Imaginary You(Completed)

By Kirara-16

339K 33.4K 1.4K

တကယ္ေတာ့...ဝမ္ရိေပၚဆိုတာ...... ေ႐ွာင္က်န္႔ဖမ္းဆုပ္ပိုင္ခြင့္မ႐ွိတဲ့ပံုရိပ္ေလး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Final
For Extra
Extra
Yellowish Diary💛
BOOK ANNOUNCEMENT‼
Book Cover

Chapter 16

5.5K 755 23
By Kirara-16

နီးစပ္ျခင္းကို ေက်ာခိုင္းလိုက္ျခင္းက ​ေဝးကြာျခင္းကို
ဦးတည္သြားေစမွန္း ေ႐ွာင္းက်န္႔မသိခဲ့ဘူး။

ေကာင္ေလးဟာ ​ေျပာင္းလဲစျပဳလာခဲ့တယ္။ ​ေ႐ွာင္းက်န္႔ျမတ္ႏိုးရတဲ့ ရယ္သံခ်ိဳခ်ိဳေလးေတြမွာ ​ေပ်ာက္႐ွသြားတဲ့ ​ေပ်ာ္ရႊင္မႈေတြဟာ ​ေသးငယ္ေသာေျပာင္းလဲျခင္း
ေလးေတြရဲ႕ ကနဦးအစ။

ေျပာင္းလဲျခင္းေတြကို ​ေ႐ွာင္းက်န္႔ကမႏွစ္သက္ဘူး။
အထူးသျဖင့္ ​ေဝးကြာျခင္းကို အစပ်ိဳးေစမယ့္ ​ေျပာင္းလဲ
ျခင္းေတြ။

----------------------------

အခုတေလာ တစ္ခုခုကို ပူပန္ေနပံုရတဲ့ ​ေကာင္ေလးဟာ တိတ္ဆိတ္လာတဲ့ အခ်ိန္ေတြ မ်ားလာခဲ့တယ္။
ေ႐ွာင္းက်န္႔ လ်ိႈ့ဝွက္တာကို သေဘာမက်ဘူး ဆိုတဲ့
ေကာင္ေလးက သူကိ္ုယ္တိုင္ေတာ့ ​ေ႐ွာင္းက်န္႔ကို
လ်ိႈ့ဝွက္ထားတာေတြ အမ်ားသား။ ​ေကာင္ေလးက
မတရားလိုက္တာ....။

အားလပ္ရက္ေတြေတာင္မွ မ်က္ႏွာခ်င္းဆိုင္ဖို႔ ခက္ခဲ
လာတဲ့ အေျခအေနမွာ ​ေ႐ွာင္းက်န္႔ဖက္က ပန္လည္နီးစပ္
ဖို႔ကို တမင္တကာ လုပ္ယူလာရတဲ့အထိ။

အခုလည္း တစ္ေနကုန္ အခန္းထဲက ထြက္မလာေသး
တဲ့ ေကာင္ေလးကို မနက္စာစားဖို႔ ေ႐ွာင္းက်န္႔လာေခၚရျပန္တယ္။ အခန္းတံခါးကို ​ေခါက္လိုက္ေတာ့ အထဲက အသံျပန္မေပးတာေၾကာင့္ တံခါးကို ဖြင့္ၿပီး ဝင္လိုက္တယ္။ အခန္းထဲေရာက္ေတာ့မွ ​ေရခ်ိဳးခန္းထဲက
ေရက်သံၾကားလို႔ ​ေကာင္ေလးေရခ်ိဳးေနမွန္း ​ေ႐ွာင္က်န္႔
သိလိုက္တယ္။ ဒါေၾကာင့္ အခန္းထဲက ျပန္ထြက္ဖို႔အလုပ္မွာ ဖုန္းျမည္သံကို ၾကားလိုက္ရတယ္။
ေရခ်ိဳးခန္းထဲက ​ေကာင္ေလးက ဖုန္းသံကို မၾကားရဘူး
ထင္ရဲ႕။ အစကေတာ့ ​ေ႐ွာင္းက်န္႔လည္း ဖုန္းကိုမကိုင္
ဘဲထားလိုက္ဖို႔ စဥ္းစားလိုက္ေပမယ့္ အဆက္မျပတ္
ေခၚေနတာေၾကာင့္ အေရးႀကီးတယ္ထင္ၿပီး ကိုင္
လိုက္မိတယ္။ ဖုန္းသံလာရာကို သြားၿပီး ဖုန္းကိုကိုင္
လိုက္တာနဲ႔ တစ္ဖက္က မိန္းကေလးအသံစူးစူးက နားထဲတိုးဝင္လာတယ္။

"ဝမ္ရိေပၚ!!!!!!နင္ခ်ိန္းထားတာဘယ္အခ်ိန္႐ွိေနၿပီလဲ။ေနာက္ဆယ့္ငါးမိနစ္အတြင္းေရာက္မလာရင္
နင္နဲ႔ငါအျပတ္ပဲ"

တစ္ဖက္ကမိန္းကေလးက ​ေျပာခ်င္တာေျပာၿပီး ဖုန္းခ်
သြားခဲ့တယ္။ ​ေ႐ွာင္းက်န္႔ကသာ လက္ထဲက ဖုန္းကို
က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ၿပီး ​ေနရာမွာတင္ မလႈပ္
မယွက္။

သူၾကားလိုက္ရတာ မိန္းကေလးတစ္ေယာက္ရဲ႕အသံ
ဆိုတာ လံုးဝေသခ်ာပါတယ္။ ၿပီးေတာ့ ဒီမိန္းကေလး
ေျပာတဲ့စကားေတြက ဘာေတြလဲ။ ​ေကာင္ေလးနဲ႔
ဒီမိန္းကေလးက ဘယ္လိုပတ္သတ္ေနတာလဲ။
ဟင့္အင္း...ဘာေတြေလ်ွာက္ေတြးေနတာလဲ ေ႐ွာင္းက်န္႔ရာ။ အလုပ္က လုပ္ေဖာ္ကိုင္ဖက္လည္း ျဖစ္ႏိုင္
တာပဲ။ ဟုတ္တယ္..အေတြးမလြန္နဲ႔။

"အစ္ကို"

"ဟင္။ေကာင္..ေကာင္ေလး"

"အစ္ကိုဘာရပ္လုပ္ေနတာလဲ"

"အာ..ေကာင္ေလးကိုမနက္စာစားဖို႔လာေခၚတာ"

"အစ္ကို႔လက္ထဲကဖုန္းက"

"ဟင္။အာ.....ေကာင္ေလးသူငယ္ခ်င္းဆက္တာ။
ကိုယ္ေတာင္ဘာမွမေျပာလိုက္ရဘူး။ဖုန္းခ်သြားတယ္"

"ေဩာ္.."

"ေကာင္ေလး"

"ေျပာေလ အစ္ကို"

"ဒီေန႔ကိုယ္ေစ်းသြားဝယ္မလို႔။ေကာင္ေလးလိုက္ပို႔
ေပးမလား"

"ဒီေန႔ေတာ့မျဖစ္ဘူး။ကြၽန္ေတာ္အေရးတႀကီး
ခ်ိန္းထားတာေလး႐ွိလို႔။ေဆာရီးပါ အစ္ကို။
ေနာက္ေန႔က်ရင္ေတာ့လိုက္ပို႔မယ္ေလ"

"ရပါတယ္။ေကာင္ေလးအဆင္မေျပလည္းေနာက္ေန႔ေပါ့။ဒါနဲ႔ေလ..ကိုယ္ေကာင္ေလးကိုေမးစရာတစ္ခု
႐ွိတယ္"

"ေမးေလ"

"ေကာင္ေလးမွာသေဘာက်ရတဲ့သူေတြဘာေတြ
႐ွိၿပီလား"

"သေဘာက်ရတဲ့သူ...."

ခနတိတ္ဆိတ္သြားတဲ့ ​ေကာင္ေလးက စဥ္းစားေနပံု
ရတယ္။ ​ေက်းဇူးျပဳၿပီး...မ႐ွိဘူးလို႔ေျဖလိုက္ပါ။
မင္းကို ဆံုး႐ွံုးရမွာကို ​ေသမေလာက္ ​ေၾကာက္တာမို႔
ဒီဆုေတာင္းေလးကိုေတာ့ ျဖည့္ဆည္းေပးပါ။

"႐ွိတယ္လို႔ေတာ့ထင္တာပဲ။ေနာက္မွအစ္ကိုနဲ႔မိတ္
ဆက္ေပးမယ္"

႐ွိတယ္တဲ့လား ​ေကာင္ေလးရယ္။ မဟုတ္ဘူးေလ....သူလိုခ်င္တာ ဒါမ်ိဳးအေျဖမဟုတ္ဘူးေလ။ သူကိုယ္တိုင္ေတာင္ ျမတ္ႏိုးလြန္းလို႔ အလွထားထားတဲ့ပန္းေလး
ကို သူမ်ားလက္ထဲ ထည့္လိုက္ရေတာ့မွာလား။
ေကာင္ေလးေ႐ွ႕မွာ မ်က္ႏွာမပ်က္ေအာင္ ထိန္းၿပီးေနေနရေပမယ့္ ရင္ထဲမွာ ကမၻာပ်က္ေနတာ ဘယ္သူသိႏိုင္
မွာလဲ။ တကယ္ဆို ဒီအေျခအေန ျဖစ္လာႏိုင္္ဆိုတာ
ေ႐ွာင္းက်န္႔ ႀကိဳၿပီးေတြးခဲ့သင့္တယ္။ အခုေတာ့ သူ႔ရဲ႕အ
ျဖစ္က ကိုယ့္အတြက္လို႔ ထင္ေနခဲ့တဲ့ အ႐ုပ္ေလးတစ္႐ုပ္ကို တစ္ျခားသူက လုယူသြားသလို ခံစားခ်က္မ်ိဳး။
တကယ္ေတာ့ ​ေကာင္ေလးကို သူကအစကတည္းက
မပိုင္ဆိုင္ခဲ့ရတာပါ။ ေတြေဝေနခဲ့တဲ့သူ႔အတြက္ အျပစ္
ဒဏ္ေတြပဲေပါ့။

ေဝးမွာစိုးလို႔ မနီးရဲခဲ့တာပါ။
အခုလို စြန့္လြတ္လိုက္ရမယ္ဆိုတာ ႀကိဳသိခဲ့ရင္
ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ မင္းကိုပိုင္ဆိုင္ဖို႔ ႀကိဳးစားမိခဲ့မွာပဲ။

----------------------------

မနက္ကတည္းက ထြက္သြားတဲ့ ​ေကာင္ေလးက
အခုအခ်ိန္ထိ ျပန္မေရာက္ေသးတာေၾကာင့္ ေ႐ွာင္းက်န္႔တစ္ေယာက္ ထိုင္မရ၊ထမရ ျဖစ္ေနရ႐ွာတယ္။
အခ်ိန္အခါမဟုတ္ဘဲ ရြာေနတဲ့မိုးကလည္း ဒီေန႔မွ
သည္းသည္းမဲမဲ။ မင္းနဲ႔ပတ္သတ္ရင္ အေတြးေပါင္း
မ်ားစြာနဲ႔ စိုးရိမ္ေနရေတာ့တာပါပဲလား။

တံခါးpasswordႏွိပ္ေနတဲ့ အသံၾကားေတာ့ ​ေ႐ွာင္းက်န္႔ ထိုင္ေနရာကေန တံခါးဆီကို အေျပးသြားလိုက္
မိတယ္။
တံခါးပြင့္လာတဲ့ အသံနဲ႔အတူ ေ႐ွာင္းက်န္႔ရင္ခြင္ထဲကို
ၿပိဳက်လာတဲ့ေကာင္ေလး။ တစ္ကိုယ္လံုးလည္း စိုရြဲေန
ၿပီး လမ္းေတာင္မေလ်ွာက္ႏိုင္ေတာ့သလို။

ေကာင္ေလးကိုတြဲၿပီး အခန္းထဲ ​ေခၚလာရတာက သိပ္
ေတာ့ အဆင္မေျပလွဘူး။ ပစၥည္းေတြကို ဝင္မတိုက္မိ
ေအာင္ သတိထားေနခဲ့ေပမယ့္ ​ေ႐ွာင္းက်န္႔ကိုယ္တိုင္
ကလည္း လူေကာင္းမွမဟုတ္တာ။
ခက္ခက္ခဲခဲနဲ႔ တြဲေခၚလာၿပီး အခန္းထဲေရာက္ေတာ့
ေကာင္ေလးကို ကုတင္ေပၚခ်လိုက္ကာ စိုေနတဲ့
အဝတ္ေတြကို လဲေပးလိုက္တယ္။ ​ေကာင္ေလးက
ကိုယ္ေတြ ျခစ္ျခစ္ေတာက္ပူေနၿပီး ဖ်ားေနၿပီထင္ရဲ႕။
ကဲ....ၾကည့္..ေ႐ွာင္းက်န္႔စိတ္ပူတာလြန္လား။
ဒီေကာင္ေလးက ဘယ္ေတာ့မွ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုမစိုက္ဘူး။

ဖ်ား​ေနတဲ့ ​ေကာင္ေလးကို ​ေရပတ္တိုက္ေပးေနတုန္း
ၾကားလိုက္ရတဲ့ အသံတိုးတိုးေလးက ေ႐ွာင္းက်န္႔ကို
ပိုလို႔စိတ္ပူသြားေစတယ္။

"ကယ္....ကယ္ၾကပါဦး။တစ္ေယာက္ေယာက္
ကယ္ေပးၾကပါ။ေၾကာက္...ေၾကာက္တယ္"

ေကာင္ေလး အိပ္မက္ဆိုးမက္ၿပီး ​ေယာင္ေနတာမ်ား
လား။ ႐ိႈက္သံေရာယွက္ေနတဲ့ စကားသံတိုးတိုးေလးက ​ေ႐ွာင္းက်န္႔ကိုနာက်င္ေစတယ္။ တကယ္ပါ..
ဒီေကာင္ေလးကို သူတတ္ႏိုင္သေလာက္ ကာကြယ္ေပးခ်င္မိေသးတာ။ သူ႔လိုလူက ဘာမွမတတ္ႏိုင္ဘူး ဆိုေပမယ့္ေပါ့.....။

လက္ကေလးကို ဆုပ္ကိုင္လိုက္ေတာ့မွ ၿငိမ္က်သြားတဲ့
ေကာင္ေလးက ခနအၾကာမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေတာ့တယ္။

ခက္လိုက္တာ ​ေကာင္ေလးရယ္
ပိုနီးလာေတာ့ နာက်င္ရတယ္
ပိုေဝးသြားေတာ့လည္း တမ္းတရတယ္
ဒီအတိုင္းေလးေနေတာ့လည္း
​ေမ်ွာ္လင့္ခ်က္မဲ့ရျပန္တယ္။
မင္းနဲ႔ပတ္သတ္လာရင္ ဘယ္လိုအေျခအေနမ်ိဳးမွာ
ျဖစ္ျဖစ္ ကိုယ့္အတြက္ ခက္ခဲေနပါေရာလားကြာ။

-----------------------------

ေကာင္ေလးကို စိတ္ပူလို႔ တစ္ညလံုး ထိုင္ေစာင့္ေပးေန
တဲ့ ​ေ႐ွာင္းက်န္႔ဟာ ကုတင္ကိုမွီလို႔ အိပ္ေပ်ာ္သြားခဲ့တယ္။ ​ေ႐ွာင္းက်န္ ႔ႏိုးလာတဲ့အခ်ိန္အထိ ေကာင္ေလးကေတာ့ အိပ္ေပ်ာ္ေနတုန္းပဲ။ နဖူးကို အသာစမ္းၾကည့္
ေတာ့ ကိုယ္ပူက်သြားၿပီ ျဖစ္တာေၾကာင့္ ​ေ႐ွာင္းက်န္႔
အနည္းငယ္ စိတ္ေအးသြားတယ္။
ေကာင္ေလးႏိုးလာရင္ စားဖို႔ တစ္ခုခု ျပင္ဆင္ရေအာင္
အခန္းထဲက ထြက္မယ္လုပ္ေတာ့မွ ​ေျခေထာက္က
ဆစ္ခနဲ နာက်င္မႈကို ခံစားလိုက္ရတယ္။

ညတုန္းက ​ေကာင္ေလးကို တြဲေခၚလာရင္း ခံုနဲ႔ဝင္တိုက္မိတာ ျဖစ္မယ္။ ျဖစ္တဲ့အခ်ိန္တုန္းက ​ေကာင္ေလးကို စိုးရိမ္ေနတဲ့စိတ္ေၾကာင့္သာ ဘာမွမသိလိုက္ခဲ့ေပမယ့္ အခုေတာ့ ​ေျခေထာက္ကမ္းေလ်ွာက္ဖို႔ေတာင္
အႏိုင္ႏိုင္။ မင္းကိုခ်စ္ရတာလည္း ဒီဒဏ္ရာလိုပါပဲလား။ စခ်စ္မိတုန္းက နာက်င္ရမွန္း မသိခဲ့ေပမယ့္
အခ်ိန္ၾကာမွ တဆစ္ဆစ္နဲ႔ အသည္းခိုက္ေအာင္ နာက်င္ရတာမ်ိဳး။ နာက်င္မွန္း သိလိုက္ရတဲ့အခ်ိန္မွာ အရာရာ
က ​ေနာက္က်သြားခဲ့ၿပီ။ ကိုယ့္မွာ မင္းကို ဆက္ခ်စ္ရံုက
လြဲၿပီး ဖရြးခ်ယ္စရာ မ႐ွိေတာ့ဘူး။ အကယ္၍ ႐ွိခဲ့ရင္
လည္း ကိုယ္က မင္းကိုပဲေရြးခ်ယ္မိမွာ။ ဒါဟာ မင္းအေပၚမွာထားတဲ့ ကိုယ့္ရဲ႕႐ူးသြပ္မႈေလး။

-----------------------------

မီးဖိုေခ်ာင္ထဲမွာ ​ေကာင္ေလးစားဖို႔ တစ္ခုခုျပင္ဆင္
ေနတုန္းမွာ အေနာက္က သိုင္းဖက္လာတဲ့ လက္တစ္စံု
ေၾကာင့္ ေ႐ွာင္းက်န္႔လန္႔သြားေပမယ့္ မ႐ုန္းမိဘူး။
အနီးကပ္ နမ္း႐ိႈက္ခြင့္ရတဲ့ Marshmelloနံ႔ေလးကလည္း ​ေ႐ွာင္းက်န္႔ရဲ႕ စြဲလမ္းရာေလး။

"ဒီတိုင္းေလးခနေနေပးပါ အစ္ကို"

"ေကာင္ေလးဘာျဖစ္လို႔လဲ"

"ဘာမွမျဖစ္ပါဘူး။ဒီအတိုင္းပဲ..အစ္ကို႔ကိုေပြ႔ဖက္
ထားခ်င္လို႔"

"......"

"ကြၽန္ေတာ္အရမ္းပင္ပန္းေနၿပီ အစ္ကို။ဘာမွလည္းေမ်ွာ္လင့္စရာမ႐ွိေတာ့ဘူး။အရာအားလံုးကို
လြတ္ခ်ၿပီးပံုရိပ္ေလးတစ္ခုလိုေပ်ာက္ကြယ္သြား
လိုက္ခ်င္ၿပီ"

"မင္းေပ်ာက္ကြယ္သြားလို႔မျဖစ္ဘူးေလ။ေကာင္ေလးရဲ႕ျဖစ္တည္မႈေလးမွာကိုယ့္အသက္ဝိဥာဏ္ေလး
ခ်ိတ္ဆြဲထားတယ္ဆိုတာကိုမေမ့ပါနဲ႔။မင္းမ႐ွိရင္
ကိ္ုယ္လည္း႐ွိမွာမဟုတ္ေတာ့ဘူး"

"အစ္ကို....ကြၽန္ေတာ္ကအစ္ကို႔အတြက္ဘယ္လို
ျဖစ္တည္မႈမ်ိဳးလဲ"

"ကိုယ့္အတြက္ေကာင္ေလးကအရာအားလံုးထပ္ပိုတန္ဖိုးထားရတဲ့ျဖစ္တည္မႈမ်ိဳး။ေကာင္ေလးရဲ႕ျဖစ္တည္မႈေၾကာင့္ကိုယ့္ဘဝက႐ွင္သန္ေနရတာမို႔ဘာနဲ႔မွႏိႈင္းယွဥ္လို႔မရႏိုင္ေအာင္ျမတ္ႏိုးရတဲ့ျဖစ္တည္မႈေလး"

"ကြၽန္ေတာ့ရဲ႕ျဖစ္တည္မႈကတစ္စံုတစ္ေယာက္
အတြက္အဲ့ေလာက္အေရးပါတယ္တဲ့လား...။ဟာသ
ပဲ။ကြၽန္ေတာ့လိုေကာင္ကအဲ့ေလာက္တန္ဖိုးမ႐ွိပါဘူးဗ်ာ"

"ေကာင္ေလးရဲ႕ျဖစ္တည္မႈကသိပ္တန္ဖိုး႐ွိတာေပါ့။
ဘယ္လိုအရာနဲ႔မွတန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္
တန္ဖိုး႐ွိတယ္"

"အစ္ကိုကကြၽန္ေတာ့ကိုဘယ္ေလာက္နားလည္လို႔
လဲ။ကြၽန္ေတာ့အေၾကာင္းကိုဘယ္ေလာက္သိေနလို႔
ဒီလိုမ်ိဳးေျပာရတာလဲ"

"ကိုယ္ေကာင္ေလးအေၾကာင္းကိုဘာမွမသိပါဘူး။
သိဖို႔လည္းမလိုဘူး။ကိုယ္သိတဲ့ေကာင္ေလးက
လြတ္လပ္ၿပီးေပ်ာ္ေပ်ာ္ေနတတ္တဲ့၊ကိုယ့္ဘဝကို
ေပ်ာ္ရႊင္မႈေတြေဆာင္က်ဥ္းေပးတဲ့လူသားေလးပဲ"

"ကြၽန္ေတာ္ကအစ္ကိုထင္သလိုလူေကာင္းတစ္ေယာက္မဟုတ္ပါဘူး။ခင္ဗ်ားကိုတစ္ခ်ိန္လံုးလိမ္ညာလွည့္စားေနခဲ့တဲ့သူဆိုတာကိုေရာသိရဲ႕လား။
ဘယ္သူ႔ကိုမွမယံုနဲ႔။အထူးသျဖင့္ကြၽန္ေတာ့ကိုလံုးဝ
မယံုပါနဲ႔။ကြၽန္ေတာ္ကခင္ဗ်ားထင္တာထပ္ပိုၿပီး
အတၱႀကီးတဲ့သူမ်ိဳး"

"......"

"ဒါေၾကာင့္ကြၽန္ေတာ့အေပၚလိုတာထပ္ပိုၿပီးေကာင္း
မျပပါနဲ႔။ ကြၽန္ေတာ္တို႔ရဲ႕ပတ္သတ္မႈကဟိုးအရင္အစ
ကတည္းကအေပးအယူဆန္ဆန္ပတ္သတ္မႈမ်ိဳးပဲေလ။ ကြၽန္ေတာ့အေပၚအရမ္းေကာင္းျပၿပီးအခ်ိန္ကုန္၊
လူပင္ပန္းခံျပၿပီးကြၽန္ေတာ့ကိုသံေယာဇဥ္တြယ္လာ
ေအာင္ႀကိဳးစားမေနပါနဲ႔။ ၿငိတြယ္ျခင္းေတြကို ကြၽန္ေတာ္မုန္းတယ္။ အထူးသျဖင့္ သံေယာဇဥ္ဆိုတဲ့ၿငိတြယ္
ျခင္းကို...။ ခ်ည္ရလြယ္သေလာက္ျဖည္ရခက္တဲ့အရာေတြက စိတ္႐ႈပ္ဖို႔ေကာင္းတယ္"

ေျပာခ်င္ရာေတြေျပာၿပီး ထြက္သြားတဲ့ ​ေကာင္ေလးကို
ေ႐ွာင္းက်န္႔ လံုးဝနားမလည္ႏိုင္ခဲ့ဘူး။
ေ႐ွာင္းက်န္႔ နားလည္လိုက္တာ တစ္ခုက သူ႔ရဲ႕ဂ႐ုစိုက္မႈေတြနဲ႔ ​ေစတနာေတြက ​ေကာင္ေလးအတြက္
စိတ္႐ႈပ္စရာ ျဖစ္ေနခဲ့တယ္ဆိုတဲ့ အခ်က္ကိုပဲ။

တစ္ေန႔ေန႔မွာ....ဘယ္လိုမွ ​ေ႐ွ႕ဆက္လို႔မရႏိုင္လို႔
လြတ္ခ်လိုက္ရမယ္ဆိုရင္ေတာင္
အရင္ေက်ာခိုင္းသြားတဲ့သူ မျဖစ္ခ်င္ဘူး။
ဒီကေကာင္က မင္းေနာက္ေက်ာကို ​ေငးရင္းနဲ႕ပဲ
က်န္ေနခဲ့ခ်င္တာ။

မင္းဘက္က ကမ္းခဲ့တဲ့လက္မို႔
မင္းဘက္က လြတ္ခ်လိုက္ရင္လည္း
ဒီလူက ၿပိဳရံုလဲရံုအျပင္ ဘာမ်ားတတ္ႏိုင္မွာမို႔လဲ။
_______________________________

Unicode

Chapter 16

နီးစပ်ခြင်းကို ကျောခိုင်းလိုက်ခြင်းက​ဝေးကွာခြင်းကို
ဦးတည်သွားစေမှန်း ရှောင်းကျန့်မသိခဲ့ဘူး။

ကောင်လေးဟာ​ပြောင်းလဲစပြုလာခဲ့တယ်။​ရှောင်းကျန့်မြတ်နိုးရတဲ့ ရယ်သံချိုချိုလေးတွေမှာ​ပျောက်ရှသွားတဲ့​ပျော်ရွှင်မှုတွေဟာ​သေးငယ်သောပြောင်းလဲခြင်း
လေးတွေရဲ့ ကနဦးအစ။

ပြောင်းလဲခြင်းတွေကို​ရှောင်းကျန့်ကမနှစ်သက်ဘူး။
အထူးသဖြင့်​ဝေးကွာခြင်းကို အစပျိုးစေမယ့်​ပြောင်းလဲ
ခြင်းတွေ။

----------------------------

အခုတလော တစ်ခုခုကို ပူပန်နေပုံရတဲ့​ကောင်လေးဟာ တိတ်ဆိတ်လာတဲ့ အချိန်တွေ များလာခဲ့တယ်။
ရှောင်းကျန့် လျှို့ဝှက်တာကို သဘောမကျဘူး ဆိုတဲ့
ကောင်လေးက သူကိ်ုယ်တိုင်တော့​ရှောင်းကျန့်ကို
လျှို့ဝှက်ထားတာတွေ အများသား။​ကောင်လေးက
မတရားလိုက်တာ....။

အားလပ်ရက်တွေတောင်မှ မျက်နှာချင်းဆိုင်ဖို့ ခက်ခဲ
လာတဲ့ အခြေအနေမှာ​ရှောင်းကျန့်ဖက်က ပြန်လည်နီးစပ်
ဖို့ကို တမင်တကာ လုပ်ယူလာရတဲ့အထိ။

အခုလည်း တစ်နေကုန် အခန်းထဲက ထွက်မလာသေး
တဲ့ ကောင်လေးကို မနက်စာစားဖို့ ရှောင်းကျန့်လာခေါ်ရပြန်တယ်။ အခန်းတံခါးကို​ခေါက်လိုက်တော့ အထဲက အသံပြန်မပေးတာကြောင့် တံခါးကို ဖွင့်ပြီး ဝင်လိုက်တယ်။ အခန်းထဲရောက်တော့မှ​ရေချိုးခန်းထဲက
ရေကျသံကြားလို့​ကောင်လေးရေချိုးနေမှန်း​ရှောင်ကျန့်
သိလိုက်တယ်။ ဒါကြောင့် အခန်းထဲက ပြန်ထွက်ဖို့အလုပ်မှာ ဖုန်းမြည်သံကို ကြားလိုက်ရတယ်။
ရေချိုးခန်းထဲက​ကောင်လေးက ဖုန်းသံကို မကြားရဘူး
ထင်ရဲ့။ အစကတော့​ရှောင်းကျန့်လည်း ဖုန်းကိုမကိုင်
ဘဲထားလိုက်ဖို့ စဉ်းစားလိုက်ပေမယ့် အဆက်မပြတ်
ခေါ်နေတာကြောင့် အရေးကြီးတယ်ထင်ပြီး ကိုင်
လိုက်မိတယ်။ ဖုန်းသံလာရာကို သွားပြီး ဖုန်းကိုကိုင်
လိုက်တာနဲ့ တစ်ဖက်က မိန်းကလေးအသံစူးစူးက နားထဲတိုးဝင်လာတယ်။

"ဝမ်ရိပေါ်!!!!!!နင်ချိန်းထားတာဘယ်အချိန်ရှိနေပြီလဲ။နောက်ဆယ့်ငါးမိနစ်အတွင်းရောက်မလာရင်
နင်နဲ့ငါအပြတ်ပဲ"

တစ်ဖက်ကမိန်းကလေးက​ပြောချင်တာပြောပြီး ဖုန်းချ
သွားခဲ့တယ်။​ရှောင်းကျန့်ကသာ လက်ထဲက ဖုန်းကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး​နေရာမှာတင် မလှုပ်
မယှက်။

သူကြားလိုက်ရတာ မိန်းကလေးတစ်ယောက်ရဲ့အသံ
ဆိုတာ လုံးဝသေချာပါတယ်။ ပြီးတော့ ဒီမိန်းကလေး
ပြောတဲ့စကားတွေက ဘာတွေလဲ။​ကောင်လေးနဲ့
ဒီမိန်းကလေးက ဘယ်လိုပတ်သတ်နေတာလဲ။
ဟင့်အင်း...ဘာတွေလျှောက်တွေးနေတာလဲ ရှောင်းကျန့်ရာ။ အလုပ်က လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်နိုင်
တာပဲ။ ဟုတ်တယ်..အတွေးမလွန်နဲ့။

"အစ်ကို"

"ဟင်။ကောင်..ကောင်လေး"

"အစ်ကိုဘာရပ်လုပ်နေတာလဲ"

"အာ..ကောင်လေးကိုမနက်စာစားဖို့လာခေါ်တာ"

"အစ်ကို့လက်ထဲကဖုန်းက"

"ဟင်။အာ.....ကောင်လေးသူငယ်ချင်းဆက်တာ။
ကိုယ်တောင်ဘာမှမပြောလိုက်ရဘူး။ဖုန်းချသွားတယ်"

"ဩော်.."

"ကောင်လေး"

"ပြောလေ အစ်ကို"

"ဒီနေ့ကိုယ်ဈေးသွားဝယ်မလို့။ကောင်လေးလိုက်ပို့
ပေးမလား"

"ဒီနေ့တော့မဖြစ်ဘူး။ကျွန်တော်အရေးတကြီး
ချိန်းထားတာလေးရှိလို့။ဆောရီးပါ အစ်ကို။
နောက်နေ့ကျရင်တော့လိုက်ပို့မယ်လေ"

"ရပါတယ်။ကောင်လေးအဆင်မပြေလည်းနောက်နေ့ပေါ့။ဒါနဲ့လေ..ကိုယ်ကောင်လေးကိုမေးစရာတစ်ခု
ရှိတယ်"

"မေးလေ"

"ကောင်လေးမှာသဘောကျရတဲ့သူတွေဘာတွေ
ရှိပြီလား"

"သဘောကျရတဲ့သူ...."

ခနတိတ်ဆိတ်သွားတဲ့​ကောင်လေးက စဉ်းစားနေပုံ
ရတယ်။​ကျေးဇူးပြုပြီး...မရှိဘူးလို့ဖြေလိုက်ပါ။
မင်းကို ဆုံးရှုံးရမှာကို​သေမလောက်​ကြောက်တာမို့
ဒီဆုတောင်းလေးကိုတော့ ဖြည့်ဆည်းပေးပါ။

"ရှိတယ်လို့တော့ထင်တာပဲ။နောက်မှအစ်ကိုနဲ့မိတ်
ဆက်ပေးမယ်"

ရှိတယ်တဲ့လား​ကောင်လေးရယ်။ မဟုတ်ဘူးလေ....သူလိုချင်တာ ဒါမျိုးအဖြေမဟုတ်ဘူးလေ။ သူကိုယ်တိုင်တောင် မြတ်နိုးလွန်းလို့ အလှထားထားတဲ့ပန်းလေး
ကို သူများလက်ထဲ ထည့်လိုက်ရတော့မှာလား။
ကောင်လေးရှေ့မှာ မျက်နှာမပျက်အောင် ထိန်းပြီးနေနေရပေမယ့် ရင်ထဲမှာ ကမ္ဘာပျက်နေတာ ဘယ်သူသိနိုင်
မှာလဲ။ တကယ်ဆို ဒီအခြေအနေ ဖြစ်လာနိုင်ဆိုတာ
ရှောင်းကျန့် ကြိုပြီးတွေးခဲ့သင့်တယ်။ အခုတော့ သူ့ရဲ့အ
ဖြစ်က ကိုယ့်အတွက်လို့ ထင်နေခဲ့တဲ့ အရုပ်လေးတစ်ရုပ်ကို တစ်ခြားသူက လုယူသွားသလို ခံစားချက်မျိုး။
တကယ်တော့​ကောင်လေးကို သူကအစကတည်းက
မပိုင်ဆိုင်ခဲ့ရတာပါ။ တွေဝေနေခဲ့တဲ့သူ့အတွက် အပြစ်
ဒဏ်တွေပဲပေါ့။

ဝေးမှာစိုးလို့ မနီးရဲခဲ့တာပါ။
အခုလို စွန့်လွတ်လိုက်ရမယ်ဆိုတာ ကြိုသိခဲ့ရင်
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်းကိုပိုင်ဆိုင်ဖို့ ကြိုးစားမိခဲ့မှာပဲ။

----------------------------

မနက်ကတည်းက ထွက်သွားတဲ့​ကောင်လေးက
အခုအချိန်ထိ ပြန်မရောက်သေးတာကြောင့် ရှောင်းကျန့်တစ်ယောက် ထိုင်မရ၊ထမရ ဖြစ်နေရရှာတယ်။
အချိန်အခါမဟုတ်ဘဲ ရွာနေတဲ့မိုးကလည်း ဒီနေ့မှ
သည်းသည်းမဲမဲ။ မင်းနဲ့ပတ်သတ်ရင် အတွေးပေါင်း
များစွာနဲ့ စိုးရိမ်နေရတော့တာပါပဲလား။

တံခါးpasswordနှိပ်နေတဲ့ အသံကြားတော့​ရှောင်းကျန့် ထိုင်နေရာကနေ တံခါးဆီကို အပြေးသွားလိုက်
မိတယ်။
တံခါးပွင့်လာတဲ့ အသံနဲ့အတူ ရှောင်းကျန့်ရင်ခွင်ထဲကို
ပြိုကျလာတဲ့ကောင်လေး။ တစ်ကိုယ်လုံးလည်း စိုရွဲနေ
ပြီး လမ်းတောင်မလျှောက်နိုင်တော့သလို။

ကောင်လေးကိုတွဲပြီး အခန်းထဲ​ခေါ်လာရတာက သိပ်
တော့ အဆင်မပြေလှဘူး။ ပစ္စည်းတွေကို ဝင်မတိုက်မိ
အောင် သတိထားနေခဲ့ပေမယ့်​ရှောင်းကျန့်ကိုယ်တိုင်
ကလည်း လူကောင်းမှမဟုတ်တာ။
ခက်ခက်ခဲခဲနဲ့ တွဲခေါ်လာပြီး အခန်းထဲရောက်တော့
ကောင်လေးကို ကုတင်ပေါ်ချလိုက်ကာ စိုနေတဲ့
အဝတ်တွေကို လဲပေးလိုက်တယ်။​ကောင်လေးက
ကိုယ်တွေ ခြစ်ခြစ်တောက်ပူနေပြီး ဖျားနေပြီထင်ရဲ့။
ကဲ....ကြည့်..ရှောင်းကျန့်စိတ်ပူတာလွန်လား။
ဒီကောင်လေးက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘူး။

ဖျား​နေတဲ့​ကောင်လေးကို​ရေပတ်တိုက်ပေးနေတုန်း
ကြားလိုက်ရတဲ့ အသံတိုးတိုးလေးက ရှောင်းကျန့်ကို
ပိုလို့စိတ်ပူသွားစေတယ်။

"ကယ်....ကယ်ကြပါဦး။တစ်ယောက်ယောက်
ကယ်ပေးကြပါ။ကြောက်...ကြောက်တယ်"

ကောင်လေး အိပ်မက်ဆိုးမက်ပြီး​ယောင်နေတာများ
လား။ ရှိုက်သံရောယှက်နေတဲ့ စကားသံတိုးတိုးလေးက​ရှောင်းကျန့်ကိုနာကျင်စေတယ်။ တကယ်ပါ..
ဒီကောင်လေးကို သူတတ်နိုင်သလောက် ကာကွယ်ပေးချင်မိသေးတာ။ သူ့လိုလူက ဘာမှမတတ်နိုင်ဘူး ဆိုပေမယ့်ပေါ့.....။

လက်ကလေးကို ဆုပ်ကိုင်လိုက်တော့မှ ငြိမ်ကျသွားတဲ့
ကောင်လေးက ခနအကြာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်။

ခက်လိုက်တာ​ကောင်လေးရယ်
ပိုနီးလာတော့ နာကျင်ရတယ်
ပိုဝေးသွားတော့လည်း တမ်းတရတယ်
ဒီအတိုင်းလေးနေတော့လည်း
​မျှော်လင့်ချက်မဲ့ရပြန်တယ်။
မင်းနဲ့ပတ်သတ်လာရင် ဘယ်လိုအခြေအနေမျိုးမှာ
ဖြစ်ဖြစ် ကိုယ့်အတွက် ခက်ခဲနေပါရောလားကွာ။

-----------------------------

ကောင်လေးကို စိတ်ပူလို့ တစ်ညလုံး ထိုင်စောင့်ပေးနေ
တဲ့​ရှောင်းကျန့်ဟာ ကုတင်ကိုမှီလို့ အိပ်ပျော်သွားခဲ့တယ်။​ရှောင်းကျန့် နိုးလာတဲ့အချိန်အထိ ကောင်လေးကတော့ အိပ်ပျော်နေတုန်းပဲ။ နဖူးကို အသာစမ်းကြည့်
တော့ ကိုယ်ပူကျသွားပြီ ဖြစ်တာကြောင့်​ရှောင်းကျန့်
အနည်းငယ် စိတ်အေးသွားတယ်။
ကောင်လေးနိုးလာရင် စားဖို့ တစ်ခုခု ပြင်ဆင်ရအောင်
အခန်းထဲက ထွက်မယ်လုပ်တော့မှ​ခြေထောက်က
ဆစ်ခနဲ နာကျင်မှုကို ခံစားလိုက်ရတယ်။

ညတုန်းက​ကောင်လေးကို တွဲခေါ်လာရင်း ခုံနဲ့ဝင်တိုက်မိတာ ဖြစ်မယ်။ ဖြစ်တဲ့အချိန်တုန်းက​ကောင်လေးကို စိုးရိမ်နေတဲ့စိတ်ကြောင့်သာ ဘာမှမသိလိုက်ခဲ့ပေမယ့် အခုတော့​ခြေထောက်က လမ်းလျှောက်ဖို့တောင်
အနိုင်နိုင်။ မင်းကိုချစ်ရတာလည်း ဒီဒဏ်ရာလိုပါပဲလား။ စချစ်မိတုန်းက နာကျင်ရမှန်း မသိခဲ့ပေမယ့်
အချိန်ကြာမှ တဆစ်ဆစ်နဲ့ အသည်းခိုက်အောင် နာကျင်ရတာမျိုး။ နာကျင်မှန်း သိလိုက်ရတဲ့အချိန်မှာ အရာရာ
က​နောက်ကျသွားခဲ့ပြီ။ ကိုယ့်မှာ မင်းကို ဆက်ချစ်ရုံက
လွဲပြီး ေရွးချယ်စရာ မရှိတော့ဘူး။ အကယ်၍ ရှိခဲ့ရင်
လည်း ကိုယ်က မင်းကိုပဲရွေးချယ်မိမှာ။ ဒါဟာ မင်းအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ရူးသွပ်မှုလေး။

-----------------------------

မီးဖိုချောင်ထဲမှာ​ကောင်လေးစားဖို့ တစ်ခုခုပြင်ဆင်
နေတုန်းမှာ အနောက်က သိုင်းဖက်လာတဲ့ လက်တစ်စုံ
ကြောင့် ရှောင်းကျန့်လန့်သွားပေမယ့် မရုန်းမိဘူး။
အနီးကပ် နမ်းရှိုက်ခွင့်ရတဲ့ Marshmelloနံ့လေးကလည်း​ရှောင်းကျန့်ရဲ့ စွဲလမ်းရာလေး။

"ဒီတိုင်းလေးခနနေပေးပါ အစ်ကို"

"ကောင်လေးဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး။ဒီအတိုင်းပဲ..အစ်ကို့ကိုပွေ့ဖက်
ထားချင်လို့"

"......"

"ကျွန်တော်အရမ်းပင်ပန်းနေပြီ အစ်ကို။ဘာမှလည်းမျှော်လင့်စရာမရှိတော့ဘူး။အရာအားလုံးကို
လွတ်ချပြီးပုံရိပ်လေးတစ်ခုလိုပျောက်ကွယ်သွား
လိုက်ချင်ပြီ"

"မင်းပျောက်ကွယ်သွားလို့မဖြစ်ဘူးလေ။ကောင်လေးရဲ့ဖြစ်တည်မှုလေးမှာကိုယ့်အသက်ဝိဥာဏ်လေး
ချိတ်ဆွဲထားတယ်ဆိုတာကိုမမေ့ပါနဲ့။မင်းမရှိရင်
ကိ်ုယ်လည်းရှိမှာမဟုတ်တော့ဘူး"

"အစ်ကို....ကျွန်တော်ကအစ်ကို့အတွက်ဘယ်လို
ဖြစ်တည်မှုမျိုးလဲ"

"ကိုယ့်အတွက်ကောင်လေးကအရာအားလုံးထပ်ပိုတန်ဖိုးထားရတဲ့ဖြစ်တည်မှုမျိုး။ကောင်လေးရဲ့ဖြစ်တည်မှုကြောင့်ကိုယ့်ဘဝကရှင်သန်နေရတာမို့ဘာနဲ့မှနှိုင်းယှဉ်လို့မရနိုင်အောင်မြတ်နိုးရတဲ့ဖြစ်တည်မှုလေး"

"ကျွန်တော့ရဲ့ဖြစ်တည်မှုကတစ်စုံတစ်ယောက်
အတွက်အဲ့လောက်အရေးပါတယ်တဲ့လား...။ဟာသ
ပဲ။ကျွန်တော့လိုကောင်ကအဲ့လောက်တန်ဖိုးမရှိပါဘူးဗျာ"

"ကောင်လေးရဲ့ဖြစ်တည်မှုကသိပ်တန်ဖိုးရှိတာပေါ့။
ဘယ်လိုအရာနဲ့မှတန်ဖိုးမဖြတ်နိုင်လောက်အောင်
တန်ဖိုးရှိတယ်"

"အစ်ကိုကကျွန်တော့ကိုဘယ်လောက်နားလည်လို့
လဲ။ကျွန်တော့အကြောင်းကိုဘယ်လောက်သိနေလို့
ဒီလိုမျိုးပြောရတာလဲ"

"ကိုယ်ကောင်လေးအကြောင်းကိုဘာမှမသိပါဘူး။
သိဖို့လည်းမလိုဘူး။ကိုယ်သိတဲ့ကောင်လေးက
လွတ်လပ်ပြီးပျော်ပျော်နေတတ်တဲ့၊ကိုယ့်ဘဝကို
ပျော်ရွှင်မှုတွေဆောင်ကျဉ်းပေးတဲ့လူသားလေးပဲ"

"ကျွန်တော်ကအစ်ကိုထင်သလိုလူကောင်းတစ်ယောက်မဟုတ်ပါဘူး။ခင်ဗျားကိုတစ်ချိန်လုံးလိမ်ညာလှည့်စားနေခဲ့တဲ့သူဆိုတာကိုရောသိရဲ့လား။
ဘယ်သူ့ကိုမှမယုံနဲ့။အထူးသဖြင့်ကျွန်တော့ကိုလုံးဝ
မယုံပါနဲ့။ကျွန်တော်ကခင်ဗျားထင်တာထပ်ပိုပြီး
အတ္တကြီးတဲ့သူမျိုး"

"......"

"ဒါကြောင့်ကျွန်တော့အပေါ်လိုတာထပ်ပိုပြီးကောင်း
မပြပါနဲ့။ ကျွန်တော်တို့ရဲ့ပတ်သတ်မှုကဟိုးအရင်အစ
ကတည်းကအပေးအယူဆန်ဆန်ပတ်သတ်မှုမျိုးပဲလေ။ ကျွန်တော့အပေါ်အရမ်းကောင်းပြပြီးအချိန်ကုန်၊
လူပင်ပန်းခံပြပြီးကျွန်တော့ကိုသံယောဇဉ်တွယ်လာ
အောင်ကြိုးစားမနေပါနဲ့။ ငြိတွယ်ခြင်းတွေကို ကျွန်တော်မုန်းတယ်။ အထူးသဖြင့် သံယောဇဉ်ဆိုတဲ့ငြိတွယ်
ခြင်းကို...။ ချည်ရလွယ်သလောက်ဖြည်ရခက်တဲ့အရာတွေက စိတ်ရှုပ်ဖို့ကောင်းတယ်"

ပြောချင်ရာတွေပြောပြီး ထွက်သွားတဲ့​ကောင်လေးကို
ရှောင်းကျန့် လုံးဝနားမလည်နိုင်ခဲ့ဘူး။
ရှောင်းကျန့် နားလည်လိုက်တာ တစ်ခုက သူ့ရဲ့ဂရုစိုက်မှုတွေနဲ့​စေတနာတွေက​ကောင်လေးအတွက်
စိတ်ရှုပ်စရာ ဖြစ်နေခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ။

တစ်နေ့နေ့မှာ....ဘယ်လိုမှ​ရှေ့ဆက်လို့မရနိုင်လို့
လွတ်ချလိုက်ရမယ်ဆိုရင်တောင်
အရင်ကျောခိုင်းသွားတဲ့သူ မဖြစ်ချင်ဘူး။
ဒီကကောင်က မင်းနောက်ကျောကို​ငေးရင်းနဲ့ပဲ
ကျန်နေခဲ့ချင်တာ။

မင်းဘက်က ကမ်းခဲ့တဲ့လက်မို့
မင်းဘက်က လွတ်ချလိုက်ရင်လည်း
ဒီလူက ပြိုရုံလဲရုံအပြင် ဘာများတတ်နိုင်မှာမို့လဲ။
_______________________________

Continue Reading

You'll Also Like

179K 18.3K 92
နတ္ဘုရား မ်က္ရည္စက္ တစ္ခုကေန အစျပဳကာ သက္ေရာက္ခဲ့သည့္ လူသားတစ္ဦးႏွင့္ နတ္ဘုရားတစ္ပါး.. ဘဝျခင္း မတူေသာ္လည္း ခ်စ္ျခင္းေမတၱာ သည္မွာေတာ့ တူညီေနခဲ့သည္...
184K 18.7K 38
What's wrong with Professor Wang?
442K 62.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
49.4K 3.2K 21
It's a simple student sweet love story WangYibo - 🐰Dearest Baby🐰 XiaoZhan -🦁Dearest Ko Ko Photo Crd