိုင်ဘူး"
"အစ္ကိုက အရမ်းအနိုင်ကျင့်တာပဲ"
"ငါကပဲအနိုင်ကျင့်ရတယ် ရှိသေး။မင်းမဟုတ်တာ
လုပ်နေတာကျတော့..."
"ကျွန်တော်ဘာလုပ်လို့လဲ"
"တော်တော့။မလိုအပ်တာတွေအကုန်ပြန်ထားခဲ့။
မဟုတ်ရင် ငါတကယ်ပိုက်ဆံထုတ်မပေးဘူး"
"လုပ်ပါ...လုပ်ပါ။အခုအချိန်မှာဝမ်ရိပေါ်တို့ကရွှေဘုံစံမင်းသားလေးဘဝကနေ သူများဆီမှာခိုကပ်နေရတဲ့ဘဝဆိုတော့လည်း ပြောသမျှခံရတော့မှာပေါ့"
"အရှင်မင်းသားလေးရေ...ကျွန်တော်မျိုးကြီးမှားပါတယ်။ကျွန်တော်မျိုးကြီးမှာပိုက်ဆံတကယ်မရှိလို့ပါ
မင်းသားလေးရယ်။ဒီအမိုက်အမဲကိုခွင့်လွတ်တော်မူပါ"
"အိမ်း... ဒီလိုဆိုမှတော့လည်းခွင့်လွတ်ရတော့မှာပေါ့"
"တိတ်စမ်း။ကြောင်တောင်တောင်ဂေါက်တောက်တောက်လုပ်မနေနဲ့။မြန်မြန်ပြန်ထား"
"Yes sir"
အစ်ကိုနဲ့ပတ်သတ်လာရင်ဆူငေါက်သံလေးတွေက
အစမြတ်နိုးချင်စရာလေး။
ထိန်းကွပ်မယ့်သူမရှိလို့ဆိုးနေတာပါလို့ပြောရင်
လိမ္မာလာအောင်ဆုံးမပေးမယ်မလား။
ကျွန်တော်ကခင်ဗျားရဲ့ကြောင်ဆိုးလေးဖြစ်ချင်တာ။
ခနကြာတော့အစ်ကိုကဘာစိတ်ကူးပေါက်တယ်မသိ
"ဝမ်ရိပေါ်"
"ပြောလေ အစ္ကို"
"ဒီနားခနလာခဲ့"
"ဘာလုပ်မလို့လဲ"
"လာဆိုလာပေါ့။စကားများလိုက်တာ"
"လာပြီ"
"မင်းကတော်တော်ချောလား"
"ဘုရားရေ..။အစ်ကိုနေကောင်းပါတယ်နော်။ရုတ်တရက်ကြီးဘာထဖောက်တာလဲ"
"မေးတာသာဖြေစမ်းပါ"
"ကျွန်တော်လား....ချောတာတော့ချောပါတယ်၊
တစ်နေ့မှာ24နာရီလောက်ပဲချောတာပါ"
"မေးမိတာငါ့အမှား..."
"အစ်ကိုနော်...ကျွန်တော်ကတကယ်ချောတာ။
ချောလွန်းလို့ ကျောင်းတုန်းကဆိုအမြဲတမ်းThe whole kingပါနော်။အထင်တော့မသေးစေလို"
"အမေလး...အထင်မသေးရဲပါဘူး လိပ်ကလေးရယ်။မင်းကကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုး"
"ကျွန်တော်ကအမှန်အတိုင်းပဲပြောတတ်တယ်"
"အေးပါ။အမှန်တရားရဲ့ဘက်တော်သားကြီးရယ်။
ဒါနဲ့ မင်းပါးကဖောင်းဖောင်းလေးဆို"
"အစ်ကို့ကိုဘယ်သူပြောတာလဲ။မဖောင်းပါဘူး။
ကျွန်တော်ကCool guy။ပါးဖောင်းစရာလားလို့"
"မင်းမျက်နှာဒီနားတိုးခဲ့"
"အစ္ကို ဘာလုပ်မလို့လဲ"
"မင်းပါးကိုကိုင်ကြည့်မလို့"
"မဖောင်းပါဘူးဆို...."
"ဒီအတိုင်း ကိုင်ကြည့်ချင်လို့ပါ"
"မကိုင်နဲ့"
"ချိုချဉ်ဝယ်ကျွေးမယ်လေ"
"ချိုချဉ်နဲ့မျှားရအောင် ကျွန်တော်ကကလေးလား"
"......."
ကလေးလို့သတ်မှတ်ခံလိုက်ရလို့ရိပေါ်ပိစိလေးစိတ်ဆိုးချင်သလိုဖြစ်မိပေမယ့်ဒီလူ့ရှေ့ဆိုကလေးဆိုး
ဆိုးနေမိတဲ့ကိုယ့်အဖြစ်ကိုယ်ပြန်တွေးမိတာကြောင့်
ပြုံးစိစိဖြစ်မိသွားတယ်။သူတကယ်ကြီးကိုကလေးဆန်ခဲ့တာပဲ။မထူးတော့ပါဘူး။ကလေးဆိုလည်းကလေး
ပေါ့။
"ပူတင်း....ပူတင်းဝယ်ကျွေး"
"ဟက် အစားပုပ်လေး။ကောင်းပြီ။ပူတင်းဝယ်ကျွေး
မယ်။ပါးကိုကိုင်လို့ရပြီလား"
"အင်း"
ရိပေါ်ပါးကိုကိုင်ကြည့်ပြီးအံ့ဩနေပုံရတဲ့အစ်ကိုက
ဘာတွေများသဘောကျနေလဲမသိ။ပြုံးရိပ်လေးသမ်း
လာတယ်။ဒါပေမယ့်မကြာပါဘူး။နှုတ်ခမ်းလေးဆူလာပြန်ရော။ဟောဗျာ...ဘာတွေများအလိုမကျဖြစ်ပြန်ပြီလဲ။ရိပေါ်ပါးဖောင်းဖောင်းလေးကိုကိုင်နေရာက
နေရုတ်တရက်ကိုက်ချလိုက်တာကြောင့်ရိပေါ်အော်
မိသွားတယ်။
"အ!!!နာတယ္ဗ်..ဘာလို့ကိုက်တာလဲ"
"Mochi.."
"ဟင်...."
"မင်းပါးလေးတွေကmochiလုံးလေးအတိုင်းပဲဖောင်းပြီးအိစက်နေတာ"
"အဲ့တာနဲ့ပဲကိုက်စရာလား"
"ဟီးဟီး။အသည်းယားလို့.."
"ကိုက်တယ်ဆိုတော့ ပူတင်းတစ်မျိုးတည်းမရဘူး။
ချောကလက်ကိတ်ပါဝယ်ကျွေးမှရမယ်"
"ဟုတ်ပါပြီ mochiလုံးလေးရယ်"
"အားးးးးးး အဲ့လိုကြီးမခေါ်ပါနဲ့ဆို"
"ဘာလို့လဲ..ချစ်စရာလေးကို။mochiလေးရေ"
"အစ္ကို!!!!"
Mochiလို့ခေါ်တာကိုရိပေါ်စိတ်မဆိုးပေမယ့်
အစ်ကိုကရိပေါ်ထပ်အဲ့ပါးဖောင်းဖောင်းတွေကိုပို
သဘောကျသွားမှာကိုမကြိုက်ဘူး။အရာအားလုံးထပ်
ရိပေါ်ကိုပဲပိုသဘောကျစေချင်တာ။အစ်ကိုနဲ့ပတ်သတ်လာရင်ရိပေါ်ဟာကိုယ့်အရိပ်ကိုယ်တောင်မနာလိုပါဘူး။
မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိသဘောတကျရယ်မောနေတဲ့အစ်ကို့ကိုကြည့်လို့ရိပေါ်ရင်ထဲမှာ
အေးချမ်းရပြန်တယ်။
အစ်ကိုပြုံးရင်သိပ်လှတယ်...
ကျွန်တော်ဖန်ဆင်းတဲ့အစ်ကို့အပြုံးတွေကတော့ပိုလို့လှတယ်။
_________________________________