Zawgyi~
အခန္း (၂၀)
တုလင္းလန္သည္ မိန္းမလွတစ္ေယာက္ျဖစ္သည္။ သူမတြင္ အရည္အခ်င္းမ်ားစြာရွိေသာ္ျငား ထိုအရည္အခ်င္းတုိ႔ကို ထုတ္မသံုးသည့္ အခ်ိန္တြင္ သူမ၏ ဟန္ပန္သည္ ပါးလ်၍ အားနည္းလြန္းသည့္ဟန္ေပၚလွသည္။ ထုိအခ်က္က ေယာက်ာ္းတစ္ေယာက္ကို သူမေရွ႕တြင္မားမားမတ္မတ္ရပ္တည္၍ မကာကြယ္ေပးပဲမေနႏုိင္ေလာက္ေအာင္ပင္ ျဖစ္ေစသည္။
ဒီၿမိဳ႕ငယ္ေလးကို သူမေရာက္လာသည့္ကာလမွာ တိုေတာင္းေနေသးေသာ္ျငား သူမ၏ ၾကည့္ေကာင္းလွသည့္ ဟန္ပန္ေၾကာင့္ ၿမိဳ႕ငယ္ေလးရွိလူတို႔သည္ ထုိကဲ့သုိ႔ေသာ မိန္းကေလးမွာ မိခင္ေကာင္းတစ္ေယာက္၊ ဇနီးေကာင္းတစ္ေယာက္ျဖစ္လာလိမ့္မည္ ဟူသည့္အျမင္ျဖင့္သာၾကည့္ၾကသည္။ သူမ ကိုယ္၀န္ရွိေနေသာ္ျငား ငယ္ငယ္ရြယ္ရြယ္ ပုရိသတို႔ႏွင့္ အသက္အရြယ္ႀကီးရင့္ေနသည့္ မိခင္တို႔သည္ သူမကို သူတုိ႔၏ ေခြ်းမအျဖစ္အိမ္ေခၚထားခ်င္ၾကေလသည္။ သူမကို လူဆိုးတစ္ေယာက္က အႏုိင္က်င့္လွည့္ဖ်ားလိုက္၍ ကိုယ္၀န္ရွိသြားျခင္းေၾကာင့္သာ ဒီၿမိဳ႕ေလးကို ေရာက္လာသည္ဟုလည္း သူတို႔ေတြးၾကသည္။
ထို႔ေၾကာင့္ပင္ ဟန္ေလာ့ထင္း၏ ခပ္စိမ္းစိမ္းေနတတ္သည့္ပံုစံေၾကာင့္ အနာဂတ္တြင္ ဒီၿမိဳ႕ေလးမွလူတို႔၏ ေအးစက္စက္ဆက္ဆံမႈကို ရရွိေတာ့မည္ျဖစ္ေၾကာင္းကို ယန္ေမာ့ေဖး ႀကိဳတင္မွန္းဆမိလိုက္သည္ႏွင့္အတူ သူ၏ စိတ္တို႔ အရမ္းကိုပင္ ေပ်ာ္ရႊင္လာရေတာ့သည္။
ဟန္ေလာ့ထင္းကေတာ့ သူ႔မ်က္ႏွာေပၚက သိသာလွသည့္ အၿပံဳးကို ေစာင္၍ၾကည့္သည္။ ထုိအၿပံဳးမွေန၍ ဒီတစ္ေခါက္အတြက္ၿငိမ္းခ်မ္းေရးသည္ သူထင္ထားသလိုမလြယ္ေၾကာင္းႏွင့္ အခ်ိန္အေတာ္အတန္ၾကာမည္ျဖစ္ေၾကာင္းကိုပါ ခပ္ေရးေရး ခန္႔မွန္းမိလိုက္ေတာ့သည္။
လံုေခ်ာင္ကို သူထိုးလိုက္ၿပီးေနာက္တြင္ သူနားရက္ယူဖို႔ ခြင့္စာကိုပါပစ္ေပးခဲ့သည္အတြက္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ကိစၥမရွိေပ။ သူ၏ခြင့္ရက္သည္ တုလင္းလန္ကို လံုမန္ဆီ ျပန္ေခၚလာႏိုင္မည့္အခ်ိန္အထိျဖစ္ၿပီး ထိုအခါမွသာ သူ႔တာ၀န္ကို ဆက္လက္ထမ္းေဆာင္ရန္ျပန္လာမည္ျဖစ္သည္။
ဒီ့အတြက္ ဖိအားဘယ္ေလာက္ခံရခံရ ဟန္ေလာ့ထင္း ဒါကိုစိတ္မ၀င္စား... သူသိသည္က လက္ရွိသူ၏ တာ၀န္သည္ တုလင္းလန္ႏွင့္ သူတို႔၏ကေလးငယ္ကိုကာကြယ္ရန္၊ တုလင္းလန္ႏွင့္ ျပန္လည္သင့္ျမတ္ရန္၊ သူ႔အေပၚကို သူမ ျပန္ခ်စ္လာရန္ႏွင့္ လံုမန္ကို အတူတကြျပန္သြားၾကရန္သာျဖစ္သည္။
လံုမန္ကိုျပန္သြားၿပီးေနာက္ပိုင္းတြင္လည္း သူမ၏ ယခင္တာ၀န္မ်ားကို သူဘယ္ေတာ့မွ ထမ္းေဆာင္ခိုင္းေစမည္မဟုတ္။ ထုိကဲ့သို႔ အႏၱရာယ္မ်ားလွသည့္အလုပ္မ်ိဳးႏွင့္ အႏၱရာယ္မ်ားလွသည့္ အေရးအရာတို႔ကို သူခ်စ္ရသည့္ မိန္းကေလးအား လုပ္ကိုင္ခြင့္ျပဳမည္မဟုတ္။ လံုဟူသည္လည္း သူမ ခင္ပြန္း၏ ကာကြယ္မႈေအာက္တြင္ရွိေနၿပီးျဖစ္သည္ကို ေျပာစရာပင္မလိုေတာ့။ ဒီ့အတြက္ တုလင္းလန္ေနရာကုိ အစား၀င္မည့္ ရာထူးကို သူရွာေပးစရာလည္း မလိုအပ္ေတာ့ေပ။
သူမလုပ္ေဆာင္ရန္လိုအပ္သည္မွ သူႏွင့္ သူတို႔ကေလးကို ခ်စ္ေပးရန္သာျဖစ္ၿပီး ထုိမွ်ႏွင့္ပင္လံုေလာက္၍ေနၿပီျဖစ္သည္။
ခ်စ္စရာေကာင္းၿပီးေႏြးေထြးလွသည့္အိမ္ေလးတြင္ သူ-ဟန္ေလာ့ထင္း၊ သူမ-တုလင္းလန္ႏွင့္ သူတို႔၏ အေရးပါဆံုးကေလးငယ္ မ်ားသာ ေနထိုင္ၾကမည္။ ထိုအျခင္းအရာကို ေတြးလိုက္မိသည္ႏွင့္ ေဖာ္မျပႏုိင္သည့္ ေပ်ာ္ရႊင္မႈတို႔ကို သူခံစားလိုက္ရသည္။ သူ႔ႏွလံုးသားသည္ ရုိင္းျပစြာ ခုန္ေပါက္လွ်က္ရွိၿပီး သူမနံေဘးတြင္ ေစာင့္ေရွာက္ဖို႔ရာ အေျပးသြားခ်င္လွကာ ဘယ္ေတာ့မွ မခြဲခြာလိုေတာ့ေပ။
*********************
ဟန္ေလာ့ထင္း သူမအိမ္ကိုေျပာင္းလာေနသည္... သို႔ေသာ္ သူမတြင္ ဒါကို ဆန္႔က်င္ဖို႔ နည္းနည္းေလးေသာ္မွ် အစြမ္းရွိမေန။
တုလင္းလန္ ကေလးေစာင့္ေရွာက္နည္းစာအုပ္ကို လက္ထဲမွာ ကိုင္ထားေလရင္း သူမ အိမ္ေရွ႕ေျမကြက္လပ္တြင္ရွိသည့္ လႈပ္ကုလားထုိင္ေပၚတြင္ထုိင္ေနသည္ကာ သူမေဘးတြင္ရပ္ေနသည့္ အရပ္ရွည္ရွည္လူကို မျမင္ခ်င္ေယာင္ေဆာင္၍ေနသည္။
သူ႔ကို မျမင္ေအာင္ေနရတာက တကယ့္ကို ခက္လွသည္၊ အထူးသျဖင့္ သူ သစ္သားရုပ္တစ္ရုပ္လိုမ်ိဳး အခ်ိန္အတန္ၾကာ အနားတြင္ မတုန္မလႈပ္ရပ္ေနခ်ိန္မ်ိဳးတြင္ေပါ့။ သူလႈပ္ရွားသည့္အခ်ိန္သည္ သူမ မတ္တပ္ထရပ္သည့္အခ်ိန္ျဖစ္၍ သူမေနာက္ကို အရိပ္လိုမ်ိဳးတေကာက္ေကာက္လိုက္ေနခ်ိန္ပင္ျဖစ္သည္။
သူမႏႈတ္ခမ္းေတြကုိ တင္းတင္းေစ့ရင္း သူ႔ကို မျမင္ေတြ႕ႏိုင္သည့္ သူတစ္ေယာက္လိုမ်ိဳးအျဖစ္သည္းခံေပးႏုိင္ဖို႔ သူမ အရမ္းႀကိဳးစားရသည္... သို႔ေသာ္ျငား သူ တည္ရွိေနသည္ဆုိသည့္ ခံစားခ်က္သည္ အားေကာင္းလွသျဖင့္ သူ၏ သက္ေရာက္မႈမခံရေလေအာင္ လုပ္ေဆာင္ရန္ သူမတြင္နည္းလမ္းမရွိေပ။
သက္ျပင္းကိုသာ အသာခ်လိုက္ရင္း ကေလးေစာင့္ေရွာက္နည္းစာအုပ္ကို ေအာက္ခ်လိုက္ကာ သူမအိမ္တြင္ တစ္ပတ္ခန္႔ရွိေနၿပီျဖစ္သည့္ ထုိအမ်ိဳးသားကို မေနႏိုင္လွစြာ ပါးစပ္ဖြင့္၍ စကားေျပာလိုက္ရေတာ့သည္။
"ရွင္ ဘယ္ေတာ့ျပန္မွာလဲ?"
ဒီၿမိဳ႕ေလးကို ေျပာင္းေရႊ႕လာၿပီးခ်ိန္တြင္ ဒီအိမ္ကို လူတစ္ဦးေနရန္အတြက္သာ ငွါးရမ္းခဲ့ျခင္းျဖစ္သည္။ ၿမိဳ႕ေနလူတို႔ မၾကာခဏလာ၍ ထုိင္ကာ စကားစျမည္ႏွင့္ အတင္းအဖ်င္းေျပာၾကသည့္အခ်ိန္မွလြဲ၍ က်န္ရွိေနသည့္အခ်ိန္မ်ားတြင္ ဗုိက္ထဲမွ ကေလးကသာ သူမကို အေဖာ္ျပဳေပးေနတာျဖစ္သည္။ သူ၏ တည္ရွိေနမႈက သူမ၏ မူလ တည္ၿငိမ္မႈကို ဖ်က္စီး၍ေနၿပီး သူမကို က်င့္သားမရျဖစ္ေစသည္။
"မင္း လံုမန္ကို ျပန္ခ်င္မယ့္အခ်ိန္က်မွ ကိုယ္ျပန္မယ္..." တစ္ပတ္ၾကာ ေစာင့္ၾကပ္ၿပီးေနာက္တြင္ေတာ့ သူမ သူ႔ကို စကားေျပာခ်င္လာေလၿပီ။ ဟန္ေလာ့ထင္း စိတ္ထဲတြင္ ေအာင္ျမင္မႈအတြက္ ေျခလွမ္းႀကီးတစ္လွမ္းလွမ္းလိုက္ရၿပီဟုသာ ခံစားမိလိုက္ေတာ့သည္။ ထိုအေၾကာင္းကို စဥ္းစားမိလိုက္သည္ႏွင့္ သူေနာက္ထပ္စကားတစ္ေၾကာင္းကို ထပ္ထည့္ေပါင္း ေျပာလိုက္သည္... "မင္းနဲ႔အတူ ျပန္မွာ..."
ယန္ေမာ့ေဖးက သူ႔ကုိ သူမ၏ ရႈေထာင့္မွေန၍ ထည့္ေတြးစဥ္းစားေပးဖို႔ ေျပာခဲ့ေသာ္ျငား သူမ၏ ရႈေထာင့္ဆိုတာက ဘာပါလဲ? ထုိအေၾကာင္းကို သူတစ္ပတ္လံုးလံုးစဥ္းစားခဲ့ေသာ္ျငား အေျဖတစ္ခုမွ အခုထိသူေတြးမမိေသး။
သူ၏ နက္ေမွာင္သည့္ မ်က္၀န္းတို႔က သူမ၏ ဘယ္ညာကိုလိုက္ကာ ေစာင့္ၾကည့္ေနသည္။ ဒီနည္းလမ္းတစ္ခုကိုသာ သူစဥ္းစားမိတာျဖစ္ၿပီး ဒါသည္မွန္မမွန္ သူမသိေပ၊ သို႔ေသာ္ ကံေကာင္းစြာျဖင့္ သူမ ေနာက္ဆံုးေတာ့ သူ႔ကို စကားေျပာလာခဲ့ၿပီ။
"လံုမန္က မထြက္ခင္ကတည္းက လင္းလန္ေျပာခဲ့ၿပီးၿပီေလ... အရိပ္သက္ေတာ္ေစာင့္အျဖစ္ မသင့္ေတာ္ေတာ့ပါဘူးဆုိေန..."
တုလင္းလန္ အနည္းငယ္စိတ္ပ်က္လို႔ေနၿပီျဖစ္သည္။
"လင္းလန္မွာ ကေလးရွိတယ္... ကေလးကို မိဘမဲ့ျဖစ္သြားဖို႔ လံုး၀အခြင့္မရွိေစရဘူး... ကေလးႀကီးျပင္းလာတာကုိလည္း လင္းလန္ ၾကည့္ေနရဦးမွာ... အရိပ္သက္ေတာ္ေစာင့္ျပန္လုပ္ေစခ်င္လို႔ လာေဖ်ာင္းဖ်ခ်င္ရင္ လင္းလန္ထက္သာတဲ့ သူတစ္ေယာက္ေယာက္ကိုပဲ သြားရွာလိုက္ပါေတာ့..."
"အရိပ္သက္ေတာ္ေစာင့္လုပ္ဖို႔မဟုတ္ဘူး..."
ဟန္ေလာ့ထင္းတြင္ သူမကို ဒီလိုမ်ိဳး အႏၱရာယ္ရွိသည့္အလုပ္ကို လုပ္ခြင့္ျပဳဖို႔ စိတ္ကူးလုံး၀မရွိေပ။
"လံုမန္ကို ျပန္ၿပီး ကိုယ့္အနားမွာပဲ ေနဖို႔..."
သူ႔အၾကည့္ႏွင့္ ေလသံတုိ႔က စိတ္ရင္းအမွန္ျဖစ္သည့္အတြက္ ဘယ္မိန္းကေလးမဆို စိတ္လႈပ္ရွားသြားမွာပင္။
သုိ႔ေသာ္ တုလင္းလန္သည္ သူ႔ကို ၾကည့္မေနေတာ့သလို သူ႔ေလသံကိုလည္း ေသခ်ာနားေထာင္မေနေတာ့ေပ။ သူမ၏ လက္ဆယ္ေခ်ာင္းကိုသာ က်စ္ေနေအာင္ ဆုပ္ထားလိုက္ေလရင္း အင္မတန္မွေလးနက္သည့္ အသံျဖင့္ဆုိသည္။
"ကေလးက လင္းလန္တစ္ေယာက္ထဲအပုိင္... ဘယ္သူ႔ကိုမွ လာလုခြင့္မေပးႏုိင္ဘူး... ရွင္ျဖစ္ေနရင္ေတာင္မွ... လင္းလန္ျပန္တိုက္ခိုက္ရမွာပဲ..."
"ကေလးနဲ႔ပတ္သတ္ၿပီး မင္းနဲ႔ တုိက္ခိုက္ဖို႔ တစ္ခါမွ မေတြးခဲ့ဘူး..." ဒီအေတြးကို သူတစ္ခါမွ မေတြးဖူးတာပင္။
သူကေလးကိုသာ တကယ္လုသြားခဲ့လွ်င္ သူမမ်ား သူႏွင့္အတူ လံုမန္ကို ျပန္လုိက္လာေလမလား... ကေလးအတြက္ဆုိလွ်င္ သူမ လိုက္လာမွာေသခ်ာသည္... သို႔ေသာ္ သူ႔ကိုေတာ့ သူမ မမုန္းမိေစခ်င္... သူမ သူ႔ကို ခ်စ္ေစခ်င္ရုံသာျဖစ္သည္။
"ရွင္ က်ိန္ေျပာရဲလား?" သူမ စိတ္ပူေနဆဲပင္... ကေလးေလာက္အေရးႀကီးတာ ဘာမွမရွိ။
"ကိုယ္ေသခ်ာေျပာရဲတယ္... ကေလးကို မင္းဆီကေန ဘယ္ေတာ့မွမလုသြားဘူး..." ကေလးအပါအ၀င္ သူမႏွင့္ပါ သူ အတူတူေနမည္၊ အတူတကြ ကေလးကုိ ႀကီးျပင္းေအာင္ ေစာင့္ေရွာက္မည့္အတြက္ပင္။ အံ့မခန္းစရာ ဒီျဖစ္စဥ္ကို သူလက္လြတ္ခံမည္မဟုတ္သည့္အတြက္ ေသေသရွင္ရွင္ သူဘယ္လိုမ်ား သူမ ဆီက ကေလးကို လုသြားႏုိင္ပါ့မလဲ? ေယာက်ာ္းကတိဆုိသည့္အတိုင္း တည္တတ္သည့္ သူျဖစ္သည့္အတြက္ သူ႔ကတိစကားသည္ ယံုၾကည္ႏိုင္လွေပသည္။
======<===>======
Unicode~
အခန်း (၂၀)
တုလင်းလန်သည် မိန်းမလှတစ်ယောက်ဖြစ်သည်။ သူမတွင် အရည်အချင်းများစွာရှိသော်ငြား ထိုအရည်အချင်းတို့ကို ထုတ်မသုံးသည့် အချိန်တွင် သူမ၏ ဟန်ပန်သည် ပါးလျ၍ အားနည်းလွန်းသည့်ဟန်ပေါ်လှသည်။ ထိုအချက်က ယောကျာ်းတစ်ယောက်ကို သူမရှေ့တွင်မားမားမတ်မတ်ရပ်တည်၍ မကာကွယ်ပေးပဲမနေနိုင်လောက်အောင်ပင် ဖြစ်စေသည်။
ဒီမြို့ငယ်လေးကို သူမရောက်လာသည့်ကာလမှာ တိုတောင်းနေသေးသော်ငြား သူမ၏ ကြည့်ကောင်းလှသည့် ဟန်ပန်ကြောင့် မြို့ငယ်လေးရှိလူတို့သည် ထိုကဲ့သို့သော မိန်းကလေးမှာ မိခင်ကောင်းတစ်ယောက်၊ ဇနီးကောင်းတစ်ယောက်ဖြစ်လာလိမ့်မည် ဟူသည့်အမြင်ဖြင့်သာကြည့်ကြသည်။
သူမ ကိုယ်ဝန်ရှိနေသော်ငြား ငယ်ငယ်ရွယ်ရွယ် ပုရိသတို့နှင့် အသက်အရွယ်ကြီးရင့်နေသည့် မိခင်တို့သည် သူမကို သူတို့၏ ချွေးမအဖြစ်အိမ်ခေါ်ထားချင်ကြလေသည်။ သူမကို လူဆိုးတစ်ယောက်က အနိုင်ကျင့်လှည့်ဖျားလိုက်၍ ကိုယ်ဝန်ရှိသွားခြင်းကြောင့်သာ ဒီမြို့လေးကို ရောက်လာသည်ဟုလည်း သူတို့တွေးကြသည်။
ထို့ကြောင့်ပင် ဟန်လော့ထင်း၏ ခပ်စိမ်းစိမ်းနေတတ်သည့်ပုံစံကြောင့် အနာဂတ်တွင် ဒီမြို့လေးမှလူတို့၏ အေးစက်စက်ဆက်ဆံမှုကို ရရှိတော့မည်ဖြစ်ကြောင်းကို ယန်မော့ဖေး ကြိုတင်မှန်းဆမိလိုက်သည်နှင့်အတူ သူ၏ စိတ်တို့ အရမ်းကိုပင် ပျော်ရွှင်လာရတော့သည်။
ဟန်လော့ထင်းကတော့ သူ့မျက်နှာပေါ်က သိသာလှသည့် အပြုံးကို စောင်၍ကြည့်သည်။ ထိုအပြုံးမှနေ၍ ဒီတစ်ခေါက်အတွက်ငြိမ်းချမ်းရေးသည် သူထင်ထားသလိုမလွယ်ကြောင်းနှင့် အချိန်အတော်အတန်ကြာမည်ဖြစ်ကြောင်းကိုပါ ခပ်ရေးရေး ခန့်မှန်းမိလိုက်တော့သည်။
လုံချောင်ကို သူထိုးလိုက်ပြီးနောက်တွင် သူနားရက်ယူဖို့ ခွင့်စာကိုပါပစ်ပေးခဲ့သည်အတွက် အချိန်ဘယ်လောက်ကြာကြာ ကိစ္စမရှိပေ။ သူ၏ခွင့်ရက်သည် တုလင်းလန်ကို လုံမန်ဆီ ပြန်ခေါ်လာနိုင်မည့်အချိန်အထိဖြစ်ပြီး ထိုအခါမှသာ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရန်ပြန်လာမည်ဖြစ်သည်။
ဒီ့အတွက် ဖိအားဘယ်လောက်ခံရခံရ ဟန်လော့ထင်း ဒါကိုစိတ်မဝင်စား... သူသိသည်က လက်ရှိသူ၏ တာဝန်သည် တုလင်းလန်နှင့် သူတို့၏ကလေးငယ်ကိုကာကွယ်ရန်၊ တုလင်းလန်နှင့် ပြန်လည်သင့်မြတ်ရန်၊ သူ့အပေါ်ကို သူမ ပြန်ချစ်လာရန်နှင့် လုံမန်ကို အတူတကွပြန်သွားကြရန်သာဖြစ်သည်။
လုံမန်ကိုပြန်သွားပြီးနောက်ပိုင်းတွင်လည်း သူမ၏ ယခင်တာဝန်များကို သူဘယ်တော့မှ ထမ်းဆောင်ခိုင်းစေမည်မဟုတ်။ ထိုကဲ့သို့ အန္တရာယ်များလှသည့်အလုပ်မျိုးနှင့် အန္တရာယ်များလှသည့် အရေးအရာတို့ကို သူချစ်ရသည့် မိန်းကလေးအား လုပ်ကိုင်ခွင့်ပြုမည်မဟုတ်။ လုံဟူသည်လည်း သူမ ခင်ပွန်း၏ ကာကွယ်မှုအောက်တွင်ရှိနေပြီးဖြစ်သည်ကို ပြောစရာပင်မလိုတော့။ ဒီ့အတွက် တုလင်းလန်နေရာကို အစားဝင်မည့် ရာထူးကို သူရှာပေးစရာလည်း မလိုအပ်တော့ပေ။
သူမလုပ်ဆောင်ရန်လိုအပ်သည်မှ သူနှင့် သူတို့ကလေးကို ချစ်ပေးရန်သာဖြစ်ပြီး ထိုမျှနှင့်ပင်လုံလောက်၍နေပြီဖြစ်သည်။
ချစ်စရာကောင်းပြီးနွေးထွေးလှသည့်အိမ်လေးတွင် သူ-ဟန်လော့ထင်း၊ သူမ-တုလင်းလန်နှင့် သူတို့၏ အရေးပါဆုံးကလေးငယ် များသာ နေထိုင်ကြမည်။ ထိုအခြင်းအရာကို တွေးလိုက်မိသည်နှင့် ဖော်မပြနိုင်သည့် ပျော်ရွှင်မှုတို့ကို သူခံစားလိုက်ရသည်။ သူ့နှလုံးသားသည် ရိုင်းပြစွာ ခုန်ပေါက်လျှက်ရှိပြီး သူမနံဘေးတွင် စောင့်ရှောက်ဖို့ရာ အပြေးသွားချင်လှကာ ဘယ်တော့မှ မခွဲခွာလိုတော့ပေ။
*********************
ဟန်လော့ထင်း သူမအိမ်ကိုပြောင်းလာနေသည်... သို့သော် သူမတွင် ဒါကို ဆန့်ကျင်ဖို့ နည်းနည်းလေးသော်မျှ အစွမ်းရှိမနေ။
တုလင်းလန် ကလေးစောင့်ရှောက်နည်းစာအုပ်ကို လက်ထဲမှာ ကိုင်ထားလေရင်း သူမ အိမ်ရှေ့မြေကွက်လပ်တွင်ရှိသည့် လှုပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသည်ကာ သူမဘေးတွင်ရပ်နေသည့် အရပ်ရှည်ရှည်လူကို မမြင်ချင်ယောင်ဆောင်၍နေသည်။
သူ့ကို မမြင်အောင်နေရတာက တကယ့်ကို ခက်လှသည်၊ အထူးသဖြင့် သူ သစ်သားရုပ်တစ်ရုပ်လိုမျိုး အချိန်အတန်ကြာ အနားတွင် မတုန်မလှုပ်ရပ်နေချိန်မျိုးတွင်ပေါ့။ သူလှုပ်ရှားသည့်အချိန်သည် သူမ မတ်တပ်ထရပ်သည့်အချိန်ဖြစ်၍ သူမနောက်ကို အရိပ်လိုမျိုးတကောက်ကောက်လိုက်နေချိန်ပင်ဖြစ်သည်။
သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့ရင်း သူ့ကို မမြင်တွေ့နိုင်သည့် သူတစ်ယောက်လိုမျိုးအဖြစ်သည်းခံပေးနိုင်ဖို့ သူမ အရမ်းကြိုးစားရသည်... သို့သော်ငြား သူ တည်ရှိနေသည်ဆိုသည့် ခံစားချက်သည် အားကောင်းလှသဖြင့် သူ၏ သက်ရောက်မှုမခံရလေအောင် လုပ်ဆောင်ရန် သူမတွင်နည်းလမ်းမရှိပေ။
သက်ပြင်းကိုသာ အသာချလိုက်ရင်း ကလေးစောင့်ရှောက်နည်းစာအုပ်ကို အောက်ချလိုက်ကာ သူမအိမ်တွင် တစ်ပတ်ခန့်ရှိနေပြီဖြစ်သည့် ထိုအမျိုးသားကို မနေနိုင်လှစွာ ပါးစပ်ဖွင့်၍ စကားပြောလိုက်ရတော့သည်။ "ရှင် ဘယ်တော့ပြန်မှာလဲ?"
ဒီမြို့လေးကို ပြောင်းရွှေ့လာပြီးချိန်တွင် ဒီအိမ်ကို လူတစ်ဦးနေရန်အတွက်သာ ငှါးရမ်းခဲ့ခြင်းဖြစ်သည်။ မြို့နေလူတို့ မကြာခဏလာ၍ ထိုင်ကာ စကားစမြည်နှင့် အတင်းအဖျင်းပြောကြသည့်အချိန်မှလွဲ၍ ကျန်ရှိနေသည့်အချိန်များတွင် ဗိုက်ထဲမှ ကလေးကသာ သူမကို အဖော်ပြုပေးနေတာဖြစ်သည်။ သူ၏ တည်ရှိနေမှုက သူမ၏ မူလ တည်ငြိမ်မှုကို ဖျက်စီး၍နေပြီး သူမကို ကျင့်သားမရဖြစ်စေသည်။
"မင်း လုံမန်ကို ပြန်ချင်မယ့်အချိန်ကျမှ ကိုယ်ပြန်မယ်..."
တစ်ပတ်ကြာ စောင့်ကြပ်ပြီးနောက်တွင်တော့ သူမ သူ့ကို စကားပြောချင်လာလေပြီ။ ဟန်လော့ထင်း စိတ်ထဲတွင် အောင်မြင်မှုအတွက် ခြေလှမ်းကြီးတစ်လှမ်းလှမ်းလိုက်ရပြီဟုသာ ခံစားမိလိုက်တော့သည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် သူနောက်ထပ်စကားတစ်ကြောင်းကို ထပ်ထည့်ပေါင်း ပြောလိုက်သည်... "မင်းနဲ့အတူ ပြန်မှာ..."
ယန်မော့ဖေးက သူ့ကို သူမ၏ ရှုထောင့်မှနေ၍ ထည့်တွေးစဉ်းစားပေးဖို့ ပြောခဲ့သော်ငြား သူမ၏ ရှုထောင့်ဆိုတာက ဘာပါလဲ? ထိုအကြောင်းကို သူတစ်ပတ်လုံးလုံးစဉ်းစားခဲ့သော်ငြား အဖြေတစ်ခုမှ အခုထိသူတွေးမမိသေး။
သူ၏ နက်မှောင်သည့် မျက်ဝန်းတို့က သူမ၏ ဘယ်ညာကိုလိုက်ကာ စောင့်ကြည့်နေသည်။ ဒီနည်းလမ်းတစ်ခုကိုသာ သူစဉ်းစားမိတာဖြစ်ပြီး ဒါသည်မှန်မမှန် သူမသိပေ၊ သို့သော် ကံကောင်းစွာဖြင့် သူမ နောက်ဆုံးတော့ သူ့ကို စကားပြောလာခဲ့ပြီ။
"လုံမန်က မထွက်ခင်ကတည်းက လင်းလန်ပြောခဲ့ပြီးပြီလေ... အရိပ်သက်တော်စောင့်အဖြစ် မသင့်တော်တော့ပါဘူးဆိုနေ..."တုလင်းလန် အနည်းငယ်စိတ်ပျက်လို့နေပြီဖြစ်သည်။ "လင်းလန်မှာ ကလေးရှိတယ်... ကလေးကို မိဘမဲ့ဖြစ်သွားဖို့ လုံးဝအခွင့်မရှိစေရဘူး... ကလေးကြီးပြင်းလာတာကိုလည်း လင်းလန် ကြည့်နေရဦးမှာ... အရိပ်သက်တော်စောင့်ပြန်လုပ်စေချင်လို့ လာဖျောင်းဖျချင်ရင် လင်းလန်ထက်သာတဲ့ သူတစ်ယောက်ယောက်ကိုပဲ သွားရှာလိုက်ပါတော့..."
"အရိပ်သက်တော်စောင့်လုပ်ဖို့မဟုတ်ဘူး..."
ဟန်လော့ထင်းတွင် သူမကို ဒီလိုမျိုး အန္တရာယ်ရှိသည့်အလုပ်ကို လုပ်ခွင့်ပြုဖို့ စိတ်ကူးလုံးဝမရှိပေ။ "လုံမန်ကို ပြန်ပြီး ကိုယ့်အနားမှာပဲ နေဖို့..." သူ့အကြည့်နှင့် လေသံတို့က စိတ်ရင်းအမှန်ဖြစ်သည့်အတွက် ဘယ်မိန်းကလေးမဆို စိတ်လှုပ်ရှားသွားမှာပင်။
သို့သော် တုလင်းလန်သည် သူ့ကို ကြည့်မနေတော့သလို သူ့လေသံကိုလည်း သေချာနားထောင်မနေတော့ပေ။ သူမ၏ လက်ဆယ်ချောင်းကိုသာ ကျစ်နေအောင် ဆုပ်ထားလိုက်လေရင်း အင်မတန်မှလေးနက်သည့် အသံဖြင့်ဆိုသည်။
"ကလေးက လင်းလန်တစ်ယောက်ထဲအပိုင်... ဘယ်သူ့ကိုမှ လာလုခွင့်မပေးနိုင်ဘူး... ရှင်ဖြစ်နေရင်တောင်မှ... လင်းလန်ပြန်တိုက်ခိုက်ရမှာပဲ..."
"ကလေးနဲ့ပတ်သတ်ပြီး မင်းနဲ့ တိုက်ခိုက်ဖို့ တစ်ခါမှ မတွေးခဲ့ဘူး..." ဒီအတွေးကို သူတစ်ခါမှ မတွေးဖူးတာပင်။
သူကလေးကိုသာ တကယ်လုသွားခဲ့လျှင် သူမများ သူနှင့်အတူ လုံမန်ကို ပြန်လိုက်လာလေမလား... ကလေးအတွက်ဆိုလျှင် သူမ လိုက်လာမှာသေချာသည်... သို့သော် သူ့ကိုတော့ သူမ မမုန်းမိစေချင်... သူမ သူ့ကို ချစ်စေချင်ရုံသာဖြစ်သည်။
"ရှင် ကျိန်ပြောရဲလား?" သူမ စိတ်ပူနေဆဲပင်... ကလေးလောက်အရေးကြီးတာ ဘာမှမရှိ။
"ကိုယ်သေချာပြောရဲတယ်... ကလေးကို မင်းဆီကနေ ဘယ်တော့မှမလုသွားဘူး..."
ကလေးအပါအဝင် သူမနှင့်ပါ သူ အတူတူနေမည်၊ အတူတကွ ကလေးကို ကြီးပြင်းအောင် စောင့်ရှောက်မည့်အတွက်ပင်။
အံ့မခန်းစရာ ဒီဖြစ်စဉ်ကို သူလက်လွတ်ခံမည်မဟုတ်သည့်အတွက် သေသေရှင်ရှင် သူဘယ်လိုများ သူမ ဆီက ကလေးကို လုသွားနိုင်ပါ့မလဲ? ယောကျာ်းကတိဆိုသည့်အတိုင်း တည်တတ်သည့် သူဖြစ်သည့်အတွက် သူ့ကတိစကားသည် ယုံကြည်နိုင်လှပေသည်။
======<===>======