Who Allowed you to Get on the...

By Disappear_cat

418K 44.8K 1K

My 2nd Pick for translation... Hope u'll like it. Translation completed... More

Prologue
အခန္း (၁)/ အခန်း (၁)
အခန္း (၂)/ အခန်း (၂)
အခန္း(၃)/အခန်း(၃)
အခန္း (၄)/အခန်း (၄)
အခန္း (၅)/အခန်း (၅)
အခန္း (၆)/အခန်း (၆)
အခန္း (၇)/အခန်း (၇)
အခန္း (၈)/အခန်း (၈)
အခန္း (၉)/အခန်း (၉)
အခန္း (၁၀)/အခန်း (၁၀)
အခန္း (၁၁)/အခန်း (၁၁)
အခန္း (၁၂)/အခန်း (၁၂)
အခန္း (၁၃)/အခန်း (၁၃)
အခန္း (၁၄)/အခန်း (၁၄)
အခန္း (၁၅)/အခန်း (၁၅)
အခန္း (၁၆)/အခန်း (၁၆)
အခန္း (၁၇)/အခန်း (၁၇)
အခန္း (၁၈)/အခန်း (၁၈)
အခန္း (၁၉)/အခန်း (၁၉)
အခန္း (၂၀)/အခန်း (၂၀)
အခန္း (၂၁)/အခန်း (၂၁)
အခန္း (၂၃)/အခန်း (၂၃)
အခန္း (၂၄)/အခန်း (၂၄)
အခန္း (၂၅)/အခန်း (၂၅)
အခန္း (၂၆)/အခန်း (၂၆)
အခန္း (၂၇)/အခန်း (၂၇)
အခန္း (၂၈)/အခန်း (၂၈)
အခန္း (၂၉)/အခန်း (၂၉)
အခန္း (၃၀)/အခန်း (၃၀)
အခန္း (၃၁)/အခန်း (၃၁)
အခန္း (၃၂)/အခန်း (၃၂)
အခန္း (၃၃)/အခန်း (၃၃)
အခန္း (၃၄)/အခန်း (၃၄)
အခန္း (၃၅)/အခန်း (၃၅)
အခန္း (၃၆)/အခန်း (၃၆)
အခန္း (၃၇)/အခန်း (၃၇)
အခန္း (၃၈)/အခန်း (၃၈)
အခန္း (၃၉) (ဇာတ္သိမ္း)/အခန်း (၃၉) (ဇာတ်သိမ်း)
Note

အခန္း (၂၂)/အခန်း (၂၂)

8.6K 1.1K 49
By Disappear_cat

Zawgyi~

အခန္း (၂၂)

ဟန္ေလာ့ထင္း၏ လက္က သူမ ဗိုက္ကို အတန္ၾကာထိေတြ႕ေနေသာ္ျငား သူမ ဗိုက္ထဲမွ ဘာတုန္႔ျပန္မႈမွ ေပၚမလာ။ ေစာေစာကေလးတင္ ကေလးသည္ ေဆာ့ေနသလိုမ်ိဳး တစ္ခ်က္ၿပီးတစ္ခ်က္ကန္ေနေသးသည္... သို႔ေသာ္ အခုတြင္ေတာ့ ေမာသြားသည့္အလား လံုး၀ မလႈပ္ရွားေတာ့ေပ။

သူ႔မ်က္ႏွာတြင္ ဘယ္လိုအမူအရာမ်ိဳး ရွိေနလိမ့္မလဲဆုိသည့္အေတြးျဖင့္ သူမ သူ႔ကို ခိုးၾကည့္လိုက္သည္။

စိတ္ပ်က္သည့္အမူအရာေတြ႕လိမ့္မည္ဟု သူမထင္ခဲ့မိေသာ္ျငား သူ စိတ္ပ်က္သည့္ပံု လံုး၀ပင္ေပၚလို႔မေန။ အဲ့ဒီအစား ေက်နပ္ေနသည့္ ပံုသာေပၚ၍ေနသည္။ လက္ဖ၀ါးႀကီးႀကီးသည္ သူမ၏ ဗုိက္ကို အသာအယာသပ္ေပးလ်က္ရွိသည္။ ဒီအေျခက သူမကို စိတ္သက္သာရာ ရေစသည္။

ဟန္ေလာ့ထင္းသည္ သူမ၏ လံုး၀န္းၿပီး စူထြက္ေနသည့္ဗုိက္ကိုၾကည့္ေနသည္။ ဒါသည္ သူမ ကိုယ္၀န္ေဆာင္ၿပီးကတည္းက သူလက္ႏွင့္ သူမ ဗိုက္ကို ထိေတြ႕ခြင့္ရသည့္ ပထမဆံုးအႀကိမ္ပင္ျဖစ္သည္။

ကေလးေလးသည္ သူမ မိခင္ကို ဖခင္က ၀မ္းနည္းေအာင္လုပ္ထား၍ စိတ္ေကာက္ေနဟန္ေပၚသည္... ဒီ့အတြက္ ဒီအေဖ့ကို တုန္႔ျပန္ဖို႔ ျငင္းဆန္ေနျခင္းျဖစ္သည္ဟု သူေတြးလိုက္သည္။

ဒါသည္ သူ႔ကို မေပ်ာ္ရႊင္တာမ်ိဳး၊ စိတ္ပ်က္သြားတာမ်ိဳးကို မျဖစ္ေစေပ။ ဒါသည္ ကေလး၏ သူ႔ မိခင္အေပၚကို ခ်စ္ျခင္းေၾကာင့္သာျဖစ္သည့္အတြက္ ဒါကပင္ သူ႔ကို ပုိ၍ေပ်ာ္ရႊင္ေစသည္။ ဒီ့အတြက္ သူတိတ္ဆိတ္စြာသာ သူမ၏ ဗိုက္ေလးနားကို ကပ္၍ဆိုလိုက္သည္။ 

"ကေလးေရ... ဒါက ပါးပါးရဲ႕လက္ပါ... မားမားကို ခ်စ္ေပးတဲ့အတြက္ေက်းဇူးပါကြာ... အခုကစၿပီး ဒီပါးပါးက ကေလးကိုေရာ၊ မားမားကိုပါ ခ်စ္ေပးမွာပါ..."

ကေလးေလး သူ၏ ခံစားခ်က္ကို နားလည္ႏိုင္မည္၊ မလည္ႏုိင္မည္ကုိ ဟန္ေလာ့ထင္း စိတ္ထဲမထား... ခြ်င္းခ်က္ရွိမည္ဆုိတာကို သူသိသည့္အတြက္ ကေလးေလးသာမက တုလင္းလန္ပါ သူ႔ခံစားခ်က္ေတြကို တခ်ိန္ခ်ိန္နားလည္လာလိမ့္မည္။

ထုိတခဏတြင္ပင္ သူ႔လက္ဖ၀ါးဆီသုိ႔ ကန္ခ်က္တစ္ခုက သက္ေရာက္လာခဲ့သည္။ သူ႔မ်က္ႏွာတြင္ မယံုၾကည္ႏိုင္သည့္ ဟန္ပန္က ခ်က္ခ်င္းေပၚေပါက္၍လာသည္။ 

"ကေလးက ကိုယ့္ကို ကန္လိုက္တယ္... အိုး... မွားလို႔... ကေလးက မင္းကို ကန္လိုက္တယ္..." ႏွလံုးသားထဲမွ လႈပ္ရွားသြားမႈကေလးက သူ႔ကို ေတာင္စဥ္ေရမရစကားတို႔ကို ေျပာထြက္မိေစသည္... 

သို႔ေသာ္ သူ႔မ်က္ႏွာေပၚက အၿပံဳးကေတာ့ အတုလံုး၀ မဟုတ္ေပ။ သူ ဒီကေလးကို တကယ္ခ်စ္သည္... မဟုတ္လွ်င္ သူကဲ့သုိ႔ေသာ အမ်ိဳးသားတစ္ေယာက္က ဒီလိုမ်ိဳး စိတ္လႈပ္ရွားၿပီး ဗလံုးဗေထြးျဖစ္ေနလိမ့္မည္မဟုတ္။

"ရတနာေလးက သူ႔ ပါးပါးကုိ ႏႈတ္ဆက္ေနတာ..." သူမ ဘာေျပာမိလိုက္မွန္း သူမကိုယ္ သူမ နားမလည္လိုက္ႏိုင္ခင္မွာပင္ အၿပံဳးတစ္ခုကိုႏႈတ္ခမ္းတြင္ ခ်ိတ္ဆြဲထားေလရင္း သူမ ႏူးညံ့စြာဆိုလိုက္မိေတာ့သည္။

တုလင္းလန္၏ ႏႈတ္ဖ်ားထက္မွ သူသည္ ကေလး၏ဖခင္ျဖစ္သည္ဟု ကိုယ္တိုင္၀န္ခံလိုက္သည္ကို ၾကားလိုက္ရခ်ိန္တြင္ အခုကဲ့သို႔ေသာ ေပ်ာ္ရႊင္မႈကို တစ္ခါမွ မႀကံဳေတြ႕ဖူးသလို ဟန္ေလာ့ထင္း ခံစားလိုက္ရသည္။ သူမတြင္ သူခ်စ္ရသည့္ အရာ တစ္နည္းအားျဖင့္ သူ၏ ေသြးသားျဖစ္သည့္ ကေလးေလးရွိေနသည္။

"လင္းလန္... ေက်းဇူးပါ..." သူ မေနႏိုင္လွေတာ့... ေရွ႕တိုးလိုက္ေလရင္း သူမကို သူ႔လက္ေမာင္းေတြထဲတြင္ တင္းေနေအာင္ ဖက္ထားလိုက္ကာ ၾသရွသည့္ အသံျဖင့္ဆိုလိုက္မိသည္... "ေက်းဇူးပါ..."

သူ၏ ထပ္တလဲလဲဆုိေနသည့္ ေက်းဇူးတင္သည့္စကားကိုၾကားသည့္အခ်ိန္တြင္ အစက ရုန္းထြက္ဖို႔ ေတြးထားမိသည့္ တုလင္းလန္သည္ ထုိအေတြးကို ရပ္တန္႔လိုက္ေတာ့သည္။

သူဘာေၾကာင့္ ေက်းဇူးတင္သည္ကို မေျပာေသာ္ျငား သူမ သိသည္... သူ႔ ေၾကာင့္သာမဟုတ္လွ်င္ သူမသည္လည္း ဒီကေလး ရွိလာလိမ့္မည္ မဟုတ္... ဒီ့အတြက္ သူမသည္လည္း သူ႔ကို ေက်ဇူးတင္ရေပမည္။ (ေက်းဇူးေတြပဲ ထုိင္တင္ေနလိုက္ၾက :3)

ထိုတခဏတြင္ပင္ သူမ ႏွလံုးသားထဲမွ နာၾကင္မႈမ်ား၊ ဒဏ္ရာမ်ားအားလံုး လံုး၀ေပ်ာက္ကြယ္သြားသည့္ပံုေပၚသည္။ ယခုလိုမ်ိဳး အဖက္ခံထားရခ်ိန္တြင္ တုလင္းလန္ ေႏြးေထြးမႈကိုသာ ခံစားမိပါေတာ့သည္။

ဒီအေျခအေနေလးကို တည္တံ့ေစၿပီး တစ္ေန႔လံုးဘယ္ေတာ့မွ မရပ္တန္႔ေစခ်င္။

လွည့္စားသည္ျဖစ္ေစ၊ လြန္ကဲစြာေတြးေတာမိေနသည္ျဖစ္ေစ... ဒီတခဏေလးကို သူမ တကယ့္ကိုပင္ ပို၍ ရွည္ၾကာေစခ်င္လွသည္။

ကေလးအတြက္ (သုိ႔မဟုတ္) အျခားေသာ ရည္ရြယ္ခ်က္ေၾကာင့္ပင္ျဖစ္ပါေစဦး... သူသာ အနားမွာရွိလွ်င္ အရမ္းေနလို႔အဆင္ေျပသည့္ အခ်က္ကို သူမ မျငင္းဆန္ႏုိင္... ဒီ့အတြက္ သူမကိုယ္သူမ လွည့္ဖ်ားေနမွျဖစ္မည္။

သူမကိုယ္သူမ လွည့္ဖ်ားရမည္... သူ သူမကို ဂရုစိုက္သည္... ေျပာရလွ်င္ ခ်စ္ေနသည္ဟူ၍...

ထုိအေတြးကိုသာ စိတ္ထဲတြင္ထားလိုက္ေလရင္ သူမ သူ႔လက္ေမာင္းေတြၾကားထဲ ခုိ၀င္ေနလိုက္ကာ... တန္ဖိုးအရွိဆံုးအရာကို ရင္ခြင္ထဲထည့္ကာ ကာကြယ္ေပးေနသည့္ သူ႔၏ပံုစံကို ခြင့္ျပဳထားလိုက္ပါေတာ့သည္။

*****************

အခုတေလာ ဒီၿမိဳ႕ငယ္ေလးရွိ လူငယ္တို႔ လမ္းေပ်ာက္ေနသည္။

အေၾကာင္းရင္းကေတာ့ သူတို႔ အရမ္းကို သေဘာက်ရသည့္ ၿပီးျပည့္စံုသည့္ ေခြ်းမေလာင္းလ်ာေလး တုလင္းလန္သည္ ျပင္ပမွလာသည့္ အမ်ိဳးသားတစ္ေယာက္ႏွင့္ တြဲသြားတြဲလာလုပ္ေန၍ျဖစ္သည္။ ထုိအမ်ိဳးသားသည္ အိမ္မႀကီးႏွင့္ အတြင္းေဆာင္ထိတိုင္ ၀င္ခြင့္ရရုံသာမက တုလင္းလန္၏ အိမ္မွာ ေနေတာင္ေနေနၿပီျဖစ္သည္။

လူငယ္ေလးတုိ႔၏ ႀကိဳးပမ္းရန္ စိတ္အားထက္သန္ေနခဲ့မႈတို႔သည္ အခုတြင္ေတာ့ ေမွးမွိန္ကာ စိတ္ဓါတ္က်ကုန္ၿပီျဖစ္သည္။ မ်က္လံုးအၾကည့္တစ္ခ်က္ႏွင့္တင္ သူတို႔ကို သတ္ႏိုင္မည့္ပံုေပၚသည့္ ထိုအမ်ိဳးသားကို သူတို႔ဘယ္လိုမွ ယွဥ္ၿပိဳင္ႏုိင္လိမ့္မည္ မဟုတ္မွန္း သူတို႔အားလံုးသိၾကသည္။

ဒီ့အတြက္ ထုိအမ်ဳိးသားႏွင့္ အမ်ိဳးသမီးစံုတြဲတို႔ ဟင္းသီးဟင္းရြက္ေစ်းထဲသို႔ အတူတကြ ယွဥ္တြဲ၀င္သြားျခင္းကို အံႀကိတ္ၾကည့္ရုံသာ တတ္ႏုိင္သည္။ ဒီျမင္ကြင္းသည္ ၾကည့္ရႈေနရသည့္ သူတို႔ကို မနာလိုျဖစ္ေစသည္ကေတာ့ အမွန္ပင္...

ဟန္ေလာ့ထင္းသည္ ေျဗာင္က်လွသည့္ ထုိမနာလိုေနသည့္ မ်က္လံုးတုိ႔ကို လ်စ္လ်ဴသာရႈေနလိုက္သည္။ သူ ေျမျပင္ကိုသာ အာရုံစူးစိုက္ေနၿပီး တုလင္းလန္ ခလုတ္တိုက္မိႏိုင္မည့္ အတားအဆီးမ်ားရွိေနမေနကိုသာ စစ္ေဆးေနသည္။

မိုးရြာသည့္ေန႔မ်ားမွလြဲ၍သူမႏွင့္အတူ ေစ်းလိုက္ေပးရျခင္းသည္ သူတုိ႔ႏွစ္ဦးလံုး၏ ေန႔စဥ္ လုပ္ငန္းေဆာင္တာပင္ ျဖစ္လာေတာ့သည္။ သူမသည္ ဒီဟင္းရြက္ေစ်းကိုလာၿပီး ပစၥည္း၀ယ္ရျခင္းႏွင့္ အသက္ႀကီးသည့္ မိခင္တို႔ႏွင့္ စကားစျမည္၊ အတင္းသတင္းတို႔ကို ေျပာရသည္ကို ႏွစ္သက္လွသည္။

ထုိအသက္ႀကီးႀကီး မိခင္တုိ႔သည္လည္း တုလင္းလန္ကို အရမ္းသေဘာက်ၾကသည္။ သူမ အာရုံမစုိက္ေနသည့္ အခ်ိန္တြင္ သူ႔ကို အခုလိုေျပာျပၾကသည္။ တုလင္းလန္ကို သူ႔ဇနီးသည္အျဖစ္ ပိုင္ဆုိင္ခြင့္ရသည္မွာ ယခုလိုမ်ိဳးျဖစ္ေအာင္ ယခင္ဘ၀တုန္းက အေမႊးတိုင္ ေကာင္းေကာင္းထြန္းၿပီး ကုသုိလ္ေကာင္းမႈမ်ားမ်ားလုပ္ခဲ့၍ျဖစ္သည္ဟူ၍... မဟုတ္လွ်င္ ဒီလို ေကာင္းမြန္သည့္ အရာသည္ သူ႔လက္၀ယ္ပိုင္ဆုိင္ႏုိင္မည္ မဟုတ္ဟူ၍...

ဟန္ေလာ့ထင္းသည္ အၿမဲ နားေထာင္၍သာေနၿပီး ျပန္မေျဖေပ... သို႔ေသာ္ျငား သူ႔ႏွလံုးသားထဲကေတာ့ ထုိအေမတို႔ကို သူ ေထာက္ခံ၍ေနသည္... သူပုိင္ဆုိင္သည့္ အရာတို႔ကို ဘယ္တုန္းကမွ အထင္မေသးခဲ့ေသာ္ျငား ရုိးရုိးသားသားေျပာရလွ်င္ တုလင္းလန္ သူ႔ကို ဒီေလာက္ေတာင္ခ်စ္လာေအာင္ သူေကာင္းတာတစ္ခုခုလုပ္ခဲ့သည္လို႔ေတာ့ သူ မထင္ေပ။

သူမကို သူဒီေလာက္ေတာင္ နာၾကင္ေအာင္ လုပ္ထားခဲ့ၿပီးတာ... သူမက သူ႔ကို ဆက္ခ်စ္ေနႏိုင္ေသးပါ့မလား?

ဒီေမးခြန္းကို သူဘယ္တုန္းကမွ မေမးရဲေပ... သူေမးလိုက္လွ်င္ လက္ရွိရွိေနသည့္ ဟာမိုနီေလး ပ်က္ပ်ယ္သြားမွာကို သူစိုးရိမ္လွသည္။

"ေရွာင္တု... ဘာလို႔ ဒီေန႔ အရမ္းေနာက္က်ေနရတာလဲ?" အသားသည္၏ ဇနီးျဖစ္သူသည္ လွပသည့္ ကိုယ္၀န္ေဆာင္မိန္းကေလးကို ေတြ႕လိုက္ရခ်ိန္တြင္ ခ်က္ခ်င္းဆိုသလို အမဲရုိးအခ်ိဳ႕ကို ခံုေပၚတြင္ တင္လိုက္ၿပီး... "ဒီအမဲရိုးကို ျမင္တယ္မလား... ဒါအရမ္းကို လတ္ဆတ္တာ... စြပ္ျပဳတ္လုပ္ေသာက္ဖို႔ အေကာင္းဆံုးပဲ! ခႏၶာကိုယ္ အားရွိဖို႔ စြပ္ျပဳတ္ပိုေသာက္ေပးရတယ္... ဒါမွ ကေလးေမြးဖို႔ အားရွိမွာ!"

ထိုစကားသံကို ၾကားလုိက္ရခ်ိန္တြင္... ၀ယ္ကာ ေရာင္းကာျဖင့္ အလုပ္ရႈပ္ေနၾကသည့္ အျခားသူေတြလည္း သူမတို႔ႏွစ္ဦးနားကို ခ်က္ခ်င္းဆိုသလို စုၿပံဳလာၾကေလရင္း သူမတို႔ႏွစ္ဦးအေၾကာင္းကို စိတ္ပါ၀င္စားစြာ ေျပာဆုိၾကပါေတာ့သည္။

တုလင္းလန္သည္ ထုိစကားတို႔ကို စိတ္၀င္စားစြာ နားေထာင္၍ေနသည္... သူမ၏ မ်က္ႏွာေသးေသးေလးက ေပ်ာ္ရႊင္မႈ အနည္းငယ္ကို လွစ္ဟာျပသ၍ေနသည္။

ဒီအေမတို႔ႏွင့္ သူမ စကားေျပာရတာႀကိဳက္မွန္း ဟန္ေလာ့ထင္းသိသည္... သူမ မိဘေတြ၏ ေစာစီးစြာ ဆံုးပါးသြားရျခင္းေၾကာင့္လားေတာ့မသိ... အသက္အရြယ္ႀကီးသည္ ဦးေလးေတြ၊ အေဒၚေတြဆိုလွ်င္ ဘယ္ေလာက္ပင္ စိတ္အေႏွာင့္ယွက္ျဖစ္ပေစဦးေတာ့ အင္မတန္မွ သူမသည္ တေလးတစားျဖင့္ ဆက္ဆံျပဳမူတတ္သည္။

အစတုန္းကေတာ့ ထုိအေမတို႔သည္ တုလင္းလန္ကိုသာ စကားေျပာၾကတာျဖစ္ၿပီး အခုေနာက္ပိုင္း သူသည္လည္း မၾကာခဏဆိုသလို သူမႏွင့္အတူ လိုက္ပါလာခ်ိန္တြင္ေတာ့ ထုိအေမတို႔သည္ သူ႔ကို တုလင္းလန္၏ ခ်စ္သူေကာင္ေလးဟူ၍ သတ္မွတ္လိုက္ႏုိင္ၾကသည့္ ပံုေပၚသည္။

======<===>======

Unicode~

အခန်း (၂၂)

ဟန်လော့ထင်း၏ လက်က သူမ ဗိုက်ကို အတန်ကြာထိတွေ့နေသော်ငြား သူမ ဗိုက်ထဲမှ ဘာတုန့်ပြန်မှုမှ ပေါ်မလာ။ စောစောကလေးတင် ကလေးသည် ဆော့နေသလိုမျိုး တစ်ချက်ပြီးတစ်ချက်ကန်နေသေးသည်... သို့သော် အခုတွင်တော့ မောသွားသည့်အလား လုံးဝ မလှုပ်ရှားတော့ပေ။

သူ့မျက်နှာတွင် ဘယ်လိုအမူအရာမျိုး ရှိနေလိမ့်မလဲဆိုသည့်အတွေးဖြင့် သူမ သူ့ကို ခိုးကြည့်လိုက်သည်။

စိတ်ပျက်သည့်အမူအရာတွေ့လိမ့်မည်ဟု သူမထင်ခဲ့မိသော်ငြား သူ စိတ်ပျက်သည့်ပုံ လုံးဝပင်ပေါ်လို့မနေ။ အဲ့ဒီအစား ကျေနပ်နေသည့် ပုံသာပေါ်၍နေသည်။ လက်ဖဝါးကြီးကြီးသည် သူမ၏ ဗိုက်ကို အသာအယာသပ်ပေးလျက်ရှိသည်။ ဒီအခြေက သူမကို စိတ်သက်သာရာ ရစေသည်။

ဟန်လော့ထင်းသည် သူမ၏ လုံးဝန်းပြီး စူထွက်နေသည့်ဗိုက်ကိုကြည့်နေသည်။ ဒါသည် သူမ ကိုယ်ဝန်ဆောင်ပြီးကတည်းက သူလက်နှင့် သူမ ဗိုက်ကို ထိတွေ့ခွင့်ရသည့် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ကလေးလေးသည် သူမ မိခင်ကို ဖခင်က ဝမ်းနည်းအောင်လုပ်ထား၍ စိတ်ကောက်နေဟန်ပေါ်သည်... ဒီ့အတွက် ဒီအဖေ့ကို တုန့်ပြန်ဖို့ ငြင်းဆန်နေခြင်းဖြစ်သည်ဟု သူတွေးလိုက်သည်။

ဒါသည် သူ့ကို မပျော်ရွှင်တာမျိုး၊ စိတ်ပျက်သွားတာမျိုးကို မဖြစ်စေပေ။ ဒါသည် ကလေး၏ သူ့ မိခင်အပေါ်ကို ချစ်ခြင်းကြောင့်သာဖြစ်သည့်အတွက် ဒါကပင် သူ့ကို ပို၍ပျော်ရွှင်စေသည်။ ဒီ့အတွက် သူတိတ်ဆိတ်စွာသာ သူမ၏ ဗိုက်လေးနားကို ကပ်၍ဆိုလိုက်သည်။ 

"ကလေးရေ... ဒါက ပါးပါးရဲ့လက်ပါ... မားမားကို ချစ်ပေးတဲ့အတွက်ကျေးဇူးပါကွာ... အခုကစပြီး ဒီပါးပါးက ကလေးကိုရော၊ မားမားကိုပါ ချစ်ပေးမှာပါ..."

ကလေးလေး သူ၏ ခံစားချက်ကို နားလည်နိုင်မည်၊ မလည်နိုင်မည်ကို ဟန်လော့ထင်း စိတ်ထဲမထား... ချွင်းချက်ရှိမည်ဆိုတာကို သူသိသည့်အတွက် ကလေးလေးသာမက တုလင်းလန်ပါ သူ့ခံစားချက်တွေကို တချိန်ချိန်နားလည်လာလိမ့်မည်။

ထိုတခဏတွင်ပင် သူ့လက်ဖဝါးဆီသို့ ကန်ချက်တစ်ခုက သက်ရောက်လာခဲ့သည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် ဟန်ပန်က ချက်ချင်းပေါ်ပေါက်၍လာသည်။ 

"ကလေးက ကိုယ့်ကို ကန်လိုက်တယ်... အိုး... မှားလို့... ကလေးက မင်းကို ကန်လိုက်တယ်..." နှလုံးသားထဲမှ လှုပ်ရှားသွားမှုကလေးက သူ့ကို တောင်စဉ်ရေမရစကားတို့ကို ပြောထွက်မိစေသည်... 

သို့သော် သူ့မျက်နှာပေါ်က အပြုံးကတော့ အတုလုံးဝ မဟုတ်ပေ။ သူ ဒီကလေးကို တကယ်ချစ်သည်... မဟုတ်လျှင် သူကဲ့သို့သော အမျိုးသားတစ်ယောက်က ဒီလိုမျိုး စိတ်လှုပ်ရှားပြီး ဗလုံးဗထွေးဖြစ်နေလိမ့်မည်မဟုတ်။

"ရတနာလေးက သူ့ ပါးပါးကို နှုတ်ဆက်နေတာ..." သူမ ဘာပြောမိလိုက်မှန်း သူမကိုယ် သူမ နားမလည်လိုက်နိုင်ခင်မှာပင် အပြုံးတစ်ခုကိုနှုတ်ခမ်းတွင် ချိတ်ဆွဲထားလေရင်း သူမ နူးညံ့စွာဆိုလိုက်မိတော့သည်။

တုလင်းလန်၏ နှုတ်ဖျားထက်မှ သူသည် ကလေး၏ဖခင်ဖြစ်သည်ဟု ကိုယ်တိုင်ဝန်ခံလိုက်သည်ကို ကြားလိုက်ရချိန်တွင် အခုကဲ့သို့သော ပျော်ရွှင်မှုကို တစ်ခါမှ မကြုံတွေ့ဖူးသလို ဟန်လော့ထင်း ခံစားလိုက်ရသည်။ သူမတွင် သူချစ်ရသည့် အရာ တစ်နည်းအားဖြင့် သူ၏ သွေးသားဖြစ်သည့် ကလေးလေးရှိနေသည်။

"လင်းလန်... ကျေးဇူးပါ..." သူ မနေနိုင်လှတော့... ရှေ့တိုးလိုက်လေရင်း သူမကို သူ့လက်မောင်းတွေထဲတွင် တင်းနေအောင် ဖက်ထားလိုက်ကာ သြရှသည့် အသံဖြင့်ဆိုလိုက်မိသည်... "ကျေးဇူးပါ..."

သူ၏ ထပ်တလဲလဲဆိုနေသည့် ကျေးဇူးတင်သည့်စကားကိုကြားသည့်အချိန်တွင် အစက ရုန်းထွက်ဖို့ တွေးထားမိသည့် တုလင်းလန်သည် ထိုအတွေးကို ရပ်တန့်လိုက်တော့သည်။

သူဘာကြောင့် ကျေးဇူးတင်သည်ကို မပြောသော်ငြား သူမ သိသည်... သူ့ ကြောင့်သာမဟုတ်လျှင် သူမသည်လည်း ဒီကလေး ရှိလာလိမ့်မည် မဟုတ်... ဒီ့အတွက် သူမသည်လည်း သူ့ကို ကျေဇူးတင်ရပေမည်။
(ကျေးဇူးတွေပဲ ထိုင်တင်နေလိုက်ကြ :3)

ထိုတခဏတွင်ပင် သူမ နှလုံးသားထဲမှ နာကြင်မှုများ၊ ဒဏ်ရာများအားလုံး လုံးဝပျောက်ကွယ်သွားသည့်ပုံပေါ်သည်။ ယခုလိုမျိုး အဖက်ခံထားရချိန်တွင် တုလင်းလန် နွေးထွေးမှုကိုသာ ခံစားမိပါတော့သည်။

ဒီအခြေအနေလေးကို တည်တံ့စေပြီး တစ်နေ့လုံးဘယ်တော့မှ မရပ်တန့်စေချင်။လှည့်စားသည်ဖြစ်စေ၊ လွန်ကဲစွာတွေးတောမိနေသည်ဖြစ်စေ... ဒီတခဏလေးကို သူမ တကယ့်ကိုပင် ပို၍ ရှည်ကြာစေချင်လှသည်။

ကလေးအတွက် (သို့မဟုတ်) အခြားသော ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်ပါစေဦး... သူသာ အနားမှာရှိလျှင် အရမ်းနေလို့အဆင်ပြေသည့် အချက်ကို သူမ မငြင်းဆန်နိုင်... ဒီ့အတွက် သူမကိုယ်သူမ လှည့်ဖျားနေမှဖြစ်မည်။

သူမကိုယ်သူမ လှည့်ဖျားရမည်... သူ သူမကို ဂရုစိုက်သည်... ပြောရလျှင် ချစ်နေသည်ဟူ၍...ထိုအတွေးကိုသာ စိတ်ထဲတွင်ထားလိုက်လေရင် သူမ သူ့လက်မောင်းတွေကြားထဲ ခိုဝင်နေလိုက်ကာ... တန်ဖိုးအရှိဆုံးအရာကို ရင်ခွင်ထဲထည့်ကာ ကာကွယ်ပေးနေသည့် သူ့၏ပုံစံကို ခွင့်ပြုထားလိုက်ပါတော့သည်။

****************

အခုတလော ဒီမြို့ငယ်လေးရှိ လူငယ်တို့ လမ်းပျောက်နေသည်။

အကြောင်းရင်းကတော့ သူတို့ အရမ်းကို သဘောကျရသည့် ပြီးပြည့်စုံသည့် ချွေးမလောင်းလျာလေး တုလင်းလန်သည် ပြင်ပမှလာသည့် အမျိုးသားတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်နေ၍ဖြစ်သည်။ ထိုအမျိုးသားသည် အိမ်မကြီးနှင့် အတွင်းဆောင်ထိတိုင် ဝင်ခွင့်ရရုံသာမက တုလင်းလန်၏ အိမ်မှာ နေတောင်နေနေပြီဖြစ်သည်။

လူငယ်လေးတို့၏ ကြိုးပမ်းရန် စိတ်အားထက်သန်နေခဲ့မှုတို့သည် အခုတွင်တော့ မှေးမှိန်ကာ စိတ်ဓါတ်ကျကုန်ပြီဖြစ်သည်။ မျက်လုံးအကြည့်တစ်ချက်နှင့်တင် သူတို့ကို သတ်နိုင်မည့်ပုံပေါ်သည့် ထိုအမျိုးသားကို သူတို့ဘယ်လိုမှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်မှန်း သူတို့အားလုံးသိကြသည်။

ဒီ့အတွက် ထိုအမျိုးသားနှင့် အမျိုးသမီးစုံတွဲတို့ ဟင်းသီးဟင်းရွက်စျေးထဲသို့ အတူတကွ ယှဉ်တွဲဝင်သွားခြင်းကို အံကြိတ်ကြည့်ရုံသာ တတ်နိုင်သည်။ ဒီမြင်ကွင်းသည် ကြည့်ရှုနေရသည့် သူတို့ကို မနာလိုဖြစ်စေသည်ကတော့ အမှန်ပင်...

ဟန်လော့ထင်းသည် ဗြောင်ကျလှသည့် ထိုမနာလိုနေသည့် မျက်လုံးတို့ကို လျစ်လျူသာရှုနေလိုက်သည်။ သူ မြေပြင်ကိုသာ အာရုံစူးစိုက်နေပြီး တုလင်းလန် ခလုတ်တိုက်မိနိုင်မည့် အတားအဆီးများရှိနေမနေကိုသာ စစ်ဆေးနေသည်။

မိုးရွာသည့်နေ့များမှလွဲ၍သူမနှင့်အတူ စျေးလိုက်ပေးရခြင်းသည် သူတို့နှစ်ဦးလုံး၏ နေ့စဉ် လုပ်ငန်းဆောင်တာပင် ဖြစ်လာတော့သည်။ သူမသည် ဒီဟင်းရွက်စျေးကိုလာပြီး ပစ္စည်းဝယ်ရခြင်းနှင့် အသက်ကြီးသည့် မိခင်တို့နှင့် စကားစမြည်၊ အတင်းသတင်းတို့ကို ပြောရသည်ကို နှစ်သက်လှသည်။

ထိုအသက်ကြီးကြီး မိခင်တို့သည်လည်း တုလင်းလန်ကို အရမ်းသဘောကျကြသည်။ သူမ အာရုံမစိုက်နေသည့် အချိန်တွင် သူ့ကို အခုလိုပြောပြကြသည်။ တုလင်းလန်ကို သူ့ဇနီးသည်အဖြစ် ပိုင်ဆိုင်ခွင့်ရသည်မှာ ယခုလိုမျိုးဖြစ်အောင် ယခင်ဘဝတုန်းက အမွှေးတိုင် ကောင်းကောင်းထွန်းပြီး ကုသိုလ်ကောင်းမှုများများလုပ်ခဲ့၍ဖြစ်သည်ဟူ၍... မဟုတ်လျှင် ဒီလို ကောင်းမွန်သည့် အရာသည် သူ့လက်ဝယ်ပိုင်ဆိုင်နိုင်မည် မဟုတ်ဟူ၍...

ဟန်လော့ထင်းသည် အမြဲ နားထောင်၍သာနေပြီး ပြန်မဖြေပေ... သို့သော်ငြား သူ့နှလုံးသားထဲကတော့ ထိုအမေတို့ကို သူ ထောက်ခံ၍နေသည်... သူပိုင်ဆိုင်သည့် အရာတို့ကို ဘယ်တုန်းကမှ အထင်မသေးခဲ့သော်ငြား ရိုးရိုးသားသားပြောရလျှင် တုလင်းလန် သူ့ကို ဒီလောက်တောင်ချစ်လာအောင် သူကောင်းတာတစ်ခုခုလုပ်ခဲ့သည်လို့တော့ သူ မထင်ပေ။

သူမကို သူဒီလောက်တောင် နာကြင်အောင် လုပ်ထားခဲ့ပြီးတာ... သူမက သူ့ကို ဆက်ချစ်နေနိုင်သေးပါ့မလား?

ဒီမေးခွန်းကို သူဘယ်တုန်းကမှ မမေးရဲပေ... သူမေးလိုက်လျှင် လက်ရှိရှိနေသည့် ဟာမိုနီလေး ပျက်ပျယ်သွားမှာကို သူစိုးရိမ်လှသည်။

"ရှောင်တု... ဘာလို့ ဒီနေ့ အရမ်းနောက်ကျနေရတာလဲ?" အသားသည်၏ ဇနီးဖြစ်သူသည် လှပသည့် ကိုယ်ဝန်ဆောင်မိန်းကလေးကို တွေ့လိုက်ရချိန်တွင် ချက်ချင်းဆိုသလို အမဲရိုးအချို့ကို ခုံပေါ်တွင် တင်လိုက်ပြီး... "ဒီအမဲရိုးကို မြင်တယ်မလား... ဒါအရမ်းကို လတ်ဆတ်တာ... စွပ်ပြုတ်လုပ်သောက်ဖို့ အကောင်းဆုံးပဲ! ခန္ဓာကိုယ် အားရှိဖို့ စွပ်ပြုတ်ပိုသောက်ပေးရတယ်... ဒါမှ ကလေးမွေးဖို့ အားရှိမှာ!"

ထိုစကားသံကို ကြားလိုက်ရချိန်တွင်... ဝယ်ကာ ရောင်းကာဖြင့် အလုပ်ရှုပ်နေကြသည့် အခြားသူတွေလည်း သူမတို့နှစ်ဦးနားကို ချက်ချင်းဆိုသလို စုပြုံလာကြလေရင်း သူမတို့နှစ်ဦးအကြောင်းကို စိတ်ပါဝင်စားစွာ ပြောဆိုကြပါတော့သည်။

တုလင်းလန်သည် ထိုစကားတို့ကို စိတ်ဝင်စားစွာ နားထောင်၍နေသည်... သူမ၏ မျက်နှာသေးသေးလေးက ပျော်ရွှင်မှု အနည်းငယ်ကို လှစ်ဟာပြသ၍နေသည်။

ဒီအမေတို့နှင့် သူမ စကားပြောရတာကြိုက်မှန်း ဟန်လော့ထင်းသိသည်... သူမ မိဘတွေ၏ စောစီးစွာ ဆုံးပါးသွားရခြင်းကြောင့်လားတော့မသိ... အသက်အရွယ်ကြီးသည် ဦးလေးတွေ၊ အဒေါ်တွေဆိုလျှင် ဘယ်လောက်ပင် စိတ်အနှောင့်ယှက်ဖြစ်ပစေဦးတော့ အင်မတန်မှ သူမသည် တလေးတစားဖြင့် ဆက်ဆံပြုမူတတ်သည်။

အစတုန်းကတော့ ထိုအမေတို့သည် တုလင်းလန်ကိုသာ စကားပြောကြတာဖြစ်ပြီး အခုနောက်ပိုင်း သူသည်လည်း မကြာခဏဆိုသလို သူမနှင့်အတူ လိုက်ပါလာချိန်တွင်တော့ ထိုအမေတို့သည် သူ့ကို တုလင်းလန်၏ ချစ်သူကောင်လေးဟူ၍ သတ်မှတ်လိုက်နိုင်ကြသည့် ပုံပေါ်သည်။

======<===>======

Continue Reading

You'll Also Like

117K 1.4K 7
ခ်စ္ေသာ ႐ွင္ျဖဴငယ္ Credit Original Author ^Swae Nyoe^ Zawgyi
248K 20.6K 26
Unicode~ ⽼梗也是梗系列之 (AKA We were supposed to have died in a plane crash, instead we transmigrated). လေယာဉ်ပျက်ကျမှုတွင် သေဆုံးရန်အကြောင်းဖန်သော်ငြား ခ...
356K 34.1K 62
ခ်င္းလ်န္ သိထားတာ တစ္ခုရွိတယ္။ အဲဒါက သခင္ေလးမွာ ခ်စ္ရတဲ့ မိန္းမလွေလး ရွိေနတာပဲ။ အလိုမက်စြာနဲ႔ ေရကန္ကို ငံု႔ၾကည့္ေတာ့ အညိဳေဖ်ာ့ေရာင္အဝတ္အစားနဲ႔ အမ်ိဳ...
696K 94.7K 198
အမှန်ဆိုလျှင်တော့ သူတို့နှစ်ယောက် လိုအပ်မှု ကိုယ်စီရသွားသည့် အပြီးပြည့်စုံဆုံး သဘောတူညီချက်ဖြစ်ရန်ပင်။သို့ပေမဲ့ ကလေးမွေးဖွားပြီးနောက် သူက သဘောတူညီချက...