(142)
ေရခဲျပင္စကိတ္ကြင္းမို႔လို႔...
ေကာင္တာမွာတံေတာင္ဆစ္နဲ႔ဒူးကာေတြရယ္၊
ဖိနပ္ေတြရယ္ေသခ်ာေလးတိုင္းတာၿပီးမွေရြးယူရတယ္...။
ႀကိဳးကေလးကိုအရင္ဆံုးဝတ္ေပးၿပီးေတာ့မွေက်ာက္စိမ္းကအဲဒါေတြဝတ္ရတယ္...။
"မင္းတို႔တကယ္မစီးဘူးလား..."
ရပ္ၾကည့္ေနၾကတဲ့...ေလး'...တို႔စံုတြဲကိုေက်ာက္စိမ္းက....ေမးေသးတယ္...။
"ႏိုး...ႏိုး...စီးလို႔အဆငိေျပမွာမဟုတ္ဘူး...
မင္းတို႔သားအဖပဲစီးပါ...က်န္ေနခဲ့မယ္..."
ႏွစ္ေယာက္စလံုးကေၾကာက္တဲ့ဟန္ေလးနဲ႔အျပင္မွာက်န္ေနခဲ့ၾကေတာ့...
သူတို႔သားအဖပဲဝင္လာခဲ့လိုက္တယ္...။
"ဦးထုပ္အရမ္းက်ပ္ေနေသးလား...သား..."
"ဟင့္အင္း....မက်ပ္ဘူးေဖေဖ..."
"အိုေက...ေဖေဖေျပာတာကိုနားေထာင္ရင္းၾကည့္ေနာ္.......
ေျခေထာက္ကိုဒီလိုေလးထား...
ၿပီးရင္...ေရွ႕ေျခဦးကိုနည္းနည္းေလးသတိထား...
အရမ္းႀကီးခြဲမထုတ္နဲ႔...ကားမထုတ္နဲ႔....
ေျခကိုေတာင့္မထားနဲ႔.....
စကိတ္စီးသလိုမ်ိဳးပဲ...
ခါးကိုမတ္ထားမယ္....
ဒါေပမယ့္...ေျခေထာက္ကိုအားမသံုးရဘူး....
@@@@@@@@@@@@@@@@@@@@
ရွင္းျပလိုက္သလိုမ်ိဳးေက်ာက္စိမ္းကအရင္ကြင္းထဲဆင္းၿပီးတပတ္လွည့္ျပသည္...။
"အိုေကလား...
လာ.......ေဖေဖ့လက္ကိုကိုင္ထား....
ေျခဖေနာင့္ကိုဖိရင္ေတာ့ဘရိတ္ေနာ္.....
အဲလိုေလးလုပ္လိုက္ရင္ရပ္သြားလိမ့္မယ္..."
"ဟုတ္ကဲ့......."
ႀကိဳးကေလးက....ကေလးေလးဆိုေပမယ့္...
စကိတ္စီးက်င့္ရွိတဲ့ကေလးေလးမို႔လို႔အလြယ္တကူပဲ...စီးႏိုင္တာပါ။
ေတာက္ေလွ်ာက္ႀကီး...ေက်ာက္စိမ္းကကိုင္ထိန္းေပးထားေတာ့လည္း...
စီးရတာအဆင္ေျပတဲ့ပံုပါပဲ...။
တပတ္ႏွစ္ပတ္နဲ႔လက္ဆြဲထားၿပီးလွည့္ေနၾကတာ.....
တဘုန္းဘုန္းလဲေနတဲ့တျခားေဘးကလူေတြကေတာ့...
သူတို႔သားအဖကိုအားက်လို႔တီးတိုးေလးေတြၾကည့္ၿပီးေျပာေနၾကတယ္...။
အျပင္ဘက္ကရပ္ၾကည့္ေနတဲ့ေဆာင္းဟန္ေနတို႔စံုတြဲေတာင္မွအားေတြက်ေနတာ...
"ကိုယ္ေတာ္ေလးကကေလးထိန္းလို႔တတ္သားပဲ..."
"ငါတို႔ကေလးရလာရင္ဒီလိုေလးေပ်ာ္ဖို႔ေကာင္းမွာပဲ....
အဟီး....ၾကည္ႏူးဖို႔ေကာင္းလိုက္တာ...."
သူတို႔ႏွစ္ေယာက္ကဖန္ႁပြန္သေႏၶသားယူဖို႔အဆင္ေျပသြားၾကပါၿပီ...
တစ္ခါထဲနဲ႔အမႊာေလးလိုခ်င္တယ္ဆိုလို႔ထပ္ၿပီးေတာ့... guide လုပ္ႏိုင္မယ့္ဆရာဝန္ရွာေဖြေနၾကတယ္...။
ဒါေပမယ့္လည္း....ကိုယ္တိုင္ကိုယ္ဝန္ေဆာင္လ္ို႔မျဖစ္ႏိုင္ေသးတာကိုေတာ့...
ေဆာင္းဟန္ေနကခံစားေနရပံုရ၏။
"ဟန္ေနလဲကေလးေမြးႏိုင္ရင္ေကာင္းမွာပဲ...ေမာင္ရဲ႕..."
"ရပါတယ္ကြာ....အဲဒီေလာက္ႀကီးစိတ္ထဲမထားနဲ႔...
ေခတ္ႀကီးကဘာမဆိုလုပ္လို႔ရေနတာ...
ေတာ္ပါ...
အဲဒီသားအဖကိုပဲၾကည့္ရေအာင္....
ေနဦး...ဗီဒီယို႐ိုက္ၿပီးေတာ့......စီနီယာ့ဆီပို႔ရမယ္.......
ငကဲေကာင္ေလးေတြ..."
ဖုနး္ယူထုတ္ၿပီးေတာ့ဗီဒီယိုေလးေတြ႐ိုက္လို႔....
ေလး..'...က....ေသွ်ာင့္ဆီကိုဗီဒီယိုေလးေတြပို႔ေနခဲ့တယ္...။
ဒီေန႔မွ...ခြဲခန္းဝင္ၿပီးေတာ့...လက္ေတြ႕စာေမးပြဲေျဖေနရတဲ့ေသွ်ာင္ကသိပ္မအားခဲ့ဘူး...။
ေနာက္ၿပီးေတာ့...
တျခားေဆးရံုတစ္ခုကိုအေရးေပၚအေနနဲ႔...ေျပးၿပီးေတာ့ခြဲခန္းဝင္ေပးေနရေသးလို႔ဖုန္းကိုမကိုင္ျဖစ္ခဲ့ဘူး...။
ေက်ာက္စိမ္းဖုန္းပိတ္ထားတာကိုလည္းေသွ်ာင္ကမသိဘူး...။
အဘြားႏွစ္ေယာက္ကလည္းႏွစ္နာရီေက်ာ္သံုးနာရီၾကာေနတဲ့...
ေက်ာက္စိမ္းတို႔ကိုဘယ္သြားရွာရမွန္းမသိဘူး...။
ဖုန္းပိတ္ထားေတာ့လည္းအဆက္သြယ္မွမရတာ...။
ဒါေပမယ့္လည္း...ႏွစ္နာရီေက်ာ္သံုးနာရီဆိုတာခဏေလးပဲရွိေသးလို႔အားလံုးကအိုေကေနေသးရဲ႕....။
ဒါေပမယ့္.....
တစ္ခါခိုးစားတစ္ခါမိတတ္တဲ့ေက်ာက္စိမ္းရဲ႕...
ဉာဥ္ဆိုးေလးေၾကာင့္...မေတာ္တဆမႈေသးေသးေလးျဖစ္တဲ့အခါ......
"ဘုန္း....!..."
"ဒုန္း..!..."
"ရႊီး....!......"
"အား.....တိုက္မိကုန္ၿပီဟ....
ေဟ့ေကာင္ေလးေတြ......အား...!............ႀကိဳး.....သား......"
"အား......ေဖေဖေရ........နာတယ္......အီး.....ဟီး.......ႀကိဳးရဲ႕ေျခေထာက္ၫွပ္ေနၿပီ..........:"
သူတို႔သားအဖေနာက္ကေနဝင္လာခဲ့တဲ့...
ေက်ာင္းသားေလးသံုးေယာက္ကအေဆာ့လြန္ၿပီးေတာ့...စကိတ္ကြင္းထဲမွာသူတို႔သားအဖနဲ႔မေတာ္တဆတိုးမိၿပီးေတာ့...
အနာတရေတြျဖစ္ကုန္တယ္...။
ဦးထုပ္နဲ႔...ဒူးကာေတြေသခ်ာဝတ္ထားၾကေတာ့အရမ္းမထိခိုက္ၾကေပမယ့္.....
ကေလးေလးျဖစ္တဲ့ႀကိဳးကေလးကသူ႔ေျခေလးတစ္ဖက္ေတာ္ေတာ္ထိခိုက္သြားခဲ့ရေတာ့....
ငိုေနတာမတိတ္ေတာ့ဘူး...။
ဘယ္သူ႔အျပစ္မွေတာ့မဟုတ္ေပမယ့္...
ကေလးေလးမို႔လို႔...ေက်ာင္းသားေလးေတြကလည္းေတာင္းပန္ရွာပါတယ္...။
ကေလးေတြဆိုေတာ့လည္းပဲဘာမွျပန္ေျပာလို႔မရသလို၊ ဘာမွလုပ္လို႔မေကာင္းျပန္ဘူး...။
"ရတယ္....ညီေလး....မင္းတို႔ပဲကိုယ့္ဒဏ္ရာကိုယ္ၾကည့္ၾက၊
ေနာက္တစ္ခါထပ္မျဖစ္ေစနဲ႔ေနာ္...
အခ်င္းခ်င္းၾကည့္ေပးလိုက္ဦး...
ေရာ့....ဒီမွာ....အစ္ကိုတို႔ေဆးရံုလိပ္စာ...
တခုခုအဆင္မေျပရင္လာခဲ့ၾက..."
ေက်ာင္းသားေလးေတြကပြန္းပဲ့ရံုနဲ႔...ဘာမွသိပ္မျဖစ္ဘူးမို႔လို႔...
ႀကိဳးကေလးအတြက္ေဆာင္ထားတဲ့ပိုးသတ္ေဆးနဲ႔ပလာစတာေလးေတြေပးထားခဲ့တယ္...။
အရမ္းနာက်င္လို႔ငိုယိုေနတဲ့ႀကိဳးကေလးကိုပဲ...
ေက်ာက္စိမ္းက....ေလး'တို႔နဲ႔အတူေဆးရံုကိုခ်ီၿပီးေခၚရေတာ့တယ္...။
ေရာက္တာနဲ႔ခ်က္ခ်င္းပဲ...
ဓါတ္မွန္႐ိုက္တာေတြ...စစ္ေဆးတာေတြလုပ္ၾကည့္ေတာ့...
ဆိုးဆိုးဝါးဝါးမျဖစ္လို႔ရင္ေအးရေသးတယ္...။
ေျခမ်က္စိေနရာကေနလိမ္သြားၿပီးေတာ့...
အေၾကာေလးေတြေယာင္သြားတာမို႔ဒဏ္ရာကပါးပါးေလးလို႔ဆိုႏိုင္ပါတယ္...။
ဒါေပမယ့္...ကေလးမို႔လို႔ငိုယိုေနတာေလးကမစဲႏိုင္ဘူး...။
သိပ္ၿပီးေတာ့အငိုသန္တဲ့ကေလးမဟုတ္ေပမယ့္..
ႀကိဳးကေလးက....တရံႈ႕ရံႈ႕လုပ္ေနခဲ့ကာဂ်ီက်၏။
"အင့္......ဒီေဆးရံုမွာပါးပါးရွိတယ္ဆို....ပါးပါးကိုေခၚေပးပါ...
ပါးပါးေရ...."
တအီအီနဲ႔ငိုယိုေနရင္း...ေသွ်ာင့္ကိုေခၚခိုင္းေနတာမို႔လို႔...
ေက်ာက္စိမ္းအခက္ေတြ႕ရျပန္သည္...။
ေလး'....တို႔ႏွစ္ေယာက္ကေတာ့...ေက်ာက္စိမး္ရဲ႕မ်က္ႏွာကိုပဲဖတ္ၿပီးေတာ့ေနရတယ္...။
ဒီေဆးရံုမွာသူတို႔ကိစၥေတြကိုသိတာဆိုလို႔...
ရွန္းရွန္းတို႔နဲ႔သူတို႔ႏွစ္ေယာက္ရယ္၊ ကိုေႏြဦးရယ္ပဲရွိတာပါ...။
"ေခၚေပးလိုက္မယ္ေနာ္..."
အလိုက္တသိနဲ႔.....ေလး'...ကကပ္ၿပီးတိုးတိုးေလးေျပာေတာ့...ေခါင္းခါရမလား၊ ေခါင္းညိတ္ရမလား၊ ေက်ာက္စိမ္းမေဝခြဲတတ္ဘူး...။
ဒါေပမယ့္....သားကတအီအီလုပ္ေနတာသနားစရာေလးမို႔လို႔.....
"အားတယ္ဆိုရင္လည္းေခၚေပးလိုက္ပါ...
တိတ္ပါသားရဲ႕....ေဖေဖရွိတယ္ေလ....ေနာ္....."
"အင့္.....ဟင့္.....ပါးပါးေရ......ပါးပါး...အီး.....နာတယ္...."
ႀကိဳးကေလးက....သူ႔ပါးပါးကိုပဲတမ္းတၿပီးေတာ့ငိုယိုေနတာ...
အေရးေပၚဌာနထဲမွာပဲရွိေသးတာမို႔လို႔...
နာ့စ္ေလးေတြနဲ႔....ေဒါက္တာေပါက္စေလးေတြကသူတို႔သားအဖကို...ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနတယ္...။
အရင္တုန္းကေက်ာက္စိမ္းဒီမွာခဏေလးအလုပ္ဝင္သြားဖူးတာမွတ္မိတဲ့သူလဲရွိေနေသးတာပါ...။
"ဆရာ.....ကေလးရဲ႕ကိုယ္ေရးရာဇဝင္ေလးတစ္ခ်က္ေလာက္ျဖည့္ေပးဦး...
ေနာက္ၿပီးေတာ့....မိဘမပါဘဲနဲ႔......ကေလးက..."
"ေနေန....ရတယ္....ကိုေက်ာက္စိမ္း....ျဖည့္လိမ့္မယ္..."
ေဆာင္းဟန္ေန႔ကိုေတာ့အားလံုးကသိေနၾကတာမို႔လို႔.....
ဝန္ထမ္းေလးေတြကေဆာင္းဟန္ေန႔လက္ထဲကိုပဲအကုန္လာအပ္ေတာ့တယ္...။
အေရးေပၚေကာင္တာမွာ....
နာမည္နဲ႔အသက္၊ ကေလးေလးရဲ႕ကိုယ္ေရးကိုယ္တာျဖည့္ၿပီးေတာ့....ကေလးမိဘလက္မွတ္ထိုးေတာ့...
ေက်ာက္စိမ္းရဲ႕မ်က္ႏွာကိုအားလံုးကျပဴးၿပဲၿပီးၾကည့္ၾကျပန္၏။
ကေလးအေဖ........ေက်ာက္စိမ္း....။
ဟင္..!.......ဟုတ္ပါ့မလား...။
ေက်ာက္စိမ္းက....ကေလးအေဖဟုတ္ရဲ႕လား...။
ဒီေလာက္ငယ္ရြယ္ႏုဖတ္ေနတာေလးကကေလးအေဖမျဖစ္ႏိုင္ဘူး...။
ယံုခ်င္စရာကိုမရွိဘူး...ဆိုတဲ့အေတြးေလးေတြနဲ႔အံ့ၾသလို႔ေနတာ...။
သူ႔ကိုယ္သူေဖေဖ'လို႔ဆိုေနတဲ့.....
တီရွပ္အက်ႌအနီေလးနဲ႔ေကာင္ေလးက....ကေလးသာသာေလးနဲ႔ေခ်ာေမာလြန္းပါသည္ေလ...။
ပိုၿပီးအံ့ၾသသြားရတာက...
ပါးပါးကိုေခၚေပးဆိုလို႔....
ခဏၾကာေတာ့...
ခြဲခန္းဝတ္စံုစိမ္းျပာေရာင္နဲ႔......
ေျပးလႊားၿပီးေတာ့....
ဦးေသွ်ာင္ကေရာက္ခ်လာကာမွပိုၿပီးေတာ့အံ့အားသင့္ၾကကုန္၏။
ဟင္..!....ဟယ္..!....ဘယ္လို..!....ဘယ္လို...!.....
ေဒါက္တာကိုကိုက...?......!......
"တိတ္ပါသားရယ္.....မငိုနဲ႔ေတာ့...ပါးပါးလာၿပီေလ......ေနာ္......"
ကေလးေလးကိုခပ္ဖြဖြေလးေထြးဖက္ထားၿပီးေတာ့...
မ်က္ရည္ေလးေတြသုတ္ရင္းနဲ႔ေခ်ာ့ျမႇူလာခဲ့တာ.........
ခြဲစိတ္ေဆာင္ရဲ႕ gentle man ႀကီးျဖစ္တဲ့ဦးေသွ်င္ျဖစ္ေနလို႔ပါပဲ...။
ဒီေဆးရံုမွာ...ဝင္လာသမွ်အသစ္အသစ္ေသာဆရာဝန္မေလးေတြနဲ႔နာ့စ္ေလးေတြ၊ ေဆးေက်ာင္းသူေလးေတြရဲ႕နႈတ္ဖ်ားမွာ...
ဦးေသွ်ာင္ကေရပန္းစားေနခဲ့တာ...
သိပ္႐ိုးရွင္းၿပီးေတာ့အျပံဳးခ်ိဳတဲ့.....ကိုကိုတဲ့...။
ကဲ.....အခုေတာ့.......ဘယ္လိုႀကီးလဲ....။
ကေလးကလည္း....မိဘကိုေတြ႕လိုက္ရသလိုမ်ိဳးေလး.....
ရင္းရင္းႏွီးႏွီးနဲ႔ပဲ...ရင္ခြင္ထဲႏြဲ႕လို႔ေနတယ္ေလ....။
အဲဒီကေလးနဲ႔....ဒီအေဖႏွစ္ေယာက္ကဘယ္လိုမ်ိဳးပတ္သက္မႈမ်ိဳးလဲဆိုတာကိုမေတြးတတ္ေအာင္ပဲျဖစ္ေနၾကတာ...
တီးတိုးတီးတိုးသဖန္းပိုးေလးေတြလုပ္လို႔ေနၾကတယ္...။
"ေသခ်ာၾကည့္မွ...ကေလးက...အဲဒီေဒါက္တာကိုကိုနဲ႔တပံုထဲထြက္ေနတာေနာ္..."
"ေအး...အဲဒါကိုပဲေျပာခ်င္ေနတာ...
ယုန္သြားေတြရွိတာေရာ....အတူတူပဲေနာ္..."
"အိုး.....သူတို႔ႏွစ္ေယာက္ကညီအစ္ကိုေတြတဲ့ဟ.......
ေက်ာက္စိမ္းဆိုတဲ့တစ္ေယာက္နဲ႔အတူတူ volunteer ဆင္းဖူးတဲ့သူနဲ႔ငါသိတယ္....."
"ေနဦး.....အဲဒီကေလးေလးရဲ႕ဓါတ္ပံုေလးေတြက...
အဲဒီေဒါက္တာရဲ႕စားပြဲေပၚမွာေထာင္ထားတတ္တာတဲ့.....
သူ႔အခန္းထဲေရာက္ဖူးတဲ့သူသိတယ္ေျပာတယ္..."
အေရးေပၚဌာနထဲမွာ...
အဲဒီညေနက...ႀကိဳးကေလးတို႔သားအဖရဲ႕သတင္းေလးေတြဟစ္ထ,လို႔က်န္ေနခဲ့တယ္...။
ကေလးရဲ႕ကိုယ္ေရးရာဇဝင္မွာလက္မွတ္ထိုးသြားတဲ့အေဖက......ေက်ာက္စိမ္း... ။
ဒါေပမယ့္....ကေလးနဲ႔႐ုပ္ခ်င္းဆင္ေနတာက.....
ခြဲစိတ္ေဆာင္ကေဒါက္တာကိုကို....။
ကေလးကႏွစ္ေယာက္စလံုးကို...ပါးပါးနဲ႔ေဖေဖတဲ့....။
ကဲ........ကေလးအေဖအရင္းကဘယ္သူျဖစ္မလဲ....။
တိုးတိုးတိတ္တိတ္နဲ႔.....ထင္ေၾကးေပးၿပီးက်န္ေနခဲ့ၾကတဲ့......
အဲဒီအေရးေပၚဌာနဝန္ထမ္းေလးေတြအံ့အားသင့္သြားမယ့္ေနာက္ထပ္သတင္းတစ္ခုရွိေသးတယ္...။
အေထြေထြေဒါက္တာရာထူးနဲ႔အေရးေပၚဌာနမွာေနာက္ထပ္တစ္လေလာက္ေနရင္.......
နတ္သားတစ္ပါးလိုေခ်ာေမာတဲ့ေက်ာက္စိမ္းကသူတို႔နဲ႔အတူတူအလုပ္လုပ္ဖို႔....
ျပန္လည္ေရာက္ရွိလာမယ္ဆိုတာပါပဲ....။
xxxxx
Unicode
(142)
ရေခဲပြင်စကိတ်ကွင်းမို့လို့...
ကောင်တာမှာတံတောင်ဆစ်နဲ့ဒူးကာတွေရယ်၊
ဖိနပ်တွေရယ်သေချာလေးတိုင်းတာပြီးမှရွေးယူရတယ်...။
ကြိုးကလေးကိုအရင်ဆုံးဝတ်ပေးပြီးတော့မှကျောက်စိမ်းကအဲဒါတွေဝတ်ရတယ်...။
"မင်းတို့တကယ်မစီးဘူးလား..."
ရပ်ကြည့်နေကြတဲ့...လေး'...တို့စုံတွဲကိုကျောက်စိမ်းက....မေးသေးတယ်...။
"နိုး...နိုး...စီးလို့အဆငိပြေမှာမဟုတ်ဘူး...
မင်းတို့သားအဖပဲစီးပါ...ကျန်နေခဲ့မယ်..."
နှစ်ယောက်စလုံးကကြောက်တဲ့ဟန်လေးနဲ့အပြင်မှာကျန်နေခဲ့ကြတော့...
သူတို့သားအဖပဲဝင်လာခဲ့လိုက်တယ်...။
"ဦးထုပ်အရမ်းကျပ်နေသေးလား...သား..."
"ဟင့်အင်း....မကျပ်ဘူးဖေဖေ..."
"အိုကေ...ဖေဖေပြောတာကိုနားထောင်ရင်းကြည့်နော်.......
ခြေထောက်ကိုဒီလိုလေးထား...
ပြီးရင်...ရှေ့ခြေဦးကိုနည်းနည်းလေးသတိထား...
အရမ်းကြီးခွဲမထုတ်နဲ့...ကားမထုတ်နဲ့....
ခြေကိုတောင့်မထားနဲ့.....
စကိတ်စီးသလိုမျိုးပဲ...
ခါးကိုမတ်ထားမယ်....
ဒါပေမယ့်...ခြေထောက်ကိုအားမသုံးရဘူး....
@@@@@@@@@@@@@@@@@@@@
ရှင်းပြလိုက်သလိုမျိုးကျောက်စိမ်းကအရင်ကွင်းထဲဆင်းပြီးတပတ်လှည့်ပြသည်...။
"အိုကေလား...
လာ.......ဖေဖေ့လက်ကိုကိုင်ထား....
ခြေဖနောင့်ကိုဖိရင်တော့ဘရိတ်နော်.....
အဲလိုလေးလုပ်လိုက်ရင်ရပ်သွားလိမ့်မယ်..."
"ဟုတ်ကဲ့......."
ကြိုးကလေးက....ကလေးလေးဆိုပေမယ့်...
စကိတ်စီးကျင့်ရှိတဲ့ကလေးလေးမို့လို့အလွယ်တကူပဲ...စီးနိုင်တာပါ။
တောက်လျှောက်ကြီး...ကျောက်စိမ်းကကိုင်ထိန်းပေးထားတော့လည်း...
စီးရတာအဆင်ပြေတဲ့ပုံပါပဲ...။
တပတ်နှစ်ပတ်နဲ့လက်ဆွဲထားပြီးလှည့်နေကြတာ.....
တဘုန်းဘုန်းလဲနေတဲ့တခြားဘေးကလူတွေကတော့...
သူတို့သားအဖကိုအားကျလို့တီးတိုးလေးတွေကြည့်ပြီးပြောနေကြတယ်...။
အပြင်ဘက်ကရပ်ကြည့်နေတဲ့ဆောင်းဟန်နေတို့စုံတွဲတောင်မှအားတွေကျနေတာ...
"ကိုယ်တော်လေးကကလေးထိန်းလို့တတ်သားပဲ..."
"ငါတို့ကလေးရလာရင်ဒီလိုလေးပျော်ဖို့ကောင်းမှာပဲ....
အဟီး....ကြည်နူးဖို့ကောင်းလိုက်တာ...."
သူတို့နှစ်ယောက်ကဖန်ပြွန်သန္ဓေသားယူဖို့အဆင်ပြေသွားကြပါပြီ...
တစ်ခါထဲနဲ့အမွှာလေးလိုချင်တယ်ဆိုလို့ထပ်ပြီးတော့... guide လုပ်နိုင်မယ့်ဆရာဝန်ရှာဖွေနေကြတယ်...။
ဒါပေမယ့်လည်း....ကိုယ်တိုင်ကိုယ်ဝန်ဆောင်လ်ို့မဖြစ်နိုင်သေးတာကိုတော့...
ဆောင်းဟန်နေကခံစားနေရပုံရ၏။
"ဟန်နေလဲကလေးမွေးနိုင်ရင်ကောင်းမှာပဲ...မောင်ရဲ့..."
"ရပါတယ်ကွာ....အဲဒီလောက်ကြီးစိတ်ထဲမထားနဲ့...
ခေတ်ကြီးကဘာမဆိုလုပ်လို့ရနေတာ...
တော်ပါ...
အဲဒီသားအဖကိုပဲကြည့်ရအောင်....
နေဦး...ဗီဒီယိုရိုက်ပြီးတော့......စီနီယာ့ဆီပို့ရမယ်.......
ငကဲကောင်လေးတွေ..."
ဖုနး်ယူထုတ်ပြီးတော့ဗီဒီယိုလေးတွေရိုက်လို့....
လေး..'...က....သျှောင့်ဆီကိုဗီဒီယိုလေးတွေပို့နေခဲ့တယ်...။
ဒီနေ့မှ...ခွဲခန်းဝင်ပြီးတော့...လက်တွေ့စာမေးပွဲဖြေနေရတဲ့သျှောင်ကသိပ်မအားခဲ့ဘူး...။
နောက်ပြီးတော့...
တခြားဆေးရုံတစ်ခုကိုအရေးပေါ်အနေနဲ့...ပြေးပြီးတော့ခွဲခန်းဝင်ပေးနေရသေးလို့ဖုန်းကိုမကိုင်ဖြစ်ခဲ့ဘူး...။
ကျောက်စိမ်းဖုန်းပိတ်ထားတာကိုလည်းသျှောင်ကမသိဘူး...။
အဘွားနှစ်ယောက်ကလည်းနှစ်နာရီကျော်သုံးနာရီကြာနေတဲ့...
ကျောက်စိမ်းတို့ကိုဘယ်သွားရှာရမှန်းမသိဘူး...။
ဖုန်းပိတ်ထားတော့လည်းအဆက်သွယ်မှမရတာ...။
ဒါပေမယ့်လည်း...နှစ်နာရီကျော်သုံးနာရီဆိုတာခဏလေးပဲရှိသေးလို့အားလုံးကအိုကေနေသေးရဲ့....။
ဒါပေမယ့်.....
တစ်ခါခိုးစားတစ်ခါမိတတ်တဲ့ကျောက်စိမ်းရဲ့...
ဉာဉ်ဆိုးလေးကြောင့်...မတော်တဆမှုသေးသေးလေးဖြစ်တဲ့အခါ......
"ဘုန်း....!..."
"ဒုန်း..!..."
"ရွှီး....!......"
"အား.....တိုက်မိကုန်ပြီဟ....
ဟေ့ကောင်လေးတွေ......အား...!............ကြိုး.....သား......"
"အား......ဖေဖေရေ........နာတယ်......အီး.....ဟီး.......ကြိုးရဲ့ခြေထောက်ညှပ်နေပြီ..........:"
သူတို့သားအဖနောက်ကနေဝင်လာခဲ့တဲ့...
ကျောင်းသားလေးသုံးယောက်ကအဆော့လွန်ပြီးတော့...စကိတ်ကွင်းထဲမှာသူတို့သားအဖနဲ့မတော်တဆတိုးမိပြီးတော့...
အနာတရတွေဖြစ်ကုန်တယ်...။
ဦးထုပ်နဲ့...ဒူးကာတွေသေချာဝတ်ထားကြတော့အရမ်းမထိခိုက်ကြပေမယ့်.....
ကလေးလေးဖြစ်တဲ့ကြိုးကလေးကသူ့ခြေလေးတစ်ဖက်တော်တော်ထိခိုက်သွားခဲ့ရတော့....
ငိုနေတာမတိတ်တော့ဘူး...။
ဘယ်သူ့အပြစ်မှတော့မဟုတ်ပေမယ့်...
ကလေးလေးမို့လို့...ကျောင်းသားလေးတွေကလည်းတောင်းပန်ရှာပါတယ်...။
ကလေးတွေဆိုတော့လည်းပဲဘာမှပြန်ပြောလို့မရသလို၊ ဘာမှလုပ်လို့မကောင်းပြန်ဘူး...။
"ရတယ်....ညီလေး....မင်းတို့ပဲကိုယ့်ဒဏ်ရာကိုယ်ကြည့်ကြ၊
နောက်တစ်ခါထပ်မဖြစ်စေနဲ့နော်...
အချင်းချင်းကြည့်ပေးလိုက်ဦး...
ရော့....ဒီမှာ....အစ်ကိုတို့ဆေးရုံလိပ်စာ...
တခုခုအဆင်မပြေရင်လာခဲ့ကြ..."
ကျောင်းသားလေးတွေကပွန်းပဲ့ရုံနဲ့...ဘာမှသိပ်မဖြစ်ဘူးမို့လို့...
ကြိုးကလေးအတွက်ဆောင်ထားတဲ့ပိုးသတ်ဆေးနဲ့ပလာစတာလေးတွေပေးထားခဲ့တယ်...။
အရမ်းနာကျင်လို့ငိုယိုနေတဲ့ကြိုးကလေးကိုပဲ...
ကျောက်စိမ်းက....လေး'တို့နဲ့အတူဆေးရုံကိုချီပြီးခေါ်ရတော့တယ်...။
ရောက်တာနဲ့ချက်ချင်းပဲ...
ဓါတ်မှန်ရိုက်တာတွေ...စစ်ဆေးတာတွေလုပ်ကြည့်တော့...
ဆိုးဆိုးဝါးဝါးမဖြစ်လို့ရင်အေးရသေးတယ်...။
ခြေမျက်စိနေရာကနေလိမ်သွားပြီးတော့...
အကြောလေးတွေယောင်သွားတာမို့ဒဏ်ရာကပါးပါးလေးလို့ဆိုနိုင်ပါတယ်...။
ဒါပေမယ့်...ကလေးမို့လို့ငိုယိုနေတာလေးကမစဲနိုင်ဘူး...။
သိပ်ပြီးတော့အငိုသန်တဲ့ကလေးမဟုတ်ပေမယ့်..
ကြိုးကလေးက....တရှုံ့ရှုံ့လုပ်နေခဲ့ကာဂျီကျ၏။
"အင့်......ဒီဆေးရုံမှာပါးပါးရှိတယ်ဆို....ပါးပါးကိုခေါ်ပေးပါ...
ပါးပါးရေ...."
တအီအီနဲ့ငိုယိုနေရင်း...သျှောင့်ကိုခေါ်ခိုင်းနေတာမို့လို့...
ကျောက်စိမ်းအခက်တွေ့ရပြန်သည်...။
လေး'....တို့နှစ်ယောက်ကတော့...ကျောက်စိမး်ရဲ့မျက်နှာကိုပဲဖတ်ပြီးတော့နေရတယ်...။
ဒီဆေးရုံမှာသူတို့ကိစ္စတွေကိုသိတာဆိုလို့...
ရှန်းရှန်းတို့နဲ့သူတို့နှစ်ယောက်ရယ်၊ ကိုနွေဦးရယ်ပဲရှိတာပါ...။
"ခေါ်ပေးလိုက်မယ်နော်..."
အလိုက်တသိနဲ့.....လေး'...ကကပ်ပြီးတိုးတိုးလေးပြောတော့...ခေါင်းခါရမလား၊ ခေါင်းညိတ်ရမလား၊ ကျောက်စိမ်းမဝေခွဲတတ်ဘူး...။
ဒါပေမယ့်....သားကတအီအီလုပ်နေတာသနားစရာလေးမို့လို့.....
"အားတယ်ဆိုရင်လည်းခေါ်ပေးလိုက်ပါ...
တိတ်ပါသားရဲ့....ဖေဖေရှိတယ်လေ....နော်....."
"အင့်.....ဟင့်.....ပါးပါးရေ......ပါးပါး...အီး.....နာတယ်...."
ကြိုးကလေးက....သူ့ပါးပါးကိုပဲတမ်းတပြီးတော့ငိုယိုနေတာ...
အရေးပေါ်ဌာနထဲမှာပဲရှိသေးတာမို့လို့...
နာ့စ်လေးတွေနဲ့....ဒေါက်တာပေါက်စလေးတွေကသူတို့သားအဖကို...ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်...။
အရင်တုန်းကကျောက်စိမ်းဒီမှာခဏလေးအလုပ်ဝင်သွားဖူးတာမှတ်မိတဲ့သူလဲရှိနေသေးတာပါ...။
"ဆရာ.....ကလေးရဲ့ကိုယ်ရေးရာဇဝင်လေးတစ်ချက်လောက်ဖြည့်ပေးဦး...
နောက်ပြီးတော့....မိဘမပါဘဲနဲ့......ကလေးက..."
"နေနေ....ရတယ်....ကိုကျောက်စိမ်း....ဖြည့်လိမ့်မယ်..."
ဆောင်းဟန်နေ့ကိုတော့အားလုံးကသိနေကြတာမို့လို့.....
ဝန်ထမ်းလေးတွေကဆောင်းဟန်နေ့လက်ထဲကိုပဲအကုန်လာအပ်တော့တယ်...။
အရေးပေါ်ကောင်တာမှာ....
နာမည်နဲ့အသက်၊ ကလေးလေးရဲ့ကိုယ်ရေးကိုယ်တာဖြည့်ပြီးတော့....ကလေးမိဘလက်မှတ်ထိုးတော့...
ကျောက်စိမ်းရဲ့မျက်နှာကိုအားလုံးကပြူးပြဲပြီးကြည့်ကြပြန်၏။
ကလေးအဖေ........ကျောက်စိမ်း....။
ဟင်..!.......ဟုတ်ပါ့မလား...။
ကျောက်စိမ်းက....ကလေးအဖေဟုတ်ရဲ့လား...။
ဒီလောက်ငယ်ရွယ်နုဖတ်နေတာလေးကကလေးအဖေမဖြစ်နိုင်ဘူး...။
ယုံချင်စရာကိုမရှိဘူး...ဆိုတဲ့အတွေးလေးတွေနဲ့အံ့သြလို့နေတာ...။
သူ့ကိုယ်သူဖေဖေ'လို့ဆိုနေတဲ့.....
တီရှပ်အကျႌအနီလေးနဲ့ကောင်လေးက....ကလေးသာသာလေးနဲ့ချောမောလွန်းပါသည်လေ...။
ပိုပြီးအံ့သြသွားရတာက...
ပါးပါးကိုခေါ်ပေးဆိုလို့....
ခဏကြာတော့...
ခွဲခန်းဝတ်စုံစိမ်းပြာရောင်နဲ့......
ပြေးလွှားပြီးတော့....
ဦးသျှောင်ကရောက်ချလာကာမှပိုပြီးတော့အံ့အားသင့်ကြကုန်၏။
ဟင်..!....ဟယ်..!....ဘယ်လို..!....ဘယ်လို...!.....
ဒေါက်တာကိုကိုက...?......!......
"တိတ်ပါသားရယ်.....မငိုနဲ့တော့...ပါးပါးလာပြီလေ......နော်......"
ကလေးလေးကိုခပ်ဖွဖွလေးထွေးဖက်ထားပြီးတော့...
မျက်ရည်လေးတွေသုတ်ရင်းနဲ့ချော့မြှူလာခဲ့တာ.........
ခွဲစိတ်ဆောင်ရဲ့ gentle man ကြီးဖြစ်တဲ့ဦးသျှေင်ဖြစ်နေလို့ပါပဲ...။
ဒီဆေးရုံမှာ...ဝင်လာသမျှအသစ်အသစ်သောဆရာဝန်မလေးတွေနဲ့နာ့စ်လေးတွေ၊ ဆေးကျောင်းသူလေးတွေရဲ့နှုတ်ဖျားမှာ...
ဦးသျှောင်ကရေပန်းစားနေခဲ့တာ...
သိပ်ရိုးရှင်းပြီးတော့အပြုံးချိုတဲ့.....ကိုကိုတဲ့...။
ကဲ.....အခုတော့.......ဘယ်လိုကြီးလဲ....။
ကလေးကလည်း....မိဘကိုတွေ့လိုက်ရသလိုမျိုးလေး.....
ရင်းရင်းနှီးနှီးနဲ့ပဲ...ရင်ခွင်ထဲနွဲ့လို့နေတယ်လေ....။
အဲဒီကလေးနဲ့....ဒီအဖေနှစ်ယောက်ကဘယ်လိုမျိုးပတ်သက်မှုမျိုးလဲဆိုတာကိုမတွေးတတ်အောင်ပဲဖြစ်နေကြတာ...
တီးတိုးတီးတိုးသဖန်းပိုးလေးတွေလုပ်လို့နေကြတယ်...။
"သေချာကြည့်မှ...ကလေးက...အဲဒီဒေါက်တာကိုကိုနဲ့တပုံထဲထွက်နေတာနော်..."
"အေး...အဲဒါကိုပဲပြောချင်နေတာ...
ယုန်သွားတွေရှိတာရော....အတူတူပဲနော်..."
"အိုး.....သူတို့နှစ်ယောက်ကညီအစ်ကိုတွေတဲ့ဟ.......
ကျောက်စိမ်းဆိုတဲ့တစ်ယောက်နဲ့အတူတူ volunteer ဆင်းဖူးတဲ့သူနဲ့ငါသိတယ်....."
"နေဦး.....အဲဒီကလေးလေးရဲ့ဓါတ်ပုံလေးတွေက...
အဲဒီဒေါက်တာရဲ့စားပွဲပေါ်မှာထောင်ထားတတ်တာတဲ့.....
သူ့အခန်းထဲရောက်ဖူးတဲ့သူသိတယ်ပြောတယ်..."
အရေးပေါ်ဌာနထဲမှာ...
အဲဒီညနေက...ကြိုးကလေးတို့သားအဖရဲ့သတင်းလေးတွေဟစ်ထ,လို့ကျန်နေခဲ့တယ်...။
ကလေးရဲ့ကိုယ်ရေးရာဇဝင်မှာလက်မှတ်ထိုးသွားတဲ့အဖေက......ကျောက်စိမ်း... ။
ဒါပေမယ့်....ကလေးနဲ့ရုပ်ချင်းဆင်နေတာက.....
ခွဲစိတ်ဆောင်ကဒေါက်တာကိုကို....။
ကလေးကနှစ်ယောက်စလုံးကို...ပါးပါးနဲ့ဖေဖေတဲ့....။
ကဲ........ကလေးအဖေအရင်းကဘယ်သူဖြစ်မလဲ....။
တိုးတိုးတိတ်တိတ်နဲ့.....ထင်ကြေးပေးပြီးကျန်နေခဲ့ကြတဲ့......
အဲဒီအရေးပေါ်ဌာနဝန်ထမ်းလေးတွေအံ့အားသင့်သွားမယ့်နောက်ထပ်သတင်းတစ်ခုရှိသေးတယ်...။
အထွေထွေဒေါက်တာရာထူးနဲ့အရေးပေါ်ဌာနမှာနောက်ထပ်တစ်လလောက်နေရင်.......
နတ်သားတစ်ပါးလိုချောမောတဲ့ကျောက်စိမ်းကသူတို့နဲ့အတူတူအလုပ်လုပ်ဖို့....
ပြန်လည်ရောက်ရှိလာမယ်ဆိုတာပါပဲ....။
xxxxx