"ရိပေါ်...ဘယ်တွေ အတင်းနဲ့ဆွဲခေါ်နေတာလဲ"
"လိုက်ခဲ့...တစ်နေရာသွားမယ်.."
"ဒီတစ်ညနေလေးပဲ။နောက်နေ့ မအိပ်မနေ
လုပ်ပြမယ်...."
ရိပေါ်က ရှောင်ကျန့်ကိုယ်လေးကို
"ရိပေါ်...ဒါကျောင်းနော်။လူတွေ
သိကုန်မယ်...ပြန်ချပေး.."
"ငါ့ပုံစံက ငါတို့၂ယောက်အကြောင်းကို
"ကျစ်...မဟုတ်ဘူးလေကွာ။မင်းပါပါးက
ကတိပေး။"
ရှောင်ကျန့်လက်ကိုဆွဲလို့
မေးလိုက်တော့ ရိပေါ်က
ခပ်ရေးရေးပြုံးရင်း
"ဟဲ..ဟဲ...သား...ကျူးလစ်ပန်းမပါလာဘူးမာမား။
စိတ်မဆိုးနဲ့နော်...ကျောင်းကနေ ပြေးလာရလို့."
ဖြေသူမဲ့တဲ့ အုတ်ဂူလေးကို ရှောင်ကျန့်
ဂါရ၀ပြုရင်း
"ကျွန်တော့် နာမည်ရှောင်ကျန့်ပါ။
ဝမ်ရိပေါ်ရဲ့...."
"ချစ်သူပါ..မာမား.."
မာမားသဘောကျတယ်မလား...ပြီးတော့
သားကတိပေးတယ်...မာမားလိုမျိုး တစ်ဖက်သတ်
ချစ်ရတဲ့ အိမ်ထောင်ရေးမျိုး မဖြစ်စေရဘူး..."
ရှောင်ကျန့် နားမလည်နိုင်စွာနဲ့ပဲ
ရှောင်ကျန့်မာမားအုတ်ဂူရှေ့သွားပြီး
"မင်းမာမားက အရမ်းချောတယ်နော်.."
"အင်း...မာမားက သဘောလည်းကောင်းတယ်.."
"ဟုတ်မယ်...မျက်နှာလေးက ရှင်းပြီး
အေးချမ်းနေတာပဲ..."
"မင်းမာမားက ခေတ်ဆန်ပြီး လှတယ်နော်။
ဝမ်ကတော် ပီသတယ်..."
ပြီးတော့ အတ္တကြီးတယ်..."
"ဘာကိုပြောတာလဲ.."
"တကယ်တော့ မာမားက ပါပါးအချစ်ကို
မခံခဲ့ရဘူး။ပါပါးနဲ့ မာမား နေ့တိုင်းလိုလို
အမြဲ ရန်ဖြစ်နေကြတာ။
ငါမှတ်မိသေးတယ်။မာမားယာဉ်တိုက်မှု
အသည်းအသန်ပြေးဆင်းသွားတဲ့မာမားက
ခဏနေတော့ မာမားကားလေး
အဲ့နေ့က ကျောင်းပို့မဲ့မာမားမအားလို့
တကယ်တော့....မာမားက နောက်နေ့တွေပါ
"၀မ်ပါပါး ဖောက်ပြန်တယ်လို့ မင်းထင်တာလား.."
"ပါပါးက မဖောက်ပြန်ပါဘူး။
ပါပါးက သစ္စာရှိတဲ့လူတစ်ယောက်ဆိုတာ
၂စက္ကန့်ထက် ပိုမကြည့်ဘူး။
မာမားကသာ အချစ်ကြီးပြီး အတ္တကြီးတာ။"
မာမား ဖြစ်ပျက်ခဲ့ပြီးပြီ။အဆုံးသတ်မလှလို့
ကြိုးမျိုးထက် မပြတ်ဘဲ ကြိုက်သလောက်ဆွဲလို့ရတဲ့
ကြိုးမျိုး ဖန်တီးမယ်....
〰️〰️〰️〰️
"Awww......ပွဲက ထင်ထားတာထက်
Hk....ဖေးရှာ...နင်နဲ့ငါ ပြန်ဆုံဖို့လိုပြီ
ထင်ပါရဲ့...."
ပါးစပ်မှာ ခဲထားတဲ့ စိးကရက်ကို
ရှောင်ကျန့်လက်ကို ဆွဲပြီး ၀င်လာတဲ့
ကြိတ်ရယ်မိသေးတယ်။
အဖတ်တင်တယ်လေ။
ဇာတ်လမ်းလေး။
သူမကိုယ်တိုင် ပျိုးပေးခဲ့တဲ့
အကုန်သိပြီး နင်တို့၂ယောက်လုံး
စိတ်မကောင်းလိုက်တာ။ဟားးးဟားးးးးဟားးးး.."
သူမနှလုံးသားထဲမှာလည်း ဒဏ်ရာအချို့နဲ့ရယ်။
〰️〰️〰️〰️〰️〰️〰️〰️〰️
"ရိပေါ်။ဘယ်တွေ အတင်းနဲ့ဆွဲခေါ်နေတာလဲ"
"လိုက်ခဲ့။တစ်နေရာသွားမယ်.."
"ဟေ့ကောင်!စာမလုပ်ချင်တိုင်း မင်း
ဟိုသွားလိုက် ဒီသွားလိုက်နဲ့ များနေပြီနော်"
"ဒီတစ်ညနေလေးပဲ။နောက်နေ့ မအိပ်မနေ
လုပ်ပြမယ်...."
"မယုံဘူးကွာ..မသွား...ဟေ့ကောင်.."
ကျောင်းဝန်းကြီးထဲလည်း ဂရုမစိုက်တော့တဲ့
ရိပေါ်က ရှောင်းကျန့်ကိုယ်လေးကို
စွေ့ခနဲ ပွေ့လိုက်တာကြောင့်
အလန့်တကြားထအော်မိသည်ထိ။
"ရိပေါ်!ဒါကျောင်းနော်။လူတွေ
သိကုန်မယ်။ပြန်ချပေး.."
"ငါ့ပုံစံက ငါတို့နှစ်ယောက်အကြောင်းကို
လှို့ဝှက်ချင်တဲ့ပုံပေါက်နေလို့လား..."
"ကျစ်...မဟုတ်ဘူးလေကွာ။မင်းပါပါးက
ရွေးကောက်ပွဲနီးနေပြီ။ဒီလိုအချိန်တွေဆို
မင်းဘက်က ဆင်ခြင်စရာရှိတာဆင်ခြင်ရမှာပေါ့.."
"အဲ့တာဆို ငါခေါ်တဲ့နောက်လိုက်ပါ့မယ်လို့
ကတိပေး။"
ခေါင်းငြိမ့်ကာအဖြေပေးလိုက်သည်နှင့်
ရှောင်းကျန့်လက်ကိုဆွဲလို့
အသည်းအသန်ထွက်ပြေးတဲ့ရိပေါ်ကြောင့်
သူ့မှာပြူးကြောင်ကြောင်နဲ့သာ ပါသွားရပြန်သည်။
"ဘာလို့ ဒီကိုခေါ်လာတာတုန်း.."
ရှေ့က သုသာန်လေးကိုကြည့်ရင်း
မေးလိုက်တော့ ရိပေါ်က
ခပ်ရေးရေးပြုံးရင်း
"တရားဝင်မိတ်ဆက်ပေးချင်လို့...."
သူ့လက်ကိုဆွဲလို့ ၀မ်မားရဲ့ အုတ်ဂူရှေ့မှာ
ရပ်တန့်သွားတဲ့ ရိပေါ်က မလုံ့တလုံထရယ်ရင်း
"ဟဲ..ဟဲ။သား...ကျူးလစ်ပန်းမပါလာဘူးမားမား။
စိတ်မဆိုးနဲ့နော်။ကျောင်းကနေ ပြေးလာရလို့."
ဖြေသူမဲ့တဲ့ အုတ်ဂူလေးကို ရှောင်းကျန့်
ဂါရ၀ပြုရင်း
"ကျွန်တော့် နာမည်ရှောင်းကျန့်ပါ။
၀မ်ရိပေါ်ရဲ့...."
"ချစ်သူပါ မားမား.."
အံ့သြစွာနဲ့ ရိပေါ်ကို မော့ကြည့်မိတော့
ရိပေါ်က မျက်ခုံးတစ်ဖက်ပင့်ပြီးပြုံးပြပြန်တယ်။
"သားချစ်သူကို တရားဝင်အသိလာပေးတာ။
မားမားသဘောကျတယ်မလား။ပြီးတော့
သားကတိပေးတယ်။မားမားလိုမျိူး တစ်ဖက်သတ်
ချစ်ရတဲ့ အိမ်ထောင်ရေးမျိူး မဖြစ်စေရဘူး..."
လက်သုံးချောင်းထောင်ရင်းကျိန်ဆိုပြနေတဲ့ ရိပေါ်မျက်ဝန်းမှာ
မျက်ရည်စတွေ တွဲခိုလို့။
ရှောင်းကျန့် နားမလည်နိုင်စွာနဲ့ပဲ
ရိပေါ် ကျောကို ပွတ်ပြီးနှစ်သိမ့်ပေးလိုက်တော့
အဆင်ပြေပါတယ်ဆိုတဲ့ အကြည့်နဲ့။
ရှောင်းကျန့်မာမားအုတ်ဂူရှေ့သွားပြီး
သူ့ကိုယ်သူ မိတ်ဆက်ရင်း
သူ့မားနဲ့ပါ သူငယ်ချင်းလုပ်ခိုင်းနေတဲ့
ရိပေါ်ကိုကြည့်ရင်း အမြင်တွေ ဝေဝါးလာရတယ်။
ဘာလို့ ဒီလောက်ချစ်တတ်တဲ့သူနဲ့
ဆုံစည်းခဲ့ရတာလဲ ဆိုပြီး
၀မ်းသာ ၀မ်းနည်း တဲ့ ခံစားမှုတွေကပါင်းစုံ။
အပြန်လမ်းက Busပေါ်မှာ
သူ့ပခုံးပေါ် ခေါင်းမှီထားတဲ့
ရိပေါ်က မျက်လုံးလေးမှိတ်လို့အနားယူနေရှာတယ်။
မတင်မကျဖြစ်နေတဲ့ ခံစားချက်နဲ့အတူ
ချစ်သူကို နှစ်သိမ့်ပေးချင်စိတ်တွေကြောင့်
စကားစဖို့ပြင်လိုက်တော့
"မင်းမားမားက အရမ်းချောတယ်နော်.."
စကားစလာတဲ့ဝမ်သခင်လေးကြောင့်
သက်ပြင်းကိုအသာချရင်း
"အင်း။မားမားက သဘောလည်းကောင်းတယ်.."
"ဟုတ်မယ်။မျက်နှာလေးက ရှင်းပြီး
အေးချမ်းနေတာပဲ..."
"မင်းမားမားက ခေတ်ဆန်ပြီး လှတယ်နော်။
၀မ်ကတော် ပီသတယ်..."
"အင်း...မာမားက ခေတ်ဆန်တယ်။လှတယ်။
ပြီးတော့ အတ္တကြီးတယ်..."
"ဘာကိုပြောတာလဲ.."
သူ့ပခုံးပေါ်က ခေါင်းထောင်သွားတဲ့ရိပေါ်က
အပြင်ကို ခပ်ဆွေးဆွေးလေး ငေးရင်း
"တကယ်တော့ မားမားက ပါးပါးအချစ်ကို
မခံခဲ့ရဘူး။ပါးပါးနဲ့ မားမား နေ့တိုင်းလိုလို
ရန်ဖြစ်တာ မိန်းမတစ်ယောက်ကြောင့်။
ထမင်းစားပွဲမှာ နေ့တိုင်းရယ်မောနေကြတယ်။
ဒါပေမဲ့ အဲ့တာ ဟန်ပြတွေ။ငါ့ရှေ့မှာသာ
ပျော်စရာမိသားစုပုံစံ ဖန်တီးပြီး ကွယ်ရာမှာဆို
အမြဲ ရန်ဖြစ်နေကြတာ။
ငါမှတ်မိသေးတယ်။မာမားယာဉ်တိုက်မှု
ဖြစ်တဲ့နေ့က အဖြစ်ပျက်ကို။
ဧည့်သည်လာတယ်ဆိုပြီး အိမ်အောက်ကို
အသည်းအသန်ပြေးဆင်းသွားတဲ့ မားမားက
အရင်နေ့တွေကလို ငါ့ကို ကျောင်းဝတ်စုံ
မထုတ်ပေးခဲ့ဘူး။မနက်စာ ကိုယ်တိုင်မကျွေးတော့ဘူး။
ခဏနေတော့ မားမားကားလေး
ခြံထဲကနေ ထွက်သွားတာ ငါမြင်လိုက်ပြီး
အဲ့နေ့က ကျောင်းပို့မဲ့ မားမားမအားလို့
ငါကျောင်းမသွားခဲ့ရဘူး။
တကယ်တော့....မားမားက နောက်နေ့တွေပါ
ငါ့ကို အထီးကျန်အောင်လုပ်ခဲ့တာ။"
"၀မ်ပါးပါး ဖောက်ပြန်တယ်လို့ မင်းထင်တာလား.."
သူ့စကားကို ရိပေါ်က ဖြေးညှင်းစွာ
ခေါင်းရမ်းပြတယ်။ချစ်သူရဲ့သက်ပြင်းသေးသေးလေးက
သူ့ရင်ဘတ်တွေ ဆွဲညှစ်ခံလိုက်ရသလို။
"ပါးပါးက မဖောက်ပြန်ပါဘူး။
ပါးပါးက သစ္စာရှိတဲ့လူတစ်ယောက်ဆိုတာ
ငါယုံတယ်။သူက မိန်းကလေးတစ်ယောက်ကို
နှစ်စက္ကန့်ထက် ပိုမကြည့်ဘူး။
မားမားကသာ အချစ်ကြီးပြီး အတ္တကြီးတာ။"
စကားဆုံးတာနဲ့ ရိပေါ်ခေါင်းလေးက သူ့ပခုံးပေါ်
ပြန်မှီလာပြန်တယ်။သူလည်း ရိပေါ်ဆံစတွေကို
ခပ်ဖွဖွ ပုတ်ပေးနေတော့
"ငါ အချစ်ပဲကြီးချင်တယ်။အတ္တမကြီးချင်ဘူး။
အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အဖြစ်ပျက်ကို
မားမား ဖြစ်ပျက်ခဲ့ပြီးပြီ။အဆုံးသတ်မလှလို့
ငါ ထပ်ဖြစ်မှာ အရမ်းကြောက်တယ်..."
သက်ပြင်းမောလေးတစ်ခုက Busပေါ်ကနေ
လေထုထဲ လွင့်ပျယ်သွားတယ်။
*ငါမင်းကို ဆွဲလို့ရသမျှ ဆွဲထားကြည့်မယ်ချစ်သူ။
ပြတ်သွားတဲ့အခါ ပြန်ထုံးလို့ရတဲ့
ကြိုးမျိူးထက် မပြတ်ဘဲ ကြိုက်သလောက်ဆွဲလို့ရတဲ့
ကြိုးမျိူး ဖန်တီးမယ်....
မင်းကို မထိခိုက်သရွေ့....
ငါ့ကို မင်းမမုန်းသရွေ့.......*
〰️〰️〰️〰️
"သြော်...ပွဲက ထင်ထားတာထက်
ကြည့်ကောင်းတော့မှာပဲ။၀မ်အိမ်တော်ရဲ့
သခင်လေး ဆိုလို့ ဘယ်သူလဲမှတ်တယ်။
၀မ့်မေ ရဲ့ အသည်းနှစ်လေးပဲ။
ဟက်..ဖေးရှာ။နင်နဲ့ငါ ပြန်ဆုံဖို့လိုပြီ
ထင်ပါရဲ့"
ပါးစပ်မှာ ခဲထားတဲ့ စီးကရက်ကို
ဖိခြေရင်း ခပ်ပြုံးပြုံးလေးသာ
ပြန်ထွက်လာခဲ့လိုက်တယ်။
သုသာန်မှာ ရှောင်ကျူးကိုသွားရန်တွေ့နေတုန်း
ရှောင်းကျန့်လက်ကို ဆွဲပြီး ၀င်လာတဲ့
၀မ်သခင်လေးကြောင့် ကွယ်ရာမှာပုန်းနေတော့
မိဘစုံရာ တောင်းရမ်းနေကြတဲ့ကလေးတွေကြောင့်
ကြိတ်ရယ်မိသေးတယ်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတစ်ပုံတော့
အဖတ်တင်တယ်လေ။
သူတို့နောက်ကို ပတ်လိုက်ရင်း
သိလိုက်ရတာက လှပတဲ့ ဇာတ်လမ်းလေးတစ်ခု။
သိပ်ကို ရိုးရှင်းပေမဲ့
ဘယ်သူမှ မသိကြတဲ့ အရူပ်ထုတ်
ဇာတ်လမ်းလေး။
သူမကိုယ်တိုင် ပျိူးပေးခဲ့တဲ့
မီးစလေးက ဒီအချိန်ထိ ပြာဖုံးပြီး
ရှင်သန်နေလိမ့်မယ်လို့
တွေးတောင်မတွေးခဲ့ဖူးဘူး။
"တမလွန်မှာဆိုတော့ ငါ့ရဲ့အကြံစည်တွေ
အကုန်သိပြီး နင်တို့နှစ်ယောက်လုံး
ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေတော့မှာပဲနော်။
စိတ်မကောင်းလိုက်တာ။ဟားးးဟားးးးးဟားးးး.."
အရူးတစ်ယောက်လို အော်ရယ်မိပေမဲ့
သူမနှလုံးသားထဲမှာလည်း ဒဏ်ရာအချိူ့နဲ့ရယ်။
〰️〰️〰️〰️〰️〰️〰️〰️〰️
Ficရဲ့ Voteတွေလိုက်စစ်ကြည့်တာ
warning သေးသေးပါတဲ့အခန်းတွေမှာ
Votingနည်းကြောင်းတွေ့ရှိ😌
ကျွန်မReaderတွေက အင်နိုးစန့်တွေပဲ
18တွေမကြိုက်ဘူးဆို မရေးတော့ပါဘူးဟယ်
Voteလေးတော့ပေးခဲ့ကြပါ😑😑
စိမ်းကားချင်နေတဲ့ဟာတွေ
ငှက်ကြီးတောင်နဲ့ကို လိုက်ခုတ်မှာ🙂