Searching in the Apocalypse f...

By Dancing_Breeze

348K 55.6K 2.4K

Author(s) : Hen Shi Jiao Qing 很是矫情 Original name : 快穿之炮灰女配逆袭记 English Name : Quick Transm... More

Chapter - 178
Chapter - 179
Chapter - 180
Chapter - 181
Chapter - 182
Chapter - 183
Chapter - 184
Chapter - 185
Chapter - 186
Chapter - 187
Chapter - 188
Chapter - 189
Chapter - 190
Chapter - 191
Chapter - 192
Chapter - 193
Chapter -194
Chapter - 195
Chapter - 196
Chapter - 197
Chapter - 198
Chapter - 199
Chapter - 200
Chapter - 201
Chapter - 202
Chapter - 203
Chapter - 204
Chapter - 205
Chapter - 206
Chapter - 207
Chapter - 208
Chapter - 209
Chapter - 210
Chapter - 211
Chapter - 212
Chapter - 213
Chapter - 214
Chapter - 215
Chapter - 217
Chapter - 218
Chapter - 219
Chapter - 220
Chapter - 221
Chapter - 222
Chapter - 223
Chapter - 224
Chapter - 225
Chapter - 226
Chapter - 227
Chapter - 228
Chapter - 229
Chapter - 230
Chapter - 231
Chapter - 232
Chapter - 233
Chapter - 234
Chapter - 235
Chapter - 236
Chapter - 237
Chapter - 238
Chapter - 239
Apocalypse After Story(1)
Apocalypse After Story(2)
ေက်းဇူးတင္လႊာ

Chapter - 216

5.1K 892 28
By Dancing_Breeze

[Zawgyi]

<သူသာ ေသြးနည္းနည္းေလာက္ေပးရင္>

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကို ဓာတ္ခဲြခန္းတစ္ခုဆီေခၚသြားသည္။ ဓာတ္ခဲြခန္းက သီးျခားတည္ရွိေနၿပီး ဝင္ေပါက္က သစ္ေျခာက္ပင္ႀကီးတစ္ပင္ေအာက္မွာရွိသည္။

သို႔ေသာ္လည္း နဥ္ရႈ အထဲကိုလွမ္းဝင္လိုက္တဲ့အခါ ရင္းနွီးေနတဲ့ခံစားခ်က္က သူမကိုလာရိုက္ခတ္သည္။ သူမ ဒီဓာတ္ခဲြခန္းကို ေရာက္ဖူးတယ္။ ဒီဓာတ္ခဲြခန္းက အန္ကယ့္ရဲ႕ ခဲြစိတ္မႈေတြျပဳလုပ္တဲ့ ဌာနခ်ဳပ္လား?

ၿပီးေနာက္ ႀကီးမားလြန္းတဲ့ဆလင္ဒါပံုဖန္ေပါင္းေခ်ာင္ထဲမွာထည့္ထားတဲ့ အေလာင္းတစ္ေလာင္းကို သူမ ျမင္လိုက္ရသည္။ ထိုအေလာင္းက အရမ္းကိုလွပေသာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အေလာင္းပင္။ အေလာင္းရဲ႕မ်က္နွာကိုျမင္လိုက္ရတဲ့အခါမွာေတာ့ သူမ အႀကီးအက်ယ္ကိုေရွာ႔ခ္ရသြားေတာ့သည္။ ဒါက လင္းရႊယ္မလား?

သူမ မ်က္နွာက ရႈံ႕မဲ့ေနသည္။ ၾကည့္ရတာ သူမ မေသခင္္က အေတာ္ေလးကိုခံစားခဲ့ရပံုပင္။

နဥ္ရႈ ၾကက္သီးထသြားသည္။ ေက်ာင္းဆရာဝန္အန္ကယ္က သူမကို ဒီေခၚလာတာ ေသခ်ာေပါက္ ေကာင္းတဲ့ရည္႐ြယ္ခ်က္နဲ႔မျဖစ္နိုင္ဘူး။ သူက လူေတြကိုခဲြစိတ္ရတာပ်င္းလာလို႔ zombieတစ္ေကာင္ကို ခဲြစိတ္္ခ်င္ေနတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္?

နဥ္ရႈ ေက်ာင္းဆရာဝန္အန္ကယ္ကို သူမရဲ႕ အေဝးမႈန္မ်က္လံုးေတြနဲ႔ၾကည့္လိုက္သည္။ ေက်ာင္းဆရာဝန္အန္ကယ္က အျဖဴ ေရာင္ဓာတ္ခဲြခန္းကုတ္ကို လဲလွယ္ဝတ္ဆင္ဖို႔အတြက္ သူ႔ရဲ႕အနက္ေရာင္ေလကာအက်ႌကို ခြၽတ္လိုက္သည္။ ေရႊကိုင္းမ်က္မွန္နဲ႔အတူ တဲြစပ္ထားတဲ့ဒီအၾကည့္က နဥ္ရႈကို ေၾကာက္ေခ်းပါေလာက္ေအာင္ပင္ ထိတ္လန္႔သြားေစသည္။

အခုေတာ့ သူက စိတ္နွစ္ခြျဖစ္ေနတဲ့သိပၸံပညာရွင္တစ္ေယာက္နဲ႔ တူသည္ထက္ပင္အတိအက်ပိုတူေနေတာ့သည္။

"လွဲလိုက္။"

ေက်ာင္းဆရာဝန္အန္ကယ္က မ်က္မွန္ကိုပင့္တင္လိုက္သည္။

နဥ္ရႈ : ရွင္ဘာေတြေျပာေနတာလဲ? ကြၽန္မ မၾကားရဘူး။ မၾကားရ...

"ခဲြစိတ္စားပဲြေပၚမွာ လွဲလိုက္!"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈကို ေအာ္ေျပာလာသည္။ ဒီတစ္ႀကိမ္မွာေတာ့ အသံက အေတာ္ေလးကိုက်ယ္သြားၿပီး ဓာတ္ခဲြခန္းထဲမွာ ပဲ့တင္ထပ္ေနသည္။

နဥ္ရႈက ဘာမွမၾကားရသလိုမ်ိဳး မွင္တက္ေနတဲ့အၾကည့္ကို ဆက္လက္ထိန္းသိမ္းထားဆဲပင္။ အဆံုးသတ္လိုက္ရင္ သူမက သူ သူမကိုခဲြစိတ္ဖို႔အတြက္ လိမ္လိမ္မာမာေလး လွဲမေပးနိုင္ပါဘူးေနာ္..ဟုတ္ၿပီလား?

"မင္းက ငတံုးလိုဟန္ေဆာင္တဲ့ေနရာမွာေတာ့ ေတာ္သားပဲ။"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈဆီေလ်ွာက္လာသည္။ ဒါေပါ့...နဥ္ရႈကတာ့ ေနာက္ကိုလွည့္ေျပးတာေပါ့။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ ေက်ာင္းဆရာဝန္အန္ကယ္က သူမကိုဖမ္းမိသြားၿပီး ခဲြစိတ္စားပဲြေပၚ ဆဲြတင္လိုက္ေတာ့သည္။

ထို႔ေနာက္ သူမေျခလက္ေတြကို ခ်ဳပ္ထားလိုက္ေတာ့သည္။ နဥ္ရႈနွလံုးသားေလးက ေအးစက္ေနေခ်ၿပီ။ ေနာက္ဆံုးမွာေတာ့ တစ္စံုတစ္ေယာက္က သူမကိုခဲြစိတ္ဖို႔ျပင္ေနတုန္းမွာ ခဲြစိတ္စားပဲြေပၚလဲေလ်ာင္းေနရတဲ့ လင္းရႊယ္တစ္ေယာက္ ဘယ္လိုခံစားရမလဲဆိုတာ သူမသေဘာေပါက္သြားေတာ့သည္။

အေရးေပၚ!!(SOS!!)

နဥ္ရႈ သူမရဲ႕အသက္က အဲ့အရာေပၚမွာမူတည္ေနသလိုမ်ိဳး ေက်ာင္းဆရာဝန္အန္ကယ္ကို မ်က္ေတာင္တဖ်တ္ဖ်တ္ခပ္ကာ ၾကည့္လိုက္သည္။ အန္ကယ္...ေက်းဇူးျပဳ ၿပီး..ကြၽန္မကို လႊတ္ေပးပါ။ အျပင္မွာ zombieေတြအမ်ားႀကီးရွိတယ္ေလ။ ဘာလို႔ ကြၽန္မကိုခဲြစိတ္ရမွျဖစ္မွာလဲ?

နဥ္ရႈ မ်က္ေတာင္တဖ်တ္ဖ်တ္ခပ္ေနတာကို ေက်ာင္းဆရာဝန္အန္ကယ္ျမင္တဲ့အခါ သူက မွတ္ခ်က္ခ်ေလ၏။

"ဟမ္? မင္း ကန္းေတာ့မွာလား? ဗီဇကဲြzombieေတြမွာလည္း virusပိုးရဲ႕ မတူညီတဲ့ေျပာင္းလဲမႈေတြရွိတာ ျဖစ္နိုင္လား?"

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈလက္ေမာင္းထဲကေန ေသြးတစ္ခ်ဳိ႕ထုတ္ယူဖို႔ ေဆးထိုးအပ္တစ္ေခ်ာင္းကိုေကာက္ကိုင္လိုက္ေပမယ့္ ေသြးေၾကာရွာလို႔မေတြ႕ေခ်။ ခဏၾကာတဲ့အခါ ေက်ာင္းဆရာဝန္အန္ကယ္က နည္းနည္းစိတ္မရွည္တဲ့ပံုေပၚလာၿပီး နဥ္ရႈလည္ပင္းဆီက ေသြးေၾကာမႀကီးကိုထိုးစိုက္လို္က္ကာ ေသြးတစ္ႁပြန္စာ ထုတ္ယူလိုက္သည္။

မာမီေရ...သမီးကိုကယ္ပါ..အား! ဒီအန္ကယ္က စိတ္နွစ္ခြျဖစ္ေနၿပီး အရမ္းကိုရူးနွမ္းေနၿပီ! Virusပိုးက သူမရဲ႕အာရံုေၾကာေတြကို ဖ်က္ဆီးလိုက္ၿပီျဖစ္တာေၾကာင့္ သူမ နာက်င္မႈနည္းနည္းေလးေတာင္မခံစားရေပမယ့္လည္း ဒါက ေၾကာက္ဖို႔ေကာင္းတဲ့ အေတြ႕အႀကံဳတစ္ခုျဖစ္ေနတုန္းပင္။

ေက်ာင္းဆရာဝန္အန္ကယ္က သူ႔ဘာသာ တစ္ခုခုစတင္လုပ္ေဆာင္ေနၿပီး သူမကို ခဲြစိတ္မယ့္ပံုမရတာကို ျမင္တဲ့အခါ သူမ စိတ္သက္သာရာရစြာျဖင့္ အသက္ေအာင့္ထားျခင္းကို ေျဖေလ်ွာ႔လိုက္သည္။ နဥ္ရႈ သူမပတ္ပတ္လည္ကို အေဝးမႈန္မ်က္လံုးမ်ားျဖင့္ တတ္နိုင္သမ်ွႀကိဳးစားကာၾကည့္ေနလိုက္သည္။ တာရွည္ခံေဆးရည္ေတြနဲ႔စိမ္ထားတဲ့ ျဖဴ ေရာ္ေရာ္အေလာင္းတစ္ခုကိုျမင္တဲ့အခါ သူမ တံေတြးၿမိဳခ်လိုက္မိသည္။ သူမ အဲ့ဒါကို တကယ္ပဲသြားၿပီး တစ္စစီဆဲြၿဖဲလိုက္ခ်င္တယ္။ သူမ ဆာလြန္းလို႔ ေသမလိုပဲ။

အခ်ိန္ေတြၾကာၿပီးတာေတာင္မွ သူမအန္ခ်င္ေနတုန္းပင္။ ဒါႀကီးက သူမကို ရူးေအာင္လုပ္ေနတာပဲ။ အခုထိ သူမေသြးကိုေလ့လာေနတဲ့ အန္ကယ့္ကို သူမၾကည့္လိုက္ကာ သူ႔အနံ႔ကို ရွဴ ရႈိက္လိုက္တဲ့အခါ သူမနွလံုးသားေလးက ဆာေလာင္မြတ္သိပ္မႈေတြျဖင့္ ျပင္းျပစြာေလာင္ကြၽမ္းေနေတာ့သည္။

ေက်းဇူးျပဳ ၿပီး ကြၽန္မကို စားစရာနည္းနည္းေလာက္ေပး။ အစားကလဲြၿပီး ဘာကိုမွဂရုမစိုက္ေတာ့တဲ့ မေကာင္းဆိုးဝါးတစ္ေကာင္လို နဥ္ရႈခံစားေနရေတာ့သည္။

ခဏေလာက္အလုပ္လုပ္ၿပီးတဲ့အခါမွာေတာ့ ေက်ာင္းဆရာဝန္အန္ကယ္က ခဲြစိတ္စားပဲြနားမွာထိုင္မခ်လိုက္ခင္ သူ႔လက္ကို အႀကိမ္မ်ားစြာေဆးေၾကာေလသည္။ သူက နဥ္ရႈကိုၾကည့္ၿပီး ေျပာလာသည္။

"ေကာင္မေလး...အသိစိတ္ရွိေနေအာင္ ဆက္ႀကိဳးစား။"

နဥ္ရႈ ငိုခ်င္သြားေတာ့သည္။ အနားမွာသာရွင္ရွိေနရင္ ကြၽန္မ ဘယ္ေလာက္ပဲအသိစိတ္ရွိေနပါေစ ဒီဆႏၵကို သူမခ်ဳပ္တည္းနိုင္မွာမဟုတ္ဘူး။ ရွင္က ကြၽန္မရဲ႕စိတ္ထဲကနာက်င္မႈကို လံုးဝနားမလည္ဘူးပဲ..အား!
[T/N : မႀကီးနဥ္က အန္ကယ့္ကို အခ်ိန္တိုင္းစားခ်င္ေနတာမို႔ သူရွိေနရင္ ဆက္ၿပီးထိန္းခ်ဳပ္ဖို႔္မလြယ္ဘူးေျပာတာလားမသိ။]

ေက်ာင္းဆရာဝန္အန္ကယ္က နဥ္ရႈေရွ႕မွာပင္ မာေတာက္ေနတဲ့ဘီစကစ္ေတာ္ေတာ္မ်ားမ်ားကိုစားလိုက္ၿပီး ေရေသာက္လိုက္သည္။ နဥ္ရႈက သူ႔ကုိၾကည့္ေနတာကိုျမင္တဲ့အခါ သူကေမးေလ၏။

"မင္း စားခ်င္လို႔လား?"

ကြၽန္မ ရွင့္ကို ေသခ်ာေပါက္စားခ်င္ေနတယ္! နဥ္ရႈ စိတ္ထဲကေန ေအာ္ဟစ္လိုက္သည္။ သို႔ေသာ္လည္း သူမကိုယ္သူမ ေခါင္းၿငိမ့္ဖို႔ ဖိအားေပးလိုက္သည္။ ေက်ာင္းဆရာဝန္အန္ကယ္က ဘီစကစ္အပိုင္းေလးကို ခ်ိဳးဖဲ့ကာ နဥ္ရႈပါးစပ္ထဲထည့္ေပးလိုက္သည္။ နဥ္ရႈ ဘီစကစ္ကို ခက္ခက္ခဲခဲဝါးကာ ၿမိဳခ်လိုက္သည္။ ဒါက ဘာႀကီးလဲ? လံုးဝအရသာမရွိဘူး။

ဒါက လူတစ္ေယာက္ကို သဲေတြေကြၽးေနသလိုပဲ!

အန္ကယ္သာ သူမကို သူ႔ေသြးနည္းနည္းေလာက္တိုက္ရင္ ေကာင္းမယ္။
.....

[Unicode]

<သူသာ သွေးနည်းနည်းလောက်ပေးရင်>

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို ဓာတ်ခွဲခန်းတစ်ခုဆီခေါ်သွားသည်။ ဓာတ်ခွဲခန်းက သီးခြားတည်ရှိနေပြီး ဝင်ပေါက်က သစ်ခြောက်ပင်ကြီးတစ်ပင်အောက်မှာရှိသည်။

သို့သော်လည်း နဉ်ရှု အထဲကိုလှမ်းဝင်လိုက်တဲ့အခါ ရင်းနှီးနေတဲ့ခံစားချက်က သူမကိုလာရိုက်ခတ်သည်။ သူမ ဒီဓာတ်ခွဲခန်းကို ရောက်ဖူးတယ်။ ဒီဓာတ်ခွဲခန်းက အန်ကယ့်ရဲ့ ခွဲစိတ်မှုတွေပြုလုပ်တဲ့ ဌာနချုပ်လား?

ပြီးနောက် ကြီးမားလွန်းတဲ့ဆလင်ဒါပုံဖန်ပေါင်းချောင်ထဲမှာထည့်ထားတဲ့ အလောင်းတစ်လောင်းကို သူမ မြင်လိုက်ရသည်။ ထိုအလောင်းက အရမ်းကိုလှပသော အမျိုးသမီးတစ်ယောက်ရဲ့ အလောင်းပင်။ အလောင်းရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့ သူမ အကြီးအကျယ်ကိုရှော့ခ်ရသွားတော့သည်။ ဒါက လင်းရွှယ်မလား?

သူမ မျက်နှာက ရှုံ့မဲ့နေသည်။ ကြည့်ရတာ သူမ မသေခင်က အတော်လေးကိုခံစားခဲ့ရပုံပင်။

နဉ်ရှု ကြက်သီးထသွားသည်။ ကျောင်းဆရာဝန်အန်ကယ်က သူမကို ဒီခေါ်လာတာ သေချာပေါက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့မဖြစ်နိုင်ဘူး။ သူက လူတွေကိုခွဲစိတ်ရတာပျင်းလာလို့ zombieတစ်ကောင်ကို ခွဲစိတ်ချင်နေတာတော့ မဟုတ်လောက်ပါဘူးနော်?

နဉ်ရှု ကျောင်းဆရာဝန်အန်ကယ်ကို သူမရဲ့ အဝေးမှုန်မျက်လုံးတွေနဲ့ကြည့်လိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်က အဖြူ ရောင်ဓာတ်ခွဲခန်းကုတ်ကို လဲလှယ်ဝတ်ဆင်ဖို့အတွက် သူ့ရဲ့အနက်ရောင်လေကာအင်္ကျီကို ချွတ်လိုက်သည်။ ရွှေကိုင်းမျက်မှန်နဲ့အတူ တွဲစပ်ထားတဲ့ဒီအကြည့်က နဉ်ရှုကို ကြောက်ချေးပါလောက်အောင်ပင် ထိတ်လန့်သွားစေသည်။

အခုတော့ သူက စိတ်နှစ်ခွဖြစ်နေတဲ့သိပ္ပံပညာရှင်တစ်ယောက်နဲ့ တူသည်ထက်ပင်အတိအကျပိုတူနေတော့သည်။

"လှဲလိုက်။"

ကျောင်းဆရာဝန်အန်ကယ်က မျက်မှန်ကိုပင့်တင်လိုက်သည်။

နဉ်ရှု : ရှင်ဘာတွေပြောနေတာလဲ? ကျွန်မ မကြားရဘူး။ မကြားရ...

"ခွဲစိတ်စားပွဲပေါ်မှာ လှဲလိုက်!"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုကို အော်ပြောလာသည်။ ဒီတစ်ကြိမ်မှာတော့ အသံက အတော်လေးကိုကျယ်သွားပြီး ဓာတ်ခွဲခန်းထဲမှာ ပဲ့တင်ထပ်နေသည်။

နဉ်ရှုက ဘာမှမကြားရသလိုမျိုး မှင်တက်နေတဲ့အကြည့်ကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ အဆုံးသတ်လိုက်ရင် သူမက သူ သူမကိုခွဲစိတ်ဖို့အတွက် လိမ်လိမ်မာမာလေး လှဲမပေးနိုင်ပါဘူးနော်..ဟုတ်ပြီလား?

"မင်းက ငတုံးလိုဟန်ဆောင်တဲ့နေရာမှာတော့ တော်သားပဲ။"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုဆီလျှောက်လာသည်။ ဒါပေါ့...နဉ်ရှုကတာ့ နောက်ကိုလှည့်ပြေးတာပေါ့။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကျောင်းဆရာဝန်အန်ကယ်က သူမကိုဖမ်းမိသွားပြီး ခွဲစိတ်စားပွဲပေါ် ဆွဲတင်လိုက်တော့သည်။

ထို့နောက် သူမခြေလက်တွေကို ချုပ်ထားလိုက်တော့သည်။ နဉ်ရှုနှလုံးသားလေးက အေးစက်နေချေပြီ။ နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က သူမကိုခွဲစိတ်ဖို့ပြင်နေတုန်းမှာ ခွဲစိတ်စားပွဲပေါ်လဲလျောင်းနေရတဲ့ လင်းရွှယ်တစ်ယောက် ဘယ်လိုခံစားရမလဲဆိုတာ သူမသဘောပေါက်သွားတော့သည်။

အရေးပေါ်!!(SOS!!)

နဉ်ရှု သူမရဲ့အသက်က အဲ့အရာပေါ်မှာမူတည်နေသလိုမျိုး ကျောင်းဆရာဝန်အန်ကယ်ကို မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ကြည့်လိုက်သည်။ အန်ကယ်...ကျေးဇူးပြု ပြီး..ကျွန်မကို လွှတ်ပေးပါ။ အပြင်မှာ zombieတွေအများကြီးရှိတယ်လေ။ ဘာလို့ ကျွန်မကိုခွဲစိတ်ရမှဖြစ်မှာလဲ?

နဉ်ရှု မျက်တောင်တဖျတ်ဖျတ်ခပ်နေတာကို ကျောင်းဆရာဝန်အန်ကယ်မြင်တဲ့အခါ သူက မှတ်ချက်ချလေ၏။

"ဟမ်? မင်း ကန်းတော့မှာလား? ဗီဇကွဲzombieတွေမှာလည်း virusပိုးရဲ့ မတူညီတဲ့ပြောင်းလဲမှုတွေရှိတာ ဖြစ်နိုင်လား?"

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုလက်မောင်းထဲကနေ သွေးတစ်ချို့ထုတ်ယူဖို့ ဆေးထိုးအပ်တစ်ချောင်းကိုကောက်ကိုင်လိုက်ပေမယ့် သွေးကြောရှာလို့မတွေ့ချေ။ ခဏကြာတဲ့အခါ ကျောင်းဆရာဝန်အန်ကယ်က နည်းနည်းစိတ်မရှည်တဲ့ပုံပေါ်လာပြီး နဉ်ရှုလည်ပင်းဆီက သွေးကြောမကြီးကိုထိုးစိုက်လိုက်ကာ သွေးတစ်ပြွန်စာ ထုတ်ယူလိုက်သည်။

မာမီရေ...သမီးကိုကယ်ပါ..အား! ဒီအန်ကယ်က စိတ်နှစ်ခွဖြစ်နေပြီး အရမ်းကိုရူးနှမ်းနေပြီ! Virusပိုးက သူမရဲ့အာရုံကြောတွေကို ဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် သူမ နာကျင်မှုနည်းနည်းလေးတောင်မခံစားရပေမယ့်လည်း ဒါက ကြောက်ဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်နေတုန်းပင်။

ကျောင်းဆရာဝန်အန်ကယ်က သူ့ဘာသာ တစ်ခုခုစတင်လုပ်ဆောင်နေပြီး သူမကို ခွဲစိတ်မယ့်ပုံမရတာကို မြင်တဲ့အခါ သူမ စိတ်သက်သာရာရစွာဖြင့် အသက်အောင့်ထားခြင်းကို ဖြေလျှော့လိုက်သည်။ နဉ်ရှု သူမပတ်ပတ်လည်ကို အဝေးမှုန်မျက်လုံးများဖြင့် တတ်နိုင်သမျှကြိုးစားကာကြည့်နေလိုက်သည်။ တာရှည်ခံဆေးရည်တွေနဲ့စိမ်ထားတဲ့ ဖြူ ရော်ရော်အလောင်းတစ်ခုကိုမြင်တဲ့အခါ သူမ တံတွေးမြိုချလိုက်မိသည်။ သူမ အဲ့ဒါကို တကယ်ပဲသွားပြီး တစ်စစီဆွဲဖြဲလိုက်ချင်တယ်။ သူမ ဆာလွန်းလို့ သေမလိုပဲ။

အချိန်တွေကြာပြီးတာတောင်မှ သူမအန်ချင်နေတုန်းပင်။ ဒါကြီးက သူမကို ရူးအောင်လုပ်နေတာပဲ။ အခုထိ သူမသွေးကိုလေ့လာနေတဲ့ အန်ကယ့်ကို သူမကြည့်လိုက်ကာ သူ့အနံ့ကို ရှူ ရှိုက်လိုက်တဲ့အခါ သူမနှလုံးသားလေးက ဆာလောင်မွတ်သိပ်မှုတွေဖြင့် ပြင်းပြစွာလောင်ကျွမ်းနေတော့သည်။

ကျေးဇူးပြု ပြီး ကျွန်မကို စားစရာနည်းနည်းလောက်ပေး။ အစားကလွဲပြီး ဘာကိုမှဂရုမစိုက်တော့တဲ့ မကောင်းဆိုးဝါးတစ်ကောင်လို နဉ်ရှုခံစားနေရတော့သည်။

ခဏလောက်အလုပ်လုပ်ပြီးတဲ့အခါမှာတော့ ကျောင်းဆရာဝန်အန်ကယ်က ခွဲစိတ်စားပွဲနားမှာထိုင်မချလိုက်ခင် သူ့လက်ကို အကြိမ်များစွာဆေးကြောလေသည်။ သူက နဉ်ရှုကိုကြည့်ပြီး ပြောလာသည်။

"ကောင်မလေး...အသိစိတ်ရှိနေအောင် ဆက်ကြိုးစား။"

နဉ်ရှု ငိုချင်သွားတော့သည်။ အနားမှာသာရှင်ရှိနေရင် ကျွန်မ ဘယ်လောက်ပဲအသိစိတ်ရှိနေပါစေ ဒီဆန္ဒကို သူမချုပ်တည်းနိုင်မှာမဟုတ်ဘူး။ ရှင်က ကျွန်မရဲ့စိတ်ထဲကနာကျင်မှုကို လုံးဝနားမလည်ဘူးပဲ..အား!
[T/N : မကြီးနဉ်က အန်ကယ့်ကို အချိန်တိုင်းစားချင်နေတာမို့ သူရှိနေရင် ဆက်ပြီးထိန်းချုပ်ဖို့်မလွယ်ဘူးပြောတာလားမသိ။]

ကျောင်းဆရာဝန်အန်ကယ်က နဉ်ရှုရှေ့မှာပင် မာတောက်နေတဲ့ဘီစကစ်တော်တော်များများကိုစားလိုက်ပြီး ရေသောက်လိုက်သည်။ နဉ်ရှုက သူ့ကိုကြည့်နေတာကိုမြင်တဲ့အခါ သူကမေးလေ၏။

"မင်း စားချင်လို့လား?"

ကျွန်မ ရှင့်ကို သေချာပေါက်စားချင်နေတယ်! နဉ်ရှု စိတ်ထဲကနေ အော်ဟစ်လိုက်သည်။ သို့သော်လည်း သူမကိုယ်သူမ ခေါင်းငြိမ့်ဖို့ ဖိအားပေးလိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်က ဘီစကစ်အပိုင်းလေးကို ချိုးဖဲ့ကာ နဉ်ရှုပါးစပ်ထဲထည့်ပေးလိုက်သည်။ နဉ်ရှု ဘီစကစ်ကို ခက်ခက်ခဲခဲဝါးကာ မြိုချလိုက်သည်။ ဒါက ဘာကြီးလဲ? လုံးဝအရသာမရှိဘူး။

ဒါက လူတစ်ယောက်ကို သဲတွေကျွေးနေသလိုပဲ!

အန်ကယ်သာ သူမကို သူ့သွေးနည်းနည်းလောက်တိုက်ရင် ကောင်းမယ်။
.....






Continue Reading

You'll Also Like

76.8K 8.2K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊
188K 29.6K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
133K 12.1K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
162K 25.5K 61
Name(s) Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) Hen Shi Jiao Qing(很是矫情) E-translator(s) Butterfly...