Imaginary You(Completed)

By Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 23

5.2K 638 14
By Kirara-16

Yibo pov(4)

နီးဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္မ႐ွိေပမယ့္ လွမ္းလိုက္တဲ့
ေျခလွမ္းတိုင္းက နီးစပ္ေစဖို႔ကိုပဲ ဦးတည္တယ္။

တစ္ဖက္တည္းက ခ်ည္တဲ့ႀကိဳမို႔ ျမဲပါေစရယ္ ဆႏၵမျပဳ
ေပမယ့္ ပိုလို႔တိုးၿပီး တစ္ရစ္ရစ္ ခ်ည္ေႏွာင္ေနမိတာ
လည္း သူပဲျဖစ္ျပန္တယ္။

ကြၽန္ေတာ္ ​ေပ်ာက္ကြယ္သြားရင္ေတာင္ အဆင္ေျပ
ေနမယ့္ ခင္ဗ်ားမို႔၊ တျခားသူေတြထပ္ပိုၿပီး သန္မာတဲ့
ခင္ဗ်ားမို႔၊ ဘယ္သူ႔ကိုမွ အလြယ္တကူ သံေယာဇဥ္
မတြယ္တတ္တဲ့ ခင္ဗ်ားမို႔၊ ​ေႏွာင္ဖြဲ႔ျခင္းမမည္တဲ့
သံေယာဇဥ္ေတြနဲ႔ အနားမွာ တြယ္ကပ္ေနတာဟာ 
ခင္ဗ်ားကို ယံုလို႔ပဲ။

ခင္ဗ်ားသာဆိုရင္ ဆိုတဲ့ ​ေခါင္းစဥ္ေအာက္မွာ
ကြၽန္ေတာ္ဟာ တစ္ကိုယ္ေကာင္းဆန္ဆန္ပဲ
ကိုယ့္ေပ်ာ္ရႊင္မႈကို ႐ွာေဖြတယ္။

ဟုတ္တယ္...ကြၽန္ေတာ္ကဆိုးတယ္။
ခင္ဗ်ားဆံံုးမမွ လိမၼာမယ့္သူမို႔ ပစ္ထားလို႔မရေလာက္
တဲ့အထိ တြယ္ကပ္ေနမွာ။
_________________________________

အစ္ကိုနဲ႔ ရင္းႏွီးၿပီးေနာက္မွာ ရိေပၚဟာ အေၾကာင္းမ႐ွိပါဘဲလ်ွက္ အစ္ကို႔ကို စေနာက္တတ္တဲ့ အက်င့္ေလး
တစ္ခု ျဖစ္လာခဲ့တယ္။ ရိေပၚစေနာက္လိုက္လို႔ စိတ္ဆိုးေဒါသထြက္သြားတဲ့ အစ္ကို႔မ်က္ႏွာေလးက ခ်စ္
ဖို႔ေကာင္းတာထပ္ ပိုလို႔ စြဲလမ္းေစတယ္။ ရိေပၚကို
ဘယ္လိုပဲ စိတ္ဆိုးဆိုး ျပန္အေလ်ာ့ေပးတတ္တဲ့ အစ္ကို႔ကို ရိေပၚက သေဘာက်တယ္။

အခုလည္း ရိေပၚေ႐ွ႕မွာရပ္လို႔ အေမးတျခား အေျဖ
တျခား ​ေျပာခ်င္ရာေျပာေနတဲ့ အစ္ကိုက fake smileႀကီးနဲ႔ေတာင္ ခ်စ္ဖို႔ေကာင္းေနမႈႀကီး။

"ဒီေန႔ အစ္ကို႔ကို ကြၽန္ေတာ္ အိမ္ျပန္လိုက္ပို႔ေပးမယ္"

"ေကာ္ဖီယူမွာေပါ့ေနာ္.."

"အစ္ကိုတစ္ေယာက္တည္းဆို စိတ္မခ်ဘူး"

"Black coffeလား"

"အစ္ကို႔အိမ္ကိုလည္းေရာက္ဖူးခ်င္တယ္"

"Cakeေရာယူဦးမွာလား"

"အစ္ကိုအလုပ္ဆင္းတဲ့အထိေစာင့္ေနမယ္ေနာ္"

"ဒါဆိုCheese cakeပဲယူမွာေပါ့ေနာ္"

"ကြၽန္ေတာ္ဆက္ဆက္ေစာင့္ေနမွာမို႔အတူတူျပန္မယ္ေနာ္"

"Take-outယူမွာလားဗ်"

"ကြၽန္ေတာ္အစ္ကိုအလုပ္မဆင္းမခ်င္းဒီဆိုင္ထဲမွာပဲ
ထိုင္ေစာင့္ေနမွာ"

"ဒါဆိုခနေလာက္ေစာင့္ေပးပါေနာ္။မွာထားတာေတြ
ရရင္လာပို႔ေပးပါမယ္"

"Ok.ဒါနဲ႔ကြၽန္ေတာ္ေကာ္ဖီမေသာက္ဘူး။Hot chocolateလုပ္ေပးလို႔ရမလား။Creamေလးပါ
ထည့္ေပး"

"ဟုတ္ကဲ့"

ရိေပၚ အစ္ကို႔အေၾကာင္းကို ​ေကာင္းေကာင္းသိတာေပါ့။ ျပန္လိုက္ပို႔ေပးပါရေစလို႔ ႐ိုး႐ိုးေတာင္းဆိုရင္
အစ္ကိုက လံုးဝလက္ခံမွာ မဟုတ္ဘူး။ ဒါေၾကာင့္လည္း ရိေပၚက အခုလို တဇြတ္ထိုးဆန္ဆန္ ျပဳမူလိုက္တာ။ Hot chocolateတစ္ခြက္ မွာၿပီး တစ္ေနကုန္ထိုင္ေစာင့္ေနမယ့္ ​ေကာင္ေလးကို အစ္ကိုက မသနားရင္ေတာင္ ႐ိုက္ေတာ့ မထုတ္ေလာက္ပါဘူး။

ရိေပၚရဲ႕ ဆႏၵမွန္သမ်ွကို လိုက္ေလ်ာတတ္လြန္းတဲ့ အစ္ကို႔ကို တစ္ေန႔ထပ္တစ္ေန႔ ပိုလို႔ သံေယာဇဥ္တြယ္
ရပါတယ္။ ရသမ်ွ အခြင့္အေရးေလးေတြကို အရယူတတ္တဲ့ ကြၽန္ေတာ္က အစ္ကို႔အျမင္မွာေတာ့ ခပ္ဆိုးဆိုး
ေကာင္ေလးေပါ့။

တစ္လမ္းလံုး မရပ္မနား စကားေတြေျပာလာေပမယ့္
အစ္ကိုကေတာ့ လ်စ္လ်ဴ႐ႈျမဲပဲ။ တကယ္ေတာ့ ဒီအတိုင္းေလးကို ရိေပၚသေဘာက်တယ္။ သူ႔ဘက္ကစတင္
တဲ့ ​ေျခလွမ္းတိုင္းမွာ အစ္ကိုကေတာ့ မေျပာင္းမလဲဘဲ
႐ွိေနမွျဖစ္မယ္။

အစ္ကို႔အတြက္ သူက ခနတာလုွပ္ခတ္ေစတဲ့
​ေရလိႈင္းလို ျဖစ္တည္မႈမ်ိဳးမို႔ သူမ႐ွိေတာ့တဲ့အခါ
အစ္ကိုက ​ေရျပင္လို တည္ၿငိမ္ေနမွ ျဖစ္မွာ။

အစ္ကို႔အိမ္ေရာက္ေတာ့...

"ကဲ...လိုက္ပို႔ေပးတာေက်းဇူးပဲ။ျပန္လို႔ရၿပီ"

"ရက္စက္လိုက္တာ အစ္ကိုရယ္။အိမ္ထဲေတာင္
မေခၚေတာ့ဘူးလား"

"လိုလို႔လား"

"အစ္ကို..."

"...."

"ကြၽန္ေတာ္ေလ...ညေနကတည္းကဘာမွမစားရ
ေသးဘူး၊Hot chocolateတစ္ခြက္ပဲေသာက္
ထားတာ"

"အဲ့ဒီေတာ့....."

"ညစာစားခ်ိန္လည္းေရာက္ေတာ့မွာဆိုေတာ့
ကြၽန္ေတာ့ကို ထမင္းေလးဘာေလးမေကြၽးခ်င္ဘူးလား"

"ေျပာေတာ့သူေ႒းႀကီးရဲ႕သားဆို..။ထမင္းေလးေတာင္ေတာင္းစားေနရတာလား"

"ကြၽန္ေတာ္အိမ္ထမင္းဟင္းမစားရတာၾကာၿပီမို႔ပါ"

အစ္ကို႔အိမ္ကို ​ေရာက္ဖူးခ်င္လို႔ဆိုတဲ့ အၾကံေလး႐ွိေပ
မယ့္ ရိေပၚ အမွန္တကယ္လည္း ဗိုက္ဆာေနတာျဖစ္တယ္။ သနားတတ္လြန္းတဲ့ အစ္ကိုက ရိေပၚကိုဆို
အျမဲအေလ်ာ့ေပးတယ္။

"ေကာင္းၿပီေလ။ ဧည့္ခန္းထဲမွာခနထိုင္ေစာင့္ေန။
ကိုယ္တစ္ခုခုသြားစီစဥ္လိုက္မယ္"

"ကြၽန္ေတာ္ဘာကူလုပ္ေပးရမလဲ"

"မင္းကခ်က္တတ္လို႔လား"

"ဟင့္အင္း.."

"ဒါဆိုလည္းဒီတိုင္းေလးပဲထိုင္ေနပါ"

"ဟုတ္ကဲ့ အစ္ကို"

အစ္ကို႔တိုက္ခန္းေလးကို ​ေသခ်ာၾကည့္မိမွ ​ေတာ္ေတာ္
ေလး သပ္သပ္ရပ္ရပ္႐ွိၿပီး တိတ္ဆိတ္တယ္။ အစ္ကိုက တစ္ေယာက္တည္း ​ေနလို႔ျဖစ္မယ္။

ေႏြးေထြးတယ္။ ရိေပၚဘဝမွာ ပထမဆံုးအႀကိမ္
အိမ္လို္႔ခံစားမိတဲ့ ​ေနရာေလး....
ဒီေနရာေလးမွာသာ ​ေနခြင့္ရခဲ့မယ္ဆိုရင္
ကြၽန္ေတာ့မွာ အိမ္လို႔ ​ေခၚစရာ ​ေနရာတစ္ခုရွိခဲ့တယ္
လို႔ ရဲရဲဝင့္ဝင့္ ​ေျပာႏိုင္လိမ့္မယ္ ထင္တယ္။

ခ်က္ျပဳတ္ၿပီးေတာ့ အစ္ကို႔ေခၚသံေၾကာင့္ ရိေပၚထမင္း
စားခန္းကို အေျပးေလးသြားလိုက္တယ္။
စားပြဲေပၚက Omuriceကိုျမင္ေတာ့ ရိေပၚျပံဳးမိတယ္။
သူအရင္က ၾကက္ဥကို အရမ္းမုန္းခဲ့ေပမယ့္
အခုေတာ့ သူျငင္းဆန္ဖို႔ စိတ္ကူးမ႐ွိဘူး။
အစ္ကိုက သူ႔အတြက္ အပင္ပန္းခံၿပီး လုပ္ေပးထား
တာေလ။ အဆိပ္ျဖစ္ေနရင္ေတာင္ ရိေပၚက စားလိုက္ဖို႔ အဆင္သင့္။

"အိမ္မွာ႐ွိတာပဲလုပ္လိုက္တာမို႔ စားရတာအဆင္
ေျပရဲ႕လား"

"အင္း။ကြၽန္ေတာ္စားဖူးသမ်ွထဲမွာအေကာင္းဆံုးပဲ။
အစ္ကိုကဟင္းခ်က္တာလည္းေတာ္တာပဲေနာ္"

"ငါကိုယ့္လက္ရာကိုယ္သိပါတယ္။အဲ့ေလာက္လည္းမဟုတ္ပါဘူး။စားလို႔ရတယ္ဆိုရံုေလးပဲ"

"ဟင့္အင္း။ကြၽန္ေတာ္တကယ္ေျပာတာ။အရမ္း
ေကာင္းတယ္"

ဒီစကားက ရိေပၚ အမွန္အတိုင္း ဝန္ခံျခင္း ျဖစ္တယ္။
အစ္ကို႔ေၾကာင့္ ကြၽန္ေတာ္အရမ္းမုန္းတဲ့ Omurice
ကေတာင္ ကြၽန္ေတာ္အႀကိဳက္ဆံုး အစားအစာျဖစ္
သြားသလို။ တစ္စံုတစ္ေယာက္က သူ႔အတြက္ ရည္ရြယ္ၿပီး ျပင္ေပးတဲ့ ထမင္းပြဲဟာ ဒီေလာက္ အရသာ
႐ွိမွန္း ရိေပၚမသိခဲ့ဘူး။

"ေကာင္းပါၿပီ..။စားစရာ႐ွိတာစားၿပီးျပန္ေတာ့"

"အစ္ကိုကရက္စက္လိုက္တာ..၊ႏွင္ရက္တယ္ေနာ္"

"ေဟာဗ်ာ...။မျပန္လို႔မင္းကဒီမွာအိပ္မွာလား"

"အဲ့လိုလုပ္ရမလား"

"ဝမ္ရိေပၚ!!!!"

"ဟီးဟီး..။ေနာက္တာပါ အစ္ကိုရဲ႕"

ေနာက္တာပါ ဆိုတဲ့စကားလံုးနဲ႔ ဖံုးကြယ္လိုက္ရတဲ့ဆႏၵ
ေတြပါပဲ..။ ကြၽန္ေတာ္က ​ေႏြးေထြးမႈကို တကယ္ပဲ လိုအပ္ေနခဲ့တာ ခင္ဗ်ားရဲ႕...။

ျပန္ခါနီးေတာ့ ထံုးစံအတိုင္း အစ္ကို႔ကို ရိေပၚက ခ်ိဳခ်ဥ္ေလးတစ္လံုး ေကြၽးတယ္။

ခ်ိဳခ်ဥ္ေလးေတြကို ျမင္တိုင္း ကြၽန္ေတာ့ကို သတိရပါ...
ခ်ိဳၿမိန္ျခင္းေတြက ခင္ဗ်ားႏႈတ္ခမ္းပါးထပ္မွာ ပိုလို္႔
လိုက္ဖက္တယ္။
_________________________________

တကယ္ေတာ့ ရိေပၚရဲ႕ဘဝက အစ္ကိုနဲ႕ မေတြ႕ခင္
အခ်ိန္အထိ အရာအားလုံး အစီအစဥ္တက် ရွိခဲ့တယ္။
ဘဝရဲ႕ က်န္႐ွိေနတဲ့သက္တမ္းကို စိတ္လြတ္ကိုယ္လြတ္ ျဖတ္သန္းမယ္။ ​ေနာင္တမ႐ွိတဲ့ ဘဝမ်ိဳးကို ျဖတ္သန္းၿပီး ျဖည္းျဖည္းခ်င္းပဲ ​ေလာကႀကီးကို န​ွုတ္ဆက္
ဖို႔ ​ေတြးမိတယ္။ ​ေဆးေတြလည္း မေသာက္ျဖစ္ေတာ့
သလို၊ ​ေရာဂါေဖာက္လာတဲ့ အခ်ိန္မ်ိဳးဆိုလည္း
တစ္ေယာက္တည္းပဲ ႀကိတ္ခံေနမိတယ္။ ျမန္ျမန္ေသ
သြားရင္ ​ေကာင္းမယ္ဆိုတဲ့ အေတြးဝင္မိတာေတာ့
အႀကိမ္ႀကိမ္။

ေနာက္ဆုံးပါလားလို႔ စဥ္းစားမိတိုင္း
လုပ္ခ်င္တာေတြ အမ်ားႀကီး ​ေပၚလာတတ္တယ္။
ေနာက္ဆုံးဆႏၵဆိုေပမယ့္ ရိုးရွင္းပါတယ္။
သာမန္လူေတြလိုမ်ိဳး အခ်ဳပ္အေႏွာင္ကင္းကင္းနဲ႔ ​ေန
ခ်င္တယ္။

ဒါေပမယ့္.....
အစ္ကိုနဲ႕ေတြ႕ၿပီး ​ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ့ရဲ႕
ဆႏၵေလးေတြက မရိုးရွင္းေတာ့ဘူး အစ္ကိုရဲ႕။
ေလာဘေလးေတြ ပါလာေနတတ္သလို
ေႏွာင္ဖြဲ႔ျခင္းေတြကိုလည္း ျမတ္ႏိုးတတ္လာၿပီ။

သံေယာဇဥ္မတြယ္ခ်င္ဘူးလို႔ အႀကိမ္ႀကိမ္ ​ေႂကြးေၾကာ္
ခဲ့သူက အစ္ကို႔ရဲ႕ အျပံဳးလွလွေလးေတြမွာ ၿငိတြယ္ေန
မိတာမ်ား သတိလက္လြတ္။

အစ္ကိုကေတာ့ မသိေပမယ့္ အစ္ကို႔ေၾကာင့္
ကြၽန္ေတာ္က ညတာရွည္တာကို မုန္းတတ္ေနၿပီ။
ဘယ္သူမွ မသိလိုက္ခင္မွာ ဒီေလာကထဲက ထြက္
သြားလိုက္ရမွာကိုလည္း ​ေၾကာက္ေနမိၿပီ။ ကိုယ္တိုင္
လြင့္ပစ္ခဲ့ဖူးတဲ့ ​ေဆးေတြကိုလည္း ျပန္ေသာက္မိေန
ၿပီ။ အဲ့တာေတြအားလံုးက တစ္ရက္ေလာက္ျဖစ္ျဖစ္ အကို႔အနားမွာ ရွိေနခ်င္ေသးလို႔။

ဒါေပမယ့္ တစ္ဖက္က ျပန္စဥ္းစားၾကည့္ရင္ အခုလို
အေျခအေနကို ကြၽန္ေတာ္မုန္းတယ္။ တကယ္ဆို
ကြၽန္ေတာ္က အရာအားလံုးကို လက္ေလ်ာ့လိုက္ၿပီး
သားေလ။ အခုမွ ျပန္ျပင္ဆင္ဖို႔ စဥ္းစားေတာ့ေရာ
ဘာတတ္ႏိုင္ေတာ့မွာလဲ။

ကြၽန္ေတာ္က အရာအားလုံးကို အရႈံးေပးလိုက္
ၿပီးသားမို႔ ကြၽန္ေတာ့ကို သတၱိေတြရွိလာေအာင္
ထပ္မလုပ္ပါနဲ႕ေတာ့။

ကိုယ့္ဘက္က စလွမ္းခဲ့တဲ့ေျခလွမ္းမို႔
ကိုယ္တိုင္ပဲ ျပန္႐ုတ္သိမ္းပါတယ္။ ကြၽန္ေတာ္တို႔
ဒီအတိုင္းေလး....ေဝးၾကရေအာင္ အစ္ကို...
_________________________________

ရိေပၚ အစ္ကို႔ကို တစ္ပတ္တိတိ အဆက္အသြယ္
မလုပ္ပဲ ​ေ႐ွာင္ေနခဲ့တယ္။ အစ္ကိုကေတာ့ ရိေပၚကို ထူးျခားၿပီး သတိရေနပါ့မလား မသိေပမယ့္ ရိေပၚမွာ
ေတာ့ လြမ္းလိုက္ရတာ...႐ူးမတတ္။

အေျပးေလးသြားၿပီး ​ေထြးေပြ႔လိုက္ခ်င္တဲ့ စိတ္ကို
ထိန္းခ်ဳပ္လို႔ ​ေဝးျမဲေဝးေအာင္ ​ေနခဲ့တယ္။
တကယ္ပဲ ခက္ခဲလိုက္တာဗ်ာ.....

လြမ္းတဲ့စိတ္ကို ရိေပၚက အကြာအေဝးနဲ႔ တိုင္းတာတယ္။ နီးေနေသးလို႔ ​ေဆြးေနရရင္ ပိုၿပီး ​ေဝးၾကရေအာင္။

ခင္ဗ်ားေပးတဲ့ ​ေႏြးေထြးမႈေတြနဲ႔ ခပ္ေဝးေဝးကို ​ေျပးပါ
မယ္။ ​ေအးစက္မႈနဲ႔ အသားက်သြားတဲ့ တစ္ေန႔ေတာ့
ခင္ဗ်ားကို မလြမ္းေလာက္ေတာ့ဘူး ထင္ပါရဲ႕။

ရိေပၚ Parisကေန ထြက္သြားဖို႔ အားလံုးျပင္ဆင္ၿပီး
ေလဆိပ္ကို ​ေရာက္လာခဲ့တယ္။ ​ေလယာဥ္လက္မွတ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လို႔ ​ေတြေဝစိတ္ေတြ
ကေတာ့ အစိုးမရ..။

တကယ္ပဲ ​ေဝးရေတာ့မယ္ဆိုတဲ့ အသိက မြန္းၾကပ္
ေစတာေတာ့ အမွန္။

နီးဖို႔ မစြမ္းသာတဲ့ဘဝမို႔ ​ေဝးဖို႔ ​ေရြးခ်ယ္ခဲ့တာေလ..
ႏွလံုးသားက ဘာလို႔မ်ား အေၾကာက္အကန္ ျငင္းဆန္
ေနပါလိမ့္။

တစ္ခါတစ္ေလေတာ့ အတၱႀကီးႀကီးနဲ႔ အစ္ကို႔အနား
မွာ ဆက္ေနဖို႔ေတာ့ ​ေတြးမိသား...။
ဒါေပမယ့္ ကြၽန္ေတာ္က တကယ္ပဲ အစ္ကို႔ဘဝထဲမွာ
ဆက္႐ွိေနသင့္ရဲ႕လား။

ေတြေဝတယ္....ဟုတ္တယ္..အစ္ကိုနဲ႔ပတ္သတ္
လာရင္ ကြၽန္ေတာ္က ဘယ္အရာကိုမွ ခိုင္ခိုင္မာမာ
မဆံုးျဖတ္ႏိုင္ေသးဘူး။

ခင္ဗ်ားေပးတဲ့ ​ေႏြးေထြးမႈေတြကို တကယ္ကို လိုအပ္
ေနတာမို႔ ဒီတစ္ခါေလာက္ေတာ့ ​ေလာဘႀကီးၾကည့္
ခ်င္တယ္။ ဝမ္ရိေပၚဟာ ဒီလိုလည္း တစ္ကိုယ္ေကာင္း
ဆန္တတ္ပါေသးတယ္။

ရိေပၚရဲ႕ ​ေျခလွမ္းေတြက တက္ႂကြစြာနဲ႔ပဲ အိမ္ကေလး
ဆီကို ဦးတည္လ်က္။

မေဝးရဖို႔အတြက္ နီးမွျဖစ္မယ္ဆိုလည္း ကြၽန္ေတာ္က
တစ္လွမ္းခ်င္း တိုးလာခဲ့မယ္။

ပိုင္ဆိုးပိုင္နင္းဆန္လြန္းတဲ့ ဒီဧည့္သည္ေလးကို
ခနတာျဖစ္ျဖစ္ေတာ့ ခိုလွံုခြင့္ေပးမယ္မလား။
_________________________________
Unicode

Yibo pov (4)

နီးဖို့ဆိုတဲ့ရည်ရွယ်ချက်မရှိပေမယ့်လှမ်းလိုက်တဲ့
ခြေလှမ်းတိုင်းကနီးစပ်စေဖို့ကိုပဲဦးတည်တယ်။

တစ်ဖက်တည်းကချည်တဲ့ကြိုးမို့မြဲပါစေရယ်ဆန္ဒမပြု
ပေမယ့်ပိုလို့တိုးပြီးတစ်ရစ်ရစ်ချည်နှောင်နေမိတာ
လည်းသူပဲဖြစ်ပြန်တယ်။

ကျွန်တော်ပျောက်ကွယ်သွားရင်တောင်အဆင်ပြေ
နေမယ့်ခင်ဗျားမို့၊တခြားသူတွေထပ်ပိုပြီးသန်မာတဲ့
ခင်ဗျားမို့၊ဘယ်သူ့ကိုမှအလွယ်တကူသံယောဇဉ်
မတွယ်တတ်တဲ့ခင်ဗျားမို့၊နှောင်ဖွဲ့ခြင်းမမြည်တဲ့
သံယောဇဉ်တွေနဲ့အနားမှာတွယ်ကပ်နေတာဟာ
ခင်ဗျားကိုယုံလို့ပဲ။

ခင်ဗျားသာဆိုရင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ကျွန်တော်ဟာတစ်ကိုယ်ကောင်းဆန်ဆန်ပဲ
ကိုယ့်ပျော်ရွှင်မှုကိုရှာဖွေတယ်။

ဟုတ်တယ်။ကျွန်တော်ကဆိုးတယ်။
ခင်ဗျားဆံုံးမမှလိမ္မာမယ့်သူမို့ပစ်ထားလို့မရလောက်
တဲ့အထိတွယ်ကပ်နေမှာ။
_________________________________

အစ်ကိုနဲ့ရင်းနှီးပြီးနောက်မှာရိပေါ်ဟာအကြောင်းမရှိပါဘဲလျက်အစ်ကို့ကိုစနောက်တတ်တဲ့အကျင့်လေး
တစ်ခုဖြစ်လာခဲ့တယ်။ရိပေါ်စနောက်လိုက်လို့စိတ်ဆိုးဒေါသထွက်သွားတဲ့အစ်ကို့မျက်နှာလေးကချစ်
ဖို့ကောင်းတာထပ်ပိုလို့စွဲလမ်းစေတယ်။ရိပေါ်ကို
ဘယ်လိုပဲစိတ်ဆိုးဆိုးပြန်အလျော့ပေးတတ်တဲ့အစ်ကို့ကိုရိပေါ်ကသဘောကျတယ်။

အခုလည်းရိပေါ်ရှေ့မှာရပ်လို့အမေးတခြားအဖြေ
တခြားပြောချင်ရာပြောနေတဲ့အစ်ကိုကfake smileကြီးနဲ့တောင်ချစ်ဖို့ကောင်းနေမှုကြီး။

"ဒီနေ့အကို့ကိုကျွန်တော်အိမ်ပြန်လိုက်ပို့ပေးမယ်"

"ကော်ဖီယူမှာပေါ့နော်.."

"အကိုတစ်ယောက်တည်းဆိုစိတ်မချဘူး"

"Black coffeလား"

"အကို့အိမ်ကိုလည်းရောက်ဖူးချင်တယ်"

"Cakeရောယူဦးမှာလား"

"အကိုအလုပ်ဆင်းတဲ့အထိစောင့်နေမယ်နော်"

"ဒါဆိုCheese cakeပဲယူမှာပေါ့နော်"

"ကျွန်တော်ဆက်ဆက်စောင့်နေမှာမို့အတူတူပြန်မယ်နော်"

"Take-outယူမွာလားဗ်"

"ကျွန်တော်အကိုအလုပ်မဆင်းမချင်းဒီဆိုင်ထဲမှာပဲ
ထိုင်စောင့်နေမှာ"

"ဒါဆိုခနလောက်စောင့်ပေးပါနော်။မှာထားတာတွေ
ရရင်လာပို့ပေးပါမယ်"

"Ok.ဒါနဲ့ကျွန်တော်ကော်ဖီမသောက်ဘူး။Hot chocolateလုပ်ပေးလို့ရမလား။Creamလေးပါ
ထည့်ပေး"

"ဟုတ်ကဲ့"

ရိပေါ်အစ်ကို့အကြောင်းကိုကောင်းကောင်းသိတာပေါ့။ပြန်လိုက်ပို့ပေးပါရစေလို့ရိုးရိုးတောင်းဆိုရင်
အစ်ကိုကလုံးဝလက်ခံမှာမဟုတ်ဘူး။ဒါကြောင့်လည်းရိပေါ်ကအခုလိုတဇွတ်ထိုးဆန်ဆန်ပြုမူလိုက်တာ။Hot chocolateတစ်ခွက်မှာပြီးတစ်နေကုန်ထိုင်စောင့်နေမယ့်ကောင်လေးကိုအစ်ကိုကမသနားရင်တောင်ရိုက်တော့မထုတ်လောက်ပါဘူး။

ရိပေါ်ဆန္ဒမှန်သမျှကိုလိုက်လျောတတ်လွန်းတဲ့အစ်ကို့ကိုတစ်နေ့ထပ်တစ်နေ့ပိုလို့သံယောဇဉ်တွယ်
ရပါတယ်။ရသမျှအခွင့်အရေးလေးတွေကိုအရယူတတ်တဲ့ကျွန်တော်ကအစ်ကို့အမြင်မှာတော့ခပ်ဆိုးဆိုး
ကောင်လေးပေါ့။

တစ်လမ်းလုံးမရပ်မနားစကားတွေပြောလာပေမယ့်
အစ်ကိုကတော့လျစ်လျူရှုမြဲပဲ။တကယ်တော့ဒီအတိုင်းလေးကိုရိပေါ်သဘောကျတယ်။သူ့ဘက်ကစတင်
တဲ့ခြေလှမ်းတိုင်းမှာအစ်ကိုကတော့မပြောင်းမလဲဘဲ
ရှိနေမှဖြစ်မယ်။

အစ်ကို့အတွက်သူကခနတာလုှပ်ခတ်စေတဲ့
ရေလှိုင်းလိုဖြစ်တည်မှုမျိုးမို့သူမရှိတော့တဲ့အခါ
အစ်ကိုကရေပြင်လိုတည်ငြိမ်နေမှဖြစ်မှာ။

အစ်ကို့အိမ်ရောက်တော့...

"ကဲ...လိုက်ပို့ပေးတာကျေးဇူးပဲ။ပြန်လို့ရပြီ"

"ရက္စက္လိုက္တာ အကိုရယ်။အိမ်ထဲတောင်
မခေါ်တော့ဘူးလား"

"လိုလို့လား"

"အကို..."

"...."

"ကျွန်တော်လေ...ညနေကတည်းကဘာမှမစားရ
သေးဘူး၊Hot chocolateတစ်ခွက်ပဲသောက်
ထားတာ"

"အဲ့ဒီတော့....."

"ညစာစားချိန်လည်းရောက်တော့မှာဆိုတော့
ကျွန်တော့ကို ထမင်းလေးဘာလေးမကျွေးချင်ဘူးလား"

"ပြောတော့သူေဋ္ဌးကြီးရဲ့သားဆို..။ထမင်းလေးတောင်တောင်းစားနေရတာလား"

"ကျွန်တော်အိမ်ထမင်းဟင်းမစားရတာကြာပြီမို့ပါ"

အစ်ကို့အိမ်ကိုရောက်ဖူးချင်လို့ဆိုတဲ့အကြံလေးရှိပေ
မယ့်ရိပေါ်အမှန်တကယ်လည်းဗိုက်ဆာနေတာဖြစ်တယ်။သနားတတ်လွန်းတဲ့အစ်ကိုကရိပေါ်ကိုဆို
အမြဲအလျော့ပေးတယ်။

"ကောင်းပြီလေ။ဧည့်ခန်းထဲမှာခနထိုင်စောင့်နေ။
ကိုယ်တစ်ခုခုသွားစီစဉ်လိုက်မယ်"

"ကျွန်တော်ဘာကူလုပ်ပေးရမလဲ"

"မင်းကချက်တတ်လို့လား"

"ဟင့်အင်း.."

"ဒါဆိုလည်းဒီတိုင်းလေးပဲထိုင်နေပါ"

"ဟုတ်ကဲ့ အကို"

အစ်ကို့တိုင်ခန်းလေးကိုသေချာကြည့်မိမှတော်တော်
လေးသပ်သပ်ရပ်ရပ်ရှိပြီးတိတ်ဆိတ်တယ်။အစ်ကိုကတစ်ယောက်တည်းနေလို့ဖြစ်မယ်။

နွေးထွေးတယ်။ရိပေါ်ဘဝမှာပထမဆုံးအကြိမ်
အိမ်လို့်ခံစားမိတဲ့နေရာလေး....
ဒီနေရာလေးမှာသာနေခွင့်ရခဲ့မယ်ဆိုရင်
ကျွန်တော့မှာအိမ်လို့ခေါ်စရာနေရာတစ်ခုရှိခဲ့တယ်
လို့ရဲရဲဝင့်ဝင့်ပြောနိုင်လိမ့်မယ်ထင်တယ်။

ချက်ပြုတ်ပြီးတော့အစ်ကို့ခေါ်သံကြောင့်ရိပေါ်ထမင်း
စားခန်းကိုအပြေးလေးသွားလိုက်တယ်။
စားပွဲပေါ်ကOmuriceကိုမြင်တော့ရိပေါ်ပြုံးမိတယ်။
သူအရင်ကကြက်ဥကိုအရမ်းမုန်းခဲ့ပေမယ့်
အခုတော့သူငြင်းဆန်ဖို့စိတ်ကူးမရှိဘူး။
အစ်ကိုကသူ့အတွက်အပင်ပန်းခံပြီးလုပ်ပေးထား
တာလေ။အဆိပ်ဖြစ်နေရင်တောင်ရိပေါ်က စားလိုက်ဖို့အဆင်သင့်။

"အိမ်မှာရှိတာပဲလုပ်လိုက်တာမို့ စားရတာအဆင်
ပြေရဲ့လား"

"အင်း။ကျွန်တော်စားဖူးသမျှထဲမှာအကောင်းဆုံးပဲ။
အကိုကဟင်းချက်တာလည်းတော်တာပဲနော်"

"ငါကိုယ့်လက်ရာကိုယ်သိပါတယ်။အဲ့လောက်လည်းမဟုတ်ပါဘူး။စားလို့ရတယ်ဆိုရုံလေးပဲ"

"ဟင့်အင်း။ကျွန်တော်တကယ်ပြောတာ။အရမ်း
ကောင်းတယ်"

ဒီစကားကရိပေါ်အမှန်အတိုင်းဝန်ခံခြင်းဖြစ်တယ်။
အစ်ကို့ကြောင့်ကျွန်တော်အရမ်းမုန်းတဲ့Omurice
ကတောင်ကျွန်တော်အကြိုက်ဆုံးအစားအစာဖြစ်
သွားသလို။တစ်စုံတစ်ယောက်ကသူ့အတွက်ရည်ရွယ်ပြီးပြင်ပေးတဲ့ထမင်းပွဲဟာဒီလောက်အရသာ
ရှိမှန်းရိပေါ်မသိခဲ့ဘူး။

"ကောင်းပါပြီ..။စားစရာရှိတာစားပြီးပြန်တော့"

"အကိုကရက္စက္လိုက္တာ..၊နှင်ရက်တယ်နော်"

"ဟောဗျာ...။မပြန်လို့မင်းကဒီမှာအိပ်မှာလား"

"အဲ့လိုလုပ်ရမလား"

"ဝမ်ရိပေါ်!!!!"

"ဟီးဟီး..။ေနာက္တာပါ အကိုရဲ့"

နောက်တာဆိုတဲ့စကားလုံးနဲ့ဖုံးကွယ်လိုက်ရတဲ့ဆန္ဒ
တွေပါပဲ..။ကျွန်တော်ကနွေးထွေးမှုကိုတကယ်ပဲလိုအပ်နေခဲ့တာ ခင်ဗျားရဲ့...။

ပြန်ခါနီးတော့ထုံးစံအတိုင်းအစ်ကို့ကိုရိပေါ်ကချိုချဉ်လေးတစ်လုံးကျွေးတယ်။

ချိုချဉ်လေးတွေကိုမြင်တိုင်းကျွန်တော့ကိုသတိရပါ...
ချိုမြိန်ခြင်းတွေကခင်ဗျားနှုတ်ခမ်းပါးထပ်မှာပိုလို့်
လိုက်ဖက်တယ်။
_________________________________

တကယ်တော့ရိပေါ်ရဲ့ဘဝကအစ်ကိုနဲ့မတွေ့ခင်
အချိန်အထိအရာအားလုံးအစီအစဉ်တကျရှိခဲ့တယ်။
ဘဝရဲ့ကျန်ရှိနေတဲ့သက်တမ်းကိုစိတ်လွတ်ကိုယ်လွတ်ဖြတ်သန်းမယ်။နောင်တမရှိတဲ့ဘဝမျိုးကိုဖြတ်သန်းပြီးဖြည်းဖြည်းချင်းပဲလောကကြီးကိုနှုတ်ဆက်
ဖို့တွေးမိတယ်။ဆေးတွေလည်းမသောက်ဖြစ်တော့
သလို၊ရောဂါဖောက်လာတဲ့အချိန်မျိုးဆိုလည်း
တစ်ယောက်တည်းပဲကြိတ်ခံနေမိတယ်။မြန်မြန်သေ
သွားရင်ကောင်းမယ်ဆိုတဲ့အတွေးဝင်မိတာတော့
အကြိမ်ကြိမ်။

နောက်ဆုံးပါလားလို့စဉ်းစားမိတိုင်း
လုပ်ချင်တာတွေအများကြီးပေါ်လာတတ်တယ်။
နောက်ဆုံးဆန္ဒဆိုပေမယ့်ရိုးရှင်းပါတယ်။
သာမန်လူတွေလိုမျိုးအချုပ်အနှောင်ကင်းကင်းနဲ့နေ
ချင်တယ်။

ဒါပေမယ့်.....
အစ်ကိုနဲ့တွေ့ပြီးနောက်ပိုင်းမှာတော့ကျွန်တော့ရဲ့
ဆန္ဒလေးတွေကမရိုးရှင်းတော့ဘူးအစ်ကိုရဲ့။
လောဘလေးတွေပါလာနေတတ်သလို
နှောင်ဖွဲ့ခြင်းတွေကိုလည်းမြတ်နိုးတတ်လာပြီ။

သံယောဇဉ်မတွယ်ချင်ဘူးလို့အကြိမ်ကြိမ်ကြွေးကျော်
ခဲ့သူကအစ်ကို့ရဲ့အပြုံးလှလှလေးတွေမှာငြိတွယ်နေ
မိတာများသတိလက်လွတ်။

အစ်ကိုကတော့မသိပေမယ့် အစ်ကို့ကြောင့်
ကျွန်တော်ကညတာရှည်တာကိုမုန်းတတ်နေပြီ။
ဘယ်သူမှမသိလိုက်ခင်မှာဒီလောကထဲကထွက်
သွားလိုက်ရမှာကိုလည်းကြောက်နေမိပြီ။ကိုယ်တိုင်
လွင့်ပစ်ခဲ့ဖူးတဲ့ဆေးတွေကိုလည်း ပြန်သောက်မိနေ
ပြီ။အဲ့တာတွေအားလုံးကတစ်ရက်လောက်ဖြစ်ဖြစ် အကို့အနားမှာရှိနေချင်သေးလို့။

ဒါပေမယ့် တစ်ဖက်ကပြန်စဉ်းစားကြည့်ရင်အခုလို
အခြေအနေကိုကျွန်တော်မုန်းတယ်။တကယ်ဆို
ကျွန်တော်ကအရာအားလုံးကိုလက်လျော့လိုက်ပြီး
သားလေ။အခုမှပြန်ပြင်ဆင်ဖို့စဉ်းစားတော့ရော
ဘာတတ်နိုင်တော့မှာလဲ။

ကျွန်တော်ကအရာအားလုံးကိုအရှုံးပေးလိုက်
ပြီးသားမို့ ကျွန်တော့ကိုသတ္တိတွေရှိလာအောင်
ထပ်မလုပ်ပါနဲ့တော့။

ကိုယ့်ဘက်ကစလှမ်းခဲ့တဲ့ခြေလှမ်းမို့
ကိုယ်တိုင်ပဲပြန်ရုတ်သိမ်းပါတယ်။ကျွန်တော်တို့
ဒီအတိုင်းလေး....ဝေးကြရအောင်အစ်ကို...
_________________________________

ရိပေါ် အစ်ကို့ကိုတစ်ပတ်တိတိအဆက်အသွယ်
မလုပ်ပဲရှောင်နေခဲ့တယ်။အစ်ကိုကတော့ရိပေါ်ကိုထူးခြားပြီးသတိရနေပါ့မလားမသိပေမယ့်ရိပေါ်မှာ
တော့လွမ်းလိုက်ရတာ...ရူးမတတ်။

အပြေးလေးသွားပြီး့ထွေးပွေ့လိုက်ချင်တဲ့စိတ်ကို
ထိန်းချုပ်လို့ဝေးမြဲဝေးအောင်နေခဲ့တယ်။
တကယ်ပဲခက်ခဲလိုက်တာဗျာ.....

လွမ်းတဲ့စိတ်ကိုရိပေါ်ကအကွာအဝေးနဲ့တိုင်းတာတယ်။နီးနေသေးလို့ဆွေးနေရရင် ပိုပြီးဝေးကြရအောင်။

ခင်ဗျားပေးတဲ့နွေးထွေးမှုတွေနဲ့ခပ်ဝေးဝေးကိုပြေးပါ
မယ်။အေးစက်မှုနဲ့အသားကျသွားတဲ့တစ်နေ့တော့
ခင်ဗျားကိုမလွမ်းလောက်တော့ဘူးထင်ပါရဲ့။

ရိပေါ်Parisကနေထွက်သွားဖို့အားလုံးပြင်ဆင်ပြီး
လေဆိပ်ကိုရောက်လာခဲ့တယ်။လေယာဉ်လက်မှတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့တွေဝေစိတ်တွေ
ကေတာ့အစိုးမရ..။

တကယ်ပဲဝေးရတော့မယ်ဆိုတဲ့အသိကမွန်းကြပ်
စေတာတော့အမှန်။

နီးဖို့မစွမ်းသာတဲ့ဘဝမို့ဝေးဖို့ရွေးချယ်ခဲ့တာလေ..
နှလုံးသားကဘာလို့များအကြောက်အကန်ငြင်းဆန်
နေပါလိမ့်။

တစ်ခါတစ်လေတော့အတ္တကြီးကြီးနဲ့အစ်ကို့အနား
မှာဆက်နေဖို့တော့တွေးမိသား...။
ဒါပေမယ့်ကျွန်တော်ကတကယ်ပဲအစ်ကို့ဘဝထဲမှာ
ဆက်ရှိနေသင့်ရဲ့လား။

တွေဝေတယ်....ဟုတ်တယ်..အစ်ကိုနဲ့ပတ်သတ်
လာရင်ကျွန်တော်ကဘယ်အရာကိုမှခိုင်ခိုင်မာမာ
မဆုံးဖြတ်နိုင်သေးဘူး။

ခင်ဗျားပေးတဲ့နွေးထွေးမှုတွေကိုတကယ်ကိုလိုအပ်
နေတာမို့ဒီတစ်ခါလောက်တော့လောဘကြီးကြည့်
ချင်တယ်။ဝမ်ရိပေါ်ဟာဒီလိုလည်းတစ်ကိုယ်ကောင်း
ဆန်တတ်ပါသေးတယ်။

ရိပေါ်ရဲ့ခြေလှမ်းတွေကတက်ကြွစွာနဲ့ပဲအိမ်ကလေး
ဆီကိုဦးတည်လျက်။

မဝေးရဖို့အတွက်နီးမှဖြစ်မယ်ဆိုလည်းကျွန်တော်
တစ်လှမ်းခြင်းတိုးလာခဲ့မယ်။

ပိုင်ဆိုးပိုင်နင်းဆန်လွန်းတဲ့ဒီဧည့်သည်လေးကို
ခနတာဖြစ်ဖြစ်တော့ခိုလှုံခွင့်ပေးမယ်မလား။
_________________________________

Continue Reading

You'll Also Like

2.5K 282 12
Name/Title - "Dreams Do Comes True" Main character - Lan Xichen x Jiang Cheng (လန်ရှီးချန်xကျန်းချန်) Type - Own-creation, Kuancheng, Fan-fic, BL,Rom...
53.4K 9.4K 46
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
343K 41.5K 32
ငါတို့ တစ်ယောက်တစ်ဖက်မှာ ရပ်ခဲ့ရတဲ့ အဲ့အချိန်တွေထဲက နတ်ဘုရားတွေဆီ ကတိပြုခဲ့တယ်။ မင်းကို ထာဝရ ကာကွယ် စောင့်ရှောက်ပေးသွားမယ်လို့. . . ...
234K 24.6K 31
Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ႕ Season 2 လို႔ ေျပာလို႔ရတာမို႔ Impe...