အခန္း(၁၂)"Nightlight"
ေန႔ေန႔ညည ဟိုဟိုဒီဒီေျပးလႊားေနခဲ့ရသျဖင့္
႐ွီက်င္း ေမွးကနဲအိပ္ေပ်ာ္သြားသည္မွာ
မဆန္းေပ။ေလယာဥ္ဆိုက္သည္အထိ
အိပ္လို႔ရမည္ဟုေတြးထားေသာ္လည္း
အိပ္မက္တစ္ပိုင္း တစ္ျပတ္တြင္ ေရွာင္စစ္မွ
ေအာ္ဟစ္ၿပီး ႏိႈးေတာ့သည္။
"ဘာျဖစ္တာလဲ.."
အိပ္ခ်င္မူးတူးမ်က္လုံးကို ခက္ခက္ခဲခဲဖြင့္ကာ
ေမးသည္။
ေ႐ွာင္စစ္မွာ အထိတ္တလန္႔ျဖစ္ေနသည္။
<က်င္းက်င္း, ႐ုတ္တရက္ႀကီး အမွတ္၁၀၀
တက္လာတယ္..အခု က်င္းက်င္းအမွတ္
၇၅၀ျဖစ္သြားၿပီ>
ထိုအခါမွ ႐ွီက်င္း သတိလည္လာကာ
မတ္မတ္ထိုင္မိလိုက္သည္။
"ဘာ!?"
သူသည္ ႐ုတ္တရက္ေသြးပူကာ ပါးစပ္မွ
က်ယ္ေလာင္စြာ ေအာ္မိလိုက္သည္။
႐ွီက်င္းေဘးတြင္ထိုင္ေနေသာလ်န္ကြၽင္းမွာ
မဂၢဇင္းကိုခ်ကာ ေခါင္းလွည့္ေမးသည္။
"အိပ္မက္ဆိုးေတြ မက္ေနလို႔လား"
"အာ....ဟုတ္"
႐ွီက်င္း စိတ္လြတ္သြားခဲ့၍ လ်န္ကြၽင္းအား
ကိုးရိုးကားယားျပဳံးျပလိုက္သည္။ထို႔ေနာက္
ထိုင္ခုံတြင္ ျပန္မွီထိုင္ကာ စိတ္ခံစားခ်က္ေတြကို
ခ်ိဳးႏိွမ္လ်က္ စိတ္အတြင္း ေမးလိုက္သည္။
"ဘာလို႔ ႐ုတ္တရက္ႀကီး တက္လာျပန္တာလဲ?
လ်န္ကြၽင္းထပ္ၿပီး အႏၱရာယ္မ်ားလို႔
ငါ့ကိုပါ ထိေရာက္တာလား"
<မဟုတ္ဘူး ဒါလင့္ယူနစ္ဘားက ၅၀၀က
၅၀၀ပဲ>
ေ႐ွာင္စစ္ ျပန္ေျဖသည္။
႐ွီက်င္းသည္ မ်က္ေမွာင္ၾကဳတ္လ်က္
ယူနစ္ဘား ႐ုတ္ခ်ည္းတက္လာရသည့္
အေၾကာင္းအရင္းကို ႐ွာရန္ ပတ္ဝန္းက်င္ကို
အေသးစိတ္ေဝ့ၾကည့္သည္။သူ
ဂ႐ုတစိုက္ေနထိုင္ရင္းေတာင္ ဒီလိုထပ္ျဖစ္သည္။
သူ အိမ္မွထြက္ေျပးၿပီး တ႐ုတ္ႏိုင္ငံကို
လာခဲ့သည္။အဘယ့္ေၾကာင့္ဆိုေသာ္
အစ္ကိုေတြဆီမွ ေဝးေဝးေနျခင္းက
အႏၱရာယ္ကင္းေစႏိုင္ၿပီး ထိုခန္႔မွန္းခ်က္က
အမွန္တကယ္ပင္ မွန္ကန္ေနသည္။
တ႐ုတ္ျပည္၏ အဓိကၿမိဳ႕ေတာ္
B cityသည္ ထိုလူငါးေယာက္
အခ်ိန္အေတာ္မ်ားမ်ား ေနထိုင္ရာေနရာ
ျဖစ္ေနသည္။
သူတို႔ဆီက ေ႐ွာင္ထြက္ဖို႔က အင္မတန္ခက္တာပဲ..
ေလ်ွာက္လမ္းတစ္ဖက္တြင္ ထိုင္ေနေသာ
Gua Erအား လွမ္းၾကည့္ကာ
မသာမယာေမးလိုက္သည္။
"ေ႐ွာင္အာ, Bၿမိဳ႕ကိုေရာက္ေတာ့မွာလား"
Gua Erသည္ သြားျဖဲျပကာ ေျပာသည္။
"၁၅မိနစ္ေတာင္ မလိုေတာ့ဘူး။မင္းကေတာ့
ခရီးတစ္ေလ်ွာက္လုံး ကုလားေသကုလားေမာ
အိပ္ေနတာပဲ က်င္းက်င္းေလး"
႐ွီက်င္းသည္ မ်က္လုံးလွန္ျပၿပီး
လက္ခလယ္ေထာင္ျပလိုက္သည္။ထို႔ေနာက္
ေ႐ွာင္စစ္အား သက္ျပင္းခ်လ်က္ ဆိုသည္။
"ငါတို႔တျဖည္းျဖည္းနီးကပ္လာလို႔
အမွတ္၁၀၀တက္သြားတာ။အနည္းဆုံး
ငါ့အစ္ကိုသုံးေယာက္ေလာက္ေတာ့ Bၿမိဳ႕မွာ
႐ွိေနမယ္လို႔ ငါခန္႔မွန္းထားတယ္"
<ဒါဆို..ငါတို႔ဘာလုပ္ၾကမလဲ..>
ေ႐ွာင္စစ္ တုန္လႈပ္ေနသည္။
"ငါတို႔ ဘာလုပ္ႏိုင္မွာလဲ"
႐ွီက်င္း ထိုင္ခုံတြင္ ေလ်ွာထိုင္ၿပီး ေဘးဖက္ကို
အနည္းငယ္ေခါင္းေစာင္းၾကည့္လိုက္သည္။
ျပတင္းေပါက္မွက်ေရာက္ေနေသာ
အလင္းမိွန္မွိန္ေအာက္တြင္ ႏူးညံ့လွပေသာ
လ်န္ကြၽင္း၏မ်က္ႏွာေကာက္ေၾကာင္းကို
ေငးၾကည့္ကာ တည္တည္ျငိမ္ျငိမ္ေျပာသည္။
"ေသခ်ာေပါက္ ငါတို႔ရဲ႕ေရႊေရာင္ေျခသလုံးကို
အမိကပ္ထားရမွာေပါ့။အဲ့ရက္စက္တဲ့လူေတြနဲ႔
မေတြ႔ႏိုင္ေအာင္ Bၿမိဳ႕က ႀကီးသင့္သေလာက္
ႀကီးပါေစလို႔ ႀကိတ္ဆုေတာင္းရမွာပဲ"
ေ႐ွာင္စစ္: <ဝါး....ဝါး....>
ထိုအရံႈးေပးထားေသာစကားမ်ားေျပာၿပီးေနာက္
ေလယာဥ္ဆိုက္ေရာက္ျပီး "Nightlight"
အမည္ရသည့္ အထက္တန္းစားအနားယူ
ကလပ္တစ္ခုတြင္ အားလုံးအေျခခ်ၾကသည္။
႐ွီက်င္းသည္ ယခုလက္႐ွိBၿမိဳ႕တြင္
မည္သူေတြေနထိုင္သလဲဆိုတာ ႐ွာေဖြရန္
အမ်ိဳးမ်ိဳးေသာလမ္းေၾကာင္းမ်ားမွ
သူ႔အစ္ကိုမ်ား၏အခ်က္အလက္မ်ားကို
ျမန္ျမန္ဆန္ဆန္ စုေဆာင္းေတာ့သည္။
ထိုအထဲမွာမွ အေျခအေနအဆင့္အတန္း
ထူးျခားျမင့္မားေသာ အစ္ကိုသုံးေယာက္၏
သတင္းအား လြယ္လြယ္ကူကူ႐ွာေဖြႏိုင္သည္။
တစ္ေယာက္ေသာသူမွာ မၾကာခဏ
စီးပြားေရးသတင္းမ်ားတြင္ ပါလာတတ္ေသာ
ေအာင္ျမင္ေနသည့္ လူသစ္စီးပြားေရးသမား
႐ွီေဝခ်ဳံး ျဖစ္သည္။
ထိုသူအတြက္ေတာ့ အြန္လိုင္းက ႐ိုး႐ိုး႐ွင္း႐ွင္း
႐ွာလိုက္႐ုံႏွင့္ လုံေလာက္၏။
ေနာက္တစ္ဦးကေတာ့ စီးပြားေရးဆိုင္ရာကို
အထူးျပဳေဆာင္ရြက္ေသာ ေ႐ွ႕ေနတစ္ဦးျဖစ္သည့္
ဒုတိယအစ္ကို ေဖးယြီက်င့္ ျဖစ္သည္။
ေဖးယြီက်င့္မွာ ထိုဥပေဒနယ္ပယ္တြင္
အမွန္တကယ္ ျသဇာ႐ွိသူတစ္ဦးျဖစ္ၿပီး
အင္မတန္အေရးႀကီးေသာအမႈကိစၥမ်ားကိုသာ
တာဝန္ယူေျဖ႐ွင္းေလ့႐ွိသည္။တစ္ႏွစ္လုံးတြင္
ရက္သုံးရာေလာက္ အလုပ္လုပ္ေသာသူ
တစ္ဦးလည္းျဖစ္သည္။ထို႔ေၾကာင့္ ႐ွီက်င္းသည္
ေဖးယြီက်င့္ လတ္တေလာကိုင္ကြယ္ထားေသာ
အမႈမ်ားကို ႐ွာျခင္းျဖင့္ ဘယ္မွာ႐ွိႏိုင္ေၾကာင္း
အနည္းႏွင့့္အမ်ား ခန္႔မွန္းႏိုင္သည္။
ေနာက္ဆုံးတစ္ေယာက္ကေတာ့
တတိယအစ္ကိုျဖစ္သူ ႐ုန္က်ိဳးက်ံဳး။ ထိုသူ႔ကို
"စီးပြားေရးေဖ်ာ္ေျဖမႈေလာက၏နတ္ဆိုးဘုရင္"ဟု
ေခၚဆိုၾကၿပီး သတင္းထိပ္စီးမ်ားတြင္
မၾကာခဏေဖာ္ျပခံရသည္အထိ
အလြန္ေအာင္ျမင္ေက်ာ္ၾကားသည္။ထိုသူ၏
လႈပ္႐ွားမႈမ်ားကေတာ့ ေျခရာခံရလြယ္သည္။
႐ုန္က်ိဳးက်ံဳး၏ပရိသတ္မ်ားက သူ၏
အခ်ိန္ဇယားခရီးစဥ္မ်ားကို
အနည္းဆုံးတစ္လေလာက္
အေသးစိတ္ႀကိဳသိၾက၍ ျဖစ္သည္။
႐ွီက်င္းခဗ်ာ ႐ုန္က်ိဳးက်ံဳး၏
အမာခံပရိတ္သတ္အျဖစ္ ဟန္ေဆာင္ကာ
private fan chat မ်ားအတြင္းသို႔
ခိုးေခ်ာင္ခိုးဝွက္ ဝင္ေရာက္၍ အ႐ူးတပိုင္း
႐ွာေဖြခဲ့ရသည္။
မနက္ခင္းတစ္ခု၏အေစာပိုင္းမွာေတာ့
သူ႔အစ္ကိုမ်ား၏တည္ေနရာမ်ားကို သိ႐ွိသြားသည္။
႐ွီေဝခ်ဳံးကေတာ့ သူ႔အရင္ကုမၸဏီႏွင့္
ရြယ္႐ွင္းလုပ္ငန္းစုကို ပူးေပါင္းရန္
အစီအစဥ္ေၾကာင့္ Bၿမိဳ႕ေတာ္တြင္
အခ်ိန္အေတာ္ၾကာ ရွိေနဦးမည္။
ေဖးယြီက်င္းသည္ ကမၻာ၏တစ္ဖက္ျခမ္း
တစ္ေနရာတြင္ ဥပေဒအား ဆန္႔က်င့္သည့္
ေငြေၾကးအာဏာ႐ွင္တစ္ဦးႏွင့္ေျဖ႐ွင္းေနရသျဖင့္
ဟိုဟိုဒီဒီသြားရန္ အခ်ိန္မ႐ွိ၍
ဒီမွာမ႐ွိေၾကာင္း အတည္ျပဳၿပီး။
႐ုန္က်ိဳးက်ံဳးအေၾကာင္းေျပာရမယ္ဆိုရင္
Bၿမိဳ႕ေတာ္မွာ ႐ွိႏိုင္မလို မ႐ွိလည္းမ႐ွိႏိုင္ေပ။
အဘယ္ေၾကာင့္ဆိုေသာ္ သူသည္
လတ္တေလာက Bၿမိဳ႕ႏွင့္ Sၿမိဳ႕ကို
သြားလိုက္လာလိုက္ လုပ္ရမည္ဟု
ေၾကညာထားေပသည္။
စိတ္ခ်ရေအာင္ ေျပာရရင္ ေဖးယြီက်င္း
မ႐ွိတာကအပ ေနာက္က်န္႐ွိေနေသာ
အစ္ကိုႏွစ္ေယာက္ကလည္း Bၿမိဳ႕မွာပဲ
႐ွိႏိုင္သည္ဟု ယူဆရမည္။ထို႔ေၾကာင့္
လက္႐ွိအေနအထားအရ ႐ွီက်င္းသည္
သူ႔အစ္ကိုေလးေယာက္ႏွင့္ မေမ်ွာ္လင့္ဘဲ
ေတြ႕ဆုံႏိုင္၍ ေ႐ွာင္တိမ္းႏိုင္ေအာင္
သတိထားရမည္။
"သူတို႔အားလုံးနီးပါက ဒီမွာ႐ွိေနၾကတယ္"
႐ွီက်င္းသည္ ဖုန္းကိုလက္မွခ်ကာ
၇၅၀ကိုေရာက္ေနေသာ ဘားတန္းကိုၾကည့္၍
သက္ျပင္းခ်လိုက္သည္။
"ကံေကာင္းတာက နည္းဗ်ဴဟာစီမံႏိုင္ဖို႔
ဘားတန္းက ေနရာလုံလုံေလာက္ေလာက္
႐ွိေသးတာကို ေက်းဇူးတင္ရမယ္။အေျခအေနက
အဲ့ေလာက္ႀကီး မဆိုးေသးပါဘူးေလ"
<အင္း>
ေ႐ွာင္စစ္သည္ ႐ွီက်င္းအား ကိုယ္ခ်င္းစာ
သလို ခံစားရ၍ ႏွစ္သိမ့္ဖို႔ ႀကိဳးစားသည္။
<က်င္းက်င္း,အခ်ိန္ကကန္႔သတ္ထားတာ
မဟုတ္လို႔ အရမ္းစိတ္ဖိစီးေနစရာမလိုပါဘူး။
အကယ္၍...အကယ္၍ က်င္းက်င္း
အရမ္းပင္ပန္းေနရင္ ဘာမွမလုပ္ဘဲ
ေရေမ်ာငါးပါေလးပဲ ေနသြားလည္းရပါတယ္-
ဒါလင္ကိုလည္း ႐ွာေတြ႔ေနၿပီ ဒါေၾကာင့္
အားလုံး တျဖည္းျဖည္းအဆင္ေျပသြားမွာပါ>
ထိုအခါ ႐ွီက်င္း၏မ်က္ဝန္းမ်ားမွာ
ႏူးညံ့ေပ်ာ့ေျပာင္း သြားသည္။
"ဒါပင္မဲ့ ယူနစ္ဘားမေပ်ာက္သေရြ႔
မင္းအတြက္လည္းေကာင္းမွာမဟုတ္ဘူးမလား။
အားလုံးထက္ မင္းငါ့ဆီမွာ အားရပါးရ
ခုန္ေပါက္ေနတာ မင္းခြန္အားကလည္း
အကန္႔အသတ္နဲ႔ပဲေလ"
ေ႐ွာင္စစ္ စကားမေျပာေတာ့ေပ။
"အ႐ူးေလး"
႐ွီက်င္း သက္ျပင္းခ်ကာ ျပဳံးလိုက္သည္။
သူ႔လက္ေတြကို ေခါင္းေနာက္ဘက္သို႔တင္ကာ
ခပ္ရြဲ႔ရြဲ႔ဆိုသည္။
"သက္တမ္းတစ္ေလ်ွာက္လုံး ငါ့ေခါင္းထဲ
မင္းငိုသံေတြ မၾကားခ်င္ဘူး မင္းက
တကယ္နားညီးတယ္"
ေ႐ွာင္စစ္သည္ မ်က္ရည္အျပည့္ျဖင့္
သနားစဖြယ္ေျပာသည္။
<က်င္းက်င္း...>
"ေအးပါ..ငါမင္းကို မစေတာ့ဘူး"
႐ွီက်င္း ေ႐ွာင္စစ္အား ေခ်ာ့ေမာ့ၿပီးေနာက္
သူ႔အသံမွာ ျပန္ေလးနက္လာသည္။
"ေ႐ွာင္စစ္,ငါ့ေန႔ရက္ေတြကို ပုန္းေရွာင္ရင္း
အသက္ေသမွာကို စိုးရိမ္ေသာကေရာက္ရင္း
မျဖတ္သန္းခ်င္ဘူး။မင္းငါ့ကိုေပးတဲ့
ဒုတိယဘဝကို ဒီလိုျဖဳန္းတီးဖို႔က
တန္ဖိုး႐ွိလြန္းတယ္။ေနာက္ၿပီးေတာ့ မူလ႐ွီက်င္း
ေသဆုံးပုံကတစ္ခုခုထူးဆန္းေနတယ္လို႔
ငါအျမဲခံစားရတယ္။အကယ္၍
အစ္ကိုငါးေယာက္လုံးက သူ႔ကို
တကယ္မုန္းတယ္ဆို သူအရြယ္ေရာက္လာတာ
နဲ႔အမ်ွ ျဖည္းျဖည္းခ်င္း ႏိွပ္စက္သြားလို႔
ရတယ္ေလ။႐ွီက်င္းကိုသတ္ၿပီး သူတို႔လက္ကို
အလကားေသြးစြန္းစရာမွ မလိုတာ။
သူတို႔အားလုံးက ေနရာအသီးသီးမွာ
အေတာ္ေအာင္ျမင္ေက်ာ္ၾကားၿပီး အရည္အခ်င္း
႐ွိတဲ့လူငယ္ေတြခ်ည္းပဲ။လူသတ္မႈေပၚသြားခဲ့ရင္
သူတို႔ဘဝေတြကို အက်ဥ္းေထာင္ထဲ
ျဖတ္သန္း သြားရမွာ ဒီလိုလုပ္တာ
သူတို႔အတြက္တန္လို႔လား။ၿပီးေတာ့
ငါအရင္ဘဝက ဘာလဲဆိုတာမင္းမေမ့နဲ႔ဦး။
အခု ငါ့မ်က္စိေ႐ွ႕မွာျဖစ္တဲ့ လူသတ္မႈကို
အရင္းက စမသိရဘဲ ငါေအးေအးခ်မ္းခ်မ္း
အိပ္ႏိုင္မွာမဟုတ္ဘူး"
<က်င္းက်င္း...ဝါး!...အမ္,အမ္...အု>
ေ႐ွာင္စစ္အလြန္အမင္း ဟတ္ထိသြားသည္။
႐ွီက်င္း တခဏ ေၾကာင္သြားၿပီးမွ ရယ္ေလသည္။
"ေ႐ွာင္စစ္,မင္းရဲ႕အသြင္မွန္က
အငိုသန္တဲ့အ႐ုပ္မ်ားလား"
ေ႐ွာင္စစ္သည္ အႀကိမ္ေရတစ္ခ်ိဳ႕
ႀကိဳ႕ထိုးၿပီးမွ ေအာ္ငိုရင္း ေျပာသည္။
<က်င္းက်င္းကအရမ္းမိုက္တယ္>
တစ္ေအာင့္ၾကာၿပီးေနာက္ စက္ခ်ိဴ႕ယြင္း
ေနေသာအသံျဖင့္
<က်င္းက်င္း တအားရက္စက္တယ္>
Systemမွာ သနားခ်င့္စဖြယ္ေကာင္းသလို
ရယ္စရာလည္းေကာင္းသည္ဟု
႐ွီက်င္းခံစားရသည္။ရွီက်င္းသည္ systemအား
ညင္သာစြာေခ်ာ့ျမဴေနရင္း အခ်ိန္ခဏအၾကာမွာ
မသိမသာ အိပ္ေမာက်သြားေတာ့သည္။
ထို႔ေနာက္မွာ "ေသမည့္ရက္ကို ထိုင္ကာေစာင့္"
ဟူေသာ အခ်ိန္မ်ားစတင္ေတာ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ ႐ွီက်င္းသည္
လ်န္ကြၽင္းေနာက္သာလိုက္ပါရၿပီး သူ႔နားတြင္သာ
ေနရေသာေၾကာင့္ ဘယ္ကိုမွသြား၍မရဘဲ
တစ္သက္လုံးမႁပီးဆုံးႏိုင္ေသာ
စာရြက္စာတမ္းတစ္ပုံတစ္ေခါင္းႀကီးကို
လက္ခံအတည္ျပဳေနသည့့္သူကိုသာ
ေစာင့္ၾကည့္ေနရသည္။ေန႔ရက္တိုင္းသည္
တူညီေသာအရာမ်ားသာ ထပ္ခါတလဲလဲ ျဖစ္ေနၿပီး
အလြန္စိတ္ပ်က္ၿငီးေငြ႔စရာေကာင္းလာသည္။
သို႔ေသာ္ Gua Yiႏွင့္တျခားသူမ်ားကေတာ့
အလုပ္မ်ားေနဟန္႐ွိသည္။Bၿမိဳ႕ကိုေရာက္ၿပီး
ဒုတိယရက္တည္းက စတင္ေျပးလႊားေနၾကၿပီး
တစ္ခါတစ္ရံ ျပန္မလာဘဲ ညလုံးေပါက္
အျပင္မွာ႐ွိတတ္ၾကသည္။
"ဘယ္လိုလုပ္ စကားေျပာမဲ့သူတစ္ေယာက္မွ
မ႐ွိရတာတုန္း..."
႐ွီက်င္းသည္ စိတ္မြန္းၾကပ္လာသလို ခံစားရၿပီး
ပူေဆြးစြာ စိတ္ထဲ၌ ညည္းသည္။
"Bၿမိဳ႕ကို လာၿပီးတာနဲ႔ ဒီလိုအက်ဥ္းက်ေနမယ္
မွန္းသိရင္ ငါ့အစ္ကိုေတြအေၾကာင္း
လုံးဝစိတ္မပူခဲ့ပါဘူး..တစ္ျခားသူေတြနဲ႔ေတြ႔ဖို႔
အခြင့္အေရးေတာင္မ႐ွိတာ သူတို႔ဆို ေဝးစြဘဲ"
<က်င္းက်င္းက အက်ဥ္းက်ေနတာမဟုတ္ပါဘူး
ဒါက ဒါလင္နဲ႔ ပိုရင္းႏွီးေအာင္လုပ္ဖို႔
အခြင့္အေရးပဲေလ>
ေ႐ွာင္စစ္ ေစာဒကတက္ေလသည္။
"သူက ငါ့ကို ပိုနီးကပ္ခြင့္ေပးမယ္လို႔ ထင္လား"
ေအးစက္စက္အျကည့္တစ္စုံျဖင့္
စားပြဲခုံအကြယ္တြင္ ထိုင္ေနေသာလ်န္ကြၽင္းအား
လွမ္းၾကည့္ လိုက္သည္။
ေ႐ွာင္စစ္ ျပန္ေျပာစရာစကား ေပ်ာက္႐ွသြားသည္။
"ပ်င္းေနၿပီလား?"
လ်န္ကြၽင္းသည္ ႐ုတ္တရက္
ေခါင္းေထာင္ၾကည့္ကာေမးသည္။
႐ွီက်င္း လန္႔သြားသည္။တစ္ခဏမ်ွ
ေအးခဲသြားေသာ္လည္း သူဒီထက္ပိုၿပီး
မၿငီးေငြ႔ခ်င္ေတာ့ သည့္အတြက္ ႐ိုး႐ိုး႐ွင္း႐ွင္း
ေခါင္းညိတ္ျပလိုက္ေတာ့သည္။
**************
ဘာသာျပန္ဆိုသူ၏ Note
"Nightlight" [夜色] -"ကလပ္"လို႔ဆိုပင္မဲ့ nightclubလိုမ်ိဳးမဟုတ္ဘဲ
သူေဌးေတြအနားယူတဲ့ ေနရာမ်ိဳးပါ။
=============================
အခန်း(၁၂)"Nightlight"
နေ့နေ့ညည ဟိုဟိုဒီဒီပြေးလွှားနေခဲ့ရသဖြင့်
ရှီကျင်းမှေးကနဲအိပ်ပျော်သွားသည်မှာ
မဆန်းပေ။လေယာဉ်ဆိုက်သည်အထိ
အိပ်လို့ရမည်ဟုတွေးထားသော်လည်း
အိပ်မက်တစ်ပိုင်း တစ်ပြတ်တွင်ရှောင်စစ်မှ
အော်ဟစ်ပြီး နှိုးတော့သည်။
"ဘာဖြစ်တာလဲ.."
အိပ်ချင်မူးတူးမျက်လုံးကို ခက်ခက်ခဲခဲဖွင့်ကာ
မေးသည်။
ရှောင်စစ်မှာ အထိတ်တလန့်ဖြစ်နေသည်။
<ကျင်းကျင်း, ရုတ်တရက်ကြီး အမှတ်၁၀၀
တက်လာတယ်..အခု ကျင်းကျင်းအမှတ်
၇၅၀ဖြစ်သွားပြီ>
ထိုအခါမှ ရှီကျင်း သတိလည်လာကာ
မတ်မတ်ထိုင်မိလိုက်သည်။
"ဘာ!?"
သူသည်ရုတ်တရက်သွေးပူကာ ပါးစပ်မှ
ကျယ်လောင်စွာအော်မိလိုက်သည်။
ရှီကျင်းဘေးတွင်ထိုင်နေသောလျန်ကျွင်းမှာ
မဂ္ဂဇင်းကိုချကာခေါင်းလှည့်မေးသည်။
"အိပ်မက်ဆိုးတွေ မက်နေလို့လား"
"အာ....ဟုတ်"
ရှီကျင်း စိတ်လွတ်သွားခဲ့၍ လျန်ကျွင်းအား
ကိုးရိုးကားယားပြုံးပြလိုက်သည်။ထို့နောက်
ထိုင်ခုံတွင်ပြန်မှီထိုင်ကာ စိတ်ခံစားချက်တွေကို
ချိုးနှိမ်လျက်စိတ်အတွင်းမေးလိုက်သည်။
"ဘာလို့ ရုတ်တရက်ကြီး တက်လာပြန်တာလဲ?
လျန်ကျွင်းထပ်ပြီး အန္တရာယ်များလို့
ငါ့ကိုပါ ထိရောက်တာလား"
<မဟုတ်ဘူး ဒါလင့်ယူနစ်ဘားက ၅၀၀က
၅၀၀ပဲ>
ရှောင်စစ်ပြန်ဖြေသည်။
ရှီကျင်းသည်မျက်မှောင်ကြုတ်လျက်
ယူနစ်ဘား ရုတ်ချည်းတက်လာရသည့်
အကြောင်းအရင်းကို ရှာရန်ပတ်ဝန်းကျင်ကို
အသေးစိတ်ဝေ့ကြည့်သည်။သူ
ဂရုတစိုက်နေထိုင်ရင်းတောင်ဒီလိုထပ်ဖြစ်သည်။
သူ အိမ်မှထွက်ပြေးပြီး တရုတ်နိုင်ငံကို
လာခဲ့သည်။အဘယ့်ကြောင့်ဆိုသော်
အစ်ကိုတွေဆီမှဝေးဝေးနေခြင်းက
အန္တရာယ်ကင်းစေနိုင်ပြီး ထိုခန့်မှန်းချက်က
အမှန်တကယ်ပင်မှန်ကန်နေသည်။
တရုတ်ပြည်၏ အဓိကမြို့တော်
B cityသည်ထိုလူငါးယောက်
အချိန်အေတ်ာများများနေထိုင်ရာနေရာ
ဖြစ်နေသည်။
သူတို့ဆီကရှောင်ထွက်ဖို့က အင်မတန်ခက်တာပဲ..
လျှောက်လမ်းတစ်ဖက်တွင်ထိုင်နေသော
Gua Erအား လှမ်းကြည့်ကာ
မသာမယာမေးလိုက်သည်။
"ရှောင်အာ, Bမြို့ကိုရောက်တော့မှာလား"
Gua Erသည်သွားဖြဲပြကာပြောသည်။
"၁၅မိနစ်တောင်မလိုတော့ဘူး။မင်းကတော့
ခရီးတစ်လျှောက်လုံး ကုလားသေကုလားမော
အိပ်နေတာပဲ ကျင်းကျင်းလေး"
ရှီကျင်းသည်မျက်လုံးလှန်ပြပြီး
လက်ခလယ်ထောင်ပြလိုက်သည်။ထို့နောက်
ရှောင်စစ်အား သက်ပြင်းချလျက်ဆိုသည်။
"ငါတို့တဖြည်းဖြည်းနီးကပ်လာလို့
အမှတ်၁၀၀တက်သွားတာ။အနည်းဆုံး
ငါ့အစ်ကိုသုံးယောက်လောက်တော့ Bမြို့မှာ
ရှိနေမယ်လို့ ငါခန့်မှန်းထားတယ်"
<ဒါဆို..ငါတို့ဘာလုပ်ကြမလဲ..>
ရှောင်စစ်တုန်လှုပ်နေသည်။
"ငါတို့ ဘာလုပ်နိုင်မှာလဲ"
ရှီကျင်း ထိုင်ခုံတွင်လျှောထိုင်ပြီးဘေးဖက်ကို
အနည်းငယ်ခေါင်းစောင်းကြည့်လိုက်သည်။
ပြတင်းပေါက်မှကျရောက်နေသော
အလင်းမှိန်မှိန်အောက်တွင်နူးညံ့လှပသော
လျန်ကျွင်း၏မျက်နှာကောက်ကြောင်းကို
ငေးကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောသည်။
"သေချာပေါက်ငါတို့ရဲ့ရွှေရောင်ခြေသလုံးကို
အမိကပ်ထားရမှာပေါ့။အဲ့ရက်စက်တဲ့လူတွေနဲ့
မတွေ့နိုင်အောင်Bမြို့က ကြီးသင့်သလောက်
ကြီးပါစေလို့ ကြိတ်ဆုတောင်းရမှာပဲ"
ရှောင်စစ်: <ဝါး....ဝါး....>
ထိုအရှုံးပေးထားသောစကားများပြောပြီးနောက်
လေယာဉ်ဆိုက်ရောက်ပြီး "Nightlight"
အမည်ရသည့်အထက်တန်းစားအနားယူ
ကလပ်တစ်ခုတွင်အားလုံးအခြေချကြသည်။
ရှီကျင်းသည်ယခုလက်ရှိBမြို့တွင်
မည်သူတွေနေထိုင်သလဲဆိုတာ ရှာဖွေရန်
အမျိုးမျိုးသောလမ်းကြောင်းများမှ
သူ့အစ်ကိုများ၏အချက်အလက်များကို
မြန်မြန်ဆန်ဆန်စုဆောင်းတော့သည်။
ထိုအထဲမှာမှ အခြေအနေအဆင့်အတန်း
ထူးခြားမြင့်မားသော အစ်ကိုသုံးယောက်၏
သတင်းအား လွယ်လွယ်ကူကူရှာဖွေနိုင်သည်။
တစ်ယောက်သောသူမှာ မကြာခဏ
စီးပွားရေးသတင်းများတွင်ပါလာတတ်သော
အောင်မြင်နေသည့်လူသစ်စီးပွားရေးသမား
ရှီဝေချုံး ဖြစ်သည်။
ထိုသူအတွက်တော့ အွန်လိုင်းက ရိုးရိုးရှင်းရှင်း
ရှာလိုက်ရုံနှင့်လုံလောက်၏။
နောက်တစ်ဦးကတော့ စီးပွားရေးဆိုင်ရာကို
အထူးပြုဆောင်ရွက်သောရှေ့နေတစ်ဦးဖြစ်သည့်
ဒုတိယအစ်ကိုဖေးယွီကျင့်ဖြစ်သည်။
ဖေးယွီကျင့်မှာ ထိုဥပဒေနယ်ပယ်တွင်
အမှန်တကယ်သြဇာရှိသူတစ်ဦးဖြစ်ပြီး
အင်မတန်အရေးကြီးသောအမှုကိစ္စများကိုသာ
တာဝန်ယူဖြေရှင်းလေ့ရှိသည်။တစ်နှစ်လုံးတွင်
ရက်သုံးရာလောက်အလုပ်လုပ်သောသူ
တစ်ဦးလည်းဖြစ်သည်။ထို့ကြောင့်ရှီကျင်းသည်
ဖေးယွီကျင့်လတ်တလောကိုင်ကွယ်ထားသော
အမှုများကို ရှာခြင်းဖြင့်ဘယ်မှာရှိနိုင်ကြောင်း
အနည်းနှင့့်အများ ခန့်မှန်းနိုင်သည်။
နောက်ဆုံးတစ်ယောက်ကတော့
တတိယအစ်ကိုဖြစ်သူ ရုန်ကျိုးကျုံး။ ထိုသူ့ကို
"စီးပွားရေးဖျော်ဖြေမှုလောက၏နတ်ဆိုးဘုရင်"ဟု
ခေါ်ဆိုကြပြီး သတင်းထိပ်စီးများတွင်
မကြာခဏဖော်ပြခံရသည်အထိ
အလွန်အောင်မြင်ကျော်ကြားသည်။ထိုသူ၏
လှုပ်ရှားမှုများကတော့ခြေရာခံရလွယ်သည်။
ရုန်ကျိုးကျုံး၏ပရိသတ်များက သူ၏
အချိန်ဇယားခရီးစဉ်များကို
အနည်းဆုံးတစ်လလောက်
အသေးစိတ်ကြိုသိကြ၍ ဖြစ်သည်။
ရှီကျင်းခဗျာ ရုန်ကျိုးကျုံး၏
အမာခံပရိတ်သတ်အဖြစ်ဟန်ဆောင်ကာ
private fan chat များအတွင်းသို့
ခိုးချောင်ခိုးဝှက်ဝင်ရောက်၍ အရူးတပိုင်း
ရှာဖွေခဲ့ရသည်။
မနက်ခင်းတစ်ခု၏အစောပိုင်းမှာတော့
သူ့အစ်ကိုများ၏တည်နေရာများကို သိရှိသွားသည်။
ရှီဝေချုံးကတော့ သူ့အရင်ကုမ္ပဏီနှင့်
ရွယ်ရှင်းလုပ်ငန်းစုကို ပူးပေါင်းရန်
အစီအစဉ်ကြောင့်Bမြို့တော်တွင်
အချိန်အတော်ကြာ ရှိနေဦးမည်။
ဖေးယွီကျင်းသည်ကမ္ဘာ၏တစ်ဖက်ခြမ်း
တစ်နေရာတွင်ဥပဒေအား ဆန့်ကျင့်သည့်
ငွေကြေးအာဏာရှင်တစ်ဦးနှင့်ဖြေရှင်းနေရသဖြင့်
ဟိုဟိုဒီဒီသွားရန်အချိန်မရှိ၍
ဒီမှာမရှိကြောင်း အတည်ပြုပြီး။
ရုန်ကျိုးကျုံးအကြောင်းပြောရမယ်ဆိုရင်
Bမြို့တော်မှာ ရှိနိုင်မလို မရှိလည်းမရှိနိုင်ပေ။
အဘယ်ကြောင့်ဆိုသော်သူသည်
လတ်တလောက Bမြို့နှင့်Sမြို့ကို
သွားလိုက်လာလိုက်လုပ်ရမည်ဟု
ကြေညာထားပေသည်။
စိတ်ချရအောင်ပြောရရင်ဖေးယွီကျင်း
မရှိတာကအပနောက်ကျန်ရှိနေသော
အစ်ကိုနှစ်ယောက်ကလည်း Bမြို့မှာပဲ
ရှိနိုင်သည်ဟု ယူဆရမည်။ထို့ကြောင့်
လက်ရှိအနေအထားအရ ရှီကျင်းသည်
သူ့အစ်ကိုလေးယောက်နှင့်မမျှော်လင့်ဘဲ
တွေ့ဆုံနိုင်၍ရှောင်တိမ်းနိုင်အောင်
သတိထားရမည်။
"သူတို့အားလုံးနီးပါက ဒီမှာရှိနေကြတယ်"
ရှီကျင်းသည်ဖုန်းကိုလက်မှချကာ
၇၅၀ကိုရောက်နေသော ဘားတန်းကိုကြည့်၍
သက်ပြင်းချလိုက်သည်။
"ကံကောင်းတာက နည်းဗျူဟာစီမံနိုင်ဖို့
ဘားတန်းကနေရာလုံလုံလောက်လောက်
ရှိသေးတာကိုကျေးဇူးတင်ရမယ်။အခြေအနေက
အဲ့လောက်ကြီး မဆိုးသေးပါဘူးလေ"
<အင်း>
ရှောင်စစ်သည်ရှီကျင်းအား ကိုယ်ချင်းစာ
သလို ခံစားရ၍ နှစ်သိမ့်ဖို့ ကြိုးစားသည်။
<ကျင်းကျင်း,အချိန်ကကန့်သတ်ထားတာ
မဟုတ်လို့ အရမ်းစိတ်ဖိစီးနေစရာမလိုပါဘူး။
အကယ်၍...အကယ်၍ ကျင်းကျင်း
အရမ်းပင်ပန်းနေရင်ဘာမှမလုပ်ဘဲ
ရေမျောငါးပါလေးပဲနေသွားလည်းရပါတယ်-
ဒါလင်ကိုလည်း ရှာတွေ့နေပြီ ဒါကြောင့်
အားလုံး တဖြည်းဖြည်းအဆင်ပြေသွားမှာပါ>
ထိုအခါ ရှီကျင်း၏မျက်ဝန်းများမှာ
နူးညံ့ပျော့ပြောင်း သွားသည်။
"ဒါပင်မဲ့ ယူနစ်ဘားမပျောက်သရွေ့
မင်းအတွက်လည်းကောင်းမှာမဟုတ်ဘူးမလား။
အားလုံးထက်မင်းငါ့ဆီမှာ အားရပါးရ
ခုန်ပေါက်နေတာ မင်းခွန်အားကလည်း
အကန့်အသတ်နဲ့ပဲလေ"
ရှောင်စစ်စကားမပြောတော့ပေ။
"အရူးလေး"
ရှီကျင်း သက်ပြင်းချကာ ပြုံးလိုက်သည်။
သူ့လက်တွေကိုခေါင်းနောက်ဘက်သို့တင်ကာ
ခပ်ရွဲ့ရွဲ့ဆိုသည်။
"သက်တမ်းတစ်လျှောက်လုံး ငါ့ခေါင်းထဲ
မင်းငိုသံတွေ မကြားချင်ဘူး မင်းက
တကယ်နားညီးတယ်"
ရှောင်စစ်သည်မျက်ရည်အပြည့်ဖြင့်
သနားစဖွယ်ပြောသည်။
<ကျင်းကျင်း...>
"အေးပါ..ငါမင်းကို မစတော့ဘူး"
ရှီကျင်းရှောင်စစ်အားချော့မော့ပြီးနောက်
သူ့အသံမှာ ပြန်လေးနက်လာသည်။
"ရှောင်စစ်,ငါ့နေ့ရက်တွေကို ပုန်းရှောင်ရင်း
အသက်သေမှာကို စိုးရိမ်သောကရောက်ရင်း
မဖြတ်သန်းချင်ဘူး။မင်းငါ့ကိုပေးတဲ့
ဒုတိယဘဝကို ဒီလိုဖြုန်းတီးဖို့က
တန်ဖိုးရှိလွန်းတယ်။နောက်ပြီးတော့ မူလရှီကျင်း
သေဆုံးပုံကတစ်ခုခုထူးဆန်းနေတယ်လို့
ငါအမြဲခံစားရတယ်။အကယ်၍
အစ်ကိုငါးယောက်လုံးက သူ့ကို
တကယ်မုန်းတယ်ဆို သူအရွယ်ရောက်လာတာ
နဲ့အမျှ ဖြည်းဖြည်းချင်း နှိပ်စက်သွားလို့
ရတယ်လေ။ရှီကျင်းကိုသတ်ပြီး သူတို့လက်ကို
အလကားသွေးစွန်းစရာမှ မလိုတာ။
သူတို့အားလုံးကနေရာအသီးသီးမှာ
အတော်အောင်မြင်ကျော်ကြားပြီး အရည်အချင်း
ရှိတဲ့လူငယ်တွေချည်းပဲ။လူသတ်မှုပေါ်သွားခဲ့ရင်
သူတို့ဘဝတွေကို အကျဉ်းထောင်ထဲ
ဖြတ်သန်း သွားရမှာ ဒီလိုလုပ်တာ
သူတို့အတွက်တန်လို့လား။ပြီးတော့
ငါအရင်ဘဝက ဘာလဲဆိုတာမင်းမမေ့နဲ့ဦး။
အခု ငါ့မျက်စိရှေ့မှာဖြစ်တဲ့ လူသတ်မှုကို
အရင်းက စမသိရဘဲ ငါအေးအေးချမ်းချမ်း
အိပ်နိုင်မှာမဟုတ်ဘူး"
<ကျင်းကျင်း...ဝါး!...အမ်,အမ်...အု>
ရှောင်စစ်အလွန်အမင်း ဟတ်ထိသွားသည်။
ရှီကျင်း တခဏကြောင်သွားပြီးမှ ရယ်လေသည်။
"ရှောင်စစ်,မင်းရဲ့အသွင်မှန်က
အငိုသန်တဲ့အရုပ်များလား"
ရှောင်စစ်သည်အကြိမ်ရေတစ်ချို့
ကြို့ထိုးပြီးမှအော်ငိုရင်းပြောသည်။
<ကျင်းကျင်းကအရမ်းမိုက်တယ်>
တစ်အောင့်ကြာပြီးနောက်စက်ချိူ့ယွင်း
နေသောအသံဖြင့်
<ကျင်းကျင်း တအားရက်စက်တယ်>
Systemမှာ သနားချင့်စဖွယ်ကောင်းသလို
ရယ်စရာလည်းကောင်းသည်ဟု
ရှီကျင်းခံစားရသည်။ရှီကျင်းသည်systemအား
ညင်သာစွာချော့မြူနေရင်း အချိန်ခဏအကြာမှာ
မသိမသာ အိပ်မောကျသွားတော့သည်။
ထို့နောက်မှာ "သေမည့်ရက်ကို ထိုင်ကာစောင့်"
ဟူသော အချိန်များစတင်တော့သည်။
အဘယ်ကြောင့်ဆိုသော်ရှီကျင်းသည်
လျန်ကျွင်းနောက်သာလိုက်ပါရပြီး သူ့နားတွင်သာ
နေရသောကြောင့်ဘယ်ကိုမှသွား၍မရဘဲ
တစ်သက်လုံးမပြီးဆုံးနိုင်သော
စာရွက်စာတမ်းတစ်ပုံတစ်ခေါင်းကြီးကို
လက်ခံအတည်ပြုနေသည့့်သူကိုသာ
စောင့်ကြည့်နေရသည်။နေ့ရက်တိုင်းသည်
တူညီသောအရာများသာ ထပ်ခါတလဲလဲ ဖြစ်နေပြီး
အလွန်စိတ်ပျက်ငြီးငွေ့စရာကောင်းလာသည်။
သို့သော်Gua Yiနှင့်တခြားသူများကတော့
အလုပ်များနေဟန်ရှိသည်။Bမြို့ကိုရောက်ပြီး
ဒုတိယရက်တည်းက စတင်ပြေးလွှားနေကြပြီး
တစ်ခါတစ်ရံ ပြန်မလာဘဲညလုံးပေါက်
အပြင်မှာရှိတတ်ကြသည်။
"ဘယ်လိုလုပ်စကားပြောမဲ့သူတစ်ယောက်မှ
မရှိရတာတုန်း..."
ရှီကျင်းသည်စိတ်မွန်းကြပ်လာသလို ခံစားရပြီး
ပူဆွေးစွာ စိတ်ထဲ၌ ညည်းသည်။
"Bမြို့ကို လာပြီးတာနဲ့ ဒီလိုအကျဉ်းကျနေမယ်
မှန်းသိရင်ငါ့အစ်ကိုတွေအကြောင်း
လုံးဝစိတ်မပူခဲ့ပါဘူး..တစ်ခြားသူတွေနဲ့တွေ့ဖို့
အခွင့်အရေးတောင်မရှိတာ သူတို့ဆိုဝေးစွဘဲ"
<ကျင်းကျင်းက အကျဉ်းကျနေတာမဟုတ်ပါဘူး
ဒါက ဒါလင်နဲ့ ပိုရင်းနှီးအောင်လုပ်ဖို့
အခွင့်အရေးပဲလေ>
ရှောင်စစ်စောဒကတက်လေသည်။
"သူက ငါ့ကို ပိုနီးကပ်ခွင့်ပေးမယ်လို့ ထင်လား"
ေအးစက်စက်အကြည့်တစ်စုံဖြင့်
စားပွဲခုံအကွယ်တွင်ထိုင်နေသောလျန်ကျွင်းအား
လှမ်းကြည့် လိုက်သည်။
ရှောင်စစ်ပြန်ပြောစရာစကားပျောက်ရှသွားသည်။
"ပျင်းနေပြီလား?"
လျန်ကျွင်းသည်ရုတ်တရက်
ခေါင်းထောင်ကြည့်ကာမေးသည်။
ရှီကျင်း လန့်သွားသည်။တစ်ခဏမျှ
အေးခဲသွားသော်လည်း သူဒီထက်ပိုပြီး
မငြီးငွေ့ချင်တော့ သည့်အတွက်ရိုးရိုးရှင်းရှင်း
ခေါင်းညိတ်ပြလိုက်တော့သည်။
**************
ဘာသာပြန်ဆိုသူ၏ Note
"Nightlight" [夜色] -"ကလပ်"လို့ဆိုပင်မဲ့ nightclubလိုမျိုးမဟုတ်ဘဲ
သူဌေးတွေအနားယူတဲ့နေရာမျိုးပါ။
=============================