လက္ကစာအုပ္ေတြထည့္ေနေပမ့ဲ
မ်က္လံုး ငတံုးဆီမွာ။
အိပ္ေရးမ၀လို႔ က်ိမ္းစက္ေနတ႔ဲ
မ်က္လံုးေတြက ငတံုးမ်က္နွာေလးဆီက
မခြာခ်င္။
ငတံုးက မ်က္စဥ္းေဆးေလးလိုပဲ။
"မင္းမ်က္လံုးေတြ တအားရဲေနတယ္.."
"အင္း...ညက အိပ္မေပ်ာ္လို႔.."
"ဟုတ္လား...ဘာလို႔အိပ္မေပ်ာ္တာလဲ.."
"ဒီတိုင္း.."
ငတံုးနဲ႔ အိပ္ခ့ဲတ့ဲညကိုျပန္ေတြးၿပီး
လြမ္းေနလို႔ အိပ္မရတာပါလို႔
ထည့္မေျပာေတာ့ဘူး။
သူ႔ ယုန္ေလးက လန္႔ၿပီး ေနာက္တစ္ခါ
မအိပ္ရဲေတာ့မွာျဖင့္...
ေနာက္တစ္ခါ???
ဟုတ္တယ္...တူတူအိပ္ရဖို႔သူႀကံအံုးမွာ...
"အားကစားပြဲက နီးေနၿပီ။ငါေလ့က်င့္ေရး
သြားလုပ္ရေတာ့မယ္။မင္းလိုက္ခ့ဲအံုး"
"ဒီတစ္ေခါက္မလိုက္ေတာ့ဘူးေနာ္။
ငါ....လုပ္စရာရိွေသးလို႔.."
"ဘာလုပ္စရာလဲ.."
"ဟို...ဟိုေလ...အတန္းေခါင္းေဆာင္ကို
ကူညီစရာရိွေသးလို႔။"
သူလည္းဘာမွမေျပာေတာ့ဘဲ ေခါင္းၿငိမ့္ျပလိုက္သည္။
ငတံုးက ရယ္ျပရင္း"Fighting"တဲ့...
သူမ်ား တစ္စံုတစ္ေယာက္ကို
အားေပးရင္ေျပာေနၾက စကားလံုးမို႔
မထူးဆန္းေပမ့ဲ ယုန္ေလးအၿပံဳးနဲ႔ေပါင္းလိုက္ေတာ့
ကမၻာ့ဖလားရသြားသလို ခံစားခ်က္နဲ႔....
ေရွာင္က်န္႔က သူ႔ရဲ႕ ဗီတာမင္ေလး...
〰️〰️〰️〰️〰️〰️
"မင္းဗူး...မေန႔က စားေကာင္းခ့ဲပါတယ္လို႔
အန္တီ့ကိုေျပာလိုက္အံုးေနာ္..."
"အင္း...မင္းစာအုပ္လည္းေပးအံုးမယ္။
ေက်းဇူးပဲ...မင္းေၾကာင့္ငါစာေတြ
လိုက္နိုင္ေနတာ...မားက မင္းကို
ထမင္းဖိတ္ေကြၽးခ်င္လို႔တ့ဲ...
အဆင္ေျပလား.."
"အာ...အားနာလိုက္တာ။
ငါက အခ်ိန္ပို သိပ္ရိွတ႔ဲလူမဟုတ္ဘူးရယ္.."
စကားလွလွေလးနဲ႔ တမင္ေရွာင္ေျပာလိုက္ေတာ့
ေစြ႕ရန္က ၿပံဳးျပျပီး 'အားတ့ဲအခ်ိန္ေပါ့'တ့ဲ..။
မအားေတာ့ပါဘူး ေစြ႕ရန္။
အခုေတာင္ ရိေပၚ ကိုလိမ္ၿပီး
ဗူးလာပို႔ရတာ။သိသာသိရင္ ကိုယ္ေတာ္ေလးက
အနည္းဆံုးေတာ့ ဖိဖိနိွပ္နိွပ္ေတြေျပာလာမွာ။
၀န္ခံပါတယ္....ရိေပၚသူ႔ကို စိတ္ဆိုးမွာ
ေၾကာက္တယ္ဆိုတာ...
〰️〰️〰️〰️〰️
"ဘာလိုငါ့ကိုလိမ္တာလဲ.."
စာသင္ခန္းထဲကလူေတြ အားကစားရံုကို
သြားၾကတာေၾကာင့္ လူရွင္းေနၿပီး
ရိေပၚေအာ္သံက တစ္ခန္းလံုးကို
ဟိန္းထြက္သြားသည္။
ရင္ထဲကတုန္ေနေပမ့ဲ အျပင္မွာေတာ့
ဘာမွမျဖစ္သလို ခပ္တင္းတင္း။
"ေရွာင္က်န္႔...!!!!!!"
"ဘာလို႔ေအာ္ေနတာလဲ..ျပသနာကို
ေအးေအးေဆးေဆးမေျဖရွင္းတတ္ဘူးလား.."
"ဘာ...ေအးေအးေဆးေဆး..ဟုတ္လား
မင္းနဲ႔ပတ္သတ္ရင္ ငါဘယ္တုန္းက
ေအးခ်မ္းခ့ဲရလို႔လဲ..."
"မင္းဘာသာ တစ္ကိုယ္တည္းအပူမိေနတာေတာ့
ငါလည္းမတတ္နိုင္ဘူး...ငါ့ကိုစြပ္စြဲတာမ်ိဴးေတြ
လာမလုပ္နဲ႔..မေျဖရွင္းဘူး.."
ေျပာၿပီး လြယ္အိတ္ကိုေကာက္လြယ္လိုက္ေတာ့
ေဆာင့္တြန္းခံလိုက္ရတ႕ဲကိုယ္ေလးက
နံရံမွာေျပးကပ္သြားၿပီး
ေရွာင္က်န္႔ေက်ာျပင္တစ္ခုလံုး
ေအာင့္သက္သြားရသည္။
"မေျဖရွင္းနဲ႔...ခ်စ္ေနရတ႕ဲခံစားခ်က္ကို
မင္းနားမလည္သေ႐ြ႕ ငါ့ကို တစ္ကိုယ္ေကာင္းသမားလို႔
ထင္ေနမွာပဲ....
ငါကိုကမင္းနဲ႔ပတ္သတ္ရင္ ေသးေသးေလးမွ
အတိမ္းေစာင္းမခံနိုင္တာ။
ေစာက္ေရးမလုပ္တ့ဲ မင္းကိုမွ ေသမေလာက္ခ်စ္မိေနတာကိုကငါ့အမွား။
မင္းသိလား...မင္း ဆီက အေျဖကိုရဖို႔
ေစာင့္ေနတ႔ဲ ၀မ္ရိေပၚက
လိုခ်င္ရင္ ခ်က္ခ်င္း ရယူတတ္တ့ဲ အမ်ိဴးဆိုတာ။
အခုခ်ိန္ထိ မင္းကို တန္ဖိုးထားၿပီး
မတို႔ရက္မကိုင္ရက္ျဖစ္ေနတာ
သိပ္ 'အ'ေနလို႔ေတာ့မဟုတ္ဘူး...
ငါခ်စ္တ့ဲ မင္းရဲ႕တန္ဖိုးေလး
ေသးေသးေလ်ာ့သြားမွာေတာင္
မလိုခ်င္လို႔....
ငါ့ေၾကာင့္ ဆိုတ႔ဲ ေခါင္းစဥ္ေအာက္မွာ
မင္းကို ေလမထိ ေရမထိ ခ်စ္ေနခ်င္လို႔ဆိုတာ
တံုးအေနတ႔ဲမင္းသိရဲ႕လားလို႔..!!!"
စိတ္ထဲရိွတာ ေအာ္ေျပာျပစ္ၿပီး
အဆံုးမွာ သူေရာ ေရွာင္က်န္႔ေရာ
စကားလံုးေတြမ့ဲလ်က္...
သူသာ မ်က္ရည္နဲ႔ မ်က္ခြက္ ျဖစ္ေနတာ
အသည္းမာတ့ဲ ငတံုးက တစ္ခ်က္ေလးေတာင္
မမ့ဲဘူး..
"ညေန စာလာသင္ဖို႔မေမ့နဲ႔.."
*ငါ့ခံစားခ်က္ေတြကို မင္းသိရၿပီးၿပီ..
အ့ဲအတြက္ ငါထြက္ေျပးေနမွာမဟုတ္ဘူး..
၀မ္ရိေပၚဆိုတာ မင္းကိုခ်စ္မိတည္းက
အရွက္မရိွေတာ့တ့ဲ လူမိုလို႔...*
〰️〰️〰️〰️〰️〰️〰️〰️
စာသင္ခန္းေလးထဲမွာ ငူေငါင္ၿပီး
က်န္ခ႔ဲတ့ဲ ေရွာင္က်န္႔တစ္ေယာက္
ရိေပၚထြက္သြားတာနဲ႔ ဘယ္ဘက္ရင္အံုကို
လက္နဲ႔အသာဖိၾကည့္မိသည္....
ခုန္ေနလိုက္တာ...
ရိေပၚ စိတ္တိုေနလို႔ လန္႔ၿပီးခုန္တာလား.
သူအျပစ္လုပ္ထားလို႔ပဲ ခုန္တာလားေတာ့
မသိေပမ့ဲ သူအခု ရိေပၚေနာက္ကိုသာ
ေျပးလိုက္ခ်င္မိသည္။
ရိေပၚစိတ္ဆိုးသြားတယ္ဆိုတ႔ဲ အသိက
သူ႔ရင္တစ္ခုလံုး ဆြဲညႇစ္ခံရသလိုေအာင့္သက္သက္။
လြယ္အိတ္ကိုေကာက္လြယ္ရင္း
မီွလိုမီွညား ေျပးလိုက္ေတာ့
ရိေပၚတို႔ ကားေလးက အရိွန္မွန္စြာ
ေမာင္းထြက္သြားေခ်ၿပီ။
ေက်ာင္းထဲစက္ဘီး၀င္ယူရင္း
ေရဗူးျပန္ယူရင္း ေပ်ာက္သြားတ့ဲရိေပၚကို
လိုက္ရွာေနတ႔ဲ အတန္းေခါင္းေဆာင္က
ေရွာင္က်န္႔ကို ဆြဲထားေသးသည္။
ရိေပၚအိမ္ျပန္သြားေၾကာင္းေျပာျပၿပီး
စက္ဘီးကိုအရိွန္တင္နင္းေတာ့
စက္ဘီးအႀကိတ္ခံလိုက္ရတ႕ဲ အတန္းေခါင္းေဆာင္ရဲ႕
ေအာ္သံေတြက ေနာက္မွာ ဆူညံစြာ။
ေတာင္းပန္ပါတယ္ရိေပၚ.......
ငါအခု ျပန္လာေခ်ာ့ေတာ့မွာမို႔ မငိုပါနဲ႔ေတာ့။
*မင္းသိလား....ငါအျပစ္တစ္ခုခုလုပ္ထားၿပီးလို႔
မင္းသ၀န္မတိုေတာ့တ့ဲေန႔ၾကရင္
တကယ္အဆင္ေျပမယ္မထင္ဘူး...*
〰️〰️〰️〰️〰️〰️
ေရခ်ိဴးခန္းထဲကေန အား🤣ရေအာင္ငိုၿပီး
ထြက္လာေတာ့ ကုတင္ေပၚမွာ
ငုတ္တုတ္ေလး ထိုင္ေနတ႔ဲ ေရွာင္က်န္႔။
ကိုယ့္မ်က္လံုး ကိုယ္မယံုနိုင္ေလာက္ေအာင္
ျပဴးုပဲၿပီးၾကည့္မိေတာ့ ေရွာင္က်န္႔က
Towelတစ္ခုကုိလွမ္းယူရင္း
"လာ...ေခါင္းေရသုတ္ေပးမယ္..."
"ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ ၀င္လာတာလဲ.."
"လာပါ..ေရသုတ္ေပးမလို႔.."
ကုတင္ေပၚကေန ဆင္းလာတ့ဲ
ေရွာင္က်န္႔က သူ႔ေရွ႕မွာ
မတ္တပ္ရပ္ၿပီး ေခါင္းငု႔ံေပးဖို႔
အခ်က္ျပတယ္။
"ငါ့ေမးခြန္းကိုေျဖ..ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔လဲ.."
ခပ္တည္တည္နဲ႔သူ႔ပံုစံေၾကာင့္
ယုန္ေလး မ်က္၀န္းေတြ မေရာင္မိႈင္းသြားသည္။
လက္ထဲက Towelေလးကို
ဆုပ္ကိုင္ထားပံုရရင္ သူေလးငိုခ်င္ေနေလာက္ၿပီ။
"ေတာင္းပန္ပါတယ္...ငါ..ငါက မင္းကို္ ဖြင့္ေျပာထားတ့ဲလူဆိုၿပီး တမင္
အနိုင္က်င့္တာ မဟုတ္ပါဘူး...
ဒီတိုင္း....ေျပာျပရင္ မင္းစိတ္ဆိုးမွာစိုးလို႔.."
"အ့ဲေတာ့ ငါ့ကိုလိမ္တယ္ေပါ့.."
ေမာ့ၾကည့္လာတ့ဲ ငတံုးက ပါးစပ္ေလး
ေသးေသးဟေနတာေၾကာင့္
ယုန္သြားေလး က ေရွ႕မွာ ျပဴးလို႔။
"လိမ္တာဆိုေပမ့ဲ လိမ္ခ်င္လို႔မွမဟုတ္တာ။
ဒီတိုင္း...အထင္လြဲစရာ
ျုဖစ္သြားရံုေလးကို..."
တိမ္၀င္သြားတ့ဲ အသံေလးနဲ႔ ေရွာင္က်န္႔က
ေခါင္းေလးငု႔ံသြားတာေၾကာင့္ ရိေပၚ
အားရပါးရ ႀကိတ္ရယ္လိုက္ရသည္။
သူနဲ႔ံၾကမွ အၿငိဳးႀကီးတ့ဲ၀မ္သခင္ေလးက
မုန္႔ျမင္ရင္ စိတ္ေျပတ့ဲ ကေလးေလးလို...
စိတ္ဆိုးေျပတ့ဲ ခံစားခ်က္ေတြကို
ထိန္းခ်ဴပ္ရင္း ေရွ႕က ငတံုးေလးကို
ၾကပ္လိုက္အံုးမည္။
သူ႔မွာ ေရခ်ိဴးခန္းထဲ နာရီ၀က္ေလာက္ငိုခ႔ဲရတာ။
လက္စားေခ်တ့ဲအေနနဲ႔ သူ႔ကိုလည္း
ျပန္ငိုေအာင္လုပ္သင့္တယ္ေလ။
"အ့ဲတာနဲ႔ ငါ့အခန္းကို ၀င္ခ်င္သလို
၀င္ေရာပဲလား...မင္းကိုယ္မင္း
အေလးေပးခံရလြန္းလို႔ ဘ၀င္ကိုင္သြားတာေပါ့ေနာ္.."
ေျပာတ့ဲစကားလည္း အဆံုး သူ႔ေခါင္းကို
လာရိုက္ခတ္တ့ဲ ေရွာင္က်န္႔လက္ထဲကTowel...
"အာ့...အား..ေရွာင္က်န္႔.."
အဆက္မျပတ္ ရိုက္ေနတာေၾကာင့္
အေပၚပိုင္းဗလာနဲ႔ရိေပၚက Towelနဲ႔
ရိုက္မိတိုင္းစပ္ဖ်ဥ္းဖ်ဥ္း...
"ငါ့မွာေတာ့ ေခ်ာ့ခ်င္လြန္းလို႔ စက္ဘီးကို
အျမန္နင္းၿပီး မင္းဆီလိုက္လာတာကို
ငါ့ကိုအခုလို ျပန္ေျပာရလား...
ငါ့ကိုဘ၀င္ကိုင္တယ္ေျပာရေအာင္
မင္းအိမ္က ပစၥည္းေတြကို ဘယ္တုန္းက
မက္မက္ေမာေမာ ၾကည့္ခ့ဲဖူးလို႔လဲ....
ေခြးေကာင္ရဲ႕....အီးးးးးဟီး..."
၀မ္းနည္းသြားတ့ဲယုန္ေလးကရိုက္ေနတာကို ရပ္ၿပီး အားရပါးရေအာ္ငိုေတာ့သည္။
ရိေပၚလည္း သူ႔စကားဘယ္ေရာက္သြားၿပီဆိုတာ
သိလိုက္တာေၾကာင့္ ေရွ႕ကငိုေနတ႔ဲ
ေကာင္ေလးကို ေခ်ာ့ရမလို ေျခာက္ရမလို
ကုန္းကြကြျဖစ္ေနသည္....
"မ..မငိုနဲ႔ေတာ့ေနာ္...မငိုပါနဲ႔ေတာ့"
အငိုသန္ေလးက လံုး၀အငို မတိတ္ခ့ဲ....
သူ႔လို မာနႀကီးတ့ဲလူတစ္ေယာက္က
ပစၥည္းမက္တ့ဲ လူတစ္လိုမ်ိဴး အေျပာခံလိုက္ရေတာ့
ခံစားရမွာေပါ့ေလ...
ေတာ္ေတာ္နဲ႔ေခ်ာ့လို႔ရမ့ဲပံု မေပၚတဲ့
ေရွာင္က်န္႔က တအိအိနဲ႔ ငိုလို႔ေကာင္းတုန္း။
"ေရေသာက္....အင့္...ခ်င္..ဟင့္..တယ္.."
ရိူက္ႀကီးတငင္နဲ႔ ထြက္လာတ့ဲ ေရွာင္က်န္႔ရဲ႕
စကားလံုးေလးေတြေၾကာင့္ ရိေပၚမွာ
ကေလးမေအႀကီးလို အလုပ္ရူပ္ေနသည္။
"ခဏေလး...ယူေပးမယ္...မငိုနဲ႔ေနာ္.."
"အီးးး.....ဟီး......"
"အာ.....သြားၿပီ...သြားၿပီ...
ငါေရသြားခပ္ၿပီ..."
ေရခြက္ထဲေရထည့္ေနတုန္ူ ေရွာင္က်န္႔
ငိုသံကလည္း အဆက္မျပတ္။
"ေအာ္မငိုပါနဲ႔ေတာ့ကြာ...ဒီမွာ ေရလာၿပီ...
ဟာ.........."
စားပြဲခံုက သံခြၽန္နဲ႔ၿငိၿပီး သူ႔ခါးေပၚက
Towelက ၾကမ္းေပၚမွာ အပံုလိုက္။
ေရကရားနဲ႔ေရခြက္ကို ကိုင္ထားရတာေၾကာင့္
ခ်က္ခ်င္း ေကာက္မ၀တ္နိုင္ဘဲ
ျဖစ္ေနသည္မွာ စိုးလြန္းသည္။
လက္ထဲက အရာေတြကိုခ်ရင္း
Towelကို ျပန္ပတ္ၿပီး ေရခြက္ကို ေရွာင္က်န္႔နား
ခ်ေပးလိုက္သည္။
ေအးေအးေဆးေဆး ယူေသာက္တ့ဲေရွာင္က်န္႔က
အငိုလံုး၀ တိတ္သြားေလၿပီ.....
ရိေပၚ ေႁမြႀကီးက ကေလးအေခ်ာ့ေကာင္းတယ္🌚🌚
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
ငါ့က်န္႔က်န္႔ေလး ဖ်ားသြားရင္
နင့္ေၾကာင့္ေနာ္ေပၚႀကီး😒
လက်ကစာအုပ်တွေထည့်နေပေမဲ့
မျက်လုံး ငတုံးဆီမှာ။
အိပ်ရေးမ၀လို့ ကျိမ်းစက်နေတဲ့
မျက်လုံးတွေက ငတုံးမျက်နှာလေးဆီက
မခွာချင်။
ငတုံးက မျက်စဉ်းဆေးလေးလိုပဲ။
"မင်းမျက်လုံးတွေ တအားရဲနေတယ်"
"အင်း...ညက အိပ်မပျော်လို့"
"ဟုတ်လား။ဘာလို့အိပ်မပျော်တာလဲ"
"ဒီတိုင်း.."
ငတုံးနဲ့ အိပ်ခဲ့တဲ့ညကိုပြန်တွေးပြီး
လွမ်းနေလို့ အိပ်မရတာပါလို့
ထည့်မပြောတော့ဘူး။
သူ့ ယုန်လေးက လန့်ပြီး နောက်တစ်ခါ
မအိပ်ရဲတော့မှာဖြင့်...
နောက်တစ်ခါ???
ဟုတ်တယ်...တူတူအိပ်ရဖို့သူကြံအုံးမှာ...
"အားကစားပွဲက နီးနေပြီ။ငါလေ့ကျင့်ရေး
သွားလုပ်ရတော့မယ်။မင်းလိုက်ခဲ့အုံး"
"ဒီတစ်ခေါက်မလိုက်တော့ဘူးနော်။
ငါ....လုပ်စရာရှိသေးလို့.."
"ဘာလုပ်စရာလဲ.."
"ဟို...ဟိုလေ...အတန်းခေါင်းဆောင်ကို
ကူညီစရာရှိသေးလို့။"
သူလည်းဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ငတုံးက ရယ်ပြရင်း"Fighting"တဲ့...
သူများ တစ်စုံတစ်ယောက်ကို
အားပေးရင်ပြောနေကြ စကားလုံးမို့
မထူးဆန်းပေမဲ့ ယုန်လေးအပြုံးနဲ့ပေါင်းလိုက်တော့
ကမ္ဘာ့ဖလားရသွားသလို ခံစားချက်နဲ့....
ရှောင်းကျန့်က သူ့ရဲ့ ဗီတာမင်လေး...
〰️〰️〰️〰️〰️〰️
"မင်းဗူး...မနေ့က စားကောင်းခဲ့ပါတယ်လို့
အန်တီ့ကိုပြောလိုက်အုံးနော်။"
"အင်း...မင်းစာအုပ်လည်းပေးအုံးမယ်။
ကျေးဇူးပဲ...မင်းကြောင့်ငါစာတွေ
လိုက်နိုင်နေတာ။မားက မင်းကို
ထမင်းဖိတ်ကျွေးချင်လို့တဲ့။
အဆင်ပြေလား?"
"အာ...အားနာလိုက်တာ။
ငါက အချိန်ပို သိပ်ရှိတဲ့လူမဟုတ်ဘူးရယ်"
စကားလှလှလေးနဲ့ တမင်ရှောင်ပြောလိုက်တော့
စွေ့ရန်က ပြုံးပြပြီး 'အားတဲ့အချိန်ပေါ့'တဲ့..။
မအားတော့ပါဘူး စွေ့ရန်။
အခုတောင် ရိပေါ် ကိုလိမ်ပြီး
ဗူးလာပို့ရတာ။သိသာသိရင် ကိုယ်တော်လေးက
အနည်းဆုံးတော့ ဖိဖိနှိပ်နှိပ်တွေပြောလာမှာ။
၀န်ခံပါတယ်....ရိပေါ်သူ့ကို စိတ်ဆိုးမှာ
ကြောက်တယ်ဆိုတာ...
〰️〰️〰️〰️〰️
"ဘာလိုငါ့ကိုလိမ်တာလဲ.."
စာသင်ခန်းထဲကလူတွေ အားကစားရုံကို
သွားကြတာကြောင့် လူရှင်းနေပြီး
ရိပေါ်အော်သံက တစ်ခန်းလုံးကို
ဟိန်းထွက်သွားသည်။
ရင်ထဲကတုန်နေပေမဲ့ အပြင်မှာတော့
ဘာမှမဖြစ်သလို ခပ်တင်းတင်း။
"ရှောင်းကျန့်...!!!!!!"
"ဘာလို့အော်နေတာလဲ?ပြသနာကို
အေးအေးဆေးဆေးမဖြေရှင်းတတ်ဘူးလား"
"ဘာ...အေးအေးဆေးဆေး။ဟုတ်လား?
မင်းနဲ့ပတ်သတ်ရင် ငါဘယ်တုန်းက
အေးချမ်းခဲ့ရလို့လဲ..."
"မင်းဘာသာ တစ်ကိုယ်တည်းအပူမိနေတာတော့
ငါလည်းမတတ်နိုင်ဘူး။ငါ့ကိုစွပ်စွဲတာမျိူးတွေ
လာမလုပ်နဲ့။မဖြေရှင်းဘူး.."
ပြောပြီး လွယ်အိတ်ကိုကောက်လွယ်လိုက်တော့
ဆောင့်တွန်းခံလိုက်ရတဲ့ကိုယ်လေးက
နံရံမှာပြေးကပ်သွားပြီး
ရှောင်းကျန့်ကျောပြင်တစ်ခုလုံး
အောင့်သက်သွားရသည်။
"မဖြေရှင်းနဲ့...ချစ်နေရတဲ့ခံစားချက်ကို
မင်းနားမလည်သရွေ့ ငါ့ကို တစ်ကိုယ်ကောင်းသမားလို့
ထင်နေမှာပဲ။
ငါကိုယ်က မင်းနဲ့ပတ်သတ်ရင် သေးသေးလေးမှ
အတိမ်းစောင်းမခံနိုင်တာ။
စောက်ရေးမလုပ်တဲ့ မင်းကိုမှ သေမလောက်ချစ်မိနေတာကိုကငါ့အမှား။
မင်းသိလား!မင်းဆီက အဖြေကိုရဖို့
စောင့်နေတဲ့ ၀မ်ရိပေါ်က
လိုချင်ရင် ချက်ချင်း ရယူတတ်တဲ့ အမျိူးဆိုတာ။
အခုချိန်ထိ မင်းကို တန်ဖိုးထားပြီး
မတို့ရက်မကိုင်ရက်ဖြစ်နေတာ
သိပ် 'အ'နေလို့တော့မဟုတ်ဘူး...
ငါချစ်တဲ့ မင်းရဲ့တန်ဖိုးလေး
သေးသေးလျော့သွားမှာတောင်
မလိုချင်လို့....
ငါ့ကြောင့် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
မင်းကို လေမထိ ရေမထိ ချစ်နေချင်လို့ဆိုတာ
တုံးအနေတဲ့မင်းသိရဲ့လားလို့..!!!"
စိတ်ထဲရှိတာ အော်ပြောပြစ်ပြီး
အဆုံးမှာ သူရော ရှောင်းကျန့်ရော
စကားလုံးတွေမဲ့လျက်...
သူသာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတာ
အသည်းမာတဲ့ ငတုံးက တစ်ချက်လေးတောင်
မမဲ့ဘူး..
"ညနေ စာလာသင်ဖို့မမေ့နဲ့.."
*ငါ့ခံစားချက်တွေကို မင်းသိရပြီးပြီ..
အဲ့အတွက် ငါထွက်ပြေးနေမှာမဟုတ်ဘူး..
၀မ်ရိပေါ်ဆိုတာ မင်းကိုချစ်မိတည်းက
အရှက်မရှိတော့တဲ့ လူမိုလို့...*
〰️〰️〰️〰️〰️〰️〰️〰️
စာသင်ခန်းလေးထဲမှာ ငူငေါင်ပြီး
ကျန်ခဲ့တဲ့ ရှောင်းကျန့်တစ်ယောက်
ရိပေါ်ထွက်သွားတာနဲ့ ဘယ်ဘက်ရင်အုံကို
လက်နဲ့အသာဖိကြည့်မိသည်....
ခုန်နေလိုက်တာ...
ရိပေါ် စိတ်တိုနေလို့ လန့်ပြီးခုန်တာလား.
သူအပြစ်လုပ်ထားလို့ပဲ ခုန်တာလားတော့
မသိပေမဲ့ သူအခု ရိပေါ်နောက်ကိုသာ
ပြေးလိုက်ချင်မိသည်။
ရိပေါ်စိတ်ဆိုးသွားတယ်ဆိုတဲ့ အသိက
သူ့ရင်တစ်ခုလုံး ဆွဲညှစ်ခံရသလိုအောင့်သက်သက်။
လွယ်အိတ်ကိုကောက်လွယ်ရင်း
မှီလိုမှီညား ပြေးလိုက်တော့
ရိပေါ်တို့ ကားလေးက အရှိန်မှန်စွာ
မောင်းထွက်သွားချေပြီ။
ကျောင်းထဲစက်ဘီးဝင်ယူရင်း
ရေဗူးပြန်ယူရင်း ပျောက်သွားတဲ့ရိပေါ်ကို
လိုက်ရှာနေတဲ့ အတန်းခေါင်းဆောင်က
ရှောင်းကျန့်ကို ဆွဲထားသေးသည်။
ရိပေါ်အိမ်ပြန်သွားကြောင်းပြောပြပြီး
စက်ဘီးကိုအရှိန်တင်နင်းတော့
စက်ဘီးအကြိတ်ခံလိုက်ရတဲ့ အတန်းခေါင်းဆောင်ရဲ့
အော်သံတွေက နောက်မှာ ဆူညံစွာ။
တောင်းပန်ပါတယ်ရိပေါ်.......
ငါအခု ပြန်လာချော့တော့မှာမို့ မငိုပါနဲ့တော့။
*မင်းသိလား....ငါအပြစ်တစ်ခုခုလုပ်ထားပြီးလို့
မင်းသ၀န်မတိုတော့တဲ့နေ့ကြရင်
တကယ်အဆင်ပြေမယ်မထင်ဘူး...*
〰️〰️〰️〰️〰️〰️
ရေချိူးခန်းထဲကနေ အားရအောင်ငိုပြီး
ထွက်လာတော့ ကုတင်ပေါ်မှာ
ငုတ်တုတ်လေး ထိုင်နေတဲ့ ရှောင်းကျန့်။
ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်လောက်အောင်
ပြူုးပဲပြီးကြည့်မိတော့ ရှောင်းကျန့်က
Towelတစ်ခုကိုလှမ်းယူရင်း
"လာ...ခေါင်းရေသုတ်ပေးမယ်"
"ဘယ်သူ့ခွင့်ပြုချက်နဲ့ ၀င်လာတာလဲ?"
"လာပါ..ရေသုတ်ပေးမလို့"
ကုတင်ပေါ်ကနေ ဆင်းလာတဲ့
ရှောင်းကျန့်က သူ့ရှေ့မှာ
မတ်တပ်ရပ်ပြီး ခေါင်းငုံ့ပေးဖို့
အချက်ပြတယ်။
"ငါ့မေးခွန်းကိုဖြေ။ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ?"
ခပ်တည်တည်နဲ့သူ့ပုံစံကြောင့်
ယုန်လေး မျက်ဝန်းတွေ မရောင်မှိုင်းသွားသည်။
လက်ထဲက Towelလေးကို
ဆုပ်ကိုင်ထားပုံရရင် သူလေးငိုချင်နေလောက်ပြီ။
"တောင်းပန်ပါတယ်။ငါ..ငါက မင်းကို ဖွင့်ပြောထားတဲ့လူဆိုပြီး တမင်
အနိုင်ကျင့်တာ မဟုတ်ပါဘူး။
ဒီတိုင်း....ပြောပြရင် မင်းစိတ်ဆိုးမှာစိုးလို့.."
"အဲ့တော့ ငါ့ကိုလိမ်တယ်ပေါ့"
မော့ကြည့်လာတဲ့ ငတုံးက ပါးစပ်လေး
သေးသေးဟနေတာကြောင့်
ယုန်သွားလေး က ရှေ့မှာ ပြူးလို့။
"လိမ်တာဆိုပေမဲ့ လိမ်ချင်လို့မှမဟုတ်တာ။
ဒီတိုင်း...အထင်လွဲစရာဖြစ်သွားရုံလေးကို..."
တိမ်ဝင်သွားတဲ့ အသံလေးနဲ့ ရှောင်းကျန့်က
ခေါင်းလေးငုံ့သွားတာကြောင့် ရိပေါ်
အားရပါးရ ကြိတ်ရယ်လိုက်ရသည်။
သူနဲ့ကြမှ အငြိုးကြီးတဲ့ဝမ်သခင်လေးက
မုန့်မြင်ရင် စိတ်ပြေတဲ့ ကလေးလေးလို...
စိတ်ဆိုးပြေတဲ့ ခံစားချက်တွေကို
ထိန်းချူပ်ရင်း ရှေ့က ငတုံးလေးကို
ကြပ်လိုက်အုံးမည်။
သူ့မှာ ရေချိူးခန်းထဲ နာရီဝက်လောက်ငိုခဲ့ရတာ။
လက်စားချေတဲ့အနေနဲ့ သူ့ကိုလည်း
ပြန်ငိုအောင်လုပ်သင့်တယ်လေ။
"အဲ့တာနဲ့ ငါ့အခန်းကို ၀င်ချင်သလို
၀င်ရောပဲလား။မင်းကိုယ်မင်း
အလေးပေးခံရလွန်းလို့ ဘ၀င်ကိုင်သွားတာပေါ့နော်.."
ပြောတဲ့စကားလည်း အဆုံး သူ့ခေါင်းကို
လာရိုက်ခတ်တဲ့ ရှောင်းကျန့်လက်ထဲကTowel...
"အာ့...အား..ရှောင်းကျန့်.."
အဆက်မပြတ် ရိုက်နေတာကြောင့်
အပေါ်ပိုင်းဗလာနဲ့ရိပေါ်က Towelနဲ့
ရိုက်မိတိုင်းစပ်ဖျဉ်းဖျဉ်း...
"ငါ့မှာတော့ ချော့ချင်လွန်းလို့ စက်ဘီးကို
အမြန်နင်းပြီး မင်းဆီလိုက်လာတာကို
ငါ့ကိုအခုလို ပြန်ပြောရလား?
ငါ့ကိုဘ၀င်ကိုင်တယ်ပြောရအောင်
မင်းအိမ်က ပစ္စည်းတွေကို ဘယ်တုန်းက
မက်မက်မောမော ကြည့်ခဲ့ဖူးလို့လဲ....
ခွေးကောင်ရဲ့....အီးးးးးဟီး..."
၀မ်းနည်းသွားတဲ့ယုန်လေးကရိုက်နေတာကို ရပ်ပြီး အားရပါးရအော်ငိုတော့သည်။
ရိပေါ်လည်း သူ့စကားဘယ်ရောက်သွားပြီဆိုတာ
သိလိုက်တာကြောင့် ရှေ့ကငိုနေတဲ့
ကောင်လေးကို ချော့ရမလို ခြောက်ရမလို
ကုန်းကွကွဖြစ်နေသည်....
"မ..မငိုနဲ့တော့နော်...မငိုပါနဲ့တော့"
အငိုသန်လေးက လုံးဝအငို မတိတ်ခဲ့။
သူ့လို မာနကြီးတဲ့လူတစ်ယောက်က
ပစ္စည်းမက်တဲ့ လူတစ်လိုမျိူး အပြောခံလိုက်ရတော့
ခံစားရမှာပေါ့လေ...
တော်တော်နဲ့ချော့လို့ရမဲ့ပုံ မပေါ်တဲ့
ရှောင်းကျန့်က တအိအိနဲ့ ငိုလို့ကောင်းတုန်း။
"ရေသောက်....အင့်...ချင်...တယ်.."
ရိူက်ကြီးတငင်နဲ့ ထွက်လာတဲ့ ရှောင်းကျန့်ရဲ့
စကားလုံးလေးတွေကြောင့် ရိပေါ်မှာ
ကလေးမအေကြီးလို အလုပ်ရူပ်နေသည်။
"ခဏလေး။ယူပေးမယ် မငိုနဲ့နော်.."
"အီးးး.....ဟီး......"
"အာ.....သွားပြီ သွားပြီ။ငါရေသွားခပ်ပြီ"
ရေခွက်ထဲရေထည့်နေတုန်း ရှောင်းကျန့်
ငိုသံကလည်း အဆက်မပြတ်။
"အော်မငိုပါနဲ့တော့ကွာ။ဒီမှာ ရေလာပြီ...ဟာ...."
စားပွဲခုံက သံချွန်နဲ့ငြိပြီး သူ့ခါးပေါ်က
Towelက ကြမ်းပေါ်မှာ အပုံလိုက်။
ရေကရားနဲ့ရေခွက်ကို ကိုင်ထားရတာကြောင့်
ချက်ချင်း ကောက်မ၀တ်နိုင်ဘဲ
ဖြစ်နေသည်မှာ စိုးလွန်းသည်။
လက်ထဲက အရာတွေကိုချရင်း
Towelကို ပြန်ပတ်ပြီး ရေခွက်ကို ရှောင်ကျန့်နား
ချပေးလိုက်သည်။
အေးအေးဆေးဆေး ယူသောက်တဲ့ရှောင်ကျန့်က
အငိုလုံးဝ တိတ်သွားလေပြီ.....
ရိပေါ် မြွေကြီးက ကလေးအချော့ကောင်းတယ်
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
ငါ့ကျန့်ကျန့်လေး ဖျားသွားရင်
နင့်ကြောင့်နော်ပေါ်ကြီး😒