တေရြ႔ေရြ႔ ကုန္ဆံုးသြားတဲ့ အခ်ိန္ေတြနဲ႔အတူ တစ္စတစ္စ ေပ်ာက္႐ွသြားတာက ေကာင္ေလးရဲ႕ ေႏြးေထြးတဲ့ အျပဳအမူေလးေတြ။
ေအးစက္စက္ အမူအယာေတြၾကားမွာ ေ႐ွာင္းက်န္႔ဟာ
အရင္တုန္းက ေႏြးေထြးမႈေလးေတြကို ျပန္လည္႐ွာေဖြ
တယ္။ ေမ်ွာ္လင့္ခ်က္မဲ့စြာနဲ႔ပဲ.....။
ေကာင္ေလးဟာ ေ႐ွာင္းက်န္႔နဲ႔ ပိုၿပီးေဝးကြာသြားသလို...
ဟင့္အင္း...ေကာင္ေလးက တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့မလို ခံစားေနရတယ္။
တျဖည္းျဖည္းခ်င္း ေျပာင္းလဲသြားတဲ့ ေကာင္ေလးဟာ
ေ႐ွာင္းက်န္႔ သိပ္ခ်စ္ခဲ့ရတဲ့ ေကာင္ေလးမဟုတ္ေတာ့သလို..။ ဒီအေျခအေနကို ေ႐ွာင္းက်န္႔ မႏွစ္ၿမိဳ႕ဘူး။
ေႏြးေထြးမႈအျပည့္နဲ႔ ေကာင္ေလးကို သူခ်စ္ႏိုင္ခဲ့ေပမယ့္ အခုလို ေအးစက္သြားတဲ့ ေကာင္ေလးကို သူဆက္ခ်စ္ႏိုင္ပါဦးမလား။
ေ႐ွာင္းက်န္႔ေၾကာက္ေနမိတယ္။ သူေကာင္ေလးကို
ဆက္မခ်စ္ႏိုင္ေတာ့မွာကို ေၾကာက္ေနမိတယ္။
ဟန္ေဆာင္မႈကင္းတဲ့ ရယ္သံခ်ိဳခ်ိဳေလးေတြကို
လြမ္းတယ္။
မင္းေကြၽးေနက် ခ်ိဳခ်ဥ္ေလးေတြကိုလြမ္းတယ္။
မင္းရဲ႕ ခပ္ခြၽဲခြၽဲ အျပဳအမူေလးေတြကို လြမ္းတယ္။
ေႏြးေထြးခဲ့တဲ့ အတိတ္က မင္းကို လြမ္းတယ္။
ကိုယ္ခ်စ္ခဲ့ရတဲ့ေကာင္ေလးကိုလြမ္းတယ္...။
----------------------------
ဒီေန႔ဟာ ေ႐ွာင္းက်န္႔ရဲ႕ေမြးေန႔။ ေမြးေန႔တိုင္းကို ႐ိုး႐ွင္းစြာ ျဖတ္သန္းခဲ့တဲ့ ေ႐ွာင္းက်န္႔အတြက္ ပထမဆံုး ေမြးေန႔ဆုေတာင္းကို အျမဲတမ္းလိုလို က်ိဳးခ်န္ဆီကပဲ ရခဲ့တယ္။အခုလည္း မနက္ေစာေစာဖုန္းဆက္ၿပီး ေမြးေန႔ဆု
ေတာင္းေပးတဲ့ က်ိဳးခ်န္ကို ေက်းဇူးတင္စကားေျပာရင္း
စိတ္ထဲကေတာ့ ေကာင္ေလးဆီက Happy Birthdayဆိုတဲ့ စကားသံေလး ၾကားဖို႔ေမ်ွာ္လင့္မိေသးတာ။ မင္းနဲ႔ပတ္သတ္လာရင္ ကိုယ့္မွာ အမွတ္သည္းေျခ မ႐ွိတာလည္း ခက္သား။
ေကာင္ေလးရဲ႕ ဒီညအိမ္ျပန္ေနာက္က်မယ္ ဆိုတဲ့
စကားေအာက္မွာ ေ႐ွာင္းက်န္႔ရဲ႕ ေမ်ွာ္လင့္ခ်က္ေလး
ေတြက အပိုင္းပိုင္း က်ိဳးပဲ့ခဲ့ရျပန္တယ္။
သူဟာ ေကာင္ေလးရဲ႕ ဘဝထဲကေန ဖယ္ထုတ္ခံေန
ရသလို ခံစားခ်က္က အားငယ္စိတ္ကို ပိုလို႔တြန္းအား
ေပးတယ္။
ပင္ပန္းလြန္းလို႔ လြတ္ခ်လိုက္ခ်င္ေပမယ့္
မင္းက ကိုယ့္မွာ႐ွိတဲ့ တစ္ခုတည္းေသာအရာမို႔
ဆံုး႐ွံုးလို႔မျဖစ္ျပန္ဘူး ေကာင္ေလးေရ...
အသက္ဝိဥာဏ္ျဖစ္တည္ရာ မင္းဆီမွာပဲ
နာနာက်င္က်င္နဲ႔ပဲတြယ္ကပ္ေနပါရေစ။
-----------------------------
က်ယ္ေလာင္စြာ ေအာ္ျမည္ေနတဲ့ ဖုန္းသံက
ေ႐ွာင္းက်န္႔အတြက္ ဆိုးရြားလြန္းတဲ့ အျဖစ္အပ်က္ေတြကို
ယူေဆာင္လာေပးမယ့္ နိမိတ္ဆိုးတစ္ခုဆိုတာကိုသာ
ႀကိဳသိခဲ့မယ္ဆိုရင္ ထိုဖုန္းျမည္သံကို ေ႐ွာင္းက်န္႔ လ်စ္လ်ဴ႐ႈမိခဲ့မည္သာ ျဖစ္သည္။ သို႔ေသာ္ ႀကိဳတင္မွန္းဆလို႔
မရႏိုင္တဲ့အရာ ျဖစ္တာေၾကာင့္ ကိုယ္တိုင္ ဖိတ္ေခၚမိ
တဲ့ အျဖစ္ဆိုးေပါ့။
ဖုန္းကိုင္လိုက္တာနဲ႔ ၾကားလိုက္ရတဲ့မိန္းကေလးအသံ
က ဟိုတစ္ေလာက ရိေပၚဖုန္းထဲက မိန္းကေလးရဲ႕အသံဆိုတာ ေသခ်ာသေလာက္႐ွိတယ္။
"Hello.Darling႐ွိလား"
"Darling...??"
"အာ...ေဆာရီး။ရိေပၚကိုေမးတာ။ရိေပၚ႐ွိလားလို႔"
"ရိေပၚကအခုပဲအျပင္ထြက္သြားတယ္"
"ဟုတ္လား။Darlingကလည္းေနာက္မက်ပါေစနဲ႔
လို႔မွာထားတာကိုဘယ္ဝင္ေနျပန္ၿပီလဲမသိဘူး။
အာ့ဆိုဒါပဲေနာ္"
တစ္ဖက္က ဖုန္းခ်သြားတဲ့အထိ ေ႐ွာင္းက်န္႔ကေတာ့
အေတြးေပါင္းမ်ားစြာနဲ႔ ကမၻာပ်က္ေနတယ္။
Darling...ဒီလိုအသံုးအႏႈန္း သံုးကတည္းက
ရိေပၚနဲ႔ အဲ့ဒီမိ္န္းကေလးက သာမန္ပတ္သတ္မႈမ်ိဳး လံုးဝမျဖစ္ႏိုင္ဘူး။
ၿပီးေတာ့...ရိေပၚသေဘာက်တဲ့သူဆိုတာ ဒီမိန္းကေလးလား။ အဲ့လိုသာဆို ေ႐ွာင္းက်န္႔ဘာလုပ္သင့္လဲ။
သူတကယ္ပဲ ေကာင္ေလးကို ဆံုး႐ွံုးရေတာ့မွာလား။
သူတစ္ခုခု ဆံုးျဖတ္မွျဖစ္ေတာ့မယ္။ သူျပတ္သားရ
ေတာ့မယ္။ သူေတြေဝေနခဲ့လို႔ အခုလို အေျခအေနေတြ ျဖစ္လာတာ။ ပထမဆံုးနဲ႔ ေနာက္ဆံုးအႀကိမ္အျဖစ္
သူေကာင္ေလးကို မရရေအာင္ ဖမ္းဆုပ္ထားမွျဖစ္
ေတာ့မယ္။ မဟုတ္ရင္ ေကာင္ေလးက သူ႔ဘဝထဲက
ေန လံုးဝေပ်ာက္ကြယ္သြားလိမ့္မယ္။
____________________________
ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ထိုင္ျပီး ေကာင္ေလးျပန္
လာမယ့္ အခ်ိန္ကို ေစာင့္ေနတဲ့ ေ႐ွာင္းက်န္႔ရဲ႕ ရင္ထဲမွာ
ေတာ့ အေတြးေပါင္းမ်ားစြာနဲ႔ ပူေလာင္ေနတယ္။
သတၱိနည္းလြန္းတဲ့ သူ႔ဘဝမွာ ပထမဆံုးစြန္႔စားမႈက
ေကာင္ေလးကို သူ႔အပိုင္ျဖစ္ေအာင္ ႀကိဳးစားမိတာပဲ။
ဒီႀကိဳးစားမႈေလး အရာမထင္ခဲ့ရင္ လဲၿပိဳသြားမွာကလည္း သူ႔ဘဝတစ္ခုလံုးပဲ။
အခ်စ္ကို ေလာင္းေၾကးထပ္တာမ်ိဳး မဟုတ္ေပမယ့္
အကယ္၍ ဒီတစ္ခါ အေရြးခ်ယ္မခံရရင္
ေ႐ွာင္းက်န္႔ ေကာင္ေလးကို ဆက္ခ်စ္ႏိုင္ဖို႔ မေသခ်ာ
ေတာ့ဘူး။
ဒါေၾကာင့္ နာက်င္မႈေတြက ခ်စ္ျခင္းတရားကို ဖံုးလႊမ္း
မသြားခင္မွာ သူဆက္ခ်စ္ေနႏိုင္ဖို႔ အတတ္ႏိုင္ဆံုး
ႀကိဳးစားရမယ္။
အိမ္ေ႐ွ႕တံခါးဆီက password႐ိုက္သံ ၾကားလိုက္တာနဲ႔ ေကာင္ေလး အိမ္ျပန္ေရာက္ၿပီဆိုတာကို
ေ႐ွာင္းက်န္႔သိလိုက္တယ္။ တံခါးဖြင့္သံနဲ႔အတူ
အိမ္ထဲဝင္လာတဲ့ ေျခသံက တျဖည္းျဖည္း နီးကပ္လာတယ္။
"အစ္ကို...မအိပ္ေသးဘဲဘာလုပ္ေနတာလဲ။
ကြၽန္ေတာ့ကိုထိုင္ေစာင့္ေနတာလား။ေနာက္က်မယ္
လို႔ေျပာထားတယ္ေလ"
"ဒီေန႔....ကိုယ့္ေမြးေန႔"
"ေအာ္...မသိလိုက္ဘူး။Happy Birthdayပါ
အစ္ကို"
"ဒါပဲလား..."
"ဘာကို...ေဩာ္..ေမြးေန႔လက္ေဆာင္ကေတာ့
ေနာက္ေန႔မွေပးေတာ့မယ္"
"မင္းဒီေန႔ဘယ္ကျပန္လာတာလဲ"
"......"
"မင္းေကာင္မေလးနဲ႔သြားေတြ႔တာမလား"
"အစ္ကိုဘယ္လိုသိတာလဲ"
"မင္းခ်စ္သူရေနၿပီေပါ့"
"အင္း"
"ဝမ္ရိေပၚ!!!မင္း...မင္းအတြက္ငါကဘာလဲ"
"အစ္ကိုက ကြၽန္ေတာ္ေလးစားရတဲ့၊ယံုၾကည္ရတဲ့
မိတ္ေဆြတစ္ေယာက္ေလ"
"မိတ္ေဆြ...ဟုတ္လား။မင္း...မင္းတကယ္ပဲငါ့စိတ္
ကိုမသိတာလား"
"အစ္ကို ဘာေတြေျပာေနလဲဆိုတာ ကြၽန္ေတာ္နား
မလည္ဘူး။ ကြၽန္ေတာ္လည္း အရြယ္ေရာက္ၿပီးသား
လူငယ္တစ္ေယာက္ပဲ။ခ်စ္သူရည္းစား႐ွိတာ ဆန္းလား။အစ္ကိုက ကြၽန္ေတာ့ကို လိုက္ပိတ္ပင္ခြင့္ မ႐ွိဘူး
ထင္တယ္"
"ပိတ္ပင္တယ္ ဟုတ္လား။အဲ႔တာ မင္းကိုဆံုး႐ွံုးရမွာ
ေၾကာက္လို႔ကြ!!!မင္းကို အဆံုး႐ွံုးမခံႏိုင္ေလာက္ေအာင္ ခ်စ္ေနမိလို႔"
"အစ္ကိုဘာေျပာလိုက္တယ္"
"ဟုတ္တယ္။ငါမင္းကိုခ်စ္တယ္ ဝမ္ရိေပၚ။ငါမင္းကို
ေသမေလာက္ခ်စ္တာ။ တစ္ဘဝလံုးမင္းနဲ႔အတူျဖတ္
သန္းခ်င္တဲ့ အခ်စ္မ်ိဳးနဲ႔ခ်စ္တာ"
"အစ္ကိုေနာက္ေနတာေတာ့မဟုတ္ပါဘူးေနာ္"
"ဒါမ်ိဳးကိစၥကိုငါေနာက္ပါ့မလား။မင္းလည္းငါ့ကို
ခ်စ္တယ္မလား ဟင္"
"အဟက္...အစ္ကိုက ကိုယ့္ကိုယ္ကိုယ္ အထင္ေတြႀကီးေနတာပဲ။ အကိုတစ္ေယာက္လို အားကိုးၿပီးဂ႐ုစိုက္ေပး
ခဲ့တာကိုအထင္လြဲေနပံုရတယ္။ ျပီးေတာ့ အစ္ကို
ေျပာတဲ့အခ်စ္ဆိုတာ တကယ္ေရာဟုတ္ရဲ႕လား"
"မင္းဘာစကားေျပာတာလဲ"
"အစ္ကိုအခ်စ္လို႔ ေခါင္းစဥ္တပ္ေနတာက တကယ္ေတာ့ အစ္ကို႔ရဲ႕အတၱပဲ။ အထီးက်န္ေနတဲ့ အစ္ကို႔ဘဝ
ထဲမွာ ကြၽန္ေတာ္က ခနခိုလွံုစရာျဖစ္ေပးခဲ့တဲ့အခါ
အစ္ကိုက အပိုင္လိုခ်င္တဲ့ အတၱနဲ႔ ကြၽန္ေတာ့ကို
ခ်စ္ပါတယ္ ဆိုၿပီး ကိုယ့္ကိုယ္ကိ္ုယ္ လိမ္ေနတာေလ"
"မဟုတ္ဘူး!!"
"အကယ္၍ ကြၽန္ေတာ့ေနရာမွာ တစ္ျခားတစ္ေယာက္သာဆိုရင္လည္း အစ္ကိုခ်စ္တယ္လို႔ ေျပာမွာပဲ။
ဘာလို႔လဲဆိုေတာ့ အဲ့ဒီလူက အစ္ကို႔ဘဝကို ေႏြးေထြး
မႈ ေပးႏိုင္ခဲ့လို႔။ အစ္ကိုက ကိုယ္မပိုင္တဲ့အရာကို
ဘယ္သူ႔ကိုမွ မေပးခ်င္တဲ့အခါ ကိုယ့္အပိုင္ျဖစ္ေအာင္
အတင္းႀကိဳးစားယူသလိုမ်ိဳး။ အစ္ကို႔ရဲ႕ အတၱေလွာင္အိမ္ထဲမွာ အခ်စ္ဆိုတဲ့အမည္ခံၿပီး ထာဝရပိတ္ေလွာင္ထားခ်င္တာ။ အဲ့တာအခ်စ္မဟုတ္ဘူး။ ခင္ဗ်ားရဲ႕
အတၱပဲ!!!"
"မဟုတ္ဘူး!!!ကိုယ္ကေကာင္ေလးကိုပဲခ်စ္တာ။
ေကာင္ေလးျဖစ္ေနလို႔ကို ခ်စ္တာ။ေကာင္ေလးမဟုတ္ရင္ ဘယ္သူ႔ကိုမွ ခ်စ္မိမွာမဟုတ္ဘူး"
"ကိုယ့္ကိုယ္ကို လိမ္မေနစမ္းပါနဲ႔ဗ်ာ။ခင္ဗ်ားက ကြၽန္ေတာ့ကို ခ်စ္တာမဟုတ္ဘူး။ကြၽန္ေတာ့္ကို ပိတ္ေလွာင္ထားခ်င္တာ။ ကြၽန္ေတာ့ကိုဆံုး႐ွံုးရမွာကို ေၾကာက္တာမဟုတ္ဘူး။ ခင္ဗ်ားျပန္ၿပီး အထီးက်န္သြားမွာကို
ေၾကာက္တာ။ ခင္ဗ်ားကအတၱႀကီးတဲ့သူပဲ"
"ဝမ္ရိေပၚ!!!မင္းငါ့အခ်စ္ကိုေစာ္ကားစရာအေၾကာင္း
မ႐ွိဘူး"
"ဒါေပါ့ ဒါေပါ့။သိပ္ကို ခမ္းနားႀကီးက်ယ္ၿပီး ျမင့္ျမတ္
ေနတဲ့ ခ်စ္ျခင္းတရားႀကီးကို ဘယ္ေစာ္ကားရဲပါ့မလဲ
ဗ်ာ"
မဟုတ္ဘူးေလ...ဘာေတြျဖစ္ကုန္တာလဲ။ သူလိုခ်င္
ခဲ့တာ ဒီလိုအေျခအေနမဟုတ္ဘူး။ သူ႔အခ်စ္ကို
ဖြင့္ေျပာခဲ့တာ ဒီလိုေလွာင္ေျပာင္ခံရဖို႔၊ အေစာ္ကား
ခံရဖို႔မဟုတ္ဘူးေလ။ လက္မခံႏိုင္ဘူးဆိုရင္ေတာင္
အခုလို ပစ္ပစ္ခါခါေျပာမယ္လို႔ ေ႐ွာင္းက်န္႔ ေယာင္လို႔
႔ေတာင္ မေတြးခဲ့မိဘူး။
"မင္းဘယ္သူလဲ။ မင္းကငါသိပ္ခ်စ္ရတဲ့ ေကာင္ေလး
မဟုတ္ဘူး။ ေကာင္ေလးက ငါ့ကိုဘယ္ေတာ့မွ ဒီလို
မေစာ္ကားဘူး။ မင္းဘယ္သူလဲ။ ေကာင္ေလးကို
မင္းဘာလုပ္လိုက္တာလဲ"
"ဟက္။ေျပာသားပဲ။ခင္ဗ်ားရဲ႕အခ်စ္က ဒါလား။
ခင္ဗ်ားအေပၚ ေႏြးေထြးမႈေပးတဲ့ ဝမ္ရိေပၚကိုပဲ ခ်စ္ၿပီး
အခုလို မိုက္႐ိုင္းေစာ္ကားတဲ့ ဝမ္ရိေပၚကိုက် လက္မခံ
ႏိုင္ဘူးမလား။ ေကာင္းတာပဲလိုခ်င္လို႔ ဘယ္ရမလဲ
အဆိုးကိုလည္း လက္ခံႏိုင္ရမွာေပါ့။ ကြၽန္ေတာ့ရဲ႕
ေကာင္းတဲ့ဘက္အျခမ္းကိုပဲ ခ်စ္ေပးႏိုင္တဲ့ ခင္ဗ်ားရဲ႕
ႀကီးျမတ္တဲ့ ခ်စ္ျခင္းတရားႀကီးက သိပ္ရြံဖို႔ေကာင္းတာပဲ"
"မင္း!!!!ထြက္သြား!!!အခုခ်က္ခ်င္းထြက္သြား!!!"
"အဟက္....ခင္ဗ်ားေမာင္းထုတ္စရာ မလိုပါဘူး။ခင္ဗ်ားလို
လူမ်ိဳးနဲ႔ ကြၽန္ေတာ္ကလည္း အတူမေနခ်င္ပါဘူး။
တကယ္ေတာ့ ခင္ဗ်ားနဲ႔ကြၽန္ေတာ္က အစကတည္းက
မဆံုခဲ့သင့္တာ"
"သြား!!!!ထြက္သြား!!!!"
တစ္စတစ္စ ေဝးကြာသြားတဲ့ ေျခသံေတြက ေ႐ွာင္းက်န္႔
ႏွလံုးသားတစ္ခုလံုးကို နင္းေျခသြားတဲ့ ေျခလွမ္းေတြ။
အၿပိဳၿပိဳအလဲလဲနဲ႔ ဒူးေထာက္ထိုင္ခ်မိတဲ့အခါ မ်က္ရည္
ေတြကေတာ့ မဖိတ္ေခၚထားပါဘဲလ်က္ သူ့အလိုလို
က်ဆင္းလာတယ္။
ကိုယ့္ဘက္က နာက်င္မႈေတြနဲ႕ရင္းၿပီး အခ်ိန္ယူ
တည္ေဆာက္ခဲ့ရတဲ့ ဒီပက္သက္မႈေလးက
သူ႕ဘက္က အလြယ္တကူ ဖ်က္စီးပစ္နိုင္လိုက္တဲ့အထိ ခိုင္ၿမဲမႈမရွိခဲ့တာ ကိုယ္ညံ့လို႔မ်ားလား....
ဆုပ္ကိုင္ထားတဲ့ လက္တစ္စံုက မေမ်ွာ္လင့္ဘဲ
လြတ္ခ်လိုက္တဲ့အခါမွ သိလိုက္ရတာက ကိ္ုယ္က
ေခ်ာက္ကမ္းပါးစြန္းမွာရပ္ေနမိခဲ့တာပဲ...
အခုေတာ့ အရာရာကို ဆံုး႐ွံုးလိုက္ရၿပီ။ ဘဝမွာ ဘယ္
တုန္းကမွ မပိုင္ဆိုင္ခဲ့ဖူးတဲ့ မင္းကိုဆံုး႐ွံုးလိုက္ရၿပီ။
ဘဝမွာ ပထမဆံုး စိတ္ကူးယဥ္မိတဲ့
အနာဂတ္ေလးက ႐ိုး႐ွင္းခဲ့ပါတယ္။
အိမ္ေသးေသးေလး တစ္လံုး႐ွိမယ္။
မင္းႀကိဳက္တတ္တဲ့ ခ်ိဳခ်ဥ္ေလးေတြ႐ွိမယ္။
မင္းရဲ႕ ရယ္သံခ်ိဳခ်ိဳေလးေတြ႐ွိမယ္။
မင္း႐ွိမယ္။
မင္းအေပၚထားတဲ့ ကိုယ့္ရဲ႕အခ်စ္ေတြ႐ွိမယ္။
အခုေတာ့ကိုယ့္ရဲ႕ အခ်စ္ေတြက ကိုယ္သိပ္ခ်စ္ခဲ့ဖူးတဲ့ေကာင္ေလးနဲ႔အတူ အဆံုးသတ္သြားခဲ့ၿပီ။
ခ်ိဳခ်ဥ္ေလးေတြႀကိဳက္တဲ့ ရယ္သံခ်ိဳခ်ိဳနဲ႔ေကာင္ေလး
ဟာ ကိုယ္သိပ္ခ်စ္ခဲ့ဖူးတဲ့ အတိတ္မွာ ထာဝရ
ေသဆံုးသြားခဲ့ပါၿပီ..........
______________________________
Unicode
Chapter 17
တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အတူ တစ်စတစ်စပျောက်ရှသွားတာကကောင်လေးရဲ့နွေးထွေးတဲ့ အပြုအမူလေးတွေ။
အေးစက်စက် အမူအယာတွေကြားမှာရှောင်းကျန့်ဟာ
အရင်တုန်းကနွေးထွေးမှုလေးတွေကို ပြန်လည်ရှာဖွေ
တယ်။မျှော်လင့်ချက်မဲ့စွာနဲ့ပဲ.....။
ကောင်လေးဟာရှောင်းကျန့်နဲ့ ပိုပြီးဝေးကွာသွားသလို...
ဟင့်အင်း...ကောင်လေးက တဖြည်းဖြည်းပျောက်ကွယ်သွားတော့မလို ခံစားနေရတယ်။
တဖြည်းဖြည်းချင်းပြောင်းလဲသွားတဲ့ကောင်လေးဟာ
ရှောင်းကျန့် သိပ်ချစ်ခဲ့ရတဲ့ကောင်လေးမဟုတ်တော့သလို..။ ဒီအခြေအနေကိုရှောင်းကျန့် မနှစ်မြို့ဘူး။
နွေးထွေးမှုအပြည့်နဲ့ ကောင်လေးကို သူချစ်နိုင်ခဲ့ပေမယ့် အခုလို အေးစက်သွားတဲ့ ကောင်လေးကို သူဆက်ချစ်နိုင်ပါဦးမလား။
ရှောင်းကျန့် ကြောက်နေမိတယ်။ သူကောင်လေးကို
ဆက်မချစ်နိုင်တော့မှာကို ကြောက်နေမိတယ်။
ဟန်ဆောင်မှုကင်းတဲ့ ရယ်သံချိုချိုလေးတွေကို
လွမ်းတယ်။
မင်းကျွေးနေကျ ချိုချဉ်လေးတွေကိုလွမ်းတယ်။
မင်းရဲ့ ခပ်ချွဲချွဲ အပြုအမူလေးတွေကို လွမ်းတယ်။
နွေးထွေးခဲ့တဲ့ အတိတ်က မင်းကို လွမ်းတယ်။
ကိုယ်ချစ်ခဲ့ရတဲ့ကောင်လေးကိုလွမ်းတယ်...။
----------------------------
ဒီနေ့ဟာရှောင်းကျန့်ရဲ့မွေးနေ့။မွေးနေ့တိုင်းကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့တဲ့ရှောင်းကျန့်အတွက် ပထမဆုံးမွေးနေ့ဆုတောင်းကို အမြဲတမ်းလိုလို ကျိုးချန်ဆီကပဲ ရခဲ့တယ်။အခုလည်း မနက်စောစောဖုန်းဆက်ပြီးမွေးနေ့ဆု
တောင်းပေးတဲ့ ကျိုးချန်ကိုကျေးဇူးတင်စကားပြောရင်း
စိတ်ထဲကတော့ကောင်လေးဆီက Happy Birthdayဆိုတဲ့ စကားသံလေး ကြားဖို့မျှော်လင့်မိသေးတာ။ မင်းနဲ့ပတ်သတ်လာရင် ကိုယ့်မှာ အမှတ်သည်းခြေ မရှိတာလည်း ခက်သား။
ကောင်လေးရဲ့ ဒီညအိမ်ပြန်နောက်ကျမယ် ဆိုတဲ့
စကားအောက်မှာရှောင်းကျန့်ရဲ့မျှော်လင့်ချက်လေး
တွေက အပိုင်းပိုင်း ကျိုးပဲ့ခဲ့ရပြန်တယ်။
သူဟာကောင်လေးရဲ့ ဘဝထဲကနေ ဖယ်ထုတ်ခံနေ
ရသလို ခံစားချက်က အားငယ်စိတ်ကို ပိုလို့တွန်းအား
ပေးတယ်။
ပင်ပန်းလွန်းလို့ လွတ်ချလိုက်ချင်ပေမယ့်
မင်းက ကိုယ့်မှာရှိတဲ့ တစ်ခုတည်းသောအရာမို့
ဆုံးရှုံးလို့မဖြစ်ပြန်ဘူး ကောင်လေးရေ...
အသက်ဝိဥာဏ်ဖြစ်တည်ရာ မင်းဆီမှာပဲ
နာနာကျင်ကျင်နဲ့ပဲတွယ်ကပ်နေပါရစေ။
-----------------------------
ကျယ်လောင်စွာအော်မြည်နေတဲ့ ဖုန်းသံက
ရှောင်းကျန့်အတွက် ဆိုးရွားလွန်းတဲ့ အဖြစ်အပျက်တွေကို
ယူဆောင်လာပေးမယ့် နိမိတ်ဆိုးတစ်ခုဆိုတာကိုသာ
ကြိုသိခဲ့မယ်ဆိုရင် ထိုဖုန်းမြည်သံကိုရှောင်းကျန့် လျစ်လျူရှုမိခဲ့မည်သာ ဖြစ်သည်။ သို့သော် ကြိုတင်မှန်းဆလို့
မရနိုင်တဲ့အရာ ဖြစ်တာကြောင့် ကိုယ်တိုင် ဖိတ်ခေါ်မိ
တဲ့ အဖြစ်ဆိုးပေါ့။
ဖုန်းကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့မိန်းကလေးအသံ
က ဟိုတစ်လောက ရိပေါ်ဖုန်းထဲက မိန်းကလေးရဲ့အသံဆိုတာသေချာသလောက်ရှိတယ်။
"Hello.Darlingရှိလား"
"Darling...??"
"အာ...ဆောရီး။ရိပေါ်ကိုမေးတာ။ရိပေါ်ရှိလားလို့"
"ရိပေါ်ကအခုပဲအပြင်ထွက်သွားတယ်"
"ဟုတ်လား။Darlingကလည်းနောက်မကျပါစေနဲ့
လို့မှာထားတာကိုဘယ်ဝင်နေပြန်ပြီလဲမသိဘူး။
အာ့ဆိုဒါပဲနော်"
တစ်ဖက်က ဖုန်းချသွားတဲ့အထိရှောင်းကျန့်ကတော့
အတွေးပေါင်းများစွာနဲ့ ကမ္ဘာပျက်နေတယ်။
Darling...ဒီလိုအသုံးအနှုန်း သုံးကတည်းက
ရိပေါ်နဲ့ အဲ့ဒီမ်ိန်းကလေးက သာမန်ပတ်သတ်မှုမျိုး လုံးဝမဖြစ်နိုင်ဘူး။
ပြီးတော့...ရိပေါ်သဘောကျတဲ့သူဆိုတာ ဒီမိန်းကလေးလား။ အဲ့လိုသာဆိုရှောင်းကျန့်ဘာလုပ်သင့်လဲ။
သူတကယ်ပဲကောင်လေးကို ဆုံးရှုံးရတော့မှာလား။
သူတစ်ခုခု ဆုံးဖြတ်မှဖြစ်တော့မယ်။ သူပြတ်သားရ
တော့မယ်။ သူတွေဝေနေခဲ့လို့ အခုလို အခြေအနေတွေ ဖြစ်လာတာ။ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ်
သူကောင်လေးကို မရရအောင် ဖမ်းဆုပ်ထားမှဖြစ်
တော့မယ်။ မဟုတ်ရင် ကောင်လေးက သူ့ဘဝထဲက
နေ လုံးဝပျောက်ကွယ်သွားလိမ့်မယ်။
____________________________
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ပြီးကောင်လေးပြန်
လာမယ့် အချိန်ကို စောင့်နေတဲ့ရှောင်းကျန့်ရဲ့ ရင်ထဲမှာ
တော့ အတွေးပေါင်းများစွာနဲ့ ပူလောင်နေတယ်။
သတ္တိနည်းလွန်းတဲ့ သူ့ဘဝမှာ ပထမဆုံးစွန့်စားမှုက
ကောင်လေးကို သူ့အပိုင်ဖြစ်အောင် ကြိုးစားမိတာပဲ။
ဒီကြိုးစားမှုလေး အရာမထင်ခဲ့ရင် လဲပြိုသွားမှာကလည်း သူ့ဘဝတစ်ခုလုံးပဲ။
အချစ်ကိုလောင်းကြေးထပ်တာမျိုး မဟုတ်ပေမယ့်
အကယ်၍ ဒီတစ်ခါ အရွေးချယ်မခံရရင်
ရှောင်းကျန့်ကောင်လေးကို ဆက်ချစ်နိုင်ဖို့ မသေချာ
တော့ဘူး။
ဒါကြောင့် နာကျင်မှုတွေက ချစ်ခြင်းတရားကို ဖုံးလွှမ်း
မသွားခင်မှာ သူဆက်ချစ်နေနိုင်ဖို့ အတတ်နိုင်ဆုံး
ကြိုးစားရမယ်။
အိမ်ရှေ့တံခါးဆီက passwordရိုက်သံ ကြားလိုက်တာနဲ့ကောင်လေး အိမ်ပြန်ရောက်ပြီဆိုတာကို
ရှောင်းကျန့်သိလိုက်တယ်။ တံခါးဖွင့်သံနဲ့အတူ
အိမ်ထဲဝင်လာတဲ့ခြေသံက တဖြည်းဖြည်း နီးကပ်လာတယ်။
"အစ်ကို...မအိပ်သေးဘဲဘာလုပ်နေတာလဲ။
ကျွန်တော့ကိုထိုင်စောင့်နေတာလား။နောက်ကျမယ်
လို့ပြောထားတယ်လေ"
"ဒီနေ့....ကိုယ့်မွေးနေ့"
"အော်...မသိလိုက်ဘူး။Happy Birthdayပါ
အစ်ကို"
"ဒါပဲလား..."
"ဘာကို...ဩော်..မွေးနေ့လက်ဆောင်ကတော့
နောက်နေ့မှပေးတော့မယ်"
"မင်းဒီနေ့ဘယ်ကပြန်လာတာလဲ"
"......"
"မင်းကောင်မလေးနဲ့သွားတွေ့တာမလား"
"အစ်ကိုဘယ်လိုသိတာလဲ"
"မင်းချစ်သူရနေပြီပေါ့"
"အင်း"
"ဝမ်ရိပေါ်!!!မင်း...မင်းအတွက်ငါကဘာလဲ"
"အစ်ကိုက ကျွန်တော်လေးစားရတဲ့၊ယုံကြည်ရတဲ့
မိတ်ဆွေတစ်ယောက်လေ"
"မိတ်ဆွေ...ဟုတ်လား။မင်း...မင်းတကယ်ပဲငါ့စိတ်
ကိုမသိတာလား"
"အစ်ကို ဘာတွေပြောနေလဲဆိုတာ ကျွန်တော်နား
မလည်ဘူး။ ကျွန်တော်လည်း အရွယ်ရောက်ပြီးသား
လူငယ်တစ်ယောက်ပဲ။ချစ်သူရည်းစားရှိတာ ဆန်းလား။အစ်ကိုက ကျွန်တော့ကို လိုက်ပိတ်ပင်ခွင့် မရှိဘူး
ထင်တယ်"
"ပိတ်ပင်တယ် ဟုတ်လား။အဲ့တာ မင်းကိုဆုံးရှုံးရမှာ
ကြောက်လို့ကွ!!!မင်းကို အဆုံးရှုံးမခံနိုင်လောက်အောင် ချစ်နေမိလို့"
"အစ်ကိုဘာပြောလိုက်တယ်"
"ဟုတ်တယ်။ငါမင်းကိုချစ်တယ် ဝမ်ရိပေါ်။ငါမင်းကို
သေမလောက်ချစ်တာ။ တစ်ဘဝလုံးမင်းနဲ့အတူဖြတ်
သန်းချင်တဲ့ အချစ်မျိုးနဲ့ချစ်တာ"
"အစ်ကိုနောက်နေတာတော့မဟုတ်ပါဘူးနော်"
"ဒါမျိုးကိစ္စကိုငါနောက်ပါ့မလား။မင်းလည်းငါ့ကို
ချစ်တယ်မလား ဟင်"
"အဟက်...အစ်ကိုက ကိုယ့်ကိုယ်ကိုယ် အထင်တွေကြီးနေတာပဲ။ အကိုတစ်ယောက်လို အားကိုးပြီးဂရုစိုက်ပေး
ခဲ့တာကိုအထင်လွဲနေပုံရတယ်။ ပြီးတော့ အစ်ကို
ပြောတဲ့အချစ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား"
"မင်းဘာစကားပြောတာလဲ"
"အစ်ကိုအချစ်လို့ခေါင်းစဉ်တပ်နေတာက တကယ်တော့ အစ်ကို့ရဲ့အတ္တပဲ။ အထီးကျန်နေတဲ့ အစ်ကို့ဘဝ
ထဲမှာ ကျွန်တော်က ခနခိုလှုံစရာဖြစ်ပေးခဲ့တဲ့အခါ
အစ်ကိုက အပိုင်လိုချင်တဲ့ အတ္တနဲ့ ကျွန်တော့ကို
ချစ်ပါတယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်နေတာလေ"
"မဟုတ်ဘူး!!"
"အကယ်၍ ကျွန်တော့နေရာမှာ တစ်ခြားတစ်ယောက်သာဆိုရင်လည်း အစ်ကိုချစ်တယ်လို့ပြောမှာပဲ။
ဘာလို့လဲဆိုတော့ အဲ့ဒီလူက အစ်ကို့ဘဝကိုနွေးထွေး
မှုပေးနိုင်ခဲ့လို့။ အစ်ကိုက ကိုယ်မပိုင်တဲ့အရာကို
ဘယ်သူ့ကိုမှ မပေးချင်တဲ့အခါ ကိုယ့်အပိုင်ဖြစ်အောင်
အတင်းကြိုးစားယူသလိုမျိုး။ အစ်ကို့ရဲ့ အတ္တလှောင်အိမ်ထဲမှာ အချစ်ဆိုတဲ့အမည်ခံပြီး ထာဝရပိတ်လှောင်ထားချင်တာ။ အဲ့တာအချစ်မဟုတ်ဘူး။ ခင်ဗျားရဲ့
အတ္တပဲ!!!"
"မဟုတ်ဘူး!!!ကိုယ်ကကောင်လေးကိုပဲချစ်တာ။
ကောင်လေးဖြစ်နေလို့ကို ချစ်တာ။ကောင်လေးမဟုတ်ရင် ဘယ်သူ့ကိုမှ ချစ်မိမှာမဟုတ်ဘူး"
"ကိုယ့်ကိုယ်ကို လိမ်မနေစမ်းပါနဲ့ဗျာ။ခင်ဗျားက ကျွန်တော့ကို ချစ်တာမဟုတ်ဘူး။ကျွန်တော့်ကို ပိတ်လှောင်ထားချင်တာ။ ကျွန်တော့ကိုဆုံးရှုံးရမှာကိုကြောက်တာမဟုတ်ဘူး။ ခင်ဗျားပြန်ပြီး အထီးကျန်သွားမှာကို
ကြောက်တာ။ ခင်ဗျားကအတ္တကြီးတဲ့သူပဲ"
"ဝမ်ရိပေါ်!!!မင်းငါ့အချစ်ကိုစော်ကားစရာအကြောင်း
မရှိဘူး"
"ဒါပေါ့ ဒါပေါ့။သိပ်ကို ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်
နေတဲ့ ချစ်ခြင်းတရားကြီးကို ဘယ်စော်ကားရဲပါ့မလဲ
ဗျာ"
မဟုတ်ဘူးလေ...ဘာတွေဖြစ်ကုန်တာလဲ။ သူလိုချင်
ခဲ့တာ ဒီလိုအခြေအနေမဟုတ်ဘူး။ သူ့အချစ်ကို
ဖွင့်ပြောခဲ့တာ ဒီလိုလှောင်ပြောင်ခံရဖို့၊ အစော်ကား
ခံရဖို့မဟုတ်ဘူးလေ။ လက်မခံနိုင်ဘူးဆိုရင်တောင်
အခုလို ပစ်ပစ်ခါခါပြောမယ်လို့ရှောင်းကျန့်ယောင်လို့
့တောင် မတွေးခဲ့မိဘူး။
"မင်းဘယ်သူလဲ။ မင်းကငါသိပ်ချစ်ရတဲ့ကောင်လေး
မဟုတ်ဘူး။ကောင်လေးက ငါ့ကိုဘယ်တော့မှ ဒီလို
မစော်ကားဘူး။ မင်းဘယ်သူလဲ။ကောင်လေးကို
မင်းဘာလုပ်လိုက်တာလဲ"
"ဟက်။ပြောသားပဲ။ခင်ဗျားရဲ့အချစ်က ဒါလား။
ခင်ဗျားအပေါ်နွေးထွေးမှုပေးတဲ့ ဝမ်ရိပေါ်ကိုပဲ ချစ်ပြီး
အခုလို မိုက်ရိုင်းစော်ကားတဲ့ ဝမ်ရိပေါ်ကိုကျ လက်မခံ
နိုင်ဘူးမလား။ကောင်းတာပဲလိုချင်လို့ ဘယ်ရမလဲ
အဆိုးကိုလည်း လက်ခံနိုင်ရမှာပေါ့။ ကျွန်တော့ရဲ့
ကောင်းတဲ့ဘက်အခြမ်းကိုပဲ ချစ်ပေးနိုင်တဲ့ ခင်ဗျားရဲ့
ကြီးမြတ်တဲ့ ချစ်ခြင်းတရားကြီးက သိပ်ရွံဖို့ကောင်းတာပဲ"
"မင်း!!!!ထွက်သွား!!!အခုချက်ချင်းထွက်သွား!!!"
"အဟက်....ခင်ဗျားမောင်းထုတ်စရာ မလိုပါဘူး။ခင်ဗျားလို
လူမျိုးနဲ့ ကျွန်တော်ကလည်း အတူမနေချင်ပါဘူး။
တကယ်တော့ ခင်ဗျားနဲ့ကျွန်တော်က အစကတည်းက
မဆုံခဲ့သင့်တာ"
"သွား!!!!ထွက်သွား!!!!"
တစ်စတစ်စဝေးကွာသွားတဲ့ခြေသံတွေကရှောင်းကျန့်
နှလုံးသားတစ်ခုလုံးကို နင်းခြေသွားတဲ့ခြေလှမ်းတွေ။
အပြိုပြိုအလဲလဲနဲ့ ဒူးထောက်ထိုင်ချမိတဲ့အခါ မျက်ရည်
တွေကတော့ မဖိတ်ခေါ်ထားပါဘဲလျက် သူ့အလိုလို
ကျဆင်းလာတယ်။
ကိုယ့်ဘက်က နာကျင်မှုတွေနဲ့ရင်းပြီး အချိန်ယူ
တည်ဆောက်ခဲ့ရတဲ့ ဒီပက်သက်မှုလေးက
သူ့ဘက်က အလွယ်တကူ ဖျက်စီးပစ်နိုင်လိုက်တဲ့အထိ ခိုင်မြဲမှုမရှိခဲ့တာ ကိုယ်ညံ့လို့များလား....
ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံက မမျှော်လင့်ဘဲ
လွတ်ချလိုက်တဲ့အခါမှ သိလိုက်ရတာက ကိ်ုယ်က
ချောက်ကမ်းပါးစွန်းမှာရပ်နေမိခဲ့တာပဲ...
အခုတော့ အရာရာကို ဆုံးရှုံးလိုက်ရပြီ။ ဘဝမှာ ဘယ်
တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့ မင်းကိုဆုံးရှုံးလိုက်ရပြီ။
ဘဝမှာ ပထမဆုံး စိတ်ကူးယဉ်မိတဲ့
အနာဂတ်လေးက ရိုးရှင်းခဲ့ပါတယ်။
အိမ်သေးသေးလေး တစ်လုံးရှိမယ်။
မင်းကြိုက်တတ်တဲ့ ချိုချဉ်လေးတွေရှိမယ်။
မင်းရဲ့ ရယ်သံချိုချိုလေးတွေရှိမယ်။
မင်းရှိမယ်။
မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့အချစ်တွေရှိမယ်။
အခုတော့ကိုယ့်ရဲ့ အချစ်တွေက ကိုယ်သိပ်ချစ်ခဲ့ဖူးတဲ့ကောင်လေးနဲ့အတူ အဆုံးသတ်သွားခဲ့ပြီ။
ချိုချဉ်လေးတွေကြိုက်တဲ့ ရယ်သံချိုချိုနဲ့ကောင်လေး
ဟာ ကိုယ်သိပ်ချစ်ခဲ့ဖူးတဲ့ အတိတ်မှာ ထာဝရ
သေဆုံးသွားခဲ့ပါပြီ..........
______________________________