Zawgyi~
အခန္း (၁၈)
"ေက်းဇူးပါ... မစၥခ်န္း... ယြမ္၅၀ ဆိုေလာက္ၿပီလား?" တုလင္းလန္အိတ္ယူလိုက္ၿပီး ပိုက္ဆံကို ကမ္းေပးလိုက္သည္။
"ဘယ္သူက ၅၀လိုေနလို႔လဲ? ယြမ္ ၃၀ ဆိုေလာက္ၿပီ..." မစၥခ်န္းက ထုိသုိ႔ေျပာရင္း ျပန္အမ္းေငြကို ကမ္းေပးသည္... "မစၥက်န္းဆီ သြားလိုက္ဦး... နင္ ငါးစြတ္ျပဳတ္ျပဳတ္ေသာက္လို႔ရေအာင္ ငါးတစ္ေကာင္ခ်န္ထားတယ္လို႔ၾကားတယ္... အဲ့ဒါက ခႏၶာကိုယ္အတြက္ အေကာင္းဆံုး အားျဖည့္စာပဲ..." ထို႔ေနာက္တြင္ေတာ့ သူမကို သြားဖုိ႔ရာေလာေဆာ္ပါေတာ့သည္။
တုလင္းလန္ နာခံစြာျဖင့္ပင္ ငါးတန္းကို ေလွ်ာက္သြားလိုက္သည္။ ခပ္ျပင္းျပင္း ငါးညွီနံ႔သည္ သူမ မ်က္ခံုးေတြကို တြန္႔ခ်ိဳးသြားေစၿပီး အန္ခ်င္စိတ္အနည္းငယ္ကုိ ျဖစ္ေပၚေစသည္။
"အိုး ေရွာင္တု... အဆင္ေျပရဲ႕လား?" ေဒသစကားသံ က်ယ္က်ယ္က က်ယ္ေလာင္စြာထြက္ေပၚလာသည္။ ထုိသူသည္ ငါးဆုိင္ ပိုင္ရွင္၏ ဇနီးသည္ မစၥက်န္းပင္ျဖစ္သည္။ တုလင္းလန္ မ်က္ေမွာင္က်ံဳ႕ေနသည္ကို သူမ ျမင္လိုက္သည္ႏွင့္ တျခားေဖာက္သည္ေတြကုိ ပစ္ထားလိုက္ရင္း တုလင္းလန္ အဆင္ေျပမေျပကို ေျပးလာၿပီး စစ္ေဆးေတာ့သည္။ "ဒီေကာင္မေလးကေတာ့ေလ... မသက္မသာျဖစ္ေနရင္လဲ ပါးစပ္ေလးဘာေလးဖြင့္ၿပီး အကူအညီေတာင္းပါလား!!"
ဒီလိုေႏြးေထြးသည့္ ဂရုစုိက္မႈမ်ိဳးကို ဘယ္သူကမ်ား ျငင္းဆန္ႏုိင္ပါ့မလဲ...
"မစၥက်န္း... လင္းလန္ တကယ္ အဆင္ေျပတယ္... တကယ္...ကုိယ္၀န္လကၡဏာက နည္းနည္းေလး ျပင္းထန္ေနရုံပါပဲ..."
"ငါ့မွတ္ဥာဏ္ကလဲ ၾကည့္စမ္းပါဦး!!! နင့္ကို ငါးေပးခ်င္တာပဲသိတယ္... ငါ့အိမ္တံခါး၀က ငါးနံ႔ေတြလႈိင္ေနတာကိုေတာ့ ငါေမ့ေနတာ..." မစၥက်န္းက သူမႏွဖူးကို ခပ္ျပင္းျပင္းရုိက္ကာဆုိသည္။
"ဘာမွမျဖစ္ပါဘူး..."
"ဒီကေလးကေတာ့ သူမ်ားကုိ ဘယ္လိုႏွစ္သိမ့္ရမလဲဆုိတာ ေကာင္းေကာင္းသိေနတာပဲ..." မစၥက်န္းက သူမကို ေနရာမွာတြင္သာ ေနေစၿပီး သူမ၏ ေစ်းတန္းဆီကို ႏွစ္လွမ္းသံုးလွမ္းမွ်ျဖင့္ ျပန္သြားလိုက္ေလကာ ငါးကို တတ္ႏုိင္သမွ် ျမန္ျမန္ကိုင္ေလသည္။ ေသြးစြန္းေနျခင္းမရွိေအာင္ ေသခ်ာပင္သန္႔စင္လိုက္ေလေသးရင္း အိတ္တစ္အိတ္ထဲထည့္ကာ ျပန္လာၿပီး ထိုငါးကို လင္းလန္ကိုေပးသည္။ "လာလာ... ငါးလဲ သမီးအတြက္ကိုင္ေပးထားၿပီးၿပီ... အိမ္ေရာက္တာနဲ႔ အိုးထဲထည့္လိုက္ရုံပဲ... ငါးထဲမွာလည္း အာဟာရျဖစ္မယ့္ ေဆးေတြ၊ ဟင္းခတ္ေတြထည့္ထားတယ္... အဲ့တာေတြက ကိုယ္၀န္ေဆာင္ေတြေသာက္ဖို႔အတြက္ေကာင္းတယ္... ငါ့ ေခြ်းမ ကိုယ္၀န္ရွိတုန္းကလည္း အဲ့ဒီေဆးပဲေသာက္ဖို႔ ငါတုိက္ခဲ့တာ..."
"ေက်းဇူးပါ မစၥက်န္း... ဒီငါးအတြက္က..."
"ယြမ္ ၂၀ ဆိုရင္ရၿပီ..."
ဒီငါးသည္ အေကာင္းစားငါးျဖစ္သည့္ပံုပင္... ယြမ္၂၀ဆိုသည့္ ပမာဏက တကယ္က ငါးအၿမွီးပင္၀ယ္ႏုိင္မည့္ပံုမေပၚ... ဒီၿမိဳ႕ေလးမွ လူတို႔၏ ေစတနာသဒၶါတရားကုိ အနာဂတ္တြင္ မည္သို႔မည္ပံုျပန္ေပးရမည္ကိုသာ စိတ္ထဲတြင္ေတြးရင္း ျငင္းဆန္စရာ နည္းလမ္းမရွိေတာ့ေပ။
ေနာက္ေနရာကေတာ့ သစ္သီးတန္းႏွင့္ အသားတန္းပင္ျဖစ္သည္။ ေစ်းဆိုင္အားလံုးမွ သူေဌးတို႔သည္ သူမကို ျမင္သည္ႏွင့္ တန္ဖိုးအနည္းဆံုးျဖင့္သာ ေရာင္းခ်ၾကသည္။ သူမ ေစ်းတန္းက ထြက္လာသည္ႏွင့္ သူမလက္တြင္ပစၥည္းမ်ားျဖင့္ ျပည့္ႏွက္လို႔ ေနၿပီျဖစ္သည္။
သူမ ေျခလွမ္းအနည္းငယ္မွ် မေလွ်ာက္ရေသးမွီမွာပင္ သူမလက္ထဲက ပစၥည္းမ်ားကို လုခံလိုက္ရေတာ့သည္။ လွည့္ၾကည့္လိုက္ခ်ိန္တြင္ ရင္းႏွီးေနက်မ်က္ႏွာတစ္ခုကို အံ့အားသင့္စြာ ေတြ႕လိုက္ရေတာ့သည္။ "ေမာ့ေဖး..." သူမ ေဖာ္ေရြစြာျဖင့္ပင္ ၿပံဳးျပလိုက္သည္။
ယန္ေမာ့ေဖး၏ ရည္းစား ဒီၿမိဳ႕ေလးမွာ ႀကီးျပင္းလာခဲ့သည္ဆုိသည့္ အခ်က္ကိုသူမ တစ္ခါမွ မထင္ထားမိခဲ့ဖူးေပ... ထို႔အတြက္ ယန္ေမာ့ေဖးကို ဒီမွာလာေတြ႕လိုက္ရခ်ိန္တြင္ သူမ တကယ့္ကိုပင္ ေပ်ာ္ရႊင္သြားခဲ့ရသည္။
"ဒါေတြသယ္ဖုိ႔ တစ္ေယာက္ေယာက္ေခၚမွေပါ့..." ယန္ေမာ့ေဖး သေဘာမက်စြာျဖင့္ ေခါင္းယမ္းလိုက္သည္။ "မင္းရဲ႕ ကိုယ္က အရင္နဲ႔ တူေတာ့တာမဟုတ္ဘူး... ပိုၿပီး သတိထားရမွာ..."
"လင္းလန္သိပါတယ္..." ေျပာရလွ်င္ ပစၥည္းေတြသည္ လံုး၀ေလးလံမေနပါ။ ထုိသူက သက္သက္ပံုႀကီးခ်ဲ႕ေနျခင္းသာျဖစ္သည္။ "ေမာ့ေဖးနဲ႔ ရႈညီမေလးေရာ ျပန္တည့္သြားၿပီလား? ညီမေလးနဲ႔ စကားေျပာေပးဖို႔ လိုေသးလား?"
သူမ ႏွင့္ေမာ့ေဖး၏ ခင္မင္မႈေၾကာင့္ ေမာ့ေဖးႏွင့္ သူ႔ေကာင္မေလး အထင္လြဲမႈျဖစ္ကာ ကြဲကြာေနၾကသည္။ ဒီအတြက္ တုလင္းလန္ အျပစ္ရွိသလိုခံစားေနရသည္။
"ငါတုိ႔အဆင္ေျပပါတယ္... မဂၤလာေဆာင္လည္း အစီအစဥ္အတိုင္းလုပ္ျဖစ္မွာ..." သူ႔ခ်စ္ရသည့္ မိန္းကေလးအေၾကာင္းေျပာေနခ်ိန္တြင္ ယန္ေမာ့ေဖး၏ မ်က္ႏွာသည္ အလိုလိုက္သည့္ဟန္ပန္တို႔အတုိင္းသားေပၚလို႔ေနၿပီး ဒါကိုျမင္ရသည့္ တုလင္းလန္အတြက္ကေတာ့ အရမ္းေကာင္းသည့္အေျခအေနဟု ေတြးမိေစသည္။
"ရႈညီမေလးက အဲ့တုန္းက အထင္လြဲသြားေတာ့ လင္းလန္မ်ား ဒုကၡေပးမိသြားၿပီလားဆိုၿပီး ေတာ္ေတာ္လန္႔သြားတာ... အခုအဆင္ေျပသြားၿပီဆိုေတာ့ ကံေကာင္းတာပဲ..."
"လင္းလန္... ေလာ့ထင္း လာလိမ့္မယ္..." သူမ စိတ္သက္သာရာရစြာျဖင့္ သက္ျပင္းခ်ရုံရွိေသး ယန္ေမာ့ေဖးက ရုတ္တရတ္ဆိုလာေတာ့သည္။ ထုိစကားကိုၾကားလိုက္ခ်ိန္တြင္ သူမ ေတာင့္ေတာင့္ေလးျဖစ္သြားေတာ့သည္။
"တကယ္က အဲ့ေကာင္နင့္ကို ဒီၾကားထဲ ေတာက္ေလွ်ာက္ရွာေနတာ... ငါတို႔အားလံုးကလဲ မေျပာဘူး..." "ငါတို႔" ဆိုသည္မွာ ယန္ေမာ့ေဖးႏွင့္ လံုေခ်ာင္ပင္။ သူမ ဒီၿမိဳ႕ေလးမွာ ေနေနမွန္း သူတို႔အားလံုးသိၾကၿပီး ဟန္ေလာ့ထင္းကိုသာ သူမ ဘယ္မွာေနမွန္းကို ဖံုးထားခဲ့တာပင္... ထုိသူတို႔သည္ သူမသတင္းအားလံုးကုိ တိတ္ဆိတ္စြာပင္ အေမွာင္ခ်ထားေပးၾကသည္။
တုလင္းလန္ ေတာ္ေတာ္ခံစားခဲ့ရမွန္း သူတို႔သေဘာတူနားလည္ၾကသည့္အတြက္ ဟန္ေလာ့ထင္း အနည္းငယ္မွ်ေတာ့ ခံစားသင့္သည္ဆိုသည့္ အခ်က္ကို ေထာက္ခံၾကသည္။ နတ္ဘုရားလိုမ်ိဳး အႏိုင္မခံ အရႈံးမေပးတတ္သည့္ ထုိအမ်ိဳးသားသည္ သူမကို ေန႔စဥ္ႏွင့္အမွ်ရွာေနခဲ့သည္။
သူတို႔အားလံုး သူ႔ကို ဖံုးထားပေစဦးေတာ့ သူ႔ကိုအခ်ိန္အၾကာႀကီး မလွည့္ဖ်ားႏုိင္ေတာ့ေပ။ ရုိးရုိးသားသားေျပာရရင္ ဟန္ေလာ့ထင္း၏ ထိုပံုစံကို ညီတစ္ေယာက္အေနျဖင့္ ယန္ေမာ့ေဖးေတာင္ စိတ္လႈပ္ရွားမိတာျဖစ္သည္။
လံုေခ်ာင္ႏွင့္ သူ၏ ဖံုးကြယ္ထားမႈေၾကာင့္သာမဟုတ္လွ်င္ ဟန္ေလာ့ထင္း တုလင္းလန္ကို ခ်က္ခ်င္းရွာေတြ႕သြားမွာပင္။ အခုေတာင္မွ အမွားအယြင္းမရွိပါပဲႏွင့္ကို ဟန္ေလာ့ထင္း ဒီကုိလာေနၿပီျဖစ္ေနသည္။
ဟန္ေလာ့ထင္းဘာေျပာသလဲဆုိတာကို လံုေခ်ာင္ ေစာေစာကပင္ သူ႔ကို ဖုန္းဆက္ေျပာၿပီးျဖစ္သည္။ ဒီထက္အေရးႀကီးသည္က အခုအခ်ိန္ထိ တုလင္းလန္ကို ရွာမေတြ႕ေအာင္ သူႏွင့္လံုေခ်ာင္ ဖံုးထားခဲ့သည့္အခ်က္ကို ဟန္ေလာ့ထင္း သိသြားသည့္အတြက္ လံုေခ်ာင္က သူ႔ကိုပိုသတိထားဖို႔ ေျပာခဲ့တာပင္။
ဟန္ေလာ့ထင္း ေဒါသထြက္ၿပီး လံုအိမ္ေတာ္၏ အိမ္သားေတြေရွ႕မွာေတာင္မွပင္ လံုေခ်ာင္ကို ထုိးခဲ့ေသးသည္တဲ့...
ဟန္ေလာ့ထင္းသာ ရူးမေနလွ်င္ ဒီလိုမ်ိဳး သူဘယ္ေတာ့မွ လုပ္မည္မဟုတ္ေပ။
သူမ၏လက္ေလးေတြက ဗိုက္ေပၚတင္ထားေလရင္း သူမ၏ ေတာင့္တင္းေနသည့္ ခႏၶာကိုယ္သည္ေျဖးညင္းစြာ ေျပေလ်ာ့လာသည္။ "ေမာ့ေဖး... လင္းလန္ မၾကားခ်င္ဘူး..." ေလသံက ျပတ္သားလွသည္။ ကိုယ့္ကိုယ္ကုိယ္ လိမ္ေနသည့္/ လွည့္စားေနသည့္ဟန္တစ္စက္ပင္ မေပၚ။
ဟန္ေလာ့ထင္းႏွင့္ ပတ္သတ္သမွ် အရာရာကုိ နားေထာင္ဖို႔ တုလင္းလန္ျငင္းဆန္ခဲ့သည္။ သူမႏွလံုးသားကို ပိတ္ခ်ထားၿပီး တင္းၾကပ္စြာ ေသာ့ခတ္ထားလိုက္ၿပီျဖစ္သည္။ ဒီ့အတြက္ သူမ၏ခံစားခ်က္ႏွင့္ အေတြးတုိ႔ကို ဟန္ေလာ့ထင္း ဘယ္ေတာ့မွ လႊမ္းမိုးႏိုင္ေတာ့မည္မဟုတ္။
"မင္းနားမေထာင္ခ်င္ဘူးမွန္း ငါသိပါတယ္... ဒါေပမယ့္ မင္းဗိုက္ထဲက ကေလးေလးကုိ ျပည့္စံုတဲ့ မိသားစုတစ္ခုေပးဖုိ႔ ဆုိတဲ့အခြင့္အေရးကို တကယ္ပဲ မစီစဥ္ေတာ့ဘူးလား?" Single Mother တစ္ေယာက္ျဖစ္ဖို႔ဆုိသည္မွာ တကယ့္ကို လြယ္ကူသည့္အရာမဟုတ္ေပ... အထူးသျဖင့္ သူမကို ဂရုစုိက္ဖို႔ အနားမွာ ဘယ္သူမွ ရွိမေနခ်ိန္မွာေပါ့... ဒီအခ်က္က စိုးရိမ္စရာေကာင္းလွသည္။
"ကေလးမွာ လင္းလန္ရွိတယ္..." ဒီစကားစုက ယန္ေမာ့ေဖးကို သူမ၏ ဆံုးျဖတ္ခ်က္ဘာဆုိတာကုိ ေျပာျပ၍ေနသည္။
ဒါသည္ အေကာင္းဆံုး ဆံုးျဖတ္ခ်က္မွန္း သူမကိုယ္သူမ အထပ္ထပ္ေျပာဆိုႏွင့္ခဲ့ၿပီ... သူမ နံေဘးမွာ မည္သူမွ်ရွိမေနလွ်င္ေတာင္၊ ဒီၿမိဳ႕ကလူေတြသည္ သူမကို အရမ္းစိတ္ပူေပးၾကၿပီး ဂရုစိုက္ေပးေနသည့္အတြက္ သူမကေလးႏွင့္ သူမ ေပ်ာ္ရႊင္စြာ ေနႏုိင္သည္မဟုတ္ပါလား?
ယန္ေမာ့ေဖး၏ ပူပန္မႈေတြသည္ အစိုးရိမ္လြန္ေနျခင္းသာျဖစ္သည္။ ဒါကို သူမ သူ႔ကို သက္ေသျပရမည္။
"တကယ္လား? ဒါေပမယ့္ တစ္ေယာက္ေယာက္ကေတာ့ ဒါကို သေဘာတူမွာမဟုတ္ဘူး..." ယန္ေမာ့ေဖး အေ၀းတစ္ေနရာမွ ပ်ံသန္းလာသည့္ Helicopter ကို ေမာ့ၾကည့္ရင္း ၿပံဳးကာဆုိလုိက္သည္။
ေတာ္ေတာ္ေကာင္းတဲ့လူ... ခဏေလးေတာင္မေစာင့္ႏိုင္ပဲ Helicopter ထုတ္ၿပီးေတာင္ ေရာက္လာသည္တဲ့လား...
======<===>======
Unicode~
အခန်း (၁၈)
"ကျေးဇူးပါ... မစ္စချန်း... ယွမ်၅၀ ဆိုလောက်ပြီလား?" တုလင်းလန်အိတ်ယူလိုက်ပြီး ပိုက်ဆံကို ကမ်းပေးလိုက်သည်။
"ဘယ်သူက ၅ဝလိုနေလို့လဲ? ယွမ် ၃၀ ဆိုလောက်ပြီ..." မစ္စချန်းက ထိုသို့ပြောရင်း ပြန်အမ်းငွေကို ကမ်းပေးသည်...
"မစ္စကျန်းဆီ သွားလိုက်ဦး... နင် ငါးစွတ်ပြုတ်ပြုတ်သောက်လို့ရအောင် ငါးတစ်ကောင်ချန်ထားတယ်လို့ကြားတယ်... အဲ့ဒါက ခန္ဓာကိုယ်အတွက် အကောင်းဆုံး အားဖြည့်စာပဲ..."
ထို့နောက်တွင်တော့ သူမကို သွားဖို့ရာလောဆော်ပါတော့သည်။
တုလင်းလန် နာခံစွာဖြင့်ပင် ငါးတန်းကို လျှောက်သွားလိုက်သည်။ ခပ်ပြင်းပြင်း ငါးညှီနံ့သည် သူမ မျက်ခုံးတွေကို တွန့်ချိုးသွားစေပြီး အန်ချင်စိတ်အနည်းငယ်ကို ဖြစ်ပေါ်စေသည်။
"အိုး ရှောင်တု... အဆင်ပြေရဲ့လား?" ဒေသစကားသံ ကျယ်ကျယ်က ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထိုသူသည် ငါးဆိုင် ပိုင်ရှင်၏ ဇနီးသည် မစ္စကျန်းပင်ဖြစ်သည်။
တုလင်းလန် မျက်မှောင်ကျုံ့နေသည်ကို သူမ မြင်လိုက်သည်နှင့် တခြားဖောက်သည်တွေကို ပစ်ထားလိုက်ရင်း တုလင်းလန် အဆင်ပြေမပြေကို ပြေးလာပြီး စစ်ဆေးတော့သည်။
"ဒီကောင်မလေးကတော့လေ... မသက်မသာဖြစ်နေရင်လဲ ပါးစပ်လေးဘာလေးဖွင့်ပြီး အကူအညီတောင်းပါလား!!"
ဒီလိုနွေးထွေးသည့် ဂရုစိုက်မှုမျိုးကို ဘယ်သူကများ ငြင်းဆန်နိုင်ပါ့မလဲ...
"မစ္စကျန်း... လင်းလန် တကယ် အဆင်ပြေတယ်... တကယ်...ကိုယ်ဝန်လက္ခဏာက နည်းနည်းလေး ပြင်းထန်နေရုံပါပဲ..."
"ငါ့မှတ်ဉာဏ်ကလဲ ကြည့်စမ်းပါဦး!!! နင့်ကို ငါးပေးချင်တာပဲသိတယ်... ငါ့အိမ်တံခါးဝက ငါးနံ့တွေလှိုင်နေတာကိုတော့ ငါမေ့နေတာ..." မစ္စကျန်းက သူမနှဖူးကို ခပ်ပြင်းပြင်းရိုက်ကာဆိုသည်။
"ဘာမှမဖြစ်ပါဘူး..."
"ဒီကလေးကတော့ သူများကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ..." မစ္စကျန်းက သူမကို နေရာမှာတွင်သာ နေစေပြီး သူမ၏ စျေးတန်းဆီကို နှစ်လှမ်းသုံးလှမ်းမျှဖြင့် ပြန်သွားလိုက်လေကာ ငါးကို တတ်နိုင်သမျှ မြန်မြန်ကိုင်လေသည်။ သွေးစွန်းနေခြင်းမရှိအောင် သေချာပင်သန့်စင်လိုက်လေသေးရင်း အိတ်တစ်အိတ်ထဲထည့်ကာ ပြန်လာပြီး ထိုငါးကို လင်းလန်ကိုပေးသည်။
"လာလာ... ငါးလဲ သမီးအတွက်ကိုင်ပေးထားပြီးပြီ... အိမ်ရောက်တာနဲ့ အိုးထဲထည့်လိုက်ရုံပဲ... ငါးထဲမှာလည်း အာဟာရဖြစ်မယ့် ဆေးတွေ၊ ဟင်းခတ်တွေထည့်ထားတယ်... အဲ့တာတွေက ကိုယ်ဝန်ဆောင်တွေသောက်ဖို့အတွက်ကောင်းတယ်... ငါ့ ချွေးမ ကိုယ်ဝန်ရှိတုန်းကလည်း အဲ့ဒီဆေးပဲသောက်ဖို့ ငါတိုက်ခဲ့တာ..."
"ကျေးဇူးပါ မစ္စကျန်း... ဒီငါးအတွက်က..."
"ယွမ် ၂၀ ဆိုရင်ရပြီ..."
ဒီငါးသည် အကောင်းစားငါးဖြစ်သည့်ပုံပင်... ယွမ်၂ဝဆိုသည့် ပမာဏက တကယ်က ငါးအမြှီးပင်ဝယ်နိုင်မည့်ပုံမပေါ်... ဒီမြို့လေးမှ လူတို့၏ စေတနာသဒ္ဓါတရားကို အနာဂတ်တွင် မည်သို့မည်ပုံပြန်ပေးရမည်ကိုသာ စိတ်ထဲတွင်တွေးရင်း ငြင်းဆန်စရာ နည်းလမ်းမရှိတော့ပေ။
နောက်နေရာကတော့ သစ်သီးတန်းနှင့် အသားတန်းပင်ဖြစ်သည်။ စျေးဆိုင်အားလုံးမှ သူဌေးတို့သည် သူမကို မြင်သည်နှင့် တန်ဖိုးအနည်းဆုံးဖြင့်သာ ရောင်းချကြသည်။ သူမ စျေးတန်းက ထွက်လာသည်နှင့် သူမလက်တွင်ပစ္စည်းများဖြင့် ပြည့်နှက်လို့ နေပြီဖြစ်သည်။
သူမ ခြေလှမ်းအနည်းငယ်မျှ မလျှောက်ရသေးမှီမှာပင် သူမလက်ထဲက ပစ္စည်းများကို လုခံလိုက်ရတော့သည်။ လှည့်ကြည့်လိုက်ချိန်တွင် ရင်းနှီးနေကျမျက်နှာတစ်ခုကို အံ့အားသင့်စွာ တွေ့လိုက်ရတော့သည်။
"မော့ဖေး..." သူမ ဖော်ရွေစွာဖြင့်ပင် ပြုံးပြလိုက်သည်။
ယန်မော့ဖေး၏ ရည်းစား ဒီမြို့လေးမှာ ကြီးပြင်းလာခဲ့သည်ဆိုသည့် အချက်ကိုသူမ တစ်ခါမှ မထင်ထားမိခဲ့ဖူးပေ... ထို့အတွက် ယန်မော့ဖေးကို ဒီမှာလာတွေ့လိုက်ရချိန်တွင် သူမ တကယ့်ကိုပင် ပျော်ရွှင်သွားခဲ့ရသည်။
"ဒါတွေသယ်ဖို့ တစ်ယောက်ယောက်ခေါ်မှပေါ့..." ယန်မော့ဖေး သဘောမကျစွာဖြင့် ခေါင်းယမ်းလိုက်သည်။ "မင်းရဲ့ ကိုယ်က အရင်နဲ့ တူတော့တာမဟုတ်ဘူး... ပိုပြီး သတိထားရမှာ..."
"လင်းလန်သိပါတယ်..." ပြောရလျှင် ပစ္စည်းတွေသည် လုံးဝလေးလံမနေပါ။ ထိုသူက သက်သက်ပုံကြီးချဲ့နေခြင်းသာဖြစ်သည်။ "မော့ဖေးနဲ့ ရှုညီမလေးရော ပြန်တည့်သွားပြီလား? ညီမလေးနဲ့ စကားပြောပေးဖို့ လိုသေးလား?"
သူမ နှင့်မော့ဖေး၏ ခင်မင်မှုကြောင့် မော့ဖေးနှင့် သူ့ကောင်မလေး အထင်လွဲမှုဖြစ်ကာ ကွဲကွာနေကြသည်။ ဒီအတွက် တုလင်းလန် အပြစ်ရှိသလိုခံစားနေရသည်။
"ငါတို့အဆင်ပြေပါတယ်... မင်္ဂလာဆောင်လည်း အစီအစဉ်အတိုင်းလုပ်ဖြစ်မှာ..." သူ့ချစ်ရသည့် မိန်းကလေးအကြောင်းပြောနေချိန်တွင် ယန်မော့ဖေး၏ မျက်နှာသည် အလိုလိုက်သည့်ဟန်ပန်တို့အတိုင်းသားပေါ်လို့နေပြီး ဒါကိုမြင်ရသည့် တုလင်းလန်အတွက်ကတော့ အရမ်းကောင်းသည့်အခြေအနေဟု တွေးမိစေသည်။
"ရှုညီမလေးက အဲ့တုန်းက အထင်လွဲသွားတော့ လင်းလန်များ ဒုက္ခပေးမိသွားပြီလားဆိုပြီး တော်တော်လန့်သွားတာ... အခုအဆင်ပြေသွားပြီဆိုတော့ ကံကောင်းတာပဲ..."
"လင်းလန်... လော့ထင်း လာလိမ့်မယ်..." သူမ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချရုံရှိသေး ယန်မော့ဖေးက ရုတ်တရတ်ဆိုလာတော့သည်။ ထိုစကားကိုကြားလိုက်ချိန်တွင် သူမ တောင့်တောင့်လေးဖြစ်သွားတော့သည်။
"တကယ်က အဲ့ကောင်နင့်ကို ဒီကြားထဲ တောက်လျှောက်ရှာနေတာ... ငါတို့အားလုံးကလဲ မပြောဘူး..."
"ငါတို့" ဆိုသည်မှာ ယန်မော့ဖေးနှင့် လုံချောင်ပင်။ သူမ ဒီမြို့လေးမှာ နေနေမှန်း သူတို့အားလုံးသိကြပြီး ဟန်လော့ထင်းကိုသာ သူမ ဘယ်မှာနေမှန်းကို ဖုံးထားခဲ့တာပင်... ထိုသူတို့သည် သူမသတင်းအားလုံးကို တိတ်ဆိတ်စွာပင် အမှောင်ချထားပေးကြသည်။
တုလင်းလန် တော်တော်ခံစားခဲ့ရမှန်း သူတို့သဘောတူနားလည်ကြသည့်အတွက် ဟန်လော့ထင်း အနည်းငယ်မျှတော့ ခံစားသင့်သည်ဆိုသည့် အချက်ကို ထောက်ခံကြသည်။ နတ်ဘုရားလိုမျိုး အနိုင်မခံ အရှုံးမပေးတတ်သည့် ထိုအမျိုးသားသည် သူမကို နေ့စဉ်နှင့်အမျှရှာနေခဲ့သည်။
သူတို့အားလုံး သူ့ကို ဖုံးထားပစေဦးတော့ သူ့ကိုအချိန်အကြာကြီး မလှည့်ဖျားနိုင်တော့ပေ။ ရိုးရိုးသားသားပြောရရင် ဟန်လော့ထင်း၏ ထိုပုံစံကို ညီတစ်ယောက်အနေဖြင့် ယန်မော့ဖေးတောင် စိတ်လှုပ်ရှားမိတာဖြစ်သည်။
လုံချောင်နှင့် သူ၏ ဖုံးကွယ်ထားမှုကြောင့်သာမဟုတ်လျှင် ဟန်လော့ထင်း တုလင်းလန်ကို ချက်ချင်းရှာတွေ့သွားမှာပင်။ အခုတောင်မှ အမှားအယွင်းမရှိပါပဲနှင့်ကို ဟန်လော့ထင်း ဒီကိုလာနေပြီဖြစ်နေသည်။
ဟန်လော့ထင်းဘာပြောသလဲဆိုတာကို လုံချောင် စောစောကပင် သူ့ကို ဖုန်းဆက်ပြောပြီးဖြစ်သည်။ ဒီထက်အရေးကြီးသည်က အခုအချိန်ထိ တုလင်းလန်ကို ရှာမတွေ့အောင် သူနှင့်လုံချောင် ဖုံးထားခဲ့သည့်အချက်ကို ဟန်လော့ထင်း သိသွားသည့်အတွက် လုံချောင်က သူ့ကိုပိုသတိထားဖို့ ပြောခဲ့တာပင်။
ဟန်လော့ထင်း ဒေါသထွက်ပြီး လုံအိမ်တော်၏ အိမ်သားတွေရှေ့မှာတောင်မှပင် လုံချောင်ကို ထိုးခဲ့သေးသည်တဲ့...
ဟန်လော့ထင်းသာ ရူးမနေလျှင် ဒီလိုမျိုး သူဘယ်တော့မှ လုပ်မည်မဟုတ်ပေ။
သူမ၏လက်လေးတွေက ဗိုက်ပေါ်တင်ထားလေရင်း သူမ၏ တောင့်တင်းနေသည့် ခန္ဓာကိုယ်သည်ဖြေးညင်းစွာ ပြေလျော့လာသည်။ "မော့ဖေး... လင်းလန် မကြားချင်ဘူး..." လေသံက ပြတ်သားလှသည်။ ကိုယ့်ကိုယ်ကိုယ် လိမ်နေသည့်/ လှည့်စားနေသည့်ဟန်တစ်စက်ပင် မပေါ်။
ဟန်လော့ထင်းနှင့် ပတ်သတ်သမျှ အရာရာကို နားထောင်ဖို့ တုလင်းလန်ငြင်းဆန်ခဲ့သည်။ သူမနှလုံးသားကို ပိတ်ချထားပြီး တင်းကြပ်စွာ သော့ခတ်ထားလိုက်ပြီဖြစ်သည်။ ဒီ့အတွက် သူမ၏ခံစားချက်နှင့် အတွေးတို့ကို ဟန်လော့ထင်း ဘယ်တော့မှ လွှမ်းမိုးနိုင်တော့မည်မဟုတ်။
"မင်းနားမထောင်ချင်ဘူးမှန်း ငါသိပါတယ်... ဒါပေမယ့် မင်းဗိုက်ထဲက ကလေးလေးကို ပြည့်စုံတဲ့ မိသားစုတစ်ခုပေးဖို့ ဆိုတဲ့အခွင့်အရေးကို တကယ်ပဲ မစီစဉ်တော့ဘူးလား?"
Single Mother တစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ တကယ့်ကို လွယ်ကူသည့်အရာမဟုတ်ပေ... အထူးသဖြင့် သူမကို ဂရုစိုက်ဖို့ အနားမှာ ဘယ်သူမှ ရှိမနေချိန်မှာပေါ့... ဒီအချက်က စိုးရိမ်စရာကောင်းလှသည်။
"ကလေးမှာ လင်းလန်ရှိတယ်..." ဒီစကားစုက ယန်မော့ဖေးကို သူမ၏ ဆုံးဖြတ်ချက်ဘာဆိုတာကို ပြောပြ၍နေသည်။
ဒါသည် အကောင်းဆုံး ဆုံးဖြတ်ချက်မှန်း သူမကိုယ်သူမ အထပ်ထပ်ပြောဆိုနှင့်ခဲ့ပြီ... သူမ နံဘေးမှာ မည်သူမျှရှိမနေလျှင်တောင်၊ ဒီမြို့ကလူတွေသည် သူမကို အရမ်းစိတ်ပူပေးကြပြီး ဂရုစိုက်ပေးနေသည့်အတွက် သူမကလေးနှင့် သူမ ပျော်ရွှင်စွာ နေနိုင်သည်မဟုတ်ပါလား?
ယန်မော့ဖေး၏ ပူပန်မှုတွေသည် အစိုးရိမ်လွန်နေခြင်းသာဖြစ်သည်။ ဒါကို သူမ သူ့ကို သက်သေပြရမည်။"တကယ်လား? ဒါပေမယ့် တစ်ယောက်ယောက်ကတော့ ဒါကို သဘောတူမှာမဟုတ်ဘူး..." ယန်မော့ဖေး အဝေးတစ်နေရာမှ ပျံသန်းလာသည့် Helicopter ကို မော့ကြည့်ရင်း ပြုံးကာဆိုလိုက်သည်။
တော်တော်ကောင်းတဲ့လူ... ခဏလေးတောင်မစောင့်နိုင်ပဲ Helicopter ထုတ်ပြီးတောင် ရောက်လာသည်တဲ့လား...
======<===>======